Ta'ang Education Institute

Ta'ang Education Institute 779252635

"အလုပ်လုပ်ဖို့ စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် အလုပ်ခေါ်စာ "  👨‍🏫လုပ်ငန်းလုပ်ဖို့ရန်အတွက် စိတ်ပါဝင်စားတဲ့လူငယ်တွေ TEI ကခေါ်ယ...
15/08/2026

"အလုပ်လုပ်ဖို့ စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် အလုပ်ခေါ်စာ "



👨‍🏫လုပ်ငန်းလုပ်ဖို့ရန်အတွက် စိတ်ပါဝင်စားတဲ့လူငယ်တွေ TEI ကခေါ်ယူသည့် ဝန်ထမ်းနေရာ လျှောက်လို့ရပါတယ်ရှင့် ❣️

👩‍💻လျှောက်လွှာကို အောက်ဖော်ပြပါ Link မှာဝင်လျှောက်လို့ရပါတယ် 👇👇👇

ခေါ်ယူမည့် ရာထူး _ Project Assistants

အရေအတွက် _ 3ဦး

#ဌာန _ ECCD {Male -2ဦး}

https://docs.google.com/forms/d/e/1FAIpQLSf0f-V91y_ShD88U6a6FW0LsNMh2mdwCsCPmbxcZ3JJ-YKAWg/viewform?usp=header

#ဌာန _ RETD {Male _1ဦး}

https://docs.google.com/forms/d/e/1FAIpQLSeZXuUP2zojb9zeoFCn3fsXd9LjN3TaIDNNCJTZwzz96gIAPw/viewform?usp=header

လျှောက်လွှာပိတ်ရက် _ ဩဂုတ်လ, ၂၅ရက်,၂၀၂၆။
TEI

12/08/2026

ကဲ သားသားမီးမီးတို့အတွက် တအာင်းဘာသာစကားနဲ့ ရေးဖွဲ့ သီဆိုထားတဲ့ ECCD song လေးတစ်ပုဒ်ကို တင်ပေးပါရစေ။

သီချင်းအမည်ကတော့ ''မည်ဂြါန်'' မပျင်းနဲ့'' ဆိုတဲ့ တေးသီချင်းလေးဖြစ်ပြီး ကလေးငယ်တွေ ကို Hygiene နဲ့ပတ်သက်ပြီး အသိပညာပေးတဲ့ သီချင်းလေး ဘဲဖြစ်ပါတယ်။

သီချင်းကိုတော့ တေးရေး _ Lway Rose, တေးဆို _ Lway May Mie Aung , Music _ Lway May Mie Aung ကနေပြီးတော့ ဖန်တီးထားခြင်းဖြစ်ပါတယ်။ ဒီတစ်ခါကတော့ စာသားလေးပါတာမို့ တအာင်းစာလေ့လာသူတွေအတွက်ရော သီချင်းစာသား ကို လိုချင်တဲ့ ဆရာ/မ အတွက်တွေရော အဆင်ပြေမှာဖြစ်ပါတယ်။




📢အသက်မွေးဝမ်းကျောင်းပညာရေးအတွက် သင်တန်းသားခေါ်ယူခြင်း📢Technical, vocational education and training - TVET ၂၀၂၆-၂၀၂၇ ခုနှ...
21/07/2026

📢အသက်မွေးဝမ်းကျောင်းပညာရေးအတွက် သင်တန်းသားခေါ်ယူခြင်း📢
Technical, vocational education and training - TVET

၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း Ta’ang Education Institute (TEI) မှ မိုင်းယော်၊ တန့်ယန်း၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ မြို့နယ် (၆)မြို့နယ်အတွင်းရှိ လူငယ်များ အတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းဖြစ်သည့် ကွန်ပျုတာ သင်တန်းနှင့် စက်ချုပ်သင်တန်းကို ဩဂုတ်လ၊ ဒုတိယ အပတ်၌ နမ့်ဆန်မြို့တွင် ဖွင့်လှစ်သွားရန် ရှိသည်။သင်တန်းကာလ (၄)လ ကြာမြင့်မည် ဖြစ်ပြီး စာတွေ့ (၃၀) ရာခိုင်နှုန်း နှင့် လက်တွေ့ (၇၀) ရာခိုင်နှုန်း ပါဝင်အောင် သင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်း တစ်ခုစီတွင် သင်တန်းသား (၁၅)ဦး စီ နှင့် စုစုပေါင်း (၃၀) ဦး လက်ခံသွားမည်ဖြစ်သည်။

