NOVA Future

NOVA Future

Share

NOVA Future special education centre

24/12/2025

Merry Christmas to everyone ⛄🎁⛄🎉🎁🎉💕💕💕

18/12/2025

၁၃၇၈ ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့၊ ခရစ်နှစ် ၂၀၂၅ ခုနှစ် ဒီဇင်္ဘာလ(၁၉)ရက်နေ့
သလေး-ထိုင်ခုတ်ဖို(ပြာသို)လဆန်း(၁)ရက်နေ့တွင် ကျရောက်ရော ကရင်အမျိုးသားတို့၏ (၂၇၆၅)နှစ် ကရင်နှစ်သစ်ကူးနေ့ကို မိမိတို့၏ NOVA FUTURE SPECIAL EDUCATION CENTER မှ သာယာပျော်ရွှင်ချမ်းမြေ့ဖွယ် ကရင်နှစ်သစ်ကူးနေ့ဖြစ်ပါစေကြောင်း ချစ်ခင်စွာ ကြိုဆိုနှုတ်ခွန်းဆက်အပ်ပါသည်။

01/12/2025

Hello Sweet December 🤩😍🥳🥰

We are Hiring 👍🏻🤝✍🏻👍🏻🤝✍🏻

06/10/2025

🎉💐🎈❤️❤️💙💙💛💛ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်အခါသမယတွင်
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ ကောင်းသော သတင်းစကားများနှင့်ကောင်းသော နိမိတ်များကို ကြားရခြင်း၊ စုံညီချမ်းသာသော မိသားစု ဘဝများကို ပိုင်ဆိုင်နိုင်ခြင်း တို့ကို အားလုံးသောသူများ ရရှိခံစားပျော်ရွှင်နိုင်ကြပါစေကြောင်း မိမိတို့ NOVA FUTURE SPECIAL EDUCATION CENTER က ချစ်ခင်လေးနက်စွာဖြင့် တောင်းဆုပြုအပ်ပါသည်။💛💛💙💙❤️❤️🎈💐🎉

