FFEC

FFEC Cambridge English :Staters/Movers/Flyers/
KET/PET/FCE

အရင်က ကလေးတွေကို Library သွားဖို့ တိုက်တွန်းပါတယ်...အဓိက  ကြိုးစားနေတဲ့ ကိုယ်နဲ့ ရွယ်တူကလေးတွေကို မြင်စေချင်လို့ပါ..အဲ့က...
23/02/2026

အရင်က ကလေးတွေကို Library
သွားဖို့ တိုက်တွန်းပါတယ်...
အဓိက ကြိုးစားနေတဲ့ ကိုယ်နဲ့ ရွယ်တူကလေးတွေကို မြင်စေချင်လို့ပါ..အဲ့ကနေ အသိတခုခု များရရနဲ့ ပတ်၀န်းကျင်ကောင်းတခုခု အစပြုနိုင်စေဖို့ အတွေးတခုခု ရစေချင်လို့....

😀😀😀😀😀အခု မိဘတွေရောပါ သွားပါ....အနည်းဆုံး ကိုယ်သားသမီး တက်နေတဲ့ level အလိုက် စာအုပ်တွေ ဘာတွေ library ပေါ်မှာ တင်ထားလဲ ဆိုတာ ကြည့်ခဲ့ ရင်ရရပါပြီ ....😘😇.
BC / US ရုံး liburary က အပြန် ပြောမယ်ပြောမယ်နဲ့ မပြောဖြစ်နေတဲ့ စကားလေး
အခု လမ်းကြောင်းဖွင့်ပေးလိုက်ပါတယ်...😅😅😘

Teacher အတွက် “Skills” ဆိုတာ သင်ခန်းစာကို ထိရောက်စွာ၊ စနစ်တကျ သင်ပေးနိုင်တဲ့ professional ability ကို ဆိုလိုပါတယ်။ Knowl...
19/02/2026

Teacher အတွက်

“Skills” ဆိုတာ သင်ခန်းစာကို ထိရောက်စွာ၊ စနစ်တကျ သင်ပေးနိုင်တဲ့ professional ability ကို ဆိုလိုပါတယ်။
Knowledge တစ်ခုတည်းရှိတာမလုံလောက်ပဲ၊ အဲဒီ knowledge ကို student တွေ နားလည်အောင် ဘယ်လိုပို့ချမလဲဆိုတာက skill ပေါ်မူတည်ပါတယ်။

အဓိက Teacher Skills
➡️Subject knowledge – ဘာသာရပ်ကို **နက်ရှိုင်းစွာ** နားလည်ထားခြင်း
Classroom management – classroom ကို စနစ်တကျ ထိန်းချုပ်နိုင်ခြင်း
➡️Explaining clearly – ရှင်းလင်းလွယ်ကူစွာ ပြောပြနိုင်ခြင်း(ကလေးတစ်ယောက်ခြင်းစီ နားလည်နိုင်တဲ့ အမြင်မတူလို့ ကလေးဗဟိုပြုသင်ကြားမှု့ စိတ်ပညာပါ ပါ၀င်)
➡️Questioning & feedback skills – မေးခွန်းမေးနိုင်ခြင်း၊ feedback ပေးနိုင်ခြင်း
➡️Student engagement techniques – ကျောင်းသားတွေ စိတ်ဝင်စားအောင် ပါဝင်စေတဲ့ နည်းလမ်းများ အသုံးပြုနိုင်ခြင်း
(ဒါတွေက အကျဥ်း ခေါင်းစဥ်ပါ😁)

Skill ကောင်းတဲ့ teacher တစ်ယောက်က—
☑️Student နားလည်မှု မြင့်တက်စေတယ်
သင်ခန်းစာကို စိတ်ဝင်စားစေတယ်
☑️Learning outcome ကောင်းလာစေတယ်
☑️Student confidence တိုးတက်လာစေတယ်

Knowledge ရှိတာက အရေးကြီးပေမယ့် skill မရှိရင် သင်ကြားမှုက ထိရောက်မှု မရနိုင်ပါဘူး။Skill နဲ့ knowledge နှစ်ခု ပေါင်းမှသာ သင်ကြားမှု အောင်မြင်မှု ရရှိနိုင်ပါတယ်

