Power Learn Language Academy

Power Learn Language Academy Qualifications: B.A.English, Dip.Esp, M.A.TEFL
Experience. : 15 years in Language Teaching & Teacher Training
Expertise. : Linguistics

Chris Lonsdale က စိတ်ပညာနဲ့ ပညာရေး ပညာရှင်တယောက် ဖြစ်သလို သူကိုယ်တိုင်လည်း ဘာသာစကားတော်တော်များများကို ဆက်သွယ်ပြောဆိုနို...
28/08/2025

Chris Lonsdale က စိတ်ပညာနဲ့ ပညာရေး ပညာရှင်တယောက် ဖြစ်သလို သူကိုယ်တိုင်လည်း ဘာသာစကားတော်တော်များများကို ဆက်သွယ်ပြောဆိုနိုင်သူတယောက်ဖြစ်ပါတယ်။

သူဟာ LingQ ဆိုတဲ့ ဘာသာစကားလေ့လာရေး App နဲ့ Website ကို တည်ထောင်သူ လည်း ဖြစ်ပါတယ်။

Chris Lonsdale က ကိုယ်လေ့လာနေတဲ့ ဘာသာစကားဟာ ကိုယ့်အတွက် အသုံးဝင်ပြီး စိတ်ဝင်စားစရာကောင်းနေရပါမယ်လို့ ဆိုပါတယ်။

ကိုယ်က အလုပ်အတွက် အင်္ဂလိပ်စာလိုတာဆိုရင်၊ အလုပ်နဲ့သက်ဆိုင်တဲ့ စကားလုံးတွေကို အရင်လေ့လာဖို့ သူက လမ်းညွန်ပါတယ်။

ဘာသာစကားဆိုတာ သင်ယူပြီးမှ သုံးရမယ့်အရာမဟုတ်ဘဲ၊ သုံးရင်းနဲ့ သင်ယူရမယ့် ကိရိယာတစ်ခုဖြစ်တဲ့အတွက် ကိုယ်သိသလောက် စကားလုံးတွေနဲ့ စတင်ပြီး ပြောဆိုဆက်ဆံဖို့ လိုပါတယ်။

စကားလုံးတိုင်းကို နားလည်ဖို့မလိုဘဲ စာကြောင်းရဲ့ ဆိုလိုရင်းကို အကြမ်းဖျင်းနားလည်ရင် ကျန်တဲ့အပိုင်းကို ဦးနှောက်က သူ့အလိုလို ဆက်စပ်သင်ယူသွားပါလိမ့်မယ်လို့ Chris Lonsdale က ဆိုပါတယ်။

ဘာသာစကားတခု တတ်မြောက်ဖို့ လေ့ကျင့်မူဟာ အားကစားရုံမှာ သန်မာဖို့ ကြွက်သားတိုးတက်အောင် လုပ်တဲ့ နည်းစနစ်နဲ့ အလားတူပါတယ်။

အင်္ဂလိပ်စကားရဲ့ အသံထွက်တွေကို ကြားနိုင်အောင် ခန့်မှန်းမိလာအောင် နားထောင်မူကို များများလေ့ကျင့်ပေးရမယ်။

အသံထွက်အမှန်တွေ ထွက်နိုင်အောင် ပါးစပ်၊လျှာ နဲ့ မျက်နှာကြွက်သား တွေကိုလည်း လေ့ကျင့်ပေးရမယ်။

Chris Lonsdale ရဲ့ အဆိုအရ စိတ်ဖိစီးမှုတွေ၊ ကြောက်ရွံ့မှုတွေရှိရင် ဘာသာစကားကို သင်ယူလို့မရပါဘူးလို့ပြောပါတယ်။

ကိုယ်ဝါသနာပါတဲ့ အကြောင်းရာကို ပျော်ပျော်ရွှင်ရွှင်လေ့လာပါ ။ စိတ်ကို လျှော့ထားပါ။ အမှားလုပ်မိမှာကို မကြောက်ပါနဲ့ ငါနားမလည်ဘူး ဆိုတဲ့ အခြေအနေကို လက်ခံနိုင်အောင် ကြိုးစားပါလို့ သူက ဆိုပါတယ်။

