Quality Language Centre

Quality Language Centre

Share

"See your better version here; Evolve through learning"

03/03/2026

💙 Summer Class များ စတင်နေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

“သားသား၊ မီးမီးတို့အတွက် စိတ်ချမ်းသာစွာနဲ့ အကျိုးရှိစေမယ့် နွေရာသီကျောင်းပိတ်ရက်လေး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ။” 🫶



01/03/2026

ယခုလ ၅ ရက်နေ့ထိ တိုးမြှင့်လက်ခံသွားပါမည်ခင်ဗျာ။

🎓 Scholarship for 15 Students 🎓

"ကလေးတို့ရဲ့ ကြိုးစားချင်စိတ် တစ်ခုတည်းနဲ့သာ သင်တန်းမှန်မှန်တက်ပေးပါ၊ ကျန်သည့်ကိစ္စမှန်သမျှကို ကျွန်တော်တို့ Quality Language Centre (Magway) မှ
တာဝန်ယူသွားပါမည်။”

လက်ရှိ ကြုံတွေ့နေရသည့် စီးပွားရေး အခြေအနေအမျိုးမျိုးကြောင့် မိဘများအနေဖြင့်ရုန်းကန်နေရချိန်မှာ မိမိတို့ရဲ့ ရင်သွေးငယ်လေးများအတွက် ပညာရေးလမ်းကြောင်း နောက်ကျကျန်ခဲ့ခြင်းမရှိ‌စေရန် ကျွန်‌တော်တို့ Quality Language Centre (Magway) မှ အထူးအစီအစဉ်လေး တစ်ခု ပြုလုပ်ပေးထားပါသည်။

နွေရာသီ အင်္ဂလိပ်စာနှင့်သင်္ချာ သင်တန်းများအတွက် အမှန်တကယ် လိုအပ်နေသည့် ကလေးငယ် (၁၅) ဦး ကို ရွေးချယ်ပြီး အောက်ပါအစီအစဉ်များအတိုင်း (လုံးဝ) အခမဲ့ ပညာသင်ဆု ပေးအပ်သွားမည် ဖြစ်ပါသည်။

✅ သင်တန်းကြေး - အခမဲ့
✅ သင်တန်းသုံးစာအုပ်ဖိုး - အခမဲ့
✅ ကျောင်းဝတ်စုံ (Uniform) - အခမဲ့

“ပညာသင်ယူဖို့ စိတ်အားထက်သန်ပေမယ့် ငွေကြေးအခက်အခဲရှိနေသည့် ကလေးငယ်များအတွက်သာ ရည်ရွယ်ခြင်းဖြစ်သည့်အတွက် တတ်နိုင်သူများအနေဖြင့်မေတ္တာရှေ့ထားကာ အမှန်တကယ်လိုအပ်နေသူများအတွက်သာ လမ်းဖွင့်ပေးကြဖို့လည်း ထပ်မံ မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ။” 🙏

🔹လျှောက်ထားနိုင်သူများ - [Grade 1 မှ Grade 12 အတွင်းရှိကျောင်းသား/သူများ]

🔹 လျှောက်ထားရမည့်ရက် - [24.2.26 ရက်နေ့မှ 28.2.26 ရက်နေ့အထိ]

🔹သင်တန်းနေရာ - [ကန်သာ B (၃)လမ်း နှင့် မန်ကျည်းပင် လမ်းထောင့်]

ပညာသင်ဆုနှင့် ပတ်သက်ပြီး အသေးစိတ် စုံစမ်းမေးမြန်းလိုပါက ဆက်သွယ်ရန်

📞 ဖုန်းနံပါတ် - [09 426 162 148]

သို့မဟုတ် Page Messenger ကနေလည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

လျှောက်လွှာကို Quality Language Centre မှ လာရောက်ထုတ်ယူ လျှောက်ထားရမည် ဖြစ်ပါသည်။

စည်းကမ်းချက်များကို comment section တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်ခင်ဗျာ။

27/02/2026

YLE Exams Intensive Training

✅Cambridge English (Starters • Movers • Flyers) စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေတဲ့ ကလေးတို့အတွက် အချိန်တိုအတွင်း ထိရောက်တဲ့ Intensive Training Class ကို ဖွင့်လှစ်လိုက်ပါပြီ။

✅ မတ်လ ၃ ရက်နေ့မှ မေလ ၂၁ ရက်နေ့အထိ
အပတ်စဉ် အင်္ဂါ၊ဗုဒ္ဓဟူး၊ ကြာသပတေး နေ့များတွင် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကြေး (၁၅၀၀၀၀)ကျပ် ကျသင့်မည်ဖြစ်ပါသည်။

✅Real Exam Practice: စာမေးပွဲပုံစံအတိုင်း Mock Test တွေ လေ့ကျင့်ပေးမှာ ဖြစ်တဲ့အတွက် စာမေးပွဲခန်းထဲမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရှိ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

