Karenni People's Page

Karenni People's Page Social Media
(646)

28/01/2026

🥰🥰

‼️‼️ဒီးမော့ဆိုအနောက်ခြမ်း(28.4.2025)နေ့လည် (၂)နာရီ‌ ဝန်းကျင်အချိန်ခန့် ၊ တောင်ပေါ်က ကျောက်တုံးကြီးလိမ့်ကျမှုကြောင့် စစ်ရ...
28/04/2025

‼️‼️ဒီးမော့ဆိုအနောက်ခြမ်း
(28.4.2025)
နေ့လည် (၂)နာရီ‌ ဝန်းကျင်အချိန်ခန့် ၊ တောင်ပေါ်က ကျောက်တုံးကြီးလိမ့်ကျမှုကြောင့် စစ်ရှောင်ပြည်သူ (၁)ဦး ထိခိုက်သေဆုံးခဲ့ရပါတယ်။

ငလျင်ဒဏ်နောက်ဆက်တွဲကြောင့် တောင်ပေါ်က ကျောက်တုံးတွေ မခိုင်မာတော့ဘဲ မိုးက ထပ်ရွာခဲ့တာကြောင့် ကျောက်တုံးကြီး လိမ့်ကျလာတယ်လို့ ယူဆရပါတယ်။

ဒီဖြစ်စဥ်ကြောင့် လေဖြတ် ရောဂါခံစားနေရတဲ့ စစ်ဘေးရှောင် အဖိုးတစ်ဦး သေဆုံးခဲ့ရပါတယ်။

ကျောက်တောင်အနီး နေထိုင်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူများလည်း အထူးဂရုစိုက်ကြပါခင်ဗျာ။

ပြင်းထန်ငလျင်ကြောင့် အပျက်အစီးများနိုင် ၊ မတ် ၂၈၊ ၂၀၂၅ မြန်မာနိုင်ငံ ဒေသတော်တော်များများနှင့် ထိုင်းနိုင်ငံ ဘန်ကောက်၊ ချ...
28/03/2025

ပြင်းထန်ငလျင်ကြောင့် အပျက်အစီးများနိုင်
၊ မတ် ၂၈၊ ၂၀၂၅

မြန်မာနိုင်ငံ ဒေသတော်တော်များများနှင့် ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက်တို့တွင် ယနေ့ နေ့လယ်ပိုင်း၌ ငလျင်လှုပ်ခြင်းကို သိသာစွာခံစားလိုက်ကြရသည်။

ကနဦးအချက်အလက်များအရ ငလျင်ဗဟိုချက်သည် မန္တလေးမြို့မှ ၆ မိုင်လောက်အကွာ၌ဖြစ်ပြီး အင်အား ၇ ဒသမ ၅ ရစ်တာစကေးခန့်ရှိရာ အင်အားအလွန်ပြင်းထန်သည့် ငလျင်တခုဖြစ်သည်။

ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးတို့မှ ထိခိုက်ပျက်စီးမှုများအား လူမှုကွန်ရက်တွင် မျှဝေလျက်ရှိသည်။

မည်သည့်အရပ်ဒေသများတွင် ငလျင်လှုပ်ခတ်မှုအား သိသိသာသာ ခံစားရပါသလဲ၊ အပျက်အစီး ဘယ်လောက်ရှိသလဲဆိုတာ ကွန်မန့်မှာ မှတ်ချက်ပေးသွားနိုင်ပါသည်။

ပုံစာ - စစ်ကိုင်း၊ မန္တလေးမှ အပျက်အစီးတချို့ / CJ




စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

မိုးဗြဲတိုက်ပွဲအတွင်း နေပြည်တော်PDF ဒုတပ်ခွဲမှူး (၁) ဦး ကျဆုံးကရင်နီ ၊ မတ် ၂၄ရှမ်း - ကရင်နိီနယ်စပ် မိုးဗြဲမြို့ တိုက်ပွ...
25/03/2025

