Tye Phoe Ka Loe Christian Religious Education

Tye Phoe Ka Loe Christian Religious Education ဓမ္မပညာနှင့်ဆိုင်သော အချက်အလက်များ

15/07/2026

“အခက်ခဲဆုံး ကာလတွေကို ဖြတ်ကျော်ရတဲ့အခါ”

💟 ၁။ ကိုယ့်မှာ 'ရှိ'တာတွေကို အာရုံစိုက်ပါ။

စိတ်တွေ ပင်ပန်းဖိစီးလာတဲ့အခါ ကိုယ့်မှာ မရှိတာတွေကိုပဲ စဉ်းစားမိပြီး ဝမ်းနည်းတတ်တယ်။ ပူဆွေးတတ်တယ်။ ကိုယ့်မှာ ရှိနေသေးတာတွေကိုတော့ မေ့လျော့သွားတတ်တယ်။ ငွေကြေးအဆင်မပြေပေမဲ့ မိသားစု ရှိသေးတယ်။ အလုပ်မရှိတော့ပေမဲ့ ခြေ ၂ ဖက်၊ လက် ၂ ဖက်အကောင်းကြီး ရှိသေးတယ်။ ဒါကြောင့် စိတ်ပင်ပန်းပြီး အားငယ်မိတဲ့အခါတိုင်း ဒီအလေ့အကျင့်ကို လုပ်ကြည့်စေချင်တယ်။

💟 ၂။ အတိတ်နဲ့ အနာဂတ်ဟာ သက်သက်စီပဲဆိုတာ သတိပြုပါ။

အတိတ်မှာ မှားခဲ့တာတွေ ရှိမယ်။ ညံ့ခဲ့တာတွေ ရှိမယ်။ မလုပ်သင့်တာတွေ လုပ်ခဲ့မိမယ်။ ညစ်ထေးစွန်းပေနေမယ်။ ဒါပေမဲ့ အနာဂတ်ကတော့ ဘာဆိုဘာမှ မရေးရသေးတဲ့ စာရွက်တစ်ရွက်လိုပဲ။ အတိတ်မှာ ဖြစ်ခဲ့တာမှန်သမျှ အနာဂတ်မှာလည်း ထပ်ဖြစ်လိမ့်မယ်လို့ မမှတ်ယူပါနဲ့။ လက်ရှိပစ္စုပ္ပန်က ကိုယ့်လက်ထဲမှာပါ။ ဘာကိုမဆို ပြောင်းလဲပစ်ဖို့ ကိုယ်တတ်နိုင်ပါတယ်။

💟 ၃။ အခက်အခဲတွေဆိုတာ ပိုသန်မာလာစေဖို့ အခွင့်အလမ်းတွေပါ။

ဘယ်သူမဆို အဆင်ပြေချင်ကြတာချည်းပဲ ဆိုပေမဲ့ သေချာပြန်စဉ်းစားကြည့်ရင် ကိုယ့်ကို ပိုပြီး တိုးတက်လာစေတာ၊ ရင့်ကျက်လာစေတာ၊ သန်မာလာစေတာ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ၊ ရှုံးနိမ့်မှုတွေပါ။ ဒါကြောင့် Obstacles မဟုတ်ပါဘူး။ Opportunity to grow သာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် Application တစ်ခုလို သဘောထားကြည့်မယ်ဆိုရင် ခက်ခဲတဲ့ အခိုက်အတံ့တွေ ဆိုတာ ဒီ App ကို Update လုပ်နေတဲ့ ဖြစ်စဉ်တွေပါပဲ။

💟 ၄။ တစ်ခါတလေ လဲပြိုခွင့်ပေးပါ။

“It’s ok to not be ok.” လူဆိုတော့ ပြိုလဲတဲ့အခါ ရှိမှာပေါ့။ အချိန်ပြည့် သန်မာနေရအောင် စက်ရုပ်မှ မဟုတ်တာ။ ဒါကြောင့် ကာလတစ်ခုတော့ ငိုပါ။ ဝမ်းနည်းပါ။ ပူဆွေးပါ။ ပြီးမှ လုပ်စရာရှိတာတွေ ဆက်လုပ်ပါ။

