Ko Yan Naing Soe အိမ်ခြံမြေအကျိုးဆောင်

  • Home
  • Myanmar
  • Lashio
  • Ko Yan Naing Soe အိမ်ခြံမြေအကျိုးဆောင်

Ko Yan Naing Soe အိမ်ခြံမြေအကျိုးဆောင် လူကြီးမင်းတို့ရဲ့ အိမ်ခြံမြေတိုက်တာ အဆောက်အဦးများကို ရောင်းသူ / ဝယ်သူ စိတ်ချမ်းသာစေရမယ်�

ဝယ်ခွန်-----ရောင်းခွန်.....ပြဿနာ-----💵 ဝယ်သူသည်ဝယ်ခွန်ဆောင်ရမည့်တာဝန်ရှိသလို၊ ရောင်းသူသည်လည်းရောင်းခွန်ဆောင်ရမည့်တာဝန်သည...
23/08/2023

ဝယ်ခွန်-----ရောင်းခွန်.....ပြဿနာ-----

💵 ဝယ်သူသည်ဝယ်ခွန်ဆောင်ရမည့်တာဝန်ရှိသလို၊ ရောင်းသူသည်လည်းရောင်းခွန်ဆောင်ရမည့်တာဝန်သည် နဂိုမူလကတည်းကရှိထားပြီးသားပါ။

💵 မြေကွက်တစ်ကွက်ကိုအခွန်ဆောင်အမည်ပြောင်းမည်ဆိုပါက ပုံမှန်အားဖြင့် ဝယ်သူသည်သာ ဝင်ငွေခွန် ၊တံဆိပ်ခေါင်းခွန် ၊မှတ်ပုံတင်ကြေး စသည်အခွန်တို့ကို ဆောင်ရပါတယ်။
ယခင်ကဆိုလျှင် သက်ဆိုင်ရာအခွန်ရုံးမှ ရောင်းသူများထံ ရောင်းခွန်(အမြတ်တော်ခွန်) အား
လာရောက်ဆောင်ရန် အကြောင်းကြားစာပေးပို့တယ်။ ဆောင်သူရှိသလို မဆောင်သူများလည်းရှိပါတယ်။
💵 ရောင်းသူဘက်မှ ရောင်းခွန်ဆောင်ဆောင်၊ မဆောင်ဆောင် ဝယ်သူကတော့ ဝင်ငွေခွန်ဆောင်ပြီးသည့်အခါ အချိန်တန်လျှင် တံဆိပ်ခေါင်းခွန်ဆောင်ပြီးဆိုသည့်နှင့်တပြိုက်နက် ပတခ(ဝင)-၈ စာရွက်အားထုတ်ပေးပါတယ်။ ထိုအခါမှသာ တံဆိပ်ခေါင်းများဖြင့် မှတ်ပုံတင်စာချုပ်ကြီးချုပ်ဆိုကြပါတယ်။

💵 ယခုကတော့ အရင်လိုမဟုတ်တော့ပါဘူး။
အခွန်ဦးစီးဌာနတွေက ရောင်းသူဘက်ကိုလည်း အခွန်လိုက်နေပါတယ်။ ရောင်းခွန်လိုက်တာပြဿနာမဟုတ်ပေမဲ့ ဝယ်သူအနေဖြင့်ဆိုလျှင်
ကိုယ့်ဝယ်ခွန် ကိုယ်ဆောင်ရတာပင်လျှင် အခက်အခဲတချို့ကြုံနေရပါတယ်။ ဒါဟာဘာလဲဆိုရင် ဝယ်သူဟာဝင်ငွေခွန်အရင်ဆုံးဆောင်ပါတယ်။ ဝင်ငွေခွန်ဆောင်ပြီးလို့ တံဆိပ်ခေါင်းခွန်ဆောင်ရန်အတွက်ယခင်ကလို သတ်မှတ်ရက်နေ့လာဆောင်
ပါလို့အခွန်ရုံးမှ မချိန်းပေးတော့ပါဘူး။

💵 အခွန်ရုံးအနေဖြင့် ရောင်းသူဘက်ကို မိမိရောင်းချထားသည့်မြေကွက်နှင့်စပ်လျဥ်းပြီးရောင်းခွန်လာရောက်ဆောင်ဖို့ကို ရုံးစာဖြင့် စာတိုက် ကနေတစ်ဆင့်ပေးပို့ ပြီး လာရောက်ဆောင်ခိုင်းနေပါပြီ။
(အောက်တွင် ပူးတွဲဖော်ပြပေးထားပါတယ်။)

💵 ထိုအခါမှာ ဝယ်သူအနေနဲ့အချိန်ကြန့်ကြာမှုတွေဖြစ်ပေါ်လာပါပြီ။ တချို့အရောင်းအဝယ်တွေမှာဆိုရင်ရောင်းသူ( sp)ကိုင်ထားသူမှ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် စာချုပ်ကြီးလိုက်ချုပ်ပေးသည့်နေ့တွင် ကျန်ငွေအချို့အားပေးချေရန် ကတိကဝတ်ထားပြီး အရောင်းအဝယ်မပြတ်သေးသည့် ကိစွရပ်မျိုးတွေမှာဆိုရင် ...ရောင်းသူဘက်မှ ရောင်းခွန်လာမဆောင်ပေးပါ ဝယ်သူအနေနဲ့ ဒုက္ခရောက်ရတာမျိုးတွေရှိနိုင်ပါတယ်။
💵 အချို့ဝယ်သူတွေဆိုရင် ရောင်းသူဘက်မှရောင်း ခွန်လာမဆောင်မချင်း စာချုပ်ကြီးမချုပ်သေးဘဲ စောင့်ဆိုင်းပေးတာမျိုးလည်းရှိပါတယ်။

💵 ရောင်းသူ ဘက်မှ ရောင်းခွန်(အမြတ်တော်ခွန်) ကိုလာရောက်ဆောင်ပေးပြီးမှသာ ဝယ်သူကိုတံဆိပ်ခေါင်းခွန်ထမ်းဆောင်းခိုင်းပါတော့တယ်။ တံဆိပ်ခေါင်းတွေရမှသာ စာချုပ်ကြီးချုပ်တဲ့
အဆင့်ပြီးပါတယ်။
💵 အချို့ရောင်းသူတွေဆိုလျှင် ငွေဖြူလိုချင်၍ မြေကွက်ရောင်းတိုင်း၊ရောင်းတိုင်းမှာ ရောင်းခွန်ဆောင်နေကြသူတွေလည်း မြင်ဖူးပါတယ်။ တချို့ရောင်းသူတွေကြ ရောင်းပြီးပြီမဆိုင်တော့ဘူးဆိုပြီး
မဆောင်ကြတာရှိပါတယ်။ (ယခုကတော့မဆောင်လို့မရတော့ပါဘူး။)

💵 တချို့အခွန်ဆောင်အမည်ပြောင်းရာမှာ ဂရန်အမည်ပေါက်ဆီကဝယ်သူက အမည်ပေါက်နှင့်တိုက်ရိုက် အရောင်းအဝယ်စာချုပ်ချုပ်ကြတာ
ရှိသလို၊ ဂရန်အမည်ပေါက်သူစီမှ SP or GP ရယူထားသူနဲ့ အရောင်းအဝယ်စာချုပ်ကြီးချုပ်ဆိုကြတာတွေလည်းရှိကြပါတယ်။

💵 SP or GP ယူထားသည့်ရောင်းသူဆီကို အခွန်မလိုက်ဘူးဟုမထင်ပါနှင့်။ ရာဖြတ်တင်သည့်စာချုပ်၌ sp or gp သမားနှင့် အရောင်းအဝယ်ချုပ်ဆိုထားခဲ့ပါက အဆိုပါမြေကွက်၏ ရောင်းခွန်သည်လည်း ထို sp or gp သမားထံ အခွန်ရုံးမှစာပို့ပါသည်။ ဒါကိုဘာလို့ပြောရလဲဆိုရင် အချို့ဝယ်ရောင်းကောက်သည့် သူများသိစေလိုပါတယ်။
အမည်ပေါက်ဆီကဝယ်ပြီး ပြန်ရောင်းမှာဘဲဆိုပြီး sp သာယူထားကြတယ်။ နောက်ဝယ်သူကို ကိုယ်က sp ကိုင်ပြီး လိုက်လံဆောင်ရွက်ပေးကြတဲ့အခါ ယခုလို sp သမားတွေဆီလည်းအခွန်လိုက်ကြတာကိုသိထားဖို့လိုပါမယ်။

💵 ရှေ့နေတွေထဲမှာတောင်ရှိပါတယ် ၊ ဆရာ/ ဆရာမဘဲ အစအဆုံးလိုက်လုပ်ပေးရမှာမို့ ဆရာ/ဆရာမ ဘဲ sp ယူထားပေးပါဆိုပြီးစာချုပ်တွေချုပ်ကြတာတွေရှိပါတယ်။ ယခုလို SP သမားတွေကိုပါအခွန်လိုက်လာတော့ စိုက်ပြီးဆောင်ရမဲ့သဘောလိုဖြစ်နေပြီ😁

💵 ဒါကြောင့် SP ယူထားတိုင်းလည်းမကောင်းပါဘူးနော်။ SP /GP ယူထားသူတွေ ရောင်းခွန်က
ကိုယ့်ဆီလည်းရောက်လာနိုင်တယ်ဆိုတာ သိထားသင့်ပါတယ်ဟုအကြံပြုရင်း

မူးရင်းရေးသားသူအား လေးစားစွာဖြင့်
ပြန်လည်မျှဝေပေးပါတယ်

ဂရန်ရှိသည် ပိုင်ရှင်မရှိ(ဂရန်ကတုံး အမည်ပေါက်ပြောင်းနည်း)အခုလိုမေလရောက်တိုင်း မှတ်မိနေပါတယ်။ ပြီးခဲ့တဲ့တစ်လကျော်မေလက ကျွန...
18/08/2023

ဂရန်ရှိသည်
ပိုင်ရှင်မရှိ
(ဂရန်ကတုံး
အမည်ပေါက်
ပြောင်းနည်း)

