Lynn Thit - Learning Centre

Lynn Thit - Learning Centre Education service

လာတက်ကြပါဦး … ကျမတို့ လင်းသစ်မှာလည်း စျေးချိုချိုလေးနဲ့ အတန်းတွေ ဖွင့်ပေး သင်ပေးပါတယ် .. မိဘတွေက ဇွဲရှိရှိ အချိန်မှန်မှန...
09/08/2026

လာတက်ကြပါဦး … ကျမတို့ လင်းသစ်မှာလည်း စျေးချိုချိုလေးနဲ့ အတန်းတွေ ဖွင့်ပေး သင်ပေးပါတယ် .. မိဘတွေက ဇွဲရှိရှိ အချိန်မှန်မှန်ပို့ပေးဖို့ပဲ လိုပါတယ် 🪴

Phonics ကို ဘယ်လိုကလေးတွေ အဓိက လိုမလဲ။
တကယ်က ကလေးတိုင်း သင်ယူဖို့လိုပါတယ်။ ဒါပေမယ့် ဘယ်ကလေးတွေအတွက် ပိုပီး လိုမလဲ ဆိုတာလေးကို စဉ်းစားထားတာပါ။
"မလိုဆုံး"က စပါမယ်။
၁။ထူးထွေသင်ဖို့ ထပ်တိုးသင်ဖို့ မလိုတာကတော့ International School က ကလေးတွေပါ။ ဘာလို့လဲဆိုတော့ IS အများစုရဲ့ သင်ရိုးမှာ ပါပီး ဖြစ်လို့ပါပဲ။ ပါတဲ့ပုံစံက mini lessons အနေနဲ့ပါ။ heavy phonics တော့ မဟုတ်ပါဘူး။ ဒီ့အတွက် တချို့ IS ကျောင်းများက လိုအပ်တယ်လို့ ထင်တဲ့အခါ သူ့ကျောင်းမှာပဲ ထပ်တိုး Jolly Phonics သင်ကြတာမျိုးရှိပါတယ်။ ဒီကလေးများအတွက် Phonics ထိရောက်မှုက ပိုမြင်သာပါတယ်။ အကြောင်းက နှုတ်ပြောဝေါဟာရ(Oral Vocabs) ကောင်းကောင်း ရှိနေလို့ပါပဲ။
၂။ နောက် ဝန်ထုပ်ဝန်ပိုးတခုအနေနဲ့ မလိုတာကတော့ Homeschooling လုပ်တဲ့ ကလေးများ ဖြစ်ပါတယ်။ ဒါကတော့ အရေအတွက် အတော်နည်းနေပါသေးတယ်။ ဒီကလေးတွေဟာ Formal Education System အရသွားမှာ မဟုတ်တဲ့အတွက် Learning to Read stage ကနေ Reading to Learn ကူးပြောင်းတာမှာ အချိန်အကန့်အသတ်မရှိတဲ့အတွက် အထူးစိုးရိမ်စရာ မရှိပါဘူး။ သင်ဖို့ မလိုဘူးလို့ပြောတာ မဟုတ်ပါ။ ဖိအားနည်းနည်းနဲ့ အေးဆေးသင်လို့ရတာကိုပြောတာပါ။
၃။ ထပ်ပီး Private School က ကလေးငယ်များအတွက်ဆိုရင်တော့ PS အများစုက အပိုဘာသာအနေနဲ့ Phonics ကို ထည့်သွင်းသင်ကြတဲ့ကျောင်းများပါတယ်။ ဒါကလဲ လက်ရှိအနေအထားအရ PS ‌ေ‌တွရဲ့ မားကတ်တင်းတခုပေါ့။
၄။ နောက်ဆုံးပိတ် အိတ်နဲ့လွယ် ဆိုသလို အစိုးရကျောင်းများမှာတော့ phonics သက်သက်ကိုသင်ဖို့ အချိန်မရှိပါဘူး။ သင်ရိုးထဲလဲ မပါပါဘူး။ ဒီ့အတွက် အစိုးရကျောင်းများက ကလေးများအတွက် ပိုလိုအပ်မယ်လို့ ထင်မိပါတယ်။

19/07/2026

ကျောင်းကိုသယ်လာတဲ့ ကလေးရဲ့ ကျောပိုးအိတ်ထဲမှာ... စာအုပ်တွေချည်း မဟုတ်တော့ပါဘူး။

(ကလေးတွေ လက်ထဲက Lithium Battery ပါတဲ့ ပစ္စည်းလေးတွေကို School Safety အတွက် စဉ်းစားကြည့်ကြရအောင်၊၊)

အခုလိုကျောင်းဖွင့်စ ရာသီဟာ...
မြန်မာနိုင်ငံရာသီဥတုအခြေအနေအရ
ပူအိုက်တဲ့ရာသီလို့ပြောလို့ရပါတယ်။
ဒါကြောင့် ကျောင်းနေအရွယ်ကလေး အတော်များများက...
• USB Rechargeable Fan လေးတွေ၊
• Neck Fan လေးတွေ၊
• Portable Hand Fan လေးတွေကို ကျောင်းကို ကိုယ်စီ ယူလာတတ်ကြပြီး အပူသက်သာအောင်ဆိုပြီး အသုံးပြုလာကြပါတယ်။

