Learn Burmese Language & Culture with Aye Mya Mya

Learn Burmese Language & Culture with Aye Mya Mya

Share

ကူးယူဖော်ပြလိုလျှင် credit သေချာရေးပေးပါ။

17/04/2026

ကုသိုလ်ဆိုတာ ကောင်းကျိုးတွေကိုဖြစ်စေတဲ့ အကြောင်းတရားတဲ့

အကုသိုလ်ပဲဖြစ်ဖြစ် ကုသိုလ်ပဲဖြစ်ဖြစ် ကိုယ့်ရုပ်ခန္ဓာထဲမှာ ရှိတဲ့သဘာဝတရားပဲ။

ဘယ်အရာကိုဖြစ်စေမလဲဆိုတာကတော့ ကိုယ့်အသိတရားနဲ့ သတိထားဆုံးဖြတ်ရမှာပဲ။

ဆိုကြပါစို့ ပြည့်စုံသာယာနေတဲ့သူတွေရဲ့ဘဝမှာ မရှိဘူး၊မလောက်ငှဘူး၊လိုအပ်ချက်တွေမဖြည့်ဆည်းနိုင်ဘူးဆိုတဲ့ပူပန်မှုမရှိဘူး။ကောင်းသလိုထင်ရပေမဲ့ တွေးတောဆင်ခြင်စရာလည်းနည်းသွားတတ်တယ်။သူ့မှာကပြည့်စုံနေတာကို

တော်တော်များများ ချမ်းသာတဲ့နိုင်ငံကြီးတွေနေရတဲ့အခါ စတုဒီသာလို အလှူအတန်းမျိုးတွေအတော်နည်းတာတွေ့ရတယ်။မပြည့်စုံတဲ့သူလည်းရှိမှာပေမဲ့အလှူပေး အလှူခံဓလေ့ မရှိဘူး။ကိုယ့်မရှိတာဟာ ကိုယ့်တာဝန် ကိုယ့်ကြိုးစားအားထုတ်မှုနဲ့ပဲတိုင်းတာကြတယ်။

အတိတ်ကံဆိုတာရှိတယ်လို့သိရရင်တောင် အားကိုးစရာ၊အပြစ်ဆိုစရာအနေနဲ့ ကံကို အဖက်မလုပ်ကြဘူး။ကံကောင်းခြင်းတွေကိုတော့ ယုံကြည်ရာကိုးကွယ်မှုနဲ့ တောင်းဆိုတတ်ကြတယ်။ရဟန်းစတဲ့ အလှူခံပုဂ္ဂိုလ်တွေကို နေ့စဉ်အပတ်စဉ်လှူဒါန်းတဲ့ဓလေ့တွေလည်း မရှိကြဘူး။

တခြားဘာသာဝင်တွေမှာလည်း သူ့ထုံးစံအလိုက် အချိန်အခါနဲ့ ပွဲတော်အလိုက်လှူဒါန်းမျှဝေတဲ့ဓလေ့ရှိကြပေမ့ မြန်မာ၊ထိုင်း၊လာအို၊ကမ္ဗောဒီးယားတဲ့ဗုဒ္ဓဘာသာနိုင်ငံတွေမှာကျတော့ လှုဒါန်းစရာနေရာများသလို အလှူခံပုဂ္ဂိုလ်အမျိုးအစားတွေလည်း ဒုနဲ့ဒေး။

ကြည်ညိုလို့လှူတာ၊နောက်ဘဝကောင်းစားရေးအတွက်လှူတာ၊ကုသိုလ်ပြုချင်လို့လှူတာ၊ဂုဏ်ယူချင်လို့လှူတာ၊ဓလေ့ရိုးရာကိုထိန်းသိမ်းချင်လို့၊သနားလို့၊ကိုယ်ချင်းစာလို့စသဖြင့် ကိုယ့်ခံယူချက်နဲ့ကိုယ်လှူဖို့အကြောင်းတရားတွေရှိတယ်။

လှူဒါန်းတဲ့နေရာမှာ အကျင့်သီလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်နဲ့ စားစရာမရှိတဲ့သူဆင်းရဲ၊ကိုယ်လိုသူလိုလူချင်း ဘယ်သူ့ကို့ရွေးခြယ်လှူဒါန်းမလဲဆိုတဲ့ မေးခွန်းထုတ်စရာအခြေအနေလည်းရှိတယ်။

အကျင့်သီလနဲ့ပြည့်စုံတဲ့ရဟန်းဆိုရင် နေစရာကျောင်း၊စီးစရာကားနဲ့ ဒကာ၊ဒကာမဆိုတာလည်း ပေါလျှံနေမှာသေချာတာပေါ့။ကြည်ညိုစရာကိုး

သူဆင်းရဲဆိုတာကလည်း ဘာလုပ်လုပ်အဆင်မပြေတဲ့အကြောင်းတရားဟာ အတိတ်ကံကြောင့်ချည်းမဟုတ်ဘဲ လက်ရှိဘဝမှာ ဥာဏ်နည်းလို့၊မသင်ယူချင်လို့၊ပျင်းလို့၊ကြိုးစားမှုနဲ့ရိုးသားမှုမှာ တစ်ခုခုချို့ယွင်းနေလို့ဆိုတာမျိုးရှိတတ်ကြတော့ ရွေးခြယ်လှူဒါန်းရတာ အတော်ခက်ခဲမှာပဲ။မပေးချင်စရာကိုး

ဒါပေမဲ့ ကိုယ်ကြိုးစားရှာဖွေထားတဲ့ ပိုင်ဆိုင်မှုကို ကိုယ့်မှာပေါများနေတာမဟုတ်ဘဲနဲ့တောင် အယုတ်အလတ်အမြတ်မရွေး သူတပါးကို ရက်ရက်ရောရော ပေးကမ်းလိုတဲ့ ကုသိုလ်စိတ်ဟာ အတော်ကောင်းမွန်တဲ့စိတ်ကလေးပါပဲ။

