Light House Education Center

Light House Education Center Create your future with me!

08/08/2025
ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ (၇)ရက်သားသမီးအပေါင်းစိတ်ချမ်းသာကိုယ်ကျန်းမာ‌၍ လိုရာဆန္ဒဟူသမျှ ပြည့်ဝပါစေကြောင်း LHEC မိသာ...
09/07/2025

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့

(၇)ရက်သားသမီးအပေါင်း
စိတ်ချမ်းသာကိုယ်ကျန်းမာ‌၍ လိုရာဆန္ဒဟူသမျှ ပြည့်ဝပါစေကြောင်း LHEC မိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါတယ်။🙏🏻🙏🏻🙏🏻

🇲🇲 Attention Future Accountants in Myanmar! 🚨အခုချိန်မှာ ACCA Qualification ဟာဆိုရင် Old version ကနေ New version ကို Oct...
25/06/2025

🇲🇲 Attention Future Accountants in Myanmar!

🚨အခုချိန်မှာ ACCA Qualification ဟာဆိုရင် Old version ကနေ New version ကို October 2026 ကစပြီး ကြီးမားတဲ့ပြောင်းလဲမှုတွေနဲ့ တရားဝင်စတင်လာတော့မှာဖြစ်တာကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ Accounting and Financial Field ထဲက လူတွေအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်တွေကိုဖန်တီးနိုင်ဖို့ အသင့်ပြင်ထားလို့ရနေပြီနော်။

ဒါကြောင့်ဒီနေ့မှာတော့ LHEC ကနေ ACCA ရဲ့ မြန်မာနိုင်ငံမှာအထူးသက်ရောက်မှုရှိလာတော့မယ့် Official Changes တွေကို ACCA နဲ့ပတ်သတ်တဲ့ Knowledge session တခုအနေနဲ့ မျှဝေပေးသွားမှာဖြစ်တာကြောင့် စိတ်ဝင်စားတယ်ဆိုရင် အဆုံးထိဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။ 💁

ဒီတခေါက် ACCA Qualification အသစ်မှာ အရင်အဟောင်းနဲ့မတူပဲ ပါဝင်လာမှာတွေကတော့ 🤔
✅ Only 11 papers (instead of 13)
✅ New levels:
• Knowledge
• Expertise
• Strategic Professional
✅ Practical, tech-savvy, and globally relevant content
✅ A clear and smarter path to becoming an ACCA Affiliate တို့ဖြစ်ကြပြီး

📚 New Structure Highlights တွေအနေနဲ့ကတော့
🔸 Knowledge Level:
_ Financial Accounting
_ Management Accounting
_ Business Law
🔸 Expertise Level:
_ Taxation
_ Financial Reporting
_ Audit & Risk
_ Investment and
_ Data Analysis
🔸 Strategic Level: Sustainability, Leadership + 1 Specialization (e.g. Audit / Tax / Data Science / Finance)
စသဖြင့်ပါဝင်ပါတယ်။

💡အဲ့ဒီအပြင်ကိုမှ
🎓 UK Degree Grading at the Expertise level
🌍 Ethics and Digital Skills in every stage
💼 Simulated work experience modules count toward your PER!

ဖြစ်တဲ့အတွက် သင်က ဒီ ACCA Journey ကိုအခုမှစပြီးလျှောက်လှမ်းမယ့်သူပဲဖြစ်ဖြစ်၊ လျှောက်လှမ်းနေပြီးသားသူပဲဖြစ်ဖြစ် ဒီပြောင်းလဲမှုကြီးက သင့်ကို ဒီနေ့ခေတ် Digital World ရဲ့ Demands တွေနဲ့ ကိုက်ညီမှုရှိတဲ့ Future-Ready Qualification တခုကိုပေးနိုင်မှာပဲဖြစ်ပါတယ်။

🗓️ Mark the date: October 2026 – Myanmar’s first intake under the new ACCA structure!
📽️ Watch the full explanation 👉 https://youtu.be/-4z9MtaGATk
📩 DM us if you have questions or need help planning your ACCA journey!

