Khit Linn Yaung Private School

Khit Linn Yaung Private School Student-Centered Learning Character & Academic Development Safe & Happy Learning Environment Kungyangon 📞 09-441195970

ကလေးတစ်ယောက်ရဲ့ စိတ်ဓာတ်ဖွံ့ဖြိုးမှုအတွက် ["မိဘနှင့် ကလေးကြား ထားရှိရမည့် ဆက်ဆံရေး"]​ကလေးတစ်ယောက်ရဲ့ အနာဂတ် ရောင်နီဝေဆာဖ...
16/08/2026

ကလေးတစ်ယောက်ရဲ့ စိတ်ဓာတ်ဖွံ့ဖြိုးမှုအတွက် ["မိဘနှင့် ကလေးကြား ထားရှိရမည့် ဆက်ဆံရေး"]
​ကလေးတစ်ယောက်ရဲ့ အနာဂတ် ရောင်နီဝေဆာဖို့ဆိုတာ ကျောင်းကသင်ပေးတဲ့ ပညာရေးတစ်ခုတည်းနဲ့တင် မလုံလောက်ပါဘူး။ အိမ်မှာ မိဘတွေဆီကရတဲ့ "မေတ္တာ၊ ဂရုစိုက်မှုနဲ့ လမ်းပြပေးမှု" တွေက ကလေးရဲ့ စိတ်ဓာတ်နဲ့ စရိုက်လက္ခဏာကို အဓိက ပုံသွင်းပေးတာ ဖြစ်ပါတယ်။
​ဒါကြောင့် သားသားမီးမီးတို့ ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့အတွက် မိဘနဲ့ ကလေးကြား ထားရှိသင့်တဲ့ အရေးကြီး အပြုအမူလေးတွေကို Khit Linn Yaung Private School မှ မျှဝေပေးလိုက်ပါတယ်။

​၁။ ဂရုစိုက်မှုနှင့် နားထောင်ပေးမှု (Active Listening)
​ရင်ဖွင့်သံကို နားထောင်ပါ ကလေး ကျောင်းကပြန်လာတဲ့အခါ "ဒီနေ့ ကျောင်းမှာ ဘာတွေ ပျော်စရာကောင်းခဲ့လဲ" ဆိုတာမျိုး စိတ်ဝင်တစား မေးမြန်းပေးပါ။
​အချိန်သီးသန့်ပေးပါ တစ်နေ့ကို အနည်းဆုံး မိနစ် ၂၀-၃၀ အလုပ်တွေကို ခဏဘေးဖယ်ပြီး ကလေးနဲ့အတူ စကားပြောတာ၊ ကစားပေးတာမျိုး လုပ်ပေးပါ။

​၂။ အပြုသဘောဆောင်သော ပြုပြင်လမ်းပြမှု (Positive Discipline)
​အမှားမှတစ်ဆင့် သင်ယူစေပါ ကလေး အမှားတစ်ခုလုပ်မိတဲ့အခါ ရိုက်နှက်၊ ဆူပူခြင်းထက် "ဘာကြောင့် ဒီလို မလုပ်သင့်တာလဲ" ဆိုတဲ့ အကြောင်းအရင်းကို အေးဆေးစွာ ရှင်းပြပါ။
​အများသူငါရှေ့ နှိုင်းယှဉ်ခြင်းမှ ရှောင်ကြဉ်ပါ ကလေးတစ်ယောက်နဲ့တစ်ယောက် သင်ယူနိုင်စွမ်းမတူကြပါ။ အခြားကလေးနှင့် နှိုင်းယှဉ်ပြောဆိုခြင်းသည် ကလေး၏ စိတ်ဓာတ် (Self-esteem) ကို ထိခိုက်စေနိုင်ပါတယ်။

​၃။ ချီးမွမ်းခြင်းနှင့် အသိအမှတ်ပြုခြင်း (Praise & Encouragement)
​ရလဒ်ထက် ကြိုးစားမှုကိုအသိအမှတ်ပြုပါ စာမေးပွဲမှာ အမှတ်အများကြီးရမှ မဟုတ်ဘဲ၊ ကလေးရဲ့ ကြိုးစားအားထုတ်မှုကို "သား/သမီး ကြိုးစားထားတာကို ဂုဏ်ယူပါတယ်" ဆိုတဲ့ စကားမျိုးဖြင့် အားပေးပါ။
ဆရာ၊ မိဘနဲ့ ကျောင်းသား သုံးပွင့်ဆိုင် လက်တွဲညီမှ ကလေးများရဲ့ အနာဂတ်ဟာ ပိုမို လင်းလက်တောက်ပလာမှာ ဖြစ်ပါတယ်။
အမှတ်(240)၊ခိုင်ရွှေဝါ(2)လမ်း၊မင်းပိုင်းရပ်ကွက်၊ကွမ်းခြံကုန်းမြို့။
📞09441195970

"​ကျောင်းကျန်းမာရေးစောင့်ရှောက်မှု"​ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးကို အလေးထားသောအားဖြင့် လက်ရှိဖြစ်ပွားနေသော ဝမ်း...
15/08/2026

"​ကျောင်းကျန်းမာရေးစောင့်ရှောက်မှု"
​ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးကို အလေးထားသောအားဖြင့် လက်ရှိဖြစ်ပွားနေသော ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါသည်။
​ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးအခြေအနေများကို စနစ်တကျ ကြည့်ရှုစစ်ဆေးပေးခြင်း၊ ရောဂါကာကွယ်ရေးနှင့် ပတ်သက်သည့် အရေးကြီးကျန်းမာရေးအသိပညာများ မျှဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပါတယ်။
​ကျောင်းသား/သူလေးများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ယူနိုင်ရေးအတွက် ကျောင်းနှင့် ကျန်းမာရေးဝန်ထမ်းများ အမြဲမပြတ် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါသည်။
အမှတ်(240)၊ခိုင်ရွှေဝါ(2)လမ်း၊မင်းပိုင်းရပ်ကွက်၊ကွမ်းခြံကုန်းမြို့။
📞09441195970

