GETC - Hledan

Call

GETC - Hledan Green Earth Training Center

📢 WE ARE HIRING! Japanese Full-Time Teachers 🇯🇵ဂျပန်စာသင်ကြားရေးအတွေ့အကြုံရှိတဲ့ Sensei တို့အတွက် အလုပ်အကိုင်အခွင့်အလမ်း...
27/09/2026

📢 WE ARE HIRING! Japanese Full-Time Teachers 🇯🇵

ဂျပန်စာသင်ကြားရေးအတွေ့အကြုံရှိတဲ့ Sensei တို့အတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းလေးတစ်ခု မျှဝေပေးချင်ပါတယ်ရှင့်။ 🌿

GETC Japanese Language School မှာ Offline Class များ သင်ကြားပေးရန် Japanese Full-Time Teacher (M/F) များ ခေါ်ယူနေပါပြီ။

📌 Job Details

- Position – Japanese Full-Time Teacher
- Work Day – တစ်ပတ် ၆ ရက်
- Off Day – Friday & Public Holidays
- Work Time – 9:00 AM to 5:00 PM
- Salary – ညှိနှိုင်းနိုင်သည်
- Probation Period – ၃ လ

📌 လိုအပ်သောအရည်အချင်းများ
✅ N3 Passed/ N2 Level ရှိသူ။

✅ N5 / N4 / N3 Level များကို သင်ကြားပေးနိုင်သူ။

✅ ဂျပန်စာသင်ကြားရေးအတွေ့အကြုံ အနည်းဆုံး (6) လ ရှိသူ။

✅ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အလုပ်လုပ်နိုင်ပြီး သင်တန်းကာလပြီးဆုံးသည်အထိ တာဝန်ယူသင်ကြားနိုင်သူ။

💰 လစာကို အတွေ့အကြုံနှင့် အရည်အချင်းပေါ်မူတည်၍ ညှိနှိုင်းသတ်မှတ်ပေးသွားမည်ဖြစ်ပါသည်။

📩 လျှောက်ထားရန်

CV Form များကို GETC ရုံးသို့ လူကိုယ်တိုင်လာရောက်ပေးပို့နိုင်သလို Email နှင့် Viber မှတစ်ဆင့်လည်း လျှောက်ထားနိုင်ပါသည်။

📍 Office Address
အမှတ် (၈၇)၊ ၅ လွှာ၊ လှည်းတန်းလမ်းမကြီး၊ (၈) ရပ်ကွက်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
(လှည်းတန်းကျောင်းရှေ့မှတ်တိုင်အနီး)

📧 Email – [email protected]
📱 Viber – 09 898 963 696

အသေးစိတ်သိရှိလိုပါက
📞 09 898 963 696 / 09 981 856 290
သို့ နေ့စဉ် ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့်။

GETC Japanese Language School နဲ့အတူ ဂျပန်စာသင်ကြားရေးခရီးလမ်းကို လျှောက်လှမ်းဖို့ Sensei တို့ကို ဖိတ်ခေါ်ပါတယ်ရှင့်။ 🌸

#ဂျပန်စာဆရာခေါ်ယူခြင်း

🇯🇵 ဂျပန်စာ‌ လေ့လာ‌နေသူတွေအနေနဲ့ N4 ပြီးရင်… ဘာဆက်လုပ်မလဲ? 🤔ဂျပန်သွားဖို့ စိတ်ကူးရှိတယ်။N4 လည်း ရထားပြီ။ဒါပေမယ့် “N4 ပြီး...
26/09/2026

🇯🇵 ဂျပန်စာ‌ လေ့လာ‌နေသူတွေအနေနဲ့ N4 ပြီးရင်… ဘာဆက်လုပ်မလဲ? 🤔

ဂျပန်သွားဖို့ စိတ်ကူးရှိတယ်။
N4 လည်း ရထားပြီ။
ဒါပေမယ့် “N4 ပြီးရင် ဘယ်လမ်းကြောင်းကို ဆက်သွားရမလဲ?” ဆိုတာ မသိသေးဘူးဆိုရင် ဒီ Post လေးကို Save ထားပါနော် 💚

N4 ဆိုတာ Japanese အခြေခံကို တည်ဆောက်ပြီးတဲ့အဆင့်တစ်ခုပါ။
ဒီနောက်မှာတော့ ကိုယ့်ရဲ့ ပညာရေးရည်မှန်းချက်၊ အလုပ်အကိုင်ရည်မှန်းချက်နဲ့ Japanese Level ပေါ်မူတည်ပြီး လမ်းကြောင်းတွေကို ဆက်လက်စဉ်းစားနိုင်ပါတယ်။

🎓 ① Language School Route
ဂျပန်မှာ Japanese ကို ဆက်လေ့လာပြီး
နောက်ပိုင်း College / University စတဲ့ ပညာရေးလမ်းကြောင်းတွေကို ဆက်သွားနိုင်ပါတယ်။

💼 ② Work / Employment Route
ကိုယ့်ရဲ့ Japanese Level နဲ့ သက်ဆိုင်ရာ Qualification တွေကို ဆက်လက်ပြင်ဆင်ပြီး အလုပ်အကိုင်လမ်းကြောင်းကို ရည်မှန်းနိုင်ပါတယ်။

