MKLC Myanmar Korean Language Center

MKLC Myanmar Korean Language Center

Share

한국어, 독서모임, Topik, 4-Skills Level Class, Basic-Level 6 Speaking, 번역, Online & Offline, EPS, Korea

MKLC Co.Ltd의 비젼은 배움의 기회가 필요한 곳에, 배움의 기회를 제공하며, 좋은 교육과 배움을 통해 인재들을 양성하는 것입니다.

Photos from MKLC Myanmar Korean Language Center's post 27/04/2026

𝗠𝗞𝗟𝗖 직원 회식 ~~ 𝗠𝗞𝗟𝗖 မိသားစုတွေရဲ့ ပိတ်ရက် ဖြတ်သန်းမှုလေး 🥘✨

အလုပ်တွေ ကြိုးစားပမ်းစား လုပ်ခဲ့သမျှ ဒီနေ့လို ပိတ်ရက်လေးမှာ အားရပါးရ အပန်းဖြေရင်း 𝗠𝗞𝗟𝗖 မိသားစုတွေ အားလုံးစုပြီး ပျော်ခဲ့ကြတဲ့ အမှတ်တရ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင် 😉

🍲 ဟော့ပေါ့ အဝကြိတ်ခဲ့ကြတဲ့ အချိန်လေး

ကဲ ~ ပထမဆုံးအနေနဲ့ ဟော့ပေါ့ကို အားရပါးရ အဝကြိတ် 🤭 အလုပ်အကြောင်းတွေ ခဏမေ့ထားပြီး ရယ်ရယ်မောမောနဲ့ စကားတွေဖောင်ဖွဲ့ရင်း အတူတူစားရတဲ့ ဟော့ပေါ့အရသာက ပိုပြီးတော့တောင် ကောင်း‌နေတော့တာပါဘဲ 😎 ဗိုက်မကားမချင်း အ၀ကြိတ်ခဲ့ကြတဲ့ 𝗠𝗞𝗟𝗖 မိသားစုတွေ‌‌ပါပေါ့ 🤤🥩

🏨 𝗟𝗼𝘁𝘁𝗲 မှာ အပန်းဖြေခဲ့ကြတဲ့ ပုံရိပ်လေးတချို့

ဟော့ပေါ့စားပြီး ဗိုက်လေးတွေ တင်းသွားပြီဆိုတော့ 𝗟𝗼𝘁𝘁𝗲 ဘက်ကို ဆက်ပြီး အပန်းဖြေရင်း လှပတဲ့ 𝗩𝗶𝗲𝘄 လေးတွေကြည့်၊ ဓာတ်ပုံလှလှလေးတွေ အတူတူရိုက်ရင်းနဲ့ အလုပ်ဖိအားတွေအကုန်လုံး လွင့်စင်သွားခဲ့ရတဲ့ နေ့လေးတစ်နေ့ပေါ့။ 📸🌅

𝗠𝗞𝗟𝗖 အဖွဲ့သားတွေကတော့ လုပ်ငန်းခွင်မှာတင်မကဘဲ အပြင်မှာလည်း မိသားစုတွေလိုပဲ ချစ်ချစ်ခင်ခင်နဲ့ ခုလို အချိန်တူတူကုန်ဆုံးပြီး တကယ့်ကို နွေးထွေးတဲ့ အမှတ်တရလေးတစ်ခု ဖြစ်ခဲ့ရပါတယ်။

