Skills Up

Skills Up

Share

Skills Up

23/01/2021

🌀Goal - Setting Theory ဆိုတာဘယ်လိုမျိုးလဲသိကြလား🌀

ဒီနေ့မှာတော့ Skills Up က လူငယ်တွေအတွက် Personal Development Tips တစ်ခုဖြစ်တဲ့ Goal-Setting Theory နဲ့ပတ်သက်ပြီးဝေမျှပေးသွားချင်ပါတယ်။

မိတ်ဆွေတို့အလုပ်တစ်ခုကိုလုပ်မယ်ဆိုရင် Goal တစ်ခုသတ်မှတ်ပြီးလုပ်လေ့ရှိကြလား?
ဒီလိုအလေ့အထကောင်းမျိုးကို ထိထိရောက်ရောက်နဲ့ပိုပြီးမြန်မြန်ဆန်ဆန်အလုပ်တွေပြီးအောင်ဘယ်လိုလုပ်ကြမလဲဆိုတာပြောပြချင်ပါတယ်။

✅ Clarity - Goal တစ်ခုဟာ အဓိပ္ပါယ်တိကျပြီးလေးနက်နေရပါမယ်။(ဥပမာ-မိမိရဲ့goalဟာ ဝိတ်ကျချင်တယ်ဆိုရင် ဒီတစ်လမှာ ပေါင်ဘယ်နှစ်ပေါင်အထိကျချင်တယ်ဆိုတဲ့ goal တစ်ခုကိုရှင်းရှင်းလင်းလင်းသတ်မှတ်ထားရပါမယ်)

✅ Challenge - Goal သတ်မှတ်တဲ့နေရာမှာ မိမိကိုယ်ကို challenge လုပ်တာကလည်း အရေးပါတယ်လို့ပြောလို့ရပါတယ်။ ခက်ခဲတဲ့ challengeတွေကို လုပ်ခြင်းကပိုပြီးထိရောက်တယ်လို့ အချို့တွေ့ရှိချက်တွေကနေတစ်ဆင့် လေ့လာလို့ရပါတယ်။ (ဥပမာ- မိမိဟာ ဝိတ်ချမယ်ဆိရင် diet နဲ့ညီညွတ်တဲ့အစားစာတွေကိုသာ စားလို့ရပြီး fast food တွေကိုလုံးဝစားလို့မရတာလည်း challenge တစ်ခုပဲဖြစ်ပါတယ်)

✅Commitment - မိမိရဲ့ goal တွေဆီရောက်ချင်တယ်ဆိုရင်တော့ မိမိကိုယ်ကို ကတိတည်မှရမှာပါ။ (ဥပမာ-ဒီတစ်နေ့လောက်ထမင်းစားလိုက်တာနဲ့ဘာမှမဖြစ်ပါဘူးဆိုပြီးစားလိုက်ရင် မိမိရဲ့ဝိတ်ကျချင်တယ်ဆိုတဲ့goalဆီရောက်မှာမဟုတ်ပါဘူး။ဒီ့အတွက်ကြောင့် commitment ရှိဖို့လိုအပ်ပါတယ်)

✅Feedback - မိမိဟာမိမိကိုယ်ကိုသိဖို့လိုအပ်ပါတယ်။ အကယ်၍သင်ချမှတ်ထားတဲ့ goalကိုလိုက်ရတာဟာ မိမိအတွက် အရမ်းကိုပင်ပန်းနေတယ်၊ အလိုမကျဘူးဖြစ်နေတယ်ဆိုရင် မိမိကိုယ်ကို feedback ပေးပြီး မိမိနဲ့သင့်တော်တဲ့ goal ကိုပြန်လည်ချမှတ်လိုက်တာကပိုကောင်းပါလိမ့်မယ်။

✅Task-Complexity - မိမိရဲ့ goal က မိမိအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေမယ်ဆိုရင် အပေါ်ကအချက်တွေနဲ့ပြန်ညှိနှိုင်းပြီးမှသာ goalဆီကိုဆက်သွားရင်ပိုအဆင်ပြေပါလိမ့်မယ်။

