Smart Learners English Language Academy

Smart Learners English Language Academy

Share

At Smart Learners English Language Academy, we are committed to inspiring success.

Through specialized IGCSE English as a Second Language (ESL) and English as a First Language (EFL) programs, we provide students with the tools to achieve excellence.

05/04/2026

Useful English preposition...🎬🎬


29/12/2025

Company (ကုမ္ပဏီ) နဲ့ သက်ဆိုင်တဲ့ အရေးကြီး English Vocabulary တွေကိုဖော်ပြလိုက်ပါတယ်...

🏢 Company နဲ့ သက်ဆိုင်တဲ့ Vocabularyများ

Company ကုမ္ပဏီ
Organization အဖွဲ့အစည်း
Corporation ကော်ပိုရေးရှင်း (ကုမ္ပဏီကြီး)
Firm လုပ်ငန်း
Business စီးပွားရေးလုပ်ငန်း
Enterprise စီးပွားရေးအဖွဲ့အစည်း

👔Job Position / Role

Employee ဝန်ထမ်း
Employer အလုပ်ရှင်
Manager မန်နေဂျာ
Supervisor ကြီးကြပ်ရေးမှူး
Director ဒါရိုက်တာ
CEO (Chief Executive Officer) အမှုဆောင်ချုပ်
HR (Human Resources) လူ့စွမ်းအားအရင်းအမြစ်ဌာန
Staff ဝန်ထမ်းအဖွဲ့

🏬 Department (ဌာနများ)

Department ဌာန
Finance Department ငွေကြေးဌာန
Accounting စာရင်းကိုင်ဌာန
Marketing စျေးကွက်ရှာဖွေရေးဌာန
Sales အရောင်းဌာန
Operations လုပ်ငန်းဆောင်ရွက်ရေးဌာန
IT Department အိုင်တီဌာန

📄 Work & Office Terms

Office ရုံး
Meeting အစည်းအဝေး
Deadline နောက်ဆုံးသတ်မှတ်ချိန်
Schedule အချိန်ဇယား
Policy စည်းမျဉ်းစည်းကမ်း
Procedure လုပ်ငန်းစဉ်
Report အစီရင်ခံစာ
Document စာရွက်စာတမ်း

💰 Business & Finance

Salary လစာ
Wage အလုပ်ခ
Bonus ဆုကြေး
Revenue ဝင်ငွေ
Profit. အမြတ်
Loss အရှုံး
Budget ဘတ်ဂျက်
Expense အသုံးစရိတ်

📈 Performance & Growth

Performance လုပ်ဆောင်မှုအရည်အသွေး
Productivity ထုတ်လုပ်နိုင်စွမ်း
Target ရည်မှန်းချက်
Growth တိုးတက်မှု
Strategy မဟာဗျူဟာ
Achievement အောင်မြင်မှု
Evaluation အကဲဖြတ်ခြင်း


11/11/2025

မနတ်ဖြန်ဆိုရင် IGCSE O'level Edexcel ESL : Listening and Reading Modules တွေကို ဖြေရမှာ ဖြစ်ပါတယ်။

ESL Speaking Test

ESL Skill တစ်ခုချင်းကို Modular တစ်ခု အနေနဲ့ စစ်ဆေးတာဖြစ်ပါတယ်။ ESL Listening Question paper ဖတ်ချိန်က ( ၅) မိနစ်ရမှာ ဖြစ်ပြီး အဲဒီ ( ၅)မိနစ်မှာ Question No 1 to 11 တွေရဲ့ Topic Title တွေ နဲ့ Multiple-Choice Question – MCQ, Complete Sentence, Closed-type Sentences တွေရဲ့ Question paper တွေက Key words တွေကို ဖတ်ကြည့်ထားဖို့ လိုပါတယ်။
ESL listening ဖြေဆိုချိန် မိနစ် (40) ရမှာ ဖြစ်ပြီး စုစုပေါင်း အမှတ် (၅၀) ဖို့ဖြေဆိုရမှာ ဖြစ်ပါတယ်။ Listening မှာ Dialogue- conversation between two or more people) နဲ့ Monologue - person’s thoughts, feelings, or experiences, တွေကို ပြောတဲ့ Recording တွေ၊ Voice Message, presentation, podcast, တွေကို နားထောင်ရမှာ ဖြစ်ပါတယ်။ ESL Listening မှာ ကျောင်းသား/သူတွေအတွက် ရင်ဆိုင်ရမယ့် အခက်အခဲ့တစ်ခုကတော့ Question No. 4, 5, 6, 7, 8 to 11 မှာ ပါဝင်လာမယ့် “You do not need to write in full sentences.” ဆိုတဲ့ Sentence တစ်ခုချင်းစီဖြေတဲ့အခါ Full sentence ဖြေလို့မရပါဘူး။ အဓိက Key point –( words or Phrases ) တွေကို ချရေးရမှာ ဖြစ်ပါတယ်။ ဉပမာ- The street is crowded. / or The cuisine is delicious. လို့ Speaker က ပြောရင် ........Crowed street, delicious cuisine လို့ ရေးရမှာ ဖြစ်ပါတယ်။ ESL Speaking တွေက semi-formal and formal tone တွေနဲ့ ပြောကြမှာဖြစ်ပါတယ်။

