HEIN Japanese Language Center - Kyaikhto

HEIN Japanese Language Center - Kyaikhto Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HEIN Japanese Language Center - Kyaikhto, Education, No. 5, Phaya Street, Kankaw ward, Kyaikhto.

ဂျပန်စာသင်ယူနေသောကျောင်းသူ ကျောင်းသားအားလုံး မဂ်လာပါ...ကျွန်တော် ဂျပန်ဆရာဟိန်းခန့် ပါ...အခက်အခဲမျိုးစုံကို ကျော်လွှားပြီ...
06/10/2022

ဂျပန်စာသင်ယူနေသော
ကျောင်းသူ ကျောင်းသားအားလုံး မဂ်လာပါ...

ကျွန်တော် ဂျပန်ဆရာဟိန်းခန့် ပါ...

အခက်အခဲမျိုးစုံကို ကျော်လွှားပြီး ဂျပန်နိုင်ငံကြီးကို ဆရာကိုယ်တိုင် ​ပြန်လည်ရောက်ရှိနေပါပြီ...

လောလောဆယ်
ဂျပန်နိုင်ငံ အလုပ်အကိုင်တွေနဲ့
ပါတ်သက်ပြီး မေးမြန်းစရာ၊တိုင်ပင်စရာ ရှိရင်
မေးမြန်နိူင်ပါတယ်...ခင်ဗျ............................................
日本語を学んでる、学生達
おはようございます〜
私は日本語教師のヘインカントです、
様々な困難を乗り越えて、自分は日本へ戻って来ました…
現在
日本の御仕事について
聞きたい事があったら、是非
連絡して、相談してください…
皆様のお国のミャンマー
思い出してる…

14/08/2021

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့တွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ(JLPT) အတွက် ကြေညာခြင်း။
----------------------------------------------------------------------------------------------------------------
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက်နေ့(တနင်္ဂနွေနေ့) တွင် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ (JLPT) အား အောက်ဖော်ပြပါအတိုင်း ရန်ကုန်နှင့် မန္တလေးတို့တွင် ကျင်းပမည်ဖြစ်ပါသည်။

Covid-19 ရောဂါဖြစ်ပွားမှု မြင့်တက်နေချိန်ဖြစ်ပါသောကြောင့် ဖြေဆိုသူဦးရေ အနည်းငယ်ဖြင့် N3 နှင့် N4 ကိုသာ ကျင်းပပြုလုပ်သွားနိုင်မည်ဖြစ်ပြီး၊ လူအချင်းချင်းထိတွေ့မှု မရှိစေရန် အွန်လိုင်းမှသာ လျှောက်လွှာများကို လက်ခံသွားမည် ဖြစ်ကြောင်းဦးစွာ အသိပေးအပ်ပါသည်။ အခက်အခဲများအကြားတွင် ကျင်းပပြုလုပ်ရန် စီစဉ်ရသည် ဖြစ်ပါသောကြောင့် အပြောင်းအလဲများအပေါ် နားလည်သဘောပေါက် လက်ခံပေးပါရန်နှင့် အလုပ်အကိုင်အတွက်စသည့် စာမေးပွဲအောင်မြင်ရန် လိုအပ်ချက် ရှိသူများသာ လျှောက်ထားကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

စာမေးပွဲဝင်ရောက် ဖြေဆိုမည့်သူများမှာ အောက်ပါ အချက်အလက်များကိုလေ့လာပြီး လျှောက်ထား နိုင်ပါသည်။

၁။ စာမေးပွဲကျင်းပမည့်နေ့ရက်
ဒီဇင်ဘာလ ၅ရက်နေ့ (တနင်္ဂနွေနေ့)

၂။ ကျင်းပမည့် စာမေးပွဲအဆင့်၊ နေရာနှင့် အရေအတွက်
ကျင်းပမည့် စာမေးပွဲအဆင့် - N4 နှင့် N3
ရန်ကုန်မြို့ - N4 ၁၅၀၀ ဦး၊ N3 ၅၀၀ ဦး
မန္တလေးမြို့- N4 ၆၀၀ ဦး၊ N3 ၁၀၀ ဦး

၃။ စာမေးပွဲကြေး
စာမေးပွဲကြေး (N4, N3) - ၄၀,၀၀၀ကျပ်
လျှောက်လွှာကြေး - ၄,၀၀၀ကျပ်
စုစုပေါင်း - ၄၄,၀၀၀ကျပ်

Covid-19 ရောဂါကူးစက်မှု ကာကွယ်ရေးအစီအစဉ်များနှင့် အညီကျင်းပရသည် ဖြစ်ပါသောကြောင့် စာမေးပွဲကြေးများကို ပြောင်းလဲသတ်မှတ်ရသည် ကို နားလည်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ Covid-19 ရောဂါကူးစက်မှုအခြေအနေနှင့် အခြားသော အကြောင်းအရင်းများကြောင့် စာမေးပွဲပြုလုပ်ကျင်းပနိုင်ခြင်း မရှိပါက စာမေးပွဲကြေးအား ပြန်လည် ပေးအပ်သွားမည် ဖြစ်သော်လည်း၊ လျှောက်လွှာကြေးအား ပြန်လည်ထုတ်ပေးမည် မဟုတ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။ လျှောက်လွှာကြေးသည် လျှောက်လွှာလက်ခံစီစဉ်ဆောင်ရွက်ခြင်းအတွက် ကုန်ကျသောစရိတ် ဖြစ်ပါသည်။