👩‍⚕️ ③ Kaigo Route
Kaigo ပိုင်းကို စိတ်ဝင်စားသူတွေအနေနဲ့ Japanese + Kaigo Qualification ကို တစ်ဆင့်ချင်း ပြင်ဆင်ပြီး သက်ဆိုင်ရာလမ်းကြောင်းတွေကို လေ့လာနိုင်ပါတယ်။

🎓 ④ University / College Route
အနာဂတ်မှာ University / College တက်ဖို့ ရည်ရွယ်ထားသူတွေအနေနဲ့ Japanese Level ကို ဆက်မြှင့်ပြီး ကိုယ့်ရည်မှန်းချက်နဲ့ကိုက်ညီတဲ့ ပညာရေးလမ်းကြောင်းကို ပြင်ဆင်နိုင်ပါတယ်။

✨ အရေးကြီးတာက…
N4 ရပြီဆိုတာနဲ့ “ဒီအဆင့်မှာ ရပ်လိုက်ရမယ်” မဟုတ်ပါဘူး။

N4 → N3 → N2
ဆိုပြီး Japanese Level ကို တစ်ဆင့်ချင်း မြှင့်တင်ရင်း
ကိုယ့်ရဲ့ ပညာရေးနဲ့ အလုပ်အကိုင်ရည်မှန်းချက် နဲ့ကိုက်ညီတဲ့ လမ်းကြောင်းကို ကြိုတင်ပြင်ဆင်ထားတာက ပိုအရေးကြီးပါတယ်။ 🇯🇵

💚 GETC မှာလည်း Japanese Language Study ကနေစပြီး
Language School / University / Work Pathway တွေအတွက်
လိုအပ်တဲ့အဆင့်တွေကို တစ်ဆင့်ချင်း လမ်းညွှန်ပေးနေပါတယ်။

📩 “ကိုယ့်အတွက် ဘယ် Route က သင့်တော်မလဲ?”
အသေးစိတ်သိချင်ရင် GETC Page Messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်။

#ဂျပန်စာ #ဂျပန်ပညာရေး

🇯🇵 ဂျပန်လူမျိုးတွေ နေ့စဉ်စကားပြောမှာ အသုံးများတဲ့ ဂျပန်မီးနင်းများ (慣用句)ဂျပန်စာလေ့လာတဲ့အခါ စကားလုံးတစ်လုံးချင်းစီရဲ့ အဓိ...
26/09/2026

🇯🇵 ဂျပန်လူမျိုးတွေ နေ့စဉ်စကားပြောမှာ အသုံးများတဲ့ ဂျပန်မီးနင်းများ (慣用句)

ဂျပန်စာလေ့လာတဲ့အခါ စကားလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်ကို သိရုံတင်မကဘဲ မီးနင်း (慣用句) တွေကိုပါ သိထားရင် ဂျပန်လူမျိုးတွေရဲ့ နေ့စဉ်စကားပြောတွေကို ပိုပြီးနားလည်လာနိုင်ပါတယ်။ ✨

ဒီနေ့မှာတော့ အသုံးများတဲ့ ဂျပန်မီးနင်းလေး (၅) ခုကို လေ့လာကြည့်ရအောင်နော်။

━━━━━━━━━━━━━━

① 頭がいい(あたまがいい)
👉 ဉာဏ်ကောင်းသည်၊ တော်သည်။

📌 彼は頭がいいです。
(かれは あたまが いいです。)
သူက ဉာဏ်ကောင်းတယ်။

② 気が長い(きがながい)
👉 စိတ်ရှည်သည်။

📌 先生は気が長い人です。
(せんせいは きが ながい ひとです。)
ဆရာက စိတ်ရှည်တဲ့သူပါ။

③ 顔が広い(かおがひろい)
👉 အသိမိတ်ဆွေများသည်၊ လူသိများသည်။

📌 田中さんは顔が広いです。
(たなかさんは かおが ひろいです。)
တနာကာစံက အသိမိတ်ဆွေ အများကြီးရှိတယ်။

④ 手が早い(てがはやい)
👉 အလုပ်လုပ်တာ မြန်သည်၊ လက်မြန်သည်။
※ အခြေအနေအလိုက် အဓိပ္ပာယ်ကွဲနိုင်ပါတယ်။

📌 彼は仕事の手が早いです。
(かれは しごとの てが はやいです。)
သူက အလုပ်လုပ်တာ မြန်တယ်။

⑤ 口が堅い(くちがかたい)
👉 လျှို့ဝှက်ချက်ကို ထိန်းသိမ်းတတ်သည်၊ အတင်းအဖျင်း မပြောတတ်ပါ။

📌 彼女は口が堅いです。
(かのじょは くちが かたいです。)
သူမက လျှို့ဝှက်ချက်ကို ထိန်းသိမ်းတတ်တယ်။

━━━━━━━━━━━━━━

💡 သတိပြုရန်

ဂျပန်မီးနင်းတွေမှာ စကားလုံးတစ်လုံးချင်းစီရဲ့ တိုက်ရိုက်အဓိပ္ပာယ်နဲ့ မီးနင်းတစ်ခုလုံးရဲ့ အဓိပ္ပာယ် မတူနိုင်ပါဘူး။ ဒါကြောင့် ဥပမာစာကြောင်းတွေနဲ့တွဲပြီး မှတ်သားထားဖို့ အကြံပြုပါတယ်ရှင်။

📚 ဂျပန်စာကို အခြေခံကနေစပြီး နားလည်တတ်ကျွမ်းလာစေဖို့ GETC Japanese Language School နဲ့အတူ လေ့လာလိုက်ကြရအောင်နော်။