သင်တန်းလျှောက်လွှာကို ၂၁-၇-၂၀၂၆ မှစပြီး ၃၁-၇-၂၀၂၆ အထိ နောက်ဆုံးထားလျှောက်နိုင်ပြီး နောက်ကျရောက်သည့်လျှောက်လွှာကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ (၁-၈-၂၀၂၆) မှ (၅-၈-၂၀၂၆)ရက်အတွင်းတွင် လျှောက်လွှာအရ စံသတ်မှတ်ချက်နှင့် ကိုက်ညီသော သူများကို အင်တာဗျုး ပြုလုပ်သွားမည်။ အင်တာဗျုးအောင်မြင်သူများကိုလည်း အချိန်နှင့် တပြေးညီ အကြောင်းကြားသွားမည်ဖြစ်သည်။

သင်တန်းလျှောက်ထားသူများသည် အောက်ပါစံသတ်မှတ်ချက်အတိုင်း ဖြစ်ရမည်။

#စံသတ်မှတ်ချက်များ

👩‍💼👨‍💼အသက်အရွယ်သည် (၁၅- ၃၅ ) နှစ်အကြား ဖြစ်ရမည်။

📖 အခြေခံ စာရေးစာဖတ်တတ်ခြင်းနှင့်ကိန်းဂဏာန်းဆိုင်ရာ တွက်ချက်တတ်သူဖြစ်ရမည်။

💵 လူမှုစီးပွားရေး ဆိုင်ရာ ဝင်ငွေနည်းပါးပြီး အဆင်မပြေသည့် မိသားစုကို ဦးစားပေး ရွေးချယ်သွားမည်။

🗾သတ်မှတ်ထားသည့် မြို့နယ်အတွင်းမှ လူငယ်များ ဖြစ်ရမည်။

👨‍🏫သင်တန်းပြီးမြောက်သည်အထိ ကြိုးစားပြီး တက်ရောက်နိုင်သူဖြစ်ရမည်။

#အကျိုးခံစားခွင့်

- သင်တန်းအတောအတွင်း လိုအပ်သည့် သွားလာနေထိုင်စားသောက်စရိတ်များကို အဖွဲ့အစည်းဘက်မှ တာဝန်ယူသွားမည်ဖြစ်သည်။

- သင်တန်းအောင်မြင်စွာ ပြီးမြောက်သူများကိုလည်း အခြေခံစီးပွါးရေးစတင်နိုင်ရန် ပံ့ပိုးပေးသည်။

#ကွန်ပျုတာ သင်တန်းအတွက် လျှောက်ရန်လင့်

https://forms.gle/vB6xKCyiSWauduG68

#စက်ချုပ် သင်တန်းအတွက် လျှောက်ရန်လင့်

https://forms.gle/JLDyGhvQb8NWv65a6

#သင်တန်းအစီအစဉ်

📍သင်တန်းပြုလုပ်မည့်နေရာ။ ။နမ့်ဆန်မြို့နယ်
📆 သင်တန်း စတင်မည့် ရက်။ ။ ၁၀-၈-၂၀၂၆
📅သင်တန်းပြီးဆုံးသည့် ရက်။ ။ ၁၀-၁၂-၂၀၂၆
⏰သင်တန်း ကြာချိန်။ ။ ၄လ

လားရှိုး_ မိုင်းယော် မှာ တည်ရှိနေတဲ့ ပညာစံအိမ် (၂) တိတ်ဆိတ်ပြီး မှောင်မည်းနေတဲ့ ညတွေတိုင်းမှာ 20W ဆိုလာမီးလေးတလုံးရဲ့ အလ...
16/07/2026