၄။ စာမေးပွဲဖြေဆိုခွင့် လျှောက်ထားနည်း

Online မှ တဆင့် လျှောက်ထားရမည် ဖြစ်ပြီး၊ စတင်လျှောက်ထားနိုင်သည့် သြဂုတ်လ (၂၀) ရက်နေ့ တွင် URL Address နှင့် လျှောက်ထားခြင်းလမ်းညွှန်ကို ကြေငြာသွားမည် ဖြစ်ပါသည်။ လျှောက်လွှာများ တပြိုင်နက်တည်း ပေးပို့ခြင်းကြောင့် System Error ဖြစ်ပေါ်ခြင်းကို ကာကွယ်ရန် ကြိုတင်ကြေငြာပေးနိုင်ခြင်း မရှိမှုအား နားလည်သဘောပေါက် ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

လျှောက်လွှာတင်ရန် အောက်ဖော်ပြပါ စာမေးပွဲလမ်းညွှန်အား ဖတ်ရှုပြီး၊ Application Form အတွက် လိုအပ်သည့် အချက်အလက်များကို ပြင်ဆင်ထားရန်နှင့် လျှောက်လွှာပြင်ဆင်ရာတွင် ကွန်ပျူတာအသုံးပြုရန် လိုအပ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

၂၀၂၁ခုနှစ် ဒီဇင်ဘာလ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲလမ်းညွှန်
https://ascoja-maja.org.mm/upload/pdf/JLPT_Test_Guide_2021B.pdf
How to Fill in the Application Form (အထက်ပါ စာမေးပွဲလမ်းညွှန် Page 21-30)

၅။ လျှောက်လွှာလက်ခံမည့်ကာလ
သြဂုတ်လ (၂၀) ရက် မှ စက်တင်ဘာလ (၃) ရက်အတွင်း
သတ်မှတ်အရေအတွက် ပြည့်သည်နှင့် လျှောက်လွှာလက်ခံခြင်းကို ရပ်ဆိုင်းမည် ဖြစ်ပါသည်။

၆။ စာမေးပွဲကြေး ပေးသွင်းခြင်း
Online မှ တဆင့် လျှောက်ထားသည့် လျှောက်လွှာများအား စိစစ်ပြီး၊ အချက်အလက်ပြည့်စုံသည့် လျှောက်ထားသူများအား ငွေသွင်းရန် Invoice Number အား ပေးပို့သွားပါမည်။ KBZ Quick Pay (K Pay, KBZ iBanking, KBZ Bank, Agent) မှ ပေးသွင်းရမည် ဖြစ်ပြီး၊ Invoice Number နှင့် အတူ ငွေပေးသွင်းခြင်းလမ်းညွှန်အား ပေးပို့ပေးသွားပါမည်။ ငွေပေးသွင်းပြီးသည့် လျှောက်ထားသူများအား Test Voucher (စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား) ကို Viber မှ ပေးပို့ပေးသွားပါမည်။ (စာမေးပွဲဖြေဆိုသည့် နေ့တွင် ယင်း Soft Copy နှင့် ID Card မူရင်းအား ပြသကာ Test Voucher မူရင်းအား ထုတ်ယူရမည် ဖြစ်ပါသည်။)

၇။ စုံစမ်းမေးမြန်းခြင်း
လျှောက်လွှာတင်ခြင်းနှင့်ပတ်သက်၍စုံစမ်းမေးမြန်းလိုပါက
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)
ဖုန်း။ 09-9627 51373, 09-6922 88751
ဖုန်းလက်ခံဖြေကြားချိန်။ တနင်္လာနေ့ မှ စနေနေ့ (နံနက် ၉း၃၀ မှ ၁၂း၀၀၊ နေ့လယ် ၁း၀၀ မှ ၄း၃၀)။

ငါတို့ အားလုံးရဲ့ အမေ...ကျန်းမာပါစေ...အမေဝမ်းသာပါစေ...အမေချမ်းသာပါစေ...အမေ
19/06/2021

ငါတို့ အားလုံးရဲ့ အမေ...
ကျန်းမာပါစေ...အမေ
ဝမ်းသာပါစေ...အမေ
ချမ်းသာပါစေ...အမေ

မဂႅလာပါရှင့်သင်တန်းသစ် မဖွင့်သေဘူးလားမေးနေတဲ့ မောင်လေး / ညီမလေးများအတွက်  သင်တန်းသစ်ဖွင့်ပါပီရှင့်N-5 အတန်းသစ်📋📋 29 . 6 ...
17/06/2021

မဂႅလာပါရှင့်
သင်တန်းသစ် မဖွင့်သေဘူးလားမေးနေတဲ့ မောင်လေး / ညီမလေးများအတွက် သင်တန်းသစ်ဖွင့်ပါပီရှင့်

N-5 အတန်းသစ်

📋📋 29 . 6 .2021

⌚⌚ 2:30 - 4:30

( တနလႅာနေ့ - ကြာသပတေးနေ့ )

