MITTA Montessori Pre School

MITTA Montessori Pre School Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MITTA Montessori Pre School, School, ကြက်မင်းတွန်ရပ်ကွက်/ရွှေစေတီဘိုးဘွားရိပ်သာအနီး, Kyaukse.

🌟 သင့်ရင်သွေးရဲ့ အနာဂတ်အတွက် Montessori ပညာရေးက ဘာကြောင့် အရေးကြီးတာလဲ? 🌟အသက် ၃ နှစ်ကနေ ၄ နှစ်အရွယ်ဆိုတာ ကလေးတွေရဲ့ ဦးနှ...
23/04/2026

🌟 သင့်ရင်သွေးရဲ့ အနာဂတ်အတွက် Montessori ပညာရေးက ဘာကြောင့် အရေးကြီးတာလဲ? 🌟
အသက် ၃ နှစ်ကနေ ၄ နှစ်အရွယ်ဆိုတာ ကလေးတွေရဲ့ ဦးနှောက်ဟာ ရေမှိန်တစ်ခုလို ပတ်ဝန်းကျင်က ဗဟုသုတတွေကို အရှိန်အဟုန်နဲ့ စုပ်ယူနေတဲ့ အချိန်ဖြစ်ပါတယ်။ ဒီအရွယ်မှာ Montessori နည်းလမ်းနဲ့ သင်ကြားပေးခြင်းက ဘယ်လိုထူးခြားတဲ့ အကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်။ 👇
၁။ "ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု (Self-confidence) " 👟
Montessori ရဲ့ အဓိကရည်ရွယ်ချက်က ကလေးငယ်များ ကိုယ့်အားကိုယ်ကိုးတတ်အောင် (ဥပမာ- ဖိနပ်ကိုယ်တိုင်စီးတာ၊ အရုပ်တွေ ပြန်သိမ်းတာကအစ ကိုယ်တိုင်လုပ်တတ်လာတဲ့အတွက် ကလေးရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု (Self-confidence) ဟာ သိသိသာသာ မြင့်မားလာပါတယ်။
၂။ အာရုံစူးစိုက်မှုစွမ်းရည် (Deep Focus) 🧩
ဒီအရွယ်ကလေးတွေဟာ စိတ်ဝင်စားတဲ့အရာကို အချိန်အကြာကြီး အာရုံစိုက်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါပေမဲ့ Montessori သင်ထောက်ကူပစ္စည်းတွေဟာ ကလေးကို အလုပ်တစ်ခုထဲမှာ စိတ်နှစ်ပြီး အာရုံစိုက်နေအောင် ဆွဲဆောင်နိုင်လို့ နောင်တစ်ချိန် စာသင်ခန်းထဲမှာ အာရုံစူးစိုက်မှုကောင်းတဲ့ ကလေးတစ်ယောက် ဖြစ်လာစေပါတယ်။
၃။ အာရုံငါးပါးဖွံ့ဖြိုးမှု (Sensorial Learning) 🖐️
စာအုပ်ထဲကပုံတွေကိုပဲ ကြည့်တာမျိုးမဟုတ်ဘဲ လက်နဲ့ တကယ်ကိုင်တွယ်ပြီး ခံစားသင်ယူရတဲ့အတွက် အရာဝတ္ထုတွေရဲ့ အရွယ်အစား၊ ပုံသဏ္ဍာန်နဲ့ အလေးချိန်တွေကို ဦးနှောက်က ပိုမိုစနစ်တကျ မှတ်သားနိုင်စွမ်း ရှိလာပါတယ်။
၄။ စည်းကမ်းရှိပြီး တာဝန်ယူတတ်ခြင်း (Discipline & Responsibility) ✨
အတန်းထဲမှာ ပစ္စည်းတစ်ခုကို ယူသုံးပြီးရင် မူလနေရာကို ပြန်ထားရတာ၊ သူငယ်ချင်းတွေကို ဦးစားပေးရတာ စတဲ့ အလေ့အကျင့်ကောင်းတွေကနေတစ်ဆင့် အမိန့်ပေးစရာမလိုဘဲ အလိုအလျောက် စည်းကမ်းရှိတဲ့ ကလေးတစ်ယောက် ဖြစ်လာစေပါတယ်။
၅။ သင်္ချာနှင့် ဘာသာစကား အခြေခံကောင်းခြင်း 🔢
သင်္ချာသဘောတရားနဲ့ စာလုံးပေါင်းတွေကို ကစားရင်း သင်ယူရလို့ ပညာရေးအခြေခံဟာ တခြားကလေးတွေထက် ပိုမိုခိုင်မာသွားပါတယ်။
✨ နိဂုံးချုပ်ရရင် - Montessori ဆိုတာ စာသင်ပေးတာထက် ကလေးတစ်ယောက်ရဲ့ ဘဝတစ်သက်တာအတွက် လိုအပ်မယ့် အရည်အချင်းကောင်းတွေကို ပျိုးထောင်ပေးတာ ဖြစ်ပါတယ်။
မိဘတို့အနေနဲ့ရော ကိုယ့်သားသားမီးမီးတို့ကို Montessori နည်းလမ်းနဲ့ သင်ကြားပေးဖို့ စိတ်ဝင်စားတယ်ဆိုရင် MITTA Motessories Pre School မှာ ကျောင်းအပ်နှံနိုင်ပါပြီ။





