Talk the Walk by Elis

Talk the Walk by Elis TALK the Walk. I don't learn well until I try to share. I don't reflect enough until I write down.

This is a place to share my journey, my thoughts, and my learning as an educator, an ecological designer and an entrepreneur.

ဘ၀မှာ နာကျင်ရတဲ့အတွေ့အကြုံတွေက ကိုယ့်ကိုယ်ပိုကောင်းအောင် တစ်နည်းတစ်ဖုံပံ့ပိုးခဲ့ပြီး ကိုယ့်ကိုယ်နာကျင်စေခဲ့တဲ့သူတွေကလဲ က...
15/06/2026

ဘ၀မှာ နာကျင်ရတဲ့အတွေ့အကြုံတွေက ကိုယ့်ကိုယ်ပိုကောင်းအောင် တစ်နည်းတစ်ဖုံပံ့ပိုးခဲ့ပြီး ကိုယ့်ကိုယ်နာကျင်စေခဲ့တဲ့သူတွေကလဲ ကျေးဇူးတင်စရာကောင်းနေတတ်တာကို ဇာတ်ရှိန်မြင့်မြင့်နဲ့စပြီး အေးအေးလေးပြန်ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားကောင်းမို့ ညွန်းပါရစေ

မျော်လင့်မိတဲ့ ပညာရေးစနစ်ပညာရေးစနစ်ဆိုတာ လွန်ခဲ့တဲ့ နှစ် ၁၀၀၀ လောက်ကမှ ပေါ်ပေါက်လာတဲ့ သင်ယူလေ့လာမှု စနစ်တစ်ခုပါ။ အဲဒီမတိ...
24/05/2026

မျော်လင့်မိတဲ့ ပညာရေးစနစ်

ပညာရေးစနစ်ဆိုတာ လွန်ခဲ့တဲ့ နှစ် ၁၀၀၀ လောက်ကမှ ပေါ်ပေါက်လာတဲ့ သင်ယူလေ့လာမှု စနစ်တစ်ခုပါ။ အဲဒီမတိုင်ခင်ကတည်းက သင်ယူလေ့လာမှုဆိုတာ အမျိုးမျိုးရှိခဲ့တယ် ကျောက်ခေတ်မှာ သားကောင်ရှာနည်း၊ သစ်ဥသစ်ဖုရှာနည်း၊ စားလို့ရမရ စမ်းသပ်နည်းတွေကို မိဘတွေက သားသမီး တွေကို လက်ဆင့်ကမ်းသင်ပေးခဲ့ကြတာပဲလေ။ ဘုရင်ခေတ်မှာ မြင်းစီးနည်း၊ ချက်ပြုတ်ပန်းထိုးနည်း၊ စာရေးပန်းချီဆွဲတာတွေကို ထပ်ဆင့်သင်ပေးကြတာပဲ ။

ပညာရေးစနစ်လို့ ပြောလိုက်ရင် ဘာကွာသွားတာလဲ။

ပညာရေးစနစ်ဆိုတာ သင်ယူလေ့လာမှုကို စနစ်တကျဖြစ်အောင် လုပ်ယူလိုက်တာပဲလို့ ခပ်လွယ်လွယ်ရှင်းရှင်း ပြောကြည့်ရအောင်။ ဒါပေမယ့် ဘယ်လိုပဲ စနစ်တကျဖြစ်စေချင်ဦးတော့ အစီအစဥ်မကျဖြစ်နေတဲ့ လောကကြီးမှာ အစီအစဥ်ချပြီး ဘောင်သွင်းချင်နေတာက စလွဲခြင်းများလား----

ပညာရေးလို့ပြောရင် လေးထောင့်ကျကျစာသင်ခန်းမှာ ထိုင်ခုံပေါ်ထိုင်ပြီးစာလိုက်ရေးနေတဲ့ကလေးနဲ့ ရှေ့ကသင်ပုန်းပေါ်မှာ စာသင်ပေးနေတဲ့ ဆရာမကို ပြေးမြင်လို့ရမယ်ထင်တယ် ဒါလဲသင်ယူလေ့လာမှုတစ်ခုဖြစ်နိုင်ပေမယ့် အဲတာတစ်ခုကပဲ သင်ယူလေ့လာမှု မဟုတ်ပါဘူး

အဲလိုစာသင်ခန်းတွေမှာ တစ်တန်းပြီးတစ်တန်း မတက်နိုင်ပေမယ့် စာရေးစာဖတ်တက်ပြီး သူစိတ်၀င်စားရာ ပညာရပ်ကို ဆက်လက်သင်ယူနေတဲ့ကလေးကလဲ သင်ယူနေတာပဲလေ

ပညာရေးက တစ်ဖက်ပိတ်ဘောင်ခတ်တာမျိုး မဖြစ်သင့်ပေမယ့် စည်းလွတ်၀ါးလွတ် ဖြစ်လို့ရတယ်လို့လဲမဆိုလိုဘူး။ တစ်ချို့အဆင့်မြင့်ပညာရေးနယ်ပယ်က သိကိုသိထားရမယ့် ကနဦးအသိပညာ အတတ်ပညာတွေ (Prior Knowledge and skills ) လိုတယ် ( ဥပမာ- ဆေးကျောင်းတက်ဖို့ ဇီ၀ဗေဒ၊ ဓာတုဗေဒ အခြေခံသဘောတရားသိကိုသိထားဖို့လိုတယ်၊ English လိုသင်မယ့်ကျောင်းသွားတက်ဖို့ English ဘာသာစကားတတ်ကျွမ်းဖို့လိုတယ်)

အဲဒီတော့

☘️အဆင့်ဆင့်တက်လာမှ သင်ယူခွင့်ရှိမယ်လို့ သတ်မှတ်ထားတာထက် လူတိုင်းလေ့လာသင်ယူခွင့်ရှိပြီး လောကကြီးကို ပြန်အကျိုးပြုနိုင်တာကို ပိုတန်ဖိုးထားတဲ့ ပညာရေးစနစ် ( အဆင့်ဆင့် စနစ်တကျမသင်ခဲ့ပေမယ့် တတ်သင့် သိသင့်တာတွေ တတ်သိပြီး နောက်တစ်ဆင့်ကို ဆက်လက်သင်ယူချင်သူတွေအတွက်)

☘️ဒီတစ်ဆင့်ကို ဒီနည်းနဲ့ မဖြတ်နိုင်ရင် ဟိုဖက်မှာ ရှိတဲ့အရာကို ဘယ်တော့မှ သင်ယူခွင့်မရှိတော့ဘူးလို့ သတ်မှတ်တာထက် ဘယ်လိုပဲကြုံခဲ့ပါစေ သတ်မှတ်ထားတဲ့ အရည်အချင်းရှိရင် ကြိုဆိုလက်ခံသင်ပေးတဲ့ ပညာရေး ( ကျောင်း၀င်ခွင့်ကို ဘောင်ကျဥ်းကျဥ်းနဲ့ တရားသေတစ်မျိုးထဲ သတ်မှတ်ထားတာမဟုတ်ပဲ ကလေးတွေဖြတ်သန်းလာတဲ့ ပုံစံနဲ့ ကျောင်းတွေလိုချင်တဲ့ ရှိသင့်တဲ့ အရည်အချင်းတွေကို ချိန်ညှိထားတာမျိုး)

☘️အဆင့်မတူလို့ ချန်ထားတာထက် အားလုံးပါ၀င်နိုင်အောင်လို့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လွမ်းခြုံနိုင်တဲ့ ပညာရေး ( သမာရိုးကျစနစ်နဲ့ မသင်ယူနိုင်ခဲ့တဲ့ အခြေအနေတွေကို ထည့်သွင်းစဥ်းစားပြီး လိုအပ်တဲ့ အသိပညာ အတတ်ပညာတွေလာဖြည့်လို့ရတဲ့ ပေါင်းကူးအစီအစဥ်/သင်တန်းတွေ စီစဥ်ထားပေးတာမျိုး)