သင်တန်းကြေး - 120000 ကျပ်
စာရွက်စာတန်းကြေး အပါအဝင်📄📄

မောင်လေး / ညီမလေးတို့ သင်တန်းတက်ဖို့ အစဥ်သင့်ဖြစ်နေပီဆိုရင် အမတို့ကျောင်းကို လှမ်းလာခဲ့နော် 🏠🏠🏠🏠
🚶🚶🚶🚶🚶

အမှတ် ( ၅ ) ကျိုက်ပေါလော မှဲ့ရှင်ဘုရားလမ်း ၊ ကံ့ကော်ရပ်ကွက် ၊ ကျိုက်ထိုမြို့ ။

📞📞📞 09. 779809500

မဂႅလာပါမောင်လေး / ညီမလေးတို့‌ရှင့်N4 သင်ကြားထားပီးသောသူများစာမေးပွဲဖြေဆိုချင်သူများအတွက် ဖောင်တင်လို့ရပါပီနော်လိုအပ်ချက်...
06/06/2021

မဂႅလာပါမောင်လေး / ညီမလေးတို့‌ရှင့်
N4 သင်ကြားထားပီးသောသူများစာမေးပွဲဖြေဆိုချင်သူများအတွက် ဖောင်တင်လို့ရပါပီနော်

လိုအပ်ချက်များ

၁ .အမည်

၂ . မွေးသက္ကရာဇ်

၃. မှတ်ပုံတင်အမှတ်

၄. အဖအမည်

၅. လက်ရှိနေရပ်လိပ်စာ

၆. ဖုံးနံပါတ်

အားလုံးအဆင်ပြေကြပါစေရှင့်

ယခုလိုကာလမှာအင်တာဗျူးလျှောက်လွှာတွေကို ခက်ခက်ခဲခဲနဲ့ တင်ပေးခဲ့တဲ့ ကျွန်မတို့ကျောင်းမှဆရာ ဆရာမတွေကို ဆရာ့ကိုယ်စားကျေးဇူးအ...
05/06/2021

ယခုလိုကာလမှာ
အင်တာဗျူးလျှောက်လွှာတွေကို
ခက်ခက်ခဲခဲနဲ့ တင်ပေးခဲ့တဲ့
ကျွန်မတို့ကျောင်းမှ
ဆရာ ဆရာမတွေကို
ဆရာ့ကိုယ်စားကျေးဇူးအထူးတင်ရှိပါတယ် ရှင့်...

31/05/2021

အားလုံးမဂႅလာပါ

သင်တန်း မဖွင့်သေးဘူးလားမေးနေတဲ့ မောင်လေး / ညီမလေးတွေအတွက် သင်တန်းကို (1. 6. 2021) ရက်နေ့စဖွင့်ပါပီနော်

သင်တန်းအသစ်လေးလည်းလာပီနော်
N5 - အတန်းသစ်

Class-A (5 . 6 . 2021)

⌚⌚ 9:00 - 12:00

(စနေ - တနဂ်နွေ)

သင်တန်းကြေး - 120000 ကျပ်
စာရွက်စာတန်းကြေးအပါအဝင်
🏢🏢🚶🚶🏃

N4 - အတန်းသစ်

Class- B ( 5 . 6. 2021)

⌚⌚ 1:00 - 4:00

(စနေ - တနဂႅနွေ )

သင်တန်းကြေး - 150000 ကျပ်
စာရွက်စာတန်ကြေး အပါအဝင်

🏢🏢 🚶🚶🏃

အမှတ်( ၅ ) ကျိုက်ပေါလောမှဲ့ရှင်ဘုရားလမ်း ၊ ကံ့ကော်ရပ်ကွက် ၊ကျ်ိုက်ထိုမြို့။

📞📞09779809500

တိုင်းပြည်အခြေအနေမကောင်းတဲ့အတွက် မြန်မာပြည်ကို ပြန်ဖို့အဆင်မပြေလို့ဂျပန်မှာဆက်နေချင်တဲ့မြန်မာနိုင်ငံသားအတွက် ဂျပန်လဝကမှ ...
30/05/2021

တိုင်းပြည်အခြေအနေမကောင်းတဲ့အတွက် မြန်မာပြည်ကို ပြန်ဖို့အဆင်မပြေလို့ဂျပန်မှာဆက်နေချင်တဲ့မြန်မာနိုင်ငံသားအတွက် ဂျပန်လဝကမှ အထူးအခွင့်အရေးပေးပါတယ်။

http://www.moj.go.jp/isa/publications/materials/10_00036.html

(၅)လပိုင်း(၂၈)ရက်မှာ အတည်ပြုပါပြီ။

အခု ဗီဇာ လျှောက်လို့ရပါပြီ။

(မြန်မာပြည်မှာနေထိုင်တဲ့လူကအကျုံးမဝင်ဘူး)

Tokutei Katsudo (၆)လ အလုပ်လုပ်ခွင့်ပြု (သို့) တစ်နှစ် အလုပ်လုပ်ခွင့်ပြု ဒါမှမဟုတ်ရင် Tokutei Katsudo (တစ်ပတ် (၂၈)နာရီ အလုပ်လုပ်ခွင့်ပြု)ကိုပေးသွားမှာဖြစ်ပါတယ်။

နောက်မှာ TokuteiGinou ကိုကူးပြောင်းချင်တဲ့လူဆိုရင် (၁)နှစ်ဗီဇာရပါမယ်။

🟣ဘယ်လိုအခြေအနေကအကျုံးဝင်သလဲ

ဥပမာ.........