Skills Up ကလူငယ်တွေအတွက် ဒီလိုအကျိုးရှိတဲ့ Personal Development Tips တွေကိုဝေမျှပေးဦးမှာဖြစ်တဲ့အတွက် Page ကို like and follow လုပ်ထားပေးဖို့မမေ့ကြပါနဲ့နော်။
ဒါနဲ့ မိမိမှာ 2021 အတွက်ချမှတ်ထားတဲ့ goalတွေရှိရင် comment မှာ ဝေမျှပေးခဲ့ကြပါဦးနော်🙌🏻

15/01/2021

သင်ဟာ ပညာရပ် နယ်ပယ်တစ်ခုခုမှာကျွမ်းကျင်တတ်မြောက်တဲ့ Instructor / Freelancer / Consultant တစ်ယောက်ဖြစ်ပြီး အလုပ်အကိုင်အခွင့်လမ်းတွေရှာဖွေနေသူတစ်ယောက်လား ?

ဒါဆိုရင် မြန်မာနိုင်ငံရဲ့ Freelancer နဲ့ Consultants တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးမယ့် Platform မှာ ပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။

❗️Training School များအနေဖြင့် ပါဝင်ချင်ပါက အနည်းဆုံးတစ်နှစ်အတွင်း course သုံးခုနှင့်အထက်ပြုလုပ်နိုင်ရပါမည်။❗️

ဘယ်လိုcourse instructorတွေပါဝင်လို့ရနိုင်တာလဲ?

❇️English,Chinese,Japanese စတဲ့ Language Course Instructor များ
❇️ Psychology, Political Science , Lawစတဲ့ Social Science ဘာသာရပ်များသင်ကြားသူများ
❇️၂၁ရာစုတွင်အရေးပါလာမည့် Critical Thinking, Effective Communication
❇️Accounting & Excel, Business & Investment ,Economics စတဲ့ စီးပွားရေးဘာသာရပ်များကို ကျွမ်းကျင်သူများ
❇️IT , Engineering နှင့်ပတ်သက်၍ သင်ကြားသူများအပြင်
❇️Make Up, Fashion Design,Guitar & Drum Class, Graphic Design Class , Music Class, Art Class , Dance Class စတဲ့ Course များအပြင် အခြားစိတ်ဝင်စားဖွယ်ဘာသာရပ်များကိုပါ သင်ကြားမည့် Instructorများကို Skills Up Platform ကစောင့်မျှော်လျက်ရှိပါတယ်။

Platform မှာ ဘယ်လိုပါဝင်လို့ရနိုင်မှာလဲ ?

🔰Skills Up Platform မှာ Subject Matter Expert (SME) တစ်ယောက်အနေနဲ့မိမိတို့ရဲ့
ကျွမ်းကျင်ရာ နယ်ပယ် မှပညာရပ်များကို course တစ်ခုအဖြစ်ပြောင်းလဲဖန်တီးနိုင်ခြင်း
🔰Freelancer / Consultants များအနေနှင့် Mentor Service ခေါ် ဘာသာရပ်နှင့်ဆိုင်တဲ့ Counselling Service ပြုလုပ်ပေးနိုင်ခြင်း
🔰Vocational Class (ခေါ်) အသက်မွေးဝမ်းကြောင်းဆိုင်ရာဘာသာရပ်များအပါဝင်ဖြစ်သည့်အတွက် လူငယ်များရဲ့ Skills နှင်​့ passion ကိုမြှင့်တင်ပေးမယ့် course များကိုပါဖန်တီးလို့ရနိုင်ခြင်း စတဲ့ နည်းလမ်းများဖြင့် Skills Up Platform မှာပါဝင်လို့ရနိုင်ပါတယ်။

Platform မှာပါဝင်ရင် ဘယ်လိုအကျိူးကျေးဇူးတွေရနိုင်မှာလဲ ?