☘️ပညာရေးအဆင့်သတ်မှတ်ချက်က ကျောင်းအတန်းတင်စနစ်အပြင် ဦးနှောက်ဖွံ့ဖြိုးမှု၊ ပြင်ပလုပ်ငန်းအတွေ့အကြုံနှင့် စဥ်းစားတွေးခေါ်နိုင်မှုအလိုက် လွမ်းခြုံစွာ စိစစ်လက်ခံနိုင်တဲ့ပုံစံ

☘️သမာရိုးကျပညာရေးစနစ်ကိုလဲ ကြိုဆိုသလို သမာရိုးကျမဟုတ်တဲ့ ပညာရေးစနစ်ကိုလဲ နေရာပေးတဲ့ အခင်းအကျင်းမျိုး ( အစိုးရအသိအမှတ်ပြုကျောင်း၊ လူထုအခြေပြုကျောင်း၊ အိမ်မှာသင်ယူတဲ့ စနစ် ( Home schooling)၊ သက်မွေးပညာ) အားလုံးကို အလေးထားအသိအမှတ်ပြုပေးတဲ့ အခင်းအကျင်း)

☘️ဘွဲ့လက်မှတ်ဘယ်နှစ်စောင်ရှိသလဲထက် ဘာတွေလုပ်တတ်သလဲ ဘယ်လိုတွေးခါ်နိုင်လဲဆိုတာကို ပိုတန်ဖိုးထားတဲ့ ပညာရေး ( စာရွက်အရေအတွက်ထက် အရည်အချင်းကို ပိုအလေးထားတဲ့ လူမှုအသိုင်းအ၀ိုင်းကို တည်ဆောက်ပေးတဲ့ ပညာရေး)

စနစ်ကောင်းတစ်ခုကို တည်ဆောက်ရတာကြာရှည်ပြီး ခက်ခဲတာမို့ မလုပ်တော့ပါဘူးဆိုပြီး အလွယ်နည်းလိုက်မယ်ဆိုလဲ ထိခိုက်နစ်နာမှုက ကြီးမားလွန်းပြန်တယ်

ရှင်သန်နေတဲ့ လူသားတစ်ဦး၊ စာသင်နေတဲ့ ဆရာမတစ်ဦး၊ ကြီးပြင်းလာရဦးမယ့် သမီးငယ်လေးရှိတဲ့ မိခင်တစ်ဦးအနေနဲ့ ပြောရမယ်ဆိုရင်တောင် ပိုမိုလွမ်းခြုံမှုရှိတဲ့ ပညာရေးစနစ်ကောင်းတစ်ခု ရှိစေချင်တယ်

အဲဒီစနစ်တည်ထောင်ရာမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် စိတ်ရှည်ရှည်လေး ပါ၀င်ချင်မိပါတယ်🌷

Elis
May 24, 2026

ကျောင်းစီမံခန့်ခွဲမှုခရီးစဥ်မှ ခေါင်းဆောင်မှုသင်ခန်းစာများ"ကျွန်မကိုယ်တိုင် တည်ထောင်ခဲ့တဲ့ ဒေသအခြေပြုကောလိပ်လေးဟာ ကျွန်မ...
29/04/2026

ကျောင်းစီမံခန့်ခွဲမှုခရီးစဥ်မှ ခေါင်းဆောင်မှုသင်ခန်းစာများ

"ကျွန်မကိုယ်တိုင် တည်ထောင်ခဲ့တဲ့ ဒေသအခြေပြုကောလိပ်လေးဟာ ကျွန်မအတွက်တော့ အကြီးမားဆုံးသော သင်ခန်းစာတွေ ရရှိခဲ့တဲ့ နေရာတစ်ခုပါ။ ခရီးလမ်းတစ်လျှောက်တွင် နည်းပညာအရ ရံပုံငွေအရ ကူညီထောက်ပံ့ပေးသော အဖွဲ့အစည်းများကြောင့် လုပ်ငန်းအခြေခိုင်ခဲ့သော်လည်း လက်တွေ့ဖြတ်သန်းမှုမှာတော့ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေ များစွာရှိခဲ့ပါတယ်။ အမှားတွေနဲ့ ရင်းပြီးမှ နားလည်လာရတဲ့ အမှန်တရားတွေ၊ ဖတ်မှတ်လေ့လာစမ်းသပ်ရင်းနဲ့ ပိုမိုကောင်းမွန်လာတဲ့ လုပ်ငန်းစဉ်တွေထဲကမှ အဖိုးတန်အတွေ့အကြုံ (၇) ချက်ကို အခုလို ပြန်လည်မျှဝေပေးချင်ပါတယ်။ ပညာရေးလုပ်ငန်းနယ်ပယ်ထဲက မိတ်ဆွေတွေအတွက် တစ်ခုခု ရသွားစေမယ့် အချက်တွေဖြစ်မယ်လို့ ယုံကြည်ပါတယ်။"

၁။ လုပ်ငန်းခွင်ယဥ်ကျေးမှုက ဖွဲ့စည်းပုံထက်ပို လက်တွေ့ကျတယ် ( Culture is better than structure)

· မူ၀ါဒတွေ၊ ဖွဲ့စည်းပုံတွေကို အပင်ပန်းခံရေးလိုက်ပေမယ့် ဘယ်သူမှ မမှတ်မိတာမျိုး ကြုံဖူးကြမယ်ထင်တယ် မူ၀ါဒတွေ ဖွဲ့စည်းပုံတွေအရေးမကြီးဘူးလို့ ပြောချင်တာ မဟုတ်ပဲ အဲတာတွေအသက်၀င်လာအောင် လုပ်ငန်းခွင်ယဥ်ကျေးမှုအဖြစ်ပြောင်းလဲဖို့လိုပါတယ်

· အလုပ်တစ်ခုပေါ်လာရင် ဘယ်သူ့တာ၀န်မှန်းမသိပဲ တာ၀န်ခံမှုမရှိပဲ အားလုံး၀ိုင်းလုပ်ကြရမယ် ဆိုတာက ဖွဲ့စည်းပုံ မရှင်းတဲ့ အနေအထားဖြစ်ပြီး ၊ ငါတို့ကျောင်းမှာ သက်ဆိုင်ရာအလုပ် အတွက် အဓိကတာ၀န်ရှိသူတွေရှိတယ် လိုအပ်ရင် ကျန်တဲ့သူတွေက ၀ိုင်း၀န်းလုပ်ဆောင်ကြတယ်ဆိုတာက ဖွဲ့စည်းပုံအရ တာ၀န်ရှိတာကိုလဲနားလည်ကြပြီး ၀ိုင်း၀န်းကူညီကြတဲ့ လုပ်ငန်းခွင်ယဥ်ကျေးမှုကိုလဲ ထင်ဟပ်စေတယ် ၀ိုင်း၀န်းကူညီကြတဲ့ အလေ့အထကို တည်ဆောက်ပေးရမှာ ဖြစ်ပါတယ် ကိုယ့်ရဲ့အဓိကတာ၀န်ဖြစ်တဲ့ အလုပ်ကို ပစ်ထားပြီးသွားကူတာမျိုးလဲမဖြစ်ရပါဘူး ကာလအလိုက် အရေးတကြီးလုပ်ဆောင်ရမယ့်အလုပ်တွေကို အလုပ်ပါးတဲ့သူတွေ ၀ိုင်း၀န်းကူနိုင်အောင် စီမံာထားပေးတာမျိုးပါ ( ဥပမာ- ကျောင်းသားသစ်ခေါ်ယူချိန် စာသင်ချိန်နည်းတဲ့ (သို့) မရှိတဲ့ ဆရာ၊ဆရာမတွေက ၀ိုင်းကူတာမျိုးပါ။ စာသင်ချိန်များတဲ့ ဆရာ၊ဆရာမကို သွားလုပ်ခိုင်းရင်တော့သူ့ရဲ့ အဓိက တာ၀န်ကို လစ်ဟင်းစေပါတယ်)

၂။ မေးခွန်းကို ပြောင်းလိုက်ပါ အဖြေနဲ့ ရလဒ်ပြောင်းသွားလိမ့်မယ် ( Change the question, and the result will change)