၁) ကျောင်းသားဗီဇာနဲ့ကျောင်းပြီးပြီ အလုပ်ရှာပေမယ့် အလုပ်မရလို့သက်တမ်းကုန်သွားတဲ့လူ/ ကုန်တော့မယ့်လူ

၂) ကျောင်းသားဗီဇာနဲ့စာသင်ပေမယ့် (၂၈)နာရီကျော်ပြီး အလုပ်လုပ်တဲ့အတွက် ကဒ်အဖောက်ခံရတဲ့လူ

၃) Overstayဖြစ်နေတဲ့လူ

၄) နန်းမင်းလျှောက်ပေမယ့်ပယ်ခြင်းခံရတဲ့လူ

၅) နန်းမင်းလျှောက်ထားဆဲဖြစ်သူ

(၃)လဗီဇာ ပဲရတဲ့လူ

၆) အလုပ်သင်အလုပ်သမားဖြစ်ပြီး အလုပ်မှထုတ်ခြင်းခံရတဲ့လူ/ ထွက်ပြေးတဲ့လူ

(TokuteiGinou လည်းအကျုံးဝင်)

၇) work visaဖြစ်ပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့လူ

၈) တိုင်းပြည်ပြန်ဖို့ပြင်ဆင်တဲ့ဗီဇာရတဲ့လူ

တခြားအခြေအနေမျိုးစုံအကျုံးဝင်ပါတယ်။

လိုအပ်တဲ့စာရွက်စာတမ်း

🟢လျှောက်လွှာ

🟢ဓါတ်ပုံ

🟢passport copy

ရှေ့ဆုံးစာမျက်နဲ့ ဗီဇာ / နေထိုင်ခွင့်ပေးတဲ့စတစ်ကာကပ်ထားတဲ့စာမျက်နှာပါရမယ်။

🟢riyuusho (အကြောင်းပြချက်)

မှတ်ချက်
ဂျပန်တွင် လက်ရှိနေထိုင်လျက်ရှိသော သူများသာ...

Credit:::

 #လိုင်စင်ကြေးသိန်း250ပေးသွင်းပြီးတဲ့ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများစာရင်း #စာရင်းထဲမှာပါတဲ့အေဂျင်စီမျာ...
17/05/2021

#လိုင်စင်ကြေးသိန်း250ပေးသွင်းပြီးတဲ့
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများစာရင်း

#စာရင်းထဲမှာပါတဲ့အေဂျင်စီများသာပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း ကိုလုပ်ကိုင်ခွင့်ပြုထားပါတယ်

မေလအကုန်မှာကျန်တဲ့အေဂျင်စီ100ခန့်လိုင်စင်ကြေးတိုးမြှင့်သတ်မှတ်ငွေသိန်း200ကိုမပေးသွင်းနိုင်ရင် လိုင်စင်ပိတ်သိမ်းမယ်လို့ထုတ်ပြန်ထားပါတယ်

16/05/2021

၆ လပိုင်း ၁ ရက််နေ့က
စပြီး အတန်းများအားလုံး
ပုံမှန်ပြန်လည် ဖွင့်လှစ်သွားပါမည်...

၅ လပိုင်း ၂၆ ရက်နေ့က
စပြီး ကျောင်းအပ်စတင်လက်ခံပါမည်...

အမှတ်-၅၊မှဲ့ရှင့်ဘုရားလမ်း၊ကံ့ကော်ရပ်ကွက်၊ကျိုက်ထိုမြို့။
09779809500

ဂျပန်အစိုးရ မြန်မာပြည်သူတွေဘက်လိုက်မလား စစ်တပ်ဘက်လိုက်မလား မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးခဲ့တာနဲ့ဆက်နွယ်ပြီး ဂျပ...
03/04/2021

ဂျပန်အစိုးရ မြန်မာပြည်သူတွေဘက်လိုက်မလား စစ်တပ်ဘက်လိုက်မလား

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးခဲ့တာနဲ့ဆက်နွယ်ပြီး ဂျပန်မှာရှိတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း-ဂျပန်နဲ့ Human Rights Now အဖွဲ့တို့ပူးတွဲပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနဲ့ တရားရေးဝန်ကြီးဌာနတွေဆီ အိပ်ဖွင့်မေးခွန်းလွှာပေးပို့ခဲ့ပါတယ်။

မတ်လ ၂၆ ရက်နေ့က ပေးခဲ့တဲ့မေးခွန်းတွေကို ဧပြီလ ၂ ရက်နေ့မှာ ဖြေကြားတဲ့အစီအစဉ်တစ်ခုကို ဂျပန်အောက်လွှတ်တော်အမတ်များရုံးအဆောက်အအုံရှိ ခန်းမဆောင်မှာ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ ပါတယ်။ ၁၂ ခုရှိတဲ့ အဲဒီမေးခွန်းတွေထဲမှာ လက်ရှိမြန်မာနိုင်ငံအခြေအနေ ၊ အကူအညီပေးမှု ၊ စစ်တပ်အရာရှိတွေကို ဂျပန်စစ်တက္ကသိုလ် နဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်တွေမှာ လေ့ကျင့်သင်ကြားပေးနေတာ၊ CRPH ကို အသိအမှတ်ပြုရေး စတဲ့ကိစ္စတွေ ပါဝင်ပါတယ်။

