Government Technical High School students' Union

Government Technical High School students' Union Government Technical High School students' Union

19/05/2022
လားရှိုးမြို့နေ ကျာင်းသားကျောင်းသူ၊မိဘပြည်သူများသို့ပန်ကြားချက်လာမည့် ဒီဇင်ဘာလ(၁၀)ရက်နေ့သည် "ကမ္ဘာ့လူ့အခွင့်အရေးနေ့"ဖြစ်...
09/12/2021

လားရှိုးမြို့နေ ကျာင်းသားကျောင်းသူ၊မိဘပြည်သူများသို့ပန်ကြားချက်

လာမည့် ဒီဇင်ဘာလ(၁၀)ရက်နေ့သည် "ကမ္ဘာ့လူ့အခွင့်အရေးနေ့"ဖြစ်ပါသည်။ ဖက်ဆစ် စစ်တပ်အနေဖြင့် မြန်မာနိုင်ငံသူ၊သားတို့၏ လူ့အခွင့်အရေးများကို ဖိနှိပ်အနိုင်ကျင့်ခဲ့သည်မှာ နှစ်ပေါင်းများစွာရှိခဲ့ပြီဖြစ်သည်။ မျက်မှောက် နွေဦးတော်လှန်ရေးတိုက်ပွဲကာလမတိုင်မီ၊တိုက်ပွဲအတွင်းတွင်လည်း ဖက်ဆစ် စစ်တပ်သည် လူအခွင့်အရေးများကို ပိုမိုချိုးဖောက် ပိတ်ပင်လျက်ရှိသည်မှာ ကျောင်းသား၊ပြည်သူတို့ ကိုယ်တွေ့ပင်ဖြစ်ပါသည်။ လာမည့် ဒီဇင်ဘာ (၁၀)ရက်နေ့တွင် မြန်မာပြည်သူတစ်ရပ်လုံး ခံစားနေကြရသည့် လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို ထုတ်ဖော်ပြသသည့်အနေဖြင့် ကျောင်းသား၊ပြည်သူများပူပေါင်း၍ "Silent Strike-အသံတိတ်သပိတ်"ကို ပြုလုပ်ကြမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ လူသားအခွင့်အရေးများစွာကို ဖျက်ဆီးနေသော ဖက်စစ် စစ်တပ်ကို တိတ်ဆိတ်ခြင်းခွန်အားဖြင့် ပူးပေါင်း တွန်းတိုက်ပစ်ကြမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ဒီဇင်ဘာလ(၁၀)ရက်နေ့ နံနက် (၁၀:၀၀)နာရီမှ (၄:၀၀)နာရီအထိ လားရှိုးမြို့၏ လမ်းပေါ်များ၌ သွားလာလှုပ်ရှားခြင်း၊ ကားများပြေးဆွဲခြင်း၊ ဆိုင်များဖွင့်လှစ်ခြင်း မပြုကြရန်၊ အနက်ရောင် အဝတ်အစားများကို ဝတ်ဆင်သုံးစွဲကာ လက်သုံးချောင်းထောင်၍ ဓါတ်ပုံမှတ်တမ်းတင်ပြီး မျှဝေထုတ်ဖော်ကြရန် မေတ္တာရပ်ခံပန်ကြားလိုက်ပါသည်။

ငါတို့မြို့ကို ငါတို့ပိုင်တယ်။
ငါတို့ငြိမ်ချင် ငြိမ်မယ်။ ငါတို့လှုပ်ချင် လှုပ်မယ်။
အတိတ်ဆိတ်ဆုံးနဲ့ အကျယ်လောင်ဆုံးဟစ်ကြွေးကြ။


