Love in A mist

Love in A mist love school

01/12/2019

နင် မသိဘူး
ငါ့ ဘယ်လောက်ထိ
ချစ်ခဲ့လဲ ဆိုတာ

ခံစားချက်သိချင်ရင်ရိုက်ကျိ😫😧
06/10/2019

ခံစားချက်သိချင်ရင်ရိုက်ကျိ😫😧

11/09/2019

ကိုလေမင်းရဲ့အကြောင်းနဲ့

အမှတ်တရတို့ပြန်တွေးတယ်

အနေနီးချင်လို့ နင်ပြန်လာမလား

တွေးတယ် 😟😟😓

😒😞
21/08/2019

😒😞

မမျှော်လင့်တော့ပါဘူး...😔
20/08/2019

မမျှော်လင့်တော့ပါဘူး...😔

တိုက်ဆိုင်မှု မရှိရင်တောင် ငါက မင်းကိုလွမ်းနေတာပါ
20/08/2019

တိုက်ဆိုင်မှု မရှိရင်တောင် ငါက မင်းကိုလွမ်းနေတာပါ

ပျော်နေတယ်ပေါ့ ဝမ်းသာပါတယ်ကျနော်မရှိလည်း အဆင်ပြေနေတာ သိရတော့တွေ့ဆုံကြုံကွဲပါပဲ ကျနော်တို့ တွေ့ရတာလည်း ခနလွမ်းရတာလည်း ခနပ...
12/08/2019

ပျော်နေတယ်ပေါ့ ဝမ်းသာပါတယ်

ကျနော်မရှိလည်း အဆင်ပြေနေတာ သိရတော့

တွေ့ဆုံကြုံကွဲပါပဲ ကျနော်တို့ တွေ့ရတာလည်း ခန
လွမ်းရတာလည်း ခနပါ အချိန်တန်တော့ အရာအားလုံးက ပုံမှန်လည်ပတ်နေတာပဲ

အစွဲအလန်းကြီးတဲ့ ကျနော်ကသာ
အမြဲတယူသန်နေတာ

ဖြစ်နိုင်ရင်တော့ ကျနော် လွမ်းနေသလို
ခင်ဗျားလည်း ကျနော့်ကို လွမ်းနေစေချင်တယ်

ခင်ဗျားကိုသတိရမိသွားတဲ့အချိန် ကျနော်မပျော်တော့သလို ခင်ဗျားကိုလည်း မှိုင်တွေသွားစေချင်တယ်

ခင်ဗျားအကြောင်းသိရဖို့ စုံစမ်းနေရသလိုပဲ
ကျနော့်အကြောင်းကိုလည်း နားစွင့်စေချင်တယ်

ခင်ဗျားမသိပါဘူး ခင်ဗျားနဲ့ပတ်သတ်ပြီး ဘာမဟုတ်တဲ့ အသေးအဖွဲလေးတွေကအစ ကျနော်ဘယ်လောက် စိတ်ဝင်စားတတ်မှန်း သိပ်ဂရုစိုက်တတ်မှန်း

လူတွေက တကိုယ်တည်း အထီးကျန်နေမှသာ ကောင်းကင်က ကြယ်တွေကို မော့ကြည့်ဖို့ သတိရကြတာပါ

ကျနော်က ခင်ဗျားကို အမြဲတမ်း ငုံ့ကြည့်နေရတဲ့
ကြယ်လေးပဲ

ခင်ဗျား အဖော်မဲ့တဲ့အချိန် ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ အကြည့်ချင်းဆုံရင်ပဲ ကျေနပ်ပါတယ်

ကြားထဲက အကွာအဝေးတွေက ဘယ်တော့မှ မဆုံနိုင်ဘူးဆိုတာ သိနေရင်တောင်မှပေါ့

လမင်းကြီးလည်း မလိုချင်ဘူး
ခင်ဗျားကိုပဲ လိုချင်တယ်...။

12/08/2019

ကျနော်က မိုးစိုနေတဲ့ ငှက်ပါ
ဝေးဝေးပြေးဖို့ စိတ်သာရှိခဲ့တာ
တစ်ကယ်တမ်း မဖြစ်နိုင်ခဲ့ဘူး..........