ESL Reading Test

ESL Reading Test ကလည်း အမှတ် (၅၀) ဖို့ဖြစ်ပြီး ဖြေဆိုချိန် (၁) နာရီ ရမှာ ဖြစ်ပါတယ်။ ESL Reading Question 1 to 13 ပါဝင်မှာဖြစ်ပြီး Question 1 မှာ Informal Email / letters တွေကို ဖြေရမှာ ဖြစ်ပါတယ်။ ESL reading question types တွေဟာလည်း ESL Listening question format နဲ့ တူပါတယ်။ Multiple-Choice Question – MCQ, Complete Sentence, Closed-type Sentences တွေ ပါလာမှာ ဖြစ်ပါတယ်။ Question No. 3 တွေဟာ Formal Email / Letter တွေကို ဖတ်ပြီး Multiple-Choice Question – MCQ အမှတ်ခြစ်ပေးရမှာ ဖြစ်ပါတယ်။ Question – 6, 7, 8 တွေမှာ Multiple-Choice Question – MCQ တွေနဲ့ “You do not need to write in full sentences” ဆိုတဲ့ Sentence တစ်ခုချင်းစီဖြေတဲ့အခါ Full sentence ဖြေလို့မရတဲ့ Answer completion တွေ ပါလာမှာဖြစ်ပါတယ်။ Listening format လိုမျိုး အဓိက Key point –( words or Phrases ) တွေကို ရွေးချယ်ပြီး ဖြေဆိုရမှာ ဖြစ်ပါတယ်။ Question တွေကို သေချာဖတ်ပြီး Blog, formal Letter, informal Letter, Email ထဲက Fact, contact, information တွေ ကို ရှာပြီး ( ၁) နာရီအတွင်း မြန်မြန်ဆန်ဆန်လေး ဖြေဆိုဖို့ လိုပါတယ်။ ။
ESL Listening & Reading Test တွေကို ကောင်းမွန်စွာဖြေဆိုနိုင်ကြပါစေ။

09/11/2025

IGCSE O'level English Language B( EFL) ကိုလေ့လာနေတဲ့ ကျောင်းသူ/သားတွေ အနေနဲ့ ဒီနေ့ Figurative language အကြောင်းကို အနည်းငယ် ပြောပြပါမယ်။

Figurative language ဆိုတာ ပုံဖော်ပြီး၊ နှိုင်းယှဉ်ပြီး၊ သဘောတရားအနေနဲ့ ပြောဆိုတာမျိုးပါ။

Simile (ဆင်တူယဉ်)
➤ “like” နဲ့ “as” အသုံးပြုပြီး နှိုင်းယှဉ်တယ်။
🟢 Example: “She is as brave as a lion.”
(သူမဟာ ခြင်္သေ့လို ရဲရင့်တယ်။)

Metaphor (အနက်ဖွင့်ပုံဖော်)
➤ တိုက်ရိုက်နှိုင်းယှဉ်တယ် (without like/as)
🟢 Example: “Time is a thief.”
(အချိန်ဟာ ခိုးသူတစ်ယောက်ပါ။

Personification (လူပုံဖော်ခြင်း)
➤ မူလအားဖြင့် မျိုးမရှိတဲ့အရာတွေကို လူလိုလုပ်သည့်အတိုင်းဖော်ပြတယ်။
🟢 Example: “The wind whispered through the trees.”