💟 ၅။ ညဘက်မှာ ဘာတွေပဲ ဖြစ်နေပါစေ၊ မနက်ကျရင်တော့ နေပြန်ထွက်လာမှာပဲ။

ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် အမြဲဖြစ်မနေပါဘူး။ သက်တမ်းကုန်ဆုံးရက် ဆိုတာ ရှိပါတယ်။ ဒါကြောင့် ပျော်စရာနဲ့တွေ့လည်း အပျော်မလွန်နဲ့။ ဘယ်အရာမှ မတည်မြဲဘူး။ ဒုက္ခနဲ့တွေ့လည်း အရှုံးမပေးနဲ့။ ဘယ်အရာမှ မတည်မြဲဘူး။

💟 ၆။ မဖြစ်သေးတာကို တွေးပူခြင်းက ၂ ခါ ရှုံးစေတယ်။

ဖြစ်မလာခဲ့ရင် တွေးပူခဲ့ရတာ အလကားပဲ။ ပင်ပန်းတာပဲ အဖတ်တင်တယ်။ ဖြစ်လာခဲ့တော့ရော တွေးပူခဲ့လို့ ဘာများထူးသွားလဲ။ ကြိုပြီး ပူလောင်ရတာတောင် ပိုသေးတယ်။

မှတ်ထားပါ။ ပြဿနာတွေဆိုတာ တွေးပူရုံနဲ့ မသက်သာသွားဘူး။ ဖြစ်လာနိုင်တာတွေအတွက် ခေါင်းအေးအေးနဲ့ ကြိုတင်ပြင်ဆင်ထားခြင်းကသာ အကူအညီ ဖြစ်တာပါ။

💟 ၇။ ပြီးပြည့်စုံတဲ့ ဘဝဆိုတာ မရှိဘူး။

ဆိုရှယ်မီဒီယာပေါ်မှာတော့ ကောင်းတာတွေပဲ တင်ကြတာပေ့ါ။ ဒီအခါ ကိုယ့်ဘဝရဲ့ အစစ်အမှန်နဲ့ သူများဘဝရဲ့ Highlights တွေကို သွားယှဉ်မိတတ်တယ်။ အဲဒါက အခက်အခဲတွေ ကြုံနေရချိန်မှာ လူကို ပိုပြီး စိတ်ဓါတ်ကျစေတယ်။ ဒါကြောင့် ဘယ်သူမဆို ကိုယ်စီကိုယ်စီ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုခုမှာတော့ ရုန်းကန်နေကြရတာချည်းပဲ ဆိုတာကို မမေ့ဖို့ လိုပါတယ်။

💟 ၈။ ပိုကောင်းဖို့ ဖြစ်လာတာတွေလည်း ရှိတတ်တယ်။

အခက်အခဲတိုင်းကိုတော့ မဆိုလိုပါဘူး။ သို့သော် တချို့သော ကိစ္စတွေကတော့ ရုတ်တရက်ဆို ဒုက္ခဆင်းရဲလို့ ထင်ရပေမဲ့ ကိုယ့်အတွက် ပိုကောင်းဖို့ ဖြစ်လာတာတွေလည်း ရှိတတ်တယ်။ အိမ်ထောာင်ကွဲပြီးမှ ချစ်ခြင်းမေတ္တာကို ပိုတန်ဖိုးထားတတ်လာတာမျိုး၊ သေလုနီးနီး ဖြစ်ပြီးမှ ဘဝအမြင်တွေ ပြောင်းကုန်တာမျိုး၊ အလုပ်ပြုတ်သွားတော့မှ ကိုယ်တကယ်ရူးသွပ်တဲ့ အလုပ်ကို လုပ်ခွင့်ရတာတွေမျိုး စသဖြင့်ပေါ့။

