16/01/2024
ဒီနေ့ ခြောက်နှစ် ပြည့်ပြီဖြစ်တဲ့ သမီးလေး
#ချစ်စုချေ (ခ) ဆုမြတ်သွန်း
မွေးဖွားရှင်သန်ရာ ဇာတိ ၊
ဖြစ်တည်သတ်မှတ်ရာ လူမျိုး ၊
ကိုးကွယ်ယုံကြည်ရာ ဘာသာ အယူဝါဒ
မတူကွဲကြားမှုကြောင့် ဖြစ်ပေါ်လာတဲ့ အမုန်းမီးလျှံ လောင်မြိုက်ခံရမှုမှ ကင်းလွတ်ပြီး
မေတ္တာတရားလွှမ်းခြုံရာ ကမ္ဘာလောကကြီး အတွက် လူသားဆန်သော လူသားကောင်း တစ်ယောက် အဖြစ် ငြိမ်းချမ်းသာယာသော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါစေ။
'ဘာဘာ' ခေါ်သံအား ကြားယောင်ရင်း
အဝေးကနေ အောက်မေ့လွမ်းဆွတ်လျက်