မိဘတွေအနေနဲ့ကလည်း…
ဒီပစ္စည်းလေးတွေကို
"ကလေး စာသင်ခန်းထဲမှာ မပူစေချင်လို့"
"အပူဒဏ် သက်သာစေချင်လို့" ဆိုတဲ့ မေတ္တာတရားနဲ့ ဂရုစိုက်မှုကြောင့်ဝယ်ထည့်ပေးကြတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်...
ဒီလိုအသုံးဝင်ပြီး၊ ကလေးများ နှစ်သက်စရာ ပစ္စည်းလေးတွေရဲ့ အတွင်းပိုင်းမှာ... ကျွန်တော်တို့ သတိမထားမိတဲ့ အရာလေးတွေ ရှိနေပါတယ်။

အဲဒါကတော့ …
"Rechargeable Lithium-ion Battery"တွေ ဖြစ်ပါတယ်။

ဆိုတော့…

ဒီLithium Battery တွေဆိုတာက... အန္တရာယ်ရှိတဲ့ ပစ္စည်းလေးတွေလား?

မဟုတ်ပါဘူး။

ဒီနေ့ခေတ် ကျွန်တော်တို့ သုံးနေတဲ့
Laptop၊ Mobile Phone၊ Tablet၊ Power Bank ကနေ Electric Vehicle (EV) တွေအထိ အများစုဟာ Lithium-ion Battery ကိုပဲ အသုံးပြုကြတာပါ။

သူ့ရဲ့အားသာချက်က စွမ်းအင်သိပ်သည်းဆ (High Energy Density) အလွန်မြင့်မားတဲ့အတွက် သေးငယ်တဲ့ အရွယ်အစားဖြင့်ပင် စွမ်းအားကို အကြာကြီး သိုလှောင်ထားနိုင်လို့ ကမ္ဘာတစ်ဝန်းလုံးမှာ မရှိမဖြစ် သုံးစွဲနေကြတာလည်း ဖြစ်ပါတယ်။

Lithium Battery တစ်လုံးဟာ...
"အရည်အသွေးကောင်းမွန်ပြီး မှန်ကန်စွာ အသုံးပြုရင် လုံခြုံစိတ်ချရပါတယ်။"

ဒါပေမယ့်…
ပြောင်းပြန်အနေနဲ့...
"အရည်အသွေးမပြည့်မီတာ၊ ပျက်စီးတာ၊
အပူလွန်ကဲတာ၊ အားသွင်းမမှန်တာ၊
ပြုတ်ကျပြီး mechanical ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်တာ ဒါမှမဟုတ် Short Circuit (လျှပ်စစ်ရှော့ဖြစ်ခြင်း)" ...တွေ ကြုံလာရရင်တော့ အချိန်တိုအတွင်း "အန္တရာယ်"ဖြစ်နိုင်ချေ အလွန် မြင့်တက်သွားတတ်ပါတယ်။

‼️Lithium Batteryတွေ ဘာကြောင့် ရုတ်တရက် "အန္တရာယ်"ဖြစ်နိုင်ချေ မြင့်ရတာလဲ?

Lithium-ion Battery ထဲမှာ စွမ်းအင်တွေကို
အလွန်သိပ်သည်းစွာ သိုလှောင်ထားတဲ့အတွက်
ဘက်ထရီ Cell အတွင်းပိုင်း ထိခိုက်သွားတဲ့အခါ...
Chemical Reaction က စက္ကန့်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားပြီး မြင့်မားတဲ့အပူချိန်ကို ထိန်းမနိုင်သိမ်းမရ မြန်မြန်ဆန်ဆန် ထုတ်ပေးလိုက်ပါတယ်။

ဒီဖြစ်စဉ်ကို သိပ္ပံပညာအရ "Thermal Runaway" လို့ ခေါ်ပါတယ်။

Thermal Runaway ဖြစ်လာပြီဆိုရင်...

• Battery အပူချိန်ဟာ-
•ချက်ချင်း အလွန်မြင့်တက်လာမယ်။
• အဆိပ်ငွေ့ မီးခိုမည်းတွေ ထွက်လာမယ်။
• ရုတ်တရက် မီးလောင်ကျွမ်းမယ်။
• ပြင်းထန်တဲ့ အခြေအနေမျိုးမှာဆို သေချာပေါက် ပေါက်ကွဲတတ်ပါတယ်။

ဒီမှာကြုံရတဲ့...အဆိုးဆုံးအခြေအနေက
Lithium Battery မီးလောင်မှုတွေဟာ ကြိုတင်သိရှိနိုင်တဲ့ Warning Time (လက္ခဏာပြချိန်) အလွန်တိုတောင်းတာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ကျောင်းပတ်ဝန်းကျင် Campus Safety အတွက် Lithium Battery နဲ့ပတ်သက်ပြီး စဉ်းစားရမည့် အဓိကအကြောင်းချင်းရာက-

တကယ်တော့ 'Potable Fan' လေးတွေ မဟုတ်ပါဘူး။

"ဒါကို အသုံးပြုနေကြတဲ့ ပတ်ဝန်းကျင်နဲ့ အသက်အရွယ်သာ" ဖြစ်ပါတယ်။

အသက် (၆) နှစ်၊ (၇) နှစ်၊ (၈) နှစ်အရွယ် ကျောင်းနေအရွယ် ကလေးငယ်တစ်ယောက်ဟာ Battery Safety အသိကို လူကြီးတစ်ယောက်လို နားမလည်နိုင်သေးပါဘူး။

ကလေးတွေရဲ့ သဘာဝအရ...