ချစ်လို့ တွဲကြတယ်မချစ်လို့ လမ်းခွဲတယ်သိပ်ကို ရိုးရှင်းတဲ့ အဖြေပဲ ...စတွေ့ချိန်မှာ ရင်ခုန်မယ် ကြည်နူးမယ်အဲ့အချိန်တွေက ပျေ...
12/08/2019

ချစ်လို့ တွဲကြတယ်
မချစ်လို့ လမ်းခွဲတယ်
သိပ်ကို ရိုးရှင်းတဲ့ အဖြေပဲ ...

စတွေ့ချိန်မှာ ရင်ခုန်မယ် ကြည်နူးမယ်
အဲ့အချိန်တွေက ပျော်ရွှင်ဖွယ် …
သို့သော် အချိန်ကြာတဲ့အခါ
ရင်မခုန်တော့ရင်
ဆက်ချစ်တဲ့ တစ်ယောက်မှာ နာကျင်ရမယ်

အခု ဖြစ်နေတဲ့ပြသနာက ရင်မခုန်တဲ့ကိစ္စပဲ
အချိန်ကြာလို့ သံယောဇဉ်ခိုင်မြဲချင် ခိုင်မြဲမယ်
ရင်ခုန်မှုက မရှိတော့ဘူး
အမှား သေးသေးလေးတွေကို
ခွင့်မလွှတ်တော့ဘူး
အရင်က အသေးအဖွဲကိစ္စနဲ့ ရန်ဖြစ်ရတာ
ပျော်စရာကောင်းတယ်
အခုကျ အသေးအဖွဲကအစ ပုံကြီးချဲ့ပြီး
အော်ဟစ် ရန်ဖြစ်ကြ
ထစ်ခနဲဆို ရန်ဖြစ်ဖို့ ဦးတည်ကြ
ဆက်ချစ်တဲ့ တစ်ယောက်မှာ နာကျင်ရမယ်

ဒါဟာ ဖောက်ပြန်ချင်လို့ ဟုတ်ချင်မှဟုတ်မယ်
ကိုယ်တိုင် သတိမထားမိတဲ့ရင်ခုန်မှုပျောက်တာ
ရင်မခုန်တော့ အပြစ်ကို ခွင့်မလွှတ်ချင်တော့ဘူး
ချုပ်ချယ်ရင် မကြိုက်တော့ဘူး
ရင်ခုန်မှုမှ မရှိတော့တာ
တီတီတာတာ ပြောတဲ့စကားကိုတောင်
ကြည်နူးရမယ့်အစား နားညည်းလာတယ်

ရင်ခုန်လို့ တွဲကြတယ်
ရင်မခုန်လို့ လမ်းခွဲတယ်
ဒါဆို
ရင်မခုန်သူမှာ အပြစ်ရှိတယ်
သစ္စာမရှိသူလို့ တံဆိပ်ကပ်တယ်
ဒါက လူ့အဖွဲ့စည်းရဲ့ သတ်မှတ်ချက်

ကိုယ့်အယူအဆကျ
သူနဲ့ကိုယ် ရင်ခုန်တုန်းက တွဲတယ်
အခု ရင်မခုန်ချိန်မှာလဲ
လူ့အဖွဲ့စည်းကြောက်လို့ လမ်းမခွဲရဲပဲ
(တွဲတော့ တွဲတယ်)
ငရဲကျသလို ရန်ဖြစ်နေရင်
အဲ့လို ပတ်သတ်မှုကို ရပ်ပစ်မယ်…
သမီးရည်းစား ဘဝမကလို့
လက်ထပ်ထားပြီးသား ဆိုရင်တောင် ရပ်ပစ်မယ်
အနားမှာထားပီး နေ့စဉ်ဒုက္ခခံမယ့်အစား
သူ ပျော်ရာ အဝေးကို ပျံပါစေ
သူ့ကြောင့် နေ့စဉ်ရမယ့်ဒဏ်ရာ မယူတော့ဘူး
၆လလောက် အသေအလဲ ငိုမယ်
၆လပါပဲ
လူတစ်ယောက်ဟာ ဘယ်ဒုက္ခမဆို
၆လကျော်ရင် သွေးနည်းနည်းတော့ အေးတယ်
( ငိုချင် ငိုမယ် ညတိုင်းတော့ မဟုတ်ဘူး )

ကိုယ့်အပေါ် စိတ်မပါတော့သူနဲ့
အတူလက်တွဲမယ်ဆိုရင်လည်း
အသေးအဖွဲကအစ ရန်သတ်နေရမယ်

ကိုယ့်ကို မချစ်တော့တဲ့ လူရဲ့အနား
နေ့စဉ် ငရဲခံမယ့်အစား
အဝေးမှာပဲ သတ္တိရှိရှိ မျက်ရည်ကျခံမယ်