#ဂျပန်စာလေ့လာကြမယ်

#慣用句

🇯🇵🧳 2026 မှာ ဂျပန်သွားမယ့်သူတွေ မထွက်ခင် စစ်ဆေးထားသင့်တဲ့ Checklist ✈️ဂျပန်ကို ကျောင်းတက်ဖို့၊ အလုပ်လုပ်ဖို့ သွားမယ့်သူတ...
25/09/2026

🇯🇵🧳 2026 မှာ ဂျပန်သွားမယ့်သူတွေ မထွက်ခင် စစ်ဆေးထားသင့်တဲ့ Checklist ✈️

ဂျပန်ကို ကျောင်းတက်ဖို့၊ အလုပ်လုပ်ဖို့ သွားမယ့်သူတွေအတွက်
အိတ်ထဲဘာထည့်ရမလဲဆိုတာထက် မသွားခင် ဘာတွေပြင်ဆင်ထားရမလဲက ပိုအရေးကြီးပါတယ်။

ဒီ Checklist လေးကို Save ထားပြီး မထွက်ခင် တစ်ချက်ချင်းစစ်ကြည့်ပါနော် 💚

📂 ① အရေးကြီး Documents

☑ Passport
☑ Visa နှင့် သက်ဆိုင်ရာ Documents
☑ COE / School Documents / Certificate များ
☑ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို Original + Soft Copy သိမ်းထားရန်
☑ Japan ရောက်ပြီး အသုံးပြုရမယ့် အရေးကြီး Contact Information များ

📱 ② Visit Japan Web

ဂျပန်နိုင်ငံဝင်ရောက်ရာမှာ Immigration နဲ့ Customs Declaration အတွက် Visit Japan Web ကို ကြိုတင်အသုံးပြုနိုင်ပါတယ်။

👉 မထွက်ခင် ကိုယ့်ရဲ့ အချက်အလက်တွေကို ကြိုတင်ဖြည့်သွင်းပြီး လိုအပ်တဲ့ QR Code စတာတွေကို အဆင်သင့်ပြင်ထားပါ။

📌 Visit Japan Web က Japan Digital Agency ရဲ့ Official Service ဖြစ်ပါတယ်။

🔋 ③ Power Bank — 2026 Update ⚠️

2026 April 24 ကစပြီး လေယာဉ်ပေါ် Power Bank ယူဆောင်ရာမှာ စည်းမျဉ်းအသစ်တွေ ရှိပါတယ်။

☑ Checked Baggage ထဲ မထည့်ရပါ
☑ Cabin ထဲမှာ ကိုယ်နဲ့အတူ ယူဆောင်ရပါမယ်
☑ 160Wh ထက်ကျော်တဲ့ Power Bank မယူဆောင်ရပါ
☑ Power Bank ကို Short Circuit မဖြစ်အောင် သေချာကာကွယ်ထားပါ
☑ Power Bank ကို Overhead Compartment ထဲ မထားဘဲ ကိုယ့်အနီးမှာ ထားပါ
☑ လေယာဉ်ပေါ်မှာ Power Bank ကို Charge လုပ်ခြင်း၊ Power Bank နဲ့ အခြား Device ကို Charge လုပ်ခြင်း မပြုရပါ
☑ 2026 Apr 24 မှစပြီး Passenger တစ်ဦးလျှင် Power Bank အများဆုံး 2 ခု စည်းမျဉ်းရှိပါတယ်။

⚠️ Airline တစ်ခုချင်းစီရဲ့ စည်းမျဉ်းက ပိုမိုတင်းကျပ်နိုင်တာကြောင့် ကိုယ်စီးမယ့် Airline ရဲ့ Rule ကိုလည်း ကြိုတင်စစ်ဆေးပါ။

💊 ④ ဆေးဝါး & ကိုယ်ပိုင်အသုံးအဆောင်

☑ ပုံမှန်အသုံးပြုတဲ့ ဆေးဝါးရှိရင် ကြိုတင်စစ်ဆေးပါ
☑ ဆေးဝါးတွေကို Japan ရဲ့ သယ်ဆောင်ခွင့်/ကန့်သတ်ချက်နဲ့ ကိုက်ညီမှု စစ်ဆေးပါ
☑ Personal Hygiene ပစ္စည်းများ
☑ လိုအပ်တဲ့ Basic Personal Items များ

📌 ဆေးဝါးအားလုံးကို အလိုအလျောက် ယူသွားလို့ရတယ်လို့ မယူဆပါနဲ့။ Japan Customs မှာ ဆေးဝါးနဲ့ Cosmetic တွေအတွက် ကိုယ်ပိုင်အသုံးပြုမှုဆိုင်ရာ ကန့်သတ်ချက်တွေရှိပါတယ်။

🚫 ⑤ အစားအစာတွေကိုလည်း သတိထားပါ

အထူးသဖြင့် အသားထုတ်ကုန်၊ အသီးအရွက်၊ သစ်သီး၊ ဆန်၊ အပင်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းအချို့ က Quarantine / Customs စည်းမျဉ်းတွေနဲ့ သက်ဆိုင်နိုင်ပါတယ်။

👉 “အိမ်ကနေ အစားအစာလေးတွေ ထည့်သွားမယ်” ဆိုရင် မထွက်ခင် သယ်ဆောင်ခွင့်ကို သေချာစစ်ဆေးပါ။

