Sayar U Myint Swe - ပိုင်သူအောင် မကွေး

  • Home
  • Myanmar
  • Magway
  • Sayar U Myint Swe - ပိုင်သူအောင် မကွေး

Sayar U Myint Swe - ပိုင်သူအောင် မကွေး For study maths, physics and chemistry

29/12/2023

ကျနော့ရဲ့မွေးနေ့မှာ
ဆုတောင်းပေးကြတဲ့
ဆရာကြီးများ
မိတ္ဆွေ သူငယ်ချင်းများ
တပည့်များ
မိဘများ အားလုံးကို
အထူး
ကျေးဇူးတင်ပါတယ်ခင်ဗျာ
အားလုံးကိုလဲ
စိတ်၏ ချမ်းသာ ြခင်း
ကိုယ်၏ကျန်းမာ ခြင်း နဲ့ ပြည့်စုံ ကြပါစေ

22/03/2023

ဒီနေ့ ညနေ မှ စ ြပီး
သချာ် ညနေ 6...7
ရူပ ည 7...8
သင်ပေးပါမည်


အချိန်များ တိုက်ခဲ့ သော ကြောင့်
တစ် ြခား ဘာသာရပ် သင်
ဆရာများ နား လည် ခွင့်လွတ် ပေးပါ

22/02/2023

Grade 11 maths ညနေ 6..7
Grade 11 physics ညနေ 7..8
Grade 12 maths မနက် 7..8
Grade 12 physics ည 8..9

ကျန်အချိန်များ လက်ခံထားသော ဝိုင်းများ
Grade 10 ကို ဆရာမ ဒေါ်ဆေွဖူးအောင်
မှ တာ၀န်ယူသင် ကြားမည်

သင်တန်းအားလုံးး feb 27 စမည်

သင်တန်းအားလုံး zoom နဲ့ live သင် ြပီး
ဆရာ ဆရာမ များအတွက်
Fb private group များမှာ stream live
လွင့် ပေးပါမည်
မီးမလာသည့်အခါ
Fb မှ ြပန် ကြည့် နိုင်ပါသည်

ဆရာဦးြမင့်‌ေ‌ဆွ BE (Civil)
ပိုင်သူအောင်နည်းြပ
မ‌ ကွေး

Grade 10 online အတွက်
ဆရာမ ဆီ အပ်နံပါ
ဆရာမ account မှာ tag တွဲ ထားသော
account ြဖစ်ပါတယ်
ဆရာ့ ပုံစံ အတိုင်း approach method တူပါတယ်

05/06/2022

6.6.2022 monday မှ စပြီး

ည 7..9 စံနစ်သစ် grade 11
ည 8..9 စံနစ်သစ် grade 10

monday... wed... sat.. maths
tue.. thu... sat... physics
sunday အချိန်ဇယားကို ထပ်မံကြေ ငြာ ပါမည် maths 4 ချိန် physics 4 ချိန်သင်ပေးပါ့
မယ်
စံနစ် ဟောင်း အတွက် အချိန်ဇယား မဆွဲနိုင်
သေးတာကို နားလည်ပေးပါ

ဆရာ ဦးမြင့်ဆွေ
မကွေးမြို့

မတ်လ online တက် မည့်သူများအတွက် digital online စံနစ်ရဲ့ ကောင်းကျိုးများနဲ့ မည်သို့ပြင်ဆင်ထားရမည်ကို 27.3 2022 sunday ည 8...
23/03/2022

မတ်လ online တက် မည့်သူများ
အတွက် digital online စံနစ်
ရဲ့ ကောင်းကျိုးများနဲ့ မည်သို့ပြင်ဆင်ထားရမည်ကို 27.3 2022 sunday ည 8 နာရီမှာ
ဒီ account မှ live လွင့်ပြီး
ရှင်းပြပေးပါ့မယ်
ဘယ်သူတွေကြည့်သင့်လဲ

online ဆို စိတ်မဝင်စားဘူး ဆိုတဲ့
ကျောင်းသားကျောင်းသူများ
ကျောင်းသားမိဘများ
နယ်မှ ဆရာ ဆရာမ များ
နယ်မှ ဘော်ဒါ တည်ထောင်ထားသူများ

( အထူးသဖြင့် မကွေး ကောလိပ် တက်စဥ်
ဆရာဆီမှာ ပထမ နှစ်မှ နောက်ဆုံး နစ် အထိ
တက်ခဲ့ပြီး စာပြန်သင်နေသည့် စာပြန်သင်မယ် လို့စိတ်ကူးထားသော ဆရာ ဆရာမ
များ)

နောက်နစ်မှ ဖြေမည့်ကျောင်းသားကျောင်းသူများ
စံနစ်သစ် grade 10 ဖြေမည့် ဖြေပြီး
ကျောင်းသားကျောင်းသူများနဲ့မိဘများ

နောက်နစ် စံနစ်သစ် grade 11 ေဖြမည့်
ကျောင်းသား ကျောင်းသူ များနဲ့မိဘများ
သင်မည့်ဆရာ ဆရာမ ျားကို
ဖိတ်ခေါ်ပါတယ်
လာမည့် sunday ည 8 နာရီ
ဒီ account မှ live လွင့်ပါမည်...