✅Course တစ်ခုဖန်တီးရာတွင် လိုအပ်သည့်
Instructional Design
✅Media Production (ဗီဒီယို ၊ ဓါတ်ပုံရိုက်ကူးရေးပိုင်းနှင့်တည်းဖြတ်လုပ်ငန်းစဉ်အပိုင်း)
✅Community Engagement
✅User Supports စတဲ့အရာများပါအပြီးအစီး တာဝန်ယူပေးမှာဖြစ်တဲ့ အတွက် production ပိုင်းမှစ၍ business contract , invoice receipt payment ပိုင်းအထိ စိတ်ပူစရာမလိုပဲ Curriculum Development ပိုင်းနဲ့ Voice Recording ပိုင်းကိုသာဂရုစိုက်ပေးရမှာဖြစ်ပါတယ်။

စိတ်ဝင်စားသူများအနေနှင့် အထက်ဖော်ပြပါအကြောင်းအရာများအပြင် ထပ်မံအသေးစိတ်သိရှိလိုပါက
[email protected]
(+95)9421054622 နှင့် Skills Up Page ရဲ့ chat box ကိုလာရောက်ဆက်သွယ်နိုင်ပါတယ်။

Skills Up Platform မှာဘယ်လိုပါဝင်ရမယ်ဆိုတဲ့ အကြောင်းကိုသိချင်တယ်ဆိုရင်တော့ အောက်ကဗီဒီယိုလေးမှာအသေးစိတ်ကြည့်ရှုနိုင်ပါတယ်။
https://skillsuponline.com/ ကိုလည်းဝင်ရောက်လေ့လာနိုင်ပါတယ်ရှင်။

02/01/2021

အားလုံးပဲ မင်္ဂလာပါ
❗️Skills Up ရဲ့ Fireside chat နဲ့အတူ
နှစ်သစ်ကိုစတင်လိုက်ကြရအောင် ❗️

“NGO တွေမှာအလုပ်လုပ်ချင်တယ် … ဘယ်ကဘယ်လိုစဝင်ရမလဲမသိဘူး ၊ ဘယ်လိုအရည်အချင်းမျိုးတွေရှိရမလဲဆိုတာလဲသိချင်တယ်” ဒီလိုပြောပြောနေကြတဲ့သူတွေရှိကြလား?

ရှိကြတယ်ဆိုရင်တော့ “Motive of an NGO” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Dr.Myo Htet နဲ့အတူ ခဏတာဆွေးနွေးထားတဲ့ Fireside Chat ကိုကြည့်ရှုလိုက်ကြစို့နော်

01/01/2021

Happy New Year !
Wishing u all have a better blessed year ahead✨

25/12/2020

"Christmas isn't a season, it's a feeling."
- Edna Ferber

Merry Christmas & Happy New Year !

Skills Up Team

24/12/2020

အခွင့်အလမ်းကောင်းတွေမျက်စိရှေ့ကိုရောက်လာတိုင်း ဘာသာစကားတစ်မျိုးလောက်ပဲတတ်လို့ လက်လွှတ်လိုက်ရတဲ့အရေအတွက်ပေါင်းများနေပြီလား ? 😔

ဒီလိုလူငယ်တွေရဲ့အနာဂါတ်အတွက် Skills Up ကတစ်ထောင့်တစ်နေရာမှကူညီပေးတဲ့အနေနဲ့ Survival Chinese ဆိုတဲ့သင်တန်းကို 39000 ks ထဲနဲ့ဝယ်ယူရရှိသင်ကြားနိုင်ပြီဖြစ်ပါတယ်။😱

ဒီသင်တန်းဟာ Chinese ဘာသာစကားကို အခြေခံရှိပြီး လုပ်ငန်းခွင်အတွင်း ပိုမိုချောမွေ့စွာပြောဆို၊ဆက်ဆံလိုသောသူများအတွက် ဖွင့်လှစ်ထားသည့် သင်တန်းဖြစ်ပါသည်။ Pinyin Course တတ်ပြီးသားသူများပိုမိုသင့်တော်ပါသည်။

