24/11/2021
ဆရာ၊ ဆရာမတို့ရဲ့ စာသင်ခန်းထဲမှာ
◾ ကိုယ်ကတော့ ရှေ့ကနေကြိုးစားသင်နေပေမယ့် ကလေးတွေရဲ့ စာသင်ချိန်ကို ပျင်းရိငြီးငွေ့နေတဲ့ မျက်၀န်းတွေနဲ့ ကြုံဖူးပါသလား❓❓
◾ကလေးတွေရဲ့လွဲမှားနေတဲ့ conceptတွေကို နောက်ကျမှ သိလိုက်ရတဲ့ အဖြစ်မျိုးရော ကြုံဖူးပါသလား❓❓
◾Fun& Learn ဖြစ်တဲ့ စာသင်ခန်းလေးဖြစ်ဖို့ ကြိုးစားနေတဲ့ သူတစ်ယောက်လား❓❓
ဒီအချက်လေးတွေနဲ့ ကိုက်ညီရင်တော့ ဒီ webinarလေးက သင့်အတွက်ပဲ ဖြစ်ပါတယ်။
သုတေသနရလဒ်တွေအရ အင်္ဂလိပ်ဘာသာစကားကို (Foreign Language) နိုင်ငံခြားဘာသာစကားတစ်ခုအနေနဲ့သင်ယူနေရတဲ့ ကျွန်မတို့နိုင်ငံမှာ အင်္ဂလိပ်ဘာသာစကားကို သင်ကြားတဲ့အခါ (အထူးသဖြင့် Speaking Lesson တွေသင်ကြားတဲ့အခါ )ကျောင်းသားတွေ တက်တက်ကြွကြွပါဝင်စေဖို့၊ ကျောင်းသားတွေ ပြောဖို့အခွင့်အလမ်းများများဖန်တီးပေးဖို့လိုတယ်လို့ဆိုပါတယ်။
ကျွန်မတို့ဆီမှာ အရင်က သင်ကြားခဲ့တဲ့ ဆရာကများများရှင်းပြပြီး၊ ကျောင်းသားတွေက Passive Learning ပုံစံနဲ့သင်ယူကြတဲ့ Chalk and Talk လိုမျိုးသင်ကြားနည်းစနစ်တွေဟာ ဘာသာစကားသင်ယူမှုမှာ ထိရောက်မှုနည်းတယ်လို့ဆိုပါတယ်။
ခုလို Child Centre Approachကို တွင်တွင်ကျယ်ကျယ် အသုံးပြုဖို့ ကြိုးစားလာကြတဲ့ ၂၁ရာစုမှာ ကျောင်းသားတွေအတွက် လေ့လာဆွေးနွေးဖို့၊ သူတို့လေးတွေရဲ့ အကြံလေးတွေ၊အတွေးလေးတွေကို တင်ပြဖို့ အခွင့်အလမ်းလေးတွေ စာသင်ခန်းထဲမှာ စနစ်တကျ ဖန်တီးပေးဖို့က ဆရာ၊ ဆရာမတွေရဲ့ တာ၀န်ပဲဖြစ်ပါတယ်။
Teaching Talking Timeကို လျော့ချပြီး ကျောင်းသားတွေအတွက် ပြောခွင့်ပေးလိုက်ပေမယ့် ဘေးမှနေ ဆရာက စနစ်တကျ ထောက်ပံ့ပေးနိုင်ခြင်းမရှိရင်လဲ တစ်ယောက်တစ်ပေါက်နဲ့စာသင်ခန်းဟာ လုံး၀ ဗြောင်းဆန်သွားနိုင်ပါတယ်။ ကျောင်းသားတွေကို empowerလုပ်ပေးပြီး Student Talk Time များများ ဖန်တီးပေးဖို့က ဆရာတွေအတွက် challengeဖြစ်လာပါတယ်။
ဒီ challengeကို ကောင်းမွန်စွာ ကိုင်တွယ် ကျော်လွှားနိုင်ဖို့ ဆရာ၊ ဆရာမတို့အတွက် ဒီ Webinarလေးကို စီစဉ်ပေးရတာပဲဖြစ်ပါတယ်။
ဒီ Webinarလေးမှာ လာရောက်ဝေမျှပေးသွားမယ့် Speakerကလည်း သူ့ရဲ့ ရည်ရွယ်ချက်လေးကို အခုလို ပြောပြထားပါတယ်။
“အဓိကကတော့ ကျွန်တော်ကိုယ်တိုင် ကိုယ့်ရဲ့သင်ကြားမှုကို self-reflection လုပ်ရင်း Teacher Talk Time များနေတာကို သတိပြုမိလာတော့၊ ကိုယ်တိုင်ပြင်ဖို့ကြိုးစားရင်း ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ အခြား သုတေသနလုပ်ထားတာတွေကို လေ့လာပြီးသိလာရတဲ့ Knowledge တွေကို ဆရာ၊ဆရာမတွေကိုမျှဝေပေးချင်တာကြောင့်ပါ။ အနည်းဆုံးတော့ ဒါတွေလုပ်သင့်ပါလားဆိုတဲ့ awareness ရသွားစေချင်တာရယ်၊ အခြား ဆရာ၊ဆရာမတွေရဲ့ လက်တလော အခက်အခဲ၊ အတွေ့အကြုံတွေကိုလည်း ကိုယ်က သိခွင့်ရနိုင်တာရယ် ကြောင့်ပါ” (Speaker)
