Teachers' feeling

Teachers' feeling Let's share our feeling. We just can't keep it. It should express to someone. I am the one who will listen all of your feeling.

14/10/2025

ကျောင်းသားတွေပဲကျောင်းမသွားချင်တာမဟုတ်ဘူး ဆရာမတွေလည်းကျောင်းမသွားချင်ဘူး။

စစ်ပွဲကြောင့် ကလေးတွေအသက်ဆုံးရှုံးရတယ်လို့ကြားရရင် အရမ်းဝမ်းနည်းမိတယ်။ဘာကြောင့်များပြည်တွင်းပဋိပခကို စစ်ပဲဲကီးဖြစ်အောင်လ...
30/07/2025

စစ်ပွဲကြောင့် ကလေးတွေအသက်ဆုံးရှုံးရတယ်လို့ကြားရရင် အရမ်းဝမ်းနည်းမိတယ်။
ဘာကြောင့်များပြည်တွင်းပဋိပခကို စစ်ပဲဲကီးဖြစ်အောင်လုပ်နေကြတာလဲ။
မနေ့ကပဲကျောင်းလာတဲ့ကလေးက ဒီနေ့လေယာဥ်ဗုံးကြောင့် အသက်ဆုံးရှုံးသွာတာကို သိတဲ့အတန်းဖော်တွေရော၊ ဆရာ၊မတွေကပါ ဘယ်လောက်ထိ စိတ်ထိခိုက်နေကြမလဲ။ မိဘ၊ ဆွေမျိုးသားချင်းတွေအတွက်တော့ဆိုဖွယ်မရှိတော့ပါဘူး။
ရှမ်းမြောက်စစ်ပွဲတွေက အိမ်နီးချင်းနိုင်ငံကြောင့် စီးပွားရေးအရစစ်ဖြစ်နေကြတာလေ ဒါကိုဘာကြောင့် ဘာမှမဆိုင်တဲ့ပြည်သူတွေရဲ့အသက်ကိုရင်းပေးနေရတာလဲ။ တကယ်စိတ်ပျက်မိပါတယ် နိုင်ငံကိုအုပ်ချုပ်နေကြတဲ့သူတွေရေ😭😭😭

14/06/2025

စာသင်ကောင်းခြင်း မကောင်းခြင်း

စာသင်ကောင်းသော ဆရာတစ်ယောက်
ဖြစ်ဖို့ Class Control ဆိုတဲ့ ကိုယ်သင်တဲ့စာသင်ခန်းကို ထိန်းနိုင်ရမှာပါ စာသင်ခန်းကို ကလေးတွေကိုထိန်းနိုင်ဖို့

၁။ ကိုယ်ဟာ မင်းသားမင်းသမီးတစ်ယောက်လို ဆွဲဆောင်မှုအပြည့်ရှိဖို့ပြင်ဆင်ရပါမယ် အဓိက က ဝတ်စားဆင်ယင်မှုပါ ကြည့်လို့ကောင်းတဲ့သပ်ရပ်တဲ့ ဝတ်စားဆင်ယင်မှုက ကလေးတွေကိုဆွဲဆောင်နိုင်ပါတယ်

၂။ ကိုယ်ဟာ အဆိုတော်တစ်ယောက်လို
အသံကြည်လင် ရှင်းလင်းပြတ်သား အနိမ့်အမြင့် သံစဉ်မှန်တဲ့စကားတွေပြောနိုင်တဲ့သူဖြစ်ရပါမယ် ကလေးတွေဟာ ကိုယ့်အသံထဲ စိတ်ဝင်စား စီးမျောသွားမှာပါ

၃။ ကိုယ်ဟာ ကွက်စိပ်ဆရာလို အဟောအပြောကောင်းသူ ဖြစ်ရပါမယ် သင်ခန်းစာပါအကြောင်းအရာတစ်ခု ကိုယ်ပြောချင်တဲ့အကြောင်းအရာတစ်ခု စိတ်ဝင်စားလောက်အောင် ပုံတိုပတ်စ ဥပမာဥပမေယျ တွေနဲ့ ပြောဆိုနိုင်တဲ့သူဖြစ်ရင် ကလေးတွေ သင့်အချိန်ဘယ်တော့မှ မပျင်းတော့ မငြီးငွေ့တော့ပါဘူး