• Listening, Reading & Writing, Speaking Skills ကို step-by-step လေ့ကျင့်ပေးခြင်း။

• Real Exam ပုံစံ Practice Tests များဖြင့် လေ့ကျင့်ပေးခြင်း။

• Vocabulary & Grammar ကို နားလည်လွယ်အောင် သင်ကြားပေးခြင်း။

• Speaking Confidence တိုးစေမယ့် Fun Activities & Role-plays များဖြင့် Speaking Testအတွက် လေ့ကျင့်ပေးခြင်း။

• ကလေးတစ်ဦးချင်းစီရဲ့ အားနည်းချက်၊ အားသာချက်ကို မိဘတွေကို အသေးစိတ် ပြန်လည်ပြောပြပေးခြင်း။

သင်တန်းချိန်များ:
Flyers training- 10:30 AM - 12:00 PM
Movers training- 1:00 PM - 2:30 PM
Starters training- 2:30 PM - 4:00 PM

Days- Tues, Wed, Thurs

Fees: 150000 MMK

အသေးစိတ်သိရှိလိုပါက - 09 426 162 148

Quality Language Centre
ကံသာ(B) ၃ လမ်းနှင့် မန်ကျည်းပင်လမ်းထောင့်၊ မကွေးမြို့

⏰ Intensive Program – အချိန်တိုအတွင်း Exam Ready ဖြစ်အောင် စနစ်တကျ လေ့ကျင့်ပေးပါသည်။
Small Class Size
Friendly & Patient Teaching Style
YLE Exam ကို ယုံကြည်မှုရှိရှိ ဖြေဆိုနိုင်ဖို့ အခုပဲ Join လိုက်ပါ!


21/02/2026

🎓 Scholarship for 15 Students 🎓

"ကလေးတို့ရဲ့ ကြိုးစားချင်စိတ် တစ်ခုတည်းနဲ့သာ သင်တန်းမှန်မှန်တက်ပေးပါ၊ ကျန်သည့်ကိစ္စမှန်သမျှကို ကျွန်တော်တို့ Quality Language Centre (Magway) မှ
တာဝန်ယူသွားပါမည်။”

လက်ရှိ ကြုံတွေ့နေရသည့် စီးပွားရေး အခြေအနေအမျိုးမျိုးကြောင့် မိဘများအနေဖြင့်ရုန်းကန်နေရချိန်မှာ မိမိတို့ရဲ့ ရင်သွေးငယ်လေးများအတွက် ပညာရေးလမ်းကြောင်း နောက်ကျကျန်ခဲ့ခြင်းမရှိ‌စေရန် ကျွန်‌တော်တို့ Quality Language Centre (Magway) မှ အထူးအစီအစဉ်လေး တစ်ခု ပြုလုပ်ပေးထားပါသည်။

နွေရာသီ အင်္ဂလိပ်စာနှင့်သင်္ချာ သင်တန်းများအတွက် အမှန်တကယ် လိုအပ်နေသည့် ကလေးငယ် (၁၅) ဦး ကို ရွေးချယ်ပြီး အောက်ပါအစီအစဉ်များအတိုင်း (လုံးဝ) အခမဲ့ ပညာသင်ဆု ပေးအပ်သွားမည် ဖြစ်ပါသည်။

✅ သင်တန်းကြေး - အခမဲ့
✅ သင်တန်းသုံးစာအုပ်ဖိုး - အခမဲ့
✅ ကျောင်းဝတ်စုံ (Uniform) - အခမဲ့

“ပညာသင်ယူဖို့ စိတ်အားထက်သန်ပေမယ့် ငွေကြေးအခက်အခဲရှိနေသည့် ကလေးငယ်များအတွက်သာ ရည်ရွယ်ခြင်းဖြစ်သည့်အတွက် တတ်နိုင်သူများအနေဖြင့်မေတ္တာရှေ့ထားကာ အမှန်တကယ်လိုအပ်နေသူများအတွက်သာ လမ်းဖွင့်ပေးကြဖို့လည်း ထပ်မံ မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျာ။” 🙏

🔹လျှောက်ထားနိုင်သူများ - [Grade 1 မှ Grade 12 အတွင်းရှိကျောင်းသား/သူများ]

🔹 လျှောက်ထားရမည့်ရက် - [24.2.26 ရက်နေ့မှ 28.2.26 ရက်နေ့အထိ]

🔹သင်တန်းနေရာ - [ကန်သာ B (၃)လမ်း နှင့် မန်ကျည်းပင် လမ်းထောင့်]

ပညာသင်ဆုနှင့် ပတ်သက်ပြီး အသေးစိတ် စုံစမ်းမေးမြန်းလိုပါက ဆက်သွယ်ရန်

📞 ဖုန်းနံပါတ် - [09 426 162 148]