• လွတ်ကျပြီး ဆောင့်မိထားတဲ့ ပန်ကာကို ဘာမှမဖြစ်ဘူးအထင်နဲ့ ဆက်သုံးနေတာ၊
• လေဝင်လေထွက်မရှိတဲ့ စာအုပ်တွေကြားထဲ ညှပ်ပြီး ဖိသိပ်ထားမိတာ၊
•ကစားကွင်း နေပူထဲ ဒါမှမဟုတ် ကျောင်းကြိုစောင့်တဲ့ ကားထဲမှာ ထားခဲ့မိတာ၊
• သူငယ်ချင်းအချင်းချင်း လုကြ၊ ဆော့ကြ ရင်း၊ ဟိုသည်လွှဲပစ်ရင်း ထိခိုက်မိသွားတာ၊
• အားကုန်လို့ စာသင်ခန်းထဲမှာ မူရင်းမဟုတ်တဲ့၊ မကိုက်ညီတဲ့ အားသွင်းကြိုးတွေနဲ့ အားသွင်းမိတာ၊
• Battery ဖောင်းလာတာကို အန္တရာယ်မှန်းမသိဘဲ ဆက်ကိုင်နေ၊ သုံးနေသေးတာ...စတဲ့ အပြုအမူတွေဟာ ကလေးငယ်တွေကြားမှာ အချိန်မရွေး ဖြစ်လာမယ့် "အန္တရာယ်" အငွေ့အသက်တွေပါပဲ။

ဒီအချက်တွေက သာမန်ဖြစ်တတ်တာလေးတွေဆိုပြီး သတိမပြုမိတာ ဖြစ်နိုင်ပေမယ့်…
Lithium Battery ပါတဲ့ ပစ္စည်းတွေအတွက်တော့ အန္တရာယ်ကို ဖိတ်ခေါ်လိုက်သလို ဖြစ်သွားတတ်ပါတယ်။

နောက်ထပ် စဉ်းစားသင့်တဲ့အချက်ကလည်း
ကျောင်းဆိုတာ ကလေးတစ်ယောက်တည်း ရှိတာမဟုတ်ဘဲ စာသင်ခန်း တစ်ခန်းထဲမှာတင် ကျောင်းသား ၂၀၊ ၂၅ ယောက်ကနေ ၄၀ အထိ စုဝေးနေကြတဲ့ နေရာဖြစ်ပါတယ်။

ကလေးသဘာဝအရ ကလေးတစ်ယောက်က ယူလာရင် နောက်တစ်ယောက်က ယူလာချင်ကြစတမ်းမို့ Classroom တစ်ခန်းထဲမှာ Lithium Battery သုံး Personal Devices တွေ အများကြီး စုပြုံလာနိုင်ပါတယ်။

"အန္တရာယ်"ရှိတတ်တဲ့ ပစ္စည်းတွေ တစ်နေရာတည်း အရေအတွက်များများ ရှိနေတာကလည်း "အန္တရာယ်"ဖြစ်နိုင်ချေ ရာခိုင်နှုန်း ပိုများတဲ့ သဘောပါပဲ၊၊

Risk Assessment (အန္တရာယ် ဆန်းစစ်ခြင်း) ရဲ့ သဘောတရားဆိုတာက...

"ဒီနေ့အထိတော့ ဘာမှမဖြစ်သေးဘူး" ဆိုတာကို အေးဆေးထိုင်ကြည့်နေဖို့ မဟုတ်ပါဘူး။

"မဖြစ်ခင်ကတည်းက ဖြစ်လာနိုင်ချေအတွက် စဥ်းစားပြီး ဘယ်လို ကြိုတင်ကာကွယ်မလဲ" ဆိုတာကို စနစ်တကျ ပြင်ဆင်တာ ဖြစ်ပါတယ်။

🌐 နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စံနှုန်း (International Standards) အနေဖြင့်-
ကလေးသူငယ်များအတွက် လျှပ်စစ်ထုတ်ကုန်ဘေးကင်းရေး ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးများဖြစ်တဲ့ IEC (International Electrotechnical Commission - IEC 62115) နှင့် ASTM International (ASTM F963) တို့က ကလေးသုံး လျှပ်စစ်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အလွန်တင်းကျပ်တဲ့ လမ်းညွှန်ချက် (Guide) တစ်ခု ထုတ်ပြန်ထားပါတယ်။

အဲဒါကတော့ "Tamper-Resistant Battery Compartment" စနစ် ဖြစ်ပါတယ်။
ကလေးသုံးပစ္စည်းတွေမှာ ပါဝင်တဲ့ ဘက်ထရီအဖုံးတွေကို ကလေးငယ်တွေရဲ့ လက်လှမ်းမမီစေဖို့နဲ့ ပြုတ်ကျတဲ့အခါ ဘက်ထရီဆဲလ်တွေ ပွင့်ထွက်မသွားစေဖို့အတွက် "ဝက်အူလှည့် (Screw) သို့မဟုတ် သီးသန့် Tool တစ်ခုခုသုံးမှသာ ဖွင့်နိုင်တဲ့ စနစ်" ဖြင့် မဖြစ်မနေ ဒီဇိုင်းထုတ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