⏰➡️ Learning hours (အချိန်ဇယား) ကိုဘာသာစကားသင်ကြားရေးမှာ နာမည်ကြီး အဖွဲ့အစည်းတွေ၊ သုတေသနအချက်အလက်တွေ အပေါ် အခြေခံပြီး သတ...
16/02/2026

⏰➡️ Learning hours (အချိန်ဇယား) ကို
ဘာသာစကားသင်ကြားရေးမှာ နာမည်ကြီး အဖွဲ့အစည်းတွေ၊ သုတေသနအချက်အလက်တွေ အပေါ် အခြေခံပြီး သတ်မှတ်ထားတာပါ။

⏰ဒီအချိန်ဇယားကို
Cambridge English
British Council of Europe (CEFR framework)
တို့က ဘာသာစကားသင်ယူသူ သန်းပေါင်းများစွာရဲ့ learning data, exam results, classroom research
တွေကို နှစ်ပေါင်းများစွာ စုဆောင်းပြီး
Level တစ်ခုကနေ တစ်ခုကို ရောက်ဖို့ လိုအပ်တဲ့ ပျမ်းမျှ hours ကို သတ်မှတ်ထားတာပါ။

⏰ ဒီ “ပျမ်းမျှ” အချိန်ဆိုတာ —
ကလေးတိုင်း learning speed မတူပါဘူး
တချို့ကြသင်ယူမှု​့မြန်တယ်
တချို့ကြ အချိန်ပိုလိုတတ်တယ်
Environment, practice, teacher guidance အပေါ်မှာအများကြီး မူတည်တယ်
ဒါကြောင့် ဒီဇယားက
exact time မဟုတ်ဘဲ — average learning hours guideline အဖြစ် သတ်မှတ်ထားတာပါ။

🙄 ဆိုလိုတာက —
ဒီဇယားက အနည်းဆုံး ကြိုးစားရမယ့် direction ဖြစ်ပြီး
ပို practice လုပ်ရင် ပိုမြန်တက်နိုင်ပါတယ်။

🧐 ဒီအချိန်ဇယားကို ဘာကြောင့် ပြောပြရလဲ?
မိဘတွေ realistic expectation ရစေဖို့
ကလေးတွေ effort ဘယ်လောက်လိုလဲ သိလာစေဖို့
Learning ကို long-term process အဖြစ် နားလည်စေချင်လို့
Level တစ်ခုချင်း progress ကို စနစ်တကျ မြင်စေချင်လို့ပါ

🎓 Fluency ဖြစ်ဖို့ အဓိက formula က —
အချိန် + Practice + Guidance
🎓အချိန်ပေးတာတစ်ခုတည်း မလုံလောက်ပါ
✔ Regular class👈👈👈👈👈
✔ Home practice
✔ Speaking exposure
✔ Confidence building
ဒီလေးခု ပေါင်းစည်းမှ Learning hours ကနေ တကယ့် “result” ကောင်း ဖြစ်လာနိုင်ပါတယ်။

🏆 ပုံမှန်အတိုင်း ဆက်လက်လေ့ကျင့်သွားမယ်ဆိုရင် —ကလေးတွေ English ကို မှန်မှန်တိုးတက်လာပြီးနောက်ဆုံးမှာ တကယ် fluencyလာမှာပါ။ 🏆

📚 CEFR framework –  Starters ကနေ FCE (B2) အထိ သင်ယူရမယ့်အပိုင်းတွေကို တစ်ဆင့်ချင်း စနစ်တကျ တက်သွားတဲ့ လမ်းကြောင်းပုံစံ အ...
14/02/2026

📚 CEFR framework – Starters ကနေ FCE (B2) အထိ သင်ယူရမယ့်အပိုင်းတွေကို တစ်ဆင့်ချင်း စနစ်တကျ တက်သွားတဲ့ လမ်းကြောင်းပုံစံ အကျဥ်း အောက်မှာ level တစ်ခုချင်းစီအလိုက် သင်ယူရမယ့်အပိုင်းတွေကို မျှဝေပေးချင်ပါတယ်။
———
🔰 Starters (Pre-A1)
ဒီအဆင့်မှာ ကလေးတွေက အင်္ဂလိပ်စကားကို “ကြောက်ခြင်းမရှိဘဲ စတင်နားထောင်နိုင်ဖို့” အရေးကြီးဆုံးပါ။
• Alphabet, numbers, colours, family words
• Picture ကိုကြည့်ပြီး စကားပြောတတ်လာဖို့
• Listening habit စတင်တည်ဆောက်ခြင်း
ဒီအဆင့်က grammar မဟုတ်ဘဲ “language familiar ဖြစ်လာဖို့” အဓိကပါ။