ပေႃးထိုင်မႃးဝၼ်းထီႉ (10 )ဝၼ်း လိူၼ် December ၼႆႉ ပဵၼ်ဝၼ်းသုၼ်ႇလႆႈသုၼ်ႇပဵၼ်ၵူၼ်းလုမ်ႈၾႃႉယဝ်ႉ။ ၽွင်းႁဝ်းတိုၵ်ႉတူၵ်းယူႇတႂ်ႈဢၢမ်းၼၢတ်ႈ ၸုမ်းသိုၵ်းၵေႃႇၵၢၼ်ႁၢႆႉၼႆႉ ႁဝ်းၶႃႈဢမ်ႇလႆႈမီးသုၼ်ႇလွတ်ႈလႅဝ်းထၢင်ႇႁၢင်ႈ ၸွမ်းၼင်ႇၵူၼ်းၼိူင်ႈၵေႃႉထုၵ်ႇလႆႈမီး ၼႆၶႃႈလႄႈ ယူႇတီႈၸုမ်းႁဝ်းၶႃႈ​​သေ ၶႂ်ႈတုၵ်းယွၼ်း ပီႈၼွင်ႉႁဝ်းၶဝ် ၸွမ်းၼင်ႇႁဝ်းၶႃႈ ၵူႈ​​ၵေႃႉထုၵ်ႇလႆႈမီး ၊ထုၵ်ႇလႆႈႁပ်ႉ လွင်ႈသုၼ်ႇလႆႈ သုၼ်ႇပဵၼ် ၵူၼ်းၼိုင်ႈ​​ၵေႃႉ(ဢမ်ႇၼၼ်) ဢၼ်ႁဝ်းၶႃႈလႆႈလူႉသုမ်းၵႂႃႇ လွင်ႈသုၼ်ႇလႆႈ သုၼ်ႇပဵၼ်ၼၼ်ႉ ​​ပေႃးဝၼ်းထီႉ (10 ) ဝၼ်း လိူၼ် December ၶၢဝ်းယၢမ်းၵၢင်ၼႂ် (10) မူင်းတေႃႇထိုင် ဝၢႆးဝၼ်း 4:00 မူင်း ၼၼ်ႉ ႁဝ်းၶႃႈတေၸတ်းႁဵတ်း ပၢင်တဵတ်ႇယဵၼ်​​ၼေၵၢင်ၸႂ် ဢၼ်ဝႃႈ Silent Strike ၼႆၶႃႈလႄႈ ၶႂ်ႈယွၼ်းႁႂ်ႈပီႈၼွင်ႉၵူၼ်းမိူင်းတင်းသဵင်ႈၶဝ်ႈႁူမ်ႈပႃးၵၼ်ၵူႊၵေႃႉၶႃႈ
တေလႆႈၶဝ်ႈႁူမ်ႈပႃးၸိူင်ႉႁိုဝ်

- ဝၼ်းထီႉ 10 ဝၼ်း(ၵၢင်ၼႂ် 10မူင်း တေႃႇထိုင်ဝၢႆးဝၼ်း 4 မူင်း) ၶႂ်ႈတိုၵ်းသူၼ်း ယႃႇပေႁေႃႈထေႃႈႁေႃႈလူတ်ႉၼိူဝ်တၢင်း ၊ပႆလႄႇၸွမ်းတၢင်း လႄႈ ဢမ်ႇပိုတ်ႇလၢၼ်ႉ ၶၢႆသႅင်ႇ ယူႇဝႆႉတီႈႁိူၼ်းၵူၺ်း
- သႂ်ႇသိူဝ်ႈသီလမ် ႁႂ်ႈပဵၼ်တူဝ်တႅၼ်းၼႄလွင်ႈႁဝ်းၶႃႈဢမ်ႇမီးသုၼ်ႇလႆႈသုၼ်ႇပဵၼ်ၵူၼ်း၊ ဢမ်ႇလႆႈမီးသုၼ်ႇၵၢၼ်ပဵၼ်ၵူၼ်းႁဵတ်းၵၢၼ် ၊ႁၢမ်းလွင်ႈလွတ်ႈလႅဝ်းထၢင်ႇႁၢင်ႈလႄႈ ပဵၼ်ဢၼ်လီမွင်ၸႂ်ၶေႃၶူမ်တႃႇၸၢတ်ႈပၢၼ်ၵူၼ်းမိူင်းႁဝ်းၶႃႈသေ ဝၼ်းၼၼ်ႉ ဢွၼ်ၵၼ်ထႆႇႁၢင်ႈ ယုၵ်ႉမိုဝ်းသၢမ်ၼိဝ်ႉ တၢင်ႇၶိုၼ်ႈၼိူဝ်ဢွၼ်ႊလႅင်း ႁႂ်ႈၵူၼ်းတင်းလုမ်ႈၾႃႉပေႃးႁူႉႁၼ်ၸွမ်းႁဝ်းၶႃႈၵူၼ်းမိူင်းတင်းသဵင်ႈ