မိုးဗြဲတိုက်ပွဲအတွင်း နေပြည်တော်PDF ဒုတပ်ခွဲမှူး (၁) ဦး ကျဆုံး

ကရင်နီ ၊ မတ် ၂၄

ရှမ်း - ကရင်နိီနယ်စပ် မိုးဗြဲမြို့ တိုက်ပွဲအတွင်း နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ် - တပ်ရင်းအမှတ် (၈၀၅) ၏ ဒုတပ်ခွဲမှူး ရဲဘော်ကျော်တေဇ ကျဆုံးခဲ့ရကြောင်း (၈၀၅) တပ်ရင်း၏ တပ်ရေးတာဝန်ခံ ရဲဘော်ကိုဦးကပြောသည်။

ရဲဘော်ကျော်တေဇသည် တပ်ရင်းအမှတ် (၈၀၅) ၏ တပ်ခွဲ (၁) တွင် ဒုတပ်ခွဲမှူးအဖြစ်တာဝန်ယူထားကာ မိုးဗြဲမြို့ တိုက်ပွဲအတွင်း မတ်လ (၂၂) ရက်နေ့က ကျဆုံးခဲ့ပြီး ယနေ့ (မတ်လ ၂၄ ရက်နေ့) တွင် စျာပနအခမ်းအနားပြုလုပ် သဂြိုလ်ခဲ့သည်။

" ရန်သူစစ်ကြောင်းထိုးလာတဲ့အချိန် ထုံးစံအတိုင်း လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ကပ်လာတယ် ။ ကျွန်တော်တို့ဆီက ရဲဘော်တစ်ယောက် ခြေထောက် ကိုအရင်ထိမှန််တယ်။ အဲ့မှာ ဒဏ်ရာရ ရဲဘော်ကိုလည်း အနောက်ကိုပို့ရင်း ကာပစ်ရင်းနဲ့ အဲ့မယ် ဒရုန်းထပ်ကျတော့ ရဲဘော်ငတေက ဦးခေါင်းထိမှန်ပြီး ကျဆုံးသွားပြှးတော့ နောက်ထပ် (၃) ယောက်က ဒဏ်ရာ ရရှိထားပါတယ် " ဟု (၈၀၅) တပ်ရင်း ရေးတာဝန်ခံ ကိုဦးက ပြောသည်။

နေပြည်တော် PDF အမှတ် (၈၀၅) တပ်ရင်းတွင် ကျဆုံးရဲဘော် (၄) ဦး ရှိကာ မိုးဗြဲတိုက်ပွဲအတွင်း (၂) ဦးကျဆုံးခဲ့ရကြောင်း ၎င်း က ဆိုသည်။

(၈၀၅) တပ်ရင်းအနေဖြင့် မိုးဗြဲမြို့တိုက်ပွဲများတွင် ၂၀၂၂ ခုနှစ်မှစ၍ ယခုအချိန်အထိ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းပါဝင်တိုက်ခိုက်နေသည့် တပ်ရင်း ဖြစ်ကြောင်း ပြောကြားသည်။

KPV News
KPV-Photo/Nyein Mg

မိုးဗြဲ တိုက်ပွဲတွင် စစ်ကောင်စီအထိနာပြီး ပြန်ဆုတ်၊တော်လှန်ရေး ရဲဘော် (၄)ဦး ကျဆုံးကရင်နီ၊ ဖေဖော်ဝါရီ ၂၈ရှမ်း-ကရင်နီ နယ်စ...
28/02/2025

မိုးဗြဲ တိုက်ပွဲတွင် စစ်ကောင်စီအထိနာပြီး ပြန်ဆုတ်၊
တော်လှန်ရေး ရဲဘော် (၄)ဦး ကျဆုံး

ကရင်နီ၊ ဖေဖော်ဝါရီ ၂၈

ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ တိုက်ပွဲတွင် စစ်ကောင်စီ၏ စစ်ကြောင်းကို ခုခံရင်း တော်လှန်ရေး ရဲဘော် (၄)ဦး ကျဆုံးခဲ့ကြောင်း မိုးဗြဲ PDF ကယ်ဆယ်ရေးဆေးအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် မိုးဗြဲ မြို့ကို ပြန်လည်ထိန်းချုပ်ရန် ခမရ (၄၂၂)ကနေ အင်အားအလုံးအရင်းဖြင့် ယမန်နေ့ ဖေဖော်ဝါရီ (၂၇)ရက်နေ့တွင် စစ်ကြောင်းထိုးလာ၍ PDF၊ KNDF၊ ကရင်နီတပ်ပေါင်းစုနှင့် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေကြောင်း ဖော်ပြထားသည်။