လားရှိုး_ မိုင်းယော် မှာ တည်ရှိနေတဲ့ ပညာစံအိမ် (၂)

တိတ်ဆိတ်ပြီး မှောင်မည်းနေတဲ့ ညတွေတိုင်းမှာ 20W ဆိုလာမီးလေးတလုံးရဲ့ အလင်းရောင်အားကို အားပြုပြီး အတန်းဖော်၊ ကစားဖော် ၊သူငယ်ချင်းများနဲ့အတူ ကလေးတွေဟာ ရိုးရာကစားနည်းများ ကစားရင်း တနေ့တာ ရဲ့ ပင်ပန်းမှုတွေကို ဖြေဖျောက်နေကြပါတယ်။

ဒီမြင်ကွင်းလေးဟာ ကြည်နူးစရာကောင်းသလို ၂၁ ရာစုခေတ်မှာ ဒီလို ပညာရေးကျောင်းတွေ တိုးပွားလာတာက ကောင်းမွန်တဲ့ အရာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ကလေးအခွင့်အရေးအရသော်လည်းကောင်း ၊ SDG Goal အရသော်လည်းကောင်း ကလေးငယ်တိုင်း သူတို့ ရှိရာနေရာမှာ အရည်အသွေးရှိတဲ့ ပညာရေးတွေ ရရှိဖို့ လက်လှမ်းမှီဖို့ ဆိုပြီး ရည်မှန်းချက်တွေ ချထားကြပါတယ်။

ဒီကလေးတွေကတော့ သူတို့မိဘ သူတို့မိသားစု ရင်ခွင်ကနေ ခွဲခွာပြီး ပညာစံအိမ်မှာ ပညာသင်ကြားရဖို့ စုနေကြတာဖြစ်ပါတယ်။
မိသားစုရဲ့ နွေးထွေးမှုတွေ၊ မိသားစုနဲ့အတူ ပျော်ရွှင်မှုတွေကို ကျောခိုင်းပြီး လာနေကြတာမို့ အိမ်လွမ်းလို့ မကြာခန ငိုနေကြတဲ့ အချိန်လေးတွေလည်းရှိကြပါတယ်။

လားရှိုး_ မိုင်းယော်ဆိုတာကတော့ အားလုံးသိကြပြီးတဲ့အတိုင်း တိုင်းရင်းသား လက်နက်ကိုင်တွေပေါများတဲ့နေရာဖြစ်သလို မူးယစ်ဆေးဝါး၊ အိမ်တွင်းအကြမ်းဖက်မှု နဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးဖြစ်ပွားနေတဲ့ နေရာဖြစ်သလို ပညာရေး၊ ကျန်းမာရေး၊ လူနေမှုအဆင့်အတန်း နဲ့ အခြားလူ့ dignity နဲ့ ပတ်သက်ပြီး အများကြီး ချိုးဖောက်ခံနေရတဲ့ ဒေသလည်းဖြစ်ပါတယ်။

ဒီဒေသမှာရှိနေတဲ့ကလေးငယ်တွေဟာ ဖြစ်ပွားနေတဲ့ နိုင်ငံရေး ၊ စစ်ရေး နဲ့ Conflict ရဲ့ သားကောင်တွေ ဖြစ်မသွားဖို့က ပတ်ဝန်းကျင် ၊ လူ့အသိုက်အဝိုင်းက များစွာ အကာအကွယ်ပေးဖို့လိုအပ်ပါတယ်။

TEI ဟာ ကျေးရွာတွေမှာ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေကို လိုက်ဖွင့်ပေးနိုင်ပေမဲ့ အများအားဖြင့် မူလတန်းအောက်ဆင့် (Lover Primary _ KG to G3) ကိုဘဲ ဖွင့်ပေးနိုင်ပါတယ်။

မူလတန်း ထက်ဆင့် (Upper Primary _ G4 to G5) ရောက်ပြီးဆိုရင် ကလေးတွေဟာ ကျောင်းတက်မဲ့နေရာမရှိသလို ကျောင်းတက်ဖို့ စရိတ်မရှိတာကြောင့် အများအားဖြင့် မိဘတွေက မိမိတို့ကလေးတွေကို ကျောင်းထွက်စေပြီး အလုပ်တွေပြန်လုပ်ကိုင်စေပါတယ်။