သူမှားတာလည်း ရှိမယ်
ကိုယ်မှားတာလည်း ရှိမယ်
ဘယ်သူ့ ဘယ်သူမှ အပြစ်မတင်ပဲ
လမ်းခွဲပေးရဲတယ်
( ကိုယ့်ကို ရင်မခုန်တော့ရင် )

သူမှ ရင်မခုန်တော့တာ
လွှတ်ပေးလိုက်ပါ
ဆွဲထားရင် ကိုယ်ပဲ ဆက်နာကျင်မှာ…

အခုပြောတာကို
ကိုယ်ကချစ်ပီး သူကမချစ်လို့
ရန်ဖြစ်နေရတဲ့ဒဏ် မခံနိုင်လို့
သတ္တိရှိရှိ လမ်းခွဲပေးသူတွေ သိတယ်
အနားမှာထားပီး စိတ်ဒုက္ခယူမလား
လမ်းခွဲတာ ပိုအဆင်ပြေမလား
သတ္တိရှိရှိ လမ်းခွဲပေးခဲ့သူတွေ သိပါတယ်

ကိုယ်ကတော့ ရှင်းတယ်
ကိုယ့်ရင်ခွင်မှာ မပျော်တော့ရင်
ရင်အပန်းခံ ဆွဲမထားဘူး
သွားပါစေ
အဝေးမှာပဲ သတ္တိရှိရှိ မျက်ရည်ကျခံမယ်

'' ကျော်ကြီးရာ    . . မင်း  ကောင်မလေးကို  ဘာများကြည့်ကြိုက်လိုက်တာတုံး ''ဒီစကားကို    ကျွန်တော့်သူငယ်ချင်း  ဖြစ်သူကို မေ...
12/08/2019

'' ကျော်ကြီးရာ . . မင်း ကောင်မလေးကို
ဘာများကြည့်ကြိုက်လိုက်တာတုံး ''

ဒီစကားကို ကျွန်တော့်သူငယ်ချင်း ဖြစ်သူကို
မေးလိုက်တဲ့ အချိန် သူ ကျွန်တော့်ကို ပြုံးပြုံးလေးပဲ
ကြည့်နေခဲ့ပါသည် ။
ကျွန်တော့်ကို စိတ်လည်း ဆိုးမနေခဲ့သလို ဒေါသလည်း
ဖြစ်မနေခဲ့။

'' good question ပဲ ခဲတံ ရေ . . .
ဒီမေးခွန်းက မင်းပဲ မေးခဲ့တာ မဟုတ်ဘူး ။
ကျန်တဲ့ သူတွေကပါ ငါ့ကို မေးခဲ့ကြတာ''

'' ငါ ဒီလို ပြောလို့ မင်း စိတ်မခုနဲ့ကွာ။
မင်း ကောင်မလေးက မိန်းကလေး မဆန်တတ်တဲ့
မိန်းကလေး ဖြစ်နေလို့ မေးကြည့်မိတာ ။''

'' မင်း ပြောတာကို ငါနားလည်တယ် ခဲတံရေ ။
မင်းကို စိတ်လည်း မတိုဘူး ။ စိတ်လည်းမဆိုးဘူး ။
တစ်ခါ တစ်ခါ ငါတောင် ဒီကောင်မလေးကို
ဘာများ ကြည့်ကြိုက်ခဲ့လဲ တွေးခဲ့ဖူးတာကိုး ''

ကျော်ကြီး က နှစ်လိုအားရရယ်ရင်း
သူ့စကားကို ဆက်တယ်။

'' ဘာလို့လဲ ဆိုရင် ငါ့ကောင်မလေးဆိုတာ
သနပ်ခါးဘဲကြားကြီး လိမ်းပြီးလည်း အပြင်ထွက်ချင်
ထွက်နေတတ်တာ ။
အိမ်နေရင်း jj ကာတွန်းဘောင်းဘီ အပွကြီး၊
တီရှုပ်အကျီ င်္ အစုတ်ကြီး ဝတ်ပြီးတော့လည်း
ဟိုသွား ဒီသွားလည်း သွားနေတာပဲကိုယ့်လူ ။ ''

