Atlar's Learning Centre , English & Development

  • Home
  • Atlar's Learning Centre , English & Development

Atlar's Learning Centre , English & Development အင်္ဂလိပ်ကျွမ်းကျင်ဖို့ အတူတကွလေ့ကျင့်ပေးမယ့် ALC.....

ALC ( English & Development ) has a strong desire to help the people develop in their areas for the improvement of the community. We provide different English classes for all age ranges and trainings for teachers and educational facilitators.

26/02/2026

3-3-2026
ဘာနေ့များ ဖြစ်မလဲ?
ဖြေသွားကြပါဦး။

ALC ရဲ့ Weekend English Proficiency Classes တွေက ဆရာမများ၊ သင်တန်းစီမံခန့်ခွဲမှုအဖွဲ့,၊ သင်တန်းတက်ရောက်သူများ နဲ့ မိဘအုပ...
25/02/2026

ALC ရဲ့ Weekend English Proficiency Classes တွေက ဆရာမများ၊ သင်တန်းစီမံခန့်ခွဲမှုအဖွဲ့,၊ သင်တန်းတက်ရောက်သူများ နဲ့ မိဘအုပ်ထိန်းသူတို့ရဲ့ကြိုးစားမှုကြောင့် အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ မကြာခင်စတင်မယ့် Summer Special Classes မှာလည်း ပိုမိုကောင်းမွန်တဲ့ကြိုးစားအားထုပ်မှုတွေ မြင်ရမယ်လို့ ယုံကြည်ရင်း.....

ALC Summer Special Course: ပညာရည်ရော၊ စိတ်ဓာတ်ပါ ဖွံ့ဖြိုးစေမယ့် နွေရာသီ ☀️📚နွေရာသီကျောင်းပိတ်ရက်မှာ သားသားမီးမီးတို့ရဲ့...
09/02/2026

ALC Summer Special Course: ပညာရည်ရော၊ စိတ်ဓာတ်ပါ ဖွံ့ဖြိုးစေမယ့် နွေရာသီ ☀️📚

နွေရာသီကျောင်းပိတ်ရက်မှာ သားသားမီးမီးတို့ရဲ့ အင်္ဂလိပ်စာအရည်အသွေးကို မြှင့်တင်ပေးရုံတင်မကဘဲ လက်တွေ့အသုံးချနိုင်စွမ်း (Practical Skills) နဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု (Emotional Intelligence) တို့ကိုပါ တစ်ပြိုင်နက် ပျိုးထောင်ပေးမည့် ALC ရဲ့ အထူးတန်းလေး လာပါပြီ။

ဒီနှစ်မှာတော့ အသက် (၆) နှစ်မှ (၁၅) နှစ် အတွင်းရှိတဲ့ ကလေးတို့အတွက် ပိုမိုထူးခြားတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ ပြင်ဆင်ထားပါတယ်။

သင်တန်းမှာ ဘာတွေပါဝင်မလဲ?
၁။ Language Excellence (အင်္ဂလိပ်စာအခြေခံကောင်းများ)

4 Skills & Phonics: နားထောင်ခြင်း၊ စကားပြောခြင်းမှအစ အသံထွက်မှန်မှန်ဖြင့် ကိုယ်တိုင် စာဖတ်၊ စာပေါင်းနိုင်အောင် လေ့ကျင့်ပေးခြင်း။

Grammar & Vocabulary: ဝါကျတည်ဆောက်ပုံနှင့် ဝေါဟာရများကို အလွတ်ကျက်စရာမလိုဘဲ နားလည်တတ်မြောက်စေခြင်း။

၂။ Project-Based Learning (လက်တွေ့လုပ်ဆောင်မှု)
သင်ကြားရတဲ့ Course အလိုက် Hands-on Projects များ (ဥပမာ - Scrapbook ဖန်တီးခြင်း၊ Presentation ပြုလုပ်ခြင်း၊ Role-play များ) ကို ကိုယ်တိုင်လုပ်ဆောင်ရမှာဖြစ်လို့ သင်ခန်းစာတွေကို ပိုမိုမှတ်မိစေပါတယ်။

