Wisdom Laureate - Study Camp

Wisdom Laureate - Study Camp ပညာကဝိစာသင်ဝိုင်းမှနွေးထွေးစွာကြိ?

06/02/2023
06/02/2023
  respect ကလေးကိုမနာလိုစိတ်ကင်းအောင် ပျိုးထောင်ပါ။ Without Jealous baby 😍no jealous baby 😍ရှင်သန်လာတဲ့တစ်လျှောက်မှာ မနာလ...
06/10/2022

respect

ကလေးကိုမနာလိုစိတ်ကင်းအောင် ပျိုးထောင်ပါ။

Without Jealous baby 😍
no jealous baby 😍

ရှင်သန်လာတဲ့တစ်လျှောက်မှာ မနာလိုစိတ်ရှိတဲ့သူတွေက ကြောက်စရာအကောင်းဆုံးပဲ။
မုန်းတယ်ဆိုတဲ့ခံစားချက်ထက် မနာလိုစိတ်က
ပိုပူလောင်ပြီး တစ်ပါးသူပျက်စီးရာပျက်စီးကြောင်းပဲဖြစ်စေချင်တယ်။ မနာလိုစိတ်သည်
အားကျရာကနေ သိမ်ငယ်စိတ်
အငုံ့စိတ်ဝင်လာရင် ဖြစ်တတ်ပါတယ်။

သူတစ်ပါးအဆင်မပြေချိန်ဝမ်းသာနေရင်
မနာလိုစိတ်ကြီးမားနေလို့ပါပဲ။
ကျွန်မတို့ Generation မှာ ကလေးတွေကို
အငုံ့စိတ် မနာလိုမှု သိမ်ငယ်စိတ်တွေမရှိအောင်
ကိုယ့်ကိုယ်ကိုယ် ချိုးနှိမ်တတ်အောင်
မွေးမြူပျိုးထောင်ပေးရမယ်။ ဒါမှ ပိုလှတဲ့နိုင်ငံ
အသိုင်းအဝိုင်းဖြစ်လာမယ်။

မနာလိုစိတ်ရှိသူက အမြဲ သူတစ်ပါးကိုချိုးနှိမ်
အောင်ပြောပြီး သူကပဲအကောင်းဆုံးလို့
ဟန်ဆောင်တတ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်မလုံခြုံနေတာမို့။

သူများကိုကြည့် အားကျတယ်။ သူများလို
လိုက်မလုပ်နိုင်တော့ ဒေါသထွက်ရတယ်။
ပြီးရင်အပြစ်တင်ဝေဖန်တိုက်ခိုက်တယ်။
ဒါကြောင့် ရောင့်ရဲတတ်တဲ့စိတ်နဲ့အရှိကို
အရှိအတိုင်းလက်ခံတတ်အောင် သင်ပေးရမယ်။

မနာလိုမှုရှိရင် သေသည်အထိ ပူလောင်ပြီး
စိတ်မငြိမ်းချမ်းနိုင်ဘူး။ လူတွေမှာ
မနာလိုစိတ်အားကြီးလာရင် ပျက်စီးတတ်တယ်။

မပြည့်တဲ့အိုးတွေက ဘောင်ဘင်ခတ်တယ်။ 🏺
အကြွေစေ့တွေက အသံကျယ်တယ်။ 🪙



မနာလိုခြင်း ကင်းဝေးကြပြီး ကမ္ဘာကြီး လှပပါစေ
လူသားတိုင်းမှာ တာဝန်ရှိပါတယ်

လေးစားချစ်ခင်ရတဲ့
Tr.maykine

28/07/2022
10/07/2022
10/07/2022

IGCSE or GED ?
****************
ဒီနေ့ မှာတော့ LIS က IGCSE နဲ့ GED ဘယ်ဟာကို​
ရွေးချယ်တက်​ရောက်သင့်လဲဆိုတာကို​
ပြောပြသွားမှာဖြစ်ပါတယ်။

(1) IGCSE နဲ့ GED ဘာကွာလဲ?
(2) ဘယ်စာမေးပွဲကို ​ရွေးချယ်သင့်သလဲ?
(3) သူတို့နှစ်ခု ရဲ့ Exam Information

What is IGCSE ?
****************
(1)Cambridge Assessment International Education စစ်​ဆေးတဲ့ International General Certificate of Secondary Education (IGCSE) ဆိုတဲ့အတိုင်း
မည်သည့်နိုင်ငံက မဆိုလက်ခံပါတယ်။

(2)English ထဲကတစ်ဘာသာနဲ့ Maths
အပါအဝင် Subject (5) ခုအနည်းဆုံးနဲ့
Subject အများဆုံး (14) ခုယူပြီးစာ​မေးပွဲ​ဖြေရပါတယ်။ ​​