Lithium-ion Battery Safety နဲ့ ပတ်သက်ပြီးတော့လည်း UL Solutions, U.S. Consumer Product Safety Commission (CPSC), National Fire Protection Association (NFPA) နဲ့ UK Fire & Rescue Services တို့ဟာလည်း တူညီတဲ့ အချက်တစ်ခုကို ထပ်တလဲလဲ အလေးထား သတိပေးထားပါတယ်။

"ပျက်စီးထားတဲ့၊ အပူလွန်ကဲတဲ့၊ မူရင်းမဟုတ်တဲ့ Charger နဲ့ အားသွင်းထားတဲ့ Lithium-ion Battery တွေဟာ Thermal Runaway ဖြစ်နိုင်ခြေ မြင့်တက်စေနိုင်ပါတယ်။"

အဲဒီကြောင့် Battery အသုံးပြုတဲ့ ပစ္စည်းတွေကို ကလေးတွေ အသုံးပြုတဲ့ ပတ်ဝန်းကျင်မှာ ပိုမိုသတိထားပြီး စီမံခန့်ခွဲကြဖို့ အကြံပြုထားကြပါတယ်။

ဒါပေမယ့် လက်ရှိ ဈေးကွက်ထဲမှာ အလွယ်တကူ ဝယ်လို့ရနေတဲ့ ဈေးပေါပေါ Rechargeable Fan အများစုဟာ ဒီစံနှုန်းတွေ မရှိကြပါဘူး။

ကလေးလက်နဲ့ ဆွဲဖွင့်ရုံ၊ ဒါမှမဟုတ် အောက်ပြုတ်ကျရုံနဲ့ ဘက်ထရီ Cell တိုက်ရိုက် အပြင်ကို ပွင့်ထွက်သွားနိုင်တဲ့အတွက် ကျောင်းပတ်ဝန်းကျင်မှာ Risk ပိုကြီးရခြင်း ဖြစ်ပါတယ်။

တစ်ခြားနိုင်ငံတကာကျောင်းတွေမှာရော ဒါမျိုး Scenario ကိုဘယ်လို ထိန်းကျောင်းနေကြလဲဆိုတော့…

နိုင်ငံတကာ ကျောင်းအများစုဟာ ပစ္စည်းတစ်ခုကို မျက်စိမှိတ် ပိတ်ပင်တာမျိုးထက် Risk Assessment (အန္တရာယ် ဆန်းစစ်ချက်) အပေါ် မူတည်ပြီးတော့ပဲ ဆုံးဖြတ်တတ်ကြပါတယ်။

ဥပမာ -

✔ ကလေးယူလာတဲ့ ပစ္စည်းမှာ သတ်မှတ်ထားတဲ့ စံနှုန်း Certification (CE, UL, IEC, CCC) ပါသလား?
✔ ကျောင်းမှာ အားသွင်းခြင်းကို တားမြစ်မယ့် Charging Policy ရှိသလား?
✔ အတန်းထဲမှာ သိမ်းဆည်းထားမယ့် နေရာက ဘေးကင်းရဲ့လား?
✔ ဆရာ/ဆရာမတွေရဲ့ Supervision (စောင့်ကြည့်မှု) ရော ရှိနိုင်ပါ့မလား?
✔ Emergency Response Procedure (အရေးပေါ် မီးဘေးတုံ့ပြန်မှု စနစ်)တွေအဆင်သင့် ရှိရဲ့လား?

ဒီအချက်တွေကို ချိန်ဆပြီး တချို့ကျောင်းတွေက စနစ်တကျ စည်းကမ်းချက်နဲ့ ခွင့်ပြုသလို၊
တချို့ကျောင်းတွေကတော့ သယ်ဆောင်ခွင့်၊ သုံးခွင့် လုံးဝခွင့်မပြုပါဘူး။

ချဉ်းကပ်ပုံ ကွဲပြားပေမယ့် နှစ်ခုလုံးဟာ ကျောင်းသားတွေရဲ့ ဘေးကင်းရေးကို ရှေးရှုတဲ့ Professional Decision (ပညာရှင်ဆန်တဲ့ ဆုံးဖြတ်ချက်) တွေပဲ ဖြစ်ပါတယ်။

➡️ကျွန်တော်တို့ဆီမှာလည်း School Safety Culture ကောင်းဖို့ မိဘများအနေနဲ့ ပူးပေါင်းကူညီလုပ်ဆောင်နိုင်ဖို့အတွက်ဆိုရင်တော့…

✔ အရည်အသွေး မသေချာတဲ့၊ Branding မရှိတဲ့ ပန်ကာလေးတွေကို အလွယ်တကူ ဝယ်မပေးပါနဲ့။

✔ ဈေးအလွန်ပေါတဲ့ Lithium Battery ထုတ်ကုန်တွေကို အထူးသတိထားပါ။

✔ ပန်ကာ သို့မဟုတ် ပစ္စည်းတစ်ခုခုက အားသွင်းရင် ပုံမှန်ထက် ပူလာတာ၊ ဘက်ထရီ ဖောင်းလာတာ တွေ့ရင် ချက်ချင်း စွန့်ပစ်ပါ။