၄။ ကိုယ်ဟာ လူရွှင်တော် တစ်ယောက်ဖြစ်ရပါမယ်
ကလေးတွေရဲ့ပျော်ရွှင်မှုတွေဖန်တီးပေးနိုင်တဲ့သူပေါ့ ကလေးတွေက ရီစရာလေးတွေကြားရင် ပျော်ကြပါတယ် ဖန်တီး မှတ်သား ပြန်ပြောပြ သူတို့ဘဝမှာ အဲဒါလေးတွေစွဲလမ်းပြန်ပြောတတ်ကြပါတယ် ကလေးတွေ သင့်စာသင်ချိန်ကို မျှော်နေကြပါလိမ့်မယ်

၅။ ကိုယ်ဟာ ရဟန်းသံဃာတစ်ပါး လိုဖြစ်ရပါမယ် ဘာသာရေးအလေ့အကျင့်ကောင်းများ နက်နဲသောတရားစကားများ ပြောကြားရင်း ကလေးများလေးစားသော ရိုသေသော ပူဇော်ထိုက်သော ဆရာတစ်ယောက်ဖြစ်လာပြီး ကလေးများ ကိုယ့်ပြောတာတွေနားထောင်လိုက်နာလာမှာပါ

၆။ ကိုယ်ဟာ သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်ရပါမယ် ကလေးများကို သဘာဝအရဖြစ်တတ်တာတွေ နားလည်ပေးသူ လိုအပ်တာတွေ ကူညီပေးသူ ဖြည့်ဆည်းပေးသူဖြစ်စေရပါမယ် ဒါမှ ကလေးတွေဟာ သူတို့အခက်အခဲမှန်သမျှ ဖြေရှင်းပေးမယ့်ကိုယ့်ကို ပြောပြလာကြမယ် သူတို့အတွင်းရေးလေးတွေ ပြောပြလာကြမယ် သင်ခန်းစာနဲ့ပတ်သက်လို့သိချင်တာလေးတွေ မေးရဲလာမယ် ဆွေးနွေးလာမယ်

ဒါတွေကို ဆောင်ရွက်လေ့ကျင့်စွမ်းဆောင် နိုင်ပြီဆိုရင် ကိုယ်ဟာ the king of the class အဖြစ် အတန်းကို ကောင်းကောင်းထိန်းနိုင်လာပါပြီ အဲဒီကတစ်ဆင့် ကိုယ်ပေးချင်တဲ့ အသိပညာ အတတ်ပညာ စတဲ့ဘာသာရပ်များသင်ကြားတဲ့အခါ သင်သမျှ စိတ်ဝင်တစားနားထောင်သော လိုက်လုပ်တတ်သော သင့်စကားတွေနားထောင်သော တပည့်ကောင်းလေးများ တဖြည်းဖြည်း ပြောင်းလဲဖြစ်လာမှာ ဧကန်မလွဲပါပဲခင်ဗျာ

မှတ်ချက် ။ ။ ဘာသာရပ်ကျွမ်းကျင်ပိုင်နိုင်မှုနဲ့ သင်ကြားနည်းကျွမ်းကျင်မှုများက ဆရာဆရာမတစ်ယောက် မဖြစ်မနေပြည်ု့ပြီးလို့ယူဆပါရစေ

Credit:Aung Aung (Education)

ဆရာမတစ်ယောက်အနေနဲ့ ကလေးတိုင်းကို အကောင်းဆုံးတွေပဲပေးချင်ပါတယ်။ အဲဒီအကောင်းဆုံးဆိုတာတွေက ကျောင်းစာဖြစ်ချင်ဖြစ်မယ်၊ ပြည်သူ...
05/04/2024

