ILBC International School Lashio

ILBC International School Lashio ILBC International School
(The Official ILBC Lashio page)

12/08/2026

🌧️ Treasuring Our Monsoon Gallery Memories ☔

မိုးရာသီနဲ့ လိုက်ဖက်တဲ့ ပြင်ဆင် ခင်းကျင်းမှုတွေနဲ့အတူ ILBC Lashio Preschool က မူကြိုသားသားမီးမီးတွေနဲ့ မိသားစုဝင်တွေ ပါဝင်ထားကြတဲ့ Monsoon Gallery တုန်းက အမှတ်တရတွေကို ဖော်ပြပေးလိုက်ပါတယ်။ မိုးတွင်းမှာ ပိုတွေ့ရတတ်တဲ့ သတ္တဝါလေးတွေ၊ ရာသီဥတု ပြောင်းလဲတတ်ပုံတွေ၊ မိုးရာသီအသုံးအဆောင်တွေ၊ မိုးရွာသွန်းပုံနဲ့ မိုးတိမ်တွေအပြင် စိုက်ပျိုးရေးနဲ့ မိုးရာသီ ဆက်နွယ်ပုံတွေကို ကလေးတွေ မျက်မြင် ကိုယ်တွေ့ သိရှိနားလည်စေဖို့ ဖန်တီးပြင်ဆင်ပေးထားသလို ကလေးတွေကလည်း စိတ်ဝင်တစား လေ့လာခဲ့ကြတာကို အခု Video လေးမှာ မြင်တွေ့ခံစားရမှာပါ။

Our young preschoolers and their families explored a monsoon-themed gallery featuring seasonal creatures, weather changes, rain clouds, monsoon essentials, and the link between rainfall and agriculture, making seasonal learning a vivid hands-on experience. ☔

🐸🌧️ Into the Wonders of the Monsoon!☔☔ မိုးရာသီအငွေ့အသက် အပြည့် လွှမ်းခြုံနေတဲ့ Monsoon Gallery လေးကို လားရှိုး ILBC မှာ...
10/08/2026

🐸🌧️ Into the Wonders of the Monsoon!☔☔

မိုးရာသီအငွေ့အသက် အပြည့် လွှမ်းခြုံနေတဲ့ Monsoon Gallery လေးကို လားရှိုး ILBC မှာတက်ရောက်နေတဲ့ မူကြိုကျောင်းသူ၊ ကျောင်းသားလေးတွေအတွက် August 6 ရက်နေ့က စီစဥ်ပေးဖြစ်ခဲ့ပါတယ်။ မိုးရာသီ သဘာဝပတ်ဝန်းကျင် မြင်ကွင်းတွေ၊ မိုးရာသီမှာ တွေ့ရတတ်တဲ့ ရာသီဥတုဖြစ်စဉ်တွေ၊ မိုးခေါ်တဲ့ ဖားလေးတွေကနေစလို့ တွေ့ရတတ်တဲ့ ခရု၊ ပိုးမွှား၊ လိပ်ပြာ စတဲ့ တိရစ္ဆာန်လေးတွေ၊ မိုးရာသီမှာ အသုံးပြုလေ့ရှိတဲ့ မိုးကာ၊ ထီး စတဲ့ ပစ္စည်းလေးတွေ၊ သစ်ပင်၊ ပန်းမန်၊ မြက်ခင်း၊ စပါးသီးနှံ အစုံအလင်၊ မိုးရာသီမှာ ကောက်စိုက်လေ့ရှိပုံတွေ၊ မိုးရာသီမှာ စိုက်ပျိုးလေ့ရှိတဲ့ သီးနှံ/ဟင်းသီးဟင်းရွက်တွေအပြင် မိုးရေကို အသုံးချနိုင်တဲ့ ပုံစံလေးတွေကအစ မြင်သာအောင် ခင်းကျင်းပြသပေးခဲ့ပြီး ကလေးတွေကို ရာသီအလိုက် သိသင့်တဲ့ ဗဟုသုတလေးတွေကို မိတ်ဆက် သင်ကြားပေးဖြစ်ခဲ့ပါတယ်။ ⛈️🫧🍃

A Monsoon Gallery was arranged on August 6 for the preschool students at ILBC Lashio, immersing them in the sights and wonders of the rainy season. From seasonal weather and rain-loving creatures such as frogs, snails, insects, and butterflies to umbrellas, raincoats, lush greenery, rice fields, seasonal crops, and traditional rice transplanting, the gallery showcased the many ways monsoon rain shapes nature, agriculture, and everyday life. Through this immersive experience, children gained age-appropriate knowledge while exploring and appreciating the world around them. 🐜🦋

🌟Every Beautiful Reading Journey Begins with Phonics! 🧏🏻🔤🖍️ မူကြိုအရွယ်မှာကတည်းက Reading foundation ကောင်းကောင်း တည်ဆောက...
18/07/2026