#𝗠𝗞𝗟𝗖 #𝗠𝗞𝗟𝗖𝗙𝗮𝗺𝗶𝗹𝘆 #식원회식

Photos from MKLC Myanmar Korean Language Center's post 25/04/2026

ကိုရီးယားမှာ ဆောက်လုပ်ရေး(𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧) အလုပ် လုပ်ကိုင်ဖို့ စိတ်ကူးရှိပါသလား❓ 👷‍♂️👷‍♀️
ဆောက်လုပ်ရေးဆိုတာ လုပ်ငန်း ကျွမ်းကျင်မှုရှိဖို့ လိုသလို၊ လုပ်ငန်းခွင်ထဲမှာ အသုံးများတဲ့ ယာဉ်ယန္တရား (𝐇𝐞𝐚𝐯𝐲 𝐄𝐪𝐮𝐢𝐩𝐦𝐞𝐧𝐭) တွေရဲ့ အမည်တွေကို ကိုရီးယားလို မသိထားရင်တော့ အလုပ်လုပ်ရတာ တော်တော်လေး အခက်တွေ့နိုင်ပါတယ် ❗️
အထူးသဖြင့် 𝐄𝐏𝐒 𝐒𝐤𝐢𝐥𝐥 𝐓𝐞𝐬𝐭 မှာရော၊ တကယ့်လက်တွေ့ လုပ်ငန်းခွင်မှာပါ ဒီယာဉ်တွေရဲ့ အခေါ်အဝေါ်တွေကို သိမှသာ အလုပ်ရှင်ရဲ့ ခိုင်းစေမှုကို နားလည်ပြီး ဘေးကင်းလုံခြုံစွာ လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။
• လုပ်ငန်းခွင်ထဲမှာ အမြဲတွေ့နေရမယ့် ယာဉ်တွေက ဘာတွေလဲ?
• သူတို့ကို ကိုရီးယားလို ဘယ်လိုခေါ်သလဲ?
အဖြေကို အောက်ကပုံလေးတွေမှာ တစ်စုတစ်စည်းတည်း ပြောပြပေးထားတာမို့ ခုပဲ လေ့လာကြည့်လိုက်ရအောင် 💁🏻‍♀️
( ပုံလေးတွေက အသုံးဝင်တယ်ဆိုရင်ရင် 𝐒𝐚𝐯𝐞 ထားပြီးတော့ သူငယ်ချင်းလေးတွေကို ပြန် 𝐒𝐡𝐚𝐫𝐞 ပေးဖို့လည်း မမေ့နဲ့ဦးနော် 🙆🏻‍♀️ )

#𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧
#𝐄𝐏𝐒

#𝐌𝐊𝐋𝐂

25/04/2026

❞ ကိုရီးယားလူမျိုးတွေနဲ့ အတူ ထမင်းစားတဲ့အခါ သိထားသင့်တဲ့ 𝗧𝗮𝗯𝗹𝗲 𝗠𝗮𝗻𝗻𝗲𝗿𝘀 များ

ကိုရီးယား 𝗢𝗽𝗽𝗮 တွေ၊ 𝗨𝗻𝗻𝗶𝗲 တွေနဲ့ အတူတူ ထမင်းစားဖို့ အကြောင်းဖန်လာပြီဆိုရင် ❞လူချောရုံတင်မကဘူး၊ ယဉ်ကျေးမှုလည်း ရှိတယ်❞ လို့ အထင်ကြီးခံရစေဖို့ ဒီအချက်လေးတွေကို အပိုင်မှတ်သွားလိုက်တော့နော်။ 😉✨

ကိုရီးယားနိုင်ငံရဲ့ ထမင်းစားတဲ့ ယဉ်ကျေးမှုစတိုင်က မြန်မာ့ရိုးရာနဲ့ ဆင်တူတာလေးတွေ ရှိသလို၊ လုံးဝ မမှားသင့်တဲ့ အချက်လေးတွေလည်း ရှိပါတယ်။ ကဲ... ကြည့်လိုက်ရအောင်❗ 👇

👑 လူကြီးကို ဦးစားပေးပါနော်
ကိုရီးယားမှာ အသက်အရွယ်က အဓိကပဲ။ ထမင်းဝိုင်းမှာ အသက်အကြီးဆုံးသူ (ဒါမှမဟုတ်) ရာထူးအမြင့်ဆုံးသူက ဇွန်းကို အရင်စကိုင်မှ ကိုယ်က စားရပါမယ်။ လူကြီးမစားခင် အရင်လက်သွက်မိရင်တော့ ❞အခြေခံယဉ်ကျေးမှုမရှိဘူး❞ လို့ အမှတ်လျှော့ခံရမှာနော် 😏

🥢 ❞တူ❞ ကို ထမင်းပန်းကန်ထဲ ထောင်မထားပါနဲ့

ဒါကတော့ လုံးဝ (လုံးဝ) မလုပ်ရမယ့်အချက်ပါ။ ထမင်းပန်းကန်ထဲ တူကို ထောင်စိုက်ထားတာက သေဆုံးသွားသူတွေကို ရည်စူးတဲ့ အလှူအတန်းတွေမှာပဲ လုပ်လေ့ရှိတာကြောင့် အတိတ်နိမိတ်မကောင်းဘူးလို့ ယူဆကြပါတယ်။

🍚 ပန်းကန်ကို မပြီး မစားပါနဲ့
ဂျပန်ကားတွေထဲကလို ပန်းကန်ကို ပါးစပ်နားကပ်ပြီး မစားရပါဘူး။ ကိုရီးယားယဉ်ကျေးမှုမှာ ပန်းကန်ကို စားပွဲပေါ်မှာပဲ ငြိမ်ငြိမ်လေးချထားပြီး ဇွန်းနဲ့ တူကိုပဲ သုံးရပါတယ်။ ပန်းကန်ကို လက်နဲ့မကိုင်တာက ပိုပြီး ယဉ်ကျေးတယ်လို့ သတ်မှတ်ပါတယ်။

