BEHS - B, Kyaukka.

BEHS - B, Kyaukka. အနာဂတ် လောကကိုအလှဆင်ဖို့ တတ်အောင်သင်၊တော်အောင်လုပ်ဖို့ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တဲ့အကျင့်တွေ ဝေမျှ Students

အပူဒဏ်အန္တရာယ်မှ ကာကွယ်ရန် (ဧပြီလ၊ ၂၀၂၄ ခုနှစ်)၁။ ရေ သို့မဟုတ် အရည်များများ သောက်ပါ။၂။ အပူရှိန် အလွန်မြင့်မားသည့် အချိန်...
04/04/2024

အပူဒဏ်အန္တရာယ်မှ ကာကွယ်ရန် (ဧပြီလ၊ ၂၀၂၄ ခုနှစ်)

၁။ ရေ သို့မဟုတ် အရည်များများ သောက်ပါ။
၂။ အပူရှိန် အလွန်မြင့်မားသည့် အချိန်များတွင် အပြင်မထွက်ပါနှင့်။
၃။ မိတ်ဆွေများနှင့် အိမ်နီးနားချင်းများကို ကူညီစောင့်ရှောက်ပါ။
၄။ အရိပ်ရ၊ အေးမြ၍ လေဝင်လေထွက်ကောင်းသော နေရာများတွင် နားနေပါ။
၅။ ကလေးများနှင့် အိမ်မွေးတိရစ္ဆာန်များကို အလုံပိတ်ကားအတွင်း မထားခဲ့ရ။

၆။ မဖြစ်မနေ အပြင်ထွက်ရမည်ဆိုပါက

ထီး သို့မဟုတ် ဦးထုပ် ဆောင်းပါ။
နေလောင်ခံ လိမ်းဆေး (SPF 15 နှင့်အထက်) လိမ်းပါ။
ပေါ့ပါး၍ အရောင်ဖျော့ပြီး ပွချောင်သော အဝတ်အစားများကို ဝတ်ဆင်ပါ။
သောက်ရေ ဆောင်သွားပါ။
အရိပ်အောက်တွင် မကြာခဏ အနားယူပါ။

၇။ မွေးကင်းစများ၊ ကလေးငယ်များ၊ အသက်ကြီးရင့်သူများနှင့် ရောဂါအခံရှိသူများသည် အပူဒဏ်ကို ပိုမိုခံစားရနိုင်သည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Reference: https://www. cdc. gov/orr/infographics/ast-heat.htm
-----------------------

အပူဒဏ်အန္တရာယ်နှင့်ပတ်သက်သမျှ ကျန်းမာရေးအသိပညာများကို တစ်စုတစ်စည်းတည်း လေ့လာနိုင်ရန်-

https://www.facebook.com/MoHNUGMyanmar/posts/801192302059549

#အပူဒဏ် #အပူ

Credit: Ministry of Health, National Unity Government of MyanmarMinistry of Health, National Unity Government of Myanmar

ပညာတတ်ဖြစ်အောင် လေ့လာသင်ယူနိုင်ဖို့ မိဘနှင့်ဆရာ၊ ဆရာမများသည် တာဝန်အရှိဆုံး။🔢🔢🔢🔢🔢🔢🔢🔢🔢🔢🔢🔢🔢   လက်ဦးဆရာများဖြစ်ကြတဲ့ မိနဲ့ဘ...
18/11/2023

