New Hope JEC

New Hope JEC

Share

日本へ行くために私たちと一緒に頑張りましょう 。

Photos from New Hope JEC's post 16/06/2026

ဂျပန်နိုင်ငံရဲ့ ဒေသထွက်မုန့်တွေအကြောင်း လေ့လာကြည့်ရအောင် 🍱🍕🍪

1.ちんすこう
ဒီမုန့်က ဂျပန်နိုင်ငံ အိုကီနာဝါဒေသရဲ့ နာမည်ကြီး အချိုပွဲ “ちんすこう (Chinsuko / ချင်စုကို)” ပါ။
ရူကျူးဘုရင်နိုင်ငံခေတ်ကတည်းက ရှိခဲ့တဲ့ ရိုးရာ biscuit/cookie အမျိုးအစားတစ်ခုဖြစ်ပြီး အိုကီနာဝါ souvenir မုန့်အဖြစ် အလွန်လူကြိုက်များပါတယ်။အများအားဖြင့် လက်ဖက်ရည်၊ ကော်ဖီနဲ့ တွဲစားကြပြီး ဂျပန်ခရီးသွားတွေက လက်ဆောင်အဖြစ် ဝယ်သွားလေ့ရှိပါတယ်။

2. いっこっこう
ဒီမုန့်က ဂျပန်နိုင်ငံ နာဂါဆာကီ (Nagasaki) ဒေသရဲ့ နာမည်ကြီး traditional sweet တစ်မျိုးဖြစ်တဲ့ “一〇香 (Ikkōkō / いっこっこう)” လို့ ခေါ်ပါတယ်။
အပြင်ပိုင်းက —
ပေါင်မုန့်လို နူးညံ့တဲ့ crust ပါပြီး
အတွင်းမှာတော့ မစ်ဆို (miso)၊ သကြား၊ malt syrup စတဲ့အရာတွေကို ရောထားတဲ့ ချိုချဉ်ဆိမ့်ဆိမ့် filling ပါဝင်ပါတယ်။
ဒီမုန့်ရဲ့ ထူးခြားချက်က —
ဖုတ်ပြီးနောက် အတွင်းပိုင်းက အနည်းငယ် hollow ဖြစ်သွားတတ်တာ
အနံ့မွှေးပြီး Japanese old-style sweet အရသာရှိတာပါ။
Edo ခေတ်ကတည်းက ရှိလာတဲ့ ရိုးရာ wagashi (ဂျပန် traditional confectionery) တစ်မျိုးဖြစ်ပြီး နာဂါဆာကီဒေသ souvenir အဖြစ် လူသိများပါတယ်။

3. もみじ饅頭
ဒီမုန့်က ဂျပန်နိုင်ငံ ဟီရိုရှီးမားဒေသရဲ့ အလွန်နာမည်ကြီး traditional sweet ဖြစ်တဲ့ “もみじ饅頭 (Momiji Manju)” ပါ။
“Momiji” ဆိုတာ မေပယ်ရွက် (maple leaf) ကို ဆိုလိုပြီး မုန့်ပုံစံကိုလည်း မေပယ်ရွက်ပုံ ဖန်တီးထားတာ တွေ့ရပါတယ်။
ဟီရိုရှီးမားရှိ Miyajima ကျွန်းရဲ့ famous souvenir မုန့်တစ်မျိုးပါ



Photos from New Hope JEC's post 15/06/2026

ဒီနေ့မှာတော့ New Hope JECမှ တဆင့် 2026 October intakeမှာ ဂျပန်ကိုကျောင်းသွားတတ်မယ့် ညီမလေးတစ်ယောက် Language school interview အောင်မြင်သွားတဲ့အတွက် အမှတ်တရပုံရိပ်လေးတင်ပေးလိုက်ရပါတယ်ရှင့်😍😍




Photos from New Hope JEC's post 10/06/2026

🇯🇵 7 လပိုင်းထဲမှာ သင်တန်းတက်ဖို့ ရည်ရွယ်ထားသူများအတွက် နောက်ထပ်တန်းခွဲသစ်များထပ်မံဖွင့်လှစ်လိုက်ပါပြီရှင့် 🇯🇵🌸

