Young Learners Training by Tr. Lae Mon

Young Learners Training by Tr. Lae Mon Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Young Learners Training by Tr. Lae Mon, Education Website, Theik Pan Road, Ywathit Quarter, Kyangin.

📚 Oxford Phonics Level (5) – Batch (1)🎉 အတန်းပြန်လည်ဖွင့်လှစ်ပါပြီ!Oxford Phonics Level (4) ပြီးမြောက်ထားသော သားသား၊ မီး...
07/08/2026

📚 Oxford Phonics Level (5) – Batch (1)

🎉 အတန်းပြန်လည်ဖွင့်လှစ်ပါပြီ!

Oxford Phonics Level (4) ပြီးမြောက်ထားသော သားသား၊ မီးမီးများအတွက် Level (5) – Batch (1) အတန်းသစ်ကို စတင်လက်ခံနေပါပြီ။ 🌟

✨ သင်ကြားပေးမည့်အကြောင်းအရာများ

📖 Longer & More Complex Reading Passages
🔤 Advanced Phonics Patterns
📝 Reading Comprehension Skills
✍️ Spelling & Dictation Practice
💬 Pronunciation & Speaking Confidence
🎲 Interactive Games & Fun Activities

🌈 သင်တန်းပြီးဆုံးချိန်တွင်

✅ စာပိုဒ်များကို ယုံကြည်မှုရှိစွာ ဖတ်နိုင်လာမည်။
✅ Reading Comprehension ပိုမိုကောင်းမွန်လာမည်။
✅ Pronunciation နှင့် Fluency တိုးတက်လာမည်။
✅ Spelling Skills ပိုမိုခိုင်မာလာမည်။
✅ အင်္ဂလိပ်စာကို ယုံကြည်မှုရှိစွာ အသုံးပြုနိုင်ရန် အခြေခံကောင်းတစ်ခု တည်ဆောက်နိုင်မည်။

👩‍🏫 Young Learners Training by Tr. Lae Mon

📩 အသေးစိတ်အချက်အလက်များနှင့် သင်တန်းအပ်နှံရန် Messenger မှတစ်ဆင့်သော်လည်းကောင်း 📞09422506644 သို့သော်လည်းကောင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။

🌟 Level Up Your Reading Skills!
📌 Seats are Limited – Register Now!

With Love 💕
Tr.Lae Mon
Young Learners Training
Kyangin

With

📚 Oxford Phonics Level 1 – Batch 3 (New Class) 📚🎉 Oxford Phonics Level 1 Batch 3 ကို အတန်းသစ်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။...
29/07/2026

📚 Oxford Phonics Level 1 – Batch 3 (New Class) 📚

🎉 Oxford Phonics Level 1 Batch 3 ကို အတန်းသစ်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

🌟 ဒီအတန်းမှာ ကလေးတွေကို
✅ Letter Sounds
✅ Blending (အသံပေါင်းဖတ်ခြင်း)
✅ Simple Words Reading
✅ Vocabulary
✅ Reading Practice
✅ Writing Practice
တွေကို အဆင့်လိုက် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

💖 ကလေးတိုင်း ဖတ်နိုင်၊ အသံထွက်မှန်နိုင်ပြီး English Reading ကို ယုံကြည်မှုရှိရှိ စတင်နိုင်ဖို့ ရည်ရွယ်ထားတဲ့ အတန်းလေးပါ။

👧👦 သင့်တော်သော အသက်အရွယ်
• Kindergarten
• Grade 1
• English Reading ကို အခြေခံမှ စတင်လိုသော ကလေးများ

📅 Batch 3 – Enrollment Open Now!
📩 အသေးစိတ်သိရှိလိုပါက Page Chat Box မှာ စာပို့မေးမြန်းနိုင်သလို….
📞09422506644 ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🗓️သင်တန်းရက်ကို အစိုးရကျောင်းပိတ်ရက် တွေမှာ အချိန်ယူဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။

✨ “A strong phonics foundation builds confident readers.” ✨

With Love 💕
Tr.Lae Mon
Young Learners Training
Oxford Phonics Class
Level (1)
Batch (3)
Kyangin