ရှမ်းပြည်နယ်ကျောင်းသားသမဂ္ဂများကွန်ရက်ကြေညာချက်(၁၀/၂၀၂၁)၂၀၂၁ခုနှစ်၊နိုဝင်ဘာလ (၁၃)ရက်ကွန်ရက်အဖွဲ့ဝင် ကျောင်းသားသမဂ္ဂများအ...
13/11/2021

ရှမ်းပြည်နယ်ကျောင်းသားသမဂ္ဂများကွန်ရက်
ကြေညာချက်(၁၀/၂၀၂၁)
၂၀၂၁ခုနှစ်၊နိုဝင်ဘာလ (၁၃)ရက်
ကွန်ရက်အဖွဲ့ဝင် ကျောင်းသားသမဂ္ဂများအဖြစ် လက်ခံအတည်ပြုခြင်း

အစိုးရနည်းပညာအထက်တန်းကျောင်း‌ ‌ကျောင်းသားများသမဂ္ဂမှ သီတင်းကျွတ် အာဏရှင်ပြုတ်ကျရေးဆီမီးသပိတ်
21/10/2021

အစိုးရနည်းပညာအထက်တန်းကျောင်း‌ ‌ကျောင်းသားများသမဂ္ဂမှ သီတင်းကျွတ် အာဏရှင်ပြုတ်ကျရေးဆီမီးသပိတ်

20/10/2021
ယခုဆိုရင် ကျွန်တော်တို့ Lashio PDF Supporters မှ စီစဥ်သော "တော်လှန်ရေးအတွက် ကံစမ်းရင်း အလှူငွေထည့်မယ်" အစီအစဥ် ဆိုရင်ဖြင...
09/10/2021

ယခုဆိုရင် ကျွန်တော်တို့ Lashio PDF Supporters မှ စီစဥ်သော "တော်လှန်ရေးအတွက် ကံစမ်းရင်း အလှူငွေထည့်မယ်" အစီအစဥ် ဆိုရင်ဖြင့် တော်လှန်ရေး မိဘပြည်သူ၏ ကူညီပံ့ပိုးမှုဖြင့် တတိယအကြိမ်တို့ရောက်ရှိလာပါပြီ ခင်ဗျာ။ တော်လှန်ရေးမိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရင် ထပ်မံနှိုးဆော်အပ်ပါသည်
#အရေးတော်ပုံအောင်ရမည်

07/10/2021
Lashio PDF Supporters Pageမှစီစဥ်ပြုလုပ်သော "အလှူငွေထည့်ရင်းကံစမ်းမယ်"အစီအစဥ်ဒုတိယအပတ်လေးမှာ ကံထူးသွားတဲ့နံပါတ်စဥ်လေးတွေ...
02/10/2021

Lashio PDF Supporters Pageမှစီစဥ်ပြုလုပ်သော "အလှူငွေထည့်ရင်းကံစမ်းမယ်"အစီအစဥ်ဒုတိယအပတ်လေးမှာ ကံထူးသွားတဲ့နံပါတ်စဥ်လေးတွေကတော့{ 345 } {414 } { 528 } တို့ဖြစ်ပါတယ်ဗျ 👏👏

ကံထူးသွားတဲ့ ကံထူးရှင်လေးများကိုတော့လုံခြုံရေးအရဖော်ပြပေးသွားမှာမဟုတ်ဘဲPage Chat Boxမှတစ်ဆင့်လာရောက်ဆက်သွယ်ပေးမှာဖြစ်ပါတယ်ခင်ဗျာ...