Hyperbole (အမြှင်းအမြော)
➤ အရာတစ်ခုကို များများကြီးကြီး ပြောပြတယ်။
🟢 Example: “I’ve told you a million times!”

Onomatopoeia (အသံပုံဖော်စကား)
➤ အသံနဲ့တစ်သွယ်တည်းသုံးတဲ့စကား။
🟢 Example: “The bees buzzed around the flowers.”
(“buzz” ဆိုတဲ့အသံက ပျားအသံပါ။)

Alliteration (အထပ်သံသုံးခြင်း)
➤ စာလုံးအပေါ်ဆုံးသံကို ထပ်ထပ်သုံးတယ်။
🟢 Example: “Peter Piper picked a peck of pickled peppers.”

Figurative language ဆိုတာက စာအနုပညာနဲ့ စကားပုံစံတွေကို ပိုလှစေတယ်၊ စာဖတ်သူကို စိတ်ဝင်စားဖွယ်ဖြစ်စေပါတယ်။

21/10/2025

မနတ်ဖြန်ဆိုရင် IGCSE Edexcel ESL : Speaking Test ဖြေရမယ့်နေ့ ဖြစ်ပါတယ်။

IGCSE Edexcel ESL Speaking Test ( Part 1, 2 & 3)

သိကြတဲ့အတိုင်းပဲ Edexcel ESL speaking မှာ Part 1, Part 2 and Part 3 ဆိုပြီး ( ၃) ပိုင်း ပါဝင်ပြီး စုစုပေါင်း ဖြေဆိုချိန် ( ၁၃) မိနစ် ကြာပါတယ် စုစုပေါင်းအမှတ် ( ၅၀) ဖိုး ဖြေဆိုရမှာ ဖြစ်ပါတယ်။

Speaking part 1,2,3 မစတင်ခင် Examiner က Speaking လာဖြေတဲ့ IG ကျောင်းသူ/သားတွေကို Warm up activity အနေနဲ့ " How are you? " Or how is your day going?" or What do you think of the weather today?" စတဲ့ မေးခွန်းတွေကို မေးပါလိမ့်မယ် ဒီမေးခွန်းတွေက Speaking Test လာဖြေတဲ့ ကျောင်းသူ/သားတွေကို Examiner နဲ့ ရင်းနှီးသွားအောင်၊ Exam ဆိုတော့ ကျောင်းသား/သူတွေ စိတ်လှုပ်ရှားမှု ကို အနည်းငယ် သက်သာစေမယ့် စကားတွေ ဖြစ်ပါတယ်။ ဒီ မေးခွန်းတွေကို အမှတ်ပေးလေ့ မရှိပါဘူး။
Part 1: Speaking Part 1 မှာတော့ Role play ဖြစ်ပါတယ်။ Role play ကတော့ ၁ မိနစ်ကနေ ၂ မိနစ် အတွင်း မှာ ဖြေရမှာ ဖြစ်ပြီး ( 10 ) မှတ် ရမှာ ဖြစ်ပါတယ်။ Role play မှာ Speaking Topic အတွက် Card ( 2) ခု ပါဝင်ပါမယ်။ ပထမ တစ်ကဒ်ကတော့ Examiner Card ဖြစ်ပြီး သူ့ဆီမှာ Topic ပါဝင်ပါတယ် ။ ပြီးတော့ candidate card ဖြစ်ပြီး ကျောင်းသူ/သားတွေ ကြည့်ပြီး ဖြေဆိုရမယ့် Card ဖြစ်ပါတယ်။
ဉပမာ - Examiner Card ဖြစ်မှာ ပါဝင်လာမယ့် မေးခွန်းတွေ ဖြစ်ပါတယ်။
Topic: Travel
1. What is your favorite travel destination?
2. How long have you been interested in traveling?
3. How often do you get to travel?
4. What do you enjoy most about traveling?
5. Do you have a question for me?
ဉပမာ- Candidate ( ဖြေဆိုမည့် ကျောင်းသူ/သားတွေ ) က အခုပြထားတဲ့ - Candidate card က စာတွေ ကြည့်ပြီး ဖြေဆိုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ Question No. 5 မှာ Examiner က Do you have a question for me? ဆိုပြီး မေးပါလိမ့်မယ်၊ ( Part 1 Role play speaking section တိုင်း မေးမှာ ဖြစ်ပါတယ်) ။ အဲလို မေးတဲ့အခါ Topic နဲ့ သက်ဆိုင်တဲ့ မေးခွန်းကိုပဲ ပြန်မေး ဖို့ တိုက်တွန်းပါတယ်။
ဉပမာ - Yes, I have question. Do you love travelling? စသဖြင့် မေးခွန်းတစ်ခု မေးလို့ရပါတယ်။
Topic: Travel
1. Favorite travel destination - what?
2. How long - interested in traveling?
3. How often - to travel?
4.!
5.? Ask a question.
Edexcel : English as a second language မှာ အရေးကြီးဆုံးတစ်ချက်ကတော့ Speaking part 1 - Examiner နဲ့ စာဖြေတဲ့ သူနဲ့ စကားပြောချိန်ဟာ ( 1 to 2) မိနစ်ဖြစ်လို့ Examiner မေးတဲ့ Topic ပေါ်မှာ ကျောင်းသူ/သားတွေ အနေနဲ့ fluency ( စကားပြောတာ ချောမွေ့ ပြေမြစ် မနေဘူးဆိုရင်) အထစ်ထစ် အငေါ့ အငေါ့ ဖြစ်နေတာတော့ ၊ မေ့နေတာတော့ ဆိုရင် Examiner က စောင့်နေမှာ မဟုတ်ပဲ အချိန် ၂ မိနစ်ပြီးသွားရင် “This is the end of Part 1. Let’s go on to Part 2. ဆိုပြီးတော့ ဆွဲခေါ်သွားပါလိမ့်မယ်။ အဲလိုဆိုရင် Part 1 က အမှတ်တွေ ( Grading ) တွေ ကျပါလိမ့်မယ်။ အဲဒီအတွက် ကြိုတင်ပြီး Practice လုပ်ထားဖို့ ၊ Confidence ရှိဖို့ လိုအပ်ပါတယ်။