"Might" နဲ့ "Maybe" အကြောင်းမြန်မာလို ပြန်လိုက်ရင် နှစ်ခုလုံးက "ဖြစ်ကောင်းဖြစ်မယ် / ဖြစ်နိုင်တယ်" ဆိုတော့ တော်တော်များမျ...
22/07/2026

"Might" နဲ့ "Maybe" အကြောင်း

မြန်မာလို ပြန်လိုက်ရင် နှစ်ခုလုံးက "ဖြစ်ကောင်းဖြစ်မယ် / ဖြစ်နိုင်တယ်" ဆိုတော့ တော်တော်များများက ရောထွေးကုန်ကြတာ ဆန်းတော့မဆန်းပါဘူး။

၁။ Maybe (ရှေ့ဆုံးက နေတတ်သူ)

ပထမဆုံး Maybe (တစ်လုံးတည်းပေါင်းရေးတာနော်) ကို ကြည့်ရအောင်။ သူက Adverb (ကြိယာဝိသေသန) ဖြစ်တယ်။

လွယ်လွယ်မှတ်မယ်ဆိုရင် သူက စာကြောင်းတစ်ကြောင်းရဲ့ "ရှေ့ဆုံး" မှာ နေလေ့ရှိတယ်။

သူ့ကို မြန်မာလို "အကယ်၍များ၊ ဖြစ်ကောင်းဖြစ်နိုင်တာက" လို့ မှတ်လိုက်ရင် ပိုမြင်သာတယ်။

Maybe it will rain tomorrow.
(မနက်ဖြန် မိုးရွာကောင်း ရွာလိမ့်မယ်။)

Maybe she is angry. (
သူမ စိတ်ဆိုးနေတာ ဖြစ်ကောင်းဖြစ်မယ်။)

ဒီနေရာမှာ Maybe က ရှေ့ဆုံးမှာ ခေါင်းဆောင်လုပ်ပြီး နေသွားတာ

၂။ Might (ကြားညှပ်ပြီး နေတတ်သူ)

Might ကျတော့ Modal Verb (အကူကိရိယာ) ဖြစ်သွားပြီ။ ဆိုတော့ သူက သူ့တစ်ယောက်တည်း ရှေ့ဆုံးမှာ နေလို့မရဘူး။ Subject (ကတ္တား) နဲ့ Verb (ကိရိယာ) ကြားထဲမှာ ဋဍဝင်နေရတယ်။

It might rain tomorrow.
(မနက်ဖြန် မိုးရွာကောင်း ရွာလိမ့်မယ်။)

She might be angry.
(သူမ စိတ်ဆိုးနေတာ ဖြစ်ကောင်းဖြစ်မယ်။)

ယှဉ်ကြည့်ရအောင်ပါ။

(A) Maybe he will come. (Maybe က ရှေ့ဆုံးမှာ)

(B) He might come. (Might က He နဲ့ come ကြားထဲမှာ)

အဓိပ္ပါယ်က အတူတူပဲနော်။ နေရာထားပုံပဲ ကွာသွားတာ။

၃။ သတိထားစရာ "May be" ပြဿနာ

နောက်တစ်ခု အမြဲမှားတာတစ်ခု ရှိသေးတယ်။ အဲဒါက Maybe (တစ်လုံးတည်း) နဲ့ May be (နှစ်လုံးခွဲ) ရေးတာ။

စာကြောင်းအလယ်မှာ သုံးချင်ရင် "Might be" ဒါမှမဟုတ် "May be" (ခွဲရေး) ကို သုံးရတယ်။

He maybe a doctor. (ဒါဆို မှားတယ်။ စာကြောင်းအလယ်မှာ Adverb ဝင်နေလို့။)

He might be a doctor. (ဒါ မှန်တယ်။)

He may be a doctor. (ဒါလည်း မှန်တယ်။)

အနှစ်ချုပ် မှတ်သားမယ်ဆိုရင် လွယ်လွယ်လေးပဲ ပြန်မှတ်ကြမယ်။

၁။ စာကြောင်းအစမှာ "ဖြစ်ကောင်းဖြစ်မယ်" လို့ ပြောချင်ရင် Maybe ကို သုံး။ (ဥပမာ - Maybe I will go.) ၂။ Subject (I, You, He, She) တို့နဲ့သုံးမယ်ဆိုရင် might ကိုသုံးမယ်။ ( I might go.)