MontessoriKids

23/04/2026

လေးစားရပါသော မိဘများသိရှိစေရန်

ဆရာ၊ဆရာမများအနေဖြင့် မိမိတို့၏ တပည့်များအပေါ် ကျောင်းချိန်အတွင်း၌သာ အစွမ်းကုန်စေတနာထား၍ သင်ကြားပေးနိုင်ရန်နှင့် တပည့်များအပေါ် တန်းတူညီမျှသော စေတနာထားနိုင်ရန် ကျောင်းချိန်ပြင်ပ ကျူရှင်သင်ကြားခြင်းကို လုံးဝ (လုံးဝ) ခွင့်မပြုထားပါကြောင်း မိဘများနှင့် ဆရာ၊ဆရာမများအား လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။



မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း
#ဝန်ထမ်းရေးရာဌာန

🧡🧡  ကလေးရဲ့မွေးစကနေ အသက် ၅နှစ်ထိမှာ ကလေးရဲ့ဦးနှောက်အဖွံ့ဖြိုးဆုံးအချိန်ဖြစ်ပြီး အရေးအကြီးဆုံးဖြစ်ပါတယ်။ 👌👌  ကလေးရဲ့ ဦးနှ...
27/11/2025

🧡🧡 ကလေးရဲ့မွေးစကနေ အသက် ၅နှစ်ထိမှာ ကလေးရဲ့ဦးနှောက်အဖွံ့ဖြိုးဆုံးအချိန်ဖြစ်ပြီး အရေးအကြီးဆုံးဖြစ်ပါတယ်။

👌👌 ကလေးရဲ့ ဦးနှောက်အဖွံ့ဖြိုးဆုံးအချိန်မှာ ကလေးဦးနှောက်ဖွံ့ဖြိုးမှုကို အသားပေးတဲ့လေ့ကျင့်မှုမျိုးလိုအပ်ပါတယ်။

🧚🧚‍♀️ Preschool ဆိုတာ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးနေချိန် အစောပိုင်းကလေးဘဝအတွက် သင်ယူမှုဆိုင်ရာတွေကို စနစ်တကျသင်ကြားပြုစုပျိုးထောင်ပေးတာမျိုးဖြစ်ပါတယ်။

✔️✔️ အထူးသဖြင့် ၃နှစ်နဲ့ ၄နှစ်ကြားကလေးတွေအတွက်ဖြစ်ပါတယ်။

❕️❕️ Preschool မှာ ကလေးကို လူမှုဆက်ဆံရေးနဲ့ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်မှုရှိအောင်၊ ဦးနှောက်ဖွံ့ဖြိုးမှုအထောက်အကူဖြစ်တဲ့ကစားနည်းမျိုးတွေ၊ လေ့ကျင့်ပေးမှုတွေ၊ ကလေးရဲ့အာရုံစူးစိုက်နိုင်စွမ်းကောင်းအောင်၊ နားထောင်နိုင်စွမ်းတိုးတက်အောင် စသဖြင့် ကူညီပေးနိုင်ပါတယ်။