👕 ⑥ နေ့စဉ်အသုံးအဆောင်

☑ ရာသီဥတုနဲ့ ကိုက်ညီတဲ့ အဝတ်အစား
☑ ဖိနပ် / ခြေအိတ်
☑ Umbrella
☑ Backpack
☑ Stationery
☑ Phone / Charger / Earphones

📌 အရေးကြီးဆုံးက — “ဘာထည့်ရမလဲ” တင်မဟုတ်ပါဘူး။
“ဘာတွေကို ယူဆောင်ခွင့်ရှိလဲ” ကိုပါ ကြိုတင်စစ်ဆေးထားဖို့ပါ။ 🇯🇵

💚 Japan ကို ပထမဆုံးသွားမယ့်သူတွေအတွက်
မသွားခင်ကတည်းက သိထားသင့်တဲ့ Information တွေကို GETC Page မှာ မျှဝေပေးနေတာဖြစ်ပါတယ်ရှင်။

📌 Japan သွားမယ့်သူငယ်ချင်းရှိရင် ဒီ Post လေးကို Share ပေးထားလိုက်ပါနော်။

#ဂျပန်သွားမယ့်သူများ

📚📚မိမိပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်း‌တွေကို ဂျပန်လို ခေါ်ကြည့်ရအောင်👏ဂျပန်စာကို အခုမှစတင်လေ့လာနေသူတွေအတွက် ရည်ရွယ်ပြီး ဒီန...
25/09/2026

📚📚မိမိပတ်ဝန်းကျင်မှာရှိတဲ့ ပစ္စည်း‌တွေကို ဂျပန်လို ခေါ်ကြည့်ရအောင်👏

ဂျပန်စာကို အခုမှစတင်လေ့လာနေသူတွေအတွက် ရည်ရွယ်ပြီး ဒီနေ့တော့ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်၊ အခန်းတွင်းနဲ့ အိမ်အနီးအနားမှာ နေ့စဉ်မြင်တွေ့နေရတဲ့ အသုံးဝင် Kotoba လေးတွေကို စုစည်းပေးလိုက်ပါတယ် ✨
ပတ်ဝန်းကျင်က ပစ္စည်းလေးတွေကို ကြည့်ပြီး ဒီနာမည်တွေနဲ့ လိုက်ခေါ်ကြည့်ရအောင်နော် 👇

ဒီလိုနေ့စဉ်အသုံးလေးတွေကိုသိရအောင်လို့လည်း Pageကို Followလေးလုပ်ထား‌ပေးကြနော်🩵

GETC မှာလည်း Class အသစ်တွေ ဖွင့်လှစ်ထားတဲ့အတွက် ဂျပန်စာသင်တန်း Basic+N5, N4, N3 တက်ရောက်ချင်သူတွေအနေနဲ့လည်း Page Messenger က ဖြစ်စေ၊ အောက်ပါလိပ်စာကဖြစ်စေ ဆက်သွယ်စုံစမ်းလို့ရပါတယ်ရှင်..🩵

🚨🇯🇵 ဂျပန်မှာ အရေးပေါ်အခြေအနေဖြစ်ရင် ဘယ်နံပါတ်ကို ခေါ်ရမလဲ?ဂျပန်ကို ကျောင်းသွားမယ့်သူ၊ အလုပ်သွားမယ့်သူတွေအနေနဲ့ အရေးပေါ်အ...
24/09/2026

🚨🇯🇵 ဂျပန်မှာ အရေးပေါ်အခြေအနေဖြစ်ရင် ဘယ်နံပါတ်ကို ခေါ်ရမလဲ?

ဂျပန်ကို ကျောင်းသွားမယ့်သူ၊ အလုပ်သွားမယ့်သူတွေအနေနဲ့ အရေးပေါ်အခြေအနေမှာ ခေါ်ရမယ့် ဖုန်းနံပါတ်တွေကို ကြိုသိထားတာ အရေးကြီးပါတယ်။ 📞

🔴 110 → ရဲတပ်ဖွဲ့(警察)
ရာဇဝတ်မှု၊ အန္တရာယ်ရှိတဲ့အခြေအနေ၊ ယာဉ်မတော်တဆမှု စတဲ့ ချက်ချင်းရဲအကူအညီလိုတဲ့ အရေးပေါ်အခြေအနေများအတွက် ခေါ်ဆိုနိုင်ပါတယ်။

🚑 119 → လူနာတင်ယာဉ် / မီးသတ်(救急車・消防)
ပြင်းထန်တဲ့ ကျန်းမာရေးအရေးပေါ်အခြေအနေမှာ လူနာတင်ယာဉ်ခေါ်ရန်၊ မီးလောင်မှုဖြစ်တဲ့အခါ မီးသတ်အကူအညီတောင်းရန် အသုံးပြုပါတယ်။

🟡 #9110 → ရဲတပ်ဖွဲ့ထံ အရေးပေါ်မဟုတ်သော တိုင်ပင်ဆွေးနွေးရန်
ချက်ချင်းရဲအကူအညီလိုတဲ့ အရေးပေါ်အခြေအနေမဟုတ်ဘဲ ရဲတပ်ဖွဲ့နဲ့ တိုင်ပင်မေးမြန်းလိုတဲ့ကိစ္စတွေအတွက် အသုံးပြုနိုင်ပါတယ်။