Grammar for English
Young Learners Training
Tr. Lae Mon
Kyangin

ကိုယ့်ကျောင်းသားတွေအတွက် လုပ်ပေးဖြစ်တာလေး Kg Test Myanmar သားသားမီးမီးတို့အတွက် အဆင်ပြေမယ်ဆို ယူသုံးလို့ရပါတယ်နော်With L...
28/01/2026

ကိုယ့်ကျောင်းသားတွေအတွက် လုပ်ပေးဖြစ်တာလေး
Kg Test
Myanmar

သားသားမီးမီးတို့အတွက် အဆင်ပြေမယ်ဆို ယူသုံးလို့ရပါတယ်နော်

With Love 💕
Tr. Lae Mon

reading skill ကောင်းစေဖို့သားသားမီးမီးတို့ကို နည်းနည်းချင်းကနေ စဖတ်ခိုင်းကြည့်ပါWith Love 💕 Tr. Lae Mon
09/12/2025

reading skill ကောင်းစေဖို့
သားသားမီးမီးတို့ကို
နည်းနည်းချင်းကနေ စဖတ်ခိုင်းကြည့်ပါ

With Love 💕
Tr. Lae Mon

အမေး။  ။ Phonics သင်ထားတဲ့ကလေးနဲ့ မသင်ထားတဲ့ကလေး ဘာကွာနိုင်မလဲ။အဖြေ။   ။ အသံပိုင်းဆိုင်ရာသိမှု ပိုင်းမှာ အဓိက ကွာသွားနို...
24/11/2025

အမေး။ ။ Phonics သင်ထားတဲ့ကလေးနဲ့ မသင်ထားတဲ့ကလေး ဘာကွာနိုင်မလဲ။

အဖြေ။ ။ အသံပိုင်းဆိုင်ရာသိမှု ပိုင်းမှာ အဓိက ကွာသွားနိုင်မယ်လို့ ထင်ပါတယ်။ သေချာလေး ရွေးထုတ်ရေးပြရရင်

Phonics သင်ထားတဲ့ကလေးဟာ

၁။ စကားလုံးထဲက အဆင်အကွက်‌ေတွကို မြင်တတ်တယ်။ clock ဆိုတာကို cl+o+ck လို့ ပိုင်းခြားခွဲစိတ်မြင်တာမျိုး။ ဒီအဆင်အကွက်အမြင်ကပဲ ခန့်မှန်း စာဖတ်နိုင်ခြင်းကို ဖြစ်စေတာပါ။ (ပုံကြည့် ခန့်မှန်းခြင်း မဟုတ်)

၂။ bike ကို Phonics မသင်ထားတဲ့ကလေးက letter လေးခု၊ တသံပဲ ထွက်တယ်လို့ သိပါတယ်။ ဒါကိုပဲ Phonics Knowledge ရှိပိး ကလေးက letter လေးခု၊ b,i-e,k အသံ သုံးသံ၊ ဝဏ္ဏ တသံ ရယ်လို့ သိနေမှာမျိုး ဖြစ်ပါတယ်။

၃။ Rhyme ကို သူများထက် ပိုသိခြင်း။
CVC လောက်ကို စသင်ရတဲ့အရွယ်ကတည်းက rhyme ကာရန် တနည်း အဆုံးသတ်သံကို သင်ယူရလေ့လာရတာဖြစ်ပါတယ်။ Rhymeနဲ့ပတ်သက်ပီး သူများထက်ပို‌သိတာက igh,ie,yက အသံတူမှန်းသိနေတာ။ high,pie,spy က ကာရန်တူမှန်း အထွေအထူးပြောစရာမလိုတော့။