၃။ Social-Emotional Learning - SEL (စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု)
ကလေးတို့ရဲ့ စိတ်ခံစားမှုကို နားလည်ထိန်းချုပ်တတ်စေခြင်း၊ သူတစ်ပါးအပေါ် စာနာနားလည်တတ်ခြင်း (Empathy) နှင့် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း (Self-confidence) စတဲ့ Life Skills များကို Activity များမှတစ်ဆင့် ထည့်သွင်းသင်ကြားပေးသွားမှာပါ။

🗂️ သင်တန်းအချက်အလက်များ
Age Limit: 6 years to 15 years

Course Start Date : 3.3.2026

Class Schedule: Mon to Thu
(2 Hours per day)
( 8 Hours per week)
Course Duration: 3 Months

💰 Course Fees (Full 3-Month Payment)
ကျောင်းသားဟောင်း: 250,000 ကျပ်
ကျောင်းသားသစ်: 270,000 ကျပ်

📝 ကျောင်းအပ်နှံရန် အစီအစဉ်

ဖေဖော်ဝါရီလ ပထမအပတ် မှစတင်၍ ကျောင်းအပ်လက်ခံပေးသွားပါမည်။

Summer Class များကို တက်ရောက်မယ့်သူများ အနေဖြင့် ကျောင်းသားနဲ့မိဘအတူ လာရောက်အပ်နှံကာ Pre test ဖြေဆိုပြီး
1:00-3:00 p.m. သို့မဟုတ် 3.15-5.15 p.m. ထဲက သင့်လျော်တဲ့အတန်းကို ထည့်ပေးမှာ ဖြစ်ပါတယ်။

⏰ ကျောင်းအပ်လက်ခံချိန်:
တနင်္လာ မှ သောကြာ (9:00 AM - 12:00 PM)

🏠 သင်တန်းလိပ်စာ: ရပ်ကွက် (၂) ၊ရွှေဘိုလမ်းနှင့်နှင်းဆီလမ်းထောင့် ၊Asia Hotel အပေါ်ကပ်ရပ်။

📞 ဆက်သွယ်ရန်ဖုန်း:
09693547669 /
09964656465

ALC ရဲ့ နွေရာသီသင်တန်းမှာ ကလေးတို့ရဲ့ အရည်အချင်းတွေကို အတူတူ ပျိုးထောင်ကြစို့။ ✨

Inclusive Education မှာမဖြစ်မနေထည့်သွင်းရမယ့် Differentiated instruction လေးကို လိုတိုရှင်းလေး ဆွေးနွေးထားပါတယ်။
07/09/2025

Inclusive Education မှာမဖြစ်မနေထည့်သွင်းရမယ့် Differentiated instruction လေးကို လိုတိုရှင်းလေး ဆွေးနွေးထားပါတယ်။

အရှေ့က Episode တွေမှာ မတူညီတဲ့ကျောင်းသားတွေအကြောင်းနဲ့ Differentiated Instruction နမူနာအသုံးပြုပုံကိုမျှဝေခဲ့ပါတယ်။ ဒီ Episode မှာတေ...

မိဘတွေအနေနဲ့ English စာကိုအခုမှ စတင်လေ့လာမယ့်  သားသားမီးမီးတိုအတွက် စာသင်တာပျော်လည်းပျော်ရမယ် နည်းမှန်လမ်းမှန်နဲ့ အသံထွက...
31/08/2025

မိဘတွေအနေနဲ့ English စာကိုအခုမှ စတင်လေ့လာမယ့် သားသားမီးမီးတိုအတွက် စာသင်တာပျော်လည်းပျော်ရမယ် နည်းမှန်လမ်းမှန်နဲ့ အသံထွက်တွေကိုလဲသင်စေချင်တယ် ဆိုရင် Phonics and Speaking အတန်းကိုအကြံပြုပေးပါရစေ။