သင်တန်းမိတ်ဆက်

Chinese ဘာသာစကားကို အချိန်တိုအတွင်း သင်ယူတက်မြောက်လိုသောသူများအတွက် ဖွင့်လှစ်ထားသည့် သင်တန်းဖြစ်ပါသည်။ အင်္ဂလိပ်နှင့်မြန်မာ နှစ်ဘာသာပြောသောကျောင်းသူကျောင်းသားများ၊ China နှင့် ဆက်စပ်သော လုပ်ငန်းများတွင် လုပ်ကိုင်နေသော စီးပွားရေးပညာရှင်များအတွက် အထူးသင့်တော်သော အတန်းဖြစ်ပါသည်။ တရုတ်စာအရေးအသား (汉字) (漢字)တွေအစား ပင်းရင်း (pinyin) လို့ခေါ်သော Chinese phonetic (Hànzì) တွေကို အသုံးပြုပါသည်။ ဒီသင်ရိုးတွေရဲ့ ရည်ရယ်ချက်ကတော့ ထိထိရောက်ရောက်နဲ့ လက်တွေ့အသုံးပြုနိုင်ရန်ဖြစ်ပါသည်။ နားလည်နိုင်စွမ်းနှင့် ပြောဆိုနိုင်စွမ်းတို့ကို အသားပေးထားပါသည်။

ဆရာမအကြောင်း မိတ်ဆက်

တရုတ်လူမျိုး Chinese teachers များ နှင့် foreign Chinese teachers တို့နဲ့ အတူတူ အလုပ်တွဲလုပ်ခဲ့ပြီး ပညာရေးနယ်ပယ်တွင် ရွယ်စုံကျောင်းသူကျောင်းသားများအား သင်ကြားရေး အတွေ့အကြုံ ၁၃ နှစ်မျှရှိထားပြီးဖြစ်ပါသည်။ ထိုအတွေ့အကြုံများကြောင့် ကျောင်းသူကျောင်းသားများက ဆရာမဆီမှ တရုတ်ဘာသာစကားကို ထိရောက်စွာ သင်ယူရရှိနိုင်မှာဖြစ်ပါသည်။

Learning Objectives

-နေ့စဉ်သုံး တရုတ်ဝေါဟာရစကားလုံး ၁၀၀၀

-စီးပွားရေးဆိုင်ရာ အကြောင်းအရာများကို နာလည်လာနိုင်ပြီး ပြောဆိုဆက်သွယ်နိုင်မည်။

-ထိရောက်ပြီး လက်တွေ့ကျသော သင်ကြားနည်း

– pinyin phonetics များအသုံးပြုပြီး တရုတ်စာရေးတက်လာနိုင်စေခြင်း

Professional Chinese level 1 & 2 တွင် အသုံးများသော idioms များအပါအဝင် ပိုပြီး အသေးစိတ်ကျသော သင်ခန်စားများနှင့် သင်ကြားရမှာ ဖြစ်ပါသည်။

ဒီအတန်းသည် မည်သူ့အတွက် ရည်ရွယ်ပါသလဲ။

အင်္ဂလိပ်နှင့်မြန်မာ နှစ်ဘာသာပြောသော ကျောင်းသူကျောင်းသားများ၊ China နှင့် ဆက်စပ်သော လုပ်ငန်းများတွင် လုပ်ကိုင်နေသော စီးပွားရေးပညာရှင်များအတွက် ရည်ရွယ်ပါသည်။



သင်ကြားမည့် နည်းလမ်းနှင့် အတန်းအကြောင်းအရာအကျဉ်း

Survival Chinese level 1 & 2 တွင် Chinese grammar နှင့် ပတ်သက်သော တိကျသည့်အသေးစိတ်အကြောင်းအရာ ပါဝင်မည်မဟုတ်ပါ။ ဒီစာအုပ်တွင် ပါဝင်သည့် စာကြောင်းများသည် ကျောင်းသူကျောင်းသားများ အလွယ်တကူနားလည်းနိုင်စေရန် တရုတ်နှင့် အင်္ဂလိပ်ဘာသာစကားကြား စကားလုံးနှိုင်းယှဉ်မှုများနှင့် သင်ကြားပေးခြင်းဖြစ်ပါသည်။