Photos from NOVA Future 's post 14/08/2025

ချစ်ရသော မေမေ၊ဖေဖေတို့ရေ...💑👩‍❤️‍👨👩‍❤️‍👩
NOVA Future Special Education Center မှာ special needs သားသား၊မီးမီးတို့အတွက် ပြင်ဆင်ထားရှိတာလေးတွေထဲက အနည်းငယ်ကို ပြောပြပါမယ်နော်။ 👶🏻🙋🏻🤷🏻🧏🏻
တီချယ်တို့ရဲ့ Nova Future မှာ သားသားမီးမီးတို့အတွက် ကျယ်ဝန်းသပ်ရပ်ပြီး လေဝင်လေထွက်ကောင်းတဲ့ စုပေါင်းနဲ့ သီးသန့် စာသင်ခန်းလေးတွေကို စနစ်တကျ ပြင်ဆင်ထားရှိပါတယ်ရှင့်။ 🌈☔💧❄️ ကောင်းမွန်တဲ့ အခန်းအနေအထားလေးတွေအပြင် အပူဒါဏ်လုံးဝမခံရအောင် အဲကွန်းများအပြင် နံရံကပ် ပန်ကာများကိုပါ အပြည့်တပ်ဆင် ပေးထားပါတယ်ရှင့်(အချိန်ပြည့် မီးမပျက်ဖို့ စီစဉ်ထားရှိတာပါနော်) ❄️❄️❄️။
သားသားမီးမီးလေးများ ဘေးအန္တရာယ်နှင့် ထိခိုက်မှု လုံးဝ(လုံးဝ) မရှိစေရေးအတွက် အထူးလေ့ကျင့်သင်ကြားထားပြီး၊ အတွေ့အကြုံရင့် တီချယ်များက အဆင်သင့်၊ စောင့်ရှောက်ပေးကြယုံသာမက၊ အခင်းများ၊နံရံများမှာလည်း ဖော့နံရံကပ်များ၊ဖော့အခင်းများ တပ်ဆင်ထားရှိပါတယ်ရှင့်🥳🥳🥳။
အတန်းတွင်း၊အတန်းပြင်ပ CCTV ဖြင့်လည်း အချိန်ပြည့် စောင့်ကြည့် မှတ်တမ်းယူဖို့အတွက်လည်း စီစဉ်ထားရှိပါတယ်ရှင့် 🫣🧐🤔⚡⚡
သင်ကြားလေ့ကျင့်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းများကလည်း ပြည့်ပြည့်စုံစုံ ထားရှိပေးထားပါတယ်နော်။👍🏻👍🏻💌💌🤸🏻🤸🏻🤹🏻🤹🏻🤹🏻🧑🏻‍🚀🧑🏻‍🚀🧑🏻‍🚀 ကိုယ်ကာယလေ့ကျင့်ခန်းများ လုပ်ဆောင်ဖို့အတွက်လည်း သန့်ရှင်းပြီး စနစ်တကျဆောင်ရွက်ထားရှိတဲ့ ကစားကွင်းငယ်လေးကိုလည်း ဖန်တီးထားရှိထားပါတယ်ရှင့် 🤸🏻🤹🏻🤸🏻🤹🏻🥳🥳
မိမိတို့ရဲ့ special needs သားသားမီးမီးလေးများကို စိတ်ချရ‌တဲ့ ရပ်ဝန်းလေးမှာ လုံခြုံအေးချမ်းစွာနဲ့ တသက်တာစိတ်ချနိုင်စေရန် ကျွမ်းကျင်မှုများ သင်ကြားလေ့ကျင့်ပေးနိုင်ဖို့အတွက် NOVA Future Special Education Center ကိုလာရောက်အပ်နှံကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော်။ 🙋🏻🙋🏻🥰🥰🥰
🌟🌟🌟 လက်ဆောင်အစီအစဉ်လေးကိုလည်း မိတ်ဆက်ပေးပါရစေနော်၊ August, September & October သုံးလအတွင်း အပ်နှံတဲ့ မေမေ၊ဖေဖေတို့အတွက် ကျောင်းလခရဲ့ 30% ကို သုံးလတိတိ လျှော့ချ ကောက်ခံပေးသွားပါမယ်နော်⭐⭐⭐
မေမေ၊ဖေဖေတို့ရေ အမြန်ဆုံး လာခဲ့လိုက်ကြနော်။ 🥰🥰🥰 တည်နေရာလေးကတော့ ---- အမှတ်(၂၅)၊ မြကန်သာ(၂)လမ်း၊ (၂)ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ပါရှင့်။ 🚣🏻🚣🏻🚣🏻 အင်းလျားကန်ရဲ့ အနီးမှာတည်ရှိကာ ပြည်လမ်းရဲ့ တံတားဖြူမှတ်တိုင်၊ အင်းစိန်လမ်းရဲ့ ကမာရွတ်ဘူတာရုံမှတ်တိုင် တို့ရဲ့အနီးမှာပါနော်။ 🧑🏻‍🎓🧑🏻‍🏫🧑🏻‍🎓🧑🏻‍🔬🧑🏻‍🎄🧑🏻‍🎄

11/06/2025

ချစ်ခြင်းမေတ္တာ၊ကရုဏာအပြည့်ဖြင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လိုသော သူများအား ကျွန်မတို့ရဲ့ Nova Future Special Education Center တွင် လာရောက်တာဝန်ထမ်းဆောင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်ရှင့်။

နွေးထွေးတဲ့ရပ်ဝန်းလေးမှာ ချစ်ခင်ရတဲ့ ကလေးငယ်များနဲ့အတူ သစ်လွင်တောက်ပတဲ့အနာဂါတ်အတွက် ကျွန်မတို့နဲ့အတူ ကြိုးစားကြမယ်ဆိုရင် အောက်ပါအစီအစဉ်လေးများအတိုင်း လျှောက်ထားလိုက်ပါနော်။

♥️♥️♥️🤍🤍🤍💌💌💌🦸🏻🦸🏻🦸🏻🦹🏻🦹🏻🦹🏻🧚🏻🧚🏻🧚🏻💐💐💐

Photos from NOVA Future 's post 09/06/2025

Nova Future Special Education Center တွင် ရရှိနိုင်သော သင်ကြားရေးဝန်ဆောင်မှု အစီအစဉ်များ ဖြစ်ပါတယ်ရှင့်။
1 July 2025 ရက်နေ့တွင် စတင်၍ ဖွင့်လှစ်သင်ကြား ပေးသွားမည် ဖြစ်ပါတယ်ရှင့်။

Want your school to be the top-listed School/college in Kamayut?

Click here to claim your Sponsored Listing.

Location

Website

Address

No. 25, Mya Kan Thar 1st Street
Kamayut