သို့မဟုတ် Page Messenger ကနေလည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

လျှောက်လွှာကို Quality Language Centre မှ လာရောက်ထုတ်ယူ လျှောက်ထားရမည် ဖြစ်ပါသည်။

စည်းကမ်းချက်များကို comment section တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်ခင်ဗျာ။

11/02/2026

ကျောင်းပိတ်ရက် ကြေညာခြင်း

𝟏𝟐.𝟐.𝟐𝟎𝟐𝟔 (ကြာသပတေးနေ့) နှင့် 𝟏𝟑.𝟐.𝟐𝟎𝟐𝟔 (သောကြာနေ့) များသည် ပြည်ထောင်စုနေ့ ပိတ်ရက်များဖြစ်သည့် အတွက် Quality Language Centre မှ သင်တန်းအားလုံး ပိတ်မည် ဖြစ်ပါကြောင်း လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါသည်။

Photos from Quality Language Centre's post 07/02/2026

Phonics for Teachers & Parents အတန်းလေး
ဒီနေ့မှာ စတင်ခဲ့ပါပြီ။

ကျွန်တော်တို့ကို ယုံကြည်ပေးတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ။

သင်တန်းပထမဆုံးရက် အတွေ့အကြုံလေးတွေ ဝေမျှလို့ရပါတယ် ခင်ဗျာ။



# Magway

05/02/2026

🎓 Quality Language Centre Magway 🎓 ၌ February လတွင် ဖွင့်လှစ်မည့် Phonics Class for Parents & Teachers အတန်းသစ် ဖြစ်ပါသည်။

ကလေးကို ပြန်သင်ပေးနိုင်ဖို့ဆိုရင် "Phonics က ခက်ခဲတဲ့ ပညာရပ်မဟုတ်ဘူး၊ အိမ်မှာတင် ဒါမှမဟုတ် ကိုယ့်စာသင်ခန်းထဲမှာတင် ပျော်ပျော်ရွှင်ရွှင် သင်ကြားပေးလို့ရပါတယ်" Phonics ဆိုတာ အင်္ဂလိပ်စာကို အသံနဲ့ ဖတ်တတ်အောင် သင်ပေးတဲ့ နည်းလမ်းဖြစ်ပြီး ကလေး ရဲ့ Reading, Spelling, Speaking အခြေခံကို ခိုင်မာစေပါတယ်။

✅အင်္ဂလိပ်စာ သင်တန်းတွေ ပို့နေပေမယ့် အိမ်မှာ ကလေးကို ဘယ်လို ဝိုင်းကူပေးရမှန်း မသိဖြစ်နေတဲ့ မိဘများအတွက်...

✅Phonics ကို ဘယ်လို စသင်ရမလဲ မသိသေးတဲ့ တီချာတို့အတွက် .......

💙 Phonics သင်တန်း စတင်တော့မှာ ဖြစ်ပါတယ်။ 💙

ကလေးနဲ့ အနီးကပ်ဆုံးရှိတဲ့ သူတွေက Phonics အခြေခံလေးကို နားလည်ထားရင် ကလေးရဲ့ သင်ယူမှုက ၂ ဆ ပိုမြန်လာမှာပါ။

ဒီသင်တန်းမှာ ဘာတွေ ရလာမလဲ?
✔ A–Z sounds ကို မှန်ကန်စွာ အသံထွက်နည်း
✔ c-a-t → cat (blending) ကို အိမ်မှာ သင်ပေးနည်း
✔ ကလေးဖတ်မှားတဲ့အခါ မဆူဘဲ ပြင်ပေးနည်း
✔ တစ်နေ့ 10–15 မိနစ်နဲ့ သင်နိုင်တဲ့ နည်းလမ်းများ
✔ Fun Games at Home or in the classroom: အိမ် သို့မဟုတ် စာသင်ခန်းထဲမှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ ကလေးစာဖတ်ချင်လာအောင် ဆော့ကစားနည်းများကို လက်တွေ့ကျကျ သင်ကြားပေးပါသည်။

သားသားမီးမီးတို့ စာဖတ်တာ ဝါသနာပါလာဖို့၊ အင်္ဂလိပ်စာကို မကြောက်တော့ဖို့အတွက်
အကောင်းဆုံးလမ်းညွှန်ပေးနိုင်မယ့် သင်တန်းတစ်ခုဖြစ်ပါသည်။

(မှတ်ချက် - Phonics အခြေခံ လုံးဝမရှိတဲ့ မိဘများလည်း တက်ရောက်နိုင်ပါတယ်။)

📩 အသေးစိတ် သိလိုပါက Messenger / Comment တွင် ဆက်သွယ်နိုင်ပါသည်။
➢ သင်တန်းကာလ – ၁ လ
➢ သင်တန်းနေ့ရက် - စနေ၊ တနင်္ဂနွေ
➢ သင်တန်းအချိန် - နေ့လယ် ၂း၀၀ နာရီ မှ ၃း၃၀ နာရီ
➢ သင်တန်းကြေး - ၅၀၀၀၀ ကျပ်
• သင်တန်းသား ဦးရေ ကန့်သတ်ထားသည်။
📢 အခုပဲ စာရင်းသွင်းလိုက်ပါ!