💟 ၉။ ရယ်မောခြင်းသည် အကောင်းဆုံးဆေးတစ်ခွက်

ဒုက္ခရောက်နေပါတယ်ဆိုမှ ဘယ်လိုရယ်မလဲ။ နေရာတကာ ဟာသလုပ်နေဖို့တော့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရာရာတိုင်းမှာ Serious မထားပါနဲ့။ ရယ်စရာရှိ ရယ်ပါ။ ပေါ့ပေါ့ပါးပါး သဘောထားသင့်တဲ့နေရာ သဘောထားပါ။ Sense of humor ဟာ ဘဝအခက်အခဲတွေကို ရင်ဆိုင်ရာမှာ အများကြီး အထောက်အကူ ဖြစ်ပါတယ်။

(ရေးခဲ့ဖူးတဲ့ ဆောင်းပါးဟောင်းကို ပြန်တင်ထားတာပါ။ အပြည့်အစုံကို 21 Podcast မှာ နားထောင်နိုင်ပါတယ်။ ကွန်မန့်မှာလည်း လင့်ခ်ချထားပေးပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ)

26/06/2026

ယူကရိန်း သမ္မတဇာလန်စကီးက
သူ့နိုင်ငံရဲ့လူထုကိုပြောတယ်

" ခင်များတို့ရဲ့ ရုံးတွေမှာ ကျွန်တော့်ဓာတ်ပုံ ထားတာကို ကျွန်တော် မနှစ်သက်ပါဘူး၊ ကျွန်တော်က ဘုရားသခင်လည်း မဟုတ်သလို ကောင်းချီးမင်္ဂလာ ခံယူဖို့ရာ သူတော်စင်လည်းမဟုတ်ပါဘူး။
ကျွန်တော်ဟာ လူထုကို အလုပ်အကျွေးပြုတဲ့ လခစားဝန်ထမ်း သက်သက်ပဲ ဖြစ်ပါတယ်"။

" ခင်များတို့ ကလေးတွေရဲ့ ဓာတ်ပုံကို ထားကြပါ၊
တစ်ခုခု ဆုံးဖြတ်လုပ်ကိုင်ခြင်းမပြုခင်၊ အရင် သူတို့လေးတွေရဲ့မျက်နှာကို ကြည့် လို့ရတာပေါ့ "တဲ့။

အရမ်းတန်ဖိုးရှိတဲ့ မှတ်သားစရာစကားပါ။
Crd

#လေးစားထိုက်သော ခေါင်းဆောင်ကြီးပါဗျာ

17/06/2026

ကလေးများကိုဘုရားသခင်အား ကျေးဇူးတင်တတ်အောင်လေ့ကျင့်ပေးပါ။
------------------------------------------------
ကောရိန္သုဩဝါသစာဒုတိယစောင်။ 9:15 ပြော၍မကုန်နိုင်သော ဘုရားသခင်၏ ဆုကျေးဇူးတော်ကို အောက်မေ့၍ ချီးမွမ်းခြင်းရှိစေသတည်း။

ခရစ်ယာန်အသက်တာရဲ့လုပ်ဆောင်ရမဲ့အရာအထဲမှာ ဘုရားသခင်ကို ကျေးဇူးတင်တတ်ခြင်းဟာလည်း အရေးကြီးတဲ့ အရာများထဲက တစ်ခုဖြစ်ပါတယ်။ ဘုရားသခင်ကိုကျေးဇူးတင်တတ်ဖို့ပြီးရင် လူလူချင်းကျေးဇူးတင်တတ်ဖို့ဆိုတာ အသက်ကြီးလာမှ သင်ယူရမဲ့အရာမျိုးမဟုတ်ပါဘူး။
ကလေးဘ၀ ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးရမဲ့ အရာဖြစ်ပါတယ်။

