11/05/2026
EPS စနစ်ဖြင့် ကိုရီးယားနိုင်ငံသို့ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်လိုသော ညီငယ်၊ ညီမငယ်များအတွက် အခြေခံနှင့် သဒ္ဒါသင်တန်းသစ်ကို ၂၉၊ ၅ ၊ ၂၀၂၆ သောကြာနေ့ နေ့လည် ၁၂:၀၀ မှ ၂:၀၀ ထိ စတင်ဖွင့်လှစ်ပါမည်။ နောက်အကြိမ် စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်ထားလိုသူတွေအတွက် အထူး ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ စာမေးပွဲသတင်း အတိအကျ ကြားသိရချိန်မှ သင်တန်းတက်ရောက်မယ်ဆိုရင် စာလေ့လာသင်ယူဖို့အတွက် အချိန် တအား နည်းလွန်းလှပါတယ်။ အနီးကပ်မှ သင်တန်း တက်ရောက်သူတွေဟာ အချိန်ပေးပြီး စနစ်တကျ သင်ယူထားသူတွေနဲ့ နှိုင်းယှဉ်လိုက်ရင် စာမေးပွဲ အောင်မြင်ဖို့အတွက် ရာခိုင်နှုန်း အလွန်တရာ နည်းပါးလှပါတယ်။ နောက်ပြီး အနီးကပ်မှ လာတက်တဲ့အခါမှာ သင်ပေးရတဲ့ ဆရာတွေအတွက်လဲ အရေး၊ အဖတ်၊ အပြော၊ နားထောင်ခြင်းနဲ့ သဒ္ဒါတွေကို စည်းစနစ်တကျနဲ့ သင်ပေးဖို့ အဆင်မပြေနိုင်သလို သင်ယူရတဲ့ ကျောင်းသားတွေအတွက်လဲ အချိန်တိုအတွင်းမှာ စကားလုံး (ဝေါဟာရတွေ) အများကြီး ရအောင်ကျက်ဖို့က မလွယ်ကူလှပါဘူး။ အဲဒါကြောင့်မို့ အရေး၊ အဖတ်၊ အပြော၊ နားထောင်ခြင်းနဲ့ သဒ္ဒါတွေကို စနစ်တကျ သင်ယူနိုင်ဖို့နဲ့ ဝေါဟာရတွေကို ခေါင်းအေးအေးနဲ့ ကျက်မှတ်နိုင်ဖို့အတွက် အချိန်ပေး သင်ယူထားခြင်းဟာ အမှန်တကယ် စာမေးပွဲကြီး ရှိလာတဲ့အခါ ကောင်းစွာဖြေဆိုနိုင်ပြီး အောင်မြင်မှုတွေ ရရှိမှာ မလွဲအေကန်ပါပဲ။ EPS စနစ်နဲ့ ကိုရီးယားနိုင်ငံသို့ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်ဖို့ ရည်ရွယ် ဆုံးဖြတ်ထားတဲ့ သင်တန်း တက်ရောက်လိုသူ ညီငယ်၊ ညီမငယ်များ လူကိုယ်တိုင်ဖြစ်စေ၊ အောက်ဖော်ပြပါဖုန်းနံပါတ်သို့ဖြစ်စေ သင်တန်း ဖွင့်ရက် မတိုင်မှီ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။
မှတ်ချက်။ ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်တွေမှာ language program ဖြင့် သွားရောက်ပြီး ဘာသာစကား သင်ယူလိုသူများနှင့် ကိုရီးယားဘာသာစကားကို စိတ်ဝင်စားလို့ သင်ယူလိုသူများလဲ တက်ရောက်နိုင်ပါတယ်။
သင်တန်းရက် - သောကြာ၊ စနေ၊ တနင်္ဂနွေ
သင်တန်းချိန် - ၁၂:၀၀ ~ ၂:၀၀
သင်တန်းအပ် လက်ခံနေပါပြီ။
စုံစမ်းရန် ဖုန်း - 095101125
095067302
04/05/2026
17/07/2025