🙅🏻‍♀️ ဇွန်းနဲ့ တူကို တစ်ပြိုင်နက် မကိုင်ရဘူးနော်

လက်တစ်ဖက်ထဲမှာ ဇွန်းရော၊ တူရော ပူးကိုင်တာမျိုးက ကြည့်ရတာ ရှုပ်ယှက်ခတ်နေတတ်ပါတယ်။

ဇွန်းကို ထမင်းနဲ့ ဟင်းရည်သောက်ဖို့ပဲ သုံးပြီး တူကိုတော့ 𝗦𝗶𝗱𝗲 𝗱𝗶𝘀𝗵𝗲𝘀 (ဘေးရန်ဟင်း) တွေ ယူဖို့ပဲ သုံးပါနော် 🤗

တစ်ခုသုံးနေရင် ကျန်တစ်ခုကို စားပွဲပေါ်မှာ ခဏလေး ချထားပေးတာက အကောင်းဆုံးပါပဲနော်

🍶 ဆိုဂျူသောက်မယ်ဆိုရင် ❞မျက်နှာလေး လွှဲပေးပါ❞

လူကြီးတွေနဲ့အတူ အရက်သောက်တဲ့အခါ လက်နှစ်ဖက် သုံးပါ‌နော် အရက်ငှဲ့ပေးရင်ဖြစ်ဖြစ်၊ လက်ခံရင်ဖြစ်ဖြစ် လက်နှစ်ဖက်သုံးတာက လေးစားမှု အပြည့်ရှိတာကို ပြတာပါ။

ခေါင်းလေး လွှဲသောက်ပါ: လူကြီးရှေ့မှာ တည့်တည့်ကြီး မော့မချပါနဲ့။ ခေါင်းကို ဘေးဘက်ကို အသာလေးလွှဲ၊ ပါးစပ်ကို လက်တစ်ဖက်နဲ့ ကွယ်ပြီးမှ သောက်တာက တကယ့် 𝗠𝗮𝗻𝗻𝗲𝗿𝘀 ပါပဲ။

🗣️ စားခါနီးနဲ့ စားပြီးရင်❞ ဒီစကားလေး ပြောပါ
စားခါနီးမှာ ❞ (잘 먹겠습니다) - ❞ကောင်းကောင်း စားပါတော့မယ်❞ လို့ ပြောဖို့ မမေ့ပါနဲ့။ စားပြီးရင်လည်း (잘 먹었습니다) ❞ လို့ ပြောတာက ကိုယ့်ကို ကျွေးတဲ့သူကို ❞တကယ် အရသာရှိပါတယ်❞ လို့ အသိအမှတ်ပြုရာ ရောက်ပါတယ်။

🤧 နှာညှစ်သံကို ရှောင်ပါ
ထမင်းဝိုင်းမှာ အသံကျယ်ကျယ်နဲ့ နှာညှစ်တာက စားချင်စိတ်ကို ပျက်ပြားစေလို့ အရမ်းရိုင်းတယ်လို့ သူတို့က ယူဆပါတယ်။ တကယ်လို့ မအောင့်နိုင်တော့ဘူးဆိုရင် ဝိုင်းကနေ ခဏထပြီး အပြင်မှာပဲ သွားလုပ်တာက ပိုပြီး 𝗦𝗺𝗮𝗿𝘁 ဖြစ်ပါတယ်နော်

💡 ဒါ့အပြင် ကိုယ့်ဘေးကလူရဲ့ ဖန်ခွက်ထဲမှာ အရက်ကုန်နေပြီဆိုရင် ဦးအောင် ငှဲ့ပေးလိုက်ပါ။ ကိုရီးယားမှာ ကိုယ့်ဖန်ခွက်ကိုယ် ပြန်ငှဲ့တာထက် တစ်ဦးကိုတစ်ဦး ငှဲ့ပေးတာက ပိုပြီး ရင်းနှီးမှုရှိစေပါတယ်နော်

ကဲ ~ ဒီအချက်လေးတွေ သိထားရင်တော့ ကိုရီးယားမိတ်ဆွေတွေနဲ့ ထမင်းစားတဲ့အခါ 𝗣𝗲𝗿𝗳𝗲𝗰𝘁 𝗚𝘂𝗲𝘀𝘁 တစ်ယောက် ဖြစ်နေမှာ အသေအချာပါပဲ🫰🇰🇷

#문화

Photos from MKLC Myanmar Korean Language Center's post 24/04/2026

ကိုရီးယားစာ လေ့လာနေရင်း တစ်နေရာမှာ ရပ်တန့်နေတယ်လို့ ခံစားနေရလား... 🥺
ဒါဆိုရင်တော့...