🚨 MAJOR ANNOUNCEMENT INCOMING! 🚨Accounting Profession မှာ နောက်ထပ်ကြီးမားတဲ့ ခြေလှမ်းအသစ်ကြီးတခုကိုစတင်ဖို့အတွက် အဆင်သင့...
21/06/2025

🚨 MAJOR ANNOUNCEMENT INCOMING! 🚨

Accounting Profession မှာ နောက်ထပ်ကြီးမားတဲ့ ခြေလှမ်းအသစ်ကြီးတခုကိုစတင်ဖို့အတွက် အဆင်သင့်ဖြစ်ပြီလား။ 💁 ဒီအတွက် ACCA Qualification ဟာဆိုရင် အခုချိန်မှာ မတူညီတဲ့တိုးတက်ပြောင်းလဲမှုတွေကို ပြန်လည်ပုံဖော်နေတာဖြစ်ပြီး သင့်အနေနဲ့ သူ့ရဲ့ပြောင်းလဲမှုတွေကိုပထမဦးဆုံးမြင်တွေ့ခွင့်ရနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်‌နော်။ ✨

🌟 Live Reveal: 24 June | 12 noon UK time
📍 Streaming exclusively on YouTube:
👉 https://www.youtube.com/watch?v=qU

အပေါ်မှာချထားပေးတဲ့ ရက်စွဲ၊ အချိန်နဲ့အတူ သူ့ရဲ့ Official YouTube link လေးကနေတဆင့် ACCA ရဲ့ ခေတ်ရေစီးကြောင်းအလိုက်တိုးတက်ပြောင်းလဲလာပုံအဆင့်ဆင့်နဲ့ သင့်ကို ခေတ်သစ်အနာဂတ်ဆီ ဘယ်လိုလမ်းပြပြီးခေါ်ဆောင်သွားပေးမလဲဆိုတဲ့အကြောင်းအရာတွေကို တိုက်ရိုက်သိမြင်ခွင့်ရတော့မှာကြောင့် ဒါကသင့်အ‌နေနဲ့ လက်လွတ်မခံသင့်တဲ့မဟာအခွင့်အရေးကြီးပဲဖြစ်ပါတယ်။ ✔️

သူ့ရဲ့ရရှိလာမယ့် Key components တွေဟာဆိုရင်
🔎 New focus areas that reflect real-world demands
🧠 Smarter learning paths and digital skills integration
🌍 Future-ready professionals who can lead in any global industry
📈 More relevant, practical, and impactful than ever before

စသဖြင့် လုပ်ငန်းခွင်မှာတွင်သာမက လက်တွေ့ဘဝမှာပါ တကယ့်ကိုအရေးပါတဲ့ အကြောင်းအရာတွေဖြစ်တဲ့အတွက် သင်က Global Accountant, Strategic Advisor ဒါမှမဟုတ် Financial Leader ဖြစ်ဖို့အတွက် အိမ်မက်ရှိတဲ့သူတဦးဆိုရင် ဒါက သင့် Accounting Future အတွက် အရမ်းကိုမှသင့်လျော်တဲ့အစီအစဉ်တခုဆိုလည်း မမှားပါဘူးနော်။ 💡✨

🎥 Hit that subscribe button, set your reminder, and get ready for an exciting reveal that could shape your career path:
🔗 https://www.youtube.com/watch?v=qU

Let’s step into the future — together. 🚀

🌍 ACCA x University of London: Upgrade Your Accounting Journey 🌍ACCA is ACCA ဆိုတဲ့အတိုင်း ACCA ဆိုတာကတော့ qualification...
30/05/2025

🌍 ACCA x University of London: Upgrade Your Accounting Journey 🌍

ACCA is ACCA ဆိုတဲ့အတိုင်း ACCA ဆိုတာကတော့ qualification တခုတင်မဟုတ်ပဲ တကယ့်ကို global game-changer တခုပါပဲ။ နှိုင်းယှဉ်စရာကိုမလိုတော့တာပါ။ 🔥

