28/02/2025
2025 December JLPT ကစလို့ Test results တွေကို ( Common European Framework of Reference for Languages )- CEFR level တွေနဲ့ပါထည့်သွင်းပြသပေးမှာဖြစ်ပါတယ်။ CEFR ဆိုတာ ဘာသာစကားစွမ်းရည်ကို ခွဲခြားသတ်မှတ်ပေးထားတဲ့ မူဘောင်ပဲဖြစ်ပါတယ်။သတ်မှတ်ထားပြီးသော CEFR levels တွေကတော့-
A1: Beginner
A2: Elementary
B1: Intermediate
B2: Upper intermediate
C1: Advanced
C2: Proficient ဆိုပြီးခွဲခြားထားတာဖြစ်ပါတယ်။
မှတ်ရန်: CEFR level ဖော်ပြချက်သည် ကိုယ်ရတဲ့အမှတ်ပေါ်မူတည်ပြီး ကိုယ့်ရဲ့ဘာသာစကားစွမ်းရည်ကို စံနှုန်းသတ်မှတ်လိုက်ရုံဖြစ်ပါတယ်။ စာမေးပွဲမှာပါဝင်တဲ့ အကြောင်းအရာတွေကတော့ ပုံမှန်လို မပြောင်းလဲဘဲတည်ရှိမှာဖြစ်ပါတယ်။ အသစ်ထပ်တိုး ထပ်ပြောင်းလဲထားတာ မရှိသေးပါဘူးရှင်။
Ref:日本語能力試験JLPT
#ကူးယူဖော်ပြခွင့်မပြုပါ
25/02/2025
JLPT exam online form
ဒီနေ့ကနေ စတင်လို့ရနေပါပြီ။ ဒီနေ့ကတော့ N1 & N2 အတွက်ပဲတင်လို့ရမှာပါ။ တခြား Level တင်လို့ရမယ့်ရက်တွေအောက်မှာကြည့်ပါရှင်။ အခုထိတော့တင်ရတာ ချောချောမွေ့မွေ့ပါပဲရှင်။ တစ်ခုလေးပဲ ငွေချေတဲ့နားမှာတော့ test site မရှိသေးပါဘူးဆိုပြီးပေါ်လာတတ်ပါတယ်။ သိပ်မလောပါနဲ့။ ခဏစောင့်ပြီး တစ်ခေါက်လောက် refresh ခေါ်လိုက်ရင် test site ပေါ်လာပါလိမ့်မယ်။ refresh အများကြီးလည်းမလုပ်ပါနဲ့။ ခဏခဏလည်းသွားမဆွဲပါနဲ့။ အစကနေပြန်ပြန်ဖြစ်နေမှာစိုးလို့ပါ။ ခဏစောင့်စောင့်ပြီးမှ မရမှ လုပ်ပါ။ အဆင်ပြေပြေနဲ့စာမေးပွဲအတွက်ဖောင်တင်လို့ရကြပါစေရှင်။
17/01/2025
こんにちは 皆さん
ပျောက်နေတာ ကြာပြီဖြစ်တဲ့ めい ပြန်လာပါပြီရှင်။
အကြာကြီးပျောက်နေခဲ့တဲ့အကြွေးတွေကို စာတွေအများကြီးပြန်တင်ပြီးအကြွေးဆပ်ပါ့မယ်။ဒီရက်ပိုင်းမှာ ဂျပန်အစားအသောက်နဲ့ပက်သက်တဲ့ဗဟုသုတရစရာလေးတွေတင်မှာမို့ ဖတ်ပေးကြပါဦးနော်။
01/12/2024
皆さん、こんにちは。。
စာမေးပွဲအဆင်ပြေကြပါရဲ့လား။ လောလောဆယ်တော့ ဖြေပြီးသွားတာက ပြီးသွားပြီမို့ စိတ်ဖိစီးမခံဘဲ နားနားနေနေ တစ်ရက်နားလိုက်ပါ။ ပြီးမှ ကိုယ်ဆက်လုပ်ရမှာကို ခေါင်းအေးအေးစဉ်းစားကြပါ။ အားလုံးပဲ ကြိုးစားမှုရဲ့အကျိုးနဲ့ အောင်မြင်ကြပါမှာပါရှင်။💗
29/10/2024
N5 ဆိုင်ရာ အထွေထွေ မှတ်စရာများ Part-1
そうです、ちがいます တို့ဟာ N ဟုတ်လားမဟုတ်လားစတဲ့မေးခွန်း(めいしのしつもんぶん) တွေကိုအဖြေပြန်ပေးတဲ့နေရာမှာပဲသုံးကြတယ်။ နာမဝိသေသနနဲ့ ကြိယာတို့ရဲ့မေးခွန်း(けいようしやどうしのしつもんぶん)တွေမှာတော့ သုံးလေ့မရှိကြပါ။
ဥပမာ:
A:たなかさんですか。
B:はい、そうです。/ いいえ、ちがいます。
A:にほんごは むずかしいですか。
B:はい、そうです。❎
はい、むずかしいです。✅
いいえ、ちがいます。❎
いいえ、むずかしくないです。✅
A:あさ、パンをたべますか。