ဆရာမတစ်ယောက်အနေနဲ့ ကလေးတိုင်းကို အကောင်းဆုံးတွေပဲပေးချင်ပါတယ်။ အဲဒီအကောင်းဆုံးဆိုတာတွေက ကျောင်းစာဖြစ်ချင်ဖြစ်မယ်၊ ပြည်သူ့နီတိဖြစ်ချင်ဖြစ်မယ်၊ အားကစားဖြစ်ချင်ဖြစ်မယ်၊ လက်မှုဖြစ်ချင်ဖြစ်မယ်၊ စိုက်ပျိုးရေးဖြစ်ချင်ဖြစ်မယ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းဖြစ်ချင်ဖြစ်မယ် သင်ပေးသမျှကို ကျင့်သုံးစေချင်တယ်။ အသုံးဝင်တဲ့သူဆိုတာ စာတွေတတ်နေမှမဟုတ်ပါဘူး နေရာတိုင်းမှာအသုံးဝင်တဲ့သူဖြစ်စေချင်ပါတယ်။😘😘😘

"သားရေ ဒီလိုမလုပ်ရဘူးလို့ မေမေသင်ထားတာ ဘာလို့ မှတ်မထားတာလဲ""အရုပ်တွေဆော့ပြီး သေချာပြန်သိမ်းရမယ်လေ""သားဖွတာတွေ မေမေတစ်ချိ...
15/11/2023

"သားရေ ဒီလိုမလုပ်ရဘူးလို့ မေမေသင်ထားတာ ဘာလို့ မှတ်မထားတာလဲ"
"အရုပ်တွေဆော့ပြီး သေချာပြန်သိမ်းရမယ်လေ"

"သားဖွတာတွေ မေမေတစ်ချိန်လုံးနောက်ကလိုက်ရှင်းနေရတာ မေမေပင်ပန်းတာပေါ့ ။ တခြားအလုပ်တွေလည်း မေမေလုပ်ရသေးတယ်လေ သားမေမေ့ကို မသနားဘူးလား" ဆိုပြီး ဖွထားတဲ့အရုပ်တွေကို သေချာပြန်သိမ်းရင်းပြောပြဆုံးမနေတဲ့ ကျွန်မစကားကို

သားကတော့ နားထဲတောင်မရောက်ဘူးထင် တစ်ဖက်ရွှေ့သွားပြီး စာအုပ်စင်ပေါ်ကစာအုပ်တွေကို သွားဖွနေပြန်တယ်။

လေးနှစ်ကျော်ငါးနှစ်အရွယ်ထဲရောက်လာတဲ့သားလေးကို ခုတလောထိန်းကျောင်းရတာ ကျွန်မအတွက် အတော်ခက်ခဲလာပါတယ်။ ချော့မရ ခြောက်မရ ပြောစကားလည်းနားမထောင် သူလုပ်ချင်ရာတွေပဲလုပ်နေတတ်တော့ ကျွန်မဘယ်လို သင်ကြားပေးရမလဲဆိုပြီး စဉ်းစားရင်း ခေါင်းခြောက်လို့နေပါတယ်။

တစ်နေ့ မတွေ့ရတာကြာပြီဖြစ်တဲ့ ကျွန်မသူငယ်ချင်းဆီကဖုန်းလာတယ်လေ။
မီးပူတိုက်ရင်းတန်းလန်းနဲ့မို့ ကျွန်မလည်းဖုန်းစပီကာကိုဖွင့်ပြီး စကားပြောလိုက်တာပေါ့...

သားကတော့ ကျွန်မဘေးနားမှာ သူ့ကစားစရာတွေနဲ့ အလုပ်ရှုပ်လို့နေပါတယ်။
"သမီးလေးမွေးထားတာ ငါတော့ အဖော်ရတယ် သူငယ်ချင်းရေ...ငါ့သမီးလေးကအရမ်းလိမ်မာတယ်"ဆိုပြီး သူငယ်ချင်းက သူ့သမီးကိုချီးမွမ်းစကားတွေအားရပါးရပြောပြီး နင့်သားလေးကော ဘယ်လိုလဲဆိုပြီးမေးတာပေါ့...