အချို့က ဘုရားဆီက ခံစားရရှိတဲ့ အရာတွေ အပေါ်ကျေးဇူးတင်ရမှန်းမသိပါဘူး။ ဘာကြောင့်လဲဆိုရင် ငယ်ငယ်ထဲက မသင်ပြထားလို့ဖြစ်ပါတယ်။ ကလေးကိုတစ်ခုခု၀ယ်ပေးတယ်ဆိုရင် ဘုရားသခင်ကြောင့်ရတာမျိုးဆိုတာပြောပြသင်ပြပေးရမှာ ဖြစ်ပါတယ်။
ဘုရားကို ကျေးဇူးတင်တတ်တဲ့အခါမှာ ပိုများတဲ့ ကောင်းကြီးမဂ်လာခံစားရမယ်ဆိုတာ သင်ပြပေးရမှာ ဖြစ်ပါတယ်။

ကျမ်းစာထဲမှာဆိုရင် ကလေးငယ်လေးလက်ထဲမှာ ရှိတဲ့ မုန့်ငါးလုံးနဲ့ငါးနှစ်ကောင်ဟာ ကျေးဇူးတော်ချီးမွမ်းလိုက်တဲ့အခါ (ဘုရားကိုကျေးဇူးတင်လိုက်တဲ့အခါ)မှာ ပိုပြီးများပြားလာတာပဲ ဖြစ်ပါတယ်။

ကလေးငယ်တွေကို လျစ်လျူရှုထားလို့မရပါဘူး။ သူတို့ကိုခရစ်ယာန်အသက်တာနဲ့ ပက်သက်တာကို လူကြီးတွေက သင်ပြပေးရမှာ ဖြစ်ပါတယ်။

တစ်ချို့လူကြီးတွေကို တွေ့ဖူးပါလိမ့်မယ်။ သူတပါးဆီက တစ်ခုခုရရှိတဲ့အခါမှာ "ကျေးဇူးတင်ပါတယ်" လို့မပြောတတ်ကြပါဘူး။ အချို့ကျတော့လည်း "ကျေးဇူးတင်တာကစားရတာမဟုတ်ဘူး"ဆိုပြီး ပြန်ပြောသူတွေ ရှိပါတယ်။
ဒါဟာ ကျေးဇူးတင်ခြင်းရဲ့ တန်ဖိုး၊ အစွမ်းကိုမသိလို့၊ သင်ကြားမခံရခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

"ကျေးဇူးတင်ပါတယ်'' ဆိုတဲ့စကားဟာ မစားရတာ၊ ပိုက်ဆံမရတာမှန်ပေမဲ့ အသိအမှတ်အပြုခံရတယ်ဆိုတဲ့ ခံစားချက်ကိုပေးနိုင်ပါတယ်။ တစ်ဦးမေတ္တာတစ်ဦးမှာ ဆိုတဲ့ သဘောကိုသက်ရောက်စေပါတယ်။
ခရစ်ယာန်အသက်တာမှာဆိုရင် ငယ်စဉ်ကနေ ဘ၀အဆုံးထိ ယူတင်၀တ်ဆင်ရမဲ့ အဆင်တန်ဆာတစ်ခုလည်း ဖြစ်ပါတယ်။

သခင်ခရစ်တော်ကိုယ်တိုင်က သူ့သွားရောက်လည်ပါတ်တဲ့နေရာ၊ အိမ်တွေမှာ တရားဒေသနာဟောကြားခြင်း၊ အနာရောဂါကုသခြင်းနဲ့ ကျေးဇူးတုံ့ပြန်ပါတယ်။ကျေးဇူးမသိတတ်သူဟာ ဘုရားသခင်မေတ္တာကို လျစ်လျူရှုသူဖြစ်ပါတယ်။

