23/09/2014
မြတ်ဆရာပူဇော်ပွဲနှိုးဆော်ပန်ကြားလွှာ
* * * * * * * * * *
၁၉၇၀ ခု ပညာသင်နှစ်ကစလို့ မူလတန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့တဲ့ အ.မ.က (၅) ရဲကျောင်းဟာ လက်ရှိအချိန်မှာ အ.လ.က(ခွဲ) ရဲကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ထားပြီး ... ကျောင်းသား/သူပေါင်း မြောက်များစွာကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ ကျောင်းတော်ကြီးတစ်ခု ဖြစ်ပါတယ်။
ဘက်စုံပညာမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ ရဲကျောင်းရဲ့ (၄၄)နှစ်တာ သမိုင်းတစ်လျောက် ... ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ပေးဆပ်ခဲ့ကြတဲ့ ဆရာကြီး/ ဆရာမကြီးများအား တပည့်ဟောင်းများမှ ပူဇော်ကန်တော့ ခဲ့ကြတာလည်း ယခုဆိုလျှင် တတိယအကြိမ်တိုင်ခဲ့ပါပြီ။
အနန္တဂိုဏ်းဝင် ဆရာရှင်တို့ရဲ့ ဂုဏ်ကျေးဇူးကို သိတတ်တဲ့ တပည့်ဟောင်းများ အနေနဲ့ ...
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့ နံနက်မှာ ကျင်းပမယ့် တတိယအကြိမ် မြတ်ဆရာပူဇော်ပွဲကို ငွေအား လူအား တတ်စွမ်းသမျှ ပါဝင်ကြဖို့နဲ့ ...
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၀)ရက်နေ့ ညမှာပြုလုပ်မယ့် ငယ်သူငယ်ချင်းများ စုပေါင်းမိတ်ဆုံစားပွဲကိုလည်း တက်ရောက်ကြဖို့ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။
(မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့-ရဲကျောင်း)
07/09/2014