အဲ့ဒီအချိန်မှာပဲ ကျွန်မကိုနောက်ကျောပေးပြီး ဆော့နေတဲ့သားက ကျွန်မစကားသံကို နားစွံနေဟန် တစ်ချက်ငြိမ်သွားတာကို ကျွန်မသတိထားလိုက်မိပါတယ်။
ကျွန်မကလည်း မဆိုင်းမတွနဲ့ "ငါ့သားလေးလည်း လိမ်မာပါတယ်ဟယ်
ငါမီးဖိုချောင်ထဲဝင်လည်း ငါ့ကိုကူညီပေးတယ်။အမှိုက်တွေလည်း ကူလှဲပေးတတ်နေပြီ။ ညဆိုလည်း ငါ့ကို ပင်ပန်းနေလားဆိုပြီး နှိပ်ပေးသေးတာ
တနေကုန်ပင်ပန်းနေတာတွေ

ငါသားလေးရှိနေလို့ အမောပြေရတယ် "ဆိုပြီး ကျွန်မလည်း လိုတာထက်ပိုကြွားပြောခဲ့လိုက်တာပေါ့။

ညနေရောက်တော့ မီးဖိုချောင်ထဲဟင်းချက်ပြီး ထုံးစံအတိုင်း သားသားဖွထားတာတွေရှင်းဖို့ အိမ်ရှေ့ထွက်လာချိန်မှာ ကျွန်မအံအားသင့်သွားပါတယ်။ အိမ်ရှေ့မှာ ရှင်းလင်းနေပြီး ကျွန်မသားက တံမြက်စည်းတစ်ချောင်းကိုင်ပြီး မလှဲတတ်လှဲတက် လှဲနေလေရဲ့။

"ဟယ် ငါ့သားလေးလိမ္မာလိုက်တာ''လို့ ကျွန်မ ပြောလိုက်တော့ သူ့မျက်နှာလေးရှက်ပြုံးလေးပြုံးလို့။

ညအိပ်ယာဝင်တော့လည်း မေမေညာင်းနေလား သားနှိပ်ပေးမယ်တဲ့လေ...
ကျွန်မခုသိသွားပါပြီ...နေ့စဉ်နဲ့အမျှ ဆုံးမစကားတွေ ပြောပြီး သင်ကြားပေးနေတာထက် ကလေးတွေကို ချီးမွမ်းစကားလေးတွေပြောပေးခြင်းက သူတို့အတွက်ပိုပြီးအရာရောက်တယ်ဆိုတာကိုပေါ့...

ချစ်တဲ့
True Learning
*******************
True Learning မှ မိခင်တို့အတွက် ရင်တွင်းဖြစ်စာလေးများကို လွတ်လပ်စွာ share ပြီး တင်နိုင်ပါတယ်ရှင်။ တစ်ဆင့်ပြန် Copy လုပ်ပြီး မတင်ဖို့ မေတ္တာရပ်ခံပါရစေနော်။

#ကလေးစာပေ #ကလေးစာအုပ်
ကလေးတို့အတွက် အကောင်းဆုံး သင်ထောက်ကူ - https://trues.com.mm/

ကလေးတွေပဲအိမ်စာမကြိုက်တာမဟုတ်ပါဘူး ဆရာ၊မတွေလည်း အိမ်စာမကြိုက်ဘူးလေ။ ဒါပေမယ့် စာတွေမေးထားမိတော့ အဖြေရချင်၊ အမှတ်သိချင်တဲ့...
03/11/2023

ကလေးတွေပဲအိမ်စာမကြိုက်တာမဟုတ်ပါဘူး ဆရာ၊မတွေလည်း အိမ်စာမကြိုက်ဘူးလေ။ ဒါပေမယ့် စာတွေမေးထားမိတော့ အဖြေရချင်၊ အမှတ်သိချင်တဲ့ကလေးတွေအတွက် အိမ်စာမဖြစ်မနေလုပ်ရတော့တာပေါ့။

ဆရာ၊မ ဆိုတာ ကလေးတွေကို ကျောင်းမှာပျော်အောင်လုပ်ပေးရမယ်တဲ့။ ကျောင်းအုပ်ဆိုတာလည်း ကျောင်းဆရာ၊မတွေပျော်အောင်လုပ်ပေးရမယ်ဆိုပ...
05/10/2023