✔ ပြုတ်ကျပြီး ပြင်းပြင်းထန်ထန် ထိခိုက်မိသွားတဲ့ ပစ္စည်းတွေကို ဆက်မသုံးပါနဲ့တော့။

✔ မူရင်းအားသွင်းကြိုး သို့မဟုတ် စံချိန်မီ Charger နဲ့သာ အားသွင်းပါ။

✔ ကလေးကို မိမိအသက်အရွယ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် Battery Safety (ဥပမာ - မပစ်ရ၊ မကိုက်ရ၊ နေပူထဲမထားရ) အသိပညာကို မျှဝေပေးပါ။

➡️ကျောင်းတွေဖက်ကလည်း Campus Safety အတွက် ဘာတွေ ပြန်လည်စဉ်းစားသင့်သလဲ?

ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်ကိုက Rechargeable Fan တွေကို မသုံးကျဖို့ အတင်းအကျပ် လိုက်လံတားမြစ်ရုံ အဆိုးမြင် သက်သက်မဟုတ်သလို၊
ဆရာ၊ ဆရာမတွေနဲ့ မိဘတွေကို ထိတ်လန့်စိုးရိမ်အောင် လုပ်ဖို့ မဟုတ်ပါဘူး။

ဒါပေမယ့် ကျောင်းတစ်ကျောင်းရဲ့ Duty of Care (စောင့်ရှောက်ရန် တာဝန်) ဆိုတာ…”ပြဿနာတစ်ခုခု ဖြစ်ပွားပြီးမှ လိုက်လံဖြေရှင်းတာထက်၊ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ခြင်း (Prevention)”ကို ပိုမိုအလေးထားရတာ ဖြစ်ပါတယ်။

ခေတ်ကာလနဲ့ ရာသီဥတုတွေ ပြောင်းလဲလာတာနဲ့အမျှ ကလေးတွေရဲ့ လက်ထဲကို Personal Electronic Devices တွေ ရောက်ရှိလာတဲ့အတွက် ကျောင်းတွေရဲ့ School Safety Policy (ကျောင်းတွင်း ဘေးကင်းရေး စည်းမျဉ်း) တွေကလည်း အခြေအနေနဲ့အညီ လိုက်လျောညီထွေ ပြောင်းလဲဖို့ အမြဲတမ်း သုံးသပ်ရမှာပဲ ဖြစ်ပါတယ်။

မိဘတွေက ကလေးတွေကို ကျောင်းဆီ ယုံကြည်စိတ်ချစွာ အပ်နှံထားကြတာဟာ စာတတ်မြောက်ဖို့တင်မကဘဲ ကလေးရဲ့ လုံခြုံဘေးကင်းမှု (Safety) ကိုပါ ပုံအပ်ထားကြတာ ဖြစ်ပါတယ်။

အဲဒီလုံခြုံမှုဆိုတာ…

“ကြီးမားတဲ့ သဘာဝဘေးအန္တရာယ်တွေကို ကာကွယ်ပေးရုံတင်မက၊ နေ့စဉ်ဘဝမှာ အသုံးပြုနေတဲ့ နည်းပညာအသစ်တွေကြောင့် ဖြစ်လာနိုင်တဲ့ Risk အသေးစားလေးတွေကိုပါ ကြိုတင်သတိပြုမိတဲ့ Safety Culture ကို ကျောင်းတွင်းမှာတည်ဆောက်ပေးခြင်းလည်း ဖြစ်ပါတယ်။

ကလေးတစ်ယောက်ချင်းစီရဲ့ ဘေးကင်းလုံခြုံမှုအတွက်… “မိဘ၊ ကျောင်းသား နဲ့ ကျောင်းအသိုင်းအဝိုင်းတစ်ခုလုံး” ပူးပေါင်းစဉ်းစားပြီး ကြိုတင်ကာကွယ်တဲ့ အလေ့အကျင့်-"Preventive Safety Culture "ကသာ... ကျွန်တော်တို့ ကလေးတွေအတွက် အကောင်းဆုံးသော ကာကွယ်မှု အလွှာတစ်ခု ဖြစ်လာပါလိမ့်မယ်။

[အထူးတင်ပြချက်-Disclaimer]

ဤဆောင်းပါးသည် Rechargeable Fan များ သို့မဟုတ် Lithium Battery အသုံးပြုသည့် ပစ္စည်းများအားလုံး "အန္တရာယ်မကင်း"ဟု ဆိုလိုခြင်း မဟုတ်ပါ။ အရည်အသွေးပြည့်မီသော ထုတ်ကုန်များကို မှန်ကန်စွာ အသုံးပြုပါက ဘေးကင်းစွာ အသုံးပြုနိုင်ပါသည်။

ဤဆောင်းပါး၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ လက်ရှိ ရာသီဥတု၊ ကျောင်းပတ်ဝန်းကျင်နှင့် ကလေးများ၏ သဘာဝအပြုအမူများကို ထည့်သွင်းစဉ်းစား၍ မိဘများနှင့် ကျောင်းများအနေဖြင့် Risk Awareness -အန္တရာယ်ကို သတိပြုမိခြင်း နှင့် Preventive Safety Culture ကို အတူတကွ မြှင့်တင်နိုင်စေရန် ရည်ရွယ်၍ရေးသားဖော်ပြခြင်း သက်သက်သာ ဖြစ်ပါသည်။

Reference (International Safety Guidance)

This article is informed by publicly available safety guidance and educational resources from UL Solutions, National Fire Protection Association (NFPA), U.S. Consumer Product Safety Commission (CPSC) and UK Fire & Rescue Services regarding the safe use of rechargeable lithium-ion batteries.