ကိုရီးယားဘာသာစကားကို အမြင့်ဆုံး 𝗟𝗲𝘃𝗲𝗹 အထိ ကျွမ်းကျင်ချင်သူတွေနဲ့ 📈
𝗧𝗢𝗣𝗜𝗞 𝗜𝗜 မှာ 𝗛𝗶𝗴𝗵 𝗦𝗰𝗼𝗿𝗲 ရဖို့ ပြင်ဆင်နေသူတွေအတွက်... 🎯

𝗠𝗞𝗟𝗖 ကတော့ ယောရောဘွန်းတို့ရဲ့ ရည်မှန်းချက်တွေ ဘယ်လောက်ပဲကြီးကြီး၊ အဲ့ဒီပန်းတိုင်ဆီရောက်အောင် ခေါ်သွားပေးဖို့ အဆင်သင့်ပါပဲ။ ဒီတစ်ခေါက်မှာတော့ အချိန်ကုန်၊ ငွေကုန်ကျိုးနပ်စေမယ့် 𝗤𝘂𝗮𝗹𝗶𝘁𝘆 အပြည့်နဲ့ 𝗣𝗿𝗲𝗺𝗶𝘂𝗺 အတန်းသစ်တွေကို ဖွင့်လှစ်လိုက်ပါပြီ 💁🏻‍♀️💁🏻‍♀️

👑 တစ်နှစ်မှ (၁) ကြိမ်သာရမယ့် ရှားပါး 𝗖𝗵𝗮𝗻𝗰𝗲 (မြန်မာနိုင်ငံရဲ့ ပထမဆုံး 𝗟𝗘𝗩𝗘𝗟-𝟲 အတန်းကြီး)

ဒါဟာ အမြဲတမ်းဖွင့်တဲ့ အတန်းမျိုးမဟုတ်ပါဘူး။ ကိုရီးယားစာရဲ့ အမြင့်ဆုံးထိပ်ကို တက်လှမ်းချင်သူတွေအတွက် လုံးဝ အမိအရဆုပ်ကိုင်ထားရမယ့် အခွင့်အရေးကြီးမို့ လက်မလွှတ်သင့်ဘူးနော်။

🎓 ပညာရပ်ဆိုင်ရာနယ်ပယ်အထိ ထိုးဖောက်မယ့် 𝗟𝗲𝘃𝗲𝗹-𝟱 အတန်း
အပေါ်ယံ လေ့လာရုံလောက်မဟုတ်ဘဲ ကိုရီးယားဘာသာစကားကို ပညာရပ်တစ်ခုလို နှံ့နှံ့စပ်စပ်နဲ့ လက်တွေ့နယ်ပယ်မှာပါ အပိုင်အသုံးချချင်သူတွေအတွက် ကွက်တိပါပဲ။

🎯🎯 [ 𝗟𝗘𝗩𝗘𝗟-𝟰 𝗣𝗿𝗲𝗺𝗶𝘂𝗺 ] - 𝗛𝗶𝗴𝗵 𝗦𝗰𝗼𝗿𝗲 မြင့်ဖို့အတွက် တံခါးပေါက်

❞𝗛𝗶𝗴𝗵 𝗦𝗰𝗼𝗿𝗲 မြင့်ဖို့ဆိုရင် 𝗟𝗲𝘃𝗲𝗹 𝟰 ပြီးထားမှဖြစ်မယ်နော်❞
𝗟𝗲𝘃𝗲𝗹 𝟯 ပြီးထားသူတွေအတွက် သေချာပေါက် Skills မြင့်မြင့်နဲ့ ရှေ့ဆက်နိုင်ဖို့ ဒီ 𝗣𝗿𝗲𝗺𝗶𝘂𝗺 အတန်းက အကောင်းဆုံး လမ်းပြပေးသွားမှာပါ။

📝 𝗛𝗶𝗴𝗵 𝗦𝗰𝗼𝗿𝗲 တွေဆီ တိုက်ရိုက်သွားမယ့် 𝗧𝗢𝗣𝗜𝗞 𝗜𝗜 အတန်း

ဒီအတန်းကတော့ အရေး၊ အဖတ်၊ အကြား (𝟯) ဘာသာလုံးကို အားနည်းချက်မရှိအောင် ထိထိရောက်ရောက် လေ့ကျင့်ပေးမှာပါ။ အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်နဲ့မို့ အချိန်မရဘူးဆိုတဲ့ သူတွေအတွက်ပါ အဆင်ပြေအောင်...

