25/11/2021
EPSNနှင့် EPSA-TUMGတို့ ပူးပေါင်းဖွင့်လှစ်သော
"DIALux evo သင်တန်း"
လျှပ်စစ်စွမ်းအားကျောင်းသားများ ကွန်ရက်မှ ကျောင်းသား၊ကျောင်းသူများ၏ စဉ်ဆက်မပျက်ပညာသင်ကြားရေးအတွက် DIALux Evo Lighting အကြောင်းနှင့်ပတ်သတ်၍ Short Course တစ်ခုပြုလုပ်သွားမည်ဖြစ်ပါသည်။
ယခုပြုလုပ်မည့် course သည် Lighting Theory ကိုနားလည်ပြီး Indoor & Outdoor Lighting, Street Lighting တို့ကို software အသုံးပြု၍ Lighting Designများဖန်တီးပြီး လိုချင်သည့် အလင်းအား (Illuminance For Day and Night)တွက်ချက်ပုံ နှင့် လိုအပ်သည့်Document များတိကျစွာပြုလုပ်ခြင်းတို့ကို သင်ကြားသွားမည် ဖြစ်ပါသည်။
သင်တန်းစတင်မည့်ရက် - 29.11.2021(Monday)
သင်တန်းအချိန် - Every Monday,Tuesday, Wednesday (8:00pm to 9:30pm)
သင်တန်းကာလ - About 6weeks
ဖောင်ပိတ်မည့်ရက် - 27.11.2021
ဖောင်တင်ရမည့် link- https://docs.google.com/forms/d/e/1FAIpQLSffErRjhiR5HDzPfwJboOFqHekFkryyeKkH3LQpprDa_daMig/viewform?fbclid=IwAR1oK1hMYZ9KUA9GPB2nuuNIYDNNN7D1aCrwkfkM8BYkvsln_kkdRb4R66I
အသုံးပြုမည့် platform - Zoom and Telegram
(မှတ်ချက်။ ။Zoom linkများကို 28.11.2021ရက်နေ့တွင် Mailမှတစ်ဆင့် software link ကိုပါတစ်ပါထဲ ပူးတွဲပေးပို့သွားမည်ဖြစ်ပါသည်။ Inboxတွင်မတွေ့ပါက Spam mailတွင် ရှာကြည့်ပေးပါရန်။ အကယ်၍ mailမရောက်ပါက သင်တန်းမစတင်ခင် Page messenger သို လာရောက်တောင်းယူနိုင်ပါသည်။)
#လျှပ်စစ်စွမ်းအားကျောင်းသားများကွန်ရက်
06/10/2021
EP ကျောင်းသားများ ပါဝင်နိုင်ပါတယ်
TUမကွေးရဲ့ Click to donate အပ်ပလီကေးရှင်းကို မိတ်ဆက်လိုက်ပါပြီ။
အားလုံးသိအောင် ရှဲပေးကြပါဦး။
🪄🪄🪄 🪄🪄🪄
Free download here👇
https://satanclub69.blogspot.com/2021/10/tumg-clicks.html
🟠Description:
နည်းပညာတက္ကသိုလ် (မကွေး)တွင် CDM လှုပ်ရှားမှုစတင်သည်နှင့် တပြိုင်နက် ကျောင်းသားများဦးဆောင်၍ TUMG CDM SUPPORTING COMMITTEEကို ဖွဲ့စည်းပြီး ဝန်ထမ်းများအတွက် လစဉ် ဂုဏ်ပြုငွေပေးအပ်ခြင်း၊ နေရပ်ပြန်နိုင်ရန်ကူညီပေးခြင်း၊ ဖမ်းဆီးခံကျောင်းသားများအား ထောက်ပံ့ကူညီပေးခြင်း၊ စသည်တို့ကို လုပ်ဆောင်ခဲ့ရာတွင် ယနေ့အထိ ငွေကျပ်သိန်းပေါင်း ၁၉၀ကျော် သုံးစွဲနိုင်ခဲ့ပြီဖြစ်ပါသည်။
🧡သို့ရာတွင် ကျွန်ုတို့လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန် လိုအပ်လျက်ရှိသော ရန်ပုံငွေများ ဖြည့်တင်းနိုင်ဖို့ အရေးကြီးပါသည်။ သို့သော်လည်း ဝင်ငွေမရှိသေးသော ကျောင်းသားလူငယ်များသည် အဖက်ဖက်မှလိုအပ်နေသော နိုင်ငံတော်ကို ငွေအားဖြင့် ကူညီနိုင်ရန်မှာ အချိန်ကြာလာသည်နှင့်အမျှ အခက်အခဲရှိလာပါသည်။ ထို့ကြောင့် click တစ်ချက်နှိပ်ယုံဖြင့် တော်လှန်ရေးအတွက် ထိထိရောက်ရောက်ကူညီနိုင်မည့်အခွင့်အလမ်းအဖြစ် ဤ TUMG Click Application အားမိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါသည်။
______________________________
အခက်အခဲတစ်စုံတစ်ရာရှိပါက cbကနေ ဆက်သွယ်လို့ရပါတယ်။
______________________________
🧡Alert: နည်းပညာအခက်အခဲ အချို့ကြောင့် Application Password ထည့်ထားပါသည်။
✅" The Year of the last military coup in Myanmar? "ဟုမေးခွန်းပေါ်လာလျှင့် မြန်မာလို "၂၀၂၁"လို့ ထည့်ပေးပါ။
23/08/2021
EP Challenge 🤩
𝙀𝙋ကိုလာမစမ်းနဲ့...