ဆရာဦးမြင့်ဆွေ B.E ( Civil)
ပိုင်သူအောင်နည်းပြ
မကွေးမြီု့

27/09/2020
24/09/2020

ဆယ်တန်းစာမေးပွဲ စစ်မှာလား / မစစ်နိုင်ဘူးလား (သုံးသပ်ချက် ဆောင်းပါး)

ယခုအခါ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါ မြန်မာနိုင်ငံတွင် ဒုတိယလှိုင်းအသွင်ဖြင့် ပြန်လည်ခေါင်းထောင်လာပြီး ကူးစက်မှုနှင့် သေဆုံးနှုန်း မြင့်တက်လျက်ရှိပါသည်။ ထို့ကြောင့် ကျောင်းသားမိဘများအနေဖြင့် ကျောင်းတွေ ပြန်ဖွင့်မှာလား ၊ စာမေးပွဲတွေ စစ်မှာလား မစစ်ဘူးလားကို သိလိုစိတ်ပြင်းပြလျက်ရှိပါသည်။ ထို့ကြောင့် ယနေ့အထိ ဖြစ်ပေါ်နေသော အခြေအနေအခင်းအကျင်းများပေါ်မူတည်၍ သုံးသပ်ပေးသွားပါမည်။

ကျောင်းတွေကတော့ လတ်တလော ပိတ်ထားပါတယ်။ ဒါပေမယ့် ဆယ်တန်း စနစ်ဟောင်းတွေအတွက် ရေဒီယိုနဲ့ ရုပ်မြင်သံကြား သင်ခန်းစာတွေကို ဆက်လက်ထုတ်လွှင့်နေပါသေးတယ်။ ဒါ့အပြင် HBL - Home Based Learning နေအိမ်မှနေ၍ သင်ကြားခြင်းကိုလည်း နှစ်စကတည်းက တစိုက်မတ်မတ် ပြောကြားလျက်ရှိရာ စာမေးပွဲ မစစ်ဘူး ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပါ။ အချိန်တစ်ခုရောက်လျှင် စစ်ဆေးမည် ဖြစ်ပါသည်။

နိုင်ငံ၏ အခြေအနေအရ 2020 နိုဝင်ဘာလတွင် ရွေးကောက်ပွဲရှိပါသည်။ သို့သော် အစိုးရသက်တမ်းမှာ 2021 ဧပြီလအထိ ဖြစ်ပါသည်။ ပုံမှန်စာမေးပွဲ စစ်ဆေးရက်မှာ 2021 မတ်လတွင် ဖြစ်သဖြင့် လက်ရှိအစိုးရအနေဖြင့် ရွေးကောက်ပွဲရလဒ်များ ရပြီးမှ စာမေးပွဲရက်များကို ကြေညာလျှင်လည်း အချိန်ရသေးသည့်အတွက် ရွေးကောက်ပွဲမတိုင်မီ မည်သည့်ကြေညာချက်ကိုမှ ထုတ်သေးဦးမည် မဟုတ်ဟု သုံးသပ်ရပါသည်။

ရောဂါကူးစက်မှုအခြေအနေအရ အခြေအနေ တည်ငြိမ်လျှင် ကျောင်းပြန်ဖွင့်မည် ဆိုသော်လည်း မကြာမီကျင်းပတော့မည့် နိုင်ငံလုံးဆိုင်ရာ အထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူးများအဖြစ် တာဝန်ယူရမည့် ပညာရေး ဆရာ ဆရာမများကို အလုပ်ဝန်ပိစေခြင်းနှင့် ပိုးကူးစက်နိုင်သော အန္တရာယ်များခြင်းများကို အစိုးရအနေဖြင့် ကာကွယ်ပေးသွားမည် ဖြစ်သည့်အတွက် အစောတလျင် ကျောင်းပြန်ဖွင့်မှာကို ပြုလုပ်နိုင်ချေ နည်းပါးပါသည်။ (ယခုဆောင်းပါးကို A STAR Smart Education Centre မှ Strategic Planning and Marketing Director ဖြစ်သူ Dr. ကျော်သက်စိုး မှ သုံးသပ်ရေးသားပါသည်။)