📌 အရှိန်မပျက် နေ့တိုင်းဆက်တိုက် 𝗣𝘂𝘀𝗵 လုပ်ပေးမယ့် (𝗧𝘂𝗲 𝘁𝗼 𝗙𝗿𝗶) အတန်း နဲ့
📌 ရုံးချိန်၊ ကျောင်းချိန်လွတ် အေးအေးဆေးဆေး လေ့လာချင်သူတွေအတွက် (𝗦𝗮𝘁 𝗢𝗻𝗹𝘆) အတန်း ဆိုပြီး (𝟮) မျိုး ခွဲဖွင့်ပေးထားပါတယ်။

🗣️ ယုံကြည်မှုရှိရှိ စကားပြောထွက်ဖို့ 𝗦𝗽𝗲𝗮𝗸𝗶𝗻𝗴 𝗕𝗲𝗴𝗶𝗻𝗻𝗲𝗿 𝗢𝗳𝗳𝗹𝗶𝗻𝗲

စာတွေဘယ်လောက်ရရ စကားပြောဖို့ ကြောက်နေသေးရင် ဒီအတန်းကို လာခဲ့နော် 𝗙𝗼𝘂𝗻𝗱𝗲𝗿 ဖြစ်တဲ့ 𝗧𝗿. 𝗞𝗵𝗮𝗶𝗻𝗴 ကိုယ်တိုင် အနီးကပ် 𝗠𝗲𝗻𝘁𝗼𝗿𝘀𝗵𝗶𝗽 လုပ်ပေးပြီး ယုံကြည်မှုအပြည့်နဲ့ ပြောထွက်လာအောင် လေ့ကျင့်ပေးသွားမှာပါ။

(ဒါ့အပြင် 𝗡𝗮𝘁𝗶𝘃𝗲 𝗦𝗽𝗲𝗮𝗸𝗲𝗿 တွေနဲ့ တိုက်ရိုက်ပြောဆိုလေ့ကျင့်ချင်သူတွေအတွက်ပါ အတန်းတွေ စုံစမ်းလို့ရနေပါပြီရှင့်)

✨ ဒါတွေအပြင်... 𝗠𝗞𝗟𝗖 ကပေးမယ့် အမိုက်စား 𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗢𝗳𝗳𝗲𝗿𝘀 & လက်ဆောင်များ❗ ✨
ဒီလို 𝗤𝘂𝗮𝗹𝗶𝘁𝘆 ပြည့်ဝတဲ့ အတန်းတွေကိုမှ ကျောင်းသားတွေအတွက် မေတ္တာထားပြီး ပေးထားတဲ့ 𝗣𝗿𝗼𝗺𝗼𝘁𝗶𝗼𝗻 တွေကလည်း အရမ်းကို တန်နေပြီနော်...

💸 𝗧𝗢𝗣𝗜𝗞 အတန်း တက်ထားပြီးသား ကလေးများ တစ်ကျော့ပြန် တက်မယ်ဆိုရင် ➡️ (𝟱𝟬% 𝗢𝗙𝗙) (လုံးဝ တစ်ဝက်တိတိနော်)
💸 𝗠𝗞𝗟𝗖 ကျောင်းသားဟောင်းများ (𝗠𝗞𝗟𝗖𝗲𝗿𝘀) ဆိုရင် ➡️ (𝟮𝟬% 𝗢𝗙𝗙)

ဒါတင်မကသေးဘူး လက်ဆောင်တွေအနေနဲ့...
🎁 𝗣𝗿𝗲𝗺𝗶𝘂𝗺 အတန်း အပ်သူတိုင်းအတွက် ➡️ အမိုက်စား 𝗡𝗼𝘁𝗲𝗯𝗼𝗼𝗸 နဲ့ 𝗧𝗼𝘁𝗲 𝗯𝗮𝗴 လက်ဆောင်❗
🎁 𝗧𝗢𝗣𝗜𝗞 𝗣𝗿𝗲𝗺𝗶𝘂𝗺 အတန်း အပ်သူတွေအတွက် ➡️ 𝗡𝗼𝘁𝗲𝗯𝗼𝗼𝗸, 𝗧𝗼𝘁𝗲 𝗯𝗮𝗴 အပြင် 𝗧𝗢𝗣𝗜𝗞 အတွက် မရှိမဖြစ် 𝗧𝗢𝗣𝗜𝗞 𝗩𝗼𝗰𝗮 𝗯𝗼𝗼𝗸 ပါ 𝗙𝗿𝗲𝗲 ထပ်ရဦးမှာပါနော်

အခွင့်အရေးဆိုတာ အမြဲတမ်းရနေတာမဟုတ်လို့ နေရာလေးတွေ မပြည့်ခင် အခုပဲ မြန်မြန်လေး ဆုံးဖြတ်လိုက်တော့နော်။ အတန်းချိန်နဲ့ ရက်စွဲ အတိအကျကို ပုံတစ်ပုံချင်းစီမှာ အသေးစိတ် ဝင်ရောက်ကြည့်ရှုနိုင်ပါပြီနော်