ထိုနှိုင်းယှဉ်မှုထိရောက်ဖို့ တိကျသောအင်္ဂလိပ်ဘာသာပြန်ဆိုမှု လိုအပ်ပါသည်။

လေ့လာသင်ယူမှု ပိုမိုလွယ်ကူစေရန် သဒ္ဒါအတိအကျကို Professional Chinese 1&2 တွင် ထည့်သွင်း သင်ကြားရမှာဖြစ်ပါသည်။ သင်ခန်းစာတစ်ခုချင်းစီတွင် စကားလုံးအသစ်များကို သင်ကြားရမှာဖြစ်ပြီး ထိုစကားလုံးများသည် နောက်သင်ခန်းစာတွင် အခြေခံစကားလုံးအနေနဲ့လည်းပါဝင်နိုင်သလို လေ့ကျင်ခန်းများတွင်လည်း ရည်ညွှန်းစကားလုံးများအနေနှင့်လည်းပြန်ပါဝင်နိုင်ပါသည်။ ထိုရည်ညွှန်းစကားလုံးများကလည်း နောက်ပိုင်း သင်ခန်းစားများဖြစ်သည့် ကိုယ်တိုင် ဝါကျတည်ဆောက်ရမည့် လေ့ကျင့်ခန်းများတွင်လည်း စကားလုံးအသစ်များအနေဖြင့် ပြန်တွေ့ရမှာဖြစ်ပါသည်။

Chinese characters များ ပါဝင်မည်မဟုတ်သည့် ဒီအတန်းတွင် စကားလုံးများလေ့လာရာတွင် ကျောင်းသူကျောင်းသားများအနေနှင့် အာရုံစိုက်မှုလိုအပ်သလို ပုံမှန် ပြန်လှန်လေ့ကျင့်ခန်းများပြုလုပ်ဖို့လည်း လိုအပ်ပါသည်။ Homophone ဆိုသော သံတူကြောင်းကွဲ စကားလုံးများကို ပုံမှန် လေ့ကျင့်ခြင်းဖြင့်သာ ကျွမ်းကျင်နိုင်မည်ဖြစ်သည်။ ထိုအတွက်လည်း သင်ကြားရေးအတွေ့အကြုံရင့် ဆရာမကိုယ်တိုင် သင်ကြားမှာမို့ အောင်မြင်စွာအတန်းပြီးမြောက်မည်ဆိုတာကို အာမခံပါသည်။

အပတ်စဉ် သတ်မှတ်ထားသည့်အချိန်အတွင်း Q&A အချိန် တစ်နာရီပါရှိပါသည်။

ဆရာမဒေါ်နန်းသွယ်သွယ်ဦး၏ကိုယ်ရေးအကျဉ်း

ဆရာမ နန်းသွယ်သွယ်ဦး ကတော့ မန္တလေး တက္ကသိုလ်ကနေ B.Sc Physics နဲ့ MBA ဘွဲ့ကို ရရှိခဲ့ပြီး National Chi Nan University မှာ Ph.D ကိုဆက်လက်တတ်ရောက်ခဲ့ပါတယ်။ Co Co Chinese Family ရဲ့တည်ထောင်သူတစ်ဦးလည်းဖြစ်ပါတယ်။ တရုတ်လူမျိုး Chinese teachers များ နှင့် foreign Chinese teachers တို့နဲ့ အတူတူ အလုပ်တွဲလုပ်ခဲ့ပြီး ပညာရေးနယ်ပယ်တွင် ရွယ်စုံကျောင်းသူကျောင်းသားများအား သင်ကြားရေး အတွေ့အကြုံ ၁၃ နှစ်မျှရှိထားပြီးဖြစ်ပါသည်။ ထိုအတွေ့အကြုံများကြောင့် ကျောင်းသူကျောင်းသားများက ဆရာမဆီမှ တရုတ်ဘာသာစကားကို ထိရောက်စွာ သင်ယူရရှိမှာဖြစ်ပါသည်။