ဓာတ်လိုက်သွားမယ်...👩🏻🏭👨🏻🏭
(𝙈𝙖𝙟𝙤𝙧 𝘾𝙝𝙖𝙡𝙡𝙚𝙣𝙜𝙚 𝘿𝙖𝙮-4)
23.8.2021
_______________________
💡𝙀𝙋မေဂျာလို့ကြားရင် ဘာကိုအရင်ဆုံး ပြေးမြင်လဲ ကွန်မန့်မှာ ဖြေပေးကြပါဦး။
💡 𝙀𝙋ဆိုတာ ခေတ်မီတိုးတက်တဲ့ လောကကြီးအတွက် မရှိမဖြစ်လိုအပ်တဲ့ မေဂျာတစ်ခုဖြစ်ပါတယ်။
💡𝙀𝙋တွေရဲ့ ယှဉ်ပြိုင်လိုစိတ်ဟာ ပြင်းထန်ကြပါတယ်၊ မေဂျာကိုလည်း အရမ်းချစ်ကြသူတွေဖြစ်ပါတယ်။ (ဖလားတော့ မရဖူးသေးပေမဲ့😙)
________________________
CDM Support လုပ်ရာမှာလည်း 𝙀𝙋တွေ ဘယ်လောက်အထိ ညီညွတ်ကြသလဲ....
အခြားမေဂျာများကို challenge ခေါ်နိုင်မှာလားဆိုတာ ဒီနေ့ တစ်ရက်ပဲ လှူပြီး သက်သေပြလိုက်ရအောင်။
______________
❇️ ယခင်လများက အတန်းအလိုက် အလှူငွေကောက်ခံမှုများရှိခဲ့သော်လည်း ECများရဲ့ လုံခြုံရေးအရ ပူပန်မှုများရှိတာကြောင့် အတန်းလိုက်၊ မေဂျာအလိုက် ငွေကောက်ခံမှုများ မပြုလုပ်နိုင်တော့ပါ။
❇️ ထို့ကြောင့် ကျောင်းသားများ ပြန်လည်ပါဝင်လာရန် challengeတစ်ခု စီစဉ်ခြင်းဖြစ်ပါတယ်။
❇️ ၂၃.၈.၂၀၂၁ရက် ည၁၂နာရီအတွင်း ရရှိသော အလှူငွေများကို ရေတွက်ပြီး 𝙀𝙋 ကျောင်းသားများ၏ အလှူအဖြစ် ဂုဏ်ပြုမှတ်တမ်းရေးထိုးသွားမှာဖြစ်ပါတယ်။
_____________________________________
💬💬လှူဒါန်းရန်အတွက် အသေးစိတ်ကို cbမှာ စုံစမ်းပါ🙆🏻♂️
𝒯𝒰ℳ𝒢 𝒞𝒟ℳ 𝒮𝓊𝓅𝓅ℴ𝓇𝓉𝒾𝓃ℊ 𝒞ℴ𝓂𝓂𝒾𝓉𝓉ℯℯ
20/08/2021
ကြေညာချက်အမှတ် ၀၀၇/၂၀၂၁
________________________________
နည်းပညာတက္ကသိုလ်(မကွေး) ယာယီတက္ကသိုလ်ကောင်စီအား အမိတက္ကသိုလ်တွင် အမြင့်ဆုံးအာဏာပိုင်အဖွဲ့အဖြစ် အသိအမှတ်ပြုကြောင်းကြေညာခြင်း
__________________
နည်းပညာတက္ကသိုလ် (မကွေး)
လျှပ်စစ်စွမ်းအားကျောင်းသားများအသင်း
16/05/2021
နည်းပညာတက္ကသိုလ်(မကွေး)
ယာယီတက္ကသိုလ်ကောင်စီဖွဲ့စည်းပြီးကြောင်းကြေငြာခြင်း
12/05/2021
ရှိတာလဲ လှူမယ် 💰💰
အများသိအောင်လဲ ကူမယ် 💪🤩🤳
2000လောက်ကတော့ လှူသင့်ပါတယ်ဗျာ။
တီယူမကွေး ကျောင်းသားမှန်ရင်ပေါ့။👉😒
09/05/2021
ကြေညာချက် ၀၀၆/၂၀၂၁
*************************
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနရှိ တာဝန်မှယာယီရပ်ဆိုင်းခံရသော ဆရာ၊ ဆရာမများအတွက် ဂုဏ်ယူကြောင်းမှတ်တမ်းပြုဖော်ပြခြင်း
27/03/2021
ကြေငြာချက် ၅/၂၀၂၁
Non-CDM ဆရာ၊ ဆရာမများကို နည်းပညာတက္ကသိုလ်မကွေး လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန၏ ဆရာကန်တော့ပွဲအပါအဝင် အခြားသာရေး၊နာရေးပွဲများ တက်ရောက်ခွင့် တားမြစ်ကြောင်း ကြေငြာချက်