ပညာတတ်ဖြစ်အောင် လေ့လာသင်ယူနိုင်ဖို့ မိဘနှင့်ဆရာ၊ ဆရာမများသည် တာဝန်အရှိဆုံး။
🔢🔢🔢🔢🔢🔢🔢🔢🔢🔢🔢🔢🔢
လက်ဦးဆရာများဖြစ်ကြတဲ့ မိနဲ့ဘကလည်း ကိုယ့်ကလေးတွေကို ကောင်းတာလေးတွေ၊ သိသင့်၊ တတ်သင့်တဲ့ ပညာရပ်တွေကို မိမိတို့သိသလောက် တတ်သလောက် သင်ပေး ဝေမျှပေးကြပါ။
အရွယ်ရောက်လာတဲ့ ကျောင်းနေအရွယ်ကလေးတွေကို ကျောင်းသင်ပညာ မသင်ဖြစ်ပါက ဒေသနဲ့ကိုက်ညီတဲ့ ပြင်ပ ပညာရပ်တွေကို သင်ပေးကြဖို့ မမေ့ကြပါနဲ့။
ကျောင်းကသင်တာက အတန်းပညာ၊ ဒေသမှာ အသုံးပြုလို့ရတဲ့ ဒေသသုံး ဘဝရပ်တည်နိုင်တဲ့ အတတ်ပညာ၊ အသိပညာတွေကလည်း အရေးကြီးပါကြောင်း နားလည် သဘောပေါက်အောင်ရှင်းပြ ပြောပြရမယ်နော်။
တကယ်လို့ ကိုယ့်သား သမီး၊ ကိုယ်တပည့်တွေ မတော်တာဟာ ဘယ်သူ့ကြောင့်မှမဟုတ်ဘူး ကိုယ့်ကြောင့်လို့သာမှတ်။

🖋Credit: မူလတင်သူ

17/11/2023

As for me, All know is that I know nothing.
✏Socrates

17/11/2023

သင်သည် ပန်းတိုင်သို့ မရောက်မီအတွင်း၌ လေ့လာခြင်းကိုပြုရမည်ဖြစ်သကဲ့သို့ ပန်းတိုင်မှ လွဲချော်သွားလျှင်လည်း လေ့လာခြင်းကို ပြုရပေမည်။
✏ကွန်ဖြူးရှပ်

17/11/2023

Learn as if you were not reaching your, goal, and as thought you were missing.
✏CONFUCIUS

08/11/2022

ပံ့သကူ........

ပံ့သကူက
ဘယ်သူလှူတာမသိကြပါဘူး။

ဘဝတွေ
အသက်တွေ
အချိန်တွေ...ပံ့သကူပစ်
လှူဖြစ်သမျှ...
ခေတ်ကကောက်ယူရရှိနိုင်ပါစေ။

ပေးဝေသူတွေကိုကဗျည်းမထိုး
ခေတ်အကျိုးရှိဖို့သာရည်စူးသည်။

မောင်စိန်ဝင်း(ပုတီးကုန်း)
8/11/22

17/04/2022
17/04/2022

နှစ်သစ်မှာ ကပ်ရောဂါဘေးအပေါင်းမှ ကင်းဝေးကြပါစေ🙏

May Mi Ko Ko
💄Zaw Xlyan Shein

17/04/2022

အရင်လို ယောကျာ်းမဆန်တော့ဘူးနော် ဘေဘီတို့
🤪 Mi Phoo

17/04/2022
17/04/2022

သင်္ကြန်ကာလ ကန်ပိန်းအဖြစ် အမျိုးသမီးစစ်သည် တော် တပ်ရင်း (မြောင်) အတွက် ကျည်ဖိုး ၊ မြေမြှပ် မိုင်းဖိုး အလှူခံတာ မြန်မာငွေ သိန်း သုံးရာကျော် (36,120,000) အလှူခံ ရရှိခဲ့ပါတယ်။

တတ်အားသ၍ ပါဝင်ပေးကြတဲ့ တဦးတယောက်ချင််းစီ ကို ကျေးဇူးတင်ပါတယ်။

#အရေးတော်ပုံအောင်ရမည်
#တော်လှန်သင်္ကြန်ပွဲ

ကူညီစီမံခန့်ခွဲပေးတဲ့ Taw Hlan Bees - တော်လှန်ပျားများ ကိုလည်း ကျေးဇူးတင်ပါတယ်။

Myaung Women Warriors

Address

Kyaukka

Website

Alerts

Be the first to know and let us send you an email when BEHS - B, Kyaukka. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category