📍 တည်နေရာ – Quality Language Centre Magway
(ကန်သာ B၊ (၃) လမ်း နှင့် မန်ကျည်းပင် လမ်းထောင့်၊ ကန်သာရပ်ကွက်၊ မကွေးမြို့။)
📞 စာရင်းသွင်းရန် –
ဖုန်း: - ၀၉ ၄၂၆ ၁၆၂ ၁၄၈ , ၀၉ ၂၅၆ ၂၂၆ ၉၃၉ , ၀၉ ၄၂၁ ၂၇၀ ၇၃၇, ၀၉ ၉၈၃ ၂၅၇ ၃၀၇
Messenger/page: Quality Language Centre

Photos from Quality Language Centre's post 02/02/2026

Small but meaningful 💙
ပထမဆုံးအကြိမ် မိဘ/ဆရာ တွေ့ဆုံဆွေးနွေးပွဲလေး အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ။

✅ ကျွန်တော်တို့ကို ယုံကြည်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ။ 🫶❤️


Photos from Quality Language Centre's post 16/01/2026

✅🎊🎉 နွေရာသီ English & Mathematics သင်တန်းများ ဖွင့်လှစ်ကြောင်း ကြေညာခြင်း

✅လူကြီးမင်းတို့၏ ရင်သွေးငယ်လေးများအတွက် နွေရာသီကာလအတွင်း ပညာရေးအခြေခံကို ခိုင်မာစေရန် နှင့် လာမည့်အတန်းသစ်များအတွက် အဆင်သင့်ဖြစ်စေရန် ရည်ရွယ်၍ ကျောင်းသင်ရိုး အထောက်အကူပြု မူလတန်း၊ အလယ်တန်း၊ အထက်တန်း Grammar နှင့် အလယ်တန်း၊ အထက်တန်းအဆင့် သင်္ချာအခြေခံ
နွေကြို သင်တန်းများ ကိုလည်းကောင်း၊

✅ English 4Skills နှင့် နိုင်ငံတကာသင်္ချာ သင်ရိုးများကို စနစ်တကျ လေ့လာသင်ယူပြီး လက်တွေ့အသုံးချနိုင်စေရန် ရည်ရွည်၍ Cambridge English 4Skills နှင့် International Mathematics သင်တန်းများ ကို ဖွင့်လှစ်သင်ကြား ပေးသွားမည် ဖြစ်ပါသည်။

✅သင်ကြားမည့်ပုံစံ

• အခြေခံမှစ၍ စနစ်တကျ သင်ကြားပေးပါသည်။
• ကလေးတစ်ဦးချင်းစီ၏ နားလည်မှုအဆင့်အလိုက် ဂရုစိုက်သင်ကြားပေးပါသည်။
• လေ့ကျင့်ခန်းများနှင့် ပြန်လည်စစ်ဆေးမှုများ ပါဝင်ပါသည်။
• ကျောင်းသင်ခန်းစာများကို နားလည်လွယ်ကူစေရန် အထောက်အကူဖြစ်စေပါသည်။
သင်တန်းအတွက်သင့်တော်သူများ
• မူလတန်း ကျောင်းသား/သူများ
• အလယ်တန်း ကျောင်းသား/သူများ
• အထက်တန်း ကျောင်းသား/သူများ
• English နှင့် Math အခြေခံအားနည်းသူများ
• နောက်အတန်းတက်ရန် ပြင်ဆင်လိုသော ကျောင်းသား/သူများ

သင်တန်းကာလနှင့် အချိန်၊ သင်တန်းရက်များ၊ သင်တန်းကြေးများကို Comment ရှိဇယားများတွင် ကြည့်ရှု နိုင်ပါသည်။

📢 အခုပဲ စာရင်းသွင်းလိုက်ပါ!
📍 တည်နေရာ – Quality Language Centre Magway
(ကန်သာ B၊ (၃) လမ်း နှင့် မန်ကျီးပင် လမ်းထောင့်၊ ကန်သာရပ်ကွက်၊ မကွေးမြို့။)
📞 စာရင်းသွင်းရန် –
ဖုန်း: - ၀၉ ၄၂၆ ၁၆၂ ၁၄၈ , ၀၉ ၂၅၆ ၂၂၆ ၉၃၉ , ၀၉ ၄၂၁ ၂၇၀ ၇၃၇, ၀၉ ၉၈၃ ၂၅၇ ၃၀၇
Viber: 09 426 162 148
Messenger/page: Quality Language Centre