ဆရာ၊မ ဆိုတာ ကလေးတွေကို ကျောင်းမှာပျော်အောင်လုပ်ပေးရမယ်တဲ့။
ကျောင်းအုပ်ဆိုတာလည်း ကျောင်းဆရာ၊မတွေပျော်အောင်လုပ်ပေးရမယ်ဆိုပြီး တလောက ပိုစ့် တစ်ခုမှာဖတ်လိုက်ရတယ်။
ခုခေတ်ကကျောင်းဆရာ၊မတွေက အရင်လိုမဟုတ်တော့ဘူး။ ကျောင်းသူ၊သားတွေနဲ့ပျော်နေရတာကို ကျေနပ်လာကြသလို၊ ဆရာ၊မနဲ့ကျောင်းသူ၊သား ကြားမှာ လေးစားမှုဆိုတာရှိပြီး စည်းလေးတစ်ခုတော့ ခြားထားရမယ်၊ ကျောင်းသူ၊သားတွေလေးစားတတ်အောင် ဝတ်စားဆင်ယင်ရမယ်၊ နေထိုင်ပြုမူရမယ်လို့ ပြောလိုက်တာနဲ့ ဒီကျောင်းအုပ်ဘာတွေ လာပွမ်နေပြန်ပြီလည်း မသိဘူး။ အမြဲဆရာကြီးအထာနဲ့ သူ့တစ်ယောက်တည်းပိုင်တဲ့ကျောင်းလည်းမဟုတ် ဆိုတာမျိုးတွေ ရှေ့မှာ တစ်မျိုး ကွယ်ရာမှာတစ်မျိုး ပြန်ပြောတတ်နေပြီလေ။
Lesson plan ကောင်းကောင်းမလုပ်လို့ပြောပြန်ရင်လည်း သူဘာသိတာမှတ်လို့ ဆိုတဲ့အကြည့်လေးနဲ့လည်း တုန့်ပြန်တတ်ပြန်တယ်။
အတန်းကြီးက ကျောင်းသူ၊သားတွေနဲ့ အဖွဲ့ကျပြီး အပြင်မှာအတူလျှောက်လည်တတ်တော့ ဆင်ခြင်ပြီးနေတတ်ဖို့ သတိပေးရပြန်တယ်။
ကလေးတွေထက်ပိုသိတယ်ဆိုတဲ့အထာနဲ့ ဆရာ၊မ ဝင်လုပ်တော့ ကလေးတွေကို သင်ကြားပေးတဲ့နေရာမှာ လွှဲမှားမှုတွေရှိလာပြန်တယ်။
ဆရာ၊မ တွေကို ပြုစုပျိုးထောင်ပေးရတာက ကျောင်းသူ၊သားတွေကို ပြုစုပျိုးထောင်ပေးရတာထက် ပိုခက်ခဲလာတယ်။
ဒါပေမယ့် ဆရာ၊မ တွေအားလုံးက ပရဟိတစိတ်လေး တစ်ခုတည်းနဲ့ အရာအားလုံးကို ကျော်ဖြတ်ဖို့ ကြိုးစားနေတဲ့သူတွေဖြစ်လို့ ဂုဏ်ယူပါတယ်။ Happy World Teachers' Day ပါ😘😘😘

03/10/2023

အဆိုးမြင်ဝါဒတွေအများကြီးလွှမ်းမိုးထားတဲ့နေရာကလူတွေက သူတို့နဲ့တူညီတဲ့သူတွေကို အကောင်းမြင်စိတ်လေးမြင်တတ်အောင်လေ့ကျင့်ပေးနေရတာက မကျက်သေးတဲ့အသားကို ဝါးနေရသလိုပဲ အချိန်ကြာကြာပေးရမယ်။

ဆရာ/မတွေအတွက် ရှေ့ဆက်ဖို့ ခွန်အားဆရာ/မအလုပ်ဆိုတာ အင်မတန်မှပဲ စိတ်ပင်ပန်း လူပင်ပန်းတဲ့အလုပ်တစ်ခုပါ။ စိတ်ဖိစီးမှုအများဆုံး...
03/10/2023