သူ့ကောင်မလေး အကြောင်း ပြောနေတဲ့ အချိန်
ကျော်ကြီးမျက်နှာမှာ ပြုံးလျက် ။
အဲ့ဒီ့ အပြုံးက သူ့ကောင်မလေး ကို ရှုံ့ချနေတာမျို း
မဟုတ်ပဲ ဂုဏ်တောင်ယူနေသေးတဲ့ အပြုံးမျိုး။

'' ဒီကြားထဲ ခဲတံရေ . . သူက ဝမ်းတွင်းရူးကွ။
တစ်ချက်တစ်ချက် ပေါတောတော
ဂေါက်တောက်တောက်တွေ အရမ်း လုပ်တာ။
သူ အားရပါးရ ထထ, ရီလိုက်ရင် ငါတောင် လန့်လန့် သွားသေးတယ် ။ လုံးဝ အကျယ်ကြီးပဲ ။
သူ့သူငယ်ချင်းတွေနဲ့ စကားပြောရင်လည်း
အာပေါင်ရင်းသန်သန်နဲ့ တရစပ်ပြောနိုင်သေးတယ်
ဟျောင့်ရေ ''

''ဒါကို ဘာလို့ သူ့ကိုကြိုက်ခဲ့တာလဲ . . .''

ကျော်ကြီးရဲ့ မျက်နှာ က ဒီအချိန်မှာတော့
လေးနက်သွားသည် ။
ကျွန်တော့်ကို လှမ်းကြည့်ရင်း -

'' ငါက သူ့ကို ကြိုက်တာ မဟုတ်ဘူးကွ ။ချစ်တာ ။
အဓိက က လူတစ်ယောက်ကို ချစ်သော မျက်စိနဲ့
ကြည့်လိုက်တဲ့အခိုက်အတန့် တိုင်းမှာ
အရာရာအားလုံးက စိတ်ကျေနပ်စရာကောင်းပြီး
ချစ်ဖို့ကောင်းနေတတ်တယ်ကွ ''

'' ဟင် . . .''

''သူ့ကို ငါက ချစ်တဲ့ မျက်လုံးနဲ ကြည့်တဲ့
အတွက်ကြောင့် သူဘာပဲ လုပ်လုပ် ဘာလိုပဲနေနေ
ချစ်ဖို့ကောင်းနေတာပေါ့ ။
ကုန်ကုန်ပြောရရင် သူ အိပ်ရာထထ ချင်း
ဆံပင် ဖွာလန် ကြဲအိပ်ချင်မူးတူး ရုပ်ကလေးနဲ့လည်း
ငါ video call ပြောခဲ့ဖူးတယ် ။
သိပ်ချစ်ဖို့ကောင်းတာပဲ ဟီး . . .''

ကျော်ကြီး ရဲ့နောက်ဆုံး စကားက ကျွန်တော့်ကို
အတွေးတွေ အများကြီး တွေးသွားစေရင်း
ငြိမ်သွားစေခဲ့တယ်။

'' ခဲတံရေ . . . မင်းတစ်ကယ် မချစ်ဖူးသေးလို့ပါ။
တစ်ကယ် ချစ်သွားတဲ့အခါ သူ အစားအသောက်ကို
အငမ်းမရစားနေတာလေးတောင် မင်းမျက်လုံးထဲ
ချစ်ဖို့ကောင်းနေလိမ့်မယ် ''

ကျွန်တော်တို့တွေက အခုထိ ချစ်တာနဲ့ ကြိုက်တာကို
မသဲကွဲခဲ့သေးကြတာအမှန်ပဲ။

လူ တစ်ယောက်ကို တစ်ကယ်ချစ်မိတဲ့အခါမှာ
သူ့ရဲ့ ဖြစ်တည်မှုတိုင်းက ချစ်ဖို့ကောင်းသွားတယ် ဆိုတဲ့
အချက်ကို ကျွန်တော်တို့ ထည့်တွက်ထားဖို့
လိုမယ်ထင်တယ် ။

®ခဲတံ®
၃၁.၇.၂၀၁၉

11/07/2019

မိုးတွေ ရွာနေတယိ

Rsချိတ်မလား

11/07/2019

တစ်ခါခါ နင့်ကြောင့်နဲ့ ငါ

အမှောင်ထဲမှာ လမ်းပျောက်နေခဲ့

တယ်

Address

Love Lay
Kya-in Seikkyi
1111

Website

Alerts

Be the first to know and let us send you an email when Love in A mist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category