အခုလိုမေလရောက်တိုင်း မှတ်မိနေပါတယ်။ ပြီးခဲ့တဲ့တစ်လကျော်မေလက ကျွန်တော်ထံ သင်တန်းသား
တစ်ယောက် ရောက်လာပါတယ်။ နာမည်က “ဂွမ်ဂျာလ” တဲ့၊ တိုင်ရင်းသားပါ။ သူကမြန်မာစကားတောင် ပီပီသသမပြောနိုင်သေးပါဘူး။
ဒါပေမဲ့ အလုပ်လုပ်တာမှာတော့ တော်တော်လေးစေ့စပ်သေချာပါတယ်။
“ကိုဂွမ်ဂျာလ” ကသူ မ/ဒဂုံမှာ တစ်ကိုယ်တော်အကျိုးတော်ဆောင်လုပ်နေကြောင်းနဲ. အခုလို ဆရာ့ဆီမှာ သင်းတန်းတက်ရတာကလဲ ပြည့်ပြည့်စုံစုံ သိချင်တတ်ချင်တာရယ်၊
အခုလောလောဆယ်မှာ သူ.ရဲ.မိဘတွေအတွက် သလောကျလွန်းလို. မ/ဒဂုံ (၄၂) ရပ်ကွက်က (ပေ ၄၀ x ပေ ၆၀) မြေတစ်ကွက်ကို စရန်ပေးပြီးပြီး ဆိုတာရယ်၊
ပြီးတော့ အဲဒီမြေကွက်ပိုင်ရှင်ကို ဘယ်လိုမှစုံစမ်းလို.မရဘူးဖြစ်နေတယ်ဆိုတာရယ်ကစလို.အလုပ်ကိစ္စတွေတစ်ပြုံကြီးနဲ. သင်တန်းလာတတ်တဲ့သူ တစ်ယောက်ပါ။
ကျွန်တော်ကလည်း ရိုးရိုးစဉ်းစဉ်းအလုပ်တွေကူညီပေးရတာတတ် ခက်ခက်ခဲခဲလေးရှိတဲ့အရာကိုကူညီ ဖြေရှင်းရတာပိုပြီး ပျော်စရာကောင်းပါတယ်ဆိုတဲ့ လူစားမျိုးဆိုတော့ ပျော်သွားမိပါတယ်။
ဆရာ့ကိုပြောပြီးတဲ့အတိုင်း ဂရန်မူရင်းပိုင်ရှင်ကို ရှာမရပါဘူး၊ ဆက်စပ်စာချုပ်ကလည်း(၆)ဆင့်ရှိနေပါပြီ၊
ဝယ်ရောင်းတွေလက်ထဲက မြေကွက်ပါ။ ကျွန်တော့်မိဘကလည်း သိပ်ကြိုက်နေတာမို. ကျွန်တော်ဘာလုပ်ရမလဲဆရာတဲ့…
ကျွန်တော်က ကိုဂွမ်ဂျာလရေ ခင်ဗျားတို.က အမည်ပေါက်ဝယ်ရမယ်ဆိုရင်ကော ဝယ်မှာလားလို.မေးလိုက်တော့။
ကိုဂွမ်ဂျာလက ဝယ်ပါ့မယ်ဆရာ၊ ကျွန်တော်မိဘတွေကလည်း ရိုးရိုးကြီးတွေဆိုတော့ အားလုံးရှင်းရှင်းလင်းလင်းဖြစ်သွားရမှာမျိုးကို ကြိုက်ကြပါတယ်။
ကဲ “ဂွမ်” ရေ ဒါဆို ဆရာအပြည့်အဝကူညီပါမယ်။ ဆရာ့အတွက်တော့ မဆန်းပါဘူး။ အခုအခြေအနေကခင်ဗျားတို. အလုပ်နဲနဲရှူတ်မယ်၊
“ပြီးရင် အားလုံးပျော်စရာဖြစ်သွားမှာပါဗျာ” လို.ပြောပြီး ပထမဦးဆုံးအဆင့်အနေနဲ. မြို.တော်စည်ပင်မှာ ဂရန်ရယ်၊ အမည်ပေါက်နာမည်ရယ်မှန်မမှန်သွားစစ်ခိုင်းလိုက်ပါတယ်။
“ဂွမ်ကိုယ်တိုင်သွားပါတယ်၊ ရန်ကုန်မြို.တော်စည်ပင် “မြို.ပြစီမံကိန်းနှင့် မြေခန်.ခွဲမှုဌာန” မှာ “မြေအမည်ပေါက် စိစစ်ခြင်း” အတွက် ဂရန်မိတ္တူနဲ. စစ်ဆေးခကျပ် ၅၀ဝဝ ပေးဆောင်ရပါတယ်။
သုံးရက်ပဲခွာပြီး ချိန်ပါတယ်။ “စိစစ်ပြန်ကြားချက်” မှာ မ/ဒဂုံ မြေတိုင်းရပ်ကွက်(၄၂)၊ မြေကွက်အမှတ် (###xx) ၏လက်ရှိအမည်ပေါက်မှာ “ဦးတင်ဝင်း” ဖြစ်ကြောင်းနှင့်မှန်ကန်မှုရှိကြောင်း
ဌာနမှုး (မြေတိုင်း)ရဲ. လက်မှတ်နဲ. ပြန်ကြားစာကို ရရှိခဲ့ပါတော့တယ်။
ဒီတော့ ကျွန်တော်က “ဂွမ်” ရေ ဆက်သာဝယ်ပါတော့လို. Green Light ပေးလိုက်တော့ယုံယုံကြည်ကြည် ဆက်ဝယ်ကြပါတော့တယ်။
ဝယ်ယူတာတော့ အရပ်စာချုပ်နဲ.ပဲ ဝယ်ပါတယ်၊ (ပေ ၄၀ x ပေ ၆၀)မြေနဲ. အိမ်လေးတစ်လုံးကိုလက်ရောက်ယူပြီး ငွေပြေချေလိုက်ကြပါတယ်။
“ဂွမ်ရေ ဆရာလဲကူညီလမ်းပြရတာသွေးပူလာပါပြီကွာ” လို.ပြောပြီး ဒုတိယအဆင့်နေနဲ. ဂရန်မူရင်းထဲမှာ ပါတဲ့ “ဦးတင်ဝင်း”ရဲ.လိပ်စာနဲ. စာတစ်စောင်ရေးပါတယ်။
အရောင်းအဝယ်စာချုပ်စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ လာရောက်ချုပ်ဆိုပေးဖို.နဲ. ဆက်သွယ်ရမယ့်တယ်လီဖုန်း နံပါတ်တွေကိုပါထည့်ပြီးရေးပါ
တယ် ဂရန်ထဲကလိပ်စာအတိုင်း ရေစစ္စလီလုပ်ပြီးစာတိုက်မှ ပို.ပေးလိုက်ပါတယ်။
(ဦးတင်ဝင်းတစ်ယောက် အခုရေးသားပေးလိုက်တဲ့ လိပ်စာမှာမရှိမှန်းသိလျက်နဲ.ရေးလိုက်ရတာတော့ စိတ်မကောင်းဖြစ်မိပါတယ်။)
နောက်တစ်ဆင့်အနေနဲ. ဦးတင်ဝင်ကို မှတ်ပုံတင်စာချုပ်လာရောက်ချုပ်ဆိုပေးပါရန်သတင်းစာမှာ ကြော်ငြာ ထည့်ပါတယ်။
ဆင့်ဆိုအကြောင်းကြားစာလဲရေးပြီးပြီ/မပြန်ပါ။ သတင်းစာမှာလည်း ကြော်ငြာပြီးပြီ/မဆက်သွယ်ပါဆိုပြီး အရောင်းအဝယ်စာချုပ်ကြီးချုပ်ပေးစေလိုမှုနဲ.
တရားစွဲဆိုလိုကြောင်း မ/ဒဂုံမြို.နယ်တရားရုံးကို ဦးတိုက်လေ ျှာက်ထားပါတော့တယ်။
(ဒီအဆင့်လဲရောက်တော့ဂွမ်ရဲ. သူငယ်ချင်းရှေ.နေ “ဒေါ်သူဇာ” က ကူညီပေးပါတော့တယ်) မ/ဒဂုံမြို.နယ်တရားရုံးကလည်း လက်ခံစစ်ဆေးပေးပါတယ်။
ကျွန်တော်တို.လိုပဲအကြောင်းကြားစာရေးတာပါပဲ၊ ဒါပေမဲ့ တရားရုံးကရေးတော့ “နို.တစ်စာ” လို.ခေါ်ပါတယ်။ ပြီးတော့
သတင်းစာမှာလည်းကြော်ငြာဖို. တရားရုံးကပဲ စီစဉ်ပေးပါတယ်။ ကျွန်တော်တို.က သတင်းစာတိုက်ကိုသွားပြီးထည့်ခဲ့ပါတယ်။
ကျွန်တော်တို. ဘယ်လိုမှရှာလို.မတွေ.တဲ့ “ဦးတင်ဝင်း” တရားရုံးတော်သို.မလာရောက်သောကြောင့်
မ/ဒဂုံမြို.နယ်တရားရုံးက တရားမကြီးအမှုအမှတ် —-/ ၂၀၁၃ အမှုတွင် ပဋိညာဉ်အတိုင်းမှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးစေရန် စရိတ်နှင့်တကွ အနိုင်ဒီကရီချမှတ်ပေးလိုက်ပါတော့တယ်။