📌 အလွယ်မှတ်ထားမယ်ဆိုရင်

👉 110 = 👮 ရဲ
👉 119 = 🚑 လူနာတင်ယာဉ် / 🚒 မီးသတ်
👉 #9110 = 💬 ရဲတပ်ဖွဲ့ထံ တိုင်ပင်ဆွေးနွေးရန်

🗣️ အရေးပေါ်အချိန်မှာ အသုံးဝင်မယ့် Japanese စကားလေးတစ်ခွန်း—

助けてください。
(たすけてください)
👉 ကူညီပေးပါ။

🇯🇵 ဂျပန်မှာ နေထိုင်မယ့်သူတိုင်းအနေနဲ့ ဒီနံပါတ် ၃ ခုကို ဖုန်းထဲမှာ သိမ်းထားသင့်ပါတယ်။ 📱✨

ဂျပန်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို သိရှိနိုင်ဖို့ အခုပဲ Page ကို Follow လေးလုပ်ထားပေးနော်...🩵
#ဂျပန်အကြောင်းသိကောင်းစရာ

🇯🇵🌸 ဂျပန်မှာ「ありがとう」နဲ့「すみません」ကို ဘယ်အချိန်သုံးလဲ?Japanese Beginner တွေအနေနဲ့ ဂျပန်ရောက်တဲ့အခါ မကြာခဏကြားရမယ့် စကား ၂ ခွန...
24/09/2026

🇯🇵🌸 ဂျပန်မှာ「ありがとう」နဲ့「すみません」ကို ဘယ်အချိန်သုံးလဲ?

Japanese Beginner တွေအနေနဲ့ ဂျပန်ရောက်တဲ့အခါ မကြာခဏကြားရမယ့် စကား ၂ ခွန်းကတော့—

💚 ありがとう
💚 すみません

နှစ်ခုလုံးကို နေ့စဉ်ဘဝမှာ အရမ်းအသုံးများပေမယ့် အသုံးပြုတဲ့အခြေအနေက မတူပါဘူး။

① ありがとう — ကျေးဇူးတင်ပါတယ်

တစ်ယောက်ယောက်က ကိုယ့်ကို ကူညီပေးတဲ့အခါ၊ တစ်စုံတစ်ခု ပေးတဲ့အခါ၊ ကိုယ့်အတွက် တစ်ခုခုလုပ်ပေးတဲ့အခါ ကျေးဇူးတင်ကြောင်း ပြောဖို့ သုံးပါတယ်။

👉 ありがとう。
ကျေးဇူးတင်ပါတယ်။

👉 ありがとうございます。
ကျေးဇူးတင်ပါတယ်။
📌 ပိုယဉ်ကျေးပြီး လူကြီး၊ ဆရာ/ဆရာမ၊ ဝန်ထမ်း စတဲ့သူတွေနဲ့ ပြောတဲ့အခါ အသုံးများပါတယ်။

ဥပမာ —
သူငယ်ချင်းက စာအုပ်ကူသယ်ပေးတယ် 📚
➡️「ありがとう!」

ဆိုင်ဝန်ထမ်းက ကိုယ့်ကို ကူညီပေးတယ်
➡️「ありがとうございます。」

---

② すみません — တောင်းပန်ပါတယ် / တစ်ဆိတ်လောက် / အားနာပါတယ်

「すみません」ကို တောင်းပန်တဲ့အခါတင်မကဘဲ တစ်ယောက်ယောက်ရဲ့ အာရုံစိုက်မှုကို ရယူချင်တဲ့အခါ၊ အားနာတဲ့အခါတွေမှာလည်း အသုံးပြုပါတယ်။

👉 すみません。
တောင်းပန်ပါတယ်။ / တစ်ဆိတ်လောက်။ / အားနာပါတယ်။

ဥပမာ —

🚉 ဘူတာမှာ လမ်းမေးချင်တယ်
➡️「すみません、駅はどこですか。」

လူတစ်ယောက်ကို တိုက်မိသွားတယ်
➡️「すみません。」

တစ်ယောက်ယောက်က ကိုယ့်အတွက် အခက်အခဲခံပြီး ကူညီပေးတယ်
➡️「すみません。」
အားနာပါတယ် / ကျေးဇူးတင်ပါတယ်ဆိုတဲ့သဘောနဲ့ ပြောနိုင်ပါတယ်။

---

🌱 ဒါဆို ဘာကွာလဲ?

💚 ありがとう
➡️ “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ Gratitude ကို အဓိကဖော်ပြတာ

💚 すみません
➡️ “တောင်းပန်ပါတယ် / အားနာပါတယ် / တစ်ဆိတ်လောက်” ဆိုတဲ့ အခြေအနေတွေမှာ သုံးတာ

📌 တစ်ခါတလေ ဂျပန်မှာ တစ်ယောက်ယောက်က ကိုယ့်အတွက် အခက်အခဲခံပြီး ကူညီပေးတဲ့အခါ 「すみません」 လို့ ပြောပြီး အားနာမှုနဲ့ ကျေးဇူးတင်မှုကို တစ်ပြိုင်နက် ဖော်ပြတာမျိုးလည်း တွေ့ရပါတယ်။

🇯🇵 Beginner တွေအနေနဲ့ ဒီနှစ်ခွန်းကို အခြေအနေကြည့်ပြီး မှန်မှန်ကန်ကန် အသုံးပြုတတ်ထားရင် ဂျပန်မှာ နေ့စဉ်ဆက်သွယ်ပြောဆိုရာမှာ အများကြီးအဆင်ပြေပါလိမ့်မယ်။