· ဘာအခက်အခဲရှိလဲမေးရင် အခက်အခဲတွေကိုပဲကြားရမှာဖြစ်ပြီး ဘယ်ကိုသွားချင်လဲ ဘယ်လိုလုပ်ကြမလဲလိုမေးရင် မျော်မှန်းချက်တွေ နည်းလမ်းတွေအကြောင်း တစ်သီကြီးကြားရမှာ ဖြစ်ပါတယ်

· ကျောင်းမှာကြားရတဲ့ မရိုးနိုင်တဲ့ အခက်အခဲတွေက အိမ်စာမလုပ်ချင်ကြဘူး ကျောင်းလခ မသွင်းနိုင်ကြဘူး အဖွဲ့လိုက်အလုပ်တွေ အဆင်မပြေဘူး စသဖြင့် စသဖြင့်---အခက်အခဲအကြောင်း မမေးပဲ လျစ်လျူရှုထားရမယ်လို့ ပြောချင်တာမဟုတ်ပါဘူး ပြသာနာတွေနဲ့ပဲ ပိတ်မိနေပြီး အနာဂါတ်အတွက် မျော်လင့်ချက်တွေ ဗျူဟာမြောက်စီမံကိန်းတွေကို စီစဥ်ဖို့ လွတ်သွားမှာစိုးရပါတယ်

· နောက် ၁၅ နှစ် အနှစ် ၂၀ ကျရင် ငါတို့ ကောလိပ်ကို ဘယ်လိုမြင်ချင်လဲ ဆိုရင်တော့ နိုင်ငံတကာစံနှုန်းနဲ့ အသိအမှတ်ပြုခံကျောင်းဆိုတာမျိုး၊ ငြိမ်းချမ်းတဲ့ လူမှုအသိုင်းအ၀ိုင်းကို ပုံဖော်နေတဲ့ သင်ယူလေ့လာမှု ဆုံရပ်၊ ခေတ်နဲ့လျော်ညီတဲ့ ဘာသာရပ်တွေလေ့လာသင်ယူနိုင်တဲ့ တက္ကသိုပ် စသဖြင့် ထွက်လာမှာပါ

· ပြီးရင်တော့ ရေတို ရေလတ်အစီအစဥ် နဲ့ ရေရှည် ရည်မှန်းချက်ရောက်အောင် ဘယ်လိုသွားကြမလဲဆိုတာ ဆွေးနွေးလုပ်ဆောင်သွားရမှာဖြစ်ပါတယ် အဲတာဆို လက်ရှိကြုံနေတဲ့ ပြသာနာတွေက သေးငယ်သွားပြီး ဘယ်ပြသာနာတွေကိုတော့ အလေးထားဖြေရှင်းပြီး ဘယ်ဟာတွေကိုတော့ ပြသာနာစာရင်းကနေထုတ်လို့ရတယ်ဆိုတာ ထွက်လာမှာဖြစ်ပါတယ်

၃။ စနစ်ကို တည်ဆောက်ပါ ပွဲဖြစ်အောင်ပဲမလုပ်ပါနဲ့ ( Create the system, not the event)

· လူ့ဘ၀တိုတိုလေးမှာ လူတိုင်းမှတ်ကျောက်တင်ချင်ကြမှာပဲ ငါခေတ်မှာတော့ ငါဘယ်လိုတည်ဆောက်ခဲ့တာ ခက်ခဲခဲ့တာ ဘယ်လိုဖြေရှင်းခဲ့တာ ဆိုတဲ့ ငါ ငါ ငါ ဇာတ်လမ်းတွေကိုပဲ ချန်ထားရင် ငါမရှိတော့တဲ့နောက် ဒီကျောင်းရဲ့ ရေရှည် ရပ်တည်အောင်မြင်ဖို့ ခက်လိမ့်မယ် ဘာဖြစ်လို့လဲဆိုရင် ငါကပဲ ပွဲဖြစ်အောင်လုပ်ခဲ့တာကိုး

· ကျောင်းရေရှည်အောင်မြင်ဖို့ အတွက် လူတစ်ဦးတစ်ယောက်အပေါ်မှာ မူတည်မနေတဲ့ စနစ်ကိုတည်ဆောက်ဖို့လိုပါတယ် လူကအရေးမကြီးတာမဟုတ်ဘူး အရမ်းအရေးကြီးပါတယ် ဒါပေမယ့် စနစ်ကောင်းရင်တော့ လူကောင်းတွေကို စနစ်တကျတန်ဖိုးထားဆွဲခေါ်နိုင်ပြီး ပိုမြဲအောင်လုပ်နိုင်ပါတယ် လူတော်လူကောင်းတွေနဲ့ လည်ပတ်နေတဲ့ကောလိပ်ဟာ ရေရှည်ပန်းတိုင်တွေကို ပိုရောက်နိုင်ပါတယ်

· စနစ်နဲ့ပတ်သက်တဲ့ အတွေ့အကြုံလေးတစ်ခု ဖြည့်ပြောချင်ပါတယ်။ ကိုယ်က မှတ်တမ်းလုပ်ရတာလဲအကျင့်ရှိတယ် ကိုယ့်ကိုယ်ကို စနစ်တကျလဲသိမ်းတတ်တော့ အရေးကြီးတဲ့အစည်းအ၀ေးမှတ်တမ်းတွေ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေအားလုံး ကိုယ့်ဆီမှာ အစုံရှိတယ် အဲတော့ကျန်တဲ့သူတွေက မှတ်ဖို့သိမ်းဖို့ အားမစိုက်တော့ပဲ လိုအပ်ရင်ကိုယ့်ဆီက အလွယ်တကူ လာတောင်းကြတယ် ကိုယ်ကလဲ သူများအားစိုက်အောင် ၀ိုင်းလုပ်အောင် တကူးတက မတိုက်တွန်းခဲ့ဘူး ကိုယ့်ရဲ့အရေးပါမှုကို မသိမသာဂုဏ်ယူနေတယ် အချက်အလက်သိမ်းတဲ့စနစ်တစ်ခုလုပ်ဖို့ မတိုက်တွန်းခဲ့ဘူး မတည်ဆောက်ခဲ့ဘူး
အစကတော့အပန်းမကြီးပေမယ့် နောက်တော့သူတို့လိုတိုင်းရှာပို့ပေးရတာက အလုပ်တစ်ခုဖြစ်လာပြီး ကိုယ့်အလုပ်လဲပိုလာတယ် အချက်အလက်များ မစုံရင် ကိုယ့်အပြစ်ကဖြစ်ရသေးတယ် အဆိုးဆုံးက ကိုယ်ကျောင်းတစ်နှစ်သွားပြန်တက်ပြီး အလုပ်မှာမရှိ‌ေတာ့တဲ့အချိန်မှာ ကျန်တဲ့သူတွေက အချက်အလက်တွေပြန်ရှာနေရတာနဲ့၊ မတွေ့တော့လို့ အစကနေပြန်စနေရတာနဲ့ အလုပ်မတွင်တော့ဘူး။ ဒီအခြေအနေကိုကြည့်ရင် အချက်အလက်သိမ်းဆည်းတဲ့ စနစ်မရှိခဲ့လို့ လူတစ်ယောက်အပေါ်မူတည်ခဲ့လို့ အလုပ်တွေ ကမောက်ကမဖြစ်ရတဲ့ ဖြစ်စဥ်ဖြစ်တယ်။

၄။ ဒုတိယအဆင့် ခေါင်းဆောင်တွေက ခေါင်းဆောင်လိုပဲ ကျောင်းရဲ့ အသက်သွေးကြောဖြစ်တယ် ( Second-line leaders are the veins of the college)