ထိုသို့ တော်လှန်ရေးတပ်ဖွဲ့များ၏ ခုခံစစ်ကြောင့် စစ်ကောင်စီဘက်က အထိနာနေပြီး ထိုးစစ်ဆက်မဆင်နိုင်ဘဲ စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားကြောင်း မိုးဗြဲ PDF ကယ်ဆယ်ရေးဆေးအဖွဲ့က ထုတ်ပြန်ထားသည်။

" စစ်ရေးအခြေအနေက လက်ရှိ​ေတာ့ မငြိမ်သေးဘူး " ဟု မိုးဗြဲ PDF ကယ်ဆယ်ရေးအဖွဲဲ့က ပြောကြားသည်။

စစ်ကောင်စီက မိုးဗြဲမြို့ကို ပြန်လည်ရယူရန် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ စ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တကျော့ပြန်ထိုးစစ်ပြန်လည်စတင်ကာ တိုက်ပွဲများ နေ့စဥ် ဖြစ်ပွားလေ့ရှိသည်။

ထို့အပြင် စစ်ကောင်စီဘက်က မိုးဗြဲမြို့တိုက်ပွဲများတွင် လေယာဥ်၊လက်နက်ကြီးများအပြင် ဒရုန်းဖြင့် မီးလောင်ဗုံးများ၊ အဆိပ်ဗုံးများပါ အသုံးပြုတိုက်ခိုက်လေ့ရှိသည်။

မိုးဗြဲမြို့တိုက်ပွဲများတွင် စစ်ကောင်စီက အများပြည်သူနေထိုင်ရာ နေရာများကိုပါ စစ်ရေးပစ်မှတ်များအဖြစ် တိုက်ခိုက်နေသည့် အတွက် မိုးဗြဲ မြို့တွင် ဖြတ်သန်းသွားလာမှုကို ဖေဖော်ဝါရီ (၂၄)ရက်နေ့မှ (၂၈)ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်း KNDF တပ်ရင်း (၃)နှင့် မိုးဗြဲ PDF တို့က ထုတ်ပြန်ထားသည်။

KPV News

Photo - မိုးဗြဲ PDF ကယ်ဆယ်ရေးဆေးအဖွဲ့

#မိုးဗြဲ #တိုက်ပွဲ #တော်လှန်ရေးရဲဘော်၄ဦး #ကျဆုံး

RIP ပါ ရဲဘော်တို့😥😥စစ်ကောင်စီရဲ့ ဒရုန်းကြောင့် ကရင်နီဝံပုလွေစစ်ကြောင်းက ရဲဘော် ၃ ဦးထိမှန်ခဲ့ရာ ၂ ဦးကျဆုံးသွားပြီး ၁ ဦးမှ...
07/02/2025

RIP ပါ ရဲဘော်တို့😥😥
စစ်ကောင်စီရဲ့ ဒရုန်းကြောင့် ကရင်နီဝံပုလွေစစ်ကြောင်းက ရဲဘော် ၃ ဦးထိမှန်ခဲ့ရာ ၂ ဦးကျဆုံးသွားပြီး ၁ ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး လက်ရှိ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ မနေ့က​ ဖေဖော်ဝါရီလ (၆) ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ ကျဆုံးသွားခဲ့ပါတယ်၊၊

ကရင်နီပြည် နှင့် ကရင်နီ-ရှမ်းတောင် အစပ် တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၄၀ ကျော် သေဆုံး၊ မိုးဗြဲမြို့ကို စစ်တပ်က အင်အ...
02/02/2025