TEI ကတော့ ဒီကလေး တွေ ဆက်လက်ပြီး ပညာ သင်ကြားနိုင်ဖို့၊ မိသားစုတွေဘက်ကလည်း စရိတ်စက မကုန်စေဘဲ ကလေးတွေအတွက် ပညာရေးကို ဉီးစားပေးနိုင်ဖို့ ရည်ရွယ်ပြီး ပရဟိတဘော်ဒါဆောင်တွေ၊ ပညာစံအိမ်တွေ ကိုဖွင့်လှစ်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီပညာစံအိမ် (၂) မှာဆို စုစုပေါင်း ကလေးဉီးရေ (၁၁၀) ဉီးပညာသင်ကြားနေကြပါတယ်။

လက်ရှိမြင်တွေ့နေရမှာကတော့ အဲဒေသက ကလေးငယ်လေးတွေဟာ ညအချိန်မှာ ကစားနေကြတဲ့ မြင်ကွင်းတွေကို မြင်ကြရမှာပါ။

သူတို့လေးတွေ ၄၅ မိနစ်စာလောက် ပျော်ပျော်ပါးပါးကြီး အားပါးတရဆော့ကစားပြီး ၈:၃၀ အချိန်မှာတော့ ရုံးခန်းဆီက အချက်ပေးခေါင်းလောင်းသံခေါက်တော့မှ လူစုခွဲပြီးချိန်မှာတော့ ကိုယ်စီကိုယ်လက်သန့်စင်ကာ ညအိပ်ရာဝင်ကြကြတာပေါ့။

ဒီကလေးတွေရဲ့ နောက်ကြောင်းလေးတွေ ၊ အတိတ်လေးတွေဟာ ဝမ်းနည်းစရာတွေ အများကြီးရှိကြပါတယ်။ ကျွန်မတို့တွေဟာ သူတို့ကို ပညာရေးအပါအဝင် စိတ်ပိုင်းဆိုင်ရာ၊ လူမှုပိုင်းဆိုင်ရာ နဲ့ အခြားသော ဖွံ့ဖြိုးတိုးတက်မှုပိုင်းဆိုင်ရာမှာ အများကြီး ပံ့ပိုးပေးဖို့ လိုအပ်ဆဲဖြစ်ပါတယ်။

ဒီဘော်ဒါဆောင်လေးကို TEI ကနေပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစပြီး တည်ထောင်တာဖြစ်ပါတယ်။
တည်ထောင်ဆဲ ကာလမှာ အစစရာရာ မပြည့်စုံသေးတဲ့အခြေနေမို့ လိုအပ်ချက်တွေများစွာရှိပါတယ်။

မိမိအနေဖြင့် ကျောင်းသား ကျောင်းသူများအတွက် လိုအပ်တဲ့
၁) သင်ထောက်ကူ
၂) အစားအသောက်
၃) အဝတ်အစားများ
၄) လုံခြုံရေးအတွက် လိုအပ်နေတဲ့ နေရာများ
၅) စောင်၊ အိပ်ရာခင်းများ
၆) ကစားစရာများ
၇) အခြားသော လိုအပ်ချက်များးကို တစ်ဉီးတစ်ယောက်ခြင်းဖြင့် သော်လည်းကောင်း၊ အုပ်စုဖြင့် သော်လည်းကောင်း တတ်စွမ်းသမျှလေးနဲ့ ပညာပါရမီဖြည့်ပြီး ကုသိုလ်ပြုခြင်းအားဖြင့် မိမိကိုယ်ရော အမိမြန်မာပြည်ကြီးကိုပါ အလှဆင်လိုလျှင် TEI သို့ ဆက်သွယ်လှူဒါန်းနိင်ကြောင်း တင်ပြလိုပါသည်။