သားသားမီးမီးတိုအနေနဲ့ Jolly phonics အတန်းကိုတတ်ရောက်ပြီးသိသိသာသာ ရရှိမယ့် skill တွေကတော့

1. Learning the letter sounds
ပုံမှန်အားဖြင့်ကျွန်မတိုတွေက a b c ကိုသင်ကြားရာ‌တွင် ၎င်း တိုရဲ့ နာမည်များဖြစ်တဲ့ အေ ဘီ စီဆိုပြီး ဖတ်လေ့ရှိတာကြောင့် သားသားမီးမီးတိုအနေနဲ့ ၎င်းတို ကို အသံထွက်များ အဖြစ်အမှတ်မှားလေ့ရှိကြပါတယ် ဒါကြောင့် ထိုစာလုံးများရင် အသံထွက်အမှန်များကို Phonicsမှ တစ်ဆင့် လေ့လာသိရှိစေမှာဖြစ်ပါတယ်။

2. Learning letter formation
Alphabet များကိုသင်ကြားပြီးနောက် တကယ်လက်‌တွေ့ ချရေးကြရာတွေ သားသားးမီးမီးအများစုအခက်တွေ့ နေကြတတ်ပါတယ် ဒါကြောင့် phonics မှာဆိုရင် သားသားမီးမီးတို‌အနေနဲ့ အခက်မတွေ့အောင် fun ဖြစ်သော activities မျိုးစုံအသုံးပြုကာ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

3.Blending
သားသားမီးမီးတိုဟာ English words များဖတ်ရာ‌တွင်လဲ အသံထွက်မှန်များကိုမသိထားရင်အခက်တွေ့တတ်တာကြောင့် စာလုံး‌တော်တော်များများကိုလွဲမှားစွာရွတ်ဖတ်မိလေ့ရှိကြပါတယ် ဒါကြောင့် phonics မှ တစ်ဆင့်အသံထွက်အမှန်များကိုလေ့လာပြီးပါက words များကိုဖတ်ရာတွင်အခက်အခဲမရှိဘဲ သိသိသာသာ ဖတ်တတ်ရွတ်တတ်လာမှာပါ။

4. Identifying sounds in words
Dictation ခေါ်ရင်ဖြစ်ဖြစ် အချင်းချင်းစာလုံးများကိုပြောဆိုကြရာတွင်ဖြစ်ဖြစ် သားသားမီးမီးတိုဟာ စာလုံးပေါင်းများကိုလွဲမှားစွာကြားတတ်ကြပါတယ်ဤအခက်အခဲများသည်လည်းPhonics အတန်းတက်ပြီးတာနဲ့သိသိသာသာတိုးတက်လာပြီး စာလုံးပေါင်းတွေလဲ မှန်ကန်လာမည်ဖြစ်ပါတယ်။

5. Tricky words
အသံထွက်များ ဆင်တူရိုးမှာရှိတတ်တဲ့ /t/,/d/ တိုလို စာလုံးများကို သင်ကြားရာ‌တွင်လဲ သားသားမီးမီး တို အခက်တွေ့လေ့ရှိပါတယ်။ Tree နဲ့ Three တို မှားလေ့ရှိတာမျိုး စတဲ့ tricky words တွေကိုလဲ သေသေချာချာ အသံထွက်စေပြီး နည်းစနစ်မှန်ကန်စွာသင်ယူရမှာဖြစ်ပါတယ်။
__

ဒါ့အပြင် Speaking , Craft နှင့် တစ်ခြား Activities တွေလည်း ထည့်သွင်းပေးထားတာဖြစ်လို ပျော်ပျော်ရွှင်ရွှင် ကစားရင်း သင်ယူနိုင်ဖို ကူညီပေးမှာဖြစ်ပါတယ်။

ဒီလိုစွမ်းရည်တွေရရှိစေဖို
📝Phonics Class for
5 to 6-year-old students
📌Saturday and Sunday
⏱️1:00 to 3:00
⏱️3:15 to 5:15 p.m.
🗓️Stats on 6.9.2025