ESL Speaking Part 2
Edexcel speaking part 2 မှာတော့ Topic Talk ဖြစ်ပြီး (Presentation and questions) Style နဲ့ ဖြေဆိုရတဲ့ Speaking Format ဖြစ်ပါတယ်။ Topic Talk Speaking ဖြေဆိုချိန်က (5) မိနစ်သာ ကြာမှာဖြစ်ပြီး အမှတ် ( ၂၀ ) ရမှာ ဖြစ်ပါတယ်။ Topic Talk Speaking Test မှာဆိုရင် IGCSE Edexcel ESL ( 9-1) Course book ထဲကနေ
Module 6: The Environment, Module 7: The Media, Module: 8 Equality စတဲ့ Module 3 ခုထဲက specific topic တစ်ခုကို 2 မိနစ် အတွင်း ပြောဆိုရမယ့် Presentation တစ်ခုကို ကျောင်းသား/သူတွေက Script ရေးရပါမယ်။ ပြီးမှ အဲဒီ ၂ မိနစ်စာ Script ကို Note ထုတ် ရမှာပါမယ်။ Note မှာတော့ full Sentence ဖြစ်လို့ မရပါဘူး။ အဲဒီ Note က - ၂ ခု ရေးယူရမှာ ဖြစ်ပါတယ်။
ဉပမာ -
Module 6 - The Environment မှာဆိုရင် specific topic လေးတွေ အများကြီး ထုတ်လို့ရပါတယ်။ ဉပမာ-
1. Climate Change and Its Impact on Daily Life
2. Plastic Pollution in Oceans
3. Deforestation and Its Consequences
4. Air Pollution in Cities
5. Renewable vs. Non-Renewable Energy
6. Recycling and Waste Management
7. Carbon Footprint
8. Plastic-Free Lifestyle
Note - ဉပမာ -
1. Introduction
Topic : …………………………..
2. Describe background / situation
- …………................………….
- …………..................…………
- ……………….................……
3. The problem
Example: plastic pollution causes major harm wild life, human (microplastic), Ecosystem
- ……………................……….
- ……………................……….
- ……………….................…….
- .......................................
4. Solution
- …………………………………..
- …………………………………..
- ……………………………………
5. My opinion
- ……………………………….
- ………………………………
- ……………………………….
အခုလို Note ကို ( ၂) ခု ရေးရမှာ ဖြစ်ပြီး Note -တစ်ခုကို Speaking Test ဖြေတဲ့အခါ Examiner ကို ပေးရမှာ ဖြစ်ပြီး ကျန်တဲ့ တစ်ခုကတော့ ကျောင်းသူ/သားတွေ မိမိတို့ရဲ့ Note ကို ကြည့်ပြီး Presentation လုပ်ရမှာ ဖြစ်ပါတယ်။
မှတ်ချက် - Note ကြည့်ပြီး စာဖတ်သလို ဖတ်လို့ မရပါဘူး ။ Speaking fluency ဖြစ်အောင် ပြောရမှာ ဖြစ်ပါတယ်။ ၂ မိနစ်အတွင်း ပြီးအောင် ပြောရမှာ ဖြစ်ပါတယ်၊
Follow up Question
Topic Talk ( ၂) မိနစ် ပြောပြီးသွားလို့ရှိရင် ကျောင်းသား/သူ တွေ ပြောခဲ့ တဲ့ Topic နဲ့ သက်ဆိုင်တဲ့ မေးခွန်း (၅) ခုလောက်ကို Examiner ကမေးမှာ ဖြစ်လို့ ၊ ကျောင်းသား/သူတွေ အနေနဲ့ မိမိတို့ ပြောမယ့် Topic နဲ့ သက်ဆိုင်တဲ့ follow up question တွေကိုပါ ကြိုတင် စဉ်းစားထားပြီး လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ Follow up question က ( ၃ )မိနစ် မေးပါတယ်။
ကြိုတင်ပြီး Module 6,7,8 ထဲက မိမိ နှင့် ကိုက်ညီတဲ့ specific topic တစ်ခုကို ကြိုတင် Note ထုတ်ထားပါ၊ ပြီးတော့ ထပ်ထပ်ခါ Grammar, Pronunciation, တွေကောင်းအောင် (၂)မိနစ်အတွင်း လေ့ကျင့်ထားပါ။ ပြီးတော့ Examiner မေးလာနိုင်တဲ့ Follow up question တွေကို ကြိုတင် စဉ်းစားပီး လေ့ကျင့်ပါ။