👏👏👏👏👏👏👏👏👏

🔰 Movers (A1)
ဒီအဆင့်ရောက်လာတော့ စကားလုံးအသုံးချမှု ပိုများလာတယ်။
ကလေးတွေက simple sentence တည်ဆောက်တတ်လာတယ်။
သင်ယူရမယ့်အပိုင်း
• Daily vocabulary
• Simple questions & answers
• Reading short sentences
• Basic writing (name, place, like/dislike)
Language ကို အသုံးချတတ်ဖို့ စတင်တဲ့အဆင့်ပါ။

✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️

🔰 Flyers (A2)
ဒီအဆင့်မှာ comprehension အရေးကြီးလာတယ်။
စာဖတ်ပြီး နားလည်ဖို့၊ စကားပြောပြီး အဓိပ္ပါယ်ထုတ်နိုင်ဖို့ စတင်တက်လာတယ်။
သင်ယူရမယ့်အပိုင်း
• Short paragraph reading
• Listening for detail
• Describing people & places
• Basic story telling
ဒီအဆင့်က beginner ကနေ learner တစ်ယောက်အဖြစ် ပြောင်းသွားတဲ့အချိန်ပါ။

🦋🦋🦋🦋🦋🦋🦋🦋🦋

🔰 KET (A2 Key)
ဒီအဆင့်မှာတော့
“English ကို subject မဟုတ်ဘဲ communication tool လို့ စတင်သုံးလာတယ်”
သင်ယူရမယ့်အပိုင်း
• Real-life English
• Email writing
• Conversation practice
• Grammar foundation
Student တော်တော်များများ ဒီအဆင့်မှာ confidence စတင်တက်လာတယ်။

👌👌👌👌👌👌👌👌👌👌👌

🔰 PET (B1 Preliminary)
ဒီအဆင့်က intermediate ကို ဝင်လာတဲ့ အခါပါ။
ကိုယ်တွေ့အရ learners တွေက idea ကို English နဲ့ ဖော်ပြတတ်လာတယ်။
သင်ယူရမယ့်အပိုင်း
• Paragraph & story writing
• Opinion ပြောတတ်ခြင်း
• Listening longer conversations
• Vocabulary expansion
ဒီအဆင့်က “use English to express yourself” ဖြစ်လာတဲ့အချိန်ပါ။

🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝🤝

🔰 FCE (B2 First) – Upper-Intermediate
ဒီအဆင့်က academic နဲ့ real-world English ကို ချိတ်ဆက်တဲ့ အရေးကြီးဆုံးအဆင့်တစ်ခုပါ။
ကိုယ်စာဖတ်လာတဲ့အတွေ့အကြုံအရ ဒီအဆင့်မှာ language ကို system နဲ့ သုံးတတ်လာတယ်။
သင်ယူရမယ့်အပိုင်း
• Essay & formal writing
• Complex grammar
• Reading long texts
• Discussion & argument skills
• Listening for inference
ဒီအဆင့်ပြီးရင် IELTS preparation သို့မဟုတ် higher studies သို့ ဆက်သွားနိုင်တဲ့ base ဖြစ်လာတယ်။
———
CEFR framework ကို လိုက်ပြီး သင်ယူလာရင် language development က random မဟုတ်တော့ဘဲ step-by-step တက်သွားတာကို မြင်ရတယ်။
Starters ကနေ FCE အထိ သင်ယူတဲ့ လမ်းကြောင်းက

👉👉“စကားလုံးသိ → စကားပြောတတ် → အဓိပ္ပါယ်နားလည် → ကိုယ့်အတွေးကို ဖော်ပြတတ်” ဆိုတဲ့ process တစ်ခုပါ။👈

အဆင့်တိုင်းမှာ မမြန်မနှေး သေချာတက်သွားရင် language foundation က အရမ်းခိုင်မာလာတယ်။
English ကို exam အတွက်တင်မဟုတ်ဘဲ
အသုံးချနိုင်တဲ့ skill အဖြစ် တည်ဆောက်နိုင်ဖို့ CEFR လမ်းကြောင်းက တကယ်တန်ဖိုးရှိပါတယ်...