သင်တန်းကို အပ်နှံဖိုအတွက်

⏰️မနက် 9နာရီမှ 12နာရီ အတွင်း
သင်တန်း သို လူကိုယ်တိုင် လာရောက်အပ်နှံနိုင်ပါပြီရှင်။

☎️09693547669
☎️09964656465

အထက်ပါ ဖုန်းနံပါတ်များမှလည်း တစ်ဆင့် အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

❗️❗️❗️❗️❗️❗️❗️
လတ်တလော
တနင်္ဂနွေနေ့များမှာတော့
သင်တန်းများ လက်ခံပေးခြင်းမရှိပါ။

ကျောင်းသားတိုင်းအားလုံးကို အတူတကွ လေ့လာခွင့်ရအောင် ပြုလုပ်ကူညီရာမှာ သူတို့ရဲ့ လေ့လာမှုပုံစံတွေကိုလည်း မေ့ထားလို့မရေပါဘူး...
20/08/2025

ကျောင်းသားတိုင်းအားလုံးကို အတူတကွ လေ့လာခွင့်ရအောင် ပြုလုပ်ကူညီရာမှာ သူတို့ရဲ့ လေ့လာမှုပုံစံတွေကိုလည်း မေ့ထားလို့မရေပါဘူး။ ဒီ video ထဲမှာတော့ ကျောင်းသားတွေ ဘယ်လိုပုံစံနဲ့ လေ့လာမှုတွေကိုပြုလုပ်ကြသလဲ။ သူတို့ကို ဘယ်လိုပံ့ပိုးပေးလို့ရသလဲဆိုတာကို မျှဝေပေးထားပါတယ်။

ကျောင်းသားတိုင်းအားလုံးကို အတူတကွ လေ့လာခွင့်ရအောင် ပြုလုပ်ကူညီရာမှာ သူတို့ရဲ့ လေ့လာမှုပုံစံတွေကိုလည်း မေ...

A, B or C? What will be the best reply?
18/08/2025

A, B or C? What will be the best reply?

Rainy Season Art Creation Race🫨Students from Weekend English Classes created various art materials, and now we are here ...
17/08/2025

Rainy Season Art Creation Race🫨

Students from Weekend English Classes created various art materials, and now we are here to present them to you.

Please help us choose the winners by reacting to your favorite art materials.

The categories are....
1. Digital art and posters
2. Short and medium-length essays
3. Paintings

17/08/2025

Rainy Season Art Creation Race🫨

Students from Weekend English Classes created various art materials, and now we are here to present them to you.

Please help us choose the winners by reacting to your favorite art materials.

The categories are....
1. Digital art and posters
2. Short and medium-length essays
3. Paintings

Any hamburger lover? Weekend English Class မှာ Hamburger တွေ လုပ်ပြီး "How to...." ဆိုတဲ့ process description အကြောင်းကိ...
15/08/2025

Any hamburger lover?

Weekend English Class မှာ Hamburger တွေ လုပ်ပြီး "How to...." ဆိုတဲ့ process description အကြောင်းကို လေ့လာနေကြတာပါ။ လက်တွေ့ လုပ်ဆောင်ပြီး သင်ခန်းစာတွေကို လက်တွေ့အသုံးပြုတဲ့အတွက်
-အကြောင်းအရာတွေကို ပိုမိုမှတ်မိတယ်
-သင်ခန်းစာကို လက်တွေ့သုံးတတ်လာတယ်
-အတန်းပြင်ပမှာ ပိုမိုပြောဆိုလာနိုင်ပါတယ်။

Disclaimer: All the photos are posted with the consent.

Address

B/11/300, Hnin Si Street, Quarter/2

LASHIO

Opening Hours

Monday 15:00 - 18:00
Tuesday 15:00 - 18:00
Wednesday 15:00 - 18:00
Saturday 13:00 - 17:00
Sunday 13:00 - 17:00

Telephone

0976493016

Website

Alerts

Be the first to know and let us send you an email when Atlar's Learning Centre , English & Development posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Atlar's Learning Centre , English & Development:

Shortcuts

  • Want your school to be the top-listed School/college?

Share