ကျွန်တော်ကပြောပြ ၊ ဂွမ်က လှုပ်ရှားနဲ. နှစ်လကျော်လောက်ပဲကြာတယ်။ “အနိုင်ဒီကရီ” တော့ရလိုက်ပါပြီ။
“တရားရုံးအနိုင်ဒီဂရီ” ဆိုတာက စာရွက်ကြီးဗျ။ တရားသူကြီးလတ်မှတ်၊ တံဆိပ်တုံးနဲ.တရားရုံးတံဆိပ်တုံးပဲပါတယ်။ ဒီစာရွက်ကြီးက ကျွန်တော်တို.ကိုဘာမှ
မကူညီနိုင်တာမို.အကူအညီရဖို.အတွက် တရားသူကြီးမင်းက “ဇာရီမှု” ဖွင့်ပေးလိုက်ပါတယ်။
“ဇာရီမှု” ဆိုတာကို အလွယ်ဖြစ်အောင်ပြောရင် “အလုပ်လုပ်နိုင်တဲ့အမှုတွဲတစ်ခု” လို.နားလည်ထားရင်ရပါတယ်။
ဇာရီမှုဖိုင်တွဲဆိုတာ အစမှာတော့ဖိုင်တွဲအလွတ်ပါ။
• ပထမဆုံးစာရွက်က တရားသူကြီးရဲ. အမိန်.စာနဲ. ဇာရီမှုအမှတ်။
• ဒုတိယစာရွက်ကတရားရုံးကိုယ်စားနှင့် တရားရှုံးကိုယ်စားဘီလစ်စာရေးကို.ခန်.တဲစာ။
• နောက်တစ်ရွက်က ဒီအမှုအတွက် တရားရုံးကိုယ်စားဘိလစ်က မြေပုံမြေရာဇဝင်တောင်းခံလာရင်
ထုတ်ပေးဖို. မြို.တော်စည်ပင်သာယာရေးကော်မတီသို.အကြောင်းကြားစာရဲ.မိတ္တူ။
• နောက်တစ်ရွက်က ယခုအမှုအတွက် တရားရုံးကိုယ်စားဘိလစ်ကို လက်မှတ်ရေးထိုးချုပ်ဆိုခွင့်ပြုဖို.
စာရွက်စာတမ်း မှတ်ပုံတင်အရာရှိထံ ရေးတဲ့စာရဲ.မိတ္တူ။ ဒီလိုနဲ. “ဇာရီအမှုတွဲ” ကတဖြည်းဖြည်းထူလာ
ပါတယ်၊ အသက်ဝင်လာတယ်ပေါ့။
ဒီအခြေအနေလည်းရောက်ရော တရားရုံးဘိလစ်စာရေးကြီးက တရားရှုံး ဦးတင်ဝင်းကိုယ်စားမြေပုံ
မြေရာဇဝင်ထုတ်ယူလို.ရခဲ့ပါပြီး။
ကျွန်တော့်သင်တန်းသားလည်း အဲဒီမြေပုံမြေရာဇဝင်ကိုယူပြီးတိုင်းကာလတန်ဖိုးစိစစ်ရေးအဖွဲ.ကိုတင်ပြပြီး မြေကွက်ရဲ. “ရာဖြတ်တန်ဖိုး” သိခဲ့ရပါပြီ။
နောက်တစ်ဆင့်မှာ ရထားပြီးဖြစ်တဲ့မြေကွက်ရဲ. ရာဖြတ်တန်ဖိုးနဲ.လိုအပ်တဲ့ တံဆိပ်ခေါင်းခွန်ကိုပေးဆောင်
ပြီး စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို သွားလို.ရပါပြီ။
လက်မှတ်ထိုးမည့်သူကတော့ တရားရှုံးဦးတင်ဝင်းကိုယ်စား တရားရုံးဘိလစ်စာရေးကြီးက နာမည်၊ မှတ်ပုံတင်နံပါတ်အပြည့်အစုံနဲ. လက်မှတ်ရေးထိုး၊
သက်သေစုံလင်စွာလည်း လက်မှတ်ရေးထိုးပြီး ဂွမ်လိုချင်တဲ့ စာချုပ်စာတမ်းမှတ်ပုံတင်ချုပ်ဆိုခြင်းလည်း ပြီးဆုံးသွားပါပြီ။
နောက်ထပ်လိုအပ်တာလေတွေကိုတော့ဂွမ်ကိုယ်တိုင်ပဲ အေးအေးဆေးဆေးဆက်ပြီးလုပ်ဆောင်လို.ရသွားပါပြီ။
ဆရာ ဒါဆိုရင်မူလမြေကွက်ဂရန်ပိုင်ရှင် ဦးတင်ဝင်းမရှိဘဲ စာချုပ်ချုပ်ကြတယ်ပေါ့နော်ဆရာ။
ကဲပါဗျာ ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကလေးနဲ.လားမေးနေပြန်ပါပြီ။ အဲဒီကိစ္စကိုပဲသင်နေတာလေဗျာ ကိုယ်ဝယ်ယူထားတဲ့မြေကွက်မှာ ဂရန်မူရင်းမှန်မှန်ကန်ကန်ရှိပါတယ်၊
ဒါပေမဲ့ မူရင်းဂရန်ပိုင်ရှင်ကိုရှာမတွေ.တော့တဲ့ ဘယ်အခြေအနေမျိုးမှာ ဘယ်လိုဆောင်ရွက်နိုင်သေးတယ်ဆိုတာ သင်တာလေဗျာ။
ဆရာ ဒါဆိုရင်ရှေ.နေခေါ်ဖို.မလိုတော့ဘူးပေါ့နော်ဆရာလို. တစ်ဦးကမေးလာပြန်ပါတယ်။
ရှေ.နေမလိုပါဘူးလို.ကျွန်တော်မပြောဘူးလေ။ ခင်ဗျားရှေ.နေတစ်ယောက်လောက်ကျွမ်းကျင်မယ်ဆို
ရင်တော့ ရှေ.နေမလိုပါဘူး။ ဒီလောက်တော့လည်း ကျွန်တော်တို.မတတ်နိုင်ပါဘူး။ ဒါပေမဲ့ကျွန်တော်တို.
က အဆင့်ဆင့် တွေကို သေသေချာချာသင်ထားရင် အကောင်းဆုံးပါပဲ။
ဂွမ်ရဲ. ကိစ္စမှာလည်း ဂွမ်ရဲ.သူငယ်ချင်းရှေ.နေဒေါ်သူဇာက အစအဆုံးလိုလို ကူညီပေးပါတယ်။
“ကဲပါဗျာ၊ ကျွန်တော်သင်ချင်တာကတော့ တကယ်လို.မြေကွက်တစ်ကွက်ကိုဝယ်ဖို.စီစဉ်တာမှာ
(ဒါမှမဟုတ်)စရန်ပေးထားမိပြီးမှ မူရင်ဂရန်ပိုင်ရှင်တွေနဲ. အဆက်အသွယ်လုံးဝမရတော့တဲ့ကိစ္စတွေမှာ
ဒီနေ.ကျွန်တော်သင်လိုက်တဲ့ အဆင့်ဆင့်တွေအတိုင်းသာရွှေ.သွားပါ။ အောင်မြင်ပါတယ်၊ အခက်အခဲမရှိပါဘူး၊
လုံးဝပိတ်ဆို.နေတဲ့အခြေအနေမျိုး မဟုတ်ပါဘူးလို. သင်တာပါ” လို.ပြောပြီး သင်တန်းသား “ဂွမ်ဂျာလ”ရဲ.ကိစ္စကို နမူနာပေးလို. သင်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။
Note :
မြေကွက်တစ်ကွက်ကို အတုအပွားမရှိသောမြေငှားဂရံ နှင့်တကွဝယ်ယူ ပိုင်ဆိုင်ထားပြီး ဂရံအမည်ပြောင်းရန် ပိုင်ရှင်ကို လုံးဝရှာမရတော့လျှင်
” မှတ်ပုံတင် စာချုပ်ချုပ် ပေးစေလိုမှု “နှင့်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခြင်းဖြင့် အမည်ပြောင်း
စာချုပ်ချုပ်ဆိုခြင်း သည်သာနည်းလမ်း အမှန်ဖြစ်ပါသည်။
(ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ-၅၅(ဃ)ကိုညွှန်းသည်)
မှတ်ပုံတင်စာချုပ် ချုပ်ပေးစေလိုမှု ” နှင့်တရားစွဲ အနိုင်ဒီဂရီ ရပြီးလျှင် အရေးကြီးဆုံးအချက်မှာထို အနိုင်ဒီဂရီကို (၄)လအတွင်းစာချုပ်စာ
တမ်းရုံးတွင်မှတ်ပုံတင် ရမည့်ကိစ္စပင်ဖြစ်ပါသည်။ထိုသို့ မှတ်ပုံမတင်မိပါကအနိုင်ရပြီးသားအမှုကိစ္စပြန်၍ပျက်ပျယ်နိုင်ပါသည်။
( စာချုပ်စာတမ်း မှတ်ပုံတင်ရေး ဥပဒေပုဒ်မ-၂၃ဒုတိယအပိုဒ် )
Credit 😍😍😍