ပေးသိသွားတဲ့ အဆင့်ဆင့်တိုင်းကအားလုံးက` စာ´ထက်ပိုပါတယ် ... အရွယ်လိုက်သိသင့်တာတွေပါ တပြိုင်နက် ပေးသိသွားတာ အတွေ့အကြုံမြှင့်သွားစေတဲ့ Frame တခုမို့ အကျိုးရှိပါတယ်

​(အသုံချ/အသုံးပြုနိုင်ကြပါစေ)

FFEC – Learn gently. Grow confidently.

🎓 FFEC – တွင်Starters မှ FCE ထိLevel အလိုက် Grammar + 4 Skills စနစ်တကျ သင်ယူနိုင်ပါပြီ📚 Levels • Starters / Movers / Fly...
12/02/2026

🎓 FFEC – တွင်
Starters မှ FCE ထိ
Level အလိုက် Grammar + 4 Skills စနစ်တကျ သင်ယူနိုင်ပါပြီ

📚 Levels
• Starters / Movers / Flyers – basic grammar & speaking
• KET – everyday English & email writing
• PET – opinion speaking & story writing
• FCE – advanced grammar, essay & discussion
🧠 What you learn
• Vocabulary + Grammar foundation
• Reading • Writing • Listening • Speaking
• Cambridge exam preparation

🧠 Level placement test ဖြင့် သင့်တော်သော class တက်ရောက်နိုင်ပါတယ်
✔ Student-centered teaching method
✔ Step-by-step learning system
✔ Beginner မှ Advanced အထိ တစ်နေရာတည်းမှာ သင်ယူနိုင်ကြားနိုင်ပါတယ်

🏆 Real Results
• Exam pass rate ကောင်းမွန်ပြီး
Level တစ်ဆင့်ချင်း တိုးတက်လာတာကြောင့် ကျေနပ်ပ်တိဖြစ်ရပါတယ်
•exam performanceများ ကျနစွာစီမံထားတာကြောင့် ခုပဲ သင်ယူမှု့စနိုင်ပါပြီ😆😅

📞 09 953486055 / 09 957899525
📍 Satsan Tun Street, East Dagon, Yangon

🎊🎗️Learn step by step.
Get real results.🎊FFEC

နွေသင်တန်း ပုံမှန်သင်တန်းများ  လေ့လာစုံစမ်းချင်သော မိဘများအတွက်..👇👇👇👇https://www.facebook.com/share/p/1A6hTvGzZF/
10/02/2026

နွေသင်တန်း
ပုံမှန်သင်တန်းများ လေ့လာစုံစမ်းချင်သော မိဘများအတွက်..👇👇👇👇

https://www.facebook.com/share/p/1A6hTvGzZF/

FFECရဲ့ နွေရာသီ Singapore Math Classများ~~~~~~~~~~~~~~~~~~~~~~~~~~~~~~နွေရာသီ ကလေးများ Math class မေးနေကြတဲ့ မေမေတို့အတွ...
26/03/2025

FFECရဲ့ နွေရာသီ Singapore Math Classများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နွေရာသီ ကလေးများ Math class မေးနေကြတဲ့ မေမေတို့အတွက် FFECမှ Primary to Secondary ထိ Level အလိုက် test စစ်ပြီး ကလေးတွေ ရှိတဲ့Levelမှ စ၍သင်ယူနိုင်ပါပြီ👇

သင်တန်းစတင်မည့်နေ့
~~~~~~~~~~~~~~~
၂၅.၃.၂၅ (အင်္ဂါနေ့)မှာ စတင်မှာဖြစ်ပါတယ်☘️

သင်တန်းချိန်များကတော့
~~~~~~~~~~~~~~~~~