14/01/2026

✅ Assistant Teacher ခေါ်ယူခြင်း

Quality Language Centre မှ Assistant Teacher တစ်ဦး ထပ်မံလက်တွဲလိုပါသည်။

ကျွန်တော်တို့ Quality Language Centre သည် ကလေးများ၏ ဘာသာစကားကျွမ်းကျင်မှုနှင့် လိမ္မာရေးခြားရှိမှုကို အလေးထားဆောင်ရွက်နေသကဲ့သို့ ဆရာ/ဆရာမများအားလည်း လေးစားသမှုဖြင့်ဆက်ဆံကာ ခေတ်မီသင်ကြားနည်းများဖြင့် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါသည်။

✅ လိုအပ်ချက်များ

ပညာအရည်အချင်း:

🔹တက္ကသိုလ် ဘွဲ့ရ သို့မဟုတ် လက်ရှိတက္ကသိုလ်ကျောင်းသား/သူ

🔹အင်္ဂလိပ်စာ အခြေခံကျွမ်းကျင်မှုရှိသူ

(လုပ်ငန်းအတွေ့အကြုံမရှိသေးသူများလည်း လျှောက်ထားနိူင်ပါသည်)

✅ကိုယ်ရည်ကိုယ်သွေး:

🔹ကလေးငယ်များနှင့် သဟဇာတဖြစ်သူ
🔹စိတ်ရှည်သည်းခံမှု နှင့် စာနာနားလည်မှုရှိသူ
🔹 ပူးပေါင်းဆောင်ရွက်နိုင်စွမ်းရှိသူ
🔹သင်ကြားရေးတွင် စိတ်အားထက်သန်သူ

---

📋 တာဝန်ဝတ္တရားများ

🔸 သင်ကြားရေးအထောက်အကူ: ဆရာ/ဆရာမများအား စာသင်ခန်းအတွင်း အကူအညီပေးခြင်း

🔸 ကျောင်းသားဗဟိုပြုသင်ကြားရေး: တစ်ဦးချင်းစာ လေ့လာမှုကို ကူညီပံ့ပိုးပေးခြင်း

🔸 သင်ထောက်ကူပစ္စည်းများ: စာသင်ခန်းအတွက် လိုအပ်သော ပစ္စည်းများ ပြင်ဆင်ခြင်း

🔸 ကျောင်းအပ်လက်ခံခြင်း၊ ဖုန်းလက်ခံခြင်း။

💼 အကျိုးခံစားခွင့်များ

💰 လစာ (၂၀၀,၀၀၀ ကျပ် )

📚 မိမိတို့ သင်တန်းမှ အတန်းများအား အခမဲ့ တက်ရောက်ခွင့်ရှိခြင်း

🏅 အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်း

🚀 အနာဂတ်ပညာရေးလမ်းကြောင်းအတွက် အကောင်းဆုံးအခွင့်အရေး

---

📅 အရေးကြီးအချိန်ဇယား

🗓️ အလုပ်စတင်ရက်: ၂၀၂၆ ဖေဖော်ဝါရီလ ၁ရက်၊

⏰ အလုပ်ချိန်: အင်္ဂါမှ သောကြာ (နံနက် ၈:၃၀ - ညနေ ၅:၀၀) စနေနှင့် တနင်္ဂနွေ (ညနေ ၃:၃ဝ မှ ၇:၀၀)

---

**❌ လျှောက်ထားရန် နောက်ဆုံးထားရက်:

📅 ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၂၁ ရက် (ဗုဒ္ဓဟူးနေ့)
🕔 ညနေ ၅:၀၀ နာရီ**

---

📝 လျှောက်ထားနည်း

1️⃣ အောက်ပါစာရွက်စာတမ်းများဖြင့် လာရောက်လျှောက်ထားနိုင်ပါသည်။

· ကိုယ်ရေးရာဇဝင် (CV)
· ပညာအရည်အချင်းပြစာရွက်များ
· မှတ်ပုံတင်မိတ္တူ

2️⃣ ပေးပို့ရန် နည်းလမ်းများ:
📧 Page Messenger (သို့) Viber - 09 426 162 148
📍 တိုက်ရိုက်လာရောက်လျှောက်ထားရန် [Quality Language Centre ၊ကန်သာ B (၃)လမ်းနှင့် မန်ကျည်းပင်လမ်းထောင့်]

ℹ️ အချက်အလက်ပိုမိုသိရှိလိုပါက: Quality Language Centre 09 426 162 148 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

---



👉 COMMENT တွင် မေးခွန်းများရှိပါက မေးမြန်းနိုင်ပါသည်။

Photos from Quality Language Centre's post 27/12/2025

✅✅Quality Language Centre Magway ၌ January လတွင် ဖွင့်လှစ်မည့် English 4 Skills အတန်းသစ်များ ဖြစ်ပါသည်။