B:はい、そうです。❎
はい、たべます。✅
いいえ、ちがいます。❎
いいえ、たべません。✅
はい、いいえ ကို [AかBか] လားလို့မေးတဲ့ မေးခွန်းတွေမှာ မသုံးကြပါ။
A:やまもとさんは せんせいですか、がくせいですか。
B:はい。❎
せんせいです。✅
Ref: Try N5
21/09/2024
ဒါလေးကတော့ N5-4 level မှာ သိထားသင့်တဲ့ ကြိယာဝိသေသနလေးတွေပါ။ ဂျပန်စာရဲ့ အငယ်တန်းlevel မှာ အောက်ပါပမာဏပြကြိယာဝိသေသနတွေကို တော်တော်လေးတွင်တွင်ကျယ်ကျယ်သုံးတာတွေ့ရပါတယ်။ တခါကြည့်ထားရုံနဲ့ မမေ့နိုင်မယ့် ဒီလိုမှတ်ပုံလေးနဲ့ ကြိယာဝိသေသနလေးတွေကိုတွဲမှတ်ပါရှင်။
例文:
1. きのう とても 楽しかったです。
မနေ့က အရမ်းပျော်ခဲ့ရပါတယ်။
2.かれは そのしけんで まあまあのてんを とった。
သူက အဲ့ဒီစာမေးပွဲမှာ အသင့်အတင့်အမှတ်ကို ရခဲ့တယ်။
3.このつくえは わたしには ちょっと ひくい。
ဒီစားပွဲခုံက ကျွန်တော်အတွက်တော့ နည်းနည်းနိမ့်နေတယ်။
4.きのうは あまり さむくなかった。
မနေ့က သိပ်မအေးခဲ့ပါဘူး။
5.それは きみと ぜんぜん かんけいない。
အဲ့ဒီဟာက မင်းနဲ့ လုံးဝပက်သက်မှုမရှိဘူး။
07/09/2024
ဂျပန်စာကို စတင်လေ့လာေတာ့မယ်ဆို အရေးအကြီးဆုံးက ဝေါဟာရတွေ 言葉 တွေသိဖို့ပါပဲ။ ကိုယ်နဲ့ကိုက်ညီတဲ့ level အလိုက် 言葉 တွေရထားမယ်ဆိုစာလေ့လာရတာ အင်မတန်လွယ်ကူပါတယ်။ ကျွန်မတို့ငယ်စဉ်က မိဘက ဖေဖေ မေမေ နဲ့ ခေါ်ခိုင်းသလိုမျိုး လွယ်ကူတဲ့ဝေါဟာရလေးတွေကို ပြောရာကနေ အဲ့ဒီဝေါဟာရတွေကို ချရေးတာ စာကြောင်းတွေထဲမှာ ထည့်ပြောတာထိလုပ်နိုင်လာကြတာပါ။ ことば(言葉) ပိုင်နိုင်ခြင်းရဲ့ အကျိုးကျေးဇူးတွေဟာ အောက်မှာ ကျွန်မရေးပြထားပါတယ်။
1. ことば(言葉) ရရင် ぶんぽう(文法) သဒ္ဒါ သင်ယူတဲ့အခါ မြန်မြန်ဆန်ဆန်လေ့လာနိုင်မယ်။
2. かんじ(漢字) လေ့လာရတာ ပိုလွယ်လာမယ်။
3. Listening နားထောင်တဲ့အခါ သေသေချာချာ ကြားနိုင် နားထောင်လာနိုင်မယ်။
4. Reading ဖတ်တဲ့အခါမြန်ဆန်လာမယ်။
5. Speaking ပြောတဲ့အခါ သုံးနိုင်တဲ့ ဝေါဟာရတွေများပြားလာတာကြောင့် ပိုပိုပြီးစကားပြောနိုင်လာပါလိမ့်မယ်။
တစ်ခုကစလို့ ဒီလောက်အထောက်အကူပြုနိုင်တယ်ဆို များများကျက်မှာပေါ့ ပြောကြရင် ကိုယ်လေ့လာနေတဲ့ ပုံနှိပ်စာအုပ်အပြင် တခြား လေ့လာဖို့လွယ်တဲ့ ပုံလေးတွေစာလေးတွေနဲ့ ဖော်ပြထားတဲ့ဟာမျိုးကိုလည်းလေ့လာကြဖို့အကြံပေးချင်ပါတယ်။ ဒါအပြင့် ကျက်မှတ်တဲ့အခါ ချရေးပြီးကျက်တာလိုမျိုး အသံကိုလည်း CD ခွေနဲ့တွဲနားထောင်တာမျိုးက listening စကေးကိုပါတိုးတက်လာစေမှာဖြစ်ပါတယ်။ အောက်မှာပြထားတဲ့နမူနာလိုမျိုးပုံလေးတွေနဲ့လေ့လာနိုင်ကြပါတယ်။ Pinterest YouTube စတာတွေမှာလည်း လွယ်လွယ်ကူကူရှာဖွေလေ့လာလို့ရပါတယ်။ မီနစံတို့အားလုံး ဂျပန်စာကို ပိုမိုလွယ်ကူပြီးအကျိုးရှိရှိလေ့လာနိုင်ကြပါစေရှင်။
#ကူးယူဖော်ပြခွင့်မပြုပါ
25/08/2024
မတုန်လှုပ်ကြပါနဲ့ရှင် အားလုံးအောင်မြင်ကြမှာပါ🤗