ဆရာကြီးဦးကြည်စိုး IC (အိမ်ဘုရင်)

ရွာမြေဝယ်ထားမိလျှင် ခိုင်အောင် ဘာလုပ်ထားရမလဲကျေးရွာအတွင်းမှ အိမ်ကွက်များကို တစ်ကွက်ချင်း နယ်နိမိတ်ခွဲခြား၍ တိုင်းတာ ပုံထ...
05/08/2023

ရွာမြေဝယ်ထားမိလျှင် ခိုင်အောင် ဘာလုပ်ထားရမလဲ

ကျေးရွာအတွင်းမှ အိမ်ကွက်များကို တစ်ကွက်ချင်း နယ်နိမိတ်ခွဲခြား၍ တိုင်းတာ ပုံထုတ်ထားခြင်း၊ မှတ်တမ်းထားခြင်း မြေစာရင်းဌာနမှာ မရှိပါဘူး။
ဆိုလိုတာက မြို့မြေလို ကွက်စိတ် ကွက်ကြဲ တိုင်းတာပြီး မြေပုံထုတ် မှတ်တမ်းတင်ထားခြင်း မရှိတာပါ။ ဒါကလည်း ခေတ်အဆက်ဆက် ကျေးရွာမြေတွေကို အခွန်ကင်းလွတ် ပေးထားပြီး ရွာနယ်နိမိတ်လောက်ကိုသာ မြေပုံရေးဆွဲထားကြလို့ပါ။
ရွာအတွင်း တစ်ကွက်ခြင်း မြေတည်နေရာ, မြေရာဇဝင်, ကွင်းအမှတ်, အကွက်အမှတ်, မြေအကျယ် အသေးစိတ် မြေပုံနဲ့ စာရင်း မရှိပါဘူး၊ ပိုင်ဆိုင်မှုခိုင်မာဖို့ဆိုတာ ဂရန်ချထားပေးတဲ့ သဘောပါ။
ဂရန်ချထားပေးဖို့ကလည်း အဲဒီလို မြေပုံနဲ့ စာရင်းတွေ အတိအကျ အသေးစိတ်ရှိမှသာ ပေးနိုင်တာပါ။ ကျေးရွာအတွင်းက မြေများသည် သာမန်အားဖြင့် ဦးပိုင်ခွဲ မထားသလို ဦးပိုင်လိုက် မြေရာဇဝင် မှတ်တမ်း (၁-က) မထားပါဘူး၊ မြေတစ်ကွက်ချင်းအတွက် ဧရိယာစာရင်း(၁-ခ)လည်း မရှိပါဘူး။
မြေစာရင်းလက်စွဲဥပဒေ အပိုဒ် (၆၇၁)မှာ “အောက်မြန်မာနိုင်ငံရှိ ရွာမြေများအတွက် အခွန်စည်းကြပ်မှု မှတ်ပုံစာရင်း၊ သို့မဟုတ် မြေကွက်များ မှတ်ပုံစာရင်းများကို ပြုလုပ်ရန် မလိုချေ။
အထက်မြန်မာနိုင်ငံရှိ ရွာမြေများတွင် စိုက်ပျိုးလုပ်ကိုင်မှုရှိလျှင် နှစ်စဉ်မြေခွန်စည်းကြပ်မှု မှတ်ပုံစာရင်းတစ်ခုပြုလုပ်ထားရှိရမည်။ သို့သော် ဦးပိုင်မှတ်ပုံစာရင်း သို့မဟုတ် မြေကွက်များ မှတ်ပုံစာရင်း ထားရှိရန် မလိုချေ”ဟု ပြဌာန်း ထားချက်အရ ဖြစ်ပါတယ်။
သို့ဖြစ်၍ ကျေးရွာမြေတစ်ခုကို ပိုင်ဆိုင်မှု ခိုင်မာအောင် ပိုင်ဆိုင်မှုမှတ်တမ်းရရှိရန် မည်သို့ လုပ်ထားသင့်သလဲဆိုပါက ဆောင်ရွက်နိုင်သည့် အချက် (၂)ချက်ရှိနေတာ တွေ့ရပါတယ်။
ပထမအချက်က-
ကျေးရွာဂရန်ရရှိရေးဖြစ်ပါတယ်၊ ဥပဒေမှာတော့ ရွာမြေတိုးချဲ့ခြင်း၊ ရွာသစ်တည်ခြင်းများအတွက်သာဂရန်ပေးရန် ပြဌာန်းထားပေမဲ့ ဒီဘက်ခေတ်မှာ တစ်မြို့မှာ တစ်ရွာ ဂရန်ပေးရေး Village Grant လုပ်ငန်းစီမံချက်အရ တစ်ရွာလုံးရှိ အိမ်ကွက်များကို ကျေးရွာဂရန်ပေးသည့် စီမံချက်ရှိပါက ပိုင်ဆိုင်မှု မှတ်တမ်းဂရန်တစ်ခုကို ရရှိနိုင်ပါတယ်။
ဂရန်ရရင် မြေပိုင်ဆိုင်မှု တိကျပြီး ခိုင်မာတယ်၊ ဘဏ်မှာ အပေါင်ထားလို့ရတယ်၊ သို့သော် အရင်က မြေခွန်လွတ်ပေမဲ့ ဂရန်နဲ့ဆိုရင် မြေခွန်ဆောင်ရပါမယ်၊စီမံချက် မရှိသေးရင် ဂရန်ရဖို့ မလွယ်သေးပါဘူး။ အထက်မှာ တင်ပြခဲ့တဲ့ မြေရာဇဝင်၊ မြေပုံစာရင်းတွေ အသေးစိတ် တိုင်းတာတွက်ချက် ရေးဆွဲဖို့ အချိန်ပေးရတာနဲ့ ရွာများအားလုံးအတွက် တိုင်းတာဖို့ မလွယ်သေးတာပါ။
ဒုတိယအချက်က –
လယ်ယာမြေမှ ကင်းလွတ်ကြောင်း ဝန်ခံချက် လက်မှတ်ရယူခြင်းဖြစ်ပါတယ်။ ဒါကလည်း လယ်ယာမြေ မဟုတ်ဘူး၊ အခြားနည်း သုံးနေတဲ့မြေ, အိမ်ဆောက်နေတဲ့ မြေလို့ပဲ ဆိုလိုတာပါ၊ အရင်ကတော့ 3 B Certificate လို့ခေါ်ပါတယ်။
၁၉၅၃-လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက် ဥပဒေ ပုဒ်မ ၃(ခ)တွင် လယ်ယာမြေဟု သတ်မှတ်ထားသော မြေအမျိုးအစားတွင် ရွာမြေ အဝန်းအပိုင်းထဲမှ ဖေါ်ပြပါ အလားလေးရပ်အတွင်းယင်းဥပဒေ မပြဌာန်းမီကပင် မိမိ စိုက်ပျိုးမှုလုပ်ငန်း မဟုတ်ဘဲ အိမ်ရာအဆောက်အဦ, စက်ရုံအဖြစ် လက်ရှိထား အသုံးပြုနေသော မြေကွက် မပါကြောင်းဟု မြေစာရင်းဌာနမှ ထုတ်ပေးသည့် လယ်ယာမြေ မဟုတ်ကြောင်း သက်သေခံလက်မှတ် လျှောက်ထားရယူခြင်းဖြစ်ပါတယ်။
ယခု (၂၀၁၂)လယ်ယာမြေဥပဒေ ပုဒ်မ ၃(က)ပါ၊ [ ပုဒ်မ ၃၊ (က)။ လယ်ယာမြေဟူသော စကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ဘာသာရေးအဆောက်အဦနှင့် ပရိဝုဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံး မပြုသောမြေများ မပါဝင် ] ဟူသော စကားရပ်အရ ဆိုပါက လယ်ယာမြေမှ ကင်းလွတ်ကြောင်း ဝန်ခံချက်လက်မှတ်ကို 3 A လို့သုံးရမှာ ဖြစ်ပါတယ်။
သို့သော် 3 A Certificate ထုတ်ပေးရန် ရန်ကုန်မြို့တော် စည်ပင်ယာရေးကော်မတီမှ လုပ်ထုံးလုပ်နည်း ထုတ်ပြန်ဆောင်ရွက်နေသော်လည်း ကျန်ဒေသများအတွက်ဗဟိုလယ်စီအဖွဲ့မှ ယနေ့ထိ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ဒါကြောင့် ညွှန်ကြားချက်ရမှသာ ရရှိနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
Credit 😍😍😍
Ref : Fbatinsone

(၃)ထပ်နှင့်အောက် အဆောက်အအုံ ဆောက်လုပ်ရာတွင် လိုအပ်သည့်စာရွက်စာတမ်းများ၁။ ဌာနသတ်မှတ်လျှောက်လွှာ (က) ဆောက်လုပ်ခွင့်လျှောက်...
31/07/2023

(၃)ထပ်နှင့်အောက် အဆောက်အအုံ ဆောက်လုပ်ရာတွင် လိုအပ်သည့်စာရွက်စာတမ်းများ

၁။ ဌာနသတ်မှတ်လျှောက်လွှာ (က) ဆောက်လုပ်ခွင့်လျှောက်လွှာပုံစံ

(ခ) အဆောက်အအုံကြီးကြပ်ဆောက်လုပ်မည်ဖြစ်ကြောင်းမှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာမှ တင်ပြရန်

(ဂ) ခွင့်ပြုချက်မရမီ ကြိုတင်ဆောက်လုပ်ခြင်းနှင့်မြေပိုင်ဆိုင်မှု ပြဿနာပေါ်ပေါက်ခြင်းတို့အတွက် ဌာန၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း မြေရှင်မှ ခံဝန်ကတိတင်ပြရန်

(ဃ) အိမ်ရှင်/အိမ်ငှား ပြဿနာအရှုပ်အရှင်းကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် တင်ပြရန်

(င) ဘေးကပ်လျက် မြေကွက်ပိုင်ရှင်များ၏ သဘောထားတင်ပြရန်

(စ) အဆောက်အအုံခိုင်ခံ့မှုနှင့်ပတ်သက်၍ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာမှ တာဝန်ယူကြောင်း ခံဝန်ကတိတင်ပြရန်

(ဆ) အဆောက်အအုံဟောင်းဖျက်သိမ်းခွင့်လျှောက်လွှာပုံစံ

(ဇ) အဆောက်အအုံဟောင်းဖျက်သိမ်းရာတွင် ဘေးကပ်လျက်ရှိသော အဆောက်အအုံ ပျက်စီးမှုမရှိစေရန် ဖျက်သိမ်းပါမည့်အကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာနှင့်မြေရှင်တို့မှ ခံဝန်ကတိတင်ပြရန်

(ဈ) ကန်ထရိုက်တိုက်ပုံစံဖြစ်ပါက လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ (LC) နှင့် မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာတို့မှ သတ်မှတ်ထားသည့်စည်းကမ်းချက်များအားလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ခံဝန်ကတိတင်ပြရန်

၂။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မြေရှင်၊ GP/SP) (A4 Size တစ်မျက်နှာ တည်းတွင်အပေါ် / အောက်ကူးရန်)

၃။ မြေပိုင်ဆိုင်မှုအထောက်အထားမိတ္တူ

၄။ မိသားစုလုံးချင်းနှင့် စီးပွါးရေးလုပ်ငန်းသုံး အဆောက်အအုံပုံစံဖြစ်ပါက လျှောက်ထားသူနှင့် မှတ်ပုံတင် လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုး ထားသော အဆိုပြု ပုံစံ(၃)စုံ (A3 Size)