ESL Speaking Part 3
IGCSE Edexcel ESL part 3 မှာတော့ Picture based conversation ၊ Examiner က ပေးတဲ့ ပုံကို ကြည့်ပြီး ပြောမှာ ဖြစ်ပါတယ်၊ ပုံကို ကြည့်ပြီး ပြောမယ့်အချိန်က ( ၂) မိနစ်ဖြစ်ပြီး ၊ ပုံ နဲ့ ပါတ်သက်ပြီး Follow up question က ( ၃) မိနစ် အတွင်း မေးခွန်းတွေ မေးမှာဖြစ်ပါတယ်။ ESL part 3 မေးခွန်းက စုစုပေါင်း မိနစ် ( ၅) မိနစ် ကြာမှာ ဖြစ်ပြီး အမှတ် ( ၂၀ ) ရမှာ ဖြစ်ပါတယ်။
ESL part 3 မှာ - ပုံထဲမှာ ပါတဲ့ - People- လူတွေ, place-နေရာ , activity- ဘာတွေ လုပ်ဆောင်နေကြသလဲ ဆိုတဲ့ Activity အဲဒီ ( ၃) ခု ကိုပဲ အဓိက ပြောမှာ ဖြစ်ပါတယ်။
Follow up question မေးတဲ့အခါလည်း ပုံနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေပဲ မေးမှာ ဖြစ်ပါတယ်။
ပုံတွေအများကြီး နဲ့ Speaking လေ့ကျင့်ပါ၊ ပြီးတော့ ပုံနဲ့ သက်ဆိုင်တဲ့ follow up question တွေကို စဉ်းစားပြီးမေးပါ။
IGCSE Edexcel ESL ကျောင်းသူ/သားတွေ အကုန်လုံး အောင်မြင်ကြပါစေ။

IGCSE Edexcel ESL : Writing, Reading, Listening , Speaking တွေကို Grade 7, 8,9 လိုချင်သည့် ကျောင်းသူ/သားများအတွက် အတွက် Page Messenger တွင် လာရောက်စုံစမ်းနိုင်ပါသည်။

23/08/2025

IGCSE : Language 4EB1 ( EFL) ကို Grading ကောင်းကောင်း နှင့် အောင်မြင်လိုသည့် ကျောင်းသူ/သားများအတွက် Intensive Class......