အခု Webinar မှာ ဘာတွေ ဆွေးနွေးဝေမျှသွားမှာလဲ❓❓
ဒီWebinarမှာ ဆွေးနွေးသွားမယ့် အကြောင်းအရာလေးတွေကတော့
🔹ကျောင်းသားတွေတက်ကြွစွာပါဝင်လာစေဖို့၊ ပြောခွင့်များများရစေဖို့ဆိုရင် ကျွန်တော်တို့အနေနဲ့ ဘာတွေလုပ်ပေးလို့ရမလဲ။
🔹Teacher Talk Time (TTT) ဆိုတာဘာလဲ။
🔹Teacher Talk Time (TTT) ကိုဘယ်လိုလျှော့ကြမလဲ။
🔹Student Talk Time (STT) ဆိုတာဘာလဲ။
🔹သူ့ရဲ့ အကျိုးကျေးဇူးတွေကရော ဘာတွေရှိလဲ။
🔹Student Talk Time (STT) ကိုဘယ်လိုတိုးမြှင့်ကြမလဲ။
🔹Online Class တွေမှာ ကျောင်းသားတွေ တက်ကြွစွာပါဝင်လာအောင်၊ ပြောဖို့အခွင့်အလမ်းတွေရအောင် ဘယ်လို activities, tools တွေသုံးကြမလဲ။ စတာတွေကိုဆွေးနွေး မျှဝေပေးမှာဖြစ်ပါတယ်။
ဘယ်သူကလာရောက်ဝေမျှပေးသွားမှာလဲ❓❓
လာရောက် ဝေမျှပေးသွားမယ့် speakerကတော့
◾Phyo Wai Tun
BEd, MEd (Pedagogic Methodology, ELT) ပဲဖြစ်ပါတယ်။
ကိုဖြိုးဝေထွန်းဟာဆိုရင်
🔹အမေရိကန်သံရုံးနှင့်ပူးပေါင်းပြီး၊ မြန်မာနိုင်ငံက အင်္ဂလိပ်စာဆရာ၊ဆရာမများအတွက် Online Professional Development Project တစ်ခုကို ဦးဆောင်ခဲ့ပါတယ်။
🔹University of Maryland Baltimore County ရဲ့ TESOL Methodology Online Course တွင် Discussion Facilitatorတစ်ယောက်အနေနဲ့ ပါဝင်ဆောင်ရွက်နေပါတယ်။
🔹Online Professional English Network (OPEN) Community of Practice တွင် Community Lead အနေနဲ့ Live Events (webinars) တွေမှာပါဝင်ဆောင်ရွက်နေပါတယ်။
🔹TESOL International Association မှာ Volunteer Reviewer တစ်ယောက်အနေနဲ့ဆောင်ရွက်နေသူလဲဖြစ်ပါတယ်။
အခုလို ပညာရေးနဲ့ပက်သက်ပြီး အတွေ့အကြုံများစွာ ရှိသည့်၊ ပညာရေးအရွေ့တစ်ခုကို ဖော်ဆောင်နေသည့် speakerနဲ့ ဆွေးနွေးဝေမျှခွင့်ရမယ့် အခွင့်အရေးကို ဒီ webinarလေးကို တက်ပြီး လက်မနှေးပဲ ရယူကာ အရွေ့တစ်ခုမှာ ကိုယ်တိုင်ပါ၀င်လို့ရပါပြီ။
🎯 ဒီ Free Webinar ကို တက်ရောက်ရန် စိတ်ဝင်စားပါက TEA Page Messanger တွင် Form ဖြည့်ပြီး Zoom Linkကို ရယူရမှာ ဖြစ်ပါတယ်။ သတ်မှတ်လူဦးရေ ပြည့်လျှင် Form ပိတ်သိမ်းမည် ဖြစ်ပါသောကြောင့် အမြန်ဆုံး Registration ပေးဖို့ လိုအပ်ပါတယ်နော်။
ဒီ Free Webinar လေးကို စိတ်ပါဝင်စားသူ မိတ်ဆွေသူငယ်ချင်းများလည်း သိရအောင် shareပေးလိုက်ကြပါနော် 💚
----------------------------
▪️Have you ever caught the bored eyes of learners while you are trying to make a good lesson delivery with full enthusiasm❓
▪️Have you ever missed the chance to reconstruct the wrong concepts of students❓
▪️Are you an educator who puts his/her heart and soul into creating fun and learn classroom❓
If your answer is 🅨︎🅔︎🅢︎, this webinar is