But wait! အကယ်၍သင်က ACCA နောက်ကိုလိုက်နေတုန်း နောက်ထပ် recognised degree တခုကိုထပ်ပြီး earn နိုင်မယ်ဆိုရင် စိတ်ဝင်စားကြလား? 🤔
ဒါကြောင့်ဒီနေ့မှာတော့ Oxford Brookes University (OBU) နဲ့ Bachelor of Science (BSc) ကိုမရတော့ပေမယ့် အခုထပ်တိုးလက်တွဲလိုက်ပြီဖြစ်တဲ့ University of London (UoL) ရဲ့ BSc in Professional Accountancy အကြောင်းလေးနဲ့ သူ့ရဲ့အဓိကလိုအပ်ချက်လေးတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ 💁

🎓 University of London ရဲ့ BSc in Professional Accountancy ဆိုတာဘာလဲ။
ဒါလေးက သင့်အနေနဲ့ ACCA exams တွေကို ဖြေဆ်ိုပြီးမြောက်နေဆဲကာလအတွင်းမှာ University of London ကနေ Bachelor of Science (Honours) degree ကို ရရှိနိုင်မယ့် မဟာအခွင့်အရေးကြီးတခုပဲဖြစ်ပါတယ်။

ဒါကြောင့်အကယ်၍ သင်က
✅ Respected Academic Qualification နဲ့ ကိုယ့်ရဲ့ Career ကို မြှင့်တင်ဖို့၊
✅ Exam fees တွေလျှော့ချဖို့၊
✅ ACCA Exemptions တွေကို maximize လုပ်ဖို့၊
✅ လက်တွေ့ research အတွေ့အကြုံတွေကို ပိုပြီးလေ့ကျင့်နိုင်ဖို့ စသဖြင့်‌ကြိုးစားနေတာဆိုရင်တော့ ဒီ Degree က သင့်အတွက်ပါပဲနော်။

📝 ဒီတော့ ဒီ BSc program ကိုလျှောက်ဖို့အတွက် ဘယ်လို Key requirements တွေလိုအပ်လဲ။
1. ACCA Applied Knowledge (F1–F3) ကနေ Completed or gained exemptions တွေ၊
2. Financial Reporting (FR), Taxation (TX), Audit & Assurance (AA) တို့လို Completed ACCA Applied Skills exams တွေလိုအပ်ပါတယ်။

💸 Major Benefits တွေအနေနဲ့ဆိုရင်လည်း
✔️ ACCA’s FM & PM exams fees တွေကိုပေးစရာမလိုတော့ပါဘူး။
✔️ BSc ကနေ FM နဲ့ PM module အောင်မြင်ပြီးရင်လည်း ACCA's FM နဲ့ PM စာမေးပွဲကြေးတွေ ပေးဆောင်စရာ မလိုတော့ပါဘူး။
✔️ သင်တန်းကြေးတွေရှိခဲ့ရင်လည်း ထပ်မံပေးဆောင်ရတာမျိုးမရှိတော့ပါဘူး။
✔️ ပုံမှန်အားဖြင့် ACCA exemption ရဖို့ exemption fee ပေးရတတ်ပေမယ့် University of London ရဲ့ BSc ကနေ FM နဲ့ PM module ကို အောင်မြင်ထားတာရင် ACCA part-2 FM နဲ့ PM exemption fee ကို လုံးဝပေးစရာမလိုတော့ပါဘူး။

That means more focus on your career goals, and less stress on your wallet. 🫡

📚 ဒါဆို BSc program မှာ ဘာတွေသင်ရမှာလဲ။
University of London ကနေတဆင့်
1. Financial Management (FM)
2. Performance Management (PM)
3. Research Project (a practical academic paper) စတဲ့ 3 core modules တွေကို သင်ယူဖြေဆိုအောင်မြင်ရမှာဖြစ်ပါတယ်။

🖥️ ဒီ modules တွေကို UoL’s Virtual Learning Environment ကနေတဆင့်လိုင်းပေါ်က သင်ကြားပို့ချသွားမှာဖြစ်ပြီး in-person သင်ချင်တဲ့လူတွေအတွက် Recognized Teaching Centres (RTC) ကိုရွေးချယ်ပြီး join လို့လည်းရပါတယ်။