💡 မှတ်ထားပါ —
「ありがとう」= ကျေးဇူးတင်တာကို အဓိကပြောတာ
「すみません」= တောင်းပန်တာ / အားနာတာ / အာရုံစိုက်စေချင်တာ

📩ကဲ ဂျပန်စာနဲ့ပတ်သက်ပြီး အခုလို အခြေခံကစပြီး သင်ယူချင်တယ်ဆိုရင်တော့ GETC ကို အခုပဲ ဆယ်သွယ်လိုက်နော်
📞 09-898 963 696
📞 09-981 856 290
🏫 GETC (Green Earth Training Centre)
အမှတ် (87)၊ ၅ လွှာ၊ လှည်းတန်းလမ်းမကြီး၊ ၈ ရပ်ကွက်၊ ကမာရွတ်မြို့နယ်။
#ဂျပန်စာ #ဂျပန်ယဉ်ကျေးမှု

🇯🇵📚 ဂျပန်မှာ ကျောင်းသားတွေ မကြာခဏသုံးရတဲ့ ဂျပန်စကား ၁၀ ခွန်းဂျပန်နိုင်ငံမှာ ကျောင်းတက်မယ့်သူတွေအနေနဲ့ စာသင်ခန်းထဲမှာသာမက...
23/09/2026

🇯🇵📚 ဂျပန်မှာ ကျောင်းသားတွေ မကြာခဏသုံးရတဲ့ ဂျပန်စကား ၁၀ ခွန်း

ဂျပန်နိုင်ငံမှာ ကျောင်းတက်မယ့်သူတွေအနေနဲ့ စာသင်ခန်းထဲမှာသာမက 🏫
ဆိုင်၊ ဘူတာ၊ အလုပ်ခွင်နဲ့ နေ့စဉ်ဘဝမှာပါ မကြာခဏအသုံးပြုရမယ့် ဂျပန်စကားလေးတွေ ရှိပါတယ်။

ဒီစကား ၁၀ ခွန်းကို သိထားရင် ဂျပန်ရောက်တဲ့အခါ ဆက်သွယ်ပြောဆိုရတာ ပိုအဆင်ပြေပါလိမ့်မယ်။✨

① すみません

အဓိပ္ပာယ် — တောင်းပန်ပါတယ် / ခွင့်ပြုပါ / တစ်ဆိတ်လောက်

📌 တစ်ယောက်ယောက်ရဲ့ အာရုံစိုက်မှုကို ရယူချင်တဲ့အခါ၊ မေးခွန်းမေးချင်တဲ့အခါ ဒါမှမဟုတ် တောင်းပန်တဲ့အခါ သုံးနိုင်ပါတယ်။

👉 すみません。駅はどこですか。
တစ်ဆိတ်လောက်၊ ဘူတာက ဘယ်မှာလဲ။

---

② お願いします

အဓိပ္ပာယ် — ကျေးဇူးပြုပြီး... / လုပ်ပေးပါ / အပ်နှံပါတယ်

📌 တစ်စုံတစ်ခုကို တောင်းဆိုတဲ့အခါ ယဉ်ကျေးစွာ သုံးပါတယ်။

👉 これ、お願いします。
ဒါလေး ပေးပါ။
ဒါလေးကို လုပ်ပေးပါ။

---

③ 大丈夫です(だいじょうぶです)

အဓိပ္ပာယ် — အဆင်ပြေပါတယ် / ရပါတယ် / မလိုပါဘူး

📌 အခြေအနေအလိုက် အဓိပ္ပာယ်ကွာနိုင်ပါတယ်။

👉 大丈夫です。
ရပါတယ် / အဆင်ပြေပါတယ်။

👉 お手伝いしましょうか。
👉 大丈夫です。
ကူညီပေးရမလား။
ရပါတယ်။

---

④ わかりません

အဓိပ္ပာယ် — မသိပါဘူး / နားမလည်ပါဘူး

📌 မေးခွန်းတစ်ခုရဲ့ အဖြေကို မသိတဲ့အခါ သုံးနိုင်ပါတယ်။

👉 すみません、わかりません。
တောင်းပန်ပါတယ်၊ မသိပါဘူး။

📌 တစ်ဖက်လူပြောတာကို နားမလည်တဲ့အခါ わかりません လို့ ပြောနိုင်သလို よくわかりません လို့လည်း ပြောနိုင်ပါတယ်။

---

⑤ もう一度お願いします(もういちど おねがいします)

အဓိပ္ပာယ် — နောက်တစ်ကြိမ် ထပ်ပြောပေးပါ

📌 တစ်ဖက်လူပြောတာကို မကြားလိုက်တဲ့အခါ ဒါမှမဟုတ် မရှင်းလင်းတဲ့အခါ အရမ်းအသုံးဝင်ပါတယ်။