💥💥💥ကျောင်းသားကျောင်းသူဟောင်းများအတွက် မည့်သည့်အတန်းမဆို 5% discount လေး ရှိပါမယ်ရှင့်

ငယ်ရွယ်သွက်လက်ပြီး အတွေ့အကြုံများစွာရှိထားတဲ့ ဆရာမများဖြစ်လို့စာသင်တာချည်းပဲ မဟုတ်ဘဲနဲ့ အခန်းတွင်း activity များ၊gameများဆော့ရင်း သင်ကြားပေးမှာမို့ ဂျပန်စာကို ဝန်ထုပ်ဝန်ပိုးမရှိဘဲနဲ့ ပေါ့ပေါ့ပါးပါးသင်ကြားနိုင်မှာဖြစ်တယ်ရှင့်🥰

💯💯 ဂျပန်သို့ကျောင်းနဲ့သွားချင်သူများအတွက် တိုက်ရိုက် ကျောင်းလျှောက်ပေးခြင်း ၊ အလုပ်နဲ့ သွားချင်သူများအတွက် စိတ်ချရတဲ့အေဂျင်စီများဖြင့် မိတ်ဆက်ပေးခြင်း။

💯ဒါ့အပြင် နယ်မှလာတဲ့ ကျောင်းသား/သူ များအတွက်လည်း အဆင်ပြေ‌စေရန် ကျောင်းအဆောင်၊ပြင်ပ အဆောင်များဖြင့်အဆင်ပြေအောင် ချိတ်ဆက်ဆောင်ရွက်ပေးပါတယ်ရှင့်။

📞အသေးစိတ် စုံစမ်းလိုပါက Page Cb or Ph 09254716043, 09779551751 သို့လဲ ဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ရှင့် 😍😍

🏠အမှတ် ၅၉ ၊ မြေညီထပ် ၊ နီလာလမ်း ၊ ၁ရပ်ကွက် ၊ လှည်းတန်း ၊ကမာရွတ်မြို့နယ်။




Photos from New Hope JEC's post 10/06/2026

စက်ချုပ် training ဖြင့် အင်တာဗျူး အောင်မြင်သွားတဲ့ ညီမလေးတွေ အတွက် おめでとう ပါရှင့် 🎉🎉

နောက်ထပ်လျှောက်လမ်းမယ့် ပန်းတိုင်တွေအတွက်လဲ အောင်မြင်မှုတွေ ရရှိပါစေလို့ NEW HOPE JEC မှ ဆုတောင်းပေးပါတယ်ရှင့်




04/06/2026

ဂျပန်စာကို အခြေခံကနေ စနစ်တကျ သင်ယူချင်သူများအတွက် N5 Online Class အတန်းသစ်ကို ထပ်မံဖွင့်လှစ်လိုက်ပါပြီ 😍😍

📅 Start Date - 8.6.26
⏰ Time - Mon, Wed, Fri (7:00 PM - 8:30 PM)
🗓 Duration - 3.5 Months
💰 Fees - 220,000 MMK

✅အလုပ်တစ်ဖက်နဲ့မို့ အပြင်တန်း တက်ဖို့အဆင်မပြေသူများအတွက် Online ကနေ အဆင်ပြေပြေ တက်ရောက်နိုင်ပြီး

✅N5 Level အတွက် လိုအပ်သော Grammar, Vocabulary, Kanji နှင့် Listening များကို စနစ်တကျ သင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင့်

သင်တန်းအကြောင်း အသေးစိတ်သိရှိလိုပါက09-254716043 ,09-779551751(သို့မဟုတ်) Page Messenger မှတဆင့်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Photos from New Hope JEC's post 30/05/2026

Japan Foundation မှာ ကျင်းပတဲ့ “たどく” ပွဲလေးကို ကလေးတွေနဲ့အတူ သွားရောက်ပါဝင်ခဲ့ပါတယ် 📚✨