Victory Learning Corner

Where Smart Heads Meet Kind Hearts













13/07/2026

ဆွေးနွေးစရာ

10/07/2026

🪴 5 ယောက်သာ လက်ခံသင်ကြားပေးသွားမည် ဖြစ်ပါသည်


🦋 Sat / Sun - 2 to 3:30 pm

⏰ 11-7-26 စတင်ပါမည်

👦 🧒 5/6 တန်းအရွယ် ကလေးများအတွက် coding class

သင်တန်းကြေး - တစ်လလျှင် ၇ သောင်းကျပ်

🧑‍💻🙇 အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာ ကမ္ဘာကြီးမှာ ရင်သွေးငယ်အတွက် အချိန်ကို အကျိုးရှိစွာ အသုံးချလိုလျှင် IT MARTAR Computer Training နှင့် Lynn Thit Education တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖွင့်လှစ်သွားမဲ့ Junior Coding Class မှာတက်ရောက်ကြဖို့ စာရင်းပေးသွင်းအပ်နှံနိုင်ကြပါပြီရှင် 🤗

👩‍💻🧑‍💻 မိမိတို့၏ ရင်သွေးငယ်များအား နောင်အနာဂတ်ကာလ မှာ IT နယ်ပယ်ထဲမှာ အလုပ်လုပ်ဖို့ရည်မှန်းချက်ထားရှိလား။

🤔 မိမိတို့ရင်သွေးငယ်များ၏အတွေးအခေါ်များ ရင့်သန်စေချင်တာလား။

+%

13/06/2026

လင်းသစ်မှာလည်း အဆိုပါနည်းစဉ်များအတိုင်း စနစ်တကျလေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ် 🪴

02/06/2026

လင်းသစ်ကိုရွေးချယ်မိလို့ မိဘတွေ နောင်တမရစေရဖို့က မိမိတို့ရဲ့ အဓိက ဦးတည်ချက်ပါ🤗

ရိုက်မိနေကြလား 😄
24/04/2026

ရိုက်မိနေကြလား 😄

ကလေးကို ရိုက်နှက်ဆုံးမခြင်းမှ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ 💔

ကလေးက "ဆိုးလို့" စကားနားထောင်အောင်လို့ ...

"သားသမီးကို ငယ်ငယ်ကတည်းက အပိုးကျိုးနေအောင်လို့ ...."

"အိုးကောင်းချင်ရင်တောင် နာနာရိုက်ရသေးတယ်"

ဆိုတဲ့အကြောင်းပြချက်တွေနဲ့ ကလေးတွေကို ရိုက်နှက်ဆုံးမကြတာဟာ တစ်ကယ်ပဲ ကောင်းကျိုးရှိရဲ့လား?

ကျွန်မတို့ ဖေဖေ မေမေတိုင်းက ကိုယ့်ကလေးလေးကို စကားနားထောင်စေချင်တာ၊ လိမ္မာစေချင်တာ သဘာဝပါပဲ။ ဒါပေမဲ့ တစ်ခါတလေ ကလေးက ပြောစကားနားမထောင်တဲ့အခါ၊ ဆိုးလာတဲ့အခါ၊ မကြိုက်တာကို လုပ်မိတဲ့အခါမှာ စိတ်မထိန်းနိုင်ပဲ ရိုက်လိုက်မိတာမျိုး၊ လက်ပါတာမျိုးတွေလုပ်မိတတ်ပါတယ်။

ဒီနေရာမှာ မိဘတွေတင်မဟုတ်ပဲ ကလေးကိုအနီးကပ်ပြုစုစောင့်ရှောက်ရတဲ့ သူတွေအနေနဲ့ ဆိုရင်လည်း အခုလိုမျိုး နည်းလမ်းတွေနဲ့ ကလေးကို ဆုံးမတတ်ကြပါတယ်။

ခနတာ ကိုယ့်စိတ်အလိုအရ ရိုက်ပြီး ဆုံးမလိုက်မိပေမဲ့ ကိုယ့်ကလေးမှာ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုအပြင် အခြားနောက်ဆက်တွဲအကျိုးဆက်တွေက ဖြစ်သွားတာကို သတိပြုစေချင်ပါတယ်။

ဒါကြောင့် မိဘတွေနဲ့ ကလေးအုပ်ထိန်းသူတွေအတွက် ရိုက်စရာမလိုပဲ ကလေးငယ်လေးတွေကို ဘယ်လို ပြုပြင်ထိန်းကျောင်းပေးနိုင်မလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

•••••••••••••••••••••••••••••••••••••••

💔 ရိုက်ပြီးဆုံးမတယ် ဆိုတာဘာလဲ?