ဒါ့အပြင် မိမိတို့ဒေသမှာ ပညာရေးကျောင်းဆက်တက်ဖို့ ခက်ခဲတဲ့ ကလေးငယ်တွေ၊ အခက်အခဲမျိုးစုံကြောင့်သော်လည်းကောင်း၊ မိဘရဲ့ လျူစ်လျူရှူခြင်းခံရတဲ့ကလေးငယ်တွေ၊ အကြမ်းဖက်အမျိုးမျိုးခံရတဲ့ကလေးငယ်တွေ ရှိရင် TEI သို ချိတ်ဆက်ပြီးအကူအညီရယူနိုင်ပါတယ်။

and Welfare Support Department (EWSD)

16/07/2026

မိုးရာသီ ခရီးစဉ်

ဒီလိုကာလမှာ ကျောင်းဖွင့်တဲ့ ကာလဖြစ်တဲ့ အားလျော်စွာ TEI လည်း နယ်စွန် နယ်ဖျားက ကိုယ်ထူကိုယ်ထ စာသင်ကျောင်းလေးတွေ သွားရောက်ပြီး ဖွင့်ပေးတဲ့ ရာသီလေးဖြစ်ပါတယ်။
မိုးရာသီမှာ ကွင်းဆင်းနေတဲ့ ဝန်ထမ်းတွေရဲ့ ပုံရိပ်အချို့ကို မျှဝေပေးချင်ပါတယ်။
ဒီကာလဟာ TEI ကွင်းဆင်းဝန်ထမ်းတွေအတွက် Risk တော်တော်များများ ရှိတဲ့ ကာလလို့ ဆိုရမှာ ဖြစ်ပါတယ်။
မိုးရာသီဖြစ်တဲ့အတွက် လမ်းတစ်လျှောက်မှာ မိုးကြီးရေကြီးတာတွေ၊ တောင်ကျရေတွေ လျှံထွက်လာတာတွေ လေတွေကြောင့် သစ်ပင်ကျိုးကျတာ၊ လမ်းချော်တာတွေဟာ ကွင်းဆင်းတဲ့ ဝန်ထမ်းတွေအတွက် အင်မတန် ခက်ခဲပါတယ်။
ဒါပေမဲ့ ပညာရေးကျောင်းဆောင်မှာ သူတို့လာမှာကို ကြိုပြီးစောင့်မျှော်နေကြတဲ့ ကလေးတွေ၊ ဆရာ/မတွေရဲ့ မျှော်လင့်ချက်တွေ၊ အပြုံးတွေက ဒီခက်ခဲနေတဲ့ လမ်းခရီးကို ကျော်လွှားစေနိုင်ပါတယ်။

မည်သို့ပင်စေကာမူ ဒီ ပညာရေးလမ်းဟာ ပန်းခင်းလမ်းမဟုတ်ဘူး။ ဆူးခင်းတဲ့ လမ်းမှာ လျှောက်ရမယ်ဆိုတာ ကျွန်မတို့တွေအားလုံးက မျှော်လင့်ပြီးသား၊ သိရှိပြီးသားမို့ အားလုံးကို ဉာဏ် ၊ သတိ၊ ဝီရိယ နဲ့ သွားကြပါတယ်။
မိုးရာသီ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုအချို့ကို တင်ပြပေးလိုက်ပါတယ်။

Department

03/07/2026

နွေရာသီမှာ TEI ဘာတွေ လုပ်ခဲ့လဲ ????

ဒီ ဗီဒီယိုလေးကတော့ TEI ကနေဦးဆောင်ပြီး ဒေသတွင်းရှိ ဆရာဆရာမများကို သင်တန်း ပေးနေတဲ့ ပုံရိပ်တွေ တွေ့ရမှာပါ။

သင်တန်းကတော့ မူကြိုဆရာမ စွမ်းရည်မြှင့်တင်ရေး သင်တန်း ရှိသလို၊ ဝေးလံ ခေါင်းပါးလွန်းတဲ့ ဒေသတွေမှာ ပညာရေး လက်လှမ်း မမှီတဲ့ ကလေးငယ်တွေအတွက် ဆရာဆရာမတွေက သွားရောက်ပြီး ကိုယ်ထူကိုယ်ထကျောင်းတွေ ဖွင့်လှစ်ပေးနိုင်ဖို့အတွက် ကြိုတင်ပြီး လေ့ကျင့်ပေးတဲ့ သင်တန်းလေးတွေလည်း ဖြစ်ပါတယ်။