တနင်္လာနေ့မှ ကြာသပတေးနေ့ထိ👇
၈:၀၀ - ၉:၃၀
၁၁:၀၀ - ၁၂;၃၀

သောကြာနေ့မှတနင်္ဂနွေနေ့ထိ👇
၈:၀၀ - ၉:၃၀
၉:၃၀ - ၁၁:၀၀
၁၁:၀၀ - ၁၂;၃၀

Onlineအတန်းများ
~~~~~~~~~~~~~
trများနှင့်အချိန်ညှိရန်

ဘယ်စာအုပ်တွေ သုံးမှာလဲ👇
~~~~~~~~~~~~~~~~~

Maths Series တွေထဲမှာ အသုံးအများဆုံး
Singapore Mathစာအုပ်များဖြစ်တဲ့ 👇

📚Casco Mathematics
Primary to Secondary စာအုပ်များပဲ ဖြစ်ပါတယ်👉ပုံအောက်မှာကြည့်ရှုနိုံင်ပါတယ်☘️

ဘာကိုရည်ရွယ်ပြီး သင်ယူမလဲ👇
~~~~~~~~~~~~~~~~~~~~
GEDအတွက် အခြေခံကောင်းများရရှိစေရန် ရည်ရွယ်ချက်ရှိသော ကျောင်းသား၊ကျောင်းသူများအတွက် အခက်ခဲမရှိ လွယ်ကူစွာသင်ယူနိုင်
စေရန်👉

ကျောင်းသင်ရိုးGradeအလိုက် သင်ယူနေသော ကျောင်းသား၊ကျောင်းသူများအတွက်လည်း math skillsများ ပိုမိုကောင်းမွန်လာစေပြီး မိမိ တို့ gradeအလိုက် အလွယ်တကူ သင်ယူနိုင်စေရန်နှင့် အဓိကအားဖြင့် gradeအမြင့်Level အမြင့် ပိုင်းများတွင် မရှိမဖြစ် လိုအပ်သော ကလေး များအတွက် thinking skillsနှင့် solving problems skillsများ ရရှိစေရန်အတွက် သင်ယူသင့်ပါတယ်☘️

သင်တန်းဘယ်ကို စုံစမ်းရမလဲ👇
~~~~~~~~~~~~~~~~~~~
FFEC ၄ရပ်ကွက်၊စက်စံထွန်းလမ်းမ၊အရှေ့ဒဂုံမြို့နင်္ယ၊ရန်ကုန်မြို့

☘️09 957899525,953486055

Presentation time!🍀preparing!🍀planning!🌸presenting!🌸We ,all do our best!If you wanna join 👉WELCOME to FFEC 🤍For detail -...
21/03/2025

Presentation time!🍀
preparing!🍀
planning!🌸
presenting!🌸We ,all do our best!If you wanna join 👉WELCOME to FFEC 🤍
For detail -FFEC,(၄)ရပ်ကွက်၊စပ်စံထွန်းလမ်း
အရှေ့ဒဂုံမြို့နယ်၊ရန်ကုန်မြို့
09 957899525,953486055

နွေရာသီအားလပ်ရက်မှာ အချိန်ကို အကျိုးရှိစွာ ကုန်ဆုံးချင်တဲ့ သားသားမီးမီးများအတွက် Summer English Class (Starters, Movers,...
08/02/2025

နွေရာသီအားလပ်ရက်မှာ အချိန်ကို အကျိုးရှိစွာ ကုန်ဆုံးချင်တဲ့ သားသားမီးမီးများအတွက် Summer English Class (Starters, Movers, Flyers, KET.PET) အတန်းများ ဖွင့်လှစ်သင်ကြားမှာဖြစ်ပါတယ်

ဒီသင်တန်းလေးကို ၇ နှစ်အရွယ်မှစတင်တက်ရောက်နိုင်မှာဖြစ်ပြီး 4 skills, Grammar and Vocabulary များကို Cambridge သင်ရိုးနှင့်အညီ လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်...

အင်္ဂစာကို ရည်ရွယ်ချက်ရှိရှိ သင်ယူကြသော ကလေးများအတွက် Fun & Friendlyဖြစ်စွာ သင်ယူခြင်း
ရယူလိုလျှင် FFEC မှ နွေးထွေးပြုငှာစွာ ကြိုဆိုလျက်ပါ

For more information
••••••••••••••••••••••••••••
No.4 ,Satsan Tun street,East Dagon,Yangon.
Ph. 09 953486055/09 957899525

Address

Madaya

Website

Alerts

Be the first to know and let us send you an email when FFEC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category