လက်ရောက်ပြီး ရိုက်လိုက်တာမှမဟုတ်ပဲ နာကျင်အောင်လုပ်ဖို့ကြိုးစားတဲ့ အပြုအမူမှန်သမျှဟာ 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐥 𝐏𝐮𝐧𝐢𝐬𝐡𝐦𝐞𝐧𝐭 / 𝐏𝐡𝐲𝐬𝐢𝐜𝐚𝐥 𝐏𝐮𝐧𝐢𝐬𝐡𝐦𝐞𝐧𝐭 ဖြစ်ပါတယ်။

ဥပမာ အနေနဲ့ဆိုရင် ကလေးငယ်ကို -

❗️လက်နဲ့ရိုက်တာ/ တွန်းတာ/ ဆောင့်ဆွဲတာ/ ဆိတ်ဆွဲတာ/ လှုပ်ခါရမ်းတာ

❗️ခါးပတ် (သို့) ပစ္စည်းတစ်ခုခုသုံးပြီးရိုက်
နှက်တာ

❗️ဆံပင်ဆွဲတာတွေလည်းပါပါတယ်။

•••••••••••••••••••••••••••••••••••••••

💔 ဘာကြောင့် ကလေးကို မရိုက်သင့်တာလဲ?

ကလေးကို ရိုက်လိုက်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာနာကျင်တဲ့အတွက် ခနတဖြုတ်မှာတော့ ငြိမ်ကောင်းငြိမ်သွားနိုင်ပေမယ့် ရေရှည်မှာဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကတော့ -

🛑ကလေးရဲ့ နုနယ်တဲ့ စိတ်ထဲမှာ ကြောက်စိတ်၊ အားငယ်စိတ်နဲ့ စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ပြီး ကြီးလာတဲ့အထိ 𝐭𝐫𝐚𝐮𝐦𝐚 တွေ၊ စိတ်ဒါဏ်ရာတွေအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။

🛑မိဘနဲ့ကြားကချစ်ခြင်းနဲ့ နွေးထွေးမှုတွေကို လျော့နည်းသွားပြီး ချစ်တဲ့စိတ်ထက် ကြောက်စိတ်ကပိုလွှမ်းမိုးလာပါလိမ့်မယ်။

🛑ကလေးရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု 𝐬𝐞𝐥𝐟 𝐞𝐬𝐭𝐞𝐞𝐦 လည်းကျဆင်းလာပါလိမ့်မယ်။ "ငါဟာ အရိုက်ခံဖို့ ထိုက်တန်တဲ့သူ မကောင်းတဲ့သူ" လို့မှတ်ယူသွားတတ်ပါတယ်။

🛑ကလေးက အမြဲကြောက်စိတ်နဲ့နေထိုင်နေရတဲ့အတွက် ဉာဏ်ရည်ဖွံဖြိုးမှုနဲ့ ကျောင်းစာသင်ယူရတဲ့အပိုင်းတွေမှာ အခက်အခဲလာတတ်ပါတယ်။

🛑 ကလေးကိုယ်တိုင်ကလည်း လူကြီးတွေဆီက ပြဿနာတစ်ခုခုဖြစ်ရင် လက်ရောက်မှုပြုပြီး အကြမ်းဖက်ဖြေရှင်းရတယ်ဆိုတဲ့ အတွေးမျိုး ခေါင်းထဲရောက်သွားနိုင်ပါတယ်။

•••••••••••••••••••••••••••••••••••••••

💔 ရိုက်နှက်စရာမလိုပဲ ကလေးတွေကို ဘယ်လိုဆုံးမကြမလဲ?

ကလေးရဲ့အပြုအမူတိုင်းရဲ့ နောက်ကွယ်မှာ "ဘာကြောင့် ဒီလိုလုပ်ရတာလဲ" ဆိုတဲ့ အကြောင်းပြချက်တစ်ခုခုရှိနေတတ်တာမို့ ကျွန်မတို့က ဒီအကြောင်းရင်းကို နားလည်အောင် အရင်ဆုံးကြိုးစားသင့်ပါတယ်။

✅ မလုပ်နဲ့ လို့ပြောမယ့်အစား ဘာလုပ်ရမလဲဆိုတာကို ပြောပြပေးပါ။

ကလေးတွေကို မလုပ်စေချင်တဲ့အရာတွေရှိရင် "မလုပ်နဲ့" လို့ပြောလေလေ ပိုပြီးလုပ်ချင်ကြလေပါပဲ။ ဖေဖေ မေမေတို့လုပ်စေချင်တဲ့အရာတွေကို အပြုသဘောဆောင်ပြီး ပြောပြပေးပါ။

( ဥပမာ - ချော်မလဲစေချင်လို့ "မပြေးနဲ့နော်! ရိုက်မှာနော်!" လို့ပြောမယ့်အစား "အိမ်ထဲမှာလမ်းပဲလျှောက်ကြရမယ်နော် ညနေကျမှ ခြံထဲမှာ အတူတူ ပြေးဆော့ကြရအောင်" လို့ ပြောကြည့်ပေးပါ။ )

✅ ကလေးရဲ့ ခံစားချက်ကို နားလည်ပေးပါ။

ကလေးက ဒေါသထွက်နေလို့ အော်ဟစ်နေချိန်မှာ ရိုက်လိုက်တာက ပိုပြီးအခြေအနေကိုဆိုးသွားစေပါတယ်။ အဲ့ဒီအစား သူ့ခံစားချက်ကို နားလည်ပေးပါ။