ဒီဆရာမတွေဟာ ပညာရေး ကွန်မန်ဒို တွေဖြစ်သလို ပညာရေးအတွက် ရှေ့ကနေထွက်နေတဲ့ တိုက်စစ်မှူးတွေလည်း ဖြစ်ပါတယ်။

သူတို့ တာဝန် သွားကျရာ နေရာဒေသမှာ သူတို့နေထိုင်ခဲ့တဲ့ Culture နဲ့ မတူညီတဲ့ အရာတွေ များစွာရှိပါတယ်။

အဲအတွက် သူတို့တွေ အဆင်သင့် နေထိုင်နိုင်ဖို့ အသိပညာပိုင်း အပါအဝင်၊ စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ အခြားသော အရာများသွာကို ဒီနွေရာသီတွေမှာလေ့ကျင့်ပြီး သူတို့တွေ ကြုံလာသမျှ resilience ဖြစ်အောင် လေ့ကျင့်နေကြတာဖြစ်ပါတယ်။

နှစ်စဉ် နှစ်တိုင်း ဇွန်၊ ဇူလိုင် ရောက်ပြီး ဆိုရင် တောင်တန်း ပေါ်က တောပန်း တွေ ဟာ သူတို့ကို မျှော်နေကြပြီး။ သူတို့လေးတွေကလည်း ကလေးတွေအတွက် သွားဖို့က အဆင်သင့် ဖြစ်နေကြပြီး။

မိုးကြားမှာ မိုးကာတွေ ဆောင်းပြီး ခရီး နှင်နေကြတဲ့ ဒီဆရာဆရာမလေးတွေကို TEI က အမြဲတမ်း ဂုဏ်ယူရပါတယ်။




🤝🤝🤝 Job Announcement 🤝🤝🤝🤝တအာင်းဒေသတွင်းသို့ မူကြိုဆရာမ လုပ်ငန်းလုပ်ကိုင်ရန် စိတ်ပါဝင်စားကြသည့် လူငယ်အမျိုးသမီးများ၊ အမျိ...
03/07/2026

🤝🤝🤝 Job Announcement 🤝🤝🤝🤝

တအာင်းဒေသတွင်းသို့ မူကြိုဆရာမ လုပ်ငန်းလုပ်ကိုင်ရန် စိတ်ပါဝင်စားကြသည့် လူငယ်အမျိုးသမီးများ၊ အမျိုးသားများအတွက် TEI မှ ခေါ်ယူသည့် ECCD Application Google Link ထဲဝင်ရောက်ပြီး လျှောက်နိုင်ပါကြောင့် ပြောကြားလိုပါတယ်။

ECCD သည် အသက် (၃) နှစ်မှ (၅) နှစ်ကလေးငယ်များကို လုံခြုံပြီး ဘေးကင်းသည့် ပတ်ဝန်းကျင်ဖန်တီးပေးဖို့၊ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ဖို့ ၊ အရည်အသွေး ပြည့်ဝသော အစောပိုင်းစာတတ်မြောက်မှု နှင့် သင်္ချာတတ်မြောက်မှုများ ဖွံ့ဖြိုး လာစေရန် လုပ်ဆောင်ရသည့် လုပ်ငန်းဖြစ်သည်။

ဒေသခံ ဆရာဆရာမများကို ဦးစားပေး မည်ဖြစ်ပြီး အကျိုးခံစားခွင့်များ အနေဖြင့် _
၁) TEI မှ ကျင်းပပြုလုပ်သည့် သင်တန်းများကို အခမဲ့ တက်ရောက်နိုင်ခြင်း။
၂) လစာ အကျိုးခံစားခွင့်များ
၃) ECCD manualတွင် ပါသည့် အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ပါသည်။

https://docs.google.com/forms/d/e/1FAIpQLSf0f-V91y_ShD88U6a6FW0LsNMh2mdwCsCPmbxcZ3JJ-YKAWg/viewform?usp=header