🌟Every Beautiful Reading Journey Begins with Phonics! 🧏🏻🔤🖍️

မူကြိုအရွယ်မှာကတည်းက Reading foundation ကောင်းကောင်း တည်ဆောက်နိုင်ဖို့၊ Letter Recognition နဲ့ Phonics Skills တွေ ဖွံ့ဖြိုးလာစေဖို့အတွက် Phonics Learning Activity ကို အခုလိုမျိုး စီစဉ်ပြုလုပ်ပေးခဲ့ပါတယ်။ ကလေးတွေကိုယ်တိုင်ကိုယ်ကျ ပါဝင်ရတဲ့ Hands-on Activity ဖြစ်တာမို့လို့ စိတ်ဝင်စားမှုနဲ့ အာရုံစူးစိုက်မှုအား ပိုတိုးလာစေသလို ဒီ Activity လေးမှာပါဝင်ရင်းကနေတစ်ဆင့် အက္ခရာအသံထွက်တွေကို နားလည်မှတ်မိသွားပြီး၊ အစောပိုင်း စာဖတ်စွမ်းရည် တိုးတက်လာတဲ့အပြင် ကလေးတွေရဲ့ စူးစမ်းလေ့လာနိုင်စွမ်း၊ နားထောင်နိုင်စွမ်းနဲ့ အသံကို ခွဲခြားမှတ်သားနိုင်စွမ်းတွေပါ အဆင့်လိုက် ဖွံ့ဖြိုးလာစေတာပဲ ဖြစ်ပါတယ်။ ကလေးတွေရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုတော့ ဖေဖေ၊ မေမေတွေနဲ့အတူ ဝေမျှပေးလိုက်ပါတယ်နော်။

At the preschool stage, strong reading foundations begin with meaningful experiences. Through this hands-on Phonics Learning Activity, our preschoolers explored letter recognition and letter sounds in an engaging way, strengthening their early reading skills while nurturing listening, sound discrimination, curiosity, and concentration. 🐈📒

▐ လားရှိုး ILBC ကျောင်းတွင် ယနေ့ ခေါ်ယူနေသော အလုပ်အကိုင် ကလေးချစ်တတ်ပြီး International School တွင် ဆရာ/ မ အဖြစ် ရပ်တည်လိ...
07/07/2026

▐ လားရှိုး ILBC ကျောင်းတွင် ယနေ့ ခေါ်ယူနေသော အလုပ်အကိုင်

ကလေးချစ်တတ်ပြီး International School တွင် ဆရာ/ မ အဖြစ် ရပ်တည်လိုသူများအတွက် လားရှိုးမြို့ရှိ ILBC International School တွင် မူကြိုအဆင့် ဆရာဖြစ်လေ့ကျင့်ရန် Trainee Teacher များ ခေါ်ယူနေပါသည်။

လျှောက်ထားသူများသည် ━

⭐ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်။

⭐ အသက် (၃၀) နှစ်အောက် ဖြစ်ရပါမည်။

⭐ အင်္ဂလိပ်စာ အခြေခံ ရှိပြီး အသင့်အတင့် ပြောဆိုနိုင်သူ ဖြစ်ရပါမည်။

⭐ စာနာစိတ်ရှိပြီး အကောင်းမြင်စိတ်ရှိရမည်။

⭐ အကျင့်စာရိတ္တကောင်းမွန်ပြီး အများနှင့်ပြေပြစ်စွာ ပြောဆိုဆက်ဆံနိုင်ရပါမည်။

⭐ အသင်းအဖွဲ့ဖြင့် စည်းလုံးညီညွတ်စွာလုပ်ကိုင်နိုင်ပြီး ကလေးများကို စိတ်ရှည်စွာဆက်ဆံပေးနိုင်သူ ဖြစ်ရပါမည်။

⭐ ရွေးချယ်ခံရသူသည် လားရှိုးမြို့ရှိ ILBC ကျောင်းတွင် မူကြိုအဆင့် Trainee Teacher အဖြစ် စတင်တာဝန် ထမ်းဆောင် ရပါမည်။

⭐ Teacher Training Department မှ ဖွင့်လှစ်မည့် Intensive Training Course ကိုလည်း တက်ရောက်ရပါမည်။

⭐ အစမ်းခန့်ကာလ (၃)လ ဖြစ်ပါသည်။

⭐ အစမ်းခန့်ကာလ (၃) လပြည့်လျှင် သင်တန်းဆရာများနှင့် သက်ဆိုင်ရာကျောင်းအုပ်တို့ အားလုံး၏ ထောက်ခံမှုရရှိမှသာ အတည်ပြုခန့်အပ်ပါမည်။ သင်တန်း ဆရာများနှင့် သက်ဆိုင်ရာကျောင်းအုပ်များအားလုံး၏ ထောက်ခံမှု (မရရှိလျှင်) အတည်ပြုခန့်အပ်မည် မဟုတ်ပါ။

အလုပ်လျှောက်ထားရန် လိုအပ်ချက်များ
🔵 ကိုယ်ရေးအကျဥ်း
🔵 ရောင်စုံဓာတ်ပုံ (၂) ပုံ
🔵 ဘွဲ့လက်မှတ်မိတ္တူ
🔵 သန်းခေါင်စာရင်းမိတ္တူ
🔵 သင်တန်းအောင်လက်မှတ်မိတ္တူ
🔵 မှတ်ပုံတင်မိတ္တူ

▃▃▃▃▃

စိတ်ပါဝင်စားသူများအနေဖြင့်
📍ILBC International School Lashio
လိပ်စာ - အမှတ် (၁၁/ခ) လွယ်ကန်မိန်းရပ်၊ ဓမ္မရိပ်သာလမ်း၊ နယ်မြေ (၁၆)၊(၈)ရပ်ကွက်၊ လားရှိုးမြို့သို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာများကို 24th July, 2026 (Friday) အထိသာ လက်ခံပေးသွားမည် ဖြစ်ပါသည်။