✅ English 4 Skills Class များ

✅Pre-Starters (English 4Skills Class)

🔹KG & Grade 1 ကျောင်းသား/သူများ တက်‌ရောက်နိုင်ပါသည်။
🔹သင်တန်းကာလ – ၆ လ ( ဇန်နဝါရီလ မှ ဇွန်လ ထိ)
🔹သင်တန်းနေ့ရက် - ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ
🔹သင်တန်းအချိန် - ညနေ ၃း၃၀ မိနစ် မှ ၄း၃၀ မိနစ်
🔹သင်တန်းကြေး - ၄၀၀၀၀ ကျပ် (တစ်လစာ)
🔺စာအုပ်ဖိုးသီးသန့်ပေးသွင်းရပါမည်။

✅ Starters (English 4Skills Class)

🔹Pre-Starters Level ပြီးမြောက်ပြီးသူများ နှင့်Grade – 1 & 2 ကျောင်းသား/သူများ တက်‌ရောက်နိုင်ပါသည်။

🔺Level Test စစ်ဆေးရန် မဖြစ်မနေ လိုအပ်ပါသည်။
🔹သင်တန်းကာလ – ၆ လ ( ဇန်နဝါရီလ မှ ဇွန်လ ထိ)
🔹သင်တန်းနေ့ရက် - အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး
🔹သင်တန်းအချိန် - ညနေ ၄း၀၀ နာရီ မှ ၅း၀၀ နာရီ
🔹သင်တန်းကြေး - ၄၀၀၀၀ ကျပ် (တစ်လစာ)
🔺စာအုပ်ဖိုးသီးသန့်ပေးသွင်းရပါမည်။

✅Starters to Movers (English 4Skills Class)

🔹Starters Level ပြီးမြောက်ပြီးသူများ နှင့်Grade – 2 & 3 ကျောင်းသား/သူများ တက်‌ရောက်နိုင်ပါသည်။

🔹Level Test စစ်ဆေးရန် မဖြစ်မနေ လိုအပ်ပါသည်။
🔹သင်တန်းကာလ – ၆ လ ( ဇန်နဝါရီလ မှ ဇွန်လ ထိ)
🔹သင်တန်းနေ့ရက် - အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး
🔹သင်တန်းအချိန် - ညနေ ၅း၀၀ နာရီ မှ ၆း၀၀ နာရီ
🔹သင်တန်းကြေး - ၄၅၀၀၀ ကျပ် (တစ်လစာ)
🔺စာအုပ်ဖိုးသီးသန့်ပေးသွင်းရပါမည်။

✅Movers (English 4Skills Class)

🔹Starters Level or Starters to Movers Level ပြီးမြောက်ပြီးသူများ နှင့်Grade – 3 & 4 ကျောင်းသား/သူများ တက်‌ရောက်နိုင်ပါသည်။

🔺Level Test စစ်ဆေးရန် မဖြစ်မနေ လိုအပ်ပါသည်။
🔹သင်တန်းကာလ – ၆ လ ( ဇန်နဝါရီလ မှ ဇွန်လ ထိ)
🔹သင်တန်းနေ့ရက် - သောကြာ၊ စနေ၊ တနင်္ဂနွေ
🔹သင်တန်းအချိန် - ညနေ ၆း၀၀ နာရီ မှ ၇း၀၀ နာရီ
🔹သင်တန်းကြေး - ၄၅၀၀၀ ကျပ် (တစ်လစာ)
🔺စာအုပ်ဖိုးသီးသန့်ပေးသွင်းရပါမည်။

✅Movers (English 4Skills Class) (Online Class)

🔹Starters Level or Starters to Movers Level ပြီးမြောက်ပြီးသူများ နှင့်Grade – 3 & 4 ကျောင်းသား/သူများ တက်‌ရောက်နိုင်ပါသည်။

🔹Level Test စစ်ဆေးရန် မဖြစ်မနေ လိုအပ်ပါသည်။
🔹သင်တန်းကာလ – ၆ လ ( ဇန်နဝါရီလ မှ ဇွန်လ ထိ)
🔹သင်တန်းနေ့ရက် - စနေ၊ တနင်္ဂနွေ
🔹သင်တန်းအချိန် - နေ့လယ် ၂း၀၀ နာရီ မှ ၃း၃၀ နာရီ
🔹သင်တန်းကြေး - ၄၅၀၀၀ ကျပ် (တစ်လစာ)
🔺စာအုပ်ဖိုးသီးသန့်ပေးသွင်းရပါမည်။