ကရင်နီပြည် နှင့် ကရင်နီ-ရှမ်းတောင် အစပ် တိုက်ပွဲများတွင် စစ်ကောင်စီ တပ်သား ၄၀ ကျော် သေဆုံး၊ မိုးဗြဲမြို့ကို စစ်တပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ် ဆင်တိုက်ခိုက်နေမှုကြောင့် နေ့စဉ် တိုက်ပွဲ ပြင်းထန်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ကရင်နီပြည် နှင့် ကရင်နီ -ရှမ်းတောင်အစပ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၀ ကျော် သေဆုံးခဲ့ပြီး မိုးဗြဲမြို့ကိုလည်း စစ်တပ်က အင်အားအလုံးအရင်းဖြစ် ထိုးစစ်ဆင်တိုက်ခိုက်နေမှု ကြောင့် နေ့စဉ်တိုက်ပွဲ ပြင်းထန်နေကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ မိုးဗြဲအခြေစိုက် ခမရ ၄၂၂ တပ်မှ မိုးဗြဲမြို့တွင်းသို့ ဦးတည်၍ စစ်ကောင်စီဘက်မှ အင်အားအလုံး အရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သဖြင့် တစ်နေကုန် နီးပါး တိုက်ပွဲပြင်း ထန် ခဲ့ကာ ကရင်နီပူးပေါင်းတော်လှန်ရေးတပ်များမှ ကောင်းမွန်စွာ ခုခံတိုက်ခိုက်နိုင်ခဲ့ပြီး ယနေ့ချိန် ထိ မိုးဗြဲမြို့အား ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း၊ ထို့အတူ တိုက်ပွဲများဆက်လက်၍ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ကရင်နီ-ရှမ်းတောင် အစပ်ရှိ မိုးဗြဲမြို့တွင်းသို့ ဝင်ရောက်နိုင်ရေး အတွက် စစ်ကြောင်းထိုးရန် ကြိုးပမ်းနေသောကြောင့် နေ့စဉ် ထိတွေ့မှုများရှိနေခဲ့ပြီး စစ်ကောင်စီ တပ်ဘက်မှ ဒရုန်း၊ လက်နက်ကြီးများကို အလွန်အကျွံအသုံးပြု၍ တိုက်ခိုက်မှုများကို နေ့စဉ်နီးပါး တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ကရင်နီ - ရှမ်းတောင် အစပ်ရှိ ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာအပြင်ရှိ စေတီကုန်းပေါ်၌ တပ်စွဲထားသော စစ်ကောင် စီနှင့် PNO တို့ ပူးပေါင်း စခန်းကုန်းကို KNDF အပါအဝင်တော်လှန်ရေး တပ်များ ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၃၀ ကျော်သေဆုံးကာ လက်နက် ကြီး ငယ်အစုံ ၂၈ လက်ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၁၂ ရက်နေ့ ဘောလခဲမြို့နယ်၊ မိုင်းထမ်းကျေးရွာနှင့် ဝမ်မလန်းကျေးရွာ ကြားသို့ စစ် ကြောင်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့များကို KNDF အပါအဝင် ကရင်နီ တော် လှန်ရေး တပ် ဖွဲ့များပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးကာ လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁ လတာအတွင်း စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်များကို ရဲရင့်စွာတိုက်ခိုက်ရင်း KNDF မှ ရဲဘော် ၆ ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