🅕︎🅞︎🅡︎ 🅨︎🅞︎🅤︎.
According to the results, it is suggested that providing higher opportunities for students to talk in class and be involved in it, is essential to acquire language effectively in non-native speaking countries like Myanmar. Moreover, it is claimed that no good progress can be resulted from passive learning type such as “chalk and talk” in which the teachers dominate.
In this 21st century, the educational system is imposing a demand for more teaching strategies that improve creating the comfortable classroom for students to talk and express their precious ideas in a systematic way. On the other hand, the classroom chaos will be the product of lack of systematic support from teacher. It turns out that reducing teacher talking time and increasing student talking time effectively becomes one of the major challenges that teachers are facing in the classroom.
To deal with that challenge, we brought this webinar 🅣︎🅞︎ 🅨︎🅞︎🅤︎.
“While making self- reflecting of my teaching style, I noticed that I take the dominant role in classroom discourse and tried to shift my role as a facilitator. That’s why I am willing to share about my personal experiences and knowledge gained from research papers.
The purpose of this webinar is
▪️To raise awareness about TTT and STT
▪️To know the current educational challenges facing teachers “(Speaker)
The discussion points of this webinar are
▪️How to do to get active participation and creat time for students to talk❓
▪️What is Teacher Talking Time (TTT)❓
▪️What is Student Talk Time (STT)❓
▪️What are its benefits❓
▪️How to maximize students’ talk time❓
▪️Which activities and tools should we use to create an effective online class❓
This webinar will be conducted by
Phyo Wai Tun
▪️BEd, MEd (Pedagogic Methodology, ELT)
▪️Online Professional Development Project (Organizer)
▪️TESOL Methodology Online Course (Discussion facilitator)
▪️Online Professional English Network (Community lead)
▪️TESOL international association (Volunteer Reviewer)
Well, what are you waiting for?
Grasp this opportunity to become a change agent in an educational reform by discussing with such an educator just by joining this webinar.