ပြန်ဖြေခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိကြီးတွေက ဒဏ်ခတ်အရေးယူမှုလုပ်တာရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို လေ့လာနေပါတယ် ဆိုပြီး အကြိမ်ကြိမ်ဖြေတာ၊ ပြတ်ပြတ်သားသားမရှိတဲ့ အဖြေမျိုး ၊ ဝေ့လည်ကြောင်ပတ်သဘောမျိုးသက်ရောက်တဲ့အဖြေတွေကို ပေးခဲ့ပါတယ်။ ပြောင်းလဲ နေတဲ့အခြေအနေတွေနဲ့ သက်ဆိုင်တဲ့နိုင်ငံတွေရဲ့ တုံ့ပြန်မှု တွေကို အနီးကပ်စောင့်ကြည့်ပါမယ်၊ ဘယ်အရာက ထိရောက်ရှိမလဲဆိုတာတွေကို လေ့လာစဉ်းစားပါမယ်လို့ ဖြေပါတယ်။

အဲဒီလိုဖြေကြားမှုတွေပြီးတဲ့နောက် မြန်မာလူငယ်အမျိုးသမီး ၃ ဦးက တုံ့ပြန်ပြောဆိုဆွေးနွေးမှုတွေနဲ့ သဘောထားတွေကို ပြောဆိုခဲ့ကြပါတယ်။

ငမြန်မာသူနာပြုအမျိုးသမီးတစ်ဦးက “ကျမ အင်မတန်မှပဲ ဝမ်းနည်းရပါတယ်၊ ဂျပန်အစိုးရရဲ့ လက်ရှိရပ်တည်ချက်ကို မသိရဘူး၊ မြန်မာပြည်သူတွေရဲ့ အသက်ကို ကယ်တင်စေချင်ပါတယ်၊ အဲဒါအပြင် မြန်မာနိုင်ငံတွင်း အခုဖြစ်ပျက်နေတာတွေဟာ NLD နဲ့ စစ်တပ်အကြား တိုက်ပွဲမဟုတ်ဘူး ၊ ပြည်သူတွေနဲ့ စစ်တပ်အကြားတိုက်ပွဲဖြစ်တယ်၊ ဂျပန်အစိုးရဟာ ဘယ်ဘက်မှာနေမှာလဲ ၊ ပြည်သူဘက်မှာလား ၊ စစ်တပ်ဘက်မှာလား ဆိုပြီး ပြတ်ပြတ်သားသားပြောဆိုသွားပါတယ်။

နောက်ထပ် အမျိုးသမီးတစ်ဦးကလည်း စစ်တပ်ကို မယုံကြည်ဘူး၊ လက်တွဲမလုပ်နိုင်ဘူးလို့ ပြောဆိုသွားပါတယ်။ နိုင်ငံနဲ့ယှဉ်ကြည့်လိုက်ရင် အသေးအဖွဲကိစ္စလို့ ပြောလို့ရတဲ့ အင်တာနက်ဖြတ်တောက်မှုကို သီတင်း ၂ ပတ်ကြာလုပ်မယ်လို့ ပြောခဲ့တာဟာ အခု ၂ လပြည့်လာတဲ့အထိ ဖြတ်တောက်မှုရှိနေတုန်းပဲ ဆိုတာကို ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။ အဲဒါအပြင် ဂျပန်ဟာ မြန်မာနိုင်ငံနဲ့ဆက်ဆံမှုမှာ ကိုယ်ပိုင်သီးသန့်အဆက်အသွယ်တွေရှိတယ်လို့ ဆိုရင် စစ်တပ်က သူတို့လုပ်ရပ်တွေကို စွန့်လွှတ်အောင်နဲ့ နိုင်ငံတကာရဲ့ တရားစီရင်မှုခံယူလာအောင် ဂျပန်အစိုးရအနေနဲ့ လုပ်စေချင်တယ်လို့ လေသံပြင်းပြစွာနဲ့ ပြောဆိုခဲ့ပါတယ်။

ဂျပန်ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ နောက်ထပ် အမျိုးသမီးတစ်ဦးကလည်း မြန်မာနိုင်ငံအပေါ် အကူအညီတွေပေးနေတာရပ်တန့်ဖို့ ၊ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေ ရပ်တန့်သွားအောင် လုပ်ဖို့၊ CRPH ကို အသိအမှတ်ပြုဖို့ တောင်းဆိုချင်တယ်၊ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထိထိရောက်ရောက်လုပ်ဖို့ ဂျပန်အစိုးရထံ ပြတ်သားတဲ့ လေသံနဲ့ တောင်းဆိုသွားခဲ့ပါတယ်။

ခမ်းမဆောင်ထဲမှာတော့ တက်ရောက်လာသူတွေက နွေဦးတော်လှန်ရေးရဲ့ သင်္ကေတဖြစ်တဲ့ လက်သုံးချောင်းထောင်ကာ ထုတ်ဖော်ပြသခဲ့ကြပါတယ်။