☎ Phone: 082 2930421, 220 4147, 09 256072478

လူတွေ့စစ်ဆေးမှုများအတွက် ပြန်လည်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။

🐰🦸‍♂️📚Preschool, TIL နှင့် TBL-EPC (Batch 1) ကျောင်းသားတိုင်း Sora E-Library ကို အခမဲ့ အသုံးပြုနိုင်ပါပြီ။  ILBC ကျောင်း...
01/07/2026

🐰🦸‍♂️📚Preschool, TIL နှင့် TBL-EPC (Batch 1) ကျောင်းသားတိုင်း Sora E-Library ကို အခမဲ့ အသုံးပြုနိုင်ပါပြီ။

ILBC ကျောင်းသားတွေဟာ Sora E-Library ကို မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ တရားဝင်သုံးစွဲခွင့်လိုင်စင်ရရှိထားတာပဲ ဖြစ်ပါတယ်။ 🇲🇲🇲🇲

Sora E-Library မှာဆိုရင် ကလေးငယ်တွေရဲ့ အသက်အရွယ်အလိုက် ကျောင်းစာသင်ကြားရေး၊ ပြင်ပဗဟုသုတနဲ့ သုတ၊ ရသစုံလင်စွာ ရရှိစေဖို့အတွက် Story Books, Comic & Graphic Books, Magazines တွေအပြင် Science, Geography, History နဲ့ Language Learning Books စတဲ့ ဘာသာရပ်ဆိုင်ရာ စာအုပ်တွေကိုပါ စုံစုံလင်လင် ဖတ်ရှုနိုင်ပါတယ်။ ဒါ့အပြင် အသံထွက်နားထောင်ရင်း လေ့လာနိုင်မဲ့ Audiobooks နဲ့ Read-Along Books တွေအပါအဝင် စာအုပ်ပေါင်းများစွာကို စိတ်ကြိုက်ငှားရမ်းဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ 🦸🏻‍♂️🕸🕷

Digital Library ဖြစ်လို့ အချိန်မရွေး၊ နေရာမရွေး၊ လွယ်လင့်တကူ စာအုပ်တွေကို ငှားရမ်းဖတ်ရှုလို့ရတဲ့အတွက် စာဖတ်အလေ့အကျင့်ကောင်း ရစေနိုင်ရုံတင်မကဘဲ ဘာသာစကားတိုးတက်မှု၊ ကိုယ်တိုင် လေ့လာစူးစမ်းသင်ယူတတ်တဲ့ အလေ့အကျင့်ကောင်းတွေကိုပါ မွေးမြူပေးနိုင်ပါတယ်။

Sora E-Library နဲ့အတူ စာဖတ်ခြင်းကို Daily Habit တစ်ခုအဖြစ် စတင်ပြီး သင်ယူမှုအခွင့်အလမ်း အသစ်အသစ်တွေကို ရှာဖွေလိုက်ပါ။
Phone, Tablet, Laptop, MacBook တို့ကနေ ဝင်ရောက်အသုံးပြုနိုင်ပါပြီ။
● အသေးစိတ်ဖတ်ရှုရန် - https://tinyurl.com/Sora-E-Library

Start Reading with Sora!

Sora E-Library is available free of charge for all Preschool, TIL, and TBL-EPC (Batch 1) students. ILBC is proud to be the first school in Myanmar to officially provide licensed access to the Sora E-Library. Students can explore thousands of age-appropriate Story Books, Comic & Graphic Books, Science, Geography, History, Language Learning Books, Audiobooks, and Read-Along Books that enrich both academic learning and personal growth. With unlimited access anytime, anywhere, Sora inspires a lifelong love of reading while nurturing language development, independent learning, and curiosity. Available on smartphones, tablets, laptops, and MacBooks.
● Learn more: https://tinyurl.com/Sora-E-Library

🙋‍♂️လားရှိုးမြို့သူ၊ မြို့သားများအားလုံး မင်္ဂလာပါ။ILBC International School Lashio တွင် အရည်အသွေးမြင့် ဆရာ/ ဆရာမအဖြစ် လ...
19/06/2026

🙋‍♂️လားရှိုးမြို့သူ၊ မြို့သားများအားလုံး မင်္ဂလာပါ။

ILBC International School Lashio တွင် အရည်အသွေးမြင့် ဆရာ/ ဆရာမအဖြစ် လုပ်ကိုင်ရန်စိတ်ပါဝင်စားပါက ▌ Teacher Assistant ရာထူးကို
လျှောက်ထားနိုင်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

လျှောက်ထားသူများသည်

🟦 တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်။

🟦 အကျင့်စာရိတ္တကောင်းမွန်ပြီး အများနှင့်ပြေပြစ်စွာ ပြောဆိုဆက်ဆံနိုင်ရပါမည်။

🟦 အသင်းအဖွဲ့ဖြင့် စည်းလုံးညီညွတ်စွာလုပ်ကိုင်နိုင်ပြီး ကလေးများကို စိတ်ရှည်စွာဆက်ဆံပေးနိုင်သူ ဖြစ်ရပါမည်။