🔹🔹🔹သင်တန်းသား ဦးရေ ကန့်သတ်ထားသည်။

📢 အခုပဲ စာရင်းသွင်းလိုက်ပါ!
📍 တည်နေရာ – Quality Language Centre Magway
(ကန်သာ B၊ (၃) လမ်း နှင့် မန်ကျည်းပင် လမ်းထောင့်၊ ကန်သာရပ်ကွက်၊ မကွေးမြို့။)
📞 စာရင်းသွင်းရန် –
ဖုန်း: - ၀၉ ၄၂၆ ၁၆၂ ၁၄၈ , ၀၉ ၂၅၆ ၂၂၆ ၉၃၉ , ၀၉ ၄၂၁ ၂၇၀ ၇၃၇, ၀၉ ၉၈၃ ၂၅၇ ၃၀၇
Messenger/page: Quality Language Centre

09/12/2025

✅ယနေ့ခေတ်မှာ အင်္ဂလိပ်စာတတ်မြောက်ဖို့က အရင်ကထက် ပိုအရေးကြီးလာကြတယ်။ မိဘတွေအနေနဲ့လည်း မိမိတို့ သား၊သမီးတွေကို အင်္ဂလိပ်စာ တတ်မြောက်ဖို့ အထူးကြိုးစားလာကြတယ်။ ဒါပေမယ့် အင်္ဂလိပ်စာအသိအမှတ်ပြုလက်မှတ်တွေက အများကြီးဆိုတော့ ဘာတွေက ဘယ်လိုလဲ ရှုပ်ထွေးနေတဲ့မိဘတွေအတွက် ဒီဆောင်းပါးလေးမှာ ရှင်းပြထားပါတယ်။

✅ပထမဆုံးအနေနဲ့ CEFRလို့ခေါ်တဲ့ နိုင်ငံခြားဘာသာတတ်မြောက်မှုစံသတ်မှတ်ချက်အကြောင်း အရင်ပြောပြပါမယ်။ CEFRဆိုတာ ဥရောပသမဂ္ဂကနေ နိုင်ငံခြားဘာသာစကားတတ်မြောက်မှုကို တိုင်းတာရာမှာ ပေတံတခုအနေနဲ့သတ်မှတ်ထားတဲ့ အဆင့်တွေဖြစ်ပါတယ်။ အဆင့်(၆)ဆင့်ပါပြီး A1၊ A2၊B1၊B2၊ C1၊C2ဆိုပြီး သတ်မှတ်ထားပါတယ်။ A1က ဘာသာစကားကို ခုမှစလေ့လာသူလို့ပြောနိုင်ပါတယ်။ ထိုအဆင့်မှာ အက္ခရာတွေကို မှတ်မိနေမယ် အခြေခံစကားစုတချို့ကို သိနေပါလိမ့်မယ်။ A2အဆင့်မှာတော့ အခြေခံစကားစုတွေအပြင် သဒ္ဒါပိုင်းတချို့ကိုပါ သိလာပါပြီ။ နေ့စဉ်သုံး ရိုးရှင်းတဲ့စကားစုတွေကို သုံးစွဲတတ်ရပါမယ်။ B1အဆင့်မှာတော့ ကိုယ်တိုင် ဝါကျတွေ ‌တည်ဆောက်တတ်ရပါမယ်။ ဝေါဟာရအနေနဲ့ ဝေါဟာရ ၂၀၀၀-၃၀၀၀ကြားသိနေရပါမယ်။ အသုံးများတဲ့အကြောင်းအရာတချို့ကို ‌နားလည်နိုင်ရပါမယ်။ B2အဆင့်မှာတော့ ထိုဘာသာစကားကို ကိုယ်တိုင်ပဲ လေ့လာလိုက်စားနိုင်ပါပြီ။ ဒီအဆင့်ထိရောက်ဖို့က မြန်ပါတယ်။ C1နဲ့C2က အဆင့်မြင့်အဆင့်တွေဖြစ်ပါတယ်။ ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ပြီလို့ ယူဆနိုင်ပါတယ်။ C2က မိခင်ဘာသာစကားလို နားလည်သဘောပေါက် သုံးစွဲနိုင်တာဖြစ်ပါတယ်။ ဒါလောက်အကြမ်းဖျဉ်းသိရင် လက်မှတ်တွေအကြောင်း ပြန်ဆက်ပါမယ်။
ကလေးငယ်တွေအတွက် Cambridgeအသိအမှတ်ပြုလက်မှက်တွေ ရှိပါတယ်။ ခုမှအင်္ဂလိပ်စာစလေ့လာတဲ့ ကလေးလေးတွေအတွက် Starter။ နောက် Mover။ ပြီးရင် Flyerဆိုပြီး အသက်၆နှစ်ကနေ ၁၂အရွယ် ကလေးတွေအတွက် YLE examလို့ခေါ်တဲ့ စာမေးပွဲတွေစစ်ပါတယ်။ Starterကနေ Flyerအထိ သုံးဆင့်လုံးက A2 Levelအထိပဲရှိပါသေးတယ်။ အဲ့နောက်မှာတော့ Key English Testလို့ခေါ်တဲ့ KETပါ။ A2နဲ့ B1ကြားပဲရှိပါတယ်။ အဲ့နောက်မှာ Preliminary English Testလို့ခေါ်တဲ့ PET examတွေရှိပါတယ်။ အင်္ဂလိပ်စာ B1ကျော်ပါတယ်။ နောက် B2အဆင့်ရှိတဲ့ First Certificate in English (FCE) Examတွေ ဖြေလို့ရပါတယ်။ အဲ့နောက်မှာတော့ Cambridge Advanced Examလို့ခေါ်တဲ့ CAE examတွေက C1အဆင့်ရှိပါတယ်။ နောက်ဆုံးမှာတော့ C2အဆင့်သမားတွေအတွက် C2 Proficiency Exam (CPE)စာမေးပွဲရှိပါတယ်။ Starter, Mover, Flyerတွေက အသက်၁၂အောက်ကလေးတွေအတွက် အဓိကရည်ရွယ်တာဖြစ်ပြီး KETကနေ CPEထိက ဆယ်ကျော်သက်တွေ အဓိကဖြေကြပါတယ်။
အခြားအသိအမှတ်ပြုလက်မှတ်တွေကတော့ IELTS၊ TOEFL၊ TOEIC၊ DET၊ SATစတာတွေလည်း ရှိပါသေးတယ်။

