Thoolei Hteemoo Education Center

Thoolei Hteemoo Education Center Education and care center which focused on sustainable education and quality education for IDP.

14/06/2026

🐟🐠 natural catching in local stream.

ကျောင်းသူ/သားများ၏စကေး
14/06/2026

ကျောင်းသူ/သားများ၏စကေး

Back to School2026-2027 Academic Year
04/06/2026

Back to School
2026-2027 Academic Year

01/05/2026
01/05/2026

Today, May 1st, marks the birthday of Naw Thaw Thi Htoo, the founders of Thoolei Htee Moo School. In honor of her birthday and to share the story of our school with those interested, we would like to present this brief tribute.
Since the school’s founding, Thramu Thaw Thi has not only led and managed the institution as Principal but has also served with full devotion as a full-time teacher.
In the coming academic year, while she will no longer be serving as the Principal, she will continue to support the school by focusing on fundraising and ensuring that Thoolei Htee Moo School remains systematic and sustainable in the long run.

Happy Birthday, Thramu Thaw Thi!
May your life ahead be filled with God’s richest blessings, and may He continue to use you even more for His glory.

01/05/2026

ဒီနေ့ မေလ ၁ ရက်နေ့မှာ ကျရောက်တဲ့ သူးလေထီးမူးကျောင်းရဲ့ Founder တစ်ဦးဖြစ်သူ ဆရာမ နော်သောသီထူးရဲ့ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျောင်းအကြောင်း သိကောင်းစရာလေးကို အကျဉ်းချုပ် တင်ပြလိုက်ပါတယ်။
ဆရာမသည် ကျောင်းစတင်တည်ထောင်စဉ်ကတည်းကနေ ယနေ့ထိ ကျောင်းအုပ်တစ်ဦးအနေဖြင့် ဦးဆောင်ခဲ့ရုံသာမက အချိန်ပြည့်ဆရာမတစ်ဦးအနေဖြင့်လည်း ဆက်ကပ်ခဲ့သူ ဖြစ်ပါတယ်။
လာမည့် စာသင်နှစ်တွင် ဆရာမသည် ကျောင်းအုပ်အဖြစ် တာဝန်ယူတော့မည်မဟုတ်သော်လည်း ကျောင်းအတွက် ရန်ပုံငွေရှာဖွေရေးနှင့် ကျောင်းတော်ကြီး စနစ်တကျ ရေရှည်တည်တံ့ခိုင်မြဲစေရန် ဆက်လက် ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ပါတယ်။

Happy Birthday ပါ သရာမူသောသီ
ဆရာမ၏ ရှေ့ဆက်အသက်တာတွင် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများ ပြည့်စုံကာ ဘုရားသခင် သာ၍ အသုံးပြုနိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

P.S. Free AI generated video လေးဖြစ်တာမို့ စကားအသုံးအနှုန်းအမှားတွေ စာလုံးပေါင်းအမှားတွေပါရှိတာ ကြိုတင်တောင်းပန်အပ်ပါတယ်။
အမှားပြင်ဆင်ချက် 2023 မှာ ကျောင်းသား/သူ 90 ကျော်ရှိခဲ့တာဖြစ်ပါတယ်။

🎓ပညာသင်ဆု (Scholarship)🏆​ဒီကလေးတွေကတော့ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ပညာရေးရန်ပုံငွေနဲ့ ကျောင်းဆက်တက်ကြမယ့် ကလေးတွေဖြစ်ပါတယ်။...
29/04/2026