ဘာသာစကားကို နားမလည်ရင်တောင် အဆက်မပြတ် နားထောင်ဖို့ သူကတိုက်တွန်းပါတယ်။

ဒါကို သူက ဘာသာစကားထဲမှာ ကိုယ်ဦးဏှောက်ကို နှစ်မြှုပ်ထားခြင်း လို့ခေါ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် နားက အင်္ဂလိပ်စာရဲ့ စည်းချက်၊ အသံအတက်အကျနဲ့ ပုံစံတွေကို ယဉ်ပါးလာစေတယ်လို့ ဆိုပါတယ်။

ကိုယ့်သိထားတဲ့ စကားလုံးတွေကို ပေါင်းစပ်ပြီး ရိုးရှင်းတဲ့ဝါကျတိုလေးတွေ တည်ဆောက်ဖို့လည်း သူက တိုက်တွန်းပါတယ်။

ဘာသာစကားတိုင်းမှာ အသုံးအများဆုံး စကားလုံး ၁၀၀၀ က နေ့စဉ်သုံးစကားပြောရဲ့ ၈၅ ရာခိုင်နူန်း ကို လွှမ်းခြုံနိုင်တယ်လို့ သူက ဆိုပါတယ်။

အဲ့ဒီလိုပဲ အသုံးအများဆုံး စကားလုံး ၃၀၀၀ ကို သိရင် ကိုယ်ဟာ အင်္ဂလိပ်ဘာသာစကားကို ချောချောမွေ့မွေ့ ပြောတတ်ပြီလို့ဆိုပါတယ်၊

ဒါကြောင့် အဲ့ဒီအဓိကကျတဲ့ စကားလုံးတွေကို အရင်ဆုံးသင်ယူဖို့ သူက လမ်းညွန်ပါတယ်။

နောက် အလွန်းအရေးကြီး တဲ့အချက်ကို သူကို ညွန်းဆိုပါတယ်။

အဲ့ဒါကကိုယ့်ကို ကလေးတစ်ယောက်လို သဘောထားပြီး စကားပြောပေးမယ့်သူကို ရှာဖို့ပါ။

သူဟာ ကိုယ်အမှားတိုင်းကို လိုက်မပြင်ဘဲ၊ ကိုယ်နားလည်မယ့် ရိုးရှင်းတဲ့စကားလုံးတွေနဲ့ စိတ်ရှည်ရှည်ပြောဆိုဆက်ဆံပေးပြီး ကိုယ့်ကို ယုံကြည်မှုရှိအောင် ကူညီပေးဖို့လို့ ဆိုပါတယ်။

နောက်တခုက တွေ့ရာစာလုံးတွေကို ဘာသာပြန်ချင်တဲ့စိတ်ကို ကျော်လွှားဖို့ပါ။

သူရဲ့ ဥပမာပေးတဲ့အချက်က "fire" ဆိုတဲ့ စကားလုံးကို ကြားတဲ့အခါ၊ "fire" -> "မီး" -> "မီးပုံ" ဆိုပြီး ဘာသာပြန်မယ့်အစား၊ "fire" ဆိုတဲ့အသံကို ကိုယ်စိတ်ထဲက "မီးပုံ" နဲ့ တန်းသိချိတ်ဆက်နိုင်အောင် လေ့ကျင့်ပါလို့ ဆိုပါတယ်။

သူ့ရဲ့အဆိုအရ ဘာသာစကားတစ်ခုကို "တတ်တယ်" ဆိုတာဟာ ပြီးပြည့်စုံတဲ့ Native Speaker တစ်ယောက်လို ပြောနိုင်မှ မဟုတ်ပါဘူး။

ကိုယ်ပြောချင်တဲ့ အဓိပ္ပာယ်ကို ထိထိရောက်ရောက် ပြောဆိုနိုင်ပြီး၊ သူတစ်ပါးပြောတာကို နားလည်နိုင်တဲ့အဆင့် (effective communication) ကို ရောက်ရှိခြင်းကိုပဲ သူက အဓိကထားတာဖြစ်ပါတယ်။

23/08/2025

Follow Easy English 👈

28/07/2025
Vocabulary associated with sales and marketing If you are curious Pls like an follow
08/05/2025

Vocabulary associated with sales and marketing
If you are curious

Pls like an follow

02/05/2025

Teaching Grammar using Communicative Approach
I have motivated them to be like that. They're shy to do like this in the classroom earlier. Now They said that they are happy to do like this.

01/05/2025

Masterpiece of G 6 Students

Address

Building 13, First Floor, Room14, ChanMyaeTharyar Housing, Natmauk Road
Magway

Website

Alerts

Be the first to know and let us send you an email when Power Learn Language Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share