👉 すみません。もう一度お願いします。
တောင်းပန်ပါတယ်။ နောက်တစ်ကြိမ် ထပ်ပြောပေးပါ။

---

⑥ ゆっくりお願いします

အဓိပ္ပာယ် — ဖြည်းဖြည်းပြောပေးပါ

📌 ဂျပန်စကားကို လေ့လာနေဆဲဖြစ်ပြီး တစ်ဖက်လူက မြန်မြန်ပြောတဲ့အခါ အသုံးဝင်ပါတယ်။

👉 すみません、もう少しゆっくりお願いします。
တောင်းပန်ပါတယ်၊ နည်းနည်းလောက် ဖြည်းဖြည်းပြောပေးပါ။

---

⑦ ありがとうございます

အဓိပ္ပာယ် — ကျေးဇူးတင်ပါတယ်

📌 တစ်ယောက်ယောက်က ကူညီပေးတဲ့အခါ၊ တစ်စုံတစ်ခု ပေးတဲ့အခါ စတဲ့ အခြေအနေများစွာမှာ အသုံးပြုနိုင်ပါတယ်။

👉 ありがとうございます。
ကျေးဇူးတင်ပါတယ်။

---

⑧ 失礼します(しつれいします)

အဓိပ္ပာယ် — ခွင့်ပြုပါ / အားနာပါတယ်

📌 ဆရာ့အခန်း ဒါမှမဟုတ် ရုံးခန်းထဲ ဝင်တဲ့အခါ၊ ထွက်တဲ့အခါမျိုးမှာ ယဉ်ကျေးစွာ အသုံးပြုနိုင်ပါတယ်။

👉 失礼します。
ခွင့်ပြုပါ။

---

⑨ ちょっと待ってください

အဓိပ္ပာယ် — ခဏစောင့်ပေးပါ

📌 တစ်ဖက်လူကို ခဏစောင့်စေချင်တဲ့အခါ သုံးပါတယ်။

👉 すみません、ちょっと待ってください。
တောင်းပန်ပါတယ်၊ ခဏလောက် စောင့်ပေးပါ။

---

⑩ わかりました

အဓိပ္ပာယ် — နားလည်ပါပြီ / သိပါပြီ / အိုကေပါပြီ

📌 တစ်ဖက်လူပြောတာကို နားလည်ပြီး လက်ခံတဲ့အခါ သုံးပါတယ်။

👉 はい、わかりました。
ဟုတ်ကဲ့၊ နားလည်ပါပြီ။

---

🌱 ဒီစကား ၁၀ ခွန်းက ဂျပန်စာ Beginner တွေအတွက် အရမ်းအသုံးဝင်တဲ့ နေ့စဉ်သုံးစကားတွေပါ။

ဂျပန်ရောက်မှ သင်ယူတာထက်
🇯🇵 မသွားခင်ကတည်းက နားလည်ပြီး အသုံးချတတ်အောင် လေ့ကျင့်ထားမယ်ဆိုရင် နေ့စဉ်ဘဝမှာ ပိုမိုအဆင်ပြေစွာ ဆက်သွယ်ပြောဆိုနိုင်မှာပါ။ 💚

📌 ဂျပန်စကားလုံးတွေကို စာအုပ်ထဲမှာပဲ သိထားတာထက် လက်တွေ့အခြေအနေတွေမှာ ဘယ်လိုအသုံးပြုရမလဲဆိုတာ သိထားဖို့လည်း အရေးကြီးပါတယ်။

#ဂျပန်စာ #ဂျပန်မှာကျောင်းတက်မယ်

🇯🇵 2027 April Intake အမှီ ဂျပန်နိုင်ငံသို့ အမြန်ဆုံးသွားရောက်ချင်ပေမယ့် Language School ကာလရှည် မတက်ချင်တဲ့ ကျောင်းသား/သ...
23/09/2026

🇯🇵 2027 April Intake အမှီ ဂျပန်နိုင်ငံသို့ အမြန်ဆုံးသွားရောက်ချင်ပေမယ့် Language School ကာလရှည် မတက်ချင်တဲ့ ကျောင်းသား/သူများအတွက် အခွင့်အရေးကောင်း... 🌸🌸🌸🌸🌸

✅N4 Passed (သို့မဟုတ်) N3 Level ရှိသူများ လျှောက်ထားနိုင်မယ့် အခွင့်အရေးကို GETC မှ ထပ်မံစီစဉ်ပေးလိုက်ပါပြီ 👏👏

👉 ဘယ်သူတွေအတွက်လဲ?
🇯🇵 Language School (၁) နှစ် တက်ရောက်ပြီးတာနဲ့ College (သို့မဟုတ်) University တွေ ဆက်လက်တက်ရောက်လိုသူများအတွက်သာ သီးသန့်ဖြစ်ပါတယ်။

✅ Tokyo ရှိ Class-1 ကျောင်းကောင်းတစ်ကျောင်းအတွက် (၅) ဦး ထပ်တိုးလက်ခံပေးမှာ ဖြစ်လို့ အမြန်ဆုံးစာရင်းပေးသွင်းနိုင်ပါပြီ။

⭐️ အားသာချက်များ
📌 COE (Certificate of Eligibility) ထွက်နှုန်း နှစ်စဉ် 100% (💯💯💯) အပြည့်ရှိခြင်း။
📌 နာမည်ကြီး ကောလိပ် / တက္ကသိုလ်ကျောင်းကောင်းများနဲ့ တိုက်ရိုက်ချိတ်ဆက်ပေးခြင်း

⬇️⬇️⬇️
‼️30.09.2026 ရက်နေ့ နောက်ဆုံးထားပြီး ဖောင်လက်ခံပေးသွားမှာဖြစ်လို့ အမြန်ဆုံး ဆက်သွယ်စုံစမ်းလိုက်ပါနော်။ 🏃💨
ဆက်သွယ်ရန် ✅
📞 09-898 963 696
📞 09-981 856 290
🏩 GETC – Green Earth Training Centre
အမှတ် 87/၅-လွှာ၊ လှည်းတန်းလမ်းမကြီး၊ ၈-ရပ်ကွက်၊ ကမာရွတ်မြို့နယ်
(ကိန္နရီ Fancy ဆိုင်ဘေး၊ UAB Bank ဘေးကပ်ရပ်)