၄။ ‌အခုနောက်ဆုံးတခုကတော့ Alphabetic principle အက္ခရာ စည်းမျဉ်းကို ကာလတိုအတွင်း မြန်မြန် ရသွား၊အသုံးချနိုင်သွားတာပဲဖြစ်ပါတယ်။ ဒိ AP ကို ကျန်တဲ့ မသင်ဖူးတဲ့ ကလေးတွေလဲ အချိန်တခုအရောက်မှာ ရသွားကြမှာဖြစ်ပေမယ့် အတော်လေး ပိုကြာနိုင်ပါ
တယ်။

With Love
Tr. Lae Mon

Level အသစ်တက်တော့မယ့်သားသားမီးမီးတွေ With Love 💕 Tr. Lae Mon Young Learners Training Kyangin Oxford Phonics Class
16/11/2025

Level အသစ်တက်တော့မယ့်
သားသားမီးမီးတွေ

With Love 💕
Tr. Lae Mon
Young Learners Training
Kyangin
Oxford Phonics Class

06/11/2025

သားသမီးများရဲ့ နောင်ရေးအတွက် အင်္ဂလိပ်စာတစ်ခုတည်းနဲ့ ပတ်သက်လို့ ပြောချင်တာက ....

မိဘများ မိမိတို့ရဲ့ သားသမီးများကို အင်္ဂလိပ်စာနဲ့ ပတ်သက်လို့ ရည်မှန်းချက်ကြီးရင် စောစောစပေးပါ။

ဆယ်ကျော်သက်အရွယ်ကတည်းက English ကို four skills အားလုံးကို တဆင့်ပြီး တဆင့်တက်ကာ advanced level ထိရောက်နေအောင် လေ့လာထားပါစေ။ တက်သင့်တဲ့ သင်တန်းတွေ တက်နိုင်ရင် အဆင့်ဆင့်တက်ပါ။ စာမေးပွဲတွေ ဝင်ဖြေပါ။ မတက်နိုင်ရင် မိဘက ကြီးကြပ်ပြီး self-study လုပ်ခိုင်းပါ။

အထက်တန်းကျောင်းသားအရွယ်ကျော်လာရင် academic writing, presentation skills တို့ကို တတ်ကျွမ်းအောင် အားထုတ်ပါစေ။

academia ထဲမှာ ကျင်လည်ချင်သူအတွက် language skill လေးခုစလုံးဟာ တန်းတူအရေးကြီးကြပါတယ်။

အဲဒီလို အချိန်ပေး စနစ်တကျ ပြင်ဆင်ထားသူဟာ first degree ပြီးလို့ ပြည်ပ ကြိုက်တဲ့နိုင်ငံမှာ Master, PhD ဆက်လုပ်ဖို့၊ scholarship ရှာဖို့၊ international community မှာ နေထိုင် အလုပ်လုပ်ကိုင်ဖို့၊ စသည်စသည်တို့အတွက် ကိုယ့်ရဲ့ command of the language ကြောင့် အလွယ်တကူ assimilate လုပ်နိုင်ကြောင်း ကိုယ့်မျက်စိရှေ့မှ ကျောင်းသားများရဲ့ အတွေ့အကြုံကို ပြန်ပြောပြလိုက်ပါတယ်။ ဘယ်သွားသွား အင်္ဂလိပ်စာကောင်းတဲ့ကျောင်းသားဟာ မျက်နှာပွင့်တယ်။ အခွင့်အလမ်းတွေ များစွာ ပွင့်လာပါတယ်။

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

With Love 💕
Tr. Lae Mon

Online & offline အတန်းအားလုံးပိတ်ပါတယ်နော် 🏮ပျော်ရွှင်စရာ သီတင်းကျွတ် ဖြစ်ပါစေ 🏮With Love 💕 Tr. Lae Mon
03/10/2025

Online & offline အတန်းအားလုံးပိတ်ပါတယ်နော်

🏮ပျော်ရွှင်စရာ သီတင်းကျွတ် ဖြစ်ပါစေ 🏮

With Love 💕
Tr. Lae Mon

30/09/2025

သံပြိုင်ဆို 🫶🏼

With Love 💕
Tr. Lae Mon
Oxford Phonics Class
Level (4)

Address

Theik Pan Road, Ywathit Quarter
Kyangin

Website

Alerts

Be the first to know and let us send you an email when Young Learners Training by Tr. Lae Mon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share