🟦 အစမ်းခန့်ကာလ (၃)လ ဖြစ်ပါသည်။

🟦 အစမ်းခန့်ကာလ (၃) လပြည့်လျှင် သင်တန်းဆရာများနှင့် သက်ဆိုင်ရာကျောင်းအုပ်တို့ အားလုံး၏ ထောက်ခံမှုရရှိမှသာ အတည်ပြုခန့်အပ်ပါမည်။ သင်တန်း ဆရာများနှင့် သက်ဆိုင်ရာကျောင်းအုပ်များအားလုံး၏ ထောက်ခံမှု (မရရှိလျှင်) အတည်ပြုခန့်အပ်မည် မဟုတ်ပါ။

🟦 ILBC တွင် အထက်ပါရာထူးများအတွက် တာဝန်ထမ်းဆောင်မည့် ဆရာ/ ဆရာမများအား Health Care Benefits များအပြင် လုပ်သက်ပေါ်မူတည်ပြီး အခြားအခွင့်အရေးများလည်း ရရှိမည်ဖြစ်ပါသည်။

အလုပ်လျှောက်ထားရန် လိုအပ်ချက်များ
➡️ ကိုယ်ရေးအကျဥ်း
➡️ ရောင်စုံဓာတ်ပုံ (၂) ပုံ
➡️ ဘွဲ့လက်မှတ်မိတ္တူ
➡️ သန်းခေါင်စာရင်းမိတ္တူ
➡️ သင်တန်းအောင်လက်မှတ်မိတ္တူ
➡️ မှတ်ပုံတင်မိတ္တူ

▃▃▃▃▃

စိတ်ပါဝင်စားသူများအနေဖြင့်
📍ILBC International School Lashio
လိပ်စာ - အမှတ် (၁၁/ခ) လွယ်ကန်မိန်းရပ်၊ ဓမ္မရိပ်သာလမ်း၊ နယ်မြေ (၁၆)၊(၈)ရပ်ကွက်၊ လားရှိုးမြို့သို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာများကို 30th June, 2026 (Tuesday) အထိသာ လက်ခံပေးသွားမည် ဖြစ်ပါသည်။

☎ Phone: 082 2930421, 220 4147, 09 256072478

လူတွေ့စစ်ဆေးမှုများအတွက် ပြန်လည်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။

လားရှိုးမြို့ရှိ ILBC International School တွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါဝန်ထမ်းများ ခေါ်ယူနေပါသည်။  ➤ General Work...
16/06/2026

လားရှိုးမြို့ရှိ ILBC International School တွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ပါဝန်ထမ်းများ ခေါ်ယူနေပါသည်။

➤ General Worker (Male) - လုံခြုံရေးဝန်ထမ်း (အမျိုးသား)
➤ General Worker (Female) - သန့်ရှင်းရေးဝန်ထမ်း (အမျိုးသမီး)
➤ Usher - ဧည့်ကြိုဝန်ထမ်း (အမျိုးသား/ အမျိုးသမီး)

▐ Usher - ဧည့်ကြိုဝန်ထမ်း (အမျိုးသား/ အမျိုးသမီး) အဖြစ် လျှောက်ထားသူများအနေဖြင့်

🔵 တက္ကသိုလ်ဝင်တန်း အောင်မြင်ထားပြီးသူ ဖြစ်ရပါမည်။

🔵 အသက် (၃၀) နှစ်အောက် ဖြစ်ရမည်။

🔵 အကျင့်စာရိတ္တကောင်းမွန်ပြီး အများနှင့်ပြေပြစ်စွာ ပြောဆိုဆက်ဆံနိုင်ရမည်။ ဖော်ရွေပျူငှာမှုရှိရပါမည်။

🔵 အသင်းအဖွဲ့နှင့်အတူလုပ်ဆောင်တတ်ပြီး အကောင်းမြင်စိတ်ရှိသူဖြစ်ရပါမည်။

🔵 စိတ်ရှည်ရှည်ဖြင့် Customer များကို ဝန်ဆောင်မှုပေးနိုင်သူဖြစ်ရပါမည်။

🔵 လုပ်ငန်းအတွေ့အကြုံမရှိသေးသူများကိုလည်း သင်ကြားပေးသွားမည်ဖြစ်ပါသည်။

🔵 အင်္ဂလိပ်စာအခြေခံအဆင့် နားလည်ရပါမည်။

────────────────

▐ General Worker (Male) - လုံခြုံရေးဝန်ထမ်း (အမျိုးသား)အဖြစ် လျှောက်ထားသူများအနေဖြင့်

🟢 ကျောင်းသူ၊ ကျောင်းသားများအား ဂရုတစိုက် စောင့်ကြပ်ကြည့်ရှုပေးရပါမည်။

🟢 ကျောင်းဝန်းအတွင်းရှိ အဆောက်အဦနှင့် ပစ္စည်းကိရိယာများ ပျက်စီးဆုံးရှုံးမှုမရှိစေရန် စောင့်ကြည့်ပေးရပါမည်။

🟢 ကျောင်းတွင်းသို့ လာရောက်လည်ပတ်သူများအား ဂရုတစိုက် ကူညီပေးနိုင်ရပါမည်။

🟢 ကျောင်းသို့လာရောက်သည့်ကားများအတွက် ယာဥ်ကြောရှင်းလင်းပေးရာတွင်လည်း ကူညီလုပ်ကိုင်ပေးနိုင်ရပါမည်။