ကျောင်းရဲ့တည်ထောင်သူ အဖွဲ့အစည်းရဲ့ခေါင်းဆောင်ကို လူတွေအလွယ်တကူ ပိုမှတ်မိပြီး သိကြပေမယ့် ဒုတိယအဆင့် ခေါင်းဆောင်တွေကို လူသိနည်းတတ်ကြတယ် တကယ်အဖွဲ့အစည်းတစ်ခု ရေရှည်အောင်မြင်ဖို့ဆိုတာ ဒုတိယအဆင့် ခေါင်းဆောင်တွေက ကျောင်းရဲ့အသက်သွေးကြောလို အရေးပါတယ် ဘာဖြစ်လို့လဲဆိုရင် သူတို့ဟာ အရေးကြီးတဲ့ အစိတ်အပိုင်းတွေရဲ့ ခေါင်းဖြစ်နေလို့ပဲ ခေါင်းဆောင်က ပန်းတိုင်တွေချမှတ်ရင် သူတို့က အကောင်အထည်ဖော်ဖို့ ဦးဆောင်ဦးရွက်ပြုရတယ် သူတို့ကပဲ ခေါင်းဆောင်ပြောတဲ့ ပန်းတိုင်ကို အခြားဆရာဆရာမတွေနေ့စဥ်လုပ်ငန်းတွေမှာ ထည့်သွင်းလုပ်ဆောင်ဖို့ ဘာသာပြန်ရတယ်

ဥပမာ- အဆင့်မြင့်ပညာအရည်အသွေးနဲ့အညီ သွားမယ်လို့ ပြောရင် နေ့စဥ် သင်ကြားရေးမှာ အဆင့်မြင့်ပညာအရည်အသွးနဲ့အညီ ဘာတွေလုပ်ကြမလဲ ဆရာကပဲသင်ပေးနေတာမဟုတ်ပဲ ဆက်စပ်ဖတ်သင့်တဲ့ စာအုပ်တွေညွန်းပေးကြတာလုပ်ဖို့လိုတယ် ဒါမှ ဆရာပေးသလောက်ပဲရတာထက် သူတို့ကိုယ်ပိုင်ရဲ့ ရှာဖွေစူးစမ်းလေ့လာတာတွေကောင်းလာမယ် အတန်းထဲမှာ ဆွေးနွေးမှုအားကောင်းလာမယ် ဒီလိုနားလည်မှုတွေစိမ့်၀င်အောင် ဒုတိယအဆင့် ခေါင်းဆောင်တွေက အခါအားလျော်စွာဆွေးနွေးပေးရတယ် သူတို့ကလက်တွေ့အကောင်အထည်ဖော်တဲ့ နေရာမှာလဲ ပိုလုပ်ကြတော့ နမူနာပြပေးနိုင်တယ် ဒါမှ ပန်းတိုင်တွေက ပိုရုပ်လုံးပေါ်လာမှာဖြစ်တယ် ခေါင်းဆောင်က ဒါတွေလိုက်လုပ်နေရရင် ရေရှည် ပန်းတိုင်အတွက်နဲ့ အခြားချိတ်ဆက်လုပ်ဆောင်ရမှာတွေ၊ ရံပုံငွေရှာဖွေရမယ့်အလုပ်တွေမှာ လစ်ဟင်းသွားမယ်။

ခေါင်းဆောင်တွေ ငါပါမှ ပြီးမယ်ဆိုတာထက် second -line leaders ဒုတိယအဆင့် ခေါင်းဆောင်တွေကို စနစ်တကျ ပျိုးထောင်ဖို့လိုပါတယ် တည်ထောင်သူရဲ့ ရည်မှန်းချက်နဲ့ ကျောင်းတစ်ခုကို စတည်ထောင်ခဲ့တာဖြစ်နိုင်ပေမယ့် မျော်မှန်းချက်၊ ရပ်တည်ချက် ဘုံတူညီတဲ့လူတွေရှိမှပဲ ရေရှည်တည်တံ့အောင်ထိန်းသိမ်းနိုင်ပါတယ်

၅။ ရိုးသားပါ ဆင်ခြင်မရှာပါနဲ့ ( Be honest, don’t find excuse)

· ကျောင်းတိုင်းမှာ ငွေကြေးနဲ့ပတ်သက်ရင် အကန့်အသတ်တွေရှိပါတယ် ရံပုံငွေနည်းတဲ့ကျောင်းဖြစ်စေ များတဲ့ကျောင်းဖြစ်စေ သူ့ရဲ့ဦးစားပေး အလိုက် အကန့်အသတ်ရှိပါတယ် ကျောင်းရဲ့အဓိက ဖြေရှင်းတဲ့ spending ကုန်ကျစရိတ်က ဆရာဆရာမ လစာပါ

· လစာပေးတဲ့နေရာမှာ ကိုယ့်ရံပုံငွေယာထားချက်အပေါ်မှာပဲပေးနိုင်ပါတယ် စွမ်းရည်အလိုက် အသေးစိတ်တွက်ချက်မှုလဲ ထပ်မံရှိနိုင်ပါတယ် ကိုယ့်ကျောင်းက လစာကို ဘယ်လိုပေးတယ် ဘယ်လောက်ပဲပေးနိုင်တယ် ဆိုတာ ရိုးသားဖို့လိုပါတယ် အချို့သူတွေက လစာကြောင့်လာကြပေမယ့် ဆရာ၊ဆရာမ အများအားဖြင့်က ၀ါသနာနဲ့ စေတနာအရင်းခံပြီးလာကြတာပါ ကိုယ်မပေးနိုင်တဲ့ ပမာဏအပေါ်လိပ်ပြာမလုံစိတ်နဲ့ ဆရာဆရာမတွေရဲ့အားနည်းချက်ကို အကြောင်းပြချက်ပေးတာမလုပ်မိဖို့လိုပါတယ်

· ပါရမီတက္ကသိုလ်က ဆရာကြီးပြောတာ အရမ်းသဘောကျပါတယ် ဒီရာထူးအတွက် လစာဒီလောက်ပေးနိုင်တယ် လာလုပ်နိုင်မလား။ လစာဒီလောက်ပဲပေးနိုင်လို့ အလုပ်ကို လျော့တိလျော့ရဲတော့ လုပ်လို့မရဘူး။ မလုပ်နိုင်ရင် အစကတည်းက မလုပ်လို့ရတယ်။နှစ်ဖက် ရိုးသားတဲ့ ညှိနှိုင်းမှုနဲ့ သဘောတူညီမှုအရင်ယူတာဖြစ်တယ်

၆။ အပြောင်းအလဲကို လူတွေကြောက်ကြတယ် ဒါကြောင့် ကိုင်တွယ်နိုင်ပါတယ်ဆိုတာ ပြပေးဖို့လိုအပ်တယ် ( People are afraid of change; show them that it is manageable.)

· မပြောင်းလဲနိုင်တာ ပြောင်းလဲခြင်းတရားပဲရှိတဲ့ လောကကြီးမှာ လူတွေက အပြောင်းအလဲကို ကြောက်ကြတယ် ကြောက်နေလို့လဲ ပြောင်းလဲခြင်းက မရပ်တန့်သွားဘူး ဆိုပေမယ်ပေါ့

· သင်ရိုးအသစ်ပြောင်းမယ် သင်ကြားပုံစနစ်ပြောင်းမယ် စစ်ဆေးအကဲဖြတ်မှုပုံစံပြောင်းမယ် မျက်နှာချင်းဆိုင်အတန်းကနေ အွန်လိုင်းအတန်းပြောင်းမယ် ဆိုတဲ့ အပြောင်းအလဲတိုင်းမှာ မဖြစ်နိုင်ဘူး အရမ်းခက်တယ် ဆိုတဲ့ ညည်းညူချက်တွေ တွင်တွင်ကြားရမှာပဲ အဲဒီအချိန်မှာ ဆရာ ဆရာမတွေလိုတာက “ရေဘူးပေါက်တာ မလိုချင်ဘူး ရေပါလာတာပဲရေလိုချင်တယ်”ဆိုတဲ့ ညွန်ကြားချက်ထက် ရေဘူးက ပေါက်နေရင်တောင် ဘယ်လိုတွေသယ်လို့ရတယ် ဆိုတာကို အတူစဥ်းစားကူတာမျိုး နမူနာသယ်ပြတာမျိုးပါ သင်တန်းတွေထည့်ပေးမလား best practice တွေ၀ေမျှရင်း အိုင်ဒီယာတွေ နည်းလမ်းတွေပေးမလား လုပ်ပေးခြင်းဖြင့် ဒီအပြောင်းအလဲက ဒီလောက်ကြီး ကြောက်စရာမကောင်းဘူးဆိုရင် ဆန့်ကျင်နေတာထက် လိုလိုလားလားလုပ်လာကြမှာဖြစ်ပါတယ်။ ပိုပိုသာသာတင်စားပြောရရင် လူဆိုတာ အဖော်ကောင်းရင် ငရဲပြည်တောင်အလည်သွားကြမယ့်သူမျိုးပါ။

၇။ တကယ့်အလုပ်ထက် ဘာကိုဘယ်လိုလုပ်ရမလဲဆိုပြီး ချီတုံချတုံဖြစ်နေရတာက ပိုပင်ပန်းတယ် ( It is more draining to be indecisive than to do the actual work.)