၅။ ကန်ထရိုက်တိုက်ပုံစံဖြစ်ပါက လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ (LC) နှင့် မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုး ထားသော အဆိုပြု ပုံစံ(၃)စုံ (A3 Size)

၆။ ဖျက်သိမ်းမည့် အဆောက်အအုံဟောင်း၏ဓါတ်ပုံ နှင့်ဘေးနှစ်ဖက်ရှိ အဆောက်အအုံများ၏ ဓါတ်ပုံ

၇။ ကန်ထရိုက်တိုက်ပုံစံနှင့် စီးပွါးရေးလုပ်ငန်းသုံး အဆောက်အအုံပုံစံများ ဖြစ်ပါက မီးသတ်ဦးစီးဌာန၏ အကြံပြုချက် စသည်တို့ဖြစ်ပါသည်။

(၄)ထပ်မှ (၈)ထပ်အထိ အဆောက်အအုံများဆောက်လုပ်ခွင့်လျှောက်ထားရာတွင် ပါဝင်ရမည့် စာရွက်စာတမ်းများ ပဏာမအဆို

(၄)ထပ်မှ (၈)ထပ်အထိ အဆောက်အအုံများဆောက်လုပ်ခွင့်လျှောက်ထားရာတွင် ပါဝင်ရမည့် စာရွက်စာတမ်းများ ပဏာမအဆိုပြုပုံစံ(Proposal)

၁။ ဌာနသတ်မှတ်လျှောက်လွှာ (က) ဆောက်လုပ်ခွင့်လျှောက်လွှာပုံစံ

(ခ) အဆောက်အအုံကြီးကြပ်ဆောက်လုပ်မည်ဖြစ်ကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာမှ တင်ပြရန်

(ဂ) ခွင့်ပြုချက်မရမီ ကြိုတင်ဆောက်လုပ်ခြင်းနှင့်မြေပိုင်ဆိုင်မှု ပြဿနာပေါ်ပေါက်ခြင်း တို့အတွက် ဌာန၏ ညွှန်ကြားချက်ကိုလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း မြေရှင်မှခံဝန်ကတိတင်ပြရန်

(ဃ) အိမ်ရှင်/အိမ်ငှား ပြဿနာအရှုပ်အရှင်းကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် တင်ပြရန်

(င) ဘေးကပ်လျက် မြေကွက်ပိုင်ရှင်များ၏ သဘောထားတင်ပြရန်

(စ) လမ်းအတွင်း ၄ထပ်နှင့်အထက် အဆောက်အအုံမရှိပါက အဆိုပြုအဆာက်အအုံ ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ မြေကွက်ပိုင်ရှင်များ (ဘေးဝဲဘက်(၂)ဦး၊ ယာဘက်(၂)ဦး၊ ရှေ့ဘက်(၃)ဦး၊ နောက်ဘက်(၃)ဦး၊ စုစုပေါင်း (၁၀)ဦး၏ ထောက်ခံချက်)မှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက် တင်ပြရန်

(ဆ) စီးပွါးရေးလုပ်ငန်းသုံး အဆောက်အအုံဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ ဘေးပတ်ဝန်းကျင်ရှိ မြေကွက ပိုင်ရှင်များ (ဘေးဝဲဘက်(၂)ဦး၊ ယာဘက်(၂)ဦး၊ ရှေ့ဘက် (၃)ဦး၊ နောက်ဘက်(၃)ဦး ၊ စုစုပေါင်း (၁၀)ဦး၏ ထောက်ခံချက်)မှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံချက်တင်ပြရန်

(ဇ) အဆောက်အအုံဟောင်းဖျက်သိမ်းခွင့်လျှောက်လွှာပုံစံ

(ဈ) အဆောက်အအုံဟောင်းဖျက်သိမ်းရာတွင် ဘေးကပ်လျက်ရှိသော အဆောက်အအုံ ပျက်စီးမှုမရှိစေရန် ဖျက်သိမ်းပါမည့်အကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာနှင့်မြေရှင်တို့မှ ခံဝန်ကတိတင်ပြရန်

(ည) မြေရှင်၏ GP/SPမှ တင်ပြမည်ဆိုပါက မြေရှင်သက်ရှိထင်ရှားရှိကြောင်းနှင့် ကိုယ်စားလှယ် လွှဲအပ်ထားသည်မှာ မှန်ကန်ကြောင်း မြေရှင်မှတင်ပြရန်

(ဋ) အဆောက်အအုံခိုင်ခံ့မှုနှင့် ပတ်သက်၍ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ၏ တာဝန်ယူကြောင်း ခံဝန်ကတိတင်ပြရန်(ပုံစံကြီးတွင် ပူးတွဲတင်ပြရန်)

(ဌ) အဆောက်အအုံဆောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ (LC) နှင့် မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း ခံဝန်ကတိတင်ပြရန် (ပုံစံကြီးတွင် ပူးတွဲတင်ပြရန်)

၂။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မြေရှင်၊ GP/SP) (A4 Size တစ်မျက်နှာတည်း တွင်အပေါ် / အောက်ကူးရန်)

၃။ သက်ဆိုင်ရာဌာနမှ (၁)နှစ်အတွင်း ထုတ်ပေးထားသော အဆောက်အအုံဆောက်လုပ်ရန် မြေပုံ၊မြေရာဇဝင် မူရင်း(C/Map)

၄။ ဂရန်မိတ္တူနှင့်နယ်နိမိတ်တိုင်းတာသတ်မှတ်သည့်မြေပုံ (D/Map)မိတ္တူ

၅။ ဘေးဝဲ/ယာကပ်လျက်တွင် ၄ထပ်နှင့်အထက် အဆောက်အအုံများရှိပါက လိုင်စင်ရတိုင်းတာရေး အင်ဂျင်နီယာ၏ အဆောက်အအုံတိုင်းတာချက်(Theodolite Reading)

၆။ လျှောက်ထားသူ၊ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုးထားသော Foundation Plan ပါဝင်သည့် အဆိုပြု ဗိသုကာပုံစံ(၁)စုံ(A3 Size)

၇။ ဖျက်သိမ်းမည့် အဆောက်အအုံဟောင်း၏ဓါတ်ပုံ နှင့်ဘေးနှစ်ဖက်ရှိ အဆောက်အအုံများ၏ ဓါတ်ပုံ ပုံစံကြီး

၈။ မြေခံနိုင်အား စမ်းသပ်မှု (Soil Test) မူရင်း(၂)စုံနှင့် Soft Copy ၊ CD

၉။ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာမှ တွက်ချက်တင်ပြထားသည့် အဆောက်အအုံခိုင်ခံမှုဆိုင်ရာ တွက်ချက်မှုပုံစံ(၁)စုံ

၁၀။ လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ(LC)၊ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ /ဗိသုကာ လက်မှတ်ရေးထိုးထားသော အဆိုပြုပုံစံ(၃)စုံ(A3 Size)

၁၁။ မီးသတ်ဦးစီးဌာန၏ အကြံပြုချက်

၁၂။ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၏ မိလ္လာကန်တည်ဆောက်ရန် ခွင့်ပြုမိန့်(သို့မဟုတ်) သဘောထား စသည်တို့ဖြစ်ပါသည်။

(၉)ထပ်နှင့်အထက် အဆောက်အအုံများဆောက်လုပ်ခွင့် လျှောက်ထားရာတွင် ပါဝင်ရမည့်စာရွက်စာတမ်းများပဏာမအဆိုပြုပုံစံ(Proposal)

၁။ ဌာနသတ်မှတ်လျှောက်လွှာ

(က) ဆောက်လုပ်ခွင့်လျှောက်လွှာပုံစံ

(ခ) အဆောက်အအုံကြီးကြပ်ဆောက်လုပ်မည်ဖြစ်ကြောင်းမှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာမှ တင်ပြရန်

(ဂ) ခွင့်ပြုချက်မရမီ ကြိုတင်ဆောက်လုပ်ခြင်းနှင့်မြေပိုင်ဆိုင်မှု ပြဿနာပေါ်ပေါက်ခြင်းတို့အတွက် ဌာန၏ ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း မြေရှင်မှ ခံဝန်ကတိတင်ပြရန်

(ဃ) အိမ်ရှင်/အိမ်ငှား ပြဿနာအရှုပ်အရှင်းကင်းရှင်းကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် တင်ပြရန်

(င) ဘေးပတ်ဝန်းကျင်ရှိ ထိစပ်မြေကွက်ပိုင်ရှင်များအပါအဝင် အနည်းဆုံး မြေကွက် (၁၀)ကွက်မှ ကန့်ကွက်ရန်မရှိကြောင်းထောက်ခံချက် တင်ပြရန် (ဘေးဝဲ/ယာ (၂)ကွက်စီ၊ ရှေ့/နောက် (၃)ကွက်စီ ဖြင့် စုစုပေါင်း (၁၀)ကွက်၏ ထောက်ခံချက်)

(စ) အဆောက်အအုံဟောင်း ဖျက်သိမ်းခွင့်လျှောက်လွှာပုံစံ

(ဆ) အဆောက်အအုံဟောင်းဖျက်သိမ်းရာတွင် ဘေးကပ်လျက်ရှိသော အဆောက်အအုံ ပျက်စီးမှုမရှိစေရန် ဖျက်သိမ်းပါမည့်အကြောင်း မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာနှင့်မြေရှင်တို့မှ ခံဝန်ကတိတင်ပြရန်

(ဇ) မြေရှင်၏ GP/SPမှ တင်ပြမည်ဆိုပါက မြေရှင်သက်ရှိထင်ရှားရှိကြောင်းနှင့် ကိုယ်စားလှယ်လွှဲအပ် ထားသည်မှာ မှန်ကန်ကြောင်းမြေရှင်မှတင်ပြရန်

(ဈ) အဆောက်အအုံခိုင်ခံ့မှုနှင့် ပတ်သက်၍ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ၏ တာဝန်ယူကြောင်း ခံဝန်ကတိတင်ပြရန် (ပုံစံကြီးတွင် ပူးတွဲတင်ပြရန်)