( ဥပမာ - မောင်နှမချင်းရန်ဖြစ်နေရင် "ဘာလို့ရိုက်တာလဲ" ဆိုပြီး ပြန်ရိုက်မယ့်အစား "သမီးက မောင်လေးအရုပ်လုသွားလို့ စိတ်တိုနေတာလား? ဟုတ်တယ်နော် ဒါပေမဲ့ စိတ်တိုတိုင်း ရိုက်လို့မရဘူးလေ ... မေမေ့ကို လာပြောလို့ရတယ်" လို့ ခံစားချက်ကို နားလည်အောင်သင်ပေးပါ။ )

✅ ကလေးရဲ့ကောင်းတဲ့အပြုအမူလေးတွေကို ချီးကျူးပြီး အာရုံစိုက်မှုကိုပေးပါ။

ကလေးတွေ တစ်ခါတလေ ပြောစကားနားမထောင်သလိုလုပ်ပြတာဟာ မိဘ/ လူကြီးရဲ့ အာရုံစိတ်မှု 𝐚𝐭𝐭𝐞𝐧𝐭𝐢𝐨𝐧 ကိုလိုချင်လို့လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူတို့ဆိုးတဲ့အချိန်ကိုပဲ မမြင်ပဲနဲ့ လိမ္မာတဲ့အချိန်လေးတွေကိုလည်း ရွေးပြီးချီးမွမ်းပေးပါ။

( ဥပမာ - ကလေးက ငြိမ်ငြိမ်လေးဆော့နေရင် "သူ့ဟာသူဆော့နေတာပဲ" လို့တွေးပြီးပစ်မထားပဲ "သားလေးက ကိုယ့်ဟာကိုယ်အေးအေးဆေးဆေးဆော့တတ်တာပဲ ... တော်လိုက်တာ မေမေအရမ်းသဘောကျတယ်" လို့ ပြောပြပေးပါ။ )

•••••••••••••••••••••••••••••••••••••••

✨မိဘတွေ/ လူကြီးတွေအနေနဲ့ ဒေါသထွက်လာတဲ့အခါ ဘာလုပ်ရမလဲ?

ကလေးက ပြောမရဖြစ်လာတဲ့အခါ ကျွန်မတို့အနေနဲ့ လူသားဖြစ်လို့ စိတ်တိုလာတတ်တာလည်း သဘာဝပါပဲ။ ဒါပေမဲ့ အဲ့ဒီခနတာ 𝐞𝐦𝐨𝐭𝐢𝐨𝐧 ကို ကိုင်တွယ်တတ်ဖို့ပဲ လိုအပ်ပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ -

✨🤍ကလေးကို လက်မပါခင် စိတ်ကို ခနအေးအေးထားပြီး ၁ ကနေ ၁၀ အထိ ဖြေးဖြေးချင်း ရေတွက်ပါ။ အသက်ကို ပြင်းပြင်းရှူသွင်း ရှူထုတ်ပါ။

✨🤍အရမ်းဒေါသထွက်ရင် ကလေးနားက ခနလေးခွဲထွက်လာပြီး ရေအေးအေးလေး သောက်လိုက်ပါ။ စိတ်အေးသွားမှ ပြန်လာပြီးဘအေးအေးဆေးဆေးပြောပြပါ။

✨ 🤍ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးပါ။ "သားလေး/ သမီးလေးက လူကြီးတစ်ယောက်လို မတွေးနိုင်သေးဘူး။ ကလေးပဲရှိသေးတာ... အခုမှသင်ယူနေတုန်းပဲ" လို့တွေးပေးပါ။

ကလေးပြုစုပျိုးထောင်တယ်ဆိုတာ လွယ်မလိုလိုနဲ့ အရမ်းကို ပညာသားပါပြီး စိတ်ရှည်ရတဲ့အလုပ်ပါ ...

ရိုက်လိုက်လို့ ကြောက်သွားတာဟာ လိမ္မာသွားတာမဟုတ်ပါဘူး ....

ကလေးကို ရိုက်နှက်တာထက် နွေးထွေးတဲ့ မေတ္တာနဲ့ နားလည်ပေးမှုတွေက ရေရှည်မှာ ယုံကြည်မှုနဲ့ ချင်ခြင်းတွေကို တည်ဆောက်ပေးနိုင်မှာဖြစ်ပါတယ် ♥️

✅ ဖေဖေ မေမေတို့ရော မိဘတစ်ယောက်အနေနဲ့ ကလေးကို ပြောဆိုဆုံးမရတဲ့အခါမှာ ဘယ်လိုအခြေအနေတွေက အခက်အခဲဆုံးလဲ? ဆိုတာ 𝐜𝐨𝐦𝐦𝐞𝐧𝐭 မှာပြောပြခဲ့ပါဦး ...

𝐌𝐲𝐚 𝐏𝐡𝐨𝐧𝐞 𝐒𝐢𝐧𝐭
Growth Session Myanmar - Maternal Care & Support

#ခေတ်သစ်မေမေ

ADHD
20/04/2026

ADHD

Address

ဘရိုက်စတားအဲကွန်းပြင်ဆိုင်တောင်ဘက်လမ်းကြား
Kyaukse

Opening Hours

Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959756918197

Website

Alerts

Be the first to know and let us send you an email when Lynn Thit - Learning Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category