🟢 ကျန်းမာရေးကောင်းမွန်ပြီး တက်ကြွဖျတ်လတ်သူ ဖြစ်ရပါမည်။

🟢 အသင်းအဖွဲ့နှင့်အတူ ပူးပေါင်းလုပ်ဆောင်လိုစိတ် ရှိရပါမည်။

🟢 တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး အချိန်မှန်သူဖြစ်ရမည်။ ကျောင်းမှချမှတ်ထားသော စည်းကမ်းများကို အလေးထား လိုက်နာနိုင်သူ ဖြစ်ရပါမည်။

🟢 လုံခြုံရေးလုပ်ငန်းအတွေ့အကြုံရှိသူအား ဦးစားပေးခေါ်ယူပါမည်။

────────────────

▐ General Worker (Female) - သန့်ရှင်းရေးဝန်ထမ်း (အမျိုးသမီး)အဖြစ် လျှောက်ထားသူများအနေဖြင့်

🟡 ကျောင်းစာသင်ခန်းများ၊ ရုံးခန်းများ၊ စင်္ကြံများနှင့် ကျောင်းဝန်းအတွင်းရှိ နေရာအသီးသီးကို တာဝန်ကျသည့်အတိုင်း နေ့စဉ် သန့်ရှင်းရေးပြုလုပ်ပေးရပါမည်။

🟡 မှန်များ၊ ပရိဘောဂများနှင့် စာသင်ခုံများကို အမြဲမပြတ် သန့်ရှင်းနေစေရန်၊ အနံ့အသက်ကောင်းမွန်စေရန်အတွက် ဂရုစိုက် သန့်ရှင်းပေးရပါမည်။

🟡 ကျောင်း၏ သန့်ရှင်းသပ်ရပ်မှုကို အမြဲထိန်းသိမ်းပေးခြင်းကို ဆောင်ရွက်ပေးရပါမည်။

🟡 သန့်ရှင်းသပ်ရပ်မှုကို နှစ်သက်ပြီး လုပ်ငန်းခွင်တွင် စိတ်ရှည်ပေးနိုင်သူ ဖြစ်ရပါမည်။

🟡 သန့်ရှင်းရေးသုံး ပစ္စည်းများကို စနစ်တကျ အသုံးပြုတတ်ရပါမည်။

🟡 အသင်းအဖွဲ့နှင့်အတူ ပူးပေါင်းလုပ်ဆောင်လိုစိတ် ရှိရပါမည်။

🟡 တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး အချိန်မှန်သူဖြစ်ရပါမည်။ ကျောင်းမှချမှတ်ထားသော စည်းကမ်းများကို အလေးထား လိုက်နာနိုင်သူ ဖြစ်ရပါမည်။

────────────────

အလုပ်လျှောက်ထားရန် လိုအပ်ချက်များ

ꪜ ကိုယ်ရေးအကျဥ်း

ꪜ ရောင်စုံဓာတ်ပုံ (၂) ပုံ

ꪜ ပညာအရည်အချင်းလက်မှတ်မိတ္တူများ (ရှိပါက)

ꪜ သန်းခေါင်စာရင်းမိတ္တူ

ꪜ မှတ်ပုံတင်မိတ္တူ

Usher Position လျှောက်ထားသူများအနေဖြင့်အောက်ပါတို့ကိုပါ ပူးတွဲလျှောက်ထားပေးရပါမည်။

ꪜ ဘွဲ့လက်မှတ်မိတ္တူ (ဘွဲ့ရဖြစ်ပါက)

ꪜ သင်တန်းအောင်လက်မှတ်မိတ္တူ

ꪜ Portfolio

────────────────

စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါလိပ်စာအတိုင်း လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။

𝐈𝐋𝐁𝐂 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 𝐋𝐚𝐬𝐡𝐢𝐨
လိပ်စာ - အမှတ် (၁၁/ခ) လွယ်ကန်မိန်းရပ်၊ ဓမ္မရိပ်သာလမ်း၊ နယ်မြေ (၁၆)၊ (၈)ရပ်ကွက်၊ လားရှိုးမြို့။
☎ Phone: 082 2930421, 220 4147, 09 256072478

➤ လျှောက်လွှာများကို 30th June, 2026 (Tuesday) အထိသာ လက်ခံပေးသွားမည် ဖြစ်ပါသည်။

➤ လူတွေ့စစ်ဆေးမှုများအတွက် ပြန်လည်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။

ကလေးချစ်တတ်ပြီး International School တွင် ဆရာ/ မ အဖြစ် ရပ်တည်လိုသူများအတွက် လားရှိုးမြို့ရှိ ILBC International School တ...
15/06/2026

ကလေးချစ်တတ်ပြီး International School တွင် ဆရာ/ မ အဖြစ် ရပ်တည်လိုသူများအတွက် လားရှိုးမြို့ရှိ ILBC International School တွင် ဆရာဖြစ်လေ့ကျင့်ရန် Trainee Teacher များ ခေါ်ယူနေပါသည်။