❗️❗️ ကလေးအချင်းချင်း မျှဝေတတ်ဖို့၊ ချစ်ခင်ကြင်နာစိတ်ရှိဖို့၊ အရောင်လေးတွေ၊ ပုံသဏ္ဍာန်လေးတွေ၊ သီချင်းသံတွေ၊ အကအခုန်၊ ဆော့ကစားဖို့၊ ကိန်းကဏန်းတွေ၊ စာလုံးလေးတွေ စသဖြင့် သင်ယူရင်း ကလေးဦးနှောက်ကို ဆက်လက်ဖွံ့ဖြိုးစေတာဖြစ်ပါတယ်

🔱🔱 အထူးလေ့ကျင့်သင်ကြားပေးနိုင်တဲ့ ကျောင်းတွေဟာ ကလေးတွေရဲ့ အစောပိုင်းကာလဖွံ့ဖြိုးမှုအတွက် အထောက်အကူ များစွာရရှိစေပါတယ်

& International School
#2024-2025 academicyear

01/11/2025
01/11/2025
🌟 ပျော်ရွှင်တက်ကြွတဲ့ ကလေးတွေ၊ အကောင်းဆုံး သင်ယူမှုပတ်ဝန်းကျင်! 🌟MITTA Montessori Pre School မှာ ကလေးငယ်တွေဟာ ဆရာမရဲ့ သင...
25/10/2025

🌟 ပျော်ရွှင်တက်ကြွတဲ့ ကလေးတွေ၊ အကောင်းဆုံး သင်ယူမှုပတ်ဝန်းကျင်! 🌟

MITTA Montessori Pre School မှာ ကလေးငယ်တွေဟာ ဆရာမရဲ့ သင်ကြားမှုတိုင်းကို စိတ်အားထက်သန်စွာနဲ့ ပျော်ရွှင်စွာ သင်ယူနေကြပါတယ်။ 👩‍🏫

ကျွန်မတို့ ကလေးတိုင်း လုံခြုံ၊ ပျော်ရွှင်ပြီး တက်ကြွစွာ သင်ယူနိုင်မယ့် အကောင်းဆုံးပတ်ဝန်းကျင်ကို ဂရုတစိုက် ဖန်တီးပေးထားပါတယ်။

ကလေးတွေရဲ့ ဉာဏ်ရည်နဲ့ စိတ်ဓာတ်ဖွံ့ဖြိုးမှုကို အပြည့်အဝ ပံ့ပိုးပေးပါတယ်။

သင့်ကလေးအတွက် ပျော်ရွှင်ဖွယ်ကောင်းသော သင်ယူမှုခရီးကို စတင်ဖို့ MITTA နဲ့ လက်တွဲလိုက်ပါ။

#ကလေးဖွံ့ဖြိုးတိုးတက်ရေး

 #ကမ္ဘာ့ဆရာများနေ့ ဂုဏ်ပြုလွှာ ’Day! 🌟October 5th 2025ဒီနေ့ဟာ ပညာရေးရဲ့ အသက်ဝိညာဉ်ဖြစ်ပြီး နေ့စဉ်နဲ့အမျှ ကလေးတို့ရဲ့ အနာ...
05/10/2025

#ကမ္ဘာ့ဆရာများနေ့ ဂုဏ်ပြုလွှာ
’Day! 🌟
October 5th 2025

ဒီနေ့ဟာ ပညာရေးရဲ့ အသက်ဝိညာဉ်ဖြစ်ပြီး နေ့စဉ်နဲ့အမျှ ကလေးတို့ရဲ့ အနာဂတ်ကို လမ်းပြပေးနေတဲ့၊ စိတ်ဓာတ်ခွန်အားတွေ ပေးနေတဲ့ ဆရာ/ ဆရာမ အံ့မခန်းပုဂ္ဂိုလ်များကို ဂုဏ်ပြုရမယ့်နေ့ ဖြစ်ပါတယ်။ 💐