KG နဲ့ G6ကလေးလေးတွေရဲ့ သင်ယူမှု    ​KG ကလေးလေးတွေက ရုံးခန်းမှာ ဆရာမတွေနဲ့အတူ လက်ရေးလှ လေ့ကျင့်ခဲ့ကြပြီး G6 ကလေးတွေကတော့ ...
14/08/2026

KG နဲ့ G6ကလေးလေးတွေရဲ့ သင်ယူမှု
​KG ကလေးလေးတွေက ရုံးခန်းမှာ ဆရာမတွေနဲ့အတူ လက်ရေးလှ လေ့ကျင့်ခဲ့ကြပြီး
G6 ကလေးတွေကတော့ စာသင်ခန်းထဲမှာ သင်ယူထားတဲ့အရာတွေကို လက်တွေ့လုပ်ဆောင်ရင်း သင်ယူမှုအတွေ့အကြုံကောင်းတွေ ရရှိခဲ့ကြပါတယ်။
​စာတွေ့နဲ့ လက်တွေ့ကို ပေါင်းစပ်ပြီး ကလေးတွေရဲ့ သင်ယူနိုင်စွမ်းနဲ့ ကိုယ်တိုင်လုပ်ဆောင်နိုင်စွမ်းတွေ တိုးတက်လာစေဖို့ Khit Linn Yaung Private School မှ အမြဲတမ်း အားပေးပံ့ပိုးပေးနေပါတယ်။
​ လိပ်စာ - အမှတ် (၂၄၀)၊ ခိုင်ရွှေဝါ (၂) လမ်း၊ မင်းပိုင်းရပ်ကွက်၊ ကွမ်းခြံကုန်းမြို့။
📞 09 441 195 970

"ခေတ်လင်းရောင် ကိုယ်ပိုင်ကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးခြင်း"ရက်သတ္တပါတ် လှုပ်ရှားမှု ​ခေတ်လင်းရောင် ကိုယ်ပိုင်...
07/08/2026

"ခေတ်လင်းရောင် ကိုယ်ပိုင်ကျောင်းတွင် ကျောင်းကျန်းမာရေး အသိပညာပေးခြင်း"ရက်သတ္တပါတ် လှုပ်ရှားမှု
​ခေတ်လင်းရောင် ကိုယ်ပိုင်ကျောင်း သို့ မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ တာဝန်ရှိ ကျန်းမာရေးဝန်ထမ်း ဆရာမများ လာရောက်၍ ကျောင်းသူ/ကျောင်းသားများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ပေးခဲ့ကြပါတယ်။
​သားငယ်/သမီးငယ်များ၏ ကျန်းမာရေး အသိပညာတိုးပွားစေရန်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိစေရန် လာရောက်မျှဝေပေးပါသော ကျန်းမာရေးဝန်ထမ်း ဆရာမများအား ခေတ်လင်းရောင် မိသားစု မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။
အမှတ် (240)၊ခိုင်ရွှေဝါလမ်း၊မင်းပိုင်းရပ်ကွက်၊ကွမ်းခြံကုန်းမြို့။
📞09 441 195 970

02/08/2026

July လရဲ့ Assessment စာမေးပွဲ ကို အကောင်းဆုံး ကြိုးစားဖြေဆိုပြီးသွားပြီဆိုတော့…သားငယ်/သမီးငယ်တို့ရဲ့ စာကြည့်ရင်း ပင်ပန်းခဲ့သမျှ၊ စိတ်ဖိစီးမှုတွေကို အဝေးဆုံးကို လွှင့်ထုတ်ပြီး ကိုယ်စိတ်နှစ်ဖြာ လန်းဆန်းပေါ့ပါးသွားစေဖို့ "ပျော်ရွှင်စရာ အားကစားနှင့် လှုပ်ရှားမှုနေ့ရက် (Fun Sports & Activity Day)"

Khit Linn Yaung Private School

အမှတ်(240)၊ခိုင်ရွှေဝါ(2)လမ်း၊မင်းပိုင်းရပ်ကွက်၊ကွမ်းခြံကုန်းမြို့။📞09 441 195 970

"၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တရားဝင်ဖွင့်လှစ်ခွင့်ပြုထားသော ကိုယ်ပိုင်ကျောင်းများစာရင်း" (အစဉ်အမှတ် - ၂၉၉) "ခေတ်လင်းရောင် က...
29/07/2026

"၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တရားဝင်ဖွင့်လှစ်ခွင့်ပြုထားသော ကိုယ်ပိုင်ကျောင်းများစာရင်း"

(အစဉ်အမှတ် - ၂၉၉)
"ခေတ်လင်းရောင် ကိုယ်ပိုင်ကျောင်း"

ရင်သွေးငယ်များ၏ ပညာရည်မြင့်မားရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်ဝသော ပညာရေးဝန်ဆောင်မှုများဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားပါမည်။
အမှတ်(240)၊ခိုင်ရွှေဝါ(2)လမ်း၊မင်းပိုင်းရပ်ကွက်၊ကွမ်းခြံကုန်းမြို့။
📞09 441195970

Address

No. 240 , Khaing Shwe War 2nd Street, Minn Paing Ward
Kungyangon
11181

Website

Alerts

Be the first to know and let us send you an email when Khit Linn Yaung Private School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share