ဆုကြေးငွေကိုတော့ ကံစမ်းမဲအလှူငွေရဲ့30%နှုန်းကိုသာထုတ်ပေးမှာဖြစ်ပြီးကျန်70%ကိုတော့ Lashio Civil Defence Force Page သို့သွားရောက်အပ်နှံပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ

လာရောက်ကံစမ်းပေးကြတဲ့မိဘပြည်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျွန်တော်တို့Lashio PDF Supporters Page အဖွဲ့သားများမှကျေးဇူးအထူးတင်အပ်ပါကြောင်းနဲ့ နောင်လာမည့်အစီအစဥ်တွေတိုင်းမှာလဲ နှမ်းတစ်စေ့ / ရေတစ်စက်အဖြစ်ပါ၀င်ပြီးလှူဒါန်းပေးကြဖို့ထပ်မံမေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျ

#၅၀၀ကျပ်သာလှူပေးပါ
#အလှူငွေထည့်ရင်းကံစမ်းမယ်


ကျွန်တော်တို့ရဲ့ "တော်လှန်ရေးအတွက် ကံစမ်းရင်း အလှူငွေထည့်ကြမယ်" အစီစဥ် ဒုတိယ အကြိမ်အဖြစ် ပြန်လည်စတင်ပါပြီ တော်လှန်ရေးမိဘ...
26/09/2021

ကျွန်တော်တို့ရဲ့ "တော်လှန်ရေးအတွက် ကံစမ်းရင်း အလှူငွေထည့်ကြမယ်" အစီစဥ် ဒုတိယ အကြိမ်အဖြစ် ပြန်လည်စတင်ပါပြီ တော်လှန်ရေးမိဘပြည်သူများအနေဖြင့် တတ်နိုင်သလောက် စွမ်းနိုင်သလောက် ကျွန်တော်တို့ သူရဲကောင်း တော်လှန်ရေးတပ်သား တွေကို ကူညီပေးကြပါဦး
#အရေးတော်ပုံအောင်ရမည်
#ကံစမ်းရင်းလှူမယ်
#အရေးတော်ပုံအောင်ပါစေ

"ခွပ်ဒေါင်းတွန်သံ မိုးသို့ညံအဆုံးသတ်တိုက်ပွဲ ဒို့ဆင်နွဲ"မြန်မာနိုင်ငံ့ရေးလှုပ်ရှားမှုသမိုင်းတွင် ခေတ်အဆက်ဆက်ကျောင်း သားမ...
20/09/2021

"ခွပ်ဒေါင်းတွန်သံ မိုးသို့ညံ
အဆုံးသတ်တိုက်ပွဲ ဒို့ဆင်နွဲ"