(ည) အဆောက်အအုံဆောက်လုပ်ခြင်းနှင့် စပ်လျဉ်း၍ လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ(LC)နှင့် မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ ဗိသုကာတို့မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း ခံဝန်ကတိတင်ပြရန် (ပုံစံကြီးတွင် ပူးတွဲတင်ပြရန်)

၂။ လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မြေရှင်၊ GP/SP) (A4 Size တစ်မျက်နှာတည်းတွင်အပေါ် / အောက်ကူးရန်)

၃။ သက်ဆိုင်ရာဌာနမှ (၁)နှစ်အတွင်း ထုတ်ပေးထားသော အဆောက်အအုံဆောက်လုပ်ရန် မြေပုံ၊ မြေရာဇဝင်မူရင်း(C/Map)

၄။ ဂရန်မိတ္တူနှင့် နယ်နိမိတ်တိုင်းတာသတ်မှတ်သည့်မြေပုံ (D/Map) မိတ္တူ

၅။ ဘေးဝဲ/ယာကပ်လျက်တွင် ၄ထပ်နှင့်အထက် အဆောက်အအုံများရှိပါက လိုင်စင်ရတိုင်းတာရေး အင်ဂျင်နီယာ၏ အဆောက်အအုံတိုင်းတာချက် (Theodolite Reading)

၆။ လျှောက်ထားသူ၊ မှတ်ပုံတင်လက်မှတ်ရအင်ဂျင်နီယာ/ဗိသုကာတို့မှ လက်မှတ်ရေးထိုးထားသော အဆိုပြု ဗိသုကာပုံစံ(၁)စုံ(A3 Size)

၇။ ဖျက်သိမ်းမည့် အဆောက်အအုံဟောင်း၏ ဓါတ်ပုံနှင့် ဘေးနှစ်ဖက်ရှိ အဆောက်အအုံများ၏ ဓါတ်ပုံပုံစံကြီး

၈။ မြေခံနိုင်အား စမ်းသပ်မှု (Soil Test) မူရင်း (၂) စုံနှင့် Soft Copy

၉။ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ/ဗိသုကာတို့မှ တွက်ချက်တင်ပြထားသည့် Structural Calculation (၂)စုံ၊ M & E Calculation (၂)စုံနှင့် Soft Copy

၁၀။ လျှောက်ထားသူ၊ လိုင်စင်ရကန်ထရိုက်တာ(LC)၊ မှတ်ပုံတင်လက်မှတ်ရ အင်ဂျင်နီယာ /ဗိသုကာတို့မှ တွက်ချက်ရေးဆွဲထားသည့် Architectural Drawing (၄)စုံ၊ M & E Drawing(၄)စုံ၊ Pile Foundation ဖြစ်ပါက Pile Load Test (Method of Statement) (၄)စုံ

၁၁။ မီးသတ်ဦးစီးဌာန၏ အကြံပြုချက်စသည်တို့ဖြစ်ပါသည်။

အဆောက်အအုံ ဆောက်လုပ်ခွင့်တင်ခြင်းအတွက် ပုံစံစစ်ဆေးခများမှာ မိသားစုလုံးချင်းနေအိမ်/ဘာသာရေးဆိုင်ရာ/ဌာနဆိုင်ရာအဆောက်အအုံများဆိုလျှင် (တိုက်/Steel ၁ စတုရန်းပေ - ၅၅ကျပ်)၊ (အုတ်ညှပ် ၁ စတုရမ်းပေ- ၃၅ကျပ်)၊ (ပျဉ် ၁ စတုရန်းပေ- ၂၅ကျပ်) ဖြစ်ပြီး၊ အများသုံးလူနေ/စီးပွားရေးသုံးအဆောက်အအုံများ ဆိုလျှင် (တိုက်/Steel ၁ စတုရန်းပေ - ၈၅ကျပ်)၊ (အုတ်ညှပ် ၁ စတုရမ်းပေ- ၈၅ကျပ်)၊ (ပျဉ် ၁ စတုရန်းပေ- ၈၅ကျပ်)ဖြင့် ပေးဆောင်ရမှာဖြစ်ပါသည်။

(၃)ထပ်နှင့်အောက်အဆောက်အဦဆိုလျှင် သက်ဆိုင်ရာမြို့နယ်စည်ပင်တွင်လျှောက်ထားနိုင်ပြီး (၄) ထပ်မှစ၍ အထပ်မြင့်များကို မြို့တော်ခန်းမ၊ အဆောက်အအုံဌာနတွင် အမှုတွဲဖွင့်လှစ်လျှောက်ထားရမှာဖြစ်ပါကြောင်း ဖော်ပြလိုက်ပါသည်။

Credit to original writer✍️


🏗️🏗️🏗️စည်ပင်နယ်နိမိတ်အတွင်း အဆောက်အဦ ဆောက်တော့မယ်ဆိုရင်ပထမဆုံး ဆောက်လုပ်ခွင့်တင်ပြရပါတယ်။မြေယာဌာနမှာ-------------------...
04/07/2023

🏗️🏗️🏗️စည်ပင်နယ်နိမိတ်အတွင်း
အဆောက်အဦ ဆောက်တော့မယ်ဆိုရင်

ပထမဆုံး ဆောက်လုပ်ခွင့်
တင်ပြရပါတယ်။

မြေယာဌာနမှာ
---------------------
- ​ပုံစံ ၁၀၅ / ၁၀၆ အရင်လျှောက်
- အဲဒါလျှောက်ဖို့ က
- မြေကွက်ပိုင်ဆိုင်မှု အထောက်အထား
(ဂရံ ၊ မြေပေးမိန့်)
- ဂရံရပြီးရင် မြေခွန် ၁ နှစ်စာ
ဆောင်ပြီးကြောင်း ပြေစာ
( အဲဒါမပါရင် မရဘူး)
သက်ဆိုင်ရာ မြို့နယ်စည်ပင်မှာ သွားဆောင်
- တစ်ဆင့် ပြန်ဝယ်ထားတယ်ဆိုရင်
GP ၊ SP ကိုယ်စားလှယ်လွှဲစာ၊ ဂရံ၊
အရောင်းအဝယ်စာချုပ်တွေ ပြ၊ မိတ္တူပေး
- လျှောက်မယ့်သူရဲ့ မှတ်ပုံတင်မိတ္တူ
- သန်းခေါင်စာရင်း၊ လိပ်စာ၊ ဖုန်းနံပါတ်
- စာရွက်စာတမ်း ပြည့်စုံရင် တင်ခဲ့
- ဌာနက M/S တင်
- တစ်ပတ်လောက်ရှိရင် ကွင်းဆင်း
- ၁၀၅ /၁၀၆ အတွက် ငွေသွင်း
(ဧက ကွက်မဟုတ်ရင် သောင်းဂဏန်းပါပဲ)
- အဲဒါပြီးရင် တစ်ပတ်စောင့် ၁၀၅/၁၀၆ ရ၏

----------------------------------------------------------

- ၁၀၅ / ၁၀၆ ရရင်
ဆောက်လုပ်ခွင့်အတွက်

အဆောက်အဦဌာနမှာ
-------------------------------
- လျှောက်လွှာထုတ်
- မိမိမြေကွက် တည်နေရာ ဓါတ်ပုံ ၄ ပုံ
- လျှောက်ထားသူရဲ့ လိုင်စင်ပုံ (၂)ပုံ
- မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မိတ္တူတွဲ
- မြေကွက်ပိုင်ဆိုင်ကြောင်း အထောက်အထား
ထပ်တွဲ တင် (အပေါ်က ပြောခဲ့သလို)
- အနားလေးရပ် ထောက်ခံချက်ယူ
- အုပ်ချုပ်ရေးမှူးထောက်ခံချက် (၃)နေရာထိုး
- အဆောက်အဦ Drawing (၃)စုံ
- Drawing မှာ စည်ပင်က လိုင်စင်ရ
အင်/ယာ လက်မှတ်ထိုးရတယ်။
လက်မှတ်ထိုးခက Sqft အတိုင်းပေးရတယ်။
(အခြား အင်/ယာ ထိုးလို့မရ)
- ၁၀၅/၁၀၆ မူရင်းပါ တွဲတင်
- မြိုနယ်စည်ပင် EO က လက်မှတ်ထိုး
ရုံးအပေါ်စာနဲ့ တင်
- အမှုတွဲစုံလို့ တင်ပြီးရင် တစ်ပတ်စောင့်
(Design က လိုအပ်တာရှိရင် ပြန်ပြင်ပေး)
- မြေကွက်နေရာကို ကွင်းလာဆင်းကြည့်
- ဌာနက M/S ရေး EC တင်
- EC က ပြန်ကျရင်
ဆောက်လုပ်ခွင့်အတွက် ငွေသွင်း
(သောင်းဂဏန်းပါပဲ)
- Green Board ထုတ် မြေကွက်မှာကပ်
- ဆောက်လုပ်ခွင့်ပြု အမိန့် စည်ပင်က
အကြောင်းကြားရင် သွားထုတ်
- တင်ပြထားတဲ့ Design အတိုင်း ဆောက်

----------------------------------------------------

၆ လ လောက်အကြာ
အဆောက်အဦ ဆောက်ပြီးရင်
ဆောက်လုပ်ပြီးစီးကြောင်း ထပ်တင်

- မူလက တင်ပြတဲ့ ဒီဇိုင်းမိတ္တူ
- ဆောက်လုပ်ခွင့်ပြုကြောင်းစာ မိတ္တူ
- ယခင်က ငွေသွင်းချလံမိတ္တူ
- လျှောက်လွှာပုံစံမှာ ဖြည့် ပြန်တင်
- ပြီးစီးကြောင်း အတွက် ငွေသွင်း
( မပြီးသေးရင် Ex ထပ်တိုးတင်)
- တစ်ပတ်စောင့် ကွင်းလာဆင်း
- EC မှာ ပြန်တင်
- ဆောက်လုပ်ပြီးစီးကြောင်း စာရွက်ထွက်
- ဌာနကို သွားယူ

