U ZAW MYINT B.A Korean Language Center

Contact the school

U ZAW MYINT B.A Korean Language Center KOREAN LANGUAGE CENTER

24/05/2026
22/05/2026

EPS-TOPIK စာမေးပွဲ အတွက် စာကျက်ထားတာတွေ မေ့နေကြပြီလား ။ သင်ယူထားတဲ့ စာတွေ မမေ့ဖို့အတွက်ကတော့ အချိန်ပေးပြီး ပြန်ဖတ်ရင် ရပါတယ် ။ မကျက်ရသေးတဲ့ စာတွေတော့ မပါဘူးနော် ။ မကျက်ရသေးတဲ့ စာလည်း မကျက် ၊ ကျက်ပြီးသား စာတွေကိုလည်း ပြန်ဖတ်ပေးတာမျိုး မလုပ်ရင်တော့ အစကနေ အကုန်လုံးကို ပြန်ကျက်ရမှာလည်း မေ့မထားကြနဲ့နော် ။

ဒီနေ့ အတွက် LISTENING လေး တစ်ပုဒ်လောက် ဖြေကြည့်ကြမလား ။
Video ကိုနှိပ်ပြီး နားထောင်ပြီး ဖြေကြည့်လို့ရပါတယ် ။

အားလုံး အဆင်ပြေကြပါစေ ( UZM )

EPS စနစ်ဖြင့် ကိုရီးယားနိုင်ငံသို့ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်လိုသော ညီငယ်၊ ညီမငယ်များအတွက် အခြေခံနှင့် သဒ္ဒါသင်တန်...
11/05/2026

EPS စနစ်ဖြင့် ကိုရီးယားနိုင်ငံသို့ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်လိုသော ညီငယ်၊ ညီမငယ်များအတွက် အခြေခံနှင့် သဒ္ဒါသင်တန်းသစ်ကို ၂၉၊ ၅ ၊ ၂၀၂၆ သောကြာနေ့ နေ့လည် ၁၂:၀၀ မှ ၂:၀၀ ထိ စတင်ဖွင့်လှစ်ပါမည်။ နောက်အကြိမ် စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ထားလိုသူတွေအတွက် အထူး ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ စာမေးပွဲသတင်း အတိအကျ ကြားသိရချိန်မှ သင်တန်းတက်ရောက်မယ်ဆိုရင် စာလေ့လာသင်ယူဖို့အတွက် အချိန် တအား နည်းလွန်းလှပါတယ်။ အနီးကပ်မှ သင်တန်း တက်ရောက်သူတွေဟာ အချိန်ပေးပြီး စနစ်တကျ သင်ယူထားသူတွေနဲ့ နှိုင်းယှဉ်လိုက်ရင် စာမေးပွဲ အောင်မြင်ဖို့အတွက် ရာခိုင်နှုန်း အလွန်တရာ နည်းပါးလှပါတယ်။ နောက်ပြီး အနီးကပ်မှ လာတက်တဲ့အခါမှာ သင်ပေးရတဲ့ ဆရာတွေအတွက်လဲ အရေး၊ အဖတ်၊ အပြော၊ နားထောင်ခြင်းနဲ့ သဒ္ဒါတွေကို စည်းစနစ်တကျနဲ့ သင်ပေးဖို့ အဆင်မပြေနိုင်သလို သင်ယူရတဲ့ ကျောင်းသားတွေအတွက်လဲ အချိန်တိုအတွင်းမှာ စကားလုံး (ဝေါဟာရတွေ) အများကြီး ရအောင်ကျက်ဖို့က မလွယ်ကူလှပါဘူး။ အဲဒါကြောင့်မို့ အရေး၊ အဖတ်၊ အပြော၊ နားထောင်ခြင်းနဲ့ သဒ္ဒါတွေကို စနစ်တကျ သင်ယူနိုင်ဖို့နဲ့ ဝေါဟာရတွေကို ခေါင်းအေးအေးနဲ့ ကျက်မှတ်နိုင်ဖို့အတွက် အချိန်ပေး သင်ယူထားခြင်းဟာ အမှန်တကယ် စာမေးပွဲကြီး ရှိလာတဲ့အခါ ကောင်းစွာဖြေဆိုနိုင်ပြီး အောင်မြင်မှုတွေ ရရှိမှာ မလွဲအေကန်ပါပဲ။ EPS စနစ်နဲ့ ကိုရီးယားနိုင်ငံသို့ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်ဖို့ ရည်ရွယ် ဆုံးဖြတ်ထားတဲ့ သင်တန်း တက်ရောက်လိုသူ ညီငယ်၊ ညီမငယ်များ လူကိုယ်တိုင်ဖြစ်စေ၊ အောက်ဖော်ပြပါဖုန်းနံပါတ်သို့ဖြစ်စေ သင်တန်း ဖွင့်ရက် မတိုင်မှီ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

မှတ်ချက်။ ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်တွေမှာ language program ဖြင့် သွားရောက်ပြီး ဘာသာစကား သင်ယူလိုသူများနှင့် ကိုရီးယားဘာသာစကားကို စိတ်ဝင်စားလို့ သင်ယူလိုသူများလဲ တက်ရောက်နိုင်ပါတယ်။

သင်တန်းရက် - သောကြာ၊ စနေ၊ တနင်္ဂနွေ

သင်တန်းချိန် - ၁၂:၀၀ ~ ၂:၀၀

သင်တန်းအပ် လက်ခံနေပါပြီ။

စုံစမ်းရန် ဖုန်း - 095101125
095067302

헬로 ! 여러분, 안녕하세요အခြေခံနှင့် သဒ္ဒါသင်တန်း ပြီးဆုံးသွားတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် သင်ရိုးသစ် စာအုပ် part 1, part 2 ...
04/05/2026

헬로 ! 여러분, 안녕하세요
အခြေခံနှင့် သဒ္ဒါသင်တန်း ပြီးဆုံးသွားတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် သင်ရိုးသစ် စာအုပ် part 1, part 2 စာအုပ်တန်းကို လာမယ့် ၈ ရက်နေ့ သောကြာနေ့မှာ စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ part 1 + 2 သင်တန်းပြီးဆုံးသွားတဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့လဲ စာပြန်နွှေးလိုပါက အခမဲ့ ပြန်လည်တက်ရောက်နိုင်ပါတယ်။ ပြီးခဲ့တဲ့ EPS စာမေးပွဲမှာ ခြေချော်လက်ချော်ဖြစ်ခဲ့တဲ့ သင်တန်းသားများလဲ သင်တန်းကြေး ၅ သောင်းနဲ့ သင်ရိုးသစ် စာအုပ်ဖိုး ၅ သောင်းကျပ် ပေးသွင်းပြီး တက်ရောက်နိုင်ပါတယ်။
သင်တန်းရက် - သောကြာ၊ စနေ၊ တနင်္ဂနွေ
သင်တန်းချိန် - မနက် ၉:၀၀ မှ ၁၁:၀၀ ထိ

17/07/2025

Address

အမှတ် ( ၃၀ ) ဘီ ၊ ၄/လွှာ ၊ ဦးထွန်းလင်းခြံလမ်း ၊ ( ၁ ) ရပ်ကွက် ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ။
Kamayut

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when U ZAW MYINT B.A Korean Language Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to U ZAW MYINT B.A Korean Language Center:

Shortcuts

Share