သင်တန်းအကြောင်းကိုကိုယ်တိုင်အသေးစိတ်လေ့လာသိရှိချင်တယ်ဆိုရင်တော့
https://skillsuponline.com/courses/learn-chinese-language-hysan/ ကို အခုပဲဝင်ရောက်လိုက်လို့ရပါပြီ။

21/12/2020

အခုကစပြီး နောက်၅နှစ်မှာဘာတွေဖြစ်လာဦးမှာလဲ...
ရည်မှန်းချက်တွေကော ဆန္ဒတွေကော တူညီနေဦးမှာလား… 🤨

ဘယ်လိုအရာတွေကကွဲပြားသွားမလဲ ...
သင်ကကော ဘယ်လိုလူမျိုးဖြစ်သွားမလဲ...‼️

✉️အနာဂါတ်ကသင့်ထံစာတစ်စောင်ရေးကြည့်ပါ
ပြက္ခဒိန်ထဲမှာရက်တစ်ရက်သတ်မှတ်ပြီး 📨နောက်တစ်နှစ်နေရင် သင်ရေးထားတဲ့စာကိုဖွင့်ကြည့်လိုက်ပါ
📨သင်ရေးထားတဲ့စာထဲကလူတစ်ယောက် ဖြစ်နေရဲ့လားဆိုတာကိုသင်တွေ့ပါလိမ့်မယ် အဲ့ဒီ့အခါကျရင် စာထဲကလိုမျိုးလူတစ်ယောက်ဖြစ်အောင်ကြိုးစားကြည့်လိုက်ပါ 😉


Skills Up
Open doors to quality education
0977722688, 0989553806

20/12/2020

အားလုံးပဲမင်္ဂလာပါ ❗️

နယ်ပယ်စုံမှ ပညာရှင် ဝါသနာရှင်များရဲ့ အတွေ့အကြုံ နဲ့ အကြံအဉာဏ်များကို သိခွင့်ရမယ့် Skills Up ရဲ့ FireSide Chat ဆိုတဲ့အစီစဉ်လေးကိုသိပြီးကြပြီလား❓

Fireside Chatဟာဆိုရင် အခုလို pandemic ကာလမှာ လူငယ်တွေကိုဘယ်လိုမျိုးအကျိုးရှိအောင် ၊Productive ဖြစ်အောင်နေ့ရက်တွေကိုဖြတ်သန်းမလဲဆိုတဲ့ရည်ရွယ်ချက်နဲ့ နယ်ပါယ်စုံမှ ဝါသနာရှင် ၊ ပညာရှင်များနှင့် တွေ့ဆုံမေးမြန်းပေးနေတဲ့အစီစဉ်လေးပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ အရင်နေ့တွေကfireside chat အစီစဉ်လေးတွေကို အားလုံးတစ်စုတစ်စည်းထဲကြည့်လို့ရအောင် ပြန်လည်စုဆောင်းပြီးတင်ပေးလိုက်ပါတယ် 🔥🤩

1️⃣တရုတ်လူမျိုး 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐭𝐞𝐚𝐜𝐡𝐞𝐫𝐬 များ နှင့် 𝐟𝐨𝐫𝐞𝐢𝐠𝐧 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐭𝐞𝐚𝐜𝐡𝐞𝐫𝐬 တို့နဲ့ အတူတူ အလုပ်တွဲလုပ်ခဲ့ပြီး ပညာရေးနယ်ပယ်တွင် ရွယ်စုံကျောင်းသူကျောင်းသားများအား သင်ကြားရေး အတွေ့အကြုံ ၁၃ နှစ်မျှရှိထားပြီးဖြစ်တဲ့ 𝐓𝐞𝐚𝐜𝐡𝐞𝐫 ဒေါ်နန်းသွယ်သွယ်ဦး ဆီက သင်ကြားရေးအတွေ့အကြုံများကို သင်ယူရရှိမယ့် 𝐟𝐢𝐫𝐞𝐬𝐢𝐝𝐞 𝐜𝐡𝐚𝐭🔥