👉 ILBC IGCSE School နှင့် ILBC Preschool နှစ်ကျောင်းစလုံးအနက် မိမိနှစ်သက်ရာကို တစ်ပါတည်းပူးတွဲဖော်ပြ၍ လျှောက်ထားနိုင်ပါသည်။

────────────

လျှောက်ထားသူသည်

🟢 တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်။

🟢 အသက် (၃၀) နှစ်အောက် ဖြစ်ရပါမည်။

🟢 အင်္ဂလိပ်စာ အခြေခံ ရှိပြီး အသင့်အတင့် ပြောဆိုနိုင်သူ ဖြစ်ရပါမည်။

🟢 စာနာစိတ်ရှိပြီး အကောင်းမြင်စိတ်ရှိရမည်။

🟢 အကျင့်စာရိတ္တကောင်းမွန်ပြီး အများနှင့်ပြေပြစ်စွာ ပြောဆိုဆက်ဆံနိုင်ရပါမည်။

🟢 အသင်းအဖွဲ့ဖြင့် စည်းလုံးညီညွတ်စွာလုပ်ကိုင်နိုင်ပြီး ကလေးများကို စိတ်ရှည်စွာဆက်ဆံပေးနိုင်သူ ဖြစ်ရပါမည်။

🟢 ရွေးချယ်ခံရသူသည် လားရှိုးမြို့ရှိ ILBC ကျောင်းတွင် Trainee Teacher အဖြစ် စတင်တာဝန် ထမ်းဆောင် ရပါမည်။

🟢 Teacher Training Department မှ ဖွင့်လှစ်မည့် Intensive Training Course ကိုလည်း တက်ရောက်ရပါမည်။

🟢 အစမ်းခန့်ကာလ (၃)လ ဖြစ်ပါသည်။

🟢 အစမ်းခန့်ကာလ (၃) လပြည့်လျှင် သင်တန်းဆရာများနှင့် သက်ဆိုင်ရာကျောင်းအုပ်တို့ အားလုံး၏ ထောက်ခံမှုရရှိမှသာ အတည်ပြုခန့်အပ်ပါမည်။ သင်တန်း ဆရာများနှင့် သက်ဆိုင်ရာကျောင်းအုပ်များအားလုံး၏ ထောက်ခံမှု (မရရှိလျှင်) အတည်ပြုခန့်အပ်မည် မဟုတ်ပါ။

────────────

အလုပ်လျှောက်ထားရန် လိုအပ်ချက်များ

➤ ကိုယ်ရေးအကျဥ်း
➤ ရောင်စုံဓာတ်ပုံ (၂) ပုံ
➤ ဘွဲ့လက်မှတ်မိတ္တူ
➤ သန်းခေါင်စာရင်းမိတ္တူ
➤ သင်တန်းအောင်လက်မှတ်မိတ္တူ
➤ မှတ်ပုံတင်မိတ္တူ

────────────

စိတ်ပါဝင်စားသူများအနေဖြင့်
📍ILBC International School Lashio
လိပ်စာ - အမှတ် (၁၁/ခ) လွယ်ကန်မိန်းရပ်၊ ဓမ္မရိပ်သာလမ်း၊ နယ်မြေ (၁၆)၊(၈)ရပ်ကွက်၊ လားရှိုးမြို့သို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာများကို 30th June, 2026 (Tuesday) အထိသာ လက်ခံပေးသွားမည် ဖြစ်ပါသည်။

☎ Phone: 082 2930421, 220 4147, 09 256072478

လူတွေ့စစ်ဆေးမှုများအတွက် ပြန်လည်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။

ILBC English Class စဖွင့်ဖို့ (၁) ရက်ပဲလိုပါတော့တယ်!  ဇွန်လ (၁၃) ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမဲ့ 2026-2027 ILBC TBL-EPC (...
12/06/2026

ILBC English Class စဖွင့်ဖို့ (၁) ရက်ပဲလိုပါတော့တယ်!

ဇွန်လ (၁၃) ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမဲ့ 2026-2027 ILBC TBL-EPC (Batch 1) အင်္ဂလိပ်စာအတန်းတွေအတွက် Registration Form ကို ဖွင့်ထားဆဲဖြစ်လို့ တက်ရောက်ချင်တဲ့ အသက် (၅) နှစ်မှ (၁၆) နှစ်အရွယ် သားသားမီးမီးတိုင်း ဆက်လက် အပ်နှံလို့ ရနေပါသေးတယ်။

ကျောင်းစာမှာရော နေ့စဥ် ဘဝမှာရော၊ အနာဂတ် အခွင့်အလမ်းတွေအထိ ကူညီပေးနိုင်မဲ့ English 4 Skills ကို သင်ကြားပေးမှာဖြစ်လို့

🟢 အင်္ဂလိပ်စာ အခြေခံ လုံးဝမရှိသေးတဲ့ ကလေးတွေ
🟢 Intermediate, Advanced Level တွေအထိတက်ပြီး Skills ထပ်မြှင့်လေ့ကျင့်ချင်တဲ့ ကလေးတွေအားလုံး တက်ရောက်နိုင်ပါတယ်။

✦ ILBC Campus တွေမှာ တက်ရောက်နိုင်မဲ့ On Campus Class
✦ Face-to-Face (တိုက်ရိုက် Live) သင်နိုင်မဲ့ Online Class
နှစ်သက်ရာကို ရွေးချယ်တက်ရောက်နိုင်ပါတယ်။