Language B (EFL) - Section A : Reading & Writing Skills အတွက် reading techniques များကို သုံးပြီး writing skills & strategy များကို စနစ်တကျ tipping point များဖြင့် ရေးတက်စေရန် လေ့ကျင့်ပေးပါသည်။
Language B (EFL) - Section B : Non-fiction Texts and Transactional Writing skills တွင် ပါဝင်သည့် Letter, Talk, Report & Article များကို Register လုပ်နည်းများနှင့် Grammar, Vocabulary and Format များကို စနစ်တကျ ရေးတက်စေရန် လေ့ကျင့်ပေးပါသည်။

Language B (EFL) - Section C: Discursive writing, Narrative writing & Descriptive writing ရေးသားနည်းတွင် လိုအပ်သည့် Academic Writing, Vocabulary Enrichment တို့ကို တိုးတက်လာစေရန် လေ့ကျင့်ပေးပါသည်။

Language B (EFL) တွင် မရှိမဖြစ် သိထားရမည့် Language devices များကို လေ့လာပြီး Past Papers များနှင့်အတူ ( ၃) နာရီအတွင်း Section 3 ခုကို ရေးသားနိုင်မည့် time management, Note တို့ဖြင့် မိမိ မျော်မှန်းထားသည့် Grading များကို ရရှိအောင် practice လုပ် ရမှာ ဖြစ်ပါတယ်။ (၃) လ တစ်ကြိမ်း Progress Test များနှင့်အတူ Teacher- parent meeting များ ပြုလုပ်ပြီး Feedback section များ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Language 4EB1 ( EFL) : Special Intensive Class

Opening date - အောက်တိုဘာလ ( ၄ ) ရက်နေ့
🗓 Sat and Sun
🕰️(Morning) ( 8:30 to 10 :00 .a.m ) &
🕰️ (Afternoon) ( 4:30 to 6 .p.m
🎯တစ်ပတ် ( ၂- ရက် )
💰သင်တန်းကြေး - ၁ လကို ( 1 သိန်း ၅ သောင်း ကျပ်) ကျသင့်ပါတယ်။

Zoom Class တစ်ခု၌ (ကျောင်းသားဦးရေ( 5 ) ဦးထက် လက်မခံပါသဖြင့် ကြိုတင်စာရင်းများ သွင်းပေးနိုင်ပါတယ်။ )

🎯သင်တန်း ကို - Page Messenger / 09 4510 62409 ကို ဆက်သွယ်၍ မေးမြန် စုံစမ်း နိုင်ပါတယ်။

🎯 သင်တန်းကြေးများကို ( K-pay , Wave ) စသည်တို့ဖြင့် ပေးချေ နိုင်ပါသည်။

ဆရာမင်းမျိုးခန့်
-Cert in TKT ( Cambridge University )
- Cambridge ESOL Level 5* Certificate in Teaching English to Speakers of Other Languages (CELTA) (QCF) &
CELTA - Certificate of English Language Teaching to Adults)
- Dip- TESOL in LTTC
- DELTA (Diploma in Teaching English to Speakers of Other Languages) & DELTA - Diploma of English Language Teaching to Adults
- International Teaching Diplomas Holder ဖြစ်၍ English Teaching Methods များကိုကျွမ်းကျင်ပိုင်နိုင်သောဆရာကိုယ်တိုင်သင်ကြားပေးပါသည်။

03/05/2025

Pearson Edexcel International GCSE in English as a Second Language (4XES2) စီးရီး အသစ်ဖြင့် ဖြေဆိုကြမည့် IGCSE O' level ကျောင်းသား/သူများအတွက် Sat & Sun အတန်းသစ်များကို စတင်သင်ကြားနေပါပြီ..................

၁။ Edexcel ESL: Reading (4WES1/01) ဟာ အမှတ်( ၅၀) မေးမှာ ဖြစ်ပြီး
- Multiple-choice question (MCQ)
- Sentence gap filling
- Questions with Five -words answers
- Sentence completion multiple choice စသည့် reading comprehension နှင့် keywords for analysis တို့ကို့ ဖြေဆိုပုံဖြေဆိုနည်း များကို practice paper များဖြင့် Grading ကောင်းမွန်စွာရရှိအောင် Face to face စနစ်တကျ သင်ကြားလေ့ကျင့်ရပါမည်။