MITTA Montessori Preschool မှာရှိတဲ့ ကျွန်မတို့၏ ဆရာ/ဆရာမများရဲ့ စေတနာ၊ သည်းခံမှုနဲ့ ကလေးတိုင်းရဲ့ အလားအလာကို ပျိုးထောင်ပေးနေတဲ့ မေတ္တာအားလုံးကို အထူးတလည် တန်ဖိုးထားလေးစားပါတယ်။

ချစ်ခင်လေးစားရပါသော ဆရာ ဆရာမတို့... ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ရဲ့ ကျောင်းသူ/သားတွေကို အသိပညာနဲ့ အောင်မြင်မှုဆီ ဦးဆောင်လမ်းပြပေးတဲ့ အလင်းရောင် ဖြစ်ပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်! 🙏❤️

================================
! 🌟

Today, we celebrate the incredible individuals who are the heart and soul of education — the teachers who guide our children every day, inspire their dreams, and light their path toward a brighter future. 💐

At MITTA Montessori Preschool, we deeply appreciate the dedication, patience, and compassion of all our teachers who nurture every student’s potential with love and care.
To our dearest teachers — thank you for being the light that leads our students toward knowledge, growth, and success. 🙏❤️





📌 သီတင်းကျွတ်ကျောင်းပိတ်ရက် ကြေညာချက်✨✨MITTA Montessori Preschool ၏ အတန်းများအားလုံးကို(3.10.2025) ရက်နေ့မှ (12.10.2025)...
03/10/2025

📌 သီတင်းကျွတ်ကျောင်းပိတ်ရက် ကြေညာချက်✨✨

MITTA Montessori Preschool ၏ အတန်းများအားလုံးကို
(3.10.2025) ရက်နေ့မှ (12.10.2025) ရက်နေ့အထိ ပိတ်ထားမည်
ဖြစ်ပါသည်။

ထို့နောက် (13.10.2025) ရက်နေ့မှ စ၍ အတန်းများကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား/သူများအား အသိပေးအကြောင်းကြားအပ်ပါသည်ရှင် ။

"ပျော်ရွှင်စရာ သီတင်းကျွတ်အချိန်အခါမှာ မိသားစုနဲ့အတူ အမှတ်တရကောင်းများ ဖန်တီးပျော်ရွှင်နိုင်ပါစေလို့ MITTA မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်"✨✨✨



#သီတင်းကျွတ်မီးထွန်းပွဲတော်

🎆🎆  သီတင်းကျွတ်မီးထွန်းပွဲတော် အမှတ်တရ တီချယ်တွေနဲ့အတူတူ ကိုယ်တိုင်ဖန်တီးထားကြတဲ့ ရောင်စုံမီးပုံးလေးတွေထွန်းကြမယ်🎆🎆MITTA...
30/09/2025

🎆🎆 သီတင်းကျွတ်မီးထွန်းပွဲတော် အမှတ်တရ တီချယ်တွေနဲ့အတူတူ ကိုယ်တိုင်ဖန်တီးထားကြတဲ့ ရောင်စုံမီးပုံးလေးတွေထွန်းကြမယ်🎆🎆

MITTA Montessori Preschool မှ သားသား မီးမီးလေးတွေဟာ ကိုယ်တိုင် ဖန်တီးထားတဲ့ ရောင်စုံမီးပုံးလေးတွေနဲ့ သီတင်းကျွတ်အမှတ်တရ အလှပဆုံး အခိုက်အတန့်တွေကို ခံစားနေကြပါတယ် ။ ✨️✨️

မြန်မာ့သီတင်းကျွတ်မီးထွန်းပွဲတော်ဆိုတာ ဘာသာရေးအရ အထွတ်အမြတ်ပွဲတော်သာမက ချစ်စရာကောင်းပြီး လှပညီညွတ်စေသည့် ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။ 🎇

👦👧 သူငယ်ချင်းများနဲ့အတူ မမေ့နိုင်စရာ အမှတ်တရများ ဖန်တီးသလို၊ ဒီလိုလှပတဲ့ ပွဲတော်အတွင်း ကလေးလေးတွေ့ရဲ့ ဖန်တီးမှုအနုပညာကို တိုးတက်စေပြီး ပျော်လဲပျော်၊ တော်လဲတော် ဖြစ်စေတဲ့ အချိန်လေးများဘဲ ဖြစ်ပါတယ်ရှင် ။💙❤️💛