ဒီအတောအတွင်း နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီအစည်းအ‌ဝေးမှာ မြန်မာပြည်အရေးကို တုံ့ပြန်ဖို့ဟာ ခက်ခဲတဲ့ပြဿနာဖြစ်တယ်လို့ ပြောသွားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိတွေက မြန်မာနိုင်ငံသားတွေရဲ့ အခုလိုပြောဆိုချက်တွေကို ဌာနအတွင်းမှာ ပြန်လည်ပြောဆိုတင်ပြပြီး ဆွေးနွေးမှုတွေလုပ်ပါမယ်လို့ ဆိုသွားပါတယ်။

ဒီနေ့အစီအစဉ်မှာ တိုကျိုနိုင်ငံခြားလေ့လာရေးတက္ကသိုလ်က ကျောင်းသားတွေ၊ ဂျပန်ရောက်မြန်မာပြည်သူပြည်သားတွေ စုစည်းကောက်ယူထားတဲ့ အာဏာသိမ်းမှုကို ကန့်ကွက်ဆန့်ကျင်တယ်၊ ဒီမိုကရေစီအစိုးရကိုအသိအမှတ်ပြုဖို့ ဂျပန်အစိုးရထံ လက်မှတ်ရေးထိုးတောင်းဆိုထားတဲ့ သောင်းနဲ့ချီရှိတဲ့ စာတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိတွေထံ ပေးအပ်ခဲ့ပါတယ်။