🎓ပညာသင်ဆု (Scholarship)🏆
​ဒီကလေးတွေကတော့ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ပညာရေးရန်ပုံငွေနဲ့ ကျောင်းဆက်တက်ကြမယ့် ကလေးတွေဖြစ်ပါတယ်။ ၂၀၂၅ မှာ တစ်ယောက်တည်း ပို့နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ မနှစ်က တစ်ယောက်အပြင် Grade 11 ဆက်တက်မယ့် ကလေး ၃ ယောက် ထပ်တိုးလာပါတယ်။
​"သူးလေထီးမူးကျောင်းရဲ့ ရန်ပုံငွေထဲကနေ အဲ့လောက်ထိ ပို့နိုင်နေပြီလား" ဆိုရင်တော့... မဟုတ်သေးပါဘူး။ The Northern Lights for Burma Foundation ကနေ ဒီကလေး ၄ ယောက် ပညာဆက်လက် သင်ကြားနိုင်ဖို့ တစ်နှစ်စာကုန်ကျစရိတ်ရဲ့ ၆၁% ကို ပံ့ပိုးပေးမှာဖြစ်ပြီး၊ ၁၀% ကတော့ ကလေးတွေရဲ့ မိဘတွေကိုယ်တိုင် တာဝန်ယူမှာဖြစ်ပါတယ်။
​တစ်နှစ်စာကုန်ကျစရိတ်ထဲမှာ ဘာတွေပါဝင်သလဲဆိုရင် -
​ကျောင်းဝင်ကြေး
​ဘော်ဒါဆောင်ခ (နေရပ်နဲ့ဝေးတဲ့ကလေးတွေအတွက် ကျောင်းကစီစဉ်ပေးထားတဲ့ သက်သာတဲ့ အဆောင်နဲ့ အစားအသောက်စရိတ်)
​ကျောင်းဝတ်စုံစရိတ် (ယူနီဖောင်း နှင့် အားကစားဝတ်စုံ) တို့ပဲ ဖြစ်ပါတယ်။
​ဒီအထဲမှာ သွားလာရေး လမ်းစရိတ်နဲ့ ကလေးတွေအတွက် မုန့်ပဲသရေစာဖိုး လုံးဝမပါဝင်ပါဘူး။ ဒါတွေကိုတော့ ကလေးမိဘတွေက တတ်နိုင်သလောက် ပံ့ပိုးပေးကြမှာဖြစ်သလို၊ လမ်းပန်းဆက်သွယ်ရေးအတွက် ကျောင်းဘက်ကလည်း ကူညီနိုင်တာမှန်သမျှ ကူညီပေးဖို့ရှိပါတယ်။
​လက်ရှိမှာတော့ ၂၉% ခန့် လိုအပ်နေသေးတာမို့ စိတ်နှလုံးတို့ထိသူ မည်သူမဆို ပါဝင်နိုင်ပါတယ်။ ၂၉% ဆိုတာ မများတဲ့ပမာဏသာဖြစ်ပါတယ်။ မြန်မာကျပ်ငွေ သိန်း 20 ခန့်သာရှိပါတယ်။
​"ဒီ ၂၉% သာ မရခဲ့ရင် ကလေးတွေ ကျောင်းဆက်တက်ရပါဦးမလား" ဆိုရင်တော့...
တက်ကို တက်ရမှာပါ။ ကျောင်းအနေနဲ့ ပညာလိုချင်တဲ့၊ အမှန်တကယ်လိုအပ်နေတဲ့ ကလေးတွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကျောင်းဆက်တက်စေချင်လို့ အစွမ်းကုန် ကြိုးစားနေတာဖြစ်ပါတယ်။ အခြားထောက်ပံ့ငွေ မရခဲ့ရင်တောင် သူးလေထီးမူးအနေနဲ့ ရှိတဲ့ရန်ပုံငွေကို မရှိရှိတာ သုံးပြီး ကျောင်းထားပေးမှာပါ (ချေတယ်နော်)။
​ခေတ်ပျက်ကြီးထဲမှာ တည်ဆောက်စရာတွေ အများကြီး ရှိနေတဲ့အခါ "ပန်းပျိုးခြင်း" က ဦးစားပေးနေရာမှာ မရှိခဲ့ရင်တောင် ဥယျာဉ်မှူးကတော့ ပန်းလေးတွေကို ပစ်မထားနိုင်ပါဘူး (ဒီဥယျာဉ်မှူးက သိပ်ချေတာပဲ 😁)။
​ကလေးတစ်ယောက်ချင်းစီရဲ့ စိတ်ဝင်စားစရာ အချက်လေးတွေနဲ့ သူတို့ ဘာကြောင့် ဒီပညာသင်ဆုနဲ့ ထိုက်တန်သလဲဆိုတာကိုလည်း ဆက်လက် ရေးသားပေးသွားပါဦးမယ်။

ကျပ်သိန်း ၂၀ နှင့် ညီမျှသော ၂၉%

Address

Katoe Hta Village
Kawkareik
13072

Website

Alerts

Be the first to know and let us send you an email when Thoolei Hteemoo Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share