ဇန်နဝါရီလ ၁ လတာအတွင်း ကရင်နီပြည်နယ်နှင့် ကရင်နီ-ရှမ်းတောင် နယ်စပ်တို့တွင် စစ်ကောင်စီ မှ အကြောင်းမဲ့ လေ ကြောင်း တိုက်ခိုက်မှု ၃၁ ကြိမ်ထက်မနည်းပြုလုပ်ခဲ့သလို လက်နက်ကြီးဖြင့် ပစ် ခတ်တိုက်ခိုက်မှု ၃၀ ကြိမ်နှင့်အထက် ပြု လုပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ အကြောင်းမဲ့လေကြောင်း တိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကလေးငယ် ၂ ဦးအပါ အဝင် စုစုပေါင်းအရပ်သားပြည်သူ ၇ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၃ ဦး၊ ကိုယ် ဝန်ဆောင်မိခင် ၁ ဦးအပါအဝင် စုစုပေါင်းအရပ်သားပြည်သူ ၁၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က လေယာဉ်၊ လက်နက်ကြီး ၊ဒရုန်းများဖြင့် အပြင်း အထန်တိုက်ခိုက်ခဲ့ မှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၃၀ နီးပါးနှင့် ဘာသာရေးအဆောက်အအုံးများ ထိခိုက် ပျက်စီးခဲ့ကြောင်း၊ ကရင်နီပြည်နယ်တွင်းနှင့် ကရင်နီ-ရှမ်းတောင်နယ်စပ်တို့တွင် စစ်ကောင်စီ၏ လေ ကြောင်း ၊ လက်နက်ကြီး ၊ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူနေ အိမ် ၃၈ လုံး နှင့်အထက် ထိခိုက်ပျက်ဆီးခဲ့ပြီး စာသင်ကျောင်း ၂ ကျောင်း ၊ ဘုန်ကြီးကျောင်း ၅ ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁ လတာအတွင်း စစ်ကောင်စီတပ်မှ ဒုအရာခံဗိုလ် ၁ ဦး ၊ တပ်သား ၉ ဦး စုစုပေါင်း တပ် ဖွဲ့ဝင် ၁၀ ဦးသည် သေ နတ် ၇ လက်နှင့်အတူ KNDF သို့ ဘက်ပြောင်းခိုလှုံလာခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

မိုးဗြဲတိုက်ပွဲအတွင်း SSRY နှင့် SSLRU က ရဲဘော် (၃)ဦး ကျဆုံးကရင်နီ၊ ဇန်နဝါရီ ၂၈ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ တိုက်ပွဲ...
28/01/2025

မိုးဗြဲတိုက်ပွဲအတွင်း SSRY နှင့် SSLRU က ရဲဘော် (၃)ဦး ကျဆုံး

ကရင်နီ၊ ဇန်နဝါရီ ၂၈

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ တိုက်ပွဲအတွင်း အမှတ် (၁၀၀၈) တပ်ရင်း SSRY ရဲဘော် ၁ ဦးနှင့်
ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေး တပ်ပေါင်းစု (SSLRU) ရဲဘော် (၂)ဦး လက်နက်ကြီးထိမှန် ကျဆုံးခဲ့ကြောင်း SSLRU သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဆစ်ဝေက KPV ကိုပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ (၂၇)ရက်နေ့ နေ့လည် (၂)နာရီ ခန့်တွင် စစ်ကောင်စီက ပစ်ခတ်လိုက်သည့် ၁၂၀ မမ လက်နက်ကြီး ထိမှန်မှုကြောင့် SSLRU ရဲဘော် (၂)ဦးနှင့် SSRY ရဲဘော် (၁)ဦး ကျဆုံးခဲ့ရပြီး ရဲဘော် (၃)ထိခိုက်ဒဏ်ရာရရှိခဲ့​ကြောင်း ၄င်းက ဆိုသည်။

" မိုးဗြဲတိုက်ပွဲအတွင်း Yellow zone မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရပါတယ်၊ ၁၂၀ မမ တစ်လုံး ရဲဘော်တွေနား ကပ်ကျတာ ၊ ၆ ခြောက်ထိခိုက်ဒဏ်ရာရရှိ ပြီး ၃ ယောက်ကျသွားပါတယ် " ဟု ကိုဆစ်ဝေက ပြောကြားသည်။

အဆိုပါ ကျဆုံးသွားသည့် ရဲဘော်များ၏ စျာပန အခမ်းအနားကို ယနေ့ ဇန်နဝါရီလ (၂၈)ရက်နေ့တွင် ကရင်နီပြည်တစ်နေရာ၌ ပြုလုပ်ပေးခဲ့ပြီး တရားနာခြင်း၊ ဂုဏ်ပြု အလေးပြုခြင်းနှင့် မြေချ သင်္ဂြိုလ်ခြင်းတို့ ပြုလုပ်ပေးခဲ့သည်။

