Happy New Life Preschool

Happy New Life Preschool Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Happy New Life Preschool, Nursery, အမှတ်(၃/၁၂၁) ရပ်ကွက် (၉) ၊ နယ်မြေ (၃)၊ ဆင်တောင်လမ်း၊ လားရှိုးမြို့။, Lashio.

သားသား မီးမီး တို့ nice center သို့အလည်သွား အမှတ်တရလေးများ
18/07/2023

သားသား မီးမီး တို့ nice center သို့အလည်သွား အမှတ်တရလေးများ

Nursery လေးတွေရဲ့ coloring time
19/05/2023

Nursery လေးတွေရဲ့ coloring time

ကလေးငယ်တို့ဖွံ့ဖြိုးဖို့  Screen Time ကိုလျှော့ကြစို့မူကြိုအရွယ် ကလေးငယ်များအတွက် သု​​တေသန တွေ့ရှိချက်တွေအရ ၂ နှစ်မှ ၅နှ...
17/03/2023

ကလေးငယ်တို့ဖွံ့ဖြိုးဖို့ Screen Time ကိုလျှော့ကြစို့

မူကြိုအရွယ် ကလေးငယ်များအတွက်

သု​​တေသန တွေ့ရှိချက်တွေအရ

၂ နှစ်မှ ၅နှစ်အရွယ်ကလေးများအတွက် screen time ကကြာ​ကြာကြည့်​လေလေ အာရုံစူးစိုက်နိုင်စွမ်း လျော့နည်းလေလေဖြစ်ပါတယ်

၂နှစ်မှ ၅နှစ် အရွယ်က​လေး​တွေဆိုရင် တနေ့ကို ၁ နာရီပဲ screen time ကြည့်ခွင့်ပေးသင့်ပါတယ်။

ထမင်းစားနေရင်းနဲ့လည်း screen ကြည့်ရင်းမစားခိုင်းရပါဘူး (preschool တွေမှာ ထမင်းကျွေးရတာအရမ်းခက်တဲ့ ကလေးတွေက အိမ်မှာ မိဘတွေအလိုလိုက်တာခံရပြီးထမင်းစားရင် တစ်နာရီခွဲလောက်ကြာတယ် screen ကြည့်ရင်းစားတဲ့အကျင့်ရှိနေတတ်ပါတယ်)

အလိုလိုက်ပြီး screen အကြာကြီးကြည့်ခွင့်ရတဲ့ ကလေးတွေကို ပတ်ဝန်းကျင်မှာ အများ​​ကြီး​တွေ့​နေရတယ်။ သူတို့လေးတွေ အာရုံစူးစိုက်နိုင်မှုသိသာစွာလျော့နည်းပြီး Attention span က အရမ်းတိုလာတယ်။

Social Skills မှာ အားနည်းပြီး ဖွံ့ဖြိုးမှုစွမ်းရည်​တွေသင်​ကြားရခက်နေပြီ။

ကလေးငယ်တို့ ဖွံ့ဖြိုးဖို့ Screen Time ကို လျှော့ကြစို့

Crd

မေတ္တာဖြင့်
ဒေါက်တာရွှေရည်ဝင်း
ပညာရေးစိတ်ပညာပါရဂူ

Happy birthday ပါ သားလေး အားမာန်ချစ် သားသားနေမကောင်းလို့ကျောင်းမတက်နိုင်ပေမယ့် ကျောင်းမှာမွေးနေ့လာကျင်းပတဲ့သားလေး ပညာတတ်...
14/03/2023

Happy birthday ပါ သားလေး အားမာန်ချစ် သားသားနေမကောင်းလို့ကျောင်းမတက်နိုင်ပေမယ့် ကျောင်းမှာမွေးနေ့လာကျင်းပတဲ့သားလေး ပညာတတ်ကြီးဖြစ်ပါစေ
တီချယ်သင်တန်းတက်နေတဲ့အချိန်ကဖြစ်လို့ မွေးနေ့ဆုတောင်းကနောက်ကျသွားတယ် တီချယ်ပုံလေးတွေအခုမှရ လို့ပါ🥰

Happy birthday ပါ သမီး ဝေသဇင်ဦး ပညာတတ်ကြီးဖြစ်ပါစေ သူငယ်ချင်းတွေကိုမုန့်ကျွေးတဲ့သမီးလေး ကျေးဇူးပါ
14/03/2023