(3)အသက် (14) နှစ်မှစ၍​ စတင်ပြင်ဆင်ကြပါတယ်။

(4) အ​ခြေခံကစ၍သင်ကြား​ပေးတဲ့အတွက် (1) နှစ်​​ကျော် အနည်းဆုံးပြင်ဆင်ရပါတယ်။

Information of IGCSE Exam (CIE)
*********************************
(1)တစ်နှစ်မှာစာ​မေးပွဲနှစ်ခါ​ - (May/June) Exam Cycle နဲ့ (November/December) Exam Cycle ရှိပါတယ်။

(2) Exam Fees က​တော့ (1) Subject ကို (300,000 MMKS မှ 500,000 MMKs အတွင်း) ကျသင့်နိုင်ပါတယ်။

(3) ကျောင်းလျှောက်ချင်တဲ့ နယ်ပယ်အ​ပေါ်မူတည်၍ တစ်ဘာသာချင်းစီရတဲ့ အမှတ်ကိုကြည့်ပြီး
​ဝင်ခွင့်ကို ကျောင်း​တွေဘက်က ဆုံးဖြတ်ပါတယ်။ ​

(4)ကျောင်းမှ​တောင်းသည့် ရလဒ်ကို မရရှိပါက
ပြန်​ဖြေခွင့်ရှိပါတယ်။

What is GED ?
***************
GED (General Education Development) ကတော့ နိုင်ငံအချို့က လက်ခံထားတဲ့ အထက်တန်းအောင်လက်မှတ်ဖြစ်ပါတယ်။ GED လက်မှတ်ကို Thailand နှင့် US
နိုင်ငံများက အများဆုံးလက်ခံတာဖြစ်ပြီး Canada, Japan နိုင်ငံများတွင်လည်း လက်ခံသည့် တက္ကသိုလ်များရှိပါတယ်။

GED တွင် သင်ယူရမည့် Subject (4) ခုကတော့

(1)Reasoning through Language Arts,
(2)Reasoning through Mathematics,
(3)Science,
(4)Social Studies ကို သင်ယူရမှာ ဖြစ်ပါတယ်။

GED သည် ဘာသာရပ် တစ်ခုစီအလိုက်ရှိသော ခေါင်း
စဉ်အများအပြားကို ခြုံငုံ၍ သင်ကြားပေးသော Intensive Course ဖြစ်သည့်အတွက် အများစုမှာ Preparation အချိန် (၆) လ ယူ၍ စာမေးပွဲဖြေရန် ပြင်ဆင်ကြပါတယ်။

Information Of GED Exam
***************************
(1) စာမေးပွဲများကို ဖြေဆိုရန် အနည်းဆုံး အသက် (၁၈) နှစ်ပြည့်ပြီးသူ ဖြစ်ရန်လိုအပ်ပါတယ်။

(2)စာမေးပွဲဖြေဆိုရန် သတ်မှတ်ထားသည့်အချိိန်မရှိပဲ စာရသည့်အချိန်၊ အဆင်ပြေသည့်အချိန်တွင် Register လုပ်၍ ဝင်ရောက်ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

(3) ဘာသာရပ် (၄) ခုရှိသည့်အနက် ကိုယ်နှစ်သက်သလို တစ် ဘာသာချင်းဖြစ်စေ၊ လေး ဘာသာလုံးဖြစ်စေ
ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။

Approximate Exam Fees
************************
(1)တစ်ဘာသာလျှင် ( US $80 )
(2) Center Fees 30,000 MMK
ကျသင့်မှာ ဖြစ်ပါတယ်။

( Subject (4) ခုလုံး ဖြေဆိုအောင်မြင်ပြီးပါက GED လက်မှတ်ကို ရရှိမှာ ဖြစ်ပါတယ်။ )

IGCSE Vs GED
****************
(1)အသက်အရွယ်အ​ပေါ်မူတည်ပြီးဆုံးဖြတ်ကြသလို

(2)ကိုယ်သွားချင်တဲ့နိုင်ငံအ​ပေါ်မူတည်ပြီးဆုံးဖြတ်လို့ရပါတယ်။

(3)ကိုယ်​ကျောင်းသွားတက်ချင်တဲ့နိုင်ငံကိုသိပြီးသားသူအများစုက​တော့ GED ယူကြပါတယ်။

(4)ဘာသာရပ်တစ်ခုချင်းစီကိုအ​ခြေခံမှစပြီး​ အချိန်ယူလေ့လာချင်သူများအ​နေဖြင့် IGCSE ကို​ဖြေဖို့အကြံပြုပါတယ်။

Crd

23/06/2022

ကဲလာပါပြီ
၁၀တန်း တစ်နှစ်ထဲ စာလုပ်ရုံနဲ့ မရတော့တဲ့
ပညာရေး...