ဆရာ/မတွေအတွက် ရှေ့ဆက်ဖို့ ခွန်အား

ဆရာ/မအလုပ်ဆိုတာ အင်မတန်မှပဲ စိတ်ပင်ပန်း လူပင်ပန်းတဲ့အလုပ်တစ်ခုပါ။ စိတ်ဖိစီးမှုအများဆုံး အလုပ်တွေကို တန်းစီနံပါတ်စဉ်ထိုးကြည့်ရင် ထိပ်ဆုံးသုံးခုလောက်မှာ ဆရာ/မအလုပ်ပါပါတယ်။ အချို့ကမေးကြတယ်။ ဆရာ/မအလုပ်ကို ဘယ်လိုတောင် စိတ်ရှည်နိုင်တာလဲ၊ ဘာကြောင့်ဆက်လုပ်နေဖြစ်သလဲဆိုတဲ့ မေးခွန်းမျိုးတွေမေးကြပါတယ်။

အဲ့လိုမေးလာတဲ့အခါကျရင် ရုတ်တရက်တော့ ပြန်ဖြေရခက်ပါတယ်။ လွယ်လွယ်ကူကူ အဖြေမျိုးပေးရမယ်ဆိုရင်တော့ ပျော်လို့ပါ ဆိုတဲ့အဖြေမျိုးကို ပေးဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့်လည်း ဆရာ/မအလုပ်ဆိုတာလည်း အခြားအလုပ်တွေလိုပဲ အမြဲပျော်နေနိုင်တာမျိုးတော့ မဟုတ်ဘဲ သူ့ရဲ့ အခက်အခဲနဲ့သူ စိတ်ညစ်ညူးပင်ပန်းရတဲ့ အချိန်တွေရှိတာပါပဲ။ ဒီလိုအချိန်မျိုးတွေမှာ ဘယ်လိုရှေ့ဆက်သလဲ၊ ဘာတွေလုပ်ဖြစ်လဲ။

ပထမဆုံးဖောက်သည်ချချင်တဲ့ နည်းလေးကတော့ အပြင်က ခွန်အားယူတဲ့နည်းလေးပါ။ အပြင်က ဘယ်လိုခွန်အားယူသလဲဆိုရင် ကိုယ်သင်ရတဲ့ တပည့်တွေ၊ သင်တန်းသားတွေကို ကိုယ့်ရဲ့သင်ကြားမှုအပေါ် သူတို့အထင်အမြင်လေးတွေကို တောင်းခံတဲ့နည်းပါပဲ။ ဒီလိုလုပ်တဲ့ပုံစံကတော့ သင်ကြားတဲ့ကာလတစ်ခု အဆုံးသတ်တဲ့အခါ သူတို့ကိုယ့်ကို ပြောချင်တဲ့စကားလေးတွေကို ပြောစေဖို့ လမ်းကြောင်းဖွင့်ပေးလိုက်တာပါပဲ။ ဖြစ်နိုင်ရင် စာတိုလေးတွေရေးပြီးပြောခွင့်ပေးတာ၊ သူတို့အကြိုက်ဆုံးအချက်လေးတွေကို ရေးခွင့်ပေးတာတို့လုပ်နိုင်ပါတယ်။ အဲ့ဒီလိုစာလေးတွေ၊ သူတို့ဆွဲပေးတဲ့ပုံလေးတွေကို သိမ်းထားပြီး အချိန်အားတဲ့အခါနဲ့ လိုအပ်တဲ့အခါမှာ ပြန်ထုတ်ကြည့်ရတာ တကယ်ခွန်အားဖြစ်စေပါတယ်။ စိတ်ညစ်ညူးမှုတွေကြုံရတဲ့အခါ၊ အထူးသဖြင့် ငါစာသင်တာ ကောင်းရောကောင်းရဲ့လားလို့ စိတ်ထဲမှာ သံသယရှိလာတဲ့အခါ၊ ကိုယ့်ကိုမလေးမစားတဲ့ တန်ဖိုးမထားတဲ့သူတွေနဲ့ကြုံလာရတဲ့အခါ ငါ့ကိုလေးစားတန်ဖိုးထားသူတွေရှိတယ်၊ ငါရဲ့သင်ကြားမှုတွေကိုသဘောကျနှစ်သက်သူတွေရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေး နှစ်သိမ့်ဖို့အတွက် တကယ်ကို အသုံးဝင်ပါတယ်။