%

🇯🇵🌸 ဂျပန်မှာ တွေ့ရများတဲ့ နေ့စဉ်ယဉ်ကျေးမှု ၅ ခု ဂျပန်နိုင်ငံကို ပညာသင်ဖို့၊ အလုပ်လုပ်ဖို့ သွားမယ့်သူတွေအနေနဲ့ ဂျပန်စာတင်...
22/09/2026

🇯🇵🌸 ဂျပန်မှာ တွေ့ရများတဲ့ နေ့စဉ်ယဉ်ကျေးမှု ၅ ခု

ဂျပန်နိုင်ငံကို ပညာသင်ဖို့၊ အလုပ်လုပ်ဖို့ သွားမယ့်သူတွေအနေနဲ့ ဂျပန်စာတင်မကဘဲ နေ့စဉ်ဘဝမှာ တွေ့ရမယ့် ယဉ်ကျေးမှုအလေ့အထလေးတွေကိုလည်း သိထားသင့်ပါတယ်။ 💚

① ဦးညွှတ်နှုတ်ဆက်ခြင်း 🙇🏻‍♀️

ဂျပန်မှာ နှုတ်ဆက်ခြင်း၊ ကျေးဇူးတင်ခြင်း၊ တောင်းပန်ခြင်းနဲ့ လေးစားမှုကို ဖော်ပြတဲ့အခါ ဦးညွှတ်ခြင်းကို တွေ့ရများပါတယ်။

ဒီလိုစကားလုံးတွေနဲ့အတူ အခြေအနေအလိုက် ဦးညွှတ်နှုတ်ဆက်တာကို တွေ့ရနိုင်ပါတယ်။

② အချိန်တိကျမှု ⏰

ဂျပန်မှာ အချိန်ကို တန်ဖိုးထားပြီး ချိန်းဆိုထားတဲ့အချိန်၊ အလုပ်ချိန်၊ ကျောင်းချိန်တွေကို လိုက်နာဖို့ အရေးကြီးပါတယ်။

③ တန်းစီခြင်း 🚶🏻‍♀️🚶🏻‍♂️

ရထားဘူတာ၊ ဘတ်စ်ကားမှတ်တိုင်၊ ဆိုင်နဲ့ အများပြည်သူသုံးနေရာတွေမှာ ကိုယ့်အလှည့်ကို စောင့်ပြီး စနစ်တကျ တန်းစီတာကို တွေ့ရများပါတယ်။

④ အိမ်ထဲဝင်တဲ့အခါ ဖိနပ်ချွတ်ခြင်း 👟

ဂျပန်အိမ်တွေမှာ အပြင်ဖိနပ်နဲ့ အတွင်းခန်းထဲဝင်တာကို ရှောင်ပြီး 玄関(げんかん)မှာ ဖိနပ်ချွတ်တာက ပုံမှန်အလေ့အထတစ်ခု ဖြစ်ပါတယ်။

⑤ အများပြည်သူနေရာမှာ အသံကျယ်ကျယ် မပြောခြင်း 🚃

ရထားနဲ့ အများပြည်သူသုံးနေရာတွေမှာ အခြားသူတွေကို မနှောင့်ယှက်စေဖို့ အသံအကျယ်အကျယ်ပြောတာကို ရှောင်ကြဉ်တာကို တွေ့ရများပါတယ်။

📌 အထူးသဖြင့် ရထားပေါ်မှာ ဖုန်းပြောတာထက် Message ပို့တာကို ရွေးချယ်ကြတာကိုလည်း တွေ့ရနိုင်ပါတယ်။

🌱 ဂျပန်ကို သွားမယ့်သူတွေအတွက် ဂျပန်စာတတ်ဖို့အပြင် ဂျပန်နိုင်ငံရဲ့ နေ့စဉ်ယဉ်ကျေးမှုနဲ့ လူမှုဘဝအလေ့အထတွေကို နားလည်ထားခြင်းကလည်း အရေးကြီးပါတယ်။

🇯🇵 “Language + Culture” ကို တစ်ပြိုင်နက်တည်း လေ့လာပြီး ဂျပန်နိုင်ငံမှာ နေထိုင်မယ့်အချိန်အတွက် ကြိုတင်ပြင်ဆင်‌ လေ့လာထားနိုင်ဖို့ GETC ကို ဆက်သွယ်လိုက်နော်.. 💚

ဆက်သွယ်ရန်လိပ်စာ
📞 09-898 963 696
📞 09-981 856 290
🏩 GETC – Green Earth Training Centre
အမှတ် 87/၅-လွှာ၊ လှည်းတန်းလမ်းမကြီး၊ ၈-ရပ်ကွက်၊ ကမာရွတ်မြို့နယ်
(ကိန္နရီ Fancy ဆိုင်ဘေး၊ UAB Bank ဘေးကပ်ရပ်)

#ဂျပန်ယဉ်ကျေးမှု #ဂျပန်စာ

Address

Kamayut

Telephone

+959898963696

Website

Alerts

Be the first to know and let us send you an email when GETC - Hledan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share