အစစ မပြည့်စုံတဲ့နိုင်ငံမျိုးမှာ လူဖြစ်ရတဲ့အတွက်လည်း ကုသိုလ်ပြုဖြစ်တယ်။မရှိတာကိုတွေ့ကြုံဖူးလို့ ကိုယ်ချင်းစာတယ်၊ပြည့်စုံပေါလျှံနေတာမဟုတ်ဘဲနဲ့လည်း စွန့်ခြင်းကြီးစွန့်ကြတယ်။ဓလေ့ထုံးစံအရလည်း ကောင်းမှုပြုဖို့မမေ့မလျော့ အားထုတ်ကြတယ်။

တခါတလေ တို့နိုင်ငံဘာကောင်းလဲလို့တွေးရင် ဒါနပါရမီတော့အပြည့်ရနိုင်တယ်လို့ဖြေတွေးပါ။

ပစ္စည်းဒါန၊စားစရာဒါနမှမဟုတ်ဘူး။ထိုင်စရာနေရာဖယ်ပေးတာလို ကာလဒါန၊ပရဟိတလို သူတပါးအကျိုးဆောင်ပေးတဲ့ ကာယဒါန၊ငွေအကြွေအနုတ်ကိုကိုယ့်စိတ်နဲ့ကိုယ်ပြန်မယူတာ၊မပုပ်မသိုးတဲ့စားစရာကို တကူးတကဖယ်ထားပြီး သူတပါးကိုပေးကမ်းတာမျိုးအပြင် တရားထိုင် တရားအားထုတ် တရားစာရွတ်ဆိုပူဇော်အပြီး ကိုယ့်ကုသိုလ်ကို ဝေမျှပေးတာကလည်း ကုသိုလ်မည်တယ်။

ကုသိုလ်ဖြစ်စေတဲ့အကြောင်းတရားလေးတွေပြုရင်းနှစ်သစ်ကို ကုန်ဆုံးကြပါစို့။

အေးမြမြ
၁၇၊၄၊၂၀၁၆
နှစ်ဆန်းတစ်ရက်နေ့

21/02/2026

နှာသံပြုသရ Nasalized vowels ၇ လုံး-iN( င်) eiN( ိမ်) aN(န် ) ouN(ုန် ) aiN(ိုင် ) auN( ောင်) ကိုလေ့လာမှာဖြစ်ပါတယ်၊။

ဒီသရတွေမှာ ပုံစံကွဲရေးနည်း(ဥ်) ( ိန်) (ဏ်၊မ်၊ ံ) ( ုံ) ( ွံ)တို့ရှိပြီး ( ့ ) ( း) စတဲ့ Tonw mark တွေနဲ့လည်းတွဲဖက်အသုံးပြုနိုင်ပါတယ်။

vowels #ကခဂဃင #နှာသံပြုသရ

12/02/2026

Words for classrrom.
စာသင်ခန်းသုံးစကားလုံးများကိုလေ့လာကြည့်ပါ။

#စကားပြော #ミャンマー語

01/01/2026

နှစ်သစ်မှာမိသားစုနဲ့တကွစိတ်ချမ်းသာကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒများပြည့်ဝကြပါစေ🥳🎉

27/12/2025

ဗျည်းတွဲ Clusters တွေကိုသံတူကြောင်းကွဲစကားလုံးအပြင် ကံလိုတဲ့ကြိယာ(Transitive verb)၊ကံမလိုတဲ့ကြိယာ(Intransitive verb)စကားလုံးပုံစံမျိုးနဲ့လည်းတွေ့နိုင်ပါတယ်။Burmese Words with same sound but different meanings and different spellings. in transitive and intransitive #ဗျည်းတွဲ #သံတူကြောင်းကွဲ #ミャンマー語

20/12/2025

Mouth Training for clusters

ဒီvideoမှာ သရ (vowel)နဲ့ ဗျည်း/ဗျည်းတွဲ (clusters)တွေကိုဖတ်ကြည့်နိုင်ပါမယ်။
followingပုံစံမဟုတ်ဘဲ Shadowing ပုံစံနဲ့ ကျမအသံနဲ့ အရိပ်ပမာထပ်ကြပ်မကွာလိုက်ဆိုရင်းအသံလေ့ကျင့်ပေးပါ။

#ကခဂဃင # ျှ ြွ ွှဗျည်းတွဲ#ミャンマー語

20/12/2025

ဗျည်းတွဲ Clusters ကို ( ွှေ ျှာ ြွေ ျွေး )လိုဗျည်း၃လုံးတွဲနဲ့သရ( ီ ေ ယ် ာ ော် ို ူ)အပြင်အသံအနိမ့်အမြင့် Tone(း ဲ) ပါပေါင်းထားတဲ့စကားလုံးပုံစံနဲ့လေ့လာပါမယ်။ combination of cluster with vowel and tone #ဗျည်းတွဲ #ミャンマー語

12/12/2025

Cluser(ဗျည်းတွဲ)ရဲ့နောက်ဆက်တွဲအနေနဲ့ ( ွှ ျှ ြွ)အပြင် သရနဲ့ပေါင်းတဲ့ဗျည်းတွဲတွေအကြောင်းကိုလေ့လာကြည့်ကြပါမယ်။အသံထွက်ရနည်းနည်းခယ်ပါမယ်။Complex combinations of cluster #ဗျည်းတွဲ #ミャンマー語

Want your school to be the top-listed School/college in Kamayut?

Click here to claim your Sponsored Listing.

Location

Telephone

Address

No5. Nanataw Street Waggi
Kamayut