· အလုပ်အသစ်လုပ်ရမှာမို့ မရေရာ မသေချာလို့ ချီတုံချတုံဖြစ်နေရတဲ့အချိန်က stack လို့ခေါ်တဲ့ ပိတ်မိနေတဲ့အချိန်ပေါ့။ ဘယ်သူ့ကိုတိုင်ပင်ရမလဲ။ ဘယ်လိုလုပ်ရင်လွယ်မလဲ။ သူများတွေဘယ်လိုလုပ်သလဲ မသိတော့ မှားမှာ မအောင်မြင်မှာကို အရမ်းစိုးရိမ်နေရတဲ့အချိန်ဆိုလဲမမှားဘူး ဆုံးဖြတ်ချက်မချနိုင်ပဲ တွေ၀ေနေရင်း အလုပ်ကို တကယ်မလုပ်ရသေးပေမယ့် အဲဒီအလုပ်ရဲ့၀န်ကို ထမ်းပိုးထားရတဲ့အတွက် ပင်ပန်းပါတယ် စိုးရိမ်မှုကို ဆွေးနွေးခွင့်နဲ့ မှားခွင့် ပေးဖို့လိုအပ်တယ် စိုးရိမ်မှုတွေနဲ့ မှားမှာကြောက်နေတဲ့ ဆရာ ဆရာမ တစ်ယောက်ဟာ အလုပ်အသစ် တာ၀န်အသစ်ကြောင့် လက်ရှိသူကောင်းကောင်းလုပ်နိုင်နေတဲ့အလုပ်ကိုတောင် မလုပ်နိုင်တော့တာဖြစ်နိုင်တယ် အဲလိုအချိန်မှာ မှားခွင့်ရှိတယ် အမှားကနေသင်ယူခွင့်ရှိတယ်ဆိုတဲ့ ၀န်းကျင်ကတော့ စမ်းသပ်တီထွင်ချင်စိတ်ကို ဖြစ်စေပြီး ဖိအားနည်းသွားစေတယ် ဖိအားနည်းသွားတော့ အလုပ်ကို ပိုကောင်းကောင်းလုပ်နိုင်တယ်

· အရင်က ပြီးပြည့်စုံချင်စိတ်နဲ့ အမှားမလုပ်မိအောင်ကိုယ်တိုင်လဲ ကြိုးစားသလို အခြားသူကိုလဲ အဲဒီပေတံနဲ့တိုင်းခဲ့တယ် အဲလိုလုပ်တော့ ဖိအားအောက်မှာ ကိုယ်လဲပင်ပန်းသလို အမှားကြောက်လို့ မစမ်းသပ်တော့တာ မတိုးတက်တော့တာတွေဖြစ်ခဲ့တယ်

· လက်ရှိမှာ မှားခွင့်ပေးလိုက်ရင် ရေရှည်မှာ ကျွမ်းကျင်တဲ့သူကို မွေးပြီးသားဖြစ်မယ် အခုအချိန်မှာ မှားခွင့်မပေးရင် ရေရှည်မှာ တတ်တဲ့သူပဲအကုန်သိမ်းကြုံးလုပ်ရပြီး ပင်ပန်း၊ မတတ်တဲ့သူက လူသာရှိပေမယ့်အားကိုးလို့မရတာဖြစ်မယ် ။ကြာရင်တတ်ကျွမ်းတဲ့သူရော မတိုးတက်ဘူးခံစားရတဲ့သူရော ကောလိပ်ကိုစွန့်ခွာသွားလိမ့်မယ် ။

Elis
April 29,2026

တစ်ချို့အရာတွေက လူသိဖို့မဟုတ်ဘူးသူများပိုအဆင်ပြေပါစေ ပိုသက်သာပါစေဆိုပြီး လုပ်ပေးခဲ့ပေမယ့် တစ်ဖက်လူက ကိုယ်လုပ်‌ေပးလိုက်လိ...
10/04/2026

တစ်ချို့အရာတွေက လူသိဖို့မဟုတ်ဘူး

သူများပိုအဆင်ပြေပါစေ ပိုသက်သာပါစေဆိုပြီး လုပ်ပေးခဲ့ပေမယ့် တစ်ဖက်လူက ကိုယ်လုပ်‌ေပးလိုက်လို့ ပိုအဆင်ပြေသွားတာ ပိုသက်သာသွားတာကိုတောင် မသိတဲ့အခါမျိုးတွေ ကြုံဖူးကြလား
ကျေးဇူးမတင်ရင်နေပါ ကိုယ့်ကိုတောင် အပိုအလုပ်တွေ လုပ်နေတဲ့လူလို့ ထပ်ဆင့်မြင်လိုက်သေးတယ် ...
ငါကလဲ ဘာလို့ လျှာရှည်ပြီး ကူမိပါလိမ့်ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်ဖူးလား

တကယ်တော့ ဘယ်သူမှားတယ် မှန်တယ်ဆိုတာထက် ကိုယ့်စံတန်ဖိုးက ဘာလဲ ဆိုတာနဲ့ ဆိုင်မယ်ထင်တယ်
တစ်ချို့က ဖာသိဖာသာနေနိုင်ပေမယ့် ကိုယ်ကတော့ သိနေရင် ပိုအဆင်ပြေအောင် ကူပေးလိုက်ရမှ နေသာထိုင်သာ ရှိသွားတာမျိုး ...
ဒီလောက်လဲ အဆင်ပြေနေပြီဆိုပေမယ့် ဒီထက်ကောင်းအောင် ရှာဖွေလုပ်‌ေဆာင်နေရမှာ စိတ်အဆင်ပြေသူမို့ လူသိဖို့မဟုတ်ပဲ ကိုယ့်လိပ်ပြာကိုယ်လုံဖို့ ကိုယ့်စံချိန်ကိုယ်မှီဖို့ လုပ်မိနေတာမျိုးပါ
ဘယ်သူအသိအမှတ်ပြုမှုအတွက်မှ မဟုတ်ပါဘူး
နောက်ကွယ်က ပံ့ပိုးတဲ့ကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေကို သာမာန်လူတွေ အလွယ်တကူ မမြင်နိုင်တာ မဆန်းပါဘူး

ဆရာမရေ တစ်ရက်တာလုံး အားအင် (Energy) မလျော့ကျသွားဖို့ ဘယ်လိုလုပ်လဲ🤔စဉ်းစားရပြန်ပြီ ကိုယ်ဘာလုပ်သလဲပေါ့ကိုယ်လဲသတိထားမိတယ် တ...
11/01/2026

ဆရာမရေ တစ်ရက်တာလုံး အားအင် (Energy) မလျော့ကျသွားဖို့ ဘယ်လိုလုပ်လဲ

🤔စဉ်းစားရပြန်ပြီ ကိုယ်ဘာလုပ်သလဲပေါ့

ကိုယ်လဲသတိထားမိတယ် တစ်ခါတစ်လေ နေ့ခင်းရောက်ရင် လူကနှံးပြီး အလုပ်လုပ်ချင်စိတ် ပျောက်လောက်အောင် ပင်ပန်းသလိုခံစားရတာမျိုး အာရုံမစိုက်နိုင်တာမျိုး