Happy birthday ပါ သမီး ဝေသဇင်ဦး ပညာတတ်ကြီးဖြစ်ပါစေ သူငယ်ချင်းတွေကိုမုန့်ကျွေးတဲ့သမီးလေး ကျေးဇူးပါ

Hello 👋👋👋 ဖေဖေ မေမေတို့ရေ 🗣2023- 2024  ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံနေပါပြီရှင် မိမိတို့၏သားငယ် သမီးငယ်များအတွက်လုံခြု...
20/01/2023

Hello 👋👋👋 ဖေဖေ မေမေတို့ရေ
🗣2023- 2024 ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံနေပါပြီရှင်
မိမိတို့၏သားငယ် သမီးငယ်များအတွက်လုံခြုံစိတ်ချရပြီး သင့်တင့်မျှတသောစျေးနှုန်းနှင့် activities များစွာစုံလင်စွာဖြင့် သင်ကြားပေးနေသောကျောင်းကိုရှာနေပါသလား???????

Happy New Life Preschool 🏫 ကိုလှမ်းလာခဲ့ပါနော် ။အသက်၃ နှစ်မှ ၆နှစ်အထိ ကလေးငယ်များကို ဖွံ့ဖြိုးမှု၅ရပ်ဖြစ်သော

🌲1.Physical Development
🌲2.Cognitive Development
🌲3.Ethic Development
🌲4.Social Development &
🌲5.Emotional Development များကို အဓိကထားထည့်သွင်းသင်ကြားပေးလျက်ရှိပြီး ရှိပါတယ်ရှင်

👩ကျွန်မတို့ကျောင်းဖွင့်ရတဲ့အဓိကရည်ရွယ်ချက်ကတော့
👍ကျောင်းနေပျော်၍စာတော်သောကလေးများဖြစ် ေပါ်လာစေရန်
👍သင့်တင့်မျှတ ​ေသာ feesများပေးသွင်း၍activities စုံလင်စွာသင်ကြားပေးရန်
👍အကောင်းဆုံးသင်ယူမှုရလာဒ်များကြောင့် ဥာဏ်ရည်ဥာဏ်သွေးများတိုးတက်လာစေရန်
👍လုံခြုံစိတ်ချမှုပေးနိုင်သော ကျောင်းတစ်ကျောင်းဖြစ်ပေါ်စေရန်
👍မိဘနှင့်ဆရာ ဆရာမများပူးေပါင်းပါဝင်မှုကြောင့် က လေးငယ်များ၏အနာဂါတ်များ ပိုမိုတောက်ပစေရန် ရည်ရွယ်၍ဖွင့်ထားရခြင်းဖြစ်ပါတယ်

🌈အဓိကသင်ကြားပေးမည့်ဘာသာရပ်များကတော့
📋အခြေခံ မြန်မာစာ
📋အခြေခံ အင်္ဂလိပ်စာ
📋အခြေခံ သင်္ချာ
📋ပန်းချီ ၊ လက်မှုပညာ
📋သီချင်း ၊ ပုံပြင်
စသည့်ဘာသာရပ်များကို (lesson plans) များဖြင့် စနစ်တကျ သင်ကြားပို့ချပေးမည့်အပြင် ကလေးငယ်များ English စာအခြေခံကောင်းမွန်စေရန် အထူးသင်ကြားပေးသွားပါမည်။

☃️🎃🎄ရာသီအလိုက် ပွဲတော်များလည်းကျင်းပပေးတာကြောင့် ပြင်ပဗဟုသုတများကိုပါ ရရှိစေမှာ ဖြစ်ပါတယ်ရှင်

✅️ကျောင်းချိန်တွေကို မနက်၉း၀၀ မှ နေ့လည် ၃နာရီအထိဖွင့်လှစ်ပေးထားပြီး ညနေပိုင်း အချိန်များကိုတော့ Kg,G1 &G2အတန်းများအတွက်ဖွင့်လှစ်ပေးထားပါတယ်

😃မိတ်ဆွေတို့၏ကလေးငယ်များ နောင်ရေးခိုင်မာစေဖို့ ကျွန်မတို့ဆီသာ အရောက်လှမ်းလာခဲ့နော်

အသေးစိပ်သိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပတ်ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်👇👇👇