အဲဒါမှ စည်ပင်နယ်နိမိတ်အတွင်း
မိမိ အဆောက်အဦ ဆောက်လုပ်မှူကိစ္စ
အဝဝ ပြီးမြောက်၏။
------------------------------------------------
Crd - post owner

📜ပုံစံ(ပုံစံ၇) မဖြစ်မနေ လျှောက်ကြပါ📜ပုံစံ (၇) ၊ ၁၀၅ ရှိရုံနဲ့ မိမိမြေ ပိုင်ဖြစ်ပြီလား HL- 222 ပုံစံ (၇) ၊ ၁၀၅ ရှိရုံနဲ့ ...
04/07/2023

📜ပုံစံ(ပုံစံ၇) မဖြစ်မနေ လျှောက်ကြပါ📜
ပုံစံ (၇) ၊ ၁၀၅ ရှိရုံနဲ့ မိမိမြေ ပိုင်ဖြစ်ပြီလား

HL- 222

ပုံစံ (၇) ၊ ၁၀၅ ရှိရုံနဲ့ လယ်ယာမြေပေါ်မှာ အိမ် ဆောက်ခြင်း၊ ဆိုင်ဆောက်ခြင်း၊ ဓါတ်ဆီဆိုင်ဖွင့်ခြင်း၊ စားသောက်ဆိုင်ဖွင့်ခြင်း၊ အကွက်ရိုက်ခြင်း စတဲ့အခြားနည်းလမ်းများ အသုံးပြုခွင့်မရှိပါဘူး။ အခြားနည်း အသုံးပြုရင် လယ်ယာမြေ ဥပဒေပုဒ်မ ၁၂(ဆ) ပါ စည်းကမ်းကို ဖေါက်ဖျက်ရာ ကျရောက်တဲ့အတွက် ပုဒ်မ ၁၉ ပါ စီမံခန့်ခွဲရေးပြစ်ဒက်များ၊ ပုဒ်မ ၃၅ ပါ တရားရုံး ပြစ်ဒဏ်များ ချမှတ်ခံရနိုင်တယ်လို့ ဥပဒေပညာရှင်တွေက သတိပေးထားပါတယ် ။

" အခုလက်ရှိဖြစ်နေတာက ဝယ်တုန်းက ပုံစံ (၇) ရှိတယ် ၊ ၁၀၅ ပေါက်တယ် ဆိုပြီး နားမလည်ပဲ လယ် ယာမြေမှာ အိမ်တွေဆောက် ၊ ဆိုင်တွေဆောက်လုပ်နေကြတာပေါ့ အစိုးရက နို့တစ် စာလာကပ်တော့မှ ပြဿနာတွေတက် နေ ကြတာကိုတွေ့နေရပါတယ်၊ ဒါတွေက ဖြေရှင်းလို့ရပါတယ် ။ ဥပဒေကြောင်းအရသွားရင် မိမိမြေလဲ ဆုံးရှုံးစရာမရှိပါဘူး " လို့ ဥပဒေပညာရှင်တစ်ဦးကပြောပါတယ် ။

ပုံစံ (၇) နဲ့ မြေပိုင်ဆိုင်ခွင့် ။

၂၀၁၂ လယ်ယာမြေ ဥပဒေပုဒ်မ ၃(ဃ) အရ လယ်ယာမြေသည် နိုင်ငံတော်ပိုင် ဖြစ်ပြီးတနည်းအားဖြင့် အစိုးရပိုင် ဖြစ်ပါတယ် ။ လယ်ယာမြေလုပ်ပိုင်ခွင့် လျောက်ထားသော တောင်သူကို လယ်ယာမြေ ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်ပေးခြင်းသာ ဖြစ်ပါတယ် ။

ပုံစံ (၇) တရားဝင် ဝယ်ယူလွဲပြောင်းခွင့်ရရှိထားပေမယ့် လယ် ယာမြေကို ပိုင်ဆိုင်ခွင့် (Legal Title) မရပါဘူး ။ လက်ရှိထား စိုက်ပျိုးလုပ်ကိုင်ခွင့် (Possessory Title) သာရရှိပြီး ထိုမြေပေါ်မှာ ပုံစံ ၇ ပါ သတ်မှတ်ထားတဲ့ နည်းလမ်းပါ သီးနှံကို စိုက်ပျိုးခွင့်ရှိတာဖြစ်ပါတယ် ။ နည်းလမ်းပြောင်း စိုက်ပျိုးခွင့်တောင်မရှိပါဘူး ၊ သီးနှံပြောင်းလဲ စိုက်ပျိုးလိုရင် လယ်ယာမြေဥပဒေ နည်း ဥပဒေအရ ခွင့်ပြုချက် တင်ပြပြီး ခွင့်ပြုမှသာ စိုက် ပျိုးရမှာဖြစ်ပါတယ် ။

"ဆိုလိုတာက ပုံစံ ၇ ရှိပြီးသားမြေကို ဝယ်ယူထားတဲ့သူတွေ ဆိုတာကလည်း အဲ့ဒီမြေကို ပိုင်ဆိုင်ခွင့် ရသွားတာမဟုတ်ဘူး ၊ အဲ့မြေက အစိုးရမြေ ၊လယ်ယာမြေ ဖြစ်နေသေးတဲ့အတွက် ပိုင်ဆိုင်ခွင့်မရသေးပဲ လုပ်ပိုင်ခွင့်ကိုသာ ဆက်လက်ရရှိခြင်းဖြစ်ပါတယ် "

လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ ၇) မှာသတ်မှတ်ပေးထားတဲ့ သီးနှံစိုက်ပျိုးခွင့် ကို ဆက် လက် လုပ်ကိုင်ခွင့်ရှိတယ်လို့ဆိုလိုတာပါ ၊ လယ်ယာမြေကို လက်ရှိထား စိုက်ပျိုးခွင့် (Possessory Title) ရရှိပါမယ် ။ ပိုင်ဆိုင်ခွင့် မဟုတ်သေးပါဘူး ။

ပုံစံ (၇) ရရှိသူ တစ်ဦးအနေနဲ့ လယ်ယာစိုက်ပျိုးခြင်း မလုပ်လိုတော့ဘဲ လယ်မြေပေါ်မှာ အိမ်ဆောက် ဆိုင်ဆောက် စသဖြင့် အခြားနည်းသုံးစွဲလိုပါက ပုံစံ(၇)ရရှိသူသည် သက်သေခံမြေပုံ (၂)ပုံ ကူးယူ၍ လယ်ယာမြေ ဥပဒေပါ ပုံစံ(၁၄)ဖြင့် မြိုနယ်မြေစာရင်း ဦးစီးဌာနကို လျှောက်ထားရပါတယ် ။

အထက်အဖွဲ့အစည်းအဆင့်ဆင့်တင်ပြ စီစစ်ပြီးနောက် အခြားနည်းသုံးစွဲခွင့်အမိန့်ကို လယ်မြေအတွက်ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က ပုံစံ(၁၅)နဲ့ လည်းကောင်း ၊ လယ်မြေမဟုတ်သော လယ်ယာမြေ(ဥယဥ်စသည်) အတွက် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ က ပုံစံ(၁၅-က)ဖြင့် ခွင့်ပြုမိန့်ထုတ်ပေးပါတယ် ။

ထိုပုံစံများဟာ လက်ရှိ အသုံးပြုခွင့် အမိန့်များသာ ဖြစ်တဲ့အတွက် မြေပိုင်ဆိုင်ခွင့်( Title Deed) မဟုတ်သေးပါဘူး။ ထိုမြေကို လယ်ယာမြေမှတစ်ပါး သတ်မှတ်ပေးတဲ့အခြားနည်း လုပ်ကိုင်ခွင့်သာ ဖြစ်ပါသည်။ ပုံစံ (၁၅)၊ ပုံစံ ၁၅(က)ဖြင့် မြေငှားဂရန် ဆက်လက် လျှောက်ထားရ ပါတယ် ၊ လျောက်ထားပါက ခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ္တော်အရာရှိ) များမှ လယ်မြေအခြေခံဖြစ်၍ စက်မှု/စီးပွါးဂရန် (မြေငှားစာချုပ်)များနဲ့ ချပေးပါတယ် ။

မြို့မြေမဟုတ်ရင်တော့ လူနေအိမ်ယာဂရန်လိုမျိုး ချပေးမှာတော့မဟုတ်ဘူး ။ စက်မှု/စီးပွါးဂရန်လိုမျိုးချပေးတာတွေရှိပါတယ် ။ အဲ့ဒါတွေရရှိပြီးရင် အမည်ပေါက် မြေပိုင်ဆိုင်မှု (Title Deed) ဖြစ်လာပြီး မြေငှားဂရန် ရရှိမှသာ မြေကိုပိုင်ဆိုင်ခွင့် ဖြစ်လာတာပါ ။

ပုံစံ (၇) မရှိသေးတဲ့ သူကတော့လယ်ယာမြေ လုပ်ပိုင်ခွင့်ပင်တရားဝင် မရသေးသူ ဖြစ်ပါတယ် ၊ တရားဝင် လုပ်ပိုင်ခွင့် မရှိသူက လယ်ယာမြေကို အရောင်းအဝယ် ပြုလုပ်ခွင့် မရှိပါ။ ပြုလုပ်လျှင် ရောင်းချပိုင်ခွင့် မရှိသောသူထံမှ ရောင်းချခွင့် မရှိသောမြေကို ဝယ်ယူဖြင်းဖြစ်သည့်အတွက်ထိုအ ရောင်းအဝယ်စာချုပ်သည် ပဋိညာဉ် ဥပဒေပုဒ်မ ၂၃ အရ ပျက်ပြယ်ပါတယ် ၊ ဥပဒေကြောင်းအရ အ တည်မဖြစ်ပါ။ ပုံစံ ၁၀၅ ရှိနေတာဘဲဆိုသော် လည်း မြေစာရင်းပုံစံ ၁၀၅ (မြေပုံ)သည် မြေပိုင် ဆိုင်ခွင့် မဟုတ်ပါ။