ကျော်ကျော်စိုး (ဂျပန်)
၂၀၂၁ ခုနှစ် ဧပြီလ ၂ ရက်

ဓာတ်ပုံ—၁ Asahi Shimbun

26/03/2021

ဂျပန် နေထိုင်ခွင့် စနစ်ပြင်ဆင်ပြောင်းမည်

မြန်မာနိုင်ငံတွင်းစစ်တပ်၏၂၀၂၁-၂-၁ရက်နေ့တွင် အတင်းအဓမ္မအာဏာသိမ်းယူခံခဲ့ပြီးနောက် ပြည်တွင်းဆန္ဒပြတောင်းဆို ပြည်သူများကို နိုင်ငံအနှံအပြားစစ်ကောင်စီမှ ရဲနှင့် စစ်သားအင်အားသုံးကာ မင်းမဲ့စရိုက်ဆံစွာဖြစ် ရက်စက်စွာ ပစ်ခတ် နှိမ်နင်းဖြိုခွဲ နေသည့်အတွက် အသက်ဆုံးရှုံးသူများ ဒဏ်ရာ ရရှိသူများနှင့် ဖမ်းဆီးခံရသူများ နေ့စဥ်ဖြစ်ပေါ်နေသည့်အတွက် နေ့စဥ်ပြည်တွင်းသတင်းများကို ကြည့်ရင်း ဝမ်းနည်းစိတ်မကောင်း ဖြစ်မိပါသည်..
ထိုကိစ္စများကြောင့် ဂျပန်နိုင်ငံ၏ လဝကအခြေအနေများကို ရေးသားတင်ပြရန်မသင့်တော်သည့်အတွက် မရေးသာဘဲနေခဲ့သော်လည်း လဝက အခြေအနေများကို လာရောက်မေးမြန်းနေသူများနေ့စဥ် ရှိနေ သည့်အတွက် ရေးသားတင်ပြလိုက်ရပါသည်..
၂၀၁၈ခုနှစ်၁လပိုင်းမှစရျ်ဒုက္ခသည်လျှောက်တင်ခြင်း စံနစ်ပြောင်းလည်းပြီးနောက် လျှောက်တင်သူများကို ပထမ၂လနေထိုင်ခွင့်မှ ၃လနေထိုင်ခွင့်သို့ ထုတ်ပေးခဲ့သည်မှာယခုအချိန်အထိဖြစ်ပါသည်..ထိုသူများကို နေထိုင်ခွင့်၃လဗီဇာထုတ်ပေးခဲ့သော်လည်း အလုပ်လုပ်ခွင့်ပြုမူ့ကို လဝကမှ ခုအချိန်အထိမထုတ်ပေးဆဲဖြစ်ပါသည်..(အလည်ဗီဇာဖြစ်လာရောက်လျှောက်တင်မှုများသာရရှိ့)
လဝက မှ ၃လဗီဇာဖြစ်နေထိုင် နေသူများကို အလုပ်လုပ်ခွင့် ခွင့်ပြုနေသည်မှာမဟုတ်မှန်ပါ..၃လဗီဇာဖြစ်နေထိုင် သူများကိုအလုပ်လုပ်ခွင့် ပြုသည်ဆိုသည်မှာ ဒုက္ခ သည်ယခင်လျှောက်တင်နေထိုင်ခဲ့ပြီး ဒုက္ခ သည်အဖြစ်အသိအမှတ်ပြုခြင်းကို ငြင်းပယ်ခံရသူများဖြစ်ပြီး နေထိုင်ခွင့်ကဒ်ဖောက်ခံရသူများ ကိုဗစ်ကြောင့် တိုင်းပြည်ပြန်ရန် အခက်အခဲဖြစ်နေသူများကို ၂၀၂၀-၁၂လပိုင်းကုန်လောက်မှ စရျ် နေထိုင်ခွင့် ၃လအပြင် တစ်ပတ်အလုပ်ချိန်၂၈နာရီခွင့်ပြုပေးခဲ့ပါသည်..ဂျပန်နိုင်ငံသို့ ကျောင်းသားဗီဇာ ဖြစ်လာရောက်ခဲ့ပြီး ဒုက္ခ သည်လျှောက်တင်ခဲ့သောလည်း ခုလို ဒုက္ခ အဖြစ်ငြင်းပယ်ခံရသူများ တိုင်ပြည်မပြန်နိုင်သည့် အခြေအနေကြောင့်နေထိုင်ခွင့်၆လ(ဇိုင့်လျူးကဒ်.在留カード)အပြင် အလုပ်လုပ်ခွင့်ပါ ပြန်လည်ထုတ်ပေးနေပါသည်..
နိုင်ငံပြန်ရန် ပြင်ဆင်နေသူများအား ၃လနေထိုင်ခွင့်နှင် ့အလုပ်လုပ်ခွင့် တစ်ပတ်၂၈နာရီ သတ်မှတ်ကာ နိုင်ငံပြန်နိုင်သည့် အချိန်အထိ ဆက်လက် သက်တမ်းတိုး ပေးနေပါသည် ..
ဂျပန်နိုင်ငံ လဝကအနေဖြစ် ဒုက္ခ သည်လျှောက်တင်မူ့အပေါ် လျော့ပေါ့စွာ စစ်ဆေးရန်အတွက် ယခုနှစ်၂လပိုင်းအတွင်း စံနစ်သစ်ပြောင်းလည်းမည်ဟူရျ် သတ်မှတ် လုပ်ဆောင်မည်ကို သတင်းစာများတွင် အနည်ငယ်ရေးသားထားပါသည်..ထိုပြောင်းလည်းမူ့ကို ၃လပိုင်းနောက်ပိုင်းစတင် အကောင်အထည်ဖော်သတ်မှတ်မည် ဖြစ်ပါသည်..
ထိုဒုက္ခသည် လျှောက်တင်သူများကို ဂျပန်နိုင်ငံအတွင် နေထိုင်မူ့အဆင်ပြေစေရန်အတွက် ပြုပြင်ပြောင်းလည်းမည်ဖြစ်ပါသည်..
ဂျပန်နိုင်ငံသို လာရောက်ဒုက္ခသည်အဖြစ်လျှောက်တင် နေထိုင်သူများ ကို ဒုက္ခသည်အဖြစ်ငြင်းပယ်ခံရပါက လဝကအချုပ်စခန်းတွင် ယာယီဖမ်းဆီးခြင်းများပြုလုပ်ခဲ့ပြီး အမိနိုင်ငံသို ပြန်နိုင်သည့်အချိန်အထိ လဝကအချုပ်စခန်းတွင် ချုပ်နှောင်ခြင်း အပြင် တိုင်းပြည်သို့ မပြန်ဘဲ ဆက်လက်ဂျပန်နိုင်ငံအတွင်း နေထိုင်လိုသူများကို နှစ်ရှည် ဖမ်းဆီးချုပ်နှောင်ခဲ့သော လည်း ထိုစံနစ်များကို ပြောင်းလည် ကာ စံနစ်သစ်အဖြစ်ကိုင်တွယ်ဖြေရှင်းပေးမည် ဖြစ်ပါသည်..