26/06/2026

ဒီ ဗီဒီယိုလေးကတော့ လက်ရှိ လားရှိုး_ မိုင်းယော်ဘက်မှာ Community နဲ့
သံဃာတော်တွေရယ်၊ TEI အဖွဲ့တွေပါ ပါဝင်ပြီး ကလေးငယ်တိုင်း လက်လှမ်းမှီတဲ့ ပညာရေး ရရှိဖို့ အားဖြည့်ထားတဲ့ လှုပ်ရှားမှုတစ်ခုလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

မိုင်းယော်ကို ရောက်ရင် _____________
သင်က ပညာရေးကို စိတ်ဝင်စားတဲ့သူ၊ ကလေးအခွင့်အရေးတွေကို စိတ်ဝင်စားတဲ့သူ၊ အနာဂတ်ပန်းတွေ ပွင့်လန်းလာဖို့ တစ်ဒေါင့် တစ်နေရာကနေ ပန်းဉယာဉ်မှူးလေး လုပ်ချင်တယ်ဆိုရင် မဖြစ်မနေ သွားရောက်ပြီး လေ့လာနိုင်တဲ့နေရာလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။

မိုင်းယော်ကို ရောက်တာနဲ့ ပညာစံအိမ် (၁) ၊ ပညာစံအိမ် (၂) ဆိုပြီး ပရဟိတ ကျောင်းလေး တွေရှိပါတယ်။

လူထုတွေရဲ့ အင်အား၊ သံဃာတော်တွေရဲ့ အင်အားနဲ့ TEI ကပါပံ့ပိုးကူညီပြီး ဖွင့်လှစ်ထားတဲ့ ကျောင်းနေ, ကျောင်းအိပ် ကျောင်းစား ကလေးတွေများစွာရှိပါတယ်။

သူတို့လေးတွေဟာ စစ်​ဘေး၊ စားဝတ်နေရေး ခက်ခဲတဲ့ဘေး၊ ကျေးရွာမှာ ကျောင်းဆက်တက်ဖို့ အတန်းထက်တက်ဖို့ မတတ်နိုင်တဲ့ကလေးတွေ၊ လူမှုစီးပွား Crisis တွေကြောင့် ခက်ခဲတဲ့ကလေးတွေအပြင် အခြားသော အကြောင်း အမျိုးမျိုးကြောင့် လာစုပြီး ပညာသင်ကြားနေကြတဲ့ကလေးငယ်လေးတွေဖြစ်ပါတယ်။

ကလေးငယ်တွေဟာ ကိုယ်ဆီ Story လေးတွေ ရှိကြသလို
သူတို့လေးတွေ ဟိုးအတိတ်က အဆိုးဘက်ဉီးတည်တဲ့ အတိတ်ဆိုးတွေကို ဖြေဖျောက်ပြီး ပျော်ရွှင်စာကောင်းတဲ့ ကလေးဘဝ၊ ပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင်၊ ကျန်းမာပြီး ပျော်ရွှင်စရာကောင်းတဲ့ ကြီးပြင်းလာမှု ဖြစ်လာဖို့ အားလုံးက တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီပေးကြဖို့ လိုအပ်ပါတယ်၊။

ဒီထဲမှာ ကလေးငယ်တွေရဲ့ ပျော်ရွှင်စရာ ကောင်းတဲ့ကျောင်းဖွင့်ပွဲလေးကို မြင်ရမှာ ဖြစ်သလို ကျေးရွာလူထုတွေရဲ့ ပူးပေါင်းပါဝင်မှုတွေကိုလည်း မြင်တွေ့ရမှာပါ။

#တီုင်လံပ် ကဇောည်ကျောင်ဘောဒါ (ESWD)

18/06/2026

''' သီချင်းအသစ်ကလေး နားထောင်ကြရအောင် ''