💳 Tuition & Fees တွေအနေနဲ့ကတော့ full online tuition က ကိုယ့်နိုင်ငံ ဒါမှမဟုတ် ကိုယ်ရွေးချယ်ထားတဲ့ RTC ပေါ်မူတည်ပြီး variations အနဲငယ်နဲ့အတူ £3,000 ဝန်းကျင်ကျသင့်မှာဖြစ်ပါတယ်။ Payments တွေကို online ပေါ်ကနေ Visa, MasterCard တို့လိုနဲ့ ပေးချေလို့ရပါတယ်။

📌 Why Consider It?
အကယ်၍သင်က ACCA ကို progressing လုပ်ထားပြီးသားသူတဦးဆိုရင် ဒါကသင့်အတွက်
✨ Globally respected degree တခုကို earn ဖို့
✨ ACCA exam exemptions ရရှိဖို့
✨ Fees တွေလျှော့ချနိုင်ဖို့
✨ Research skills တွေတိုးမြင့်လာနိုင်ဖို့
✨ Employers တွေဆီကို stand out လုပ်လာနိုင်ဖို့တဲ့ အခွင့်အရေးကောင်းတခုပါပဲ။

📣 ဒီတော့ နောက်ထပ်ခြေလမ်းသစ်ထပ်စဖို့အတွက် ready ပဲလား။
သင့်အနာဂတ်က သင့်လက်ထဲမှာပဲနော်။ ကိုယ်က ACCA Applied Skills တွေကို ပြီးဆုံးကာနီးတာပဲဖြစ်ဖြစ် တခုခုကိုထပ်လုပ်ဖို့ စီစဉ်နေတာပဲဖြစ်ဖြစ် Training School တွေဖြစ်ကြတဲ့ ZAW Business School နဲ့ တခြား Recognized Teaching Centres တွေကနေ announcements တွေကို မျက်ခြေမပျက်စောင့်ကြည့်ထားဖို့မမေ့နဲ့နော်။

📍 Already passed your ACCA Part 1? You’re on the right path.
📍 Still studying? Keep going! This degree will be waiting for you when you’re ready.

💡အတိုချုပ်အနေနဲ့ကတော့ ACCA ကိုရွေးချယ်လိုက်တာက တကယ့်ကို မှန်ကန်တဲ့ဆုံးဖြတ်ချက်တခုပါပဲ။ ဒါဆိုအခုကစပြီး UoL ရဲ့ BSc in Professional Accountancy နဲ့အတူပိုကောင်းတဲ့ပညာရေးအနာဂတ်တခုကို ဖန်တီးလိုက်ပါတော့နော်။

Let your qualifications work smarter for you. 💼🎓

မြန်မာနိုင်ငံရှိ SME လုပ်ငန်းရှင်များ မေ့လျော့တတ်တဲ့ အခွန်လျော့ချခွင့်ကိုဖော်ပြပေးလိုက်ပါတယ်။မြန်မာနိုင်ငံရှိ သေးငယ်-အလတ...
27/05/2025

မြန်မာနိုင်ငံရှိ SME လုပ်ငန်းရှင်များ မေ့လျော့တတ်တဲ့ အခွန်လျော့ချခွင့်ကိုဖော်ပြပေးလိုက်ပါတယ်။
မြန်မာနိုင်ငံရှိ သေးငယ်-အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) အနေဖြင့် စည်းမျဉ်းစည်းကမ်းများနှင့် အခွန်ဥပဒေများကို တိကျစွာနားလည်မှုမရှိခြင်းကြောင့် အခွန်လျော့ချခွင့်အချို့ကို မသုံးနိုင်ဘဲ ပျက်ကွက်နေကြတာများပါတယ်။ အောက်ဖော်ပြပါ deduction များမှာ အသုံးဝင်လွန်းသော်လည်း SMEs များ များပြားစွာ မသိကြသေးတဲ့အရာများဖြစ်ပါတယ်။

၁။ စီးပွားရေးသုံးအိမ်တွင်းရုံးခန်းစရိတ် (Home Office Expenses)
အိမ်အတွင်းမှ တာဝန်ထမ်းဆောင်နေသော SME ရှင်များအနေဖြင့် အခန်းတစ်ခန်းကို စီးပွားရေးအတွက်သာ သီးသန့်အသုံးပြုနေပါက တစ်စိတ်တစ်ပိုင်း မီးဖိုး၊ ရေဖိုး၊ အင်တာနက်နှင့် ငှားရမ်းခစရိတ်များကို အခွန်ထဲမှ ချထားခွင့်ရနိုင်ပါတယ်။ သက်သေမှတ်တမ်း (receipts & utility bills) များ သိမ်းထားဖို့လိုပါတယ်။