KPV News

KPV - Photo / Nyein Mg, Sizz Wai

 #ကမ္ဘာ့အဆင့်၃၈ကြီးဖင်တွေစုတ်မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲကို AA  က  ၅၅ ရက်ကြာ ထိုးစစ်ဆင်ခဲ့ရပြီး ဥမင်လှိုဏ်ခေါင်းမျ...
11/12/2024

#ကမ္ဘာ့အဆင့်၃၈ကြီးဖင်တွေစုတ်

မောင်တော နခခ ၅ စခန်းသိမ်းတိုက်ပွဲကို AA က ၅၅ ရက်ကြာ ထိုးစစ်ဆင်ခဲ့ရပြီး ဥမင်လှိုဏ်ခေါင်းများပါတူး၍ တိုက်ယူခဲ့ရ

ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ရက်

မောင်တော အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲစခန်း (နခခ ၅) မြို့သူကြီးကို တိုက်ခိုက်ရာတွင် မိုင်းကွင်းများနှင့် မိုင်းထောင်ချီခင်းထားသည့်အတွက် အာရက္ခတပ်တော် (AA) အနေဖြင့် မြေအောက်ဥမင်လှိုဏ်ခေါင်းများပါတူး၍ တိုက်ခိုက်ခဲ့ရကြောင်း သိရသည်။

ထိုးစစ်ရက်ပေါင်း ၅၅ရက် အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၄၅၀ကျော်နှင့် စစ်သုံ့ပန်း ၃၀၀နီးပါးကို AAက ဖမ်းဆီးရမိခဲ့ပြီး လေကြောင်းမှလာရောက်တိုက်ခိုက်သည့် လေယာဉ်များကို လေယာဉ်ပစ်လက်နက်များဖြင့်ပြန်လည်တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းကို AAကထုတ်ပြန်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီက ပစ်ခတ်ခဲ့သည့် ၁၂၂မမ ဒုံးကျည်ကိုလည်း Direct Fire ပြန်လည်ပစ်ခတ်နိုင်ခဲ့သည့် ရုပ်သံမှတ်တမ်းကို ယမန်နေ့ ဒီဇင်ဘာ ၁၀ရက် ညပိုင်းတွင် AAက ထုတ်ပြန်ခဲ့သည်။

မောင်တောမြို့တွင် နောက်ဆုံးလက်ကျန်စခန်းတစ်ခု အဖြစ် ကျန်ရှိနေသည့် အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲစခန်း (နခခ-၅) ကို ဒီဇင်ဘာ ၈ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် AA အပြီးသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သောကြောင့် မောင်တော ဒေသတစ်ခုလုံးအား အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

သို့သော်လည်း နခခ -၅ မှ ထွက်ပြေး လွတ်မြောက်နေသော ရန်သူအချို့ရှိသောကြောင့် ၎င်းတို့ကို လိုက်လံရှာဖွေလျက် ရှိကြောင်း AAကဆိုသည်။

မောင်တောဒေသတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့ကတည်းကပင် နခခ- ၅ စခန်းတစ်ခုတည်းသာ ကျန်ရှိတော့ခြင်းဖြစ်ပြီး မောင်တောဒေသအတွင်းရှိ အခြားသော စခန်းများ အားလုံးကို AAက ထိန်းချုပ်ထားနိုင်ခဲ့သည်။

နခခ ၅ စခန်းသည် မောင်တောမြို့၏ မြို့သူကြီးရပ်ကွက်တွင်တည်ရှိပြီး စစ်ကောင်စီ အင်အား ၇၀၀ ကျော် စခန်းချတပ်စွဲထားသော စခန်းကြီးတစ်ခုဖြစ်ကာ စခန်းပတ်ပတ်လည်တွင် သံဆူးကြိုး နှစ် ထပ်ဖြင့် ကာရံထားပြီး တစ်ခုနှင့်တစ်ခုအကြားတွင် သတ်ကွင်းများကို ကောင်းစွာပြင်ဆင်ထားသည်။