⏊ https://fb.watch/2uJvkJUJOj/

2️⃣𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐨𝐟 𝐒𝐲𝐝𝐧𝐞𝐲 မှာ 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 ဆိုတဲ့ စိတ်ပညာ နဲ့ကျောင်းပြီးထားပြီး စိတ် 𝐌𝐘𝐏𝐬𝐲𝐜𝐡𝟒𝐋𝐢𝐟𝐞 ရဲ့ 𝐜𝐨𝐧𝐭𝐞𝐧𝐭 𝐜𝐫𝐞𝐚𝐭𝐨𝐫 တစ်ဦးဖြစ်တဲ့ လူငယ်တစ်ယောက်လည်း ဖြစ်တဲ့ 𝐌𝐚 𝐖𝐚𝐭𝐡𝐚𝐧 ရဲ့ အခု 𝐂𝐨𝐯𝐢𝐝 𝟏𝟗 အခြေအနေမှာ ဘ၀ကို အပြုသဘောဆောင် ဖြတ်သန်းနိုင်မယ့် 𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐲 ကဘာဖြစ်မလဲဆိုတာပြောထားတဲ့ fireside chat 🔥

⏊ https://fb.watch/2uJTLYiGMl/

3️⃣𝐔𝐊 မှာလည်းတက္ကသိုလ်တက်နေတယ် 𝐕𝐥𝐨𝐠 တစ်ခုကိုလည်း 𝐀𝐜𝐭𝐢𝐯𝐞 ဖြစ်အောင် စီမံနိုင်တဲ့ လျှို့၀ှက်ချက်ကဘာလဲ ဆိုတာကို Helen Vlog မှ Helen နဲ့တူတူစကားပြောမေးမြန်းထားတဲ့ fireside chat 🔥

⏊https://fb.watch/2uK0YZFPAL/

4️⃣လူငယ်တွေအတွက်အမြဲ inspire ဖြစ်စေမယ့် Vlog တွေကိုဖန်တီးပေးနေတဲ့ Vlogger တစ်ဖြစ်လဲ UK က University of Glasgow မှာဆေးပညာလေ့လာနေတဲ့ Zeyar Vlog မှ ကိုဇေယျာနဲ့ သူ့ရဲ့ pandemic ဖြတ်သန်းပုံတစ်လျှောက်ကိုကြည့်ရှုချင်တယ်ဆိုရင် မလွတ်သင့်တဲ့ fireside chat

⏊ https://fb.watch/2uO1AnlySI/

နောက်ထပ်လည်းဒီလိုမျိုးလူငယ်တွေအတွက်အမြဲဆန်းသစ်ပြီး အတွေးအခေါကောင်းတွေမျှဝေပေးမယ့် fireside chat တွေရှိသေးတာမို့ Skills Up page ကို Like and follow ထားဖို့မမေ့ပါနဲ့နော် 😉



17/12/2020

❗️Skills Up ရဲ့အရမ်းအရမ်းတန်တဲ့ English Bundle Sale ကြီးလာပါပြီ ❗️

✅ရာထောင်ချီရှိတဲ့CVတွေထဲမှာအလုပ်ရှင်ရဲ့အာရုံစိုက်ခြင်းကိုခံရမယ့် CV မျိုးတွေကိုရေးတတ်ချင်တယ်…

✅လုပ်ငန်းခွင်မှာသင့်ရဲ့ အင်္ဂလိပ်စာအရေးအသားဟာအလုပ်ရှင်တွေအတွက်ပထမဆုံးအာရုံစိုက်မိတဲ့အရာဖြစ်တာမို့ အင်္ဂလိပ်အရေးအသားအရမ်းကောင်းပြီး တခြားသူတွေထက် အင်္ဂလိပ်စာမှာ Expert ဖြစ်ချင်တယ်ဆိုရင်…

✅သင့်ရဲ့အသံထွက