ပုံစံ ၁၀၅ ဆိုတာ ။

" အခုမြေအရောင်းအဝယ် လုပ်နေကြတာတွေက ရှင်း ရှင်းပြောရရင် တရားမဝင်ဘူး ဘာလို့လဲဆိုရင် လယ်ယာမြေတွေကိုတရားဝင် လုပ်ပိုင်ခွင့် လျောက် ထားရယူခြင်း မရှိပဲ မြေခွန်ပြေစာနဲ့ မြေစာရင်းပုံစံ ၁၀၅ တွေပြပြီရောင်း ချနေတာတွေကိုတွေ့နေရတယ် အဲ့ဒီလိုလုပ်ပြီး လယ် ယာမြေတွေအရောင်း ဝယ်လုပ်လို့ မရပါဘူး တရား မဝင်ပါဘူး " လို့ဥပဒေပညာရှင် တွေကပြောပါတယ် ။

ပုံစံ ၁၀၅ ဆိုတာ “မြေစာရင်းဌာန” ကထုတ်ပေးတဲ့ ပုံစံ တစ်ခုသာဖြစ်ပါတယ်။အဲဒီ ပုံစံက လယ်ယာမြေပဲဖြစ် ဖြစ်၊ရွာမြေ၊ ဥယျာဉ်ခြံမြေပဲ ဖြစ်ဖြစ်၊ဂရန်မြေပဲ ဖြစ်ဖြစ် သက်ဆိုင်ရာမြေစာရင်း ဦးစီး ဌာနအပိုင်နယ်နိမိတ်အတွင်း မှာရှိတဲ့မြေတို့ရဲ့အ ကျယ်အဝန်းနဲ့အမျိုးအစားကို ဖော်ပြပေးတဲ့ပုံစံစာရွက်သာဖြစ်ပါတယ်။

လယ်ယာမြေကိုတရားဝင်အရောင်းအဝယ်လုပ်နိုင်ဖို့

၂၀၁၂ လယ်ယာမြေဥပဒေပုဒ်မ ၃(ဃ)အရ လယ် ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ ၇) ကို ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်ရသူက ရောင်းချခွင့်ရှိပါတယ် ။

ပုံစံ ၇ ကို အရောင်းအဝယ်ပြုလုပ်ရာမှာ ရောင်းသူဝယ်သူကြည်ဖြူပြီး နှစ်ဦးသဘောတူ အရပ်ကတိ စာချုပ် ချုပ်ဆိုယုံဖြင့် မလုံလောက်ပါဘူး။ လယ် ယာမြေ ဥပဒေပါ နည်းလမ်းများအတိုင်း ဆောင် ရွက်မှ တရားဝင်ပြီး အမည်ပြောင်းလဲခွင့် ရရှိပါတယ် ။ လယ်ယာမြေဥပဒေ ပုဒ်မ ၁၈ နှင့် နည်း ဥပဒေ ၂၄(က) နှင့် (ခ) အရ လယ်ယာမြေ အရောင်း အဝယ် ပြုလုပ်ရာမှာ ရပ်ကွက်နဲ့ ကျေးရွာ အုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ရှေ့မှောက်မှာ သတ် မှတ်ထားတဲ့ မြေတန်ဘိုးအတိုင်း တံဆိပ်ခေါင်းကပ်ပြီးအခွန်ဆောင် စာချုပ်ချုပ်ဆိုရပါတယ် ။ စာချုပ်ချုပ်ဆိုတဲ့နေ့မှစပြီးရက်ပေါင်း (၁၂၀) အတွင်း မြိုနယ် မြေစာ ရင်းဦးစီးဌာနမှာ မှတ်ပုံတင်ပြီးမှသာဥပဒေနဲ့ အညီ တရားဝင် လွှဲပြောင်းခွင့် ရရှိမှာဖြစ်ပါတယ် ။

လယ်ယာမြေကို ဥပဒေနှင့်အညီ မဟုတ်ဘဲ ဝယ်ယူသူများ၊ အကွက်ရိုက်ရောင်းသူများ၊ အခြားနည်း သုံးသူများ၊ အိမ်ဆောက်သူများသည် အရေးယူခံရနိုင်ခြင်း၊ မြေယာပြဿနာများ ရင်ဆိုင်ရခြင်း၊ မြေနှင့်အိမ်ကို သိမ်းဆည်းခံရနိုင်ခြင်း၊ ဖယ်ရှားခံရနိုင်ခြင်းတို့အပြင် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ အရေးယူခံရနိုင်ခြင်းများဖြစ်လာနိုင်ပါတယ် ။

ဒါ့ကြောင့် လယ်ယာမြေကို ဥပဒေနဲ့အညီ အသုံးပြု ရောင်းဝယ်ကြစေလိုပါတယ် ။ တောင်သူများအနေနဲ့လယ်ယာမြေ ရှိရင်၊ အသုံးပြုနေရင် တရားဝင်ဖြစ်စေရေးအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ ၇ လျောက်ထား ရယူကြစေလိုပါတယ် ။ တရားဝင် လုပ်ပိုင်ခွင့် ရရှိထားတဲ့ လယ်ယာမြေများကိုသာ ဥပဒေနဲ့အညီ ရောင်း ဝယ်လုပ်ကိုင်ခြင်းအားဖြင့် အရှုပ် အရှင်းပြဿနာများနဲ့အရေးယူခံရခြင်းများမှ လွတ်ကင်းနိုင်မှာဖြစ်တယ်လို့ ဥပဒေ ပညာရှင်တွေက အကြံပြုထားပါတယ် ။

မြေဝယ်ရင် မဖြစ်မနေ စိစစ်ရမယ့်  '၂၃'  ချက်...................................................၁။ မြေကွက်တည်နေရာနဲ့ အလားအလာ...
30/06/2023

မြေဝယ်ရင် မဖြစ်မနေ စိစစ်ရမယ့် '၂၃' ချက်...................................................
၁။ မြေကွက်တည်နေရာနဲ့ အလားအလာ၊
၂။ မြေကွက်အမျိုးအစား၊
၃။ မြေကွက်တန်ဖိုးဈေးနှုန်း
(ဆိုဈေးနဲ့ အလျော့အတင်းအခြေ အနေ)...
၄။ မြေကွက်အကျယ်အဝန်း
(နယ်နိမိတ်တိုင်းတာသတ် မှတ်တဲ့ မြေပုံနဲ့
တိုက်ဆိုင်စစ်ဆေး ပြီး အမှန်တကယ်ရှိမရှိ လက်တွေ့ တိုင်းကြည့်ရန်)
၅။ အမည်ပေါက် ပိုင်ရှင်ကိုယ်တိုင်
ရောင်းချခြင်း ဟုတ်မဟုတ်၊
၆။ ပိုင်ဆိုင်မှုအဆင့်ဆင့်နဲ့ သက်ဆိုင်တဲ့
စာချုပ်၊ စာရွက်စာတမ်း အပြည့်အစုံမှုရှိမရှိ၊.....
၇။ ရောင်းသူဟာ အမှန်တကယ် ပိုင်ဆိုင်ခွင့်
ရောင်းချခွင့်ရှိသူ ဟုတ်မဟုတ်၊
၈။ လိုအပ်ရင် အနည်းဆုံးလူနှစ်ဦးက
လက်မှတ်ရေးထိုးပေးနိုင်ခြင်း ရှိ မရှိ
၉။ ဝယ်ယူမယ့်အ ကြောင်းကို လိုအပ်ရင်
သတင်းစာမှာ ကြော်ငြာ တာကို လက်ခံ၊
လက်မခံ၊.....
၁၀။ လွှဲပြောင်း၊ ရောင်းချ၊ ပေါင်နှံ၊ စွန့်လွှတ်
လှူဒါန်း၊ အာမခံတင်သွင်းထားခြင်း ရှိမရှိ

၁၁။မြေကွက်အမှတ်၊ အိမ်အမှတ်၊
၁၂။ မြေကွက်မျက်နှာ ပြုလုပ်ရာအရပ်၊....
၁၃။ လမ်းပန်းဆက်သွယ်ရေးနဲ့
ကားဝင်နိုင်မှုအ ခြေအနေ၊
၁၄။ ရေဝပ်၊ မဝပ်နဲ့ ရေဆင်းကောင်းမကောင်း၊
၁၅။ သဘာဝဘေးအန္တရာယ်ရှိမရှိ ( မြစ်ရေကြီးတာ၊ တာကျိုးရေလျှံတာ၊ ထူးကဲဒီရေမြုပ်ခြင်း၊ မြစ် ရေ တိုက်စားတာတွေ၊ ပတ်ဝန်းကျင် မီးဘေးအန္တရာယ်ရှိမရှိ)၊......
၁၆။ လျှပ်စစ်မီးရှိမရှိ၊
၁၇။ ရေရှိမှုအခြေ အနေ၊
၁၈။ အနီးပတ်ဝန်းကျင်အခြေအနေ၊
၁၉။ လမ်းမကြီး (ခရီးသည်တင်ဘတ်စ်ကားလိုင်း) က ဘယ်လောက်ကွာဝေးတယ်၊............
၂၀။ မိမိလုပ်ကိုင်မယ့် လုပ်ငန်းနဲ့ ကိုက်ညီမှုရှိမရှိ၊
၂၁။ အနီးဆုံးဈေးနဲ့ အနီးဆုံး ကျောင်းတွေ၊
၂၂။ သစ်ပင်နဲ့ သီးပင်စားပင်တွေ ပါဝင်မှု၊
၂၃။ ပြန်ရောင်းရင် အလွယ်တကူပြန်ရောင်းရနိုင် မရနိုင် ....
စတဲ့ အချက်အလက်တွေကို စိစစ်ဝယ်ယူသင့်ပါ တယ်

Address

Sweal Taw ( 4 ) Street
Lashio
06302

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959774315497

Website

Alerts

Be the first to know and let us send you an email when Ko Yan Naing Soe အိမ်ခြံမြေအကျိုးဆောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category