မိုးရာသီ နဲ့အတူ ပေါက်ဖွား လာတဲ့ အကောင် အကြောင်းလေးကို သီချင်းလေးနဲ့ ကလေးတွေ ဂရုပြုမိအောင် တင်ပေးပါရစေနော်။

ဘာအကောင်လဲဆိုတာတော့ မပြောတော့ဘူးနော်။
အားလုံးဘဲ ခန့်မှန်းပေးကြပါဦး ။

ဒီသီချင်းလေးက ကလေးတွေ ဒီ အကောင်လေး ကိုက်ခံရခြင်းကြောင့် ရောဂါ မရအောင် ၊ မိမိကိုယ်ကိုယ် ကာကွယ်တတ်အောင် တိုက်တွန်းသီဆိုထားသီချင်းလေးဖြစ်ပါတယ်။

သီချင်းကိုတော့ ___

Song Composer _ lwayrose

Music _ Lway May Mie Aung

Singer _ Lway May Mie Aung

AI _ lwayrose

တို့က ဖန်တီးထားတာဖြစ်ပါတယ်။

ဘာအကောင်လေး ဖြစ်မလဲ ။???

ဒီဗီဒီယိုလေးကို ဆုအောင်ကြည့်ပြီး ပြောပေးနော်။

' တအာင်းဘာသာဆိုပေမဲ့ ' ရုပ်ပုံလေးတွေကိုကြည့်ရင်တော့ နားလည်လွယ်နိုင်ပါတယ်။

သီချင်းကို ECCD ကလေးငယ်တွေအပါအဝင် တအာင်းဒေသက ကလေးငယ်တွေ အားလုံးအတွက် ရည်ရွယ်တာမို့ နားထောင်ပြီးရင် မိမိတို့ရဲ့ သားသား မီးမီးလေးတွေကို ပြန်သင်ပေးဖို့ မမေ့နဲ့နော် ။

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹


 #ဆရာ/ဆရာမအသစ် ထပ်မံခေါ်ယူခြင်း🧑🏻‍🎓🧑🏻‍🎓🧑🏻‍🎓🧑🏻‍🎓🧑🏻‍🎓👨‍🏫👨‍🏫👨‍🏫👨‍🏫👨‍🏫တအာင်းပညာရေးအင်စတီကျူ့မှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဆရာ...
17/06/2026

#ဆရာ/ဆရာမအသစ် ထပ်မံခေါ်ယူခြင်း
🧑🏻‍🎓🧑🏻‍🎓🧑🏻‍🎓🧑🏻‍🎓🧑🏻‍🎓👨‍🏫👨‍🏫👨‍🏫👨‍🏫👨‍🏫

တအာင်းပညာရေးအင်စတီကျူ့မှ
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဆရာ/ဆရာမသစ် ထပ်မံခေါ်ယူခြင်း…..

တအာင်းပညာရေးအင်စတီကျူ့TEIမှ
၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် ကျောင်းပေါင်း(၇၂)ကျောင်းတွင် တာဝန်ထမ်းဆောင်ရန် စေတနာ့ဝန်ထမ်းဆရာ/ဆရာမများ အယောက်ပေါင်း (၅၀)ဦး ထပ်မံခေါ်ယူမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ ဆရာ/ဆရာမများအဖြစ် လျှောက်ထားလိုသူများအနေဖြင့် posterပါ ဆက်သွယ်ရန် လိပ်စာမှတစ်ဆင့်လည်းကောင်း၊ ဖော်ပြပါ Google linkမှတစ်ဆင့် လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာများကို ၂၀၂၆ခုနှစ်၊ ဇွန်လ ၃၀ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင် ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

လျှောက်ထားရန် Google link 👇👇👇

https://docs.google.com/forms/d/e/1FAIpQLScdz49StOPN1X0t8h3nKmHtx7vA_nZuvSYAn9B_ZLeGO3YDUQ/viewform?usp=header

Address

Myaung Mya Street
Lashio

Telephone

+959265133720

Website

Alerts

Be the first to know and let us send you an email when Ta'ang Education Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Ta'ang Education Institute:

Shortcuts

Share

Category