အဲလိုကြုံရင် ဟတ်ချလောင်းဆိုပြီး ကြော်ငြာထဲကလို ကော်ဖီတစ်ခွက်၊ energy drink တစ်ဘူးနဲ့တော့ ဖြေရှင်းလေ့မရှိဘူး အလွယ်မလိုက်ဘူး 🤫🤫 အဲလိုနဲ့ အဆင်ပြေလေ့ မရှိလို့ပါ

ဒီနည်းတွေ လုပ်ဖြစ်ပါတယ်
1. မနက်လေ့ကျင့်ခန်းလုပ်တယ် ယောဂဖြစ်ဖြစ် လမ်းလျောက်တာဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်တာက သွေးလေ လည်ပတ်မှုကို ကောင်းစေတော့ ဦးနှောက်ရဲ့ အာရုံစိုက်နိုင်စွမ်းရော အားအင်သုံးနိုင်စွမ်းကို အထောက်အပံ့ပေးတယ်

2. အလုပ်ကို ဆက်တိုက်မလုပ်ပဲ နားနားပြီးလုပ်တယ် နေ့လည်တစ်ဖြတ် ခဏမှေးတယ် အပြင်ခဏထွက်ပြီး လေရှုတယ် စကားစမြည်ပြောတယ် အစည်းအဝေးဆက်တိုက်လုပ်နေရရင်တော့ စကားစမြည်ထပ်မပြောနိုင်ဘူး
အာရုံစိုက်နိုင်မှုက အကန့်အသတ်ရှိတယ် ဒီတော့ နားချိန်ပေးပြီး ခန္ဓာကိုယ်ကို အားပြန်သွင်းရမယ် အလုပ်လုပ်ဖို့ အရေးကြီးသလောက် အနားယူဖို့လဲ အရေးကြီးတယ်

3.ညအိပ်ရေး၀အောင်အိပ်တယ် ဒါကအရမ်းအရေးကြီးတယ် အိပ်ရေးပျက်ရင် လူနုံးတာ သိသာလွန်းလို့ အိပ်ရေး၀အောင် ဂရုစိုက်တယ်

4. အာဟာရရှိအောင်စားတယ် မနက်စာမစားရင် ခေါင်းကိုက်ပြီး အာရုံမစိုက်နိုင်ဘူး ဒီတော့ ကောင်းကောင်းစားတယ် အာဟာရစုံအောင်စားတယ် အသား၊ငါး၊ပဲ၊ဟင်းသီးဟင်းရွက် (ချဉ်၊ဖန်၊ခါး၊ချို) အကုန်စားတယ်

"အစားအသောက်မမှန်လောက်အောင် အလုပ်များပါတယ်ဆိုပြီး ဂုဏ်မယူဘူး။ ပုံမှန်စားပြီး ပုံမှန်လုပ်တာ ရေရှည်ကောင်းကောင်းပိုလုပ်နိုင်တယ်လို့ ခံယူတယ်"

5.Detox water လုပ်သောက်တယ် မီးဖိုမှာရှိတဲ့ ဂျင်းတွေ သခွားသီးတွေ ပူစီနံတွေနဲ့ လုပ်သောက်တယ် (စလုပ်သောက်ဖြစ်အောင် ပြောပြပေးတဲ့ မပုံ့ရေ ကျေးဇူးပါ)

ရိုးရှင်းသလောက် ဖြတ်လမ်းမဟုတ်တဲ့နည်းတွေနဲ့ပဲ ထိန်းပါတယ် ကိုယ်မလုပ်နိုင်ရင် အားယုတ်တဲ့ဒဏ် ကိုယ်ခံပဲ အခြားသူကိုယ်စားလာခံပေးလို့မှ မရတာ
ပြီးပြည့်စုံအောင် လုပ်နိုင်တာမျိုးမဟုတ်သေးပါဘူး ကြိုးစားလုပ်နေတာလေးတွေပါ
ကိုယ်သတိလက်လွတ်ဖြစ်ရင် ကိုယ့်ကိုအားမနာတမ်း ဂရုစိုက်သူတွေက ဘေးကလိုက်သတိပေးနေရတာမျိုးလဲ ရှိပါတယ်

ဆရာမရေ ဆရာမ အချိန်တွေကို ဘယ်လိုစီမံခန့်ခွဲလဲ ❓ကျောင်းသားတစ်ယောက်က ကျောင်းမီးဖိုဆောင်မှာ မနက်မုန့်ဟင်းခါးစားရင်း မေးလိုက်...
02/01/2026

