Noh Hpa Htaw High school

Noh Hpa Htaw High school Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Noh Hpa Htaw High school, School, ဖားပြ, Kawkareik.

23/02/2023

ပညာတတ်ခြင်း မတတ်ခြင်း နှစ်ခုကြားမှာ
စာနာတတ်ခြင်း ရှိတဲ့သူက
ပိုပြီး လူသားဆန်တယ်

မြင့်မြတ်ခြင်းနဲ့ ယုတ်ညံ့ခြင်း နှစ်ခုကြားမှာ
လူကိုလူလို ဆက်ဆံ တတ်တဲ့သူက
ပိုပြီး လူသားဆန်တယ်

လက်ဖဝါးနဲ့ လက်ဖမိုး အုပ်စု နှစ်ခုကြားမှာ
အမှန်တရားကို ဆုပ်ကိုင်နိုင်တဲ့ ဘက်ခြမ်းက
ပိုပြီး လူသားဆန်တယ်

အနိုင်နဲ့ အရှုံး နှစ်ခုကြားမှာ
ကိုယ်ကျိုးအတွက် သိက္ခာကို ချနင်းနေသူထက်
အများအကျိုးအတွက် အသက်ကိုစတေးရဲ သူတွေက
ပိုပြီး လူသားဆန်တယ်

ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်း နှစ်ခုကြားမှာ
စွန့်လွှတ်ရဲ ပေးဆပ်ရဲတဲ့သူက
ပိုပြီး လူသားဆန်တယ်

ခါးသီးခြင်းနဲ့ ချိုမြိန်ခြင်း နှစ်ခုကြားမှာ
ဘဝ ရေဆန်ကို အားမာန်နဲ့ ကူးနေသူက
ပိုပြီး လူသားဆန်တယ်

အရှက်တရား မရှိသူတွေက
ပြောချင်ရာပြောတတ်တယ်
လူသားမဆန်တဲ့သူတွေက
လုပ်ချင်ရာလုပ်တတ်တယ်

ဒါပေမယ့်....

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ နှစ်ခုကြားမှာ
ကိုယ့်အကျိုးအတွက်
တစ်ခြားသူတွေကို
ထိခိုက်နစ်နာအောင်
မလုပ်တတ်တဲ့ ကိုယ်ကျင့်တရား ရှိသူက
ပိုပြီး လူသားဆန်ပါတယ်။

Noh Hpa Htaw high school teacher group

အရှုံးမပေးနဲ့ ကြိုးစားပါမုန်တိုင်းပဲလာလာ လေပဲတိုက်တိုက်တစ်ပွင့်ထဲလဲ ပွင့်ရဲရမယ်။တစ်ပွင့်ထဲဆိုပေမယ့်လွင့်ကြဲသွားမယ် မထင်န...
23/02/2023

အရှုံးမပေးနဲ့ ကြိုးစားပါ

မုန်တိုင်းပဲလာလာ လေပဲတိုက်တိုက်
တစ်ပွင့်ထဲလဲ ပွင့်ရဲရမယ်။

တစ်ပွင့်ထဲဆိုပေမယ့်
လွင့်ကြဲသွားမယ် မထင်နဲ့။

ကိုယ်ရှင်မှ ကိုသန်ရမယ့် ခေတ်ကြီးမှာ
ဘယ်သခင်မှ အားမကိုးဘူး။

ကိုယ်သာလျှင်သခင် ကိုယ်သာလျှင်ဘုရင်မို့
ကိုယ့်ကိုကိုယ်သာ အားထားရာပါ။

ဘဝဆိုတာလိုချင်တာအကုန်ရနေမှ
ပျော်ရမယ်လို့ မဆိုလိုပါဘူး။

ကိုယ့်ရဲ့ဖြစ်တည်မူ့တိုင်းကို နှစ်သက်တတ်ရင်
ပျော်စရာပဲ မဟုတ္လား။

ရှိတာလေးနဲ့ လှအောင်ဝတ်
ရှိတာလေးနဲ့ ဝအောင်စား
ရောင့်ရဲတတ်ရင်လဲ ပျော်စရာပဲလေနော်။

ကြယ်စင်တွေလောက် မလင်းနိုင်းဖူးဆိုပြီး
ပိုးစုန်းကြူးလေး ရှက်လို့သေမသွားပါဘူး။

သူမြားဘဝကျို အားကျနေရုံနဲ့တော့
မိမိဘဝ တောက်ပလာမှာ မဟုတ်ဘူးနော် ။

သစ်ရွက်တွေကြွေရုံနဲ့တော့
သစ်ပင်ကြီးမသေပါဘူး။

ကြယ်လေးတွေကြွေရုံနဲ့တော့
ကောင်ကင်ကြီးမသေပါဘူး။

ပန်းပုတစ်ရုပ် လှဖို့ဆိုရင်တော့
ထွင်းထုလိုက်ရတဲ့
အသားစေတြ ရှိတတ်စမြဲပဲလေ။

လဲလို့သာ ပြန်မထကြရင်
လူဆိုတာ တွားသွားသတ္တဝါတွေ
ဖြစ်ကုန်မှာပေါ့ဗျာ အားမလျော့ပါနဲ့။

မပြည့်စုံခွင့်တောင် ရှိသေးတာပဲကွယ်
ကြိုးစားခွင့်လဲ ရှိပါသေးတယ် ။

အနင်းခံမြက်တွေ တဖန်ရှင်သန်လာပြီဆိုရင်
သာမာန်မြက်တွေထက် ပိုမာတယ္ဆိုတာ သိထား

Noh hpa htaw high school teacher group

လာမည့်2023-2024 စာသင်နှစ်မှာGrade 11နှင့် Grade 12 ကျောင်းသူကျောင်းသားများ ကွန်ပြူတာ အခြေခံသင်ကြားပေးရန်အတွက် အလှူငွေမှက...
23/02/2023

လာမည့်2023-2024 စာသင်နှစ်မှာGrade 11နှင့် Grade 12 ကျောင်းသူကျောင်းသားများ ကွန်ပြူတာ အခြေခံသင်ကြားပေးရန်အတွက် အလှူငွေမှ
ကွန်ပြူတာ ၄လုံးဝယ်ထားပီးပါပြီး

Noh Hpa Htaw Karen High School မှကျောင်းပီးတဲ့ကျောင်းသူကျောင်းသားတိုင်း ကွန်ပြူတာအခြေခံ တတ်ရမည်ဟု ဆရာဆရာမများက လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်
Date.23.2.2023
Noh Hpa Htaw Karen High School Teacher Group

22/02/2023

Address

ဖားပြ
Kawkareik
စာသားအကွက်ထဲတွင်ကူးထည့်ရန်အတွက်ဗီဒီယိုအပိုင်းကိုတို့ပါ။

Website

Alerts

Be the first to know and let us send you an email when Noh Hpa Htaw High school posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category