မြန်မာနိုင်ငံ့ရေးလှုပ်ရှားမှုသမိုင်းတွင် ခေတ်အဆက်ဆက်ကျောင်း သားမျိုးဆက်အသီးသီးတို့သည် ခွပ်ဒေါင်းအလံတော်ကို အမြင့်ဆုံးလွှင့်ထူပြီး
တပ်ဦးမှ တိုက်ပွဲဝင်ခဲ့ကြသည်။ ပထမကျောင်းသားသပိတ်၊ ဒုတိယကျောင်းသားသပိတ်၊ ဆဲဗင်းဂျူလိုင်အရေးတော်ပုံ၊ ၈၈၈၈ လူထုအရေးတော်ပုံ၊၂၀၁၅ ပညာရေးသပိတ်မှသည် ယနေ့အချိန်အထိ ကျောင်းသားမျိုးဆက်အသီးသီးတို့၏ တော်လှန်စိတ်ဓာတ်နှင့် ခွပ်ဒေါင်းသွေးတို့သည် စီးဆင်းနေမြဲဖြစ်သည်။ မြန်မာ့နွေဦးတော်လှန်ရေးတွင် ခွပ်ဒေါင်းအလံတော်အောက်တွင် ကျောင်းသားသမဂ္ဂအသီးသီးတို့သည် စစ်ကျွန်ပညာရေးစနစ်ကို သပိတ်မှောက်ပြီး လမ်းမပေါ်က သပိတ်တိုက်ပွဲများ၊ CDM လှုပ်ရှားမှုကို ထောက်ပံ့ကူညီမှုများ၊ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုများတွင် တပ်ဦးမှ ဦးဆောင်တိုက်ပွဲလျက်ရှိသည်။

​မြန်မာ့နွေဦးတော်လှန်ရေး ကနဦးကာလတွင် ကျောင်းသားပြည်သူတရပ်လုံးက "စစ်အာဏာရှင်စနစ်ကို တော်လှန်သည့် နောက်ဆုံးမျိုးဆက်
ဖြစ်ရမည်"ဟုလည်းကောင်း၊ "အဆုံးသတ်တိုက်ပွဲ ဆင်နွဲကြ" ဟူ၍လည်းကောင်း ကြွေးကြော်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် မိမိတို့ ကြွေးကြော်ခဲ့ကြသည့်အတိုင်း စကားနောက် တရားပါအောင် ဆောင်ရွက်ကြဖို့ လိုအပ်သည်။ ကျောင်းသားပြည်သူတရပ်လုံးက ညီညွတ်စွာ ပါဝင်တော်လှန်ကြမှသာ "အဆုံးသတ်တိုက်ပွဲ"သည် အမှန်လက်တွေ့ ဖြစ်ပေါ်လာမည်ဖြစ်သည်။ ဖက်ဆစ်ဝါဒနှင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်တိုက်ဖျက်နိုင်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှု၊ CDM လှုပ်ရှားမှုနှင့် သပိတ်တိုက်ပွဲများအပါအဝင် တော်လှန်ရေးနှင့်ပက်သက်သည့် လှုပ်ရှားမှုတိုင်းကို ထိထိရောက်ရောက် ပါဝင်ကူညီ တိုက်ပွဲဝင်ကြရန် ကျောင်းသားပြည်သူအပေါင်းတို့ကို ကျွန်ုပ်တို့ကျောင်းသားသမဂ္ဂများမှ တိုက်တွန်းနှိုးဆော်အပ်ပါသည်။


#ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်
#အဆုံးသတ်တိုက်ပွဲတို့ဆင်နွှဲ

"ကျောင်းသားသမဂ္ဂများမှပူးတွဲကြေညာချက်"[English Version below]ဤကြေညာချက်အား ပြည်တွင်းပြည်ပကျောင်းသားသမဂ္ဂ (၂၄၆)ဖွဲ့မှ ထုတ...
10/09/2021

"ကျောင်းသားသမဂ္ဂများမှပူးတွဲကြေညာချက်"
[English Version below]

ဤကြေညာချက်အား ပြည်တွင်းပြည်ပကျောင်းသားသမဂ္ဂ (၂၄၆)ဖွဲ့မှ ထုတ်ပြန်သည်။

"Joint Statement of Students’ Unions"

This statement is signed by (246) students' unions from local and diaspora.

Address

Lashio
06301

Opening Hours

Monday 09:00 - 15:15
Tuesday 09:00 - 15:15
Wednesday 09:00 - 15:15
Thursday 09:00 - 15:15
Friday 09:00 - 15:15

Website

Alerts

Be the first to know and let us send you an email when Government Technical High School students' Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category