၂။ Edexcel ESL: Listening (4WES2/01) ဟာလည်း အမှတ်( ၅၀) မေးမှာဖြစ်ပြီ
- Sentence completion multiple choice (Listening)
- Multiple-choice question (MCQ) (listening)
- topic - based sentence gap filling (Listening)
- Five -words answers (listening) နှင့် ten words Answers တို့ကို Topic-based conversation, Dialogue , Presentation, podcast တို့
ဖြင့် Listening grading ကောင်းမွန်စွာရရှိအောင် လေ့ကျင့်ရပါမည်။

၃။ Edexcel ESL: Writing (4WES3/01) paper ဟာလည်း အမှတ်( ၅၀) မေးမှာ ဖြစ်ပြီး
- Unseen informal letter and Email writing
- Unseen formal letter and Email writing
- Semi-formal writing : Report, Article, blog
- Formal writing : summary writing တို့ကို Grammar, vocabulary, Ideas တို့ကို စနစ်တကျ တည်ဆောက်ပေးပြီး practice paper များဖြင့် grading ကောင်းမွန်စွာရရှိအောင် လေ့ကျင့် ရပါမည်။

၄။ Edexcel ESL: Speaking ( 4WES4/01) paper ဟာလည်း အမှတ် ( ၅) ဖိုး ဖြေဆိုရမှာ ဖြစ်တဲ့အတွက် ...
- Role play speaking Test ( role play topics in English conversation) များဖြင့် လေ့ကျင့်ပေးပါသည်။
- Picture-based conversation speaking test အတွက်လည်း Picture-based activity တို့ဖြင့် လေ့ကျင့်ပေးပါသည်။
- Topic Talk speaking Test အတွက် script and note taking လုပ်ပုံ လုပ်နည်းများကို စနစ်တကျ သင်လေ့ကျင့်ပေးပါသည်။

- Edexcel ESL: (4XES2) ဟာ စုစုပေါင်းအမှတ် ( ၂၀၀) ဖိုး ဖြေးရသည့် Test တစ်ခု ဖြစ်ပြီး grade boundaries မြင့်သည့် ဘာသာရပ်တစ်ခု ဖြစ်၍ ကျောင်းသာ/သူများအနေဖြင့် Grading ကောင်းကောင်းရစေဖို့ အတွက် Reading, Writing, Speaking and listening skills များကို စနစ်တကျ လေ့လာမှ သာ လုံလောက်ပါမည်ဖြစ်သည်။

၁ ။ Edexcel ESL : (4XES2) Special Intensive Class

Opening date - နိဝင်ဘာလ (၁) ရက်နေ့
🗓 Sat and Sun
🕰️(Morning) ( 10: 00 to 11: 30 am )
🎯တစ်ပတ် ( ၂- ရက် )
💰သင်တန်းကြေး - ၁ လကို ( 1 သိန်း ၅ သောင်း) ကျသင့်ပါတယ်။

(ကျောင်းသားဦးရေ( 10 ) ဦးထက် လက်မခံပါသဖြင့် ကြိုတင်စာရင်းများ သွင်းပေးနိုင်ပါတယ်။ )
🎯သင်တန်း ကို - Page Messenger / 09 4510 62409 ကို ဆက်သွယ်၍ မေးမြန် စုံစမ်း နိုင်ပါတယ်။
🎯 သင်တန်းကြေးများကို ( K-pay , Wave ) စသည်တို့ဖြင့် ပေးချေ နိုင်ပါသည်။
ဆရာမင်းမျိုးခန့်
-Cert in TKT ( Cambridge University )
- Cambridge ESOL Level 5* Certificate in Teaching English to Speakers of Other Languages (CELTA) (QCF) &
CELTA - Certificate of English Language Teaching to Adults)
- Dip- TESOL in LTTC
- DELTA (Diploma in Teaching English to Speakers of Other Languages) & DELTA - Diploma of English Language Teaching to Adults
- International Teaching Diplomas Holder ဖြစ်၍ English Teaching Methods များကိုကျွမ်းကျင်ပိုင်နိုင်သောဆရာကိုယ်တိုင်သင်ကြားပေးပါသည်။

01/10/2024

Which AI tool do you use for your project, business and education development?

12/09/2024

in English Grammar.

Foreign, Commonwealth & Development Office 15/08/2024

Foreign, Commonwealth & Development Office We lead the UK’s diplomatic, development and consular work around the world. FCDO is a ministerial department, supported by 12 agencies and public bodies .