ခရစ်ယာန်တွေရဲ့ ဘုရားကိုကျေးဇူးတင်ခြင်းနဲ့ပက်သက်ပြီး အခြားဘာသာ၀င်များ အမြင်လွဲမှားနေတဲ့ အရာလေးတစ်ခုရှိပါတယ်။
တစ်ခါက ကျနော်က ခရီးတစ်ခုကို လမ်းလျှောက်သွားနေပါတယ်။ အဲ့ဒီအချိန်မှာပဲ ကျွန်တော်ါအသိဟာ ဆိုင်ကယ်နဲ့ ဖြတ်လာပြီး လမ်းလျှောက်နေတဲ့ ကျနော့်ကိုတင်ခေါ်သွားပါတယ်။ ကျွန်တော်ကသူ့နောက်ကနေ ဆိုင်ကယ်စီးရင်း "ဘုရားကျေးဇူးတော်ပဲကွာ" "ဘုရားသခင်ကမင်းကိုပြင်ဆင်ပေးတာ'' "ငါလမ်းမလျှောက်ရတော့ဘူးဆိုပြီး ဘုရားကို အရင်ချီးမွမ်းပါတယ်။ အဲ့ဒီအချိန်မှာ သူငယ်ချင်းက " ငါကဆိုင်ကယ်မောင်းရတာ" "မင်းက ဘုရားးကိုကျေးဇူးတင်နေတယ်၊'' လို့ပြန်ပြောပါတယ်။

ကျွန်တော်လည်းသူနားလည်မှုလွဲနေတာလေးကို ရှင်းပြခဲ့ပါတယ်။ ငါတို့ခရစ်ယာန်တွေက ဘာလုပ်လုပ်၊ ဘာပဲ ကြုံရကြုံရ ဘုရားကိုအရင်ကျေးဇူးတင်ရတယ်။ ပြီးမှသာလျှင်သက်ဆိုင်တဲ့ လူတွေကို ကျေးဇူးတင်ရပါတယ်။ အခုလည်း ပြင်ဆင်ပေးတဲ့ ဘုရားကိုကျေးဇူးတင်သလို ဆိုင်ကယ်မောင်းပေးတဲ့ မင်းကိုလည်း အထူးကျေးဇူးတင်ပါတယ်လို့ ပြောခဲ့ပါတယ်။

ခရစ်ယာန်အသက်တာရဲ့ ထူးခြားမှုက အဲ့ဒါပါပဲ။ လူအချို့က အပြေးမြန်တဲ့ မြင်းကိုချီးမွမ်းမယ်။ ကောင်းမွန်တဲ့ လက်နက်တွေကိုချီးမွမ်းပါလိမ့်မယ်။ ခရစ်ယာန်တွေကတော့ ဘုရားကိုအရင်ချီးမွမ်းတတ်ရပါတယ်။

ဒီလိုချီးမွမ်းတတ်ဖို့ဆိုတာလည်း အလိုလိုသိလာတာမဟုတ်ပါဘူး။ ဆရာသမားမိဘများက ငယ်စဉ်ထဲက သင်ကြားပေးထားရတာဖြစ်ပါတယ်။ မိမိတို့ကလေးငယ်များကို ကျေးဇူးတင်တတ်အောင်မသင်ပေးရင် ကျေးဇူးကန်းသူကလေးများ ဖြစ်လာပါလိမ့်မယ်။

ဒါကြောင့်ခရစ်ယာန်အသက်တာရဲ့ အရေးကြီးလှတဲ့ ဘုရားသခင်ကို ကျေးဇူးတင်တတ်သော စိတ်ထားကို ငယ်စဉ်ထဲက မွေးမြူနိုင်အောင် သင်ကြားပေးကြရအောင်။

J ONE
to

Address

Tye Phoe Ka Loe Village
Loikaw
@@@@

Website

Alerts

Be the first to know and let us send you an email when Tye Phoe Ka Loe Christian Religious Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category