ဆရာမရေ ဆရာမ အချိန်တွေကို ဘယ်လိုစီမံခန့်ခွဲလဲ ❓
ကျောင်းသားတစ်ယောက်က ကျောင်းမီးဖိုဆောင်မှာ မနက်မုန့်ဟင်းခါးစားရင်း မေးလိုက်တဲ့မေးခွန်းဖြစ်ပါတယ်
အဲတုန်းကတော့ ကိုယ်လုပ်ဖြစ်တာလေးတွေ ဒီအတိုင်း ဖြေပေးလိုက်မိတယ်
သေချာပြန်စဥ်းစားကြည့်တော့ အဲဒီမေးခွန်းကို ဖြေဖို့ အချိန်ကို ဘာရည်ရွယ်ချက်နဲ့ စီမံခန့်ခွဲချင်သလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်
၁။ အလုပ်အများကြီးကို တစ်ပြိုင်နက် လုပ်ပြီးချင်တာလား
၂။ အရေးကြီးတာကိုပဲ အာရုံစိုက်နိုင်ချင်တာလား
၃။ အချိန်တွေအများကြီးရှိပေမယ့် ဘာမှမလုပ်ဖြစ်နေလို့ အကျိုးရှိရှိအသုံးချချင်တာလား
ကိုယ့်ဘ၀အတွေ့အကြုံတွေပေါ်မှာ မူတည်ပြီး ၀ေမျှချင်ပါတယ် အားလုံးအတွက် ကိုက်ချင်မှကိုက်မယ် သင့်တော်သလို ယူသုံးလို့ရပါတယ်
🕰️ ကျောင်းသူဘ၀နဲ့ အလုပ်စလုပ်ချိန်မှာ ပထမ ရည်ရွယ်ချက် ရှိခဲ့တယ် ဟိုဟာလဲလုပ်ချင် ဒီဟာလဲပါချင်တယ် အားအင်တွေလဲ အပြည့်ရှိနေတယ် အလုပ်၊ လေ့လာသင်ယူမှု၊ လူမှုရေး၊ မိသားစု ဘ၀ အကုန်ကောင်းကောင်းလုပ်ချင်ခဲ့တယ် တစ်ခုချင်းစီအတွက် ရည်မှန်းချက်တွေအပြည့်နဲ့ပေါ့
အဲလိုအများကြီး တစ်ခါတည်းလုပ်ချင်တာဆိုရင် စနစ်ကျတဲ့ အချိန်ဇယားပဲလိုပါတယ် ကျောင်းတက်တုန်းက စာလဲတော်ချင်၊ ကျောင်းကဖွဲ့ထားတဲ့ အနုပညာ အသင်း၊ ဘာသာရေးအသင်း၊ မေဂျာနဲ့ဆိုင်တဲ့ အသင်းတွေမှာလဲပါ၀င်တယ် အဆောင်မှာလဲ ကော်မတီမှာပါသလို ကျောင်းသား ကောင်စီမှာလဲ ပါ၀င်သေးတယ် Finance Office မှာ အချိန်ပိုင်းအလုပ်လေးလဲ လုပ်ကူသေးတယ်
အလုပ်လုပ်တော့လဲ ဘယ်အချိန် အလုပ်လုပ်မယ် မနက်၊ည အလုပ်နားချိန်မှာ learning လုပ်မယ် ပိတ်ရက်တွေမှာ လူမှုရေးကိစ္စသွားမယ် သင်တန်းတစ်ခုခုတက်မယ် လိုအပ်ရင်ခွင့်ယူသွားမယ် မိသားစုနဲ့က ထမင်းချက်ချိန်၊ စားချိန်၊ ပွဲတော်ရက်တွေမှာ အချိန်ပေးမယ် စသဖြင့်--- စွမ်းအင်တွေကုန်သွားမှာ သိပ်စိတ်ပူစရာမလိုခဲ့ဘူး အများကြီးကို တစ်ခါတည်းလုပ်တော့ လွတ်သွားမှာ စိတ်ပူရတယ် ဒီတော့ အချိန်ဇယားတွေ ၊ Things to do list လုပ်ရတယ် ဘယ်အချိန်မှာ ဘာလုပ်မယ် ဆိုတာ အချိန်ဇယားထဲမှာ ထည့်ရေးတယ် ချရေးလိုက်တော့ အချိန်ဟနေတာတွေမြင်လာပြီး ပိုစနစ်ကျစေတယ် လုပ်ဖို့မေ့သွားမှာလဲ စိတ်ပူစရာ မလိုတော့ဘူး တစ်ခုပြီးရင် Things to do list မှာ အမှတ်ခြစ်လိုက်တယ် ဒါက ကိုယ့်ကိုယ် reward ပေးသလိုပဲ အားတက်ရတယ်
အဲလိုလုပ်ခဲ့တာကနေ အတွေ့အကြုံတွေအများကြီးရပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေတိုးလာခဲ့တယ်
🕰️ အခုတော့ အဲလိုအများကြီးလုပ်တာထက် တစ်ချိန်မှာ တစ်ခုခုကို ထိထိရောက်ရောက်လုပ်ချင်လာတယ် Things to do list ထက် Things to be list ကို ပိုအာရုံစိုက်လာတယ် နေရာတကာ မပါချင်တော့ဘူး ဘ၀ကိုလဲ အများကြီး မေးခွန်းပြန်ထုတ်မိတယ် ငါအခုလုပ်နေတာတွေက ငါတကယ်လုပ်ချင်ရဲ့လား ငါအဲလောက်အချိန်ပေးသင့်ရဲ့လား ဥပမာပြောရရင် ငါအ၀တ်လျော်ဖို့ အချိန်ပေးတာနဲ့၊ ကလေးနဲ့ကစားတာ၊ သို့မဟုတ် စာဖတ်တာ ဘယ်တစ်ခုကို လုပ်ပြီး ဘယ်တစ်ခုကို သူများကိုတာ၀န်ပေးလိုက်မလဲ ကိုယ့်အလုပ်နဲ့ ပတ်သက်ရင် စာဖတ်တာက တန်ဖိုးအရှိဆုံးလို့ ထင်တဲ့အခါရှိသလို အ၀တ်လျော်လိုက်တာကလဲ အလုပ်ပြီးမြောက်လို့ စိတ်ကျေနပ်မှုပေးပြီး သူများကိုမလျော်ခိုင်းလို့ ငွေကို ချွေတာရာလဲ ရောက်တယ်လို့ တွေးမိတဲ့အခါလဲ ရှိတယ် ဒါပေမယ့်ဒီငွေလောက်လေးကို သုံးပြီး ကလေးနဲ့ဆော့တာ စာဖတ်တာက ပိုတန်ဖိုးရှိပါလားလို့ တွေးမိတဲ့အချိန်မှာတော့ အဲသလို လုပ်မိပြန်ရော သေချာပြန်စဥ်းစားကြည့်ရင် ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးတက်လာပြီး ရေရှည်မှာ တန်ဖိုးတက်စေမယ့်ဟာကို ပိုရွေးဖို့ ကြိုးစားလာတယ် ကိုယ့်ကိုယ်ကို ငါဘယ်သူဆိုတာ သတ်မှတ်နိုင်ဖို့ professional လမ်းကြောင်းကို ပိုအာရုံစိုက်ရတာပေါ့
သူများတကာ work life balance ပြောလို့ နားနားနေနေ နေဖို့ လုပ်ကြည့်သေးတယ် ကိုယ်ကတော့ တစ်ခုခုပြီးမြောက်မှ ကျေနပ်တတ်သူမို့ အဲလိုပုံစံနဲ့မကိုက်ဘူး အဲတော့ ရည်မှန်းချက်အသေး အကြီးတွေအမြဲချပြီး လုပ်တတ်တယ်
နေရာတကာလိုက်ပါနေရတာ မဖြစ်အောင် No ပြောတတ်ဖို့ သင်ယူရတယ် တာ၀န်ခွဲ၀ေပေးတတ်ဖို့ သင်ယူရတယ် ငါပဲလုပ်မှရမယ်ဆိုတဲ့ အတွေးတွေဖယ်ရတယ် အာရုံစူးစိုက်လုပ်နိုင်အောင်လေ့ကျင့်ရတယ် ကိုယ်အာရုံစိုက်လုပ်တဲ့အခါ ဖုန်းတွေဖယ်ထားတယ် တိတ်ဆိတ်အေးဆေးတဲ့နေရာ သို့မဟုတ် အချိန်ကို ရှာတယ် အဲလိုနည်းနဲ့ ကိုယ်ဦးစားပေးချင်တာတွေကို ဦးစားပေးဖြစ်ပါတယ်
🕰️တတိယ အခြေအနေက ငယ်ငယ်တုန်းကလဲ ဖြစ်ဖူးသလို နားရက်ရှည်တွေမှာလဲ ဖြစ်တတ်သေးတာကတော့ အချိန်အများကြီးရှိပေမယ့် ဘာမှမလုပ်ဖြစ်တာပဲ ဒါဆိုရင် ရည်ရွယ်ချက်ပန်းတိုင်တိတိကျကျ ထားဖို့လိုနေပါပြီ ရည်ရွယ်ချက်မရှိမှတော့ ဘာလုပ်ရမှန်းမသိဖြစ်ပြီပေါ့
ပိတ်ရက်မှာဆို မိတ်ဆွေတွေဆီသွားလည်မှာလား အိမ်သန့်ရှင်းရေးလုပ်မှာလား စာအုပ်ဖတ်မှာလား သေချာသတ်မှတ်ပြီးလုပ်ရင် ပြီးမြောက်မှုကရတဲ့ စိတ်ကျေနပ်မှုရနိုင်တယ် လူငယ်တွေဆိုရင်လဲ အလုပ်အတွေ့အကြုံရှာချင်တာလား ပညာတစ်ခုခုတတ်မြောက်ထားချင်တာလား သေချာသတ်မှတ်ပြီးလုပ်ရင် ကုန်သွားတဲ့အချိန်မှာ တစ်ခုခုတော့ကိုယ့်အတွက်ကျန်ခဲ့မှာ ဖြစ်ပါတယ်
ကိုယ် ဆယ်တန်းပြီးတုန်းကဆို ဘာလုပ်ရမှန်းမသိတော့ သင်တန်းတွေလိုက်တက်တယ် လုပ်အားပေးလုပ်တယ် အဲတာတွေကနေကိုယ်ဘာစိတ်၀င်စားလဲ ဘာလုပ်ချင်တာလဲ ပြန်ရှာရတယ်
⏰ အချိန်ကို စီမံတဲ့နေရာမှာ အချိန်ဆွဲတတ်တဲ့အကျင့်ရှိနေရင်တော့ မလုပ်ချင်တာကို ၅ မိနစ်လောက်လုပ်လိုက်မယ်ဆိုတဲ့ အလေ့အကျင့်ကို လုပ်ကြည့်ပါ ၅ မိနစ်လုပ်ရင်းစိတ်ပါလာလို့ ပြီးအောင်ဆက်လုပ်ချင်သွားတာများပါတယ် ဆက်မလုပ်ချင်ခဲ့ရင်တောင် ၅ မိနစ်စာတော့ လုပ်ပြီးသွားတယ်လေ တဖြေးဖြေးနဲ့ တစ်ခုခုဆို ချက်ချင်းထလုပ်တတ်တဲ့ အကျင့် ဖြစ်လာနိုင်ပါတယ်