-------------------------

📅 သင်တန်းစဖွင့်မည့်ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၃) ရက်

📅 သင်တန်းပြီးဆုံးမည့်ရက်စွဲ - ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၇) ရက်

🔵 ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ လားရှိုး၊ မုံရွာ၊ မြိတ်
အပတ်စဥ် စနေနေ့နှင့် တနင်္ဂနွေနေ့ - မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

🔵 တောင်ကြီး၊ မြစ်ကြီးနား
အပတ်စဥ် စနေနေ့နှင့် တနင်္ဂနွေနေ့ - မနက် (၉) နာရီမှ နေ့လယ် (၁) နာရီ

🔵 သင်တန်းကြေးအပြီးအစီး
Online Class: 700,000 MMK
On Campus Class: 1,000,000 MMK

🔵 ကျောင်းဝင်ကြေး
New Students: 200,000 kyats
Old Students: 50,000 kyats

အတန်းလေးမီအောင်လို့ ဒီကနေတစ်ဆင့် Register လုပ်လို့ရပါတယ်။

✦ ကျောင်းသားသစ်များအပ်နှံရန်
https://tinyurl.com/26-27-EPC-New-Reg-Form-Batch-1

✦ 2025-2026 Summer English Class မှ ကျောင်းသားများဟောင်းအပ်နှံရန်
https://tinyurl.com/26-27-EPC-OldStd-Batch-1

အသေးစိတ်စုံစမ်းရန် 🔎
Front Office: 09 400 7777 80 , 09 400 7777 90
Viber: 09 400 7777 80 , 09 400 7777 90

🟢အင်္ဂလိပ်စာအတန်းတွေ တက်ပေမဲ့ အင်္ဂလိပ်လို တကယ်ရော ကောင်းကောင်းပြောတတ်ပြီလား?🟢အသံထွက် မှန်ရဲ့လား?🟢ကိုယ့်ကိုယ်ကိုယ် ယုံကြ...
08/06/2026

🟢အင်္ဂလိပ်စာအတန်းတွေ တက်ပေမဲ့ အင်္ဂလိပ်လို တကယ်ရော ကောင်းကောင်းပြောတတ်ပြီလား?

🟢အသံထွက် မှန်ရဲ့လား?

🟢ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရဲ့လား?

စကားပြောတင်မဟုတ်ဘဲ ကျောင်းစာထဲမှာ အတန်းကြီးလာတာနဲ့အမျှ ထိတွေ့လာရမဲ့

● Read the passage, Grammar, Punctuation, Essay & Letter ပိုင်းတွေမှာပါ သိသိသာသာ တိုးတက်လာဖို့

● အင်္ဂလိပ်စာဆိုတာနဲ့ ကျွမ်းကျင်ပိုင်နိုင်မှု အပြည့်ရှိဖို့

● အင်္ဂလိပ်သီချင်းတွေ၊ အင်္ဂလိပ်ရုပ်ရှင်ကားတွေကို Subtitle မထိုးလည်း နားလည်နိုင်ဖို့

● AI ခေတ်မှာ Prompt ပေးတာကအစ အင်္ဂလိပ်လို လည်လည်ပတ်ပတ် ထိထိရောက်ရောက် ပေးနိုင်ဖို့အတွက် ကလေးတွေရဲ့ အင်္ဂလိပ်ဘာသာစကား စွမ်းရည်ကို မြှင့်တင်ချင်တယ်ဆိုရင် ILBC TBL-EPC English Class (Batch 1) မှာ အပ်နှံ ထားရှိနိုင်ပါတယ်။

အသက် (၅) နှစ်မှ (၁၆) နှစ်အရွယ် ကလေးတွေ တက်ရောက်နိုင်ပြီး အင်္ဂလိပ်စာကို အခြေခံကနေစသင်နိုင်ဖို့အတွက် Beginner Level ကနေ စတက်လို့ရပါတယ်။
🟢 On Campus Classes
🔵 Online Classes ဆိုပြီး ရွေးချယ်တက်ရောက်နိုင်တာဖြစ်လို့ Campus ဖွင့်ထားတဲ့ မြို့တွေမှာ လူကိုယ်တိုင် လာတက်နိုင်ရုံမကဘဲ ပြည်တွင်း/ ပြည်ပ ဘယ်နေရာပဲရောက်ရောက် အွန်လိုင်းကနေတစ်ဆင့် အင်္ဂလိပ်စာကို တစိုက်မတ်မတ် သင်ယူနိုင်ပါတယ်။

ဘာသာစကားတစ်မျိုး (အထူးသဖြင့်) International Language ဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကားကို ငယ်ငယ်ကတည်းက အခြေခံပိုင်ထားမယ်ဆိုရင်
🔹တက္ကသိုလ်တက်ရောက်တဲ့အခါ
🔹နိုင်ငံခြားတက္ကသိုလ်ဝင်ခွင့် လျှောက်ထားတဲ့အခါ
🔹Exam တွေဖြေဖို့ လေ့ကျင့်တဲ့အခါ
🔹အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ Competition တွေ ဝင်ပြိုင်တဲ့အခါ
🔹အသက်အရွယ်တစ်ခုရောက်လို့ အလုပ်အကိုင်လျှောက်ထားတဲ့အခါမှာ အားသာချက် တစ်ခု ဖြစ်လာမှာပါ။