Grade
10,
11,
12 သုံးနှစ်လုံးမှာ
Grade
A ရမှ
ကိုယ်နှစ်သက်တဲ့တက္ကသိုလ်ကို
ရွေးချယ်လို့ရမှာဖြစ်ပြီး
Grade
B,C ရတဲ့သူက
သတ်မှတ်ထားတဲ့ တက္ကသိုလ်သာဝင်ခွင့်ရမှာပါ

#စနစ်သစ်ပညာရေးအကြောင်း
ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ
၂၀၂၀_၂၀၂၁ ပညာသင်နှစ်
Grade 10 (ဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ
၂၀၂၁_၂၀၂၂ ပညာသင်နှစ်
Grade 11 (ဧကဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ
၂၀၂၂_၂၀၂၃ ပညာသင်နှစ်
Grade 12 (ဒွာဒသမတန်း)ကျောင်းတွင်းစစ်စာမေးပွဲ နှင့်
နိုင်ငံတော်အစိုးရစစ်စာမေးပွဲစာမေးပွဲနှစ်ခုရှိပါသည်။

Grade 12
ကျောင်းတွင်းစစ်စာမေးပွဲဖြေဆိုအောင်မြင်ပါက
သင်ယူပြီးမြောက်ကြောင်းလက်မှတ် ရရှိမည်ဖြစ်ပါသည်။
ထိုလက်မှတ်ဖြင့်
ကောလိပ်များ၊
Instituteများ
(ပညာရေးကောလိပ်၊GTI အစရှိသဖြင့်)
ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။
သို့သော်
၂၀၂၃ ခုနှစ် မတ်လတွင်ကျင်းပပြုလုပ်သည့်
နိုင်ငံတော်အဆင့် အစိုးရစစ်စာမေးပွဲသည်သာ
University များတက်ရောက်ခွင့်ရရှိမည့်
Grade အဆင့်သတ်မှတ်ချက်ရလဒ်စာမေးပွဲဖြစ်ပါသည်။
ထိုရလဒ် Grade အနေအထားအပေါ်မူတည်ပြီးမှသာ
တက္ကသိုလ်များကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။
ထိုစာမေးပွဲတွင်
Grade A ရထားသောကလေးသည်
နှစ်သက်သလို
တက္ကသိုလ်များကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ်သော်လည်း၊
Grade B,C အစရှိသဖြင့် ရသောကလေးများသည်
ထို Grade များကိုလက်ခံဖြေဆိုခွင့်ပြုသော
တက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။
Grade များသည်လည်း
ဘာသာရပ် တိုင်းအတွက်ကောင်းရန်မလိုပါ။
မိမိ အဓိက ရွေးချယ်မည့်
တက္ကသိုလ်တစ်ခုကိုတော့ ကို
G10တည်းက သေချာ ဆုံးဖြတ်ထားရန် လိုအပ်ပါသည်။
ဥပမာ။ ။ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုလျှင်
English၊
Physics၊
Chemistry၊
Biology
လေးဘာသာ၏ Grade ကိုသာကြည့်၍
ဝင်ခွင့်ဖြေဆိုခွင့်ပြုမပြု ဆုံးဖြတ်မည်ဖြစ်ပြီး၊
Engineering နှင့်
IT တက္ကသိုလ်များအတွက်ဆိုလျှင်
English၊
Math၊
Physics၊
Chemistry လေးဘာသာ၏
Grade များကိုသာ ကြည့်မည်ဖြစ်ပါသည်။
ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့
တက္ကသိုလ် ရွေးချယ်နိုင်ခွင့်ပိုများပါလိမ့်မည်။
၁၂ တန်း အစိုးရစစ် စာမေးပွဲကြီးတွင်
(၆)ဘာသာ သာဖြေဆိုရပါမည်။
General Science ၊
Social Science ဘာသာရပ်များ ဖြေရန်မလိုပါ။
ရှင်းအောင်ပြောရရင်
(၂ဘာသာ/၃ဘာသာ)ပေါင်းစည်းထားသော ဘာသာရပ်များ
စာမေးပွဲဖြေဆိုရန်မလိုအပ်ပါ။
မှတ်ချက်။ ။၁၂တန်းမှာ Grade လည်း
ကောင်းဖို့လိုသလို တက္ကသိုလ်ဝင်ခွင့်ဖြေရာမှာ
အဆင်ပြေ အောင်မြင်စေဖို့
G(10,11,12 )သုံးနှစ်စာသင်ခန်းစာတွေကိုလည်း
ကျွမ်းကျင်ခဲ့ဖို့လိုပါတယ်။
* Grade ကောင်းရုံနဲ့လည်း
တက္ကသိုလ်တက်ခွင့်ရမှာမဟုတ်ပါဘူး
ဝင်ခွင့်ဖြေဆိုခွင့်ပဲ ရမှာဖြစ်ပြီး
ဝင်ခွင့်ပါမှသာ တက္ကသိုလ်တက်ခွင့်ရမှာပါ။

:to original writer

10/06/2022

Address

Myathalon Pagoda Road
Magway
04011

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00

Telephone

+959259588203

Website

Alerts

Be the first to know and let us send you an email when Wisdom Laureate - Study Camp posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Wisdom Laureate - Study Camp:

Shortcuts

Share

Category