၂။ ကိုယ်ပိုင်ယာဉ်ဖြင့် စီးပွားရေးခရီးသွားလာခြင်း (Business Use of Personal Vehicle)
ယာဉ်တစ်စင်းကို ကိုယ်ပိုင်နှင့် စီးပွားရေးအရ နှစ်မျိုး အသုံးပြုနေတာဖြစ်ပါက စီးပွားရေးအတွက် အသုံးပြုသည့် လျှောက်လမ်းမိုင်နှင့် စရိတ်များကို ချထားနိုင်ပါတယ်။ မိုင်အပေါ်အခြေခံတဲ့ system မရှိသော်လည်း မြန်မာတွင် actual fuel, servicing, repair bills စသည့်စရိတ်များကို သက်သေဖြင့် ထည့်သွင်းနိုင်ပါတယ်။

၃။ စတင်လုပ်ငန်းဖွင့်စရိတ် (Startup/Pre-operating Expenses)
လုပ်ငန်းဖွင့်မတိုင်မီ စီစဉ်မှု၊ စျေးကွက်သုတေသန၊ training, license ရယူမှု စသည့် စတင်ကုန်ကျစရိတ်များကို “Pre-operating Expenses” အဖြစ် စာရင်းသွင်းပြီး တဖြည်းဖြည်းချထား (amortization) နိုင်ပါတယ်။ မြန်မာနိုင်ငံအခွန်ဥပဒေအရလည်း ကနဦးအချို့သောစရိတ်များသည် deductible ဖြစ်နိုင်ပါတယ်။

၄။ လေ့လာရေး၊ သင်တန်းနှင့် အတန်းများ (Training and Professional Development)
လုပ်ငန်းနှင့်သက်ဆိုင်သော သင်တန်းကြေး၊ Seminar, workshop, online courses စရိတ်များသည် ပညာရပ်တိုးတက်ရေးအတွက်ဖြစ်ပါက လျော့ချခွင့်ရနိုင်ပါတယ်။

၅။ မရရှိနိုင်တော့သော အကြွေးများ (Bad Debts)
သင်၏ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများအတွက် ပေးချေဖို့ရှိတဲ့ဖောက်သည်မှ မပေးချေသည့်အခါ၊ လုံလောက်သောသက်သေ (invoice, follow-up letters, legal action attempts) တင်ပြနိုင်ပါက အဆိုပါဘဏ္ဍာရေးအရှုံးကို bad debt အဖြစ် ချထားခွင့်ရနိုင်ပါတယ်။

Double Entry Bookkeeping System ဆိုတာဘာလဲ?📍Double Entry Bookkeeping ဆိုတာကတော့ Accounting ပညာရပ်ရဲ့ စာရင်းရေးသွင်းတဲ့အခါ...
23/05/2025

Double Entry Bookkeeping System ဆိုတာဘာလဲ?

📍Double Entry Bookkeeping ဆိုတာကတော့ Accounting ပညာရပ်ရဲ့ စာရင်းရေးသွင်းတဲ့အခါမှာ အခြေခံအကျဆုံးစနစ်တစ်ခုဖြစ်ပြီး နှစ်ဖက်စာရင်းရေးသွင်းစနစ်လို့ခေါ်ဆိုလို့ရပါတယ်✅

📍Double Entry System မှာ ဆိုရင် Debit နဲ့ Credit ဆိုပြီးside နှစ်ဖက်ရှိပါတယ်။ Transaction တစ်ကြောင်းကိုစာရင်းမှတ်ပြီးဆိုလျှင် Double Entry System အရ Equal Amount ဖြစ်ပြီး Opposite effect ဖြစ်ပါတယ်✅

▪️ဥပမာ customer ကို သိန်း၁၅၀ဖိုးရောင်းလိုက်တယ်ဆိုရင် Sales account အရောင်းစာရင်းမှာ Creditဘက်မှာ သိန်း၁၅၀ထည့်ပေးရပြီး ငွေcashရလာလို့ Cash accountရဲ့ Debitဘက်မှာ သိန်း၁၅၀ထည့်ပေးရမှာဖြစ်ပါတယ်✅