ဒီနေရာမှာ တစ်ခုလေးဖြတ်ပြောချင်ပါတယ်။ ကျနော်တို့ဟာ ကို့ယ်ကိုယ် စိတ်ဆင်းရဲအောင် ရှုံ့ချစော်ကားတဲ့စကားတွေကို ကျောက်ဆောင်မှာ ထွင်းထုထားသလိုမှတ်သားထားမိတတ်တယ်။ အချိန်အကြာအကြီးရှိတဲ့အထိ မမေ့တတ်ကြဘူး။ ချီးမွမ်းတဲ့စကား၊ ကောင်းမွန်တဲ့စကားတွေကိုတော့ ရေပေါ်မှာအရုပ်ရေးသလို၊ သဲပြင်မှာ အရုပ်ရေးသလိုမေ့ပစ်တတ်ကြတယ်။ အမှန်ကတော့ ပြောင်းပြန်ဖြစ်သင့်ပါတယ်။ ကိုယ့်ကို မလိုမုန်းထားလို့ စော်ကားတဲ့စကားတွေကို ရေပေါ်မှာ စာရေးသလို မဖျောက်ဖျက်နိုင်သေးရင်တောင် ကျောက်ဆောင်မှာ ထွင်းထားသလို ရင်ထဲမှာသိမ်းမထားဖို့လိုတယ်။ ကိုယ့်အကျိုးအတွက်ပြောတဲ့စကား၊ ကိုယ့်ကိုလေးစားတန်ဖိုးထားတဲ့ စကားတွေကိုသာ ရင်ထဲမှာစွဲမြဲအောင် ထုဆစ်မှတ်ကျောက်တင် ထားဖို့လိုပါတယ်။ ဒီလိုစကားတွေဟာ ကိုယ့်ကိုယ် ရှေ့ဆက်ဖို့ ခွန်းအားတွေဖြစ်စေနိုင်မှာပါ။

ဒုတိယနည်းကတော့ အတွင်းကနေခွန်အားယူတဲ့နည်းလို့ပြောရပါမယ်။ အလုပ်မှာ မသေချာမှုတွေကြုံလာတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် သံသယတွေဝင်လာတဲ့အခါ ရှေ့ဆက်ချင်စိတ်တွေမရှိတော့တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မေးခွန်းလေးတွေပြန်မေးတဲ့နည်းပါ။

ပထမအနေနဲ့ “ငါဘာလို့ ဒီအလုပ်ကိုရွေးချယ်ထားတာလဲ” ဆိုတာကိုပြန်မေးပါ။ ကျနော်တို့ရဲ့ရွေးချယ်မှုတွေဟာ ကျနော်တို့ရဲ့ တန်ဖိုးထားမှုတွေကနေလာတာပါပဲ။ ဘယ်အလုပ်ကို ဘာကြောင့်လုပ်တယ်ဆိုတာက ကျနော်တို့ ဘယ်လိုလူဖြစ်တယ်ဆိုတာကို ပြဌာန်းပါတယ်။ ဆရာ/မ အလုပ်ကို ဘာကြောင့်လုပ်ဖြစ်ခဲ့တာလဲဆိုတဲ့အဖြေဟာ ကျနော်တို့အတွက်အရေးကြီးပါတယ်။ ကိုယ်ဟာ အမှန်တရားကိုတန်ဖိုးထားသူဖြစ်တယ်၊ မတရားမှုကို မနှစ်သက်သူဖြစ်တယ်၊ ပညာရဲ့ စွမ်းပကားကို ယုံကြည်သူဖြစ်တယ် စတဲ့ စတဲ့ တန်ဖိုးထားမှုတွေကို ပြန်သတိရလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီရွေးချယ်မှုအတွက် သံသယဝင်တာ၊ စိတ်အားငယ်တာတွေကို အတိုင်းအတာတစ်ခုအထိ လျော့ပါစေမှာဖြစ်ပါတယ်။