✨ MITTA Montessori Preschool မှာ သားသားမီးမီးလေးတွေကို သူငယ်ချင်းများနဲ့အတူ လက်တွဲပြီး ပျော်ရွှင်စွာ လေ့လာနိုင်ဖို့ အမှတ်တရကောင်းတွေကို ဖန်တီးတည်ဆောက်ပေးနေပါတယ် ။



#သီတင်းကျွတ်မီးထွန်းပွဲတော်
#ရောင်စုံမီးပုံးလေးများ

🎨🍎 Little hands, big colors!MITTA Montessori Preschool သားငယ်သမီးငယ်လေးတွေက ဒီနေ့ သစ်သီးလေးတွေကို အရောင်ခြယ်ပြီး ကာလာသင်...
27/09/2025

🎨🍎 Little hands, big colors!

MITTA Montessori Preschool သားငယ်သမီးငယ်လေးတွေက ဒီနေ့ သစ်သီးလေးတွေကို အရောင်ခြယ်ပြီး ကာလာသင်ယူခြင်းကို ပျော်ပျော်ရွှင်ရွှင် လေ့လာနေကြပါတယ်။ 🌈

ဒီလိုအတွေ့အကြုံ-based learning လေးတွေက ကလေးတွေကို အရောင်များခံစားနိုင်စေပြီး လက်တွေ့တီထွင်နိုင်စွမ်းကို ဖွံ့ဖြိုးစေပါသည်။ 💛💚❤️

✨ MITTA Montessori Preschool မှာ သားသားမီးမီးလေးတွေဟာ ကစားရင်း သင်ယူ၊ သင်ယူရင်း ဖန်တီးနိုင်ဖို့အတွက် အခွင့်အလမ်းတွေကို ပေးဆောင်နေပါတယ်။




MITTA Private High School, Kyaukse & MITTA International School MITTA Montessori Pre School မိသားစုဝင်များအားလုံးကို နွေ...
21/09/2025

MITTA Private High School, Kyaukse & MITTA International School MITTA Montessori Pre School မိသားစုဝင်များအားလုံးကို နွေးထွေးစွာ ကြိုဆိုပါတယ်ရှင်......... ✨✨✨

ကျွန်မတို့ကျောင်းရဲ့နေ့စဉ်လှုပ်ရှားမှုများ၊ သင်ခန်းစာများ၊ ထူးချွန်သော ကျောင်းသား/သူများရဲ့ သတင်းကောင်းများနဲ့ ပညာရေးဆိုင်ရာ ဗဟုသုတများကို စဉ်ဆက်မပြတ်ကြည့်ရှုနိုင်ဖို့အတွက်၊ အောက်ပါ Official page နှင့် Tiktok account များအား Like & Follow ပြုလုပ်ထားနိုင်ရန် QR Code များကို ဖော်ပြပေးလိုက်ပါတယ်ရှင်။

မိဘများနဲ့ ကျွန်မတို့ကျောင်းကြား ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးကို ဖန်တီးပေးနိုင်ဖို့ အလေးထားကြိုးစားလျှက်ရှိပါတယ်။ 🌍📚💫

=======================================

✨ A Warm Welcome from the MITTA Family ✨

We warmly welcome all members of MITTA Private High School, Kyaukse, MITTA International School, and MITTA Montessori Pre School. 💙

To stay connected with us and never miss out on our daily school activities, classroom highlights, outstanding student achievements, and valuable educational knowledge, we invite you to Like & Follow our Official page and TikTok account through the QR codes provided. 📱🎥

At MITTA, we are always striving to build a closer and more meaningful connection between our schools and parents. Together, we create a strong and supportive learning community. 🌍📚💫




#မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း


Address

ကြက်မင်းတွန်ရပ်ကွက်/ရွှေစေတီဘိုးဘွားရိပ်သာအနီး
Kyaukse
05151

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+959257533733

Website

Alerts

Be the first to know and let us send you an email when MITTA Montessori Pre School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to MITTA Montessori Pre School:

Shortcuts

Share

Category