ပွဲမှာ Japanese books လေးတွေကို အတူတူဖတ်ကြ၊ ပုံပြင်လေးတွေကြည့်ကြ၊ ကလေးတွေရဲ့ ပျော်ရွှင်နေတဲ့အပြုံးလေးတွေကို မြင်ရတော့ တကယ်ကို နွေးထွေးပြီး အမှတ်တရဖြစ်တဲ့နေ့လေးတစ်နေ့ပါပဲ 🌸

စာဖတ်ခြင်းက language learning အတွက်သာမက စိတ်ကိုပါ ပျော်ရွှင်စေတယ်ဆိုတာ ဒီပွဲလေးကနေ ထပ်ပြီးခံစားခဲ့ရပါတယ်။

ကလေးတွေလည်း တက်တက်ကြွကြွ ပါဝင်ကြပြီး စာအုပ်လေးတွေကို စိတ်ဝင်တစားဖတ်နေကြတာ မြင်ရတော့ အရမ်းသဘောကျမိပါတယ် 💫

ဒီလို experience ကောင်းလေးတွေ ရစေဖို့ စီစဉ်ပေးတဲ့သူအားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် 🤍

နောက်လည်း ဒီလို ပျော်စရာကောင်းပြီး အသိပညာရတဲ့ activity လေးတွေမှာ ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်ရှင့် 😍😍

#たどくစာဖတ်ပွဲ


Photos from New Hope JEC's post 23/05/2026

ဒီနေ့မှာတော့ New Hope JECမှ တဆင့် 2026 October intakeမှာ ဂျပန်ကိုကျောင်းသွားတတ်မယ့် အမြွှာညီအစ်မလေးနှစ်ယောက် Language school interview အောင်မြင်သွားတဲ့အမှတ်တရပုံရိပ်လေးတွေတင်ပေးလိုက်ရပါတယ်ရှင့်😍😍




Photos from New Hope JEC's post 15/05/2026

မေလရဲ့ အစ မှာ ဖွင့်လှစ်ခဲ့တဲ့ Sensei Sandi ရဲ့ Basic +N5, N4 တန်းခွဲ အသစ်လေး 🥰🥰

📚အခြေခံ level ကနေ N2 level ထိ အပြင်ရော online ကပါ ဖွင့်လှစ်သင်ကြားပေးနေလျက်ရှိပါတယ်ရှင့်

📍သင်တန်းလိပ်စာ - အမှတ် ၅၉၊ မြေညီထပ် ၊ နီလာလမ်း ၊ ကမာရွတ်မြို့နယ် ။


language

Photos from New Hope JEC's post 14/05/2026

ကိုယ်လက်လှုပ်ရှား အားကစားနဲ့ပတ်သတ်တဲ့
စာလုံးလေးများကို ဂျပန်လို လေ့လာကြည့်ရအောင်



Photos from New Hope JEC's post 12/05/2026

📚စာအုပ်ကြီးထဲက အတိုင်း သင်နေတာမျိုးမဟုတ်ဘဲ group discussion တွေ activities တွေနဲ့ လက်တွေ့ စကားပြောဆန်ဆန် သင်ကြားပေးနေတဲ့ အတန်းလေး ဖြစ်ပါတယ်

🎌ဂျပန်သို့မသွားခင် ဂျပန်ရဲ့ လူနေမှုစရိုက်များ ဓလေ့ထုံးစံများ သိသင့်သိထိုက်တဲ့ ဗဟုသုတများကို ဂျပန်ပြန် Sensei မှ ကိုယ်တိုင် သင်ကြားပေးနေလျက်ရှိပါတယ်ရှင့်

၇ လပိုင်းထဲမှာလဲစကားပြောတန်းလေး ဖွင့်ဖို့ရှိတာမို့ ခုထဲက လာရောက် စုံစမ်းထားလို့ရပါပြီရှင့် 😍😍

#ဂျပန်စာစကားပြောတန်း


Want your school to be the top-listed School/college in Kamayut?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

No. 59, Nilar Street
Kamayut