19/04/2024

Robinson Crusoe နှင့် Divid Copperfield စသည့် အင်္ဂလိပ်ဝတ္ထု များကို ဆရာနှင့် Zoom app ကို အသုံးပြု၍ Face to Face သင်ကြားလေ့လာ နိုင်မည့် Special Reading Class အတွက် သင်တန်းသား လက်ခံနေပါပြီ....

- ကမ္ဘာကျော် စာရေးဆရာကြီး Charles Dickens ရေးသားတဲ့ Divid Copperfield နှင့် Daniel Defoe ရေးသားတဲ့ Robinson Crusoe အင်္ဂလိပ်ဝတ္ထု နှစ်အုပ်ကို ဖတ်ပြီး ....

၁။ အင်္ဂလိပ်ဝတ္ထု ထဲမှာ သုံးထားတဲ့ Vocabulary တွေ ၊ Sentence structure တွေ ၊ Narrative writing တွေ, Plot structure တွေ, ဝတ္ထု
Theme and Setting ( ဇတ်ကောင် စရိုက်၊ ခံစားချက်တွေကို ) ရသ မြောက်စွာ နဲ့ ဖတ်ပြီး မိမိ၏ Reading Skills and Writing Skill တွေကို တိုးတက်အောင် လေ့လာကြရမှာ ဖြစ်ပါတယ်။
၂။ အင်္ဂလိပ်ဝတ္ထု တွေကို ဖတ်ချင်သူတွေ၊ အင်္ဂလိပ်ဝတ္ထု တွေကို ဖတ်ဖို့ အစပျိုးချင်သူတွေ၊ စာဖတ်ဝါသနာ ပါသူတွေ နှင့် ဘာသာပြန်ရတာကို သဘောကျ ကြိုက်နှစ်သက်တဲ့ လူတွေ အဓိက တက်သင့်ပါတယ်။

၃။ Pre-reading activity အနေနဲ့ စာဖတ်ပြီး ဇတ်ကောင်၊ ဇတ်လမ်း အချိတ်အဆက် ၊ အင်္ဂလိပ်ဝတ္ထု ရဲ့ ခေတ်ကာလနောက်ခံ၊ လူနေမှုစနစ်၊ dialogue -စကားပြောခန်းတွေကို ဆွေးနွေးကြရမှာ ဖြစ်ပြီး ရသ စာပေ ချစ်မြတ်နိုးသူတွေဆိုရင် တကယ်တက်သင့်တဲ့ အတန်းတစ်ခု ဖြစ်ပါတယ်။
၄။ English Elementary Level and Pre-intermediate Level ရှိတဲ့ လူတိုင်း တက်လို့ ရပါတယ်။

👉 Special Reading Class
Opening date - မေလ ( ၁ ) ရက်နေ့
🗓 ကြာသပတေး - သောကြာ
🕰️(ညနေ) ( 6: 30 to 8:00 pm )
🎯တစ်ပတ် ( ၂- ရက် )
💰သင်တန်းကြေး - ၁ လကို ( ၅ သောင်း ) ကျသင့်ပါတယ်။
🎯သင်တန်းကာလ - (၅ )လ
(ကျောင်းသားဦးရေ(25 ) ဦးထက် လက်မခံပါသဖြင့် ကြိုတင်စာရင်းများ သွင်းပေးနိုင်ပါတယ်။ )
🎯သင်တန်း ကို - Page Messenger / 09 4510 62409 ကို ဆက်သွယ်၍ မေးမြန် စုံစမ်း နိုင်ပါတယ်။

🎯 သင်တန်းကြေးများကို ( K-pay , Wave ) စသည်တို့ဖြင့် ပေးချေ နိုင်ပါသည်။
ဆရာမင်းမျိုးခန့်
-Cert in TKT ( Cambridge University )
- Cambridge ESOL Level 5* Certificate in Teaching English to Speakers of Other Languages (CELTA) (QCF) &
CELTA - Certificate of English Language Teaching to Adults)
- Dip- TESOL in LTTC
- DELTA (Diploma in Teaching English to Speakers of Other Languages) & DELTA - Diploma of English Language Teaching to Adults
- International Teaching Diplomas Holder ဖြစ်၍ English Teaching Methods များကိုကျွမ်းကျင်ပိုင်နိုင်သောဆရာကိုယ်တိုင်သင်ကြားပေးပါသည်။

Want your school to be the top-listed School/college in Kamayut?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

Kamayut