📍နောက်ထပ်ပြီး သတိထားရမှာက Expense ဆိုရင် expense အသုံးစရိတ်တွေပေးပြီးသွားရင်ဆိုရင် Debit ဘက်မှာထည့်ပေးရပြီး မပေးရတော့ဘူးဆိုရင် Creditဘက်မှာထည့်ပေးရမှာဖြစ်ပါတယ်✅

▪️ဥပမာ- မီတာဖိုး ၁သိန်းပေးလိုက်တယ်ဆိုရင် expenseမှာ Debitဘက်မှာ ၁သိန်းထည့်ပေးရပြီး Cashလျော့သွားလို့ Cash accountရဲ့ Credit ဘက်မှာ ၁သိန်းထည့်ပေးရမှာဖြစ်ပါတယ်✅

ဒီလို Transaction တွေကိုDouble Entry System အရစာရင်းရေးသွင်းပြီးရင် Balance တွေရလာအောင်စာရင်းချုပ်ရမှာဖြစ်ပါတယ်။

📍ဘာလို့အရေးကြီးတာလဲ?

🔹စာရင်းမှန်ကန်မှု ရရှိစေတယ်

🔹လုပ်ငန်းရဲ့ ဘဏ္ဍာရေးအခြေအနေကို သေချာနားလည်နိုင်စေတယ်

🔹Error detect လုပ်နိုင်စေတယ်

🔹Financial statements ပြင်ဆင်ဖို့အတွက် အခြေခံအချက်အလက်အဖြစ် အသုံးပြုလို့ရတယ်

📍Double-entry accounting ဆိုတာက စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ စာရင်းကို တိကျပြတ်သားစွာ မျှတအောင် သိမ်းဆည်းဖို့အတွက် မဖြစ်မနေ သုံးသင့်တဲ့ accounting system တစ်ခုဖြစ်ပါတယ်✅

🫴🏻လူကြီးမင်းတို့ လုပ်ငန်းမှာ သုံးနေတဲ့ စာရင်းကိုင်နည်းမှာ ဘယ်နည်းလမ်းက ပိုအဆင်‌ပြေသလဲ?📊👩🏻‍💻Accountant တစ်ယောက်အနေနဲ့ကော ...
19/05/2025

🫴🏻လူကြီးမင်းတို့ လုပ်ငန်းမှာ သုံးနေတဲ့ စာရင်းကိုင်နည်းမှာ ဘယ်နည်းလမ်းက ပိုအဆင်‌ပြေသလဲ?📊

👩🏻‍💻Accountant တစ်ယောက်အနေနဲ့ကော ဘယ်နည်းလမ်းကို ပိုကြိုက်လဲ?

💬Comment မှာ ဖြေပေးခဲ့ကြအုံးနော်✍🏻

A. Cash Accounting

B. Accrual Accounting

🎯ငွေကြေးနှင့် စီးပွားရေးဆိုင်ရာ မှတ်တမ်းများကို စနစ်တကျ စီမံခန့်ခွဲရာတွင် Bookkeeping(စာရင်းမှတ်တမ်းပြုလုပ်ခြင်း) နှင့် ...
17/05/2025

🎯ငွေကြေးနှင့် စီးပွားရေးဆိုင်ရာ မှတ်တမ်းများကို စနစ်တကျ စီမံခန့်ခွဲရာတွင် Bookkeeping(စာရင်းမှတ်တမ်းပြုလုပ်ခြင်း) နှင့် Accounting(စာရင်းကိုင်ပညာ) တို့သည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်✅

🔰 သို့သော် ဤအခေါ်အဝေါ် (၂) ခုသည် တူညီဟန် ထင်ရသော်လည်း တကယ်တမ်း လုပ်ငန်းတာဝန်နှင့် ရည်ရွယ်ချက်များ ကွဲပြားပါတယ်✅