✅IELTSကတော့ ကမ္ဘာမှာအသုံးများဆုံးဖြစ်ပြီး ကျောင်းလျှောက်ရာမှာ အဓိကအသုံးပြုကြပါတယ်။ လက်မှတ်ကိုဖော်ပြရာမှာ အောင်တယ်ရှုံးတယ်မသတ်မှတ်ဘဲ band scoreလို့ခေါ်တဲ့ ရလဒ်နဲ့ဖော်ပြပါတယ် 0က အနည်းဆုံးဖြစ်ပြီး 9အထိပေးပါတယ်။ 4 skillsအတွက် လေးခုရမှတ်ကိုပေါင်းပြီး overall bandကို ပြန်တွက်လေ့ရှိပါတယ်။ သွားရောက်မယ့်နိုင်ငံ၊ကျောင်းအပေါ်မူတည်ပြီး band scoreရအောင်ကြိုးစားကြပါတယ်။ ပုံမှန်ဆို 6.5 or 7ဆို အဆင်ပြေပါတယ်။ ရလဒ်က ၂နှစ်အထိအကြုံးဝင်ပါတယ်။ TOEFLမှာတော့ 4skillsလုံးအတွက် အမှတ် 120ပေးပြီး 80-100ကြားဆို ကျောင်းလျှောက်ဖို့ အဆင်ပြေပါတယ်။ TOEICအမှတ်ကတော့ Listeningနဲ့Readingအတွက် 990မှတ်ပေးပါတယ်။ 785ကနေ 900ကြားဆိုရင် အဆင်ပြေပါတယ်။ ဒီTestအမျိုးအစားက ကျောင်းအတွက်မဟုတ်ဘဲ အလုပ်အတွက်ရည်ရွယ်ပါတယ်။
IELTSအစားနောက်ပိုင်းပိုခေတ်စားလာတာက အကုန်အကျသက်သာပြီး အလွယ်တကူဖြေလို့ရတဲ့ Duolingo English Test (DET)ပါ။ စုစုပေါင်းအမှတ် 160အထိပေးပြီး 120ကျော်ရင် အဆင်ပြေပါတယ်။ Standardized college admission testဖြစ်တဲ့ SATက USက တက္ကသိုလ်တွေလျှောက်ရာမှာ အဓိကသုံးရပါတယ်။ Readingနဲ့ Writingကို စစ်ပြီး 800မှတ်ပေးပါတယ်။ 600ကျော်ရင် အဆင်ပြေပါတယ်။

✅✅ဒါလောက်ဆို အင်္ဂလိပ်စာကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်တွေအကြောင်းသိသွားမယ်လို့ထင်ပါတယ်။

ကျွန်တော်တို့ရဲ့ ဆောင်းပါးတွေဟာ ကိုယ်တိုင် လေ့လာ အချိန်ယူ ရေးသားထားတာဖြစ်လို့ ကူးယူဖော်ပြခွင့် မပြုပါခင်ဗျာ။

စာဖတ်သူတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ။

Quality Language Centre
ကန်သာ (B) ၃ လမ်းနှင့် မန်ကျည်းပင်လမ်းထောင့်
မကွေးမြို့။



Want your school to be the top-listed School/college in Magway?

Click here to claim your Sponsored Listing.

Location

Address

Corner Of Kanthar 3rd Street And Magyipin Street, Kanthar Qtr
Magway
04011