စာရင်းပေးသွင်းဖို့နဲ့ အသေးစိတ် စုံစမ်းမေးမြန်းချင်တယ်ဆိုရင် 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 (သို့မဟုတ်) ဖုန်းလေးဆက်ပြီး အခုပဲ 𝗛𝗲𝗹𝗹𝗼 လုပ်လိုက်တော့နော်

#𝗠𝗞𝗟𝗖 #𝗣𝗿𝗲𝗺𝗶𝘂𝗺

#𝗧𝗢𝗣𝗜𝗞 #𝗢𝗳𝗳𝗹𝗶𝗻𝗲
ေတစ်ရက်တည်းအတန်း
ေ့တိုင်းရက်များများအတန်း

24/04/2026

💞 실력있는 𝗠𝗞𝗟𝗖 💞
👩‍🏫 𝗧𝗿.𝗪𝘂𝘁𝘆𝗶 ရဲ့ 𝗟𝗲𝘃𝗲𝗹 𝟮-𝟮 အတန်းက ကျောင်းသူလေး ရဲ့ ❞ 문법 설명❞ 𝗩𝗶𝗱𝗲𝗼 လေးကို အက်မင်နဲ့အတူ ကြည့်ရှုလိုက်ရအောင်ရှင့် 🤗❤️

𝗞𝗼𝗿𝗲𝗮 စာအရည်အချင်း မြှင့်သထက် မြှင့်တက်ဖို့ 𝗠𝗞𝗟𝗖 က တာ၀န်ယူသင်ကြားပေးနေပါပြီ ✨

𝗟𝗲𝘃𝗲𝗹 အလိုက် အတန်းအစုံအလင် သိရှိရန် 𝗠𝗞𝗟𝗖 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 ကို 𝗛𝗲𝗹𝗹𝗼 လိုက်တော့နော်

#𝗠𝗞𝗟𝗖

Photos from MKLC Myanmar Korean Language Center's post 23/04/2026

လမ်းပျောက်လို့ ဆိုပြီး လမ်းရှာရင်း
လမ်းခုလတ်မှာ တို့တွေ ဆုံကြတယ်

လမ်းစတွေကို သွယ်ကာ လိုက်ရင်း
လမ်းကိုယ်စီနဲ့ ဖြောင့်ဖြောင့်လျှောက်နေကြပြီလား

လမ်းဆုံးဆိုတာ မရှိတဲ့ ဘဝကြီးထဲမှာ
လမ်းဆုံတစ်ကွေ့မှာတော့ တို့တွေ ပြန်ဆုံနိုင်ဦးဖို့ မျှော်လင့်ရင်း ~

သတိရခြင်းများစွာဖြင့် 🤎💭🤎



23/04/2026

💞 실력있는 𝗠𝗞𝗟𝗖 💞
👩‍🏫 Tr. Aung Si Thu ရဲ့ 𝗟𝗲𝘃𝗲𝗹 1-1 အတန်းမှာ Grammar ရှင်းပြရင်း ကလေးတွေရဲ့ တက်တက်ကြွကြွ ပါ၀င်နေပုံလေးကို အက်မင်နဲ့အတူ ကြည့်ရှုလိုက်ရအောင်ရှင့် 🤗❤️

𝗞𝗼𝗿𝗲𝗮 စာအရည်အချင်း မြှင့်သထက် မြှင့်တက်ဖို့ 𝗠𝗞𝗟𝗖 က တာ၀န်ယူသင်ကြားပေးနေပါပြီ ✨

𝗟𝗲𝘃𝗲𝗹 အလိုက် အတန်းအစုံအလင် သိရှိရန် 𝗠𝗞𝗟𝗖 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 ကို 𝗛𝗲𝗹𝗹𝗼 လိုက်တော့နော်

#𝗠𝗞𝗟𝗖 #𝗣𝗿𝗲𝘀𝗲𝗻𝘁𝗮𝘁𝗶𝗼𝗻

Photos from MKLC Myanmar Korean Language Center's post 22/04/2026

💞 실력있는 𝗠𝗞𝗟𝗖 💞 [𝐋𝐞𝐯𝐞𝐥 𝟭-𝟭]