နိုင်ငံတကာတွင်လည်း ပိုးကူးစက်ခံရ၍ ကျောင်းများ ပိတ်ထားသော်လည်း စာမေးပွဲများ ဆက်ရှိပါသည်။ စာမေးပွဲရက်များကို ၂ လ မှ ၃ လ မျှသာ နောက်ဆုတ်ပေးကြပါသည်။ ယခင်က ပညာသင်ကြားရန် ကျောင်းတက်ရသော်လည်း ယခု တိုးတက်လာသော နည်းပညာနှင့် ခေတ်အခြေအနေအရ အိမ်မှနေ၍ ပညာသင်ယူခွင့် ရရှိလာပါသည်။ ထို့အပြင် ဆယ်တန်း စနစ်ဟောင်း စာမေးပွဲကို ယခင်ကတည်းက အပြင်ဖြေ သတ်မှတ်ပေးထားခဲ့ပါသည်။ ကျောင်းမတက်ကြတော့မည် စိုးရိမ်၍သာ စည်းမျဉ်းအချို့ဖြင့် ကန့်သတ်ထားခြင်း ဖြစ်ပါသည်။ ယခုအခြေအနေများအရ စည်းမျဉ်းအချို့ ဖြေလျော့ပေးလျှင် ဆယ်တန်း စနစ်ဟောင်းကို တနိုင်ငံလုံးအတိုင်းအတာဖြင့် အပြင်ဖြေ ပေးဖြေခွင့် မပြုနိုင်စရာ အကြောင်းမရှိပါ။ ကျောင်းတွေလည်း ဖွင့်ပြီး ဖြစ်သဖြင့် ကျောင်းအပ်မှု ကျောင်းသား စာရင်းများလည်း ကျောင်းများတွင် လက်ခံရရှိပြီးဖြစ်ရာ စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ပေးရန်လည်း အခက်အခဲရှိနိုင်မည်ဟု မယူဆပါ။

ထို့ကြောင့် သုံးသပ်ရလျှင် စာမေးပွဲရက်ကို နောက်ဆုတ်ရွှေ့ပြောင်းပေးနိုင်ချေ ၇၀% ရှိပြီး မူလအတိုင်း ကျင်းပရန် ၃၀% ရှိပါသည်။ သို့သော်လည်း တရားဝင်ကြေညာမှသာ အတည်ဖြစ်ပါမည်။ ရွှေ့ပြောင်းလာနိုင်ချေရှိသော စာမေးပွဲရက်မှာ အလွန်ဆုံး နောက်အကျဆုံး မေလတွင် ဖြစ်နိုင်ပါသည်။ မေလ စာမေးပွဲစစ်ပြီး ဇွန်လတွင် ပညာရေးနှစ်သစ် စတင်နိုင်မည် ဖြစ်ပါသည်။ ဆယ်တန်း စနစ်ဟောင်းမှအပ ကျန်အတန်းများမှာ စနစ်သစ်ကို ကူးပြောင်းမည် ဖြစ်ရာ မည်သူမျှ နှစ်အောက်လိုက်ရန် မလိုတော့ပါ။

ထို့ကြောင့် ကျောင်းသားနှင့် ကျောင်းသားမိဘများကို အသိပေးလိုသည်မှာ ကျောင်းပိတ်ထားသော်လည်း စာဆက်ကျက်နေရပါမည်။ အစိုးရကြေညာမှ စာထကျက်လျှင် ကျိန်းသေ စာမေးပွဲကျမည် ဖြစ်ပါသည်။ စာဆိုသည်မှာ စာမေးပွဲဖြေဆိုရန်အတွက် သင်ယူခြင်းမဟုတ်ဘဲ ပညာတတ်မြောက်လို၍ သင်ယူခြင်းဟု နားလည်ထားရပါမည်။ ထို့ကြောင့် ဆယ်တန်းစနစ်ဟောင်း ကျောင်းသားနှင့် ကျောင်းသားမိဘများအနေဖြင့် 2021 မတ်လတွင် စာမေးပွဲရှိမည်ဟု စိတ်ပိုင်းဖြတ်ပြီး အဆင်သင့်ပြင်ဆင်ထားရန် လိုအပ်ပါသည်။ မေလသို့ ရွှေ့ပြောင်းပေးလျှင် ထို ၂ လကို အမြတ်ဟု သဘောထားကာ အနီးကပ် အပိုဆောင်း လေ့ကျင့်ခွင့်ရမည် ဖြစ်ပါသည်။

ထို‌ကြောင့် ဆယ်တန်းစာမေးပွဲ ဆက်လက်စစ်ဆေးမည်ဟု သုံးသပ်ပါသည်။

အားလုံးပဲ အဆုံးအထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။

Dr. ကျော်သက်စိုး
A STAR Smart Education Centre

18.9.2020

Address

24th Street
Magway
04011

Website

Alerts

Be the first to know and let us send you an email when Sayar U Myint Swe - ပိုင်သူအောင် မကွေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category