အချို့နေရာများတွင် ပေ ၂၀ ခန့်ကျယ်သော ရေမြောင်းများကို ဖောက်လုပ်ထားပြီး စူးချွန်များ ထောင်ထားကာ ထောင့်မှန်စတုဂံ ပတ်လည်ပုံစံရှိပြီး လေးဖက်လေးတန်တွင် အခိုင်အမာ တည်ဆောက်ထားသော ဘန်ကာ ၂၀ ကျော်၊ ဘန်ကာအသေး၊ Overhead စုစုပေါင်း ၁၀၀ ကျော်ရှိကာ စခန်းအတွင်း ခိုင်ခံ့ထူထပ်သော အဆောက်အအုံကြီး ၃၀ ကျော်လည်း ပါဝင်သည်။

သဘာဝတရား၏ အကာအရံအဖြစ် စခန်းရှေ့ပတ်ပတ်လည်နီးပါးတွင် ချောင်းတစ်ခု ကာဆီးထားပြီး အလွယ်တကူ ဖြတ် သန်းရန် မလွယ်ကူသောအနေအထားမျိုးဖြင့် တည်ရှိနေသည်ဟု AA ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီ၏ မောင်တော နခခ-၅ စခန်းကြီးကို AA အနေဖြင့် တစ်လက်မချင်းတိုး၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထောင်ထားသော M14 မိုင်း ပေါင်း ၁၀၀၀ ကျော်ကို ရှင်းလင်းရရှိခဲ့ပြီး မိုင်းရှင်းလင်းရေး စစ်သည်တချို့ အသက်နှင့်ကိုယ်လက်အင်္ဂါတို့ကို စွန့်လွှတ်ပေးဆပ်ခဲ့ရသည်ဟု AAက ဆိုသည်။

နခခ-၅ စခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအပြင် အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသော RSO၊ ARSA၊ ARA နှင့် စစ်ကောင်စီက သင်တန်းပေးထားသည့် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအပြင် အခြားမြို့များရှိ စစ်ကောင်စီ၏ စခန်းများမှ ထွက်ပြေးလာကြသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များအားလုံးသည် နခခ ၅ တွင် အဆင့်ဆင့်သော မြေပြင်ခုခံစစ်၊ လေကြောင်းပစ်ကူများဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ကြကြောင်း AA ထံက သိရသည်။

ထိုသို့ အဆင့်ဆင့် ခုခံနေခဲ့သော်လည်း ၅၅ ရက်တာတိုက်ခိုက်ပြီးချိန်တွင် မောင်တော နခခ ၅ စခန်းကို တိုက်ခိုက်ရယူနိုင်ခဲ့ပြီး စစ်ဆင်ရေးကွပ်ကဲရေးမှူး (စကခမှူး) များကိုပါ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ-AA Info Desk

#မောင်တော #လေယာဉ်ပစ်လက်နက် #၅၅ရက်ကြာထိုးစစ်ဆင် #အပြန်အလှန်ပစ်ခတ်

ပိုင်ဆိုင်မှု့ထဲ့က တချို့တ၀က်လောက်ကို အနာဂတ်အတွက် ပေးဆပ်ပြီးသားသော ရဲဘော်လေများ😔😔5 ting 💪💪
22/11/2024

ပိုင်ဆိုင်မှု့ထဲ့က တချို့တ၀က်လောက်ကို အနာဂတ်အတွက် ပေးဆပ်ပြီးသားသော ရဲဘော်လေများ😔😔5 ting 💪💪

04/11/2024

ငွေတောင်ဆည်ကြီး မငိုနဲ့တော့လေ
အချိန်တန်တဲ့တနေ့တော့ ပြီးဆုံးသွားမှာပါ ဆိုတဲ့
#ဆရာဆူး ရဲ့ ကိုယ်တိုင်ရေး တီး/ဆို ထားတဲ့ သီးချင်းအဆွေးလေး မှတ်တမ်းတင်ခွင့် ပြုပါ🙏🙏🙏

Address

Loikaw

Website

Alerts

Be the first to know and let us send you an email when Karenni People's Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category