𝗠𝗞𝗟𝗖 Tr.Yu Wati ရဲ့ 𝐋𝐞𝐯𝐞𝐥 𝟭-𝟭 Online အတန်းလေး စတင်ပါပြီရှင်❤️🥰

ဒီနေ့မှာတော့ 제 1과 물건 사기
1항 선물을 사러 갈까요? ဆိုတဲ့ခေါင်းစဉ်ထဲက 댜화 လေးတွေကို ဖတ်ခိုင်းရင်း စတင်လိုက်တဲ့ အတန်းသစ်ပုံရိပ်လေးပဲ ဖြစ်ပါတယ်ရှင့်။

ကျောင်းသား၊ကျောင်းသူတစ်ဦးချင်းစီကို အနီးကပ် ထိထိမိမိသင်ကြားပေးနေတဲ့ တီချယ် မျိုးနဲ့မှ သင်ချင်တယ်ဆိုရင်‌တော့ 𝗠𝗞𝗟𝗖 ကို သတိရပြီး အပြေးလေး လာခဲ့ပါတော့နော်။💘🤗

✨나눔✨사랑✨섬김 🕊️𝐌𝐊𝐋𝐂🕊️
🫧실력있는𝐌𝐊𝐋𝐂💁𝐎𝐧𝐥𝐢𝐧𝐞 & 𝐎𝐟𝐟𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬

#𝐦𝐤𝐥𝐜𝐦𝐲𝐚𝐧𝐦𝐚𝐫𝐤𝐨𝐫𝐞𝐚𝐧𝐥𝐚𝐧𝐠𝐮𝐚𝐠𝐞𝐜𝐞𝐧𝐭𝐞𝐫 #𝐋𝐞𝐯𝐞𝐥𝟏

22/04/2026

ကဲ ~ ရုံးလေးလည်း ပြန်ဖွင့်ထားတာဆို‌တော့ MKLC ကို ဘယ်လိုလာရမလဲ 🤔❓

သင်တန်းလာစုံစမ်းဖို့ လိပ်စာလေး သေချာမသိသေးတဲ့သူတွေအတွက် မင်မင်က လမ်းညွှန်းပေးလိုက်ပြီနော် 🫶🫶

MKLC ကိုလာတာ ကိုကြီးရင်ခွင်ထဲ လမ်းမှားရောက်သွားတယ်တော့ မလုပ်နဲ့နော် 😜😜

22/04/2026

𝗛𝗮𝗽𝗽𝘆 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝗧𝗿.𝗣𝘆𝗮𝗲 𝗣𝘆𝗮𝗲 🥳🎉♥️

생일 축하해요 우리 쌤~
이번 생일 부터 앞으로 더욱더 빛나는 미래를 마주하며 큰 사랑을 받고 항상 행복하길 바랍니다 🙆🏻‍♀️
생일을 진심으로 축하합니다 🥳

ဒီကနေ့ ကျရောက်လာသော မွေးနေ့ရက်မြတ်မှစ၍ နောင်နှစ်ပေါင်းများစွာတိုင် ချစ်ခင်မြတ်နိုးသူတွေနဲ့ နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင် နေထိုင်ဖြတ်သန်းသွားနိုင်ပြီး လိုအင်ဆန္ဒများပြည့်ဝပါစေကြောင်း MKLC မှ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့်🙏♥️



Photos from MKLC Myanmar Korean Language Center's post 22/04/2026

ကိုရီးယားလို ပြောရင် ❞အ ထစ် ~ အ ထစ် ❞ ဖြစ်နေလို့ စိတ်ညစ်နေတဲ့သူများ... ဒီနား ခဏလာခဲ့ဦး 📣

ကိုရီးယားကားတွေ ကြည့်ပြီး ❞အန်ညော်❞ လောက်နဲ့တင် ရပ်နေတုန်းလား❓

📺 ကိုရီးယားလူမျိုးနဲ့ တွေ့ရင် ပြေးပုန်းချင်တာလား၊ ဒါမှမဟုတ် ❞ကိုယ်ပြောတာ သူနားလည်ပါ့မလား❞ ဆိုပြီး ဇောချွေးပြန်နေရတဲ့ ဒုက္ခကနေ လွတ်ချင်ပြီလား❓

ကဲ... စာအုပ်ကြီးအတိုင်း အလွတ်ကျက်နေရတဲ့ ခေတ်ကုန်သွားပြီနော်။ 𝐌𝐊𝐋𝐂 မှာတော့ 𝐁𝐞𝐠𝐢𝐧𝐧𝐞𝐫 ရော 𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞 ပါ အကြိုက်ရွေးပြီး 𝐍𝐚𝐭𝐢𝐯𝐞 𝐒𝐩𝐞𝐚𝐤𝐞𝐫 တွေလို ❞𝐅𝐥𝐨𝐰❞ နဲ့ လေယူလေသိမ်း စကားပြောတတ်အောင် လေ့ကျင့်ပေးတော့မှာ 🗣️✨

𝐌𝐊𝐋𝐂 ရဲ့ 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 အတန်းကို တက်ပြီးရင် ဘာတွေထူးခြားလာမလဲဆိုတော့...