စံနစ်သစ်ပြောင်းလည်ကိုင်တွယ်မူ့မှာ ဂျပန်နိုင်ငံသို့ လာရောက်ကာ ဒုက္ခ သည်အဖြစ် လျှောက်တင်သူများ တစ်ဦးနှင့်တစ်ဦးအကြောင်းပြချက်မတူညီကြပါ..လူမျိုးရေး.ဘာသာရေး အခြားအကြောင်းပြချက်များ အပြင် ပြည်တွင်းစစ် ကြောင့် နိုင်ငံရေးအခြေအနေ ကြောင့် တိုင်းပြည်သို့ မပြန်နိုင်သူများကို ဒုက္ခ သည်များနည်းတူ နေထိုင်ခွင့်ဗီဇာ(定住)ကို ခွင့်ပြုကာ စားဝတ်နေရေး အတွက် အလုပ်လုပ်ခွင့်ပြုမည်ဖြစ်ပါသည်..ထိုစံနစ်သည် ၃ကြိမ်အထက် ဒုက္ခသည် လျှောက်တင်သူများ ပါဝင်ခြင်း မရှိဟူရျ်သတ်မှတ်ထားသော် လည်း လုံလောက်သော အထောက်အထား တင်ပြနိုင်ပါက အလားတူ ဒုက္ခ သည်အဖြစ်အသိအမှတ်ပြုကာ နေထိုင်ခွင့် (定住)ဗီဇာကို အသိအမှတ်ပြုမည်ဖြစ်ပါသည်..
ဂျပန်နိုင်ငံမှ ပြန်လွတ်ရန် သတ်မှတ်ခံထားရသူများ ကိုလည် အထောက်အထား ပြည့်စုံစွာ တင်ပြနိုင်ပါက တိုင်းပြည်သို့ပြန်လွတ်ခြင်းကို ရပ်ဆိုင်းကာ နေထိုင်ခွင့် ဗီဇာကို ခွင့်ပြုသတ်မှတ်ပေးမည် ဖြစ်ကြောင်း..
ထိုအပြင် ဂျပန်နိုင်ငံအတွင်းဗီဇာရက်ကျော်နေထိုင်ခဲ့ကြသူများ(over stay)ကို ယခင်ဂျပန်နိုင်ငံအတွင်မှ ထွက်ခွါပြီး ၅နှစ်ပြည်ဝင်ခွင့် မပြုဟူရျ် သတ်မှတ်ခဲ့သောလည် ယခုမှစရျ် အချိန် ၁နှစ်ကျောကြာမြင့်ပါက ဂျပန်နိုင်ငံအတွင်း ပြန်လည် ပြည်ဝင်ခွင့်ပြုမည်ဟူရျ် သတ်မှတ်မည် ဖြစ်ပါသည်..
လဝက အချုပ်ဌာနမှ လွှတ်မြောက်လာခဲ့သူများကို လည်း ထိုသူ၏စားဝတ်နေထိုင် ရေးကို တာဝန်ယူမည် မိသားစု အမျိုး မိတ်ဆွေမျာက တာဝန်ယူနိုင်ပါက ထပ်မံထိန်းသိမ်းခြင်း မပြုလုပ်ဘဲ ယာယီနေထိုင်ခွင့်ကို ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း..
ထိုလဝကစံနစ်သစ်သည် ဒုက္ခ သည် အဖြစ် ဂျပန်နိုင်ငံအတွင်း လာရောက် လျှောက်တင်သူများ၏ အထောက်အထားတင်ပြမူ့အခြေအနေ အပေါ်တွင်မူတည်ရျ် သတ်မှတ်ပေးမည်ဖြစ်ပါသည့်..လျှောက်တင်သူနိုင်ငံခြားသားများ အားလုံးကို အသိအမှတ်ပြုမည် ဟုမထင်ပါ..
ဂျပန်နိုင်ငံတွင် ဒုက္ခ သည် အဖြစ်ငြင်းပယ်ခံရသောလည်းအကြောင်းပြချက် အမျိုးမျိုးကြောင် ဒုက္ခသည် ပြန်လည်လျှောက်တင်ခွင့်ပြုထားပါသည်..မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်အာဏာ သိမ်းယူခံခဲ့ရသည့်အတွက် ဒုက္ခသည်အဖြစ် ပြန်လည်လျှောက်တင် သူများကို ယခင် ယာယီနေထိုင်ခွင့်(仮放免)ကို လျှောက်တင်နေထိုင်ခွင့်ပြုခဲ့သောလည် မြန်မာနိုင်ငံ၏ နိုင်ငဲရေးအခြေအနေကြောင့် နေထိုင်ခွင့်ဗီဇာ၂လ(特定活動)ကို စစ်အာဏာသိမ်းယူပြီးနောက်၂လပိုင်းအတွင်း ပြန်လည် ထုတ်ပေးလာပါသည်..၂လဗီဇာအလုပ်လုပ်ခွင့်မပါ..၂၀၁၈စံနစ်သစ်အတိုင်း သက်တမ်းထပ်မံတိုးယူချိန် ၃လဗီဇာ အဖြစ် သတ်မှတ် ထုတ်းပေးသွားမည် ဟုထင်ပါသည်..!
ဒုက္ခ သည်အဖြစ် လျှောက်တင်ထားဆဲ သူများသည်လည်း ယခုမြန်မာနိုင်ငံပြည်းတွင်းအခြေအနေအပြစ်အပျက်များကို လဝက၏ လူတွေ့စစ်ဆေးမူ့တွင် ကောင်းမွန်စွာ တင်ပြနိုင်ပါက ဒုက္ခ သည်အဖြစ် အသိအမှတ်ပြုခံရမည်ဖြစ်သည့်အပြင် လူသားခြင်းကိုယ်ချင်းစာသောအားဖြစ် နေထိုင်ခွင့်(定住者)အဖြစ် သတ်မှတ် ရရှိနိုင်ပါသည်..ဂျပန်အစိုးရ လဝကအနေဖြစ် လက်ရှိ့ မြန်မာနိုင်ငံ၏ အခြေအနေမှန်ကို တွေမြင် သိရှိ့နေသည့်အတွက် မြန်မာနိုင်ငံသားများ အပေါ်နားလည်ကာ ဒုက္ခ သည်အဖြစ်လက်ခံကာ နေထိုင်ခွင့်ဗီဇာ များထုတ်ပေးမည့် အခြေအနေ ပိုမိုများပြားလာမည် ဖြစ်ပါသည်..ဂျပန်နိုင်ငံသို့လာရောက် ဒုက္ခ သည်အဖြစ် လျှောက်တင်ထားသူများ တန်းတူ အခွင့်အရေးများ အမြန်ဆုံးရရှိနိုင်ကြပါစေ...!

Han Sein

Address

No. 5, Phaya Street, Kankaw Ward
Kyaikhto

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959779809500

Website

Alerts

Be the first to know and let us send you an email when HEIN Japanese Language Center - Kyaikhto posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to HEIN Japanese Language Center - Kyaikhto:

Shortcuts

Share

Category