🔰 Bookkeeping (စာရင်းမှတ်တမ်းပြုလုပ်ခြင်း)🔰

♻️Bookkeeping ဆိုသည်မှာ ငွေကြေးလွှဲပြောင်းမှုများကို နေ့စဉ်မှတ်တမ်းတင်ခြင်းဖြစ်ပြီး အောက်‌ဖော်ပြပါလုပ်ငန်းများကို အဓိကလုပ်ဆောင်ပါတယ်✅

◾နေ့စဉ်ဝင်ငွေ/ထွက်ငွေ မှတ်တမ်းများ စနစ်တကျ ရေးမှတ်ခြင်း

◾ငွေသွင်း/ငွေထုတ် စာရင်းဇယားများ ပြုလုပ်ခြင်း

◾ အကြွေးရရှိမှု၊ အကြွေးပြန်ဆပ်မှုများကို မှတ်သားခြင်း

◾ဘဏ်စာရင်းနှင့် ကိုက်ညီမှု ရှိမရှိစစ်ဆေးခြင်း (Bank Reconciliation)တို့ကိုအခြေခံလုပ်‌ဆောင်မှုများအနေဖြင့် လုပ်ဆောင်ကြရပါတယ်။

♻️Bookkeeping တွင် ဒေတာမှန်ကန်မှုနှင့် စနစ်တကျမှတ်တမ်းတင်မှု တို့ကို အလေးထားပြီး၊ များသောအားဖြင့် စာရင်းကိုင်အငယ်စား (Bookkeeper) များက လုပ်ဆောင်လေ့ရှိပါတယ်✅

🔰 Accounting (စာရင်းကိုင်ပညာ)🔰

♻️Accounting သည် Bookkeeping ထက် ပိုမိုကျယ်ပြန့်သော ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် သက်ဆိုင်ပါတယ်✅

◾ Bookkeeping မှရရှိသော အချက်အလက်များကို စိစစ်ခြင်း

◾ဘဏ္ဍာရေးအစီရင်ခံစာများ (Financial Statements) ပြုစုခြင်း

◾ အခွန်နှင့်ပတ်သက်သော တွက်ချက်မှုများ

◾ စီးပွားရေးအခြေအနေကို သုံးသပ်ပြီး အကြံဉာဏ်ပေးခြင်းတို့ကို အဓိကထားလုပ်ဆောင်ကြရပါတယ်

♻️Accountingတွင် အတိုင်းအတာကြီးမားသော ဘဏ္ဍာရေးဆိုင်ရာ ဆန်းစစ်မှုများ ပါဝင်ပြီး၊ စာရင်းကိုင်အကြီးစား (Accountant) များက လုပ်ဆောင်လေ့ရှိပါတယ်✅

🔰Bookkeeping သည် အချက်အလက်များကို စနစ်တကျ မှတ်တမ်းတင်ခြင်း ဖြစ်ပြီး၊ Accounting သည် ထိုအချက်အလက်များကို အသုံးချ၍ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်ရန်အတွက် အထောက်အကူပြုပါတယ်🔰

🎯စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်စွာ လည်ပတ်နိုင်ရန်အတွက် နှစ်ခုလုံး အရေးကြီးပါတယ်‼️



ယနေ့ 1-5-2025 တွင်ကျရောက်သော အလုပ်သမားများနေ့တွက် ကမ္ဘာပေါ်ရှိ ကာယလုပ်သား၊ဉာဏလုပ်သား များအားလုံး စွမ်းအား၊ခွန်အား တွေအစဉ...
01/05/2025

ယနေ့ 1-5-2025 တွင်ကျရောက်သော အလုပ်သမားများနေ့တွက် ကမ္ဘာပေါ်ရှိ ကာယလုပ်သား၊ဉာဏလုပ်သား များအားလုံး စွမ်းအား၊ခွန်အား တွေအစဉ်အမြဲတိုးတက်ပြီး လုပ်ငန်းခွင်မှာ အောင်မြင်မှုတွေ ရရှိပါစေလို့ LHEC မိသားစုမှ ဆုတောင်းမေတ္တာပို့သပါတယ်။


Address

Kawkareik

Opening Hours

Monday 09:00 - 16:00
Sunday 09:00 - 16:00

Telephone

+959885039640

Website

Alerts

Be the first to know and let us send you an email when Light House Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Light House Education Center:

Shortcuts

Share

Category