✅ အရင်ကလို တုန်တုန်ရင်ရင် မဟုတ်ဘဲ 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐜𝐞 အပြည့်နဲ့ ခေါင်းမော့ ရင်ကော့ပြီး ပြောလာနိုင်မယ်

ကိုရီးယားလိုမေးရင် ခေါင်းထဲမှာ စာတွေပြန်စီရင်း စဉ်းစားနေစရာမလိုတော့ဘဲ ချက်ချင်း ပြန်ဖြေနိုင်လာမယ်။

𝐍𝐚𝐭𝐢𝐯𝐞 𝐒𝐩𝐞𝐚𝐤𝐞𝐫 တွေလို လေယူလေသိမ်းနဲ့ စကားလုံးအသုံးအနှုန်း မှန်မှန်ကန်ကန် သုံးတတ်လာမယ်

အလုပ်သွားလျှောက်ရင်လည်း ကိုရီးယားလို မေးသမျှ ❞𝐎𝐤❞ ပဲလေ❗ 😉

ဇွန်လတန်းခွဲ (𝐉𝐮𝐧𝐞 𝐈𝐧𝐭𝐚𝐤𝐞) က မကြာခင် စတော့မှာဆိုတော့... 𝐉𝐮𝐧𝐞 𝐈𝐧𝐭𝐚𝐤𝐞 နဲ့ သွားဖို့ ရည်ရွယ်ထားရင် 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 ကျွမ်း‌နေမှတော့ ဖြစ်မှာမို့ အတန်းလူမပြည့်ခင် ဖောင်လေးဖြည့်ထားဖို့ လိုမယ်နော်

အော် ~ ဒါနဲ့ နှစ်တန်းလုံးက 𝐎𝐧𝐥𝐢𝐧𝐞 𝐂𝐥𝐚𝐬𝐬 တွေပဲမို့ 𝐙𝐨𝐨𝐦 𝐑𝐞𝐜𝐨𝐫𝐝 လေး ရဦးမှာနော်

𝐁𝐞𝐠𝐢𝐧𝐧𝐞𝐫: 𝟏𝟓𝟎,𝟎𝟎𝟎 𝐌𝐌𝐊 (စနေ၊ တနင်္ဂနွေ - ညနေ 𝟔 နာရီ ကနေ 7နာရီ အထိ )

𝐈𝐧𝐭𝐞𝐫𝐦𝐞𝐝𝐢𝐚𝐭𝐞: 𝟐𝟎𝟎,𝟎𝟎𝟎 𝐌𝐌𝐊 (စနေ၊ တနင်္ဂနွေ - ညနေ 𝟔 နာရီ ကနေ 7နာရီခွဲ အထိ )

ကိုရီးယားလို ကျွမ်းကျွမ်းကျင်ကျင် ပြောဖို့ 𝐌𝐊𝐋𝐂 က စောင့်နေမှာမို့ အတူတူ စတင်ရအောင် 🥰

#𝐌𝐊𝐋𝐂 #𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 #𝐎𝐧𝐥𝐢𝐧𝐞

22/04/2026

❞𝗠𝗞𝗟𝗖 𝗧𝗲𝗮𝗰𝗵𝗲𝗿 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 𝗣𝗿𝗼𝗴𝗿𝗮𝗺 - 𝗗𝗮𝘆 𝟭𝟲 - 𝗪𝗲𝗲𝗸 𝟰 ❤️

တစ်ပတ်ထက် တစ်ပတ် ပိုပိုပြီး တိုးတက်လာတဲ့ 𝗠𝗞𝗟𝗖 က ဆရာ၊ ဆရာမလောင်းလေးတွေရဲ့ သင်ကြားရေးစွမ်းရည်တိုးတက်ဖို့အတွက် MKLC ကနေ လေ့ကျင့်သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။ 👏

ကျောင်းသားတွေအတွက် အရည်အသွေးပြည့်ဝတဲ့ သင်ကြားရေးတွေ ဖန်တီးပေးဖို့ ကြိုးစားနေကြတဲ့ သူတို့လေးတွေအတွက် 𝗟𝗶𝗸𝗲 & 𝗥𝗲𝗮𝗰𝘁 လေးတွေနဲ့ အားပေးကြပါဦးရှင့်။ ❤️

#𝗠𝗞𝗟𝗖 #𝗧𝗲𝗮𝗰𝗵𝗲𝗿𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴❞

Want your school to be the top-listed School/college in Kamayut?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Two O Two
Kamayut

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00