👉လိပ်စာ-အမှတ်(၃/၁၂၁) ရပ်ကွက် ၉ နယ်မြေ ၃
ဆင်တောင်လမ်း လားရှိုးမြို့

👉ဆက်သွယ်ရန်ဖုန်း- 📱 09 403706594

😍
19/01/2023

😍

၃.၁.၂၀၂၃ လွတ်လပ်ရေးနေ့အကြို သားသားမီးမီးတို့ရဲ့ ပြိုင်ပွဲ အမှတ်တရပုံလေးများ
05/01/2023

၃.၁.၂၀၂၃ လွတ်လပ်ရေးနေ့အကြို သားသားမီးမီးတို့ရဲ့ ပြိုင်ပွဲ အမှတ်တရပုံလေးများ

သီတင်းကျွတ်အမှတ်တရ မီးပုံးလေးတွေလုပ်ကြတာ သူတို့လေးတွေပျော်🥰🥰🥰
08/10/2022

သီတင်းကျွတ်အမှတ်တရ မီးပုံးလေးတွေလုပ်ကြတာ သူတို့လေးတွေပျော်🥰🥰🥰

01/08/2022

First day မို့လို့ဆရာမကသူတို့လေးတွေပျော်အောင်အရင်လုပ်ပေးမယ်တွေးထားပေမယ့် သူတို့ကဆရာမကိုပျော်အောင်ပြန်လုပ်သွားကြတယ် အရမ်း လိမ္မာပြီးချစ်ဖို့ကောင်းကြတယ် ငိုလဲမငိုကြဘူး စကားလဲနားထောင်ကြတယ် 🥰

Promotion က 31.7.2022 ထိပဲမို့ အမြန်ဆုံးလာအပ်ဖို့ဖိတ်ခေါ်ပါတယ်👉အသက်3နှစ်မှ 6နှစ်ထိ သားသားမီးမီးလေးများကို လက်ခံသင်ကြားပါ...
28/07/2022

Promotion က 31.7.2022 ထိပဲမို့ အမြန်ဆုံးလာအပ်ဖို့ဖိတ်ခေါ်ပါတယ်

👉အသက်3နှစ်မှ 6နှစ်ထိ သားသားမီးမီးလေးများကို လက်ခံသင်ကြားပါမည်ရှင့် 📌

ECCD နည်းအတိုင်းစနစ်တကျသင်ကြားလေ့ကျင့်ပေးမှာဖြစ်ပါတယ်ရှင်

အချိန်စာရင်း🕜🕰️
မနက်9နာရီမှ ညနေ3နာရီထိ
Monday to Fridayတက်ရောက်ရပါမည်

စတင်သင်ကြားမည့်ရက် --1/8/2022(Monday)

ကျောင်းလိပ်စာ🏘️🏘️
အမှတ် (၃/၁၂၁) ၊ ရပ်ကွက် ၉ ၊ နယ်မြေ ၃ ၊ ဆင်တောင်လမ်း ၊ ဘူတာအနီး ၊ လားရှိုးမြို့။

Page Messengerမှတစ်ဆင့် စာရင်းပေးနိုင်သလို
☎️09403706594 ကိုလည်း
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် 🙏

ဖွင့်ပွဲတက်ရောက်ပေးသော ဖေဖေမေမေ သားသားမီးမီး သူငယ်ချင်း မိတ်ဆွေများအားလုံးကျေးဇူးအထူးတင်ပါတယ်လူအရမ်းများတဲ့အချိန်မအားတာန...
25/07/2022

ဖွင့်ပွဲတက်ရောက်ပေးသော ဖေဖေမေမေ သားသားမီးမီး သူငယ်ချင်း မိတ်ဆွေများအားလုံးကျေးဇူးအထူးတင်ပါတယ်လူအရမ်းများတဲ့အချိန်မအားတာနဲ့ ကျောင်းသားမိဘ နဲ့ ဆရာမဆွေးနွေးတဲ့ပုံလေးတွေလဲမရိုက်လိုက်ရဘူး ဧည့်ဝတ်မကျေလိုက်တာလေးများရှိရင်နားလည်ပေးကြပါရှင့်

Address

အမှတ်(၃/၁၂၁) ရပ်ကွက် (၉) ၊ နယ်မြေ (၃)၊ ဆင်တောင်လမ်း၊ လားရှိုးမြို့။
Lashio

Telephone

+959403706594

Website

Alerts

Be the first to know and let us send you an email when Happy New Life Preschool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category