ကလေးတွေကို စနစ်တကျ လေ့ကျင့်သင်ကြားပေးဖို့အတွက်တော့ ILBC ရဲ့ Professional Development Programme ကိုတက်ရောက်ထားပြီး ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်နဲ့ Child Psychology ကအစ နားလည်တတ်ကျွမ်းတဲ့ အတွေ့အကြုံရှိ ဆရာ၊ ဆရာမတွေကိုယ်တိုင်က စာတွေ့၊လက်တွေ့ နှစ်မျိုးစလုံးကို သင်ပေးမှာမို့
» အင်္ဂလိပ်စာကိုတကယ်တတ်မြောက်ပြီး
» တကယ်လက်တွေ့အသုံးချတတ်ချင်ရင်တော့ ILBC TBL-EPC (Batch 1) အင်္ဂလိပ်စာအတန်းတွေကို တက်ရောက်နိုင်ပါပြီ။

📅 Commencing Date – 13th June, 2026
📅 Completion Date – 17th October, 2026

💰 𝗖𝗼𝗺𝗽𝗹𝗲𝘁𝗲 𝗖𝗼𝘂𝗿𝘀𝗲 𝗙𝗲𝗲
● On Campus – 1,000,000 MMK
● Online – 700,000 MMK
● Admission Fees:
New Students – 200,000 kyats
Old Students – 50, 000 kyats
● One-Time Payment for the Entire Course

📚 𝗖𝗹𝗮𝘀𝘀 𝗧𝗶𝗺𝗲𝘁𝗮𝗯𝗹𝗲𝘀
Yangon, Mandalay, Nay Pyi Taw, Lashio, Monywa, Myeik
⏰ Saturday & Sunday – 8:00 am to 12:00 noon

Taunggyi, Myitkyina
⏰ Saturday & Sunday – 9:00 am to 1:00 pm

𝗥𝗲𝗴𝗶𝘀𝘁𝗲𝗿 𝗧𝗼𝗱𝗮𝘆!
🔴 Registration Link (New Student): 2026-2027 ILBC TBL-EPC (Batch 1)
https://tinyurl.com/26-27-EPC-New-Reg-Form-Batch-1

🟢 Student ID ရှိပြီးသား 2025-2026 Summer English Class တက်ရောက်ထားသူများသာအပ်နှံရန်
Registration Link (Existing Student): https://tinyurl.com/26-27-EPC-OldStd-Batch-1

Registration Form မှာ ဖြည့်ထားတဲ့ Email ထဲကို Confirmation Mail ဝင်လာတဲ့အခါ စာရင်းပေးသွင်းမှု အောင်မြင်ကြောင်းသိနိုင်ပါတယ်။

အသေးစိတ်ကိုတော့ အောက်ပါ ဖုန်းနံပါတ်တွေကို ဆက်သွယ်နိုင်ပါပြီ။
☎️ Front Office: 09 400 7777 80 , 09 400 7777 90
📲 Viber: 09 400 7777 80 , 09 400 7777 90

▬▬ ▬▬ ▬▬

On Campus Classes ဖွင့်လှစ်ပေးသွားမည့်ကျောင်းခွဲများ

🏫 ILBC International School Yangon (Thuwana Campus)
Address: Lay Dauk Kan Road, Thuwana Football Stadium, Thingankyun Township, Yangon.
Phone: 09262773009, 09 400777780, 09 400777790
Google Map: https://goo.gl/maps/PsPT32q83rpzhmod7

🏫 ILBC International School Mandalay (IGCSE 1 Campus)
Address: 30th Street, Between 53rd & 54th Street, Kankauk Ward, Chan Aye Thar Zan Township, Mandalay.
Phone: 09 402641280, 09 443771372

🏫 ILBC International School Nay Pyi Taw
Address: Thazin St, Near Diplomat Zone, Dekkhinathiri Tsp, Nay Pyi Taw.
Phone: 09 940881860, 09 940881861

🏫 ILBC International School Myitkyina (ON CAMPUS ONLY)
Address: No.11, Zawkyun St., Thidar Block, Myitkyina, Myanmar.
Phone: 09 429326678, 09 970942753, 09 880923597

🏫ILBC International School Taunggyi (Shan Queen Campus)
Address: 167, B Road, Between 6th & 7th Street, Shwe Taung Kyar Housing, Shan Queen, Kan Gyi Quarter, Taunggyi.
Phone: 09 940881875, 09 404404802

🏫 ILBC International School Lashio
Address: No. (11/ kha), Lwe Kan Mein Block, Dhamma Yeikthar Street, Region (16), 8th Quarter, Lashio.
Phone: 09 757179659, 09 256072478

🏫 ILBC International School Myeik
Address: Maharsi Sarsana Yeikthar St., La Min Yard, La Min Qtr, Yaypone Estate, Myeik.
Phone: 09 8627077, 09 8763521, 09 897 366132, 09 752766132, 09 955266132

🏫ILBC International School Monywa (ONLINE ONLY)
Phone: 09967733334

Address

Lashio

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00
Saturday 08:00 - 16:00
Sunday 08:00 - 16:00

Telephone

09256072478

Alerts

Be the first to know and let us send you an email when ILBC International School Lashio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share