တစ်ခြားသူအတွက်ဆိုင်မဆိုင် မသိဘူး ကိုယ့်အတွက်တော့ နာရီပတ်တာကလဲ အချိန်ကို ထိန်းချုပ်နိုင်ခြင်းတစ်မျိုးပဲ အချိန်ဘယ်လောက်လိုလဲ ဘယ်လောက်ကျန်လဲ သိဖို့ ဖုန်းရှာနေစရာ မလိုဘူး မေးနေစရာ မလိုဘူး ခဏရတဲ့ 5 မိနစ် 10 မိနစ်နဲ့ လုပ်ပြီးသွားတာတွေအများကြီးပဲ

🪷 အားလုံးကို ပြန်ချုပ်ရရင် ရည်ရွယ်ချက်က အဓိကကျပြီး အဲဒီရည်ရွယ်ချက်ရောက်အောင် စနစ်တကျ အစီအစဥ်ချရမှာပဲ ဖြစ်ပါတယ် အခုတော့ ဒီစာလေးပြီးအောင်ရေးမယ်ဆိုပြီး နေ့ရွေ့ညရွေ့လုပ်နေတာလေးကို ကျော်ပြီး ရေးပြီးလိုက်လို့ ကျေနပ်သွားပါပြီ

အဲလစ်

The teacher is an unexcused learner...In a world where there is so much to learn, and the teachers who are leading the l...
23/10/2025

The teacher is an unexcused learner...

In a world where there is so much to learn, and the teachers who are leading the learning community don't want to learn or do not enjoy learning, how could they show the learners how to learn???

Teachers must be the life long learner first..
The moment you stop learning, your profession dies..

You become stonehead person to welcome new ideas and hard to deal with..
You are stuck in old idea when you shut your learning door...

Show by Example not by talk..

I am an Introvert 🧊No offense to the glory of extroverts…I just want to appreciate the quiet strength of introverts.Peop...
12/10/2025

I am an Introvert 🧊

No offense to the glory of extroverts…
I just want to appreciate the quiet strength of introverts.
People often say to introverts, “Why do you live so seriously? Lighten up and enjoy life!” But introverts do enjoy life — simply and calmly. Why, then, do people measure happiness only by extroverted standards?
Extroverts are often praised for their energy and sociability — and that’s great! Meanwhile, introverts quietly support the people around them, without words, without boasting about the good things they’ve done.
I used to be impressed by the loud successes of extroverted leaders and friends. Honestly, it even made me feel inferior for a while. But now, I’ve learned to appreciate both who they are and who I am. I no longer compare my way of being happy with theirs — so please, don’t measure me by their standards either.
Many people have told me that I live too seriously. But I’m not trying to live seriously — I’m simply comfortable that way. I may not enjoy living randomly or carefreely, the way some describe as an easy-going lifestyle. And that’s okay. I’ve realized that I’m not wrong for living this way — maybe the mistake lies in those who try to measure me by their own standards.

I now find out that many introvert are successful in their career and life _simply by being themselves. They are calm, dedicated, and creative by nature.

Just as we introverts don’t try to change you extroverts, please don’t try to change us, okay?
Proud to be an Introvert 😎

သမီးလေးအတွက် ပညာရေး🌳သမီးကို ဘူးခွံလွတ်လို သဘောထားပြီး တတ်သင့်တယ်ဆိုတာတွေကို ကိုယ့်အတ္တအလျောက် လောင်းထည့်ပေးတာထက်မျိုးစေ့...
16/04/2025

သမီးလေးအတွက် ပညာရေး
🌳
သမီးကို ဘူးခွံလွတ်လို သဘောထားပြီး တတ်သင့်တယ်ဆိုတာတွေကို ကိုယ့်အတ္တအလျောက် လောင်းထည့်ပေးတာထက်
မျိုးစေ့လေးလို သဘောထားပြီး သရက်စေ့ဆို သရက်ပင်အဖြစ် ပန်းသီးစေ့ဆို ပန်းသီးပင်အဖြစ် ရှင်သန်လာအောင် သမီးရဲ့ ဖြစ်တည်မှုအတိုင်းကြီးပြင်းလာနိုင်အောင် ပျိုးထောင်ပေးမယ့် ပညာရေးမျိုး
☺️🩷🙌
သမီးလေးကို ဦးနှောက်ပဲရှိတဲ့လူလို သဘောထားပြီး တွေးတတ်အောင် ထက်မြက်အောင်ပဲ သင်ပေးတာထက်
နှလုံးသားနဲ့ ခံစားပြီး ချစ်တတ်အောင်ရော လက်ကိုအသုံးပြုပြီးလုပ်တတ်အောင်ရော ပျိုးထောင်ပေးတဲ့ Head, heart ,hand ပါတဲ့ ပညာရေးမျိုး
🤝👯 Collaboration
Capitalism, individualism, communism တို့လို့ ism ဆိုတဲ့ အယူဝါဒတစ်ခုခုကို ရှေ့တန်းတင်တဲ့ အတွေးအခေါ်တွေထက် အတူယှဉ်တွဲနေထိုင်ပြီး ပူးပေါင်းလုပ်ဆောင်တတ်အောင် ပျိုးထောင်ပေးမယ့် ပညာရေးမျိုး
❓❔❓Critical thinking
စာအုပ်ထဲပါရင်အမှန် လူကြီးကပြောရင်အမှန် လက်ခံရမယ်ဆိုတာထက် စဉ်းစားတွေးခေါ် ချင့်ချိန်တတ်အောင် မေးခွန်းမေးခွင့်ပေးမယ့် ဆွေးနွေးခွင့်ပေးမယ့် ပညာရေးမျိုး
🍳🍥🥟🥘 Creativity
သမီးလေးကို ကြက်ဥဆိုတာ ဒီလိုချက်စားရတယ် ဒီလိုမဟုတ်ရင်မှားတယ်လို့ သင်ပေးတာထက် ကြက်ဥချက်နည်းဆိုတာ တစ်နည်းထက်ပိုရှိလို့ အခြေခံသင်ပေးမယ် အခြားနည်းအမျိုးမျိုးကိုလဲစမ်းသပ်ဖို့ တီထွင်ဖန်တီးမှုကို အားပေးတဲ့ ပညာရေးမျိုး
👂👄 Communication
ပြောဆိုဆက်ဆံတတ်တယ်ဆိုတာ အထက်စီးကပြောနိုင်တာ ဒါမှမဟုတ် သူများအလိုကျပြောတတ်တာဆိုတာထက် တစ်ဖက်လူဆိုလိုချင်တာကိုလဲ သေချာနားထောင်တတ်သူဖြစ်ပြီး ကိုယ့်ရပ်တည်ချက် ခံစားချက်တွေကိုလဲ သူတစ်ပါးနားလည်အောင် ပြောပြတတ်‌ေအာင် အပြန်အလှန်လေးစားမှုနဲ့ ပြောဆိုတတ်အောင် ကောင်းတဲ့ဆက်ဆံရေးတွေ တည်ဆောင်နိုင်အောင် ပျိုးထောင်ပေးတဲ့ ပညာရေးမျိုး
🏞️🌴🌲🍀🌻
ဖွံ့ဖြိုးရေးခေါင်းစဉ်အောက်မှာ ကမ္ဘာကြီးရဲ့ ဂေဟစနစ်ကို လိုသလိုယူသုံးလို့ရတဲ့ သဘာ၀အရင်းအမြစ်အဖြစ်ပဲမြင်‌ေအာင် သင်ပေးတာထက် ကမ္ဘာမြေကြီးနဲ့ ဂေဟစနစ်ဆိုတာ သက်ရှိအားလုံးရှင်သန်ရပ်တည်ရာဖြစ်တဲ့အတွက် အသက်တွေရှင်သန်နိုင်ဖို့ ချစ်မြတ်နိုးပြီး ထိန်းသိမ်းတတ်အောင် လေ့ကျင့်ပေးတဲ့ ပညာရေးမျိုး
ဒီလိုပညာရေးမျိုး ပိုထွန်းကားလာအောင် မို့မို တို့ ကြိုးစားရဦးမယ် 🩵🤍💚
မို့မို

Address

Loikaw
09011

Website

Alerts

Be the first to know and let us send you an email when Talk the Walk by Elis posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category