ဒုတိယကိုယ့်ကိုယ်ကိုယ်မေးသင့်တဲ့မေးခွန်းကတော့ “ဒီအလုပ်မှာကိုယ့်ကိုယ်ဘယ်လိုအရာတွေက ပျော်စေတာလဲ၊ ကျေနပ်ပီတိဖြစ်စေတာလဲ” ဆိုတာကို ပြန်မေးကြည့်ပါ။ ကိုယ်ရှင်းပြလိုက်တာကို တပည့်တွေနားလည်သွားတဲ့အချိန်လား၊ တပည့်တွေက ကိုယ့်ကိုရိုသေလေးစွာ ဆက်ဆံကြတဲ့အချိန်လား စသဖြင့် ပြန်မေးကြည့်ပါ။ ဒီမှာ ကိုယ်ကျေနပ်ပီတိဖြစ်ခဲ့ရတဲ့အခိုက်အတန့်လေးတွေကို ပြန်လည်မြင်ယောင်လာစေနိုင်မှာပါ။ ဒီလိုပြန်တွေးကြည့်လိုက်တဲ့အခါ ရှေ့ဆက်ဖို့ ခွန်အားတွေရလာနိုင်ပါတယ်။

တတိယ မေးကြည့်ရမယ့်မေးခွန်းတစ်ခုကတော့ “အရင်က စိတ်ညစ်ညူးစရာတွေ၊ စိတ်ဓာတ်ကျစရာ အခိုက်အတန့်တွေကြုံရတဲ့အခါမှာရော ငါဘယ်လိုကျော်ဖြတ်ခဲ့လဲ” ဆိုတဲ့ မေးခွန်းပါပဲ။ ဘယ်အရာတွေက ကိုယ့်ကိုယ်ကျော်လွှားစေနိုင်ခဲ့တာလဲ။ စိတ်ဓာတ်ကျစရာတွေ၊ ပြိုလဲချင်စရာအခိုက်အတန့်တွေဆိုတာ အခုမှ ကြုံဖူးတာတော့မဟုတ်ပါဘူး၊ အသက်ရှိသရွေ့ကြုံဖူး၊ ကြုံခဲ့၊ ကြုံနေရတာပါတယ်။ သေချာတာကတော့ အရင်တုန်းက ကိုယ့်ကိုယ်အခက်အခဲတွေကို ကျော်လွှားစေနိုင်ခဲ့တဲ့အရာတွေကပဲ ဒီတစ်ခေါက် အခက်အခဲတွေကိုလည်း ကျော်လွှားစေနိုင်မှာပါပဲ။ ခက်ခဲနေတဲ့အချိန်တွေကို မိတ်ဆွေကောင်းတွေရဲ့အကူအညီကြောင့်ပဲ ကျော်လွှားနိုင်ခဲ့သလား၊ ကိုယ့်ရဲ့ ခံနိုင်ရည်စွမ်းအားကပဲ ကျော်ဖြတ်နိုင်စေခဲ့သလား ပြန်လည်စဉ်းစားကြည့်ရမှာပါပဲ။ ဒီလိုစဉ်းစားလိုက်တာဟာ ကိုယ့်ရဲ့အားသာချက်တွေကို ပြန်လည်သတိရလာစေပြီး လဲကျရာကနေ နောက်တစ်ခေါက် ပြန်ထဖို့ အားအင်တွေရှိလာစေနိုင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင် ကိုယ့်ကိုယ်ရှေ့ဆက်နိုင်စေမယ့်ခွန်အားတွေကို ဘယ်နေရာကရရှိနိုင်မယ့်လို့ အတတ်ပြောဖို့ခက်ပေမယ့် ကိုယ့်ကိုယ်လေးစားတန်ဖိုးထားသူတွေ၊ ကိုယ့်ရဲ့ ကိုယ်တွင်းစွမ်းအားတွေဖြစ်တဲ့ တန်ဖိုးထားမှုနဲ့ ခံနိုင်ရည်စွမ်းအားတွေဟာ ရှေ့ဆက်နိုင်ဖို့ ခွန်အားတွေကိုဖြစ်စေနိုင်တယ်လို့ တင်ပြလိုက်ရပါတယ်။

ဆရာအောင်ကျော်ဖြိုး

02/10/2023

ကလေးပျော်ကျောင်းဖန်တီးရတာ ဆရာ၊ဆရာမတွေ ပင်ပန်းလှပါတယ်လေ။

Address

Eden Kachin Baptist Church, Between 22x23 And 42x43 Street, Block 5, Northern Shan State.
Lashio

Telephone

+959450062458

Website

Alerts

Be the first to know and let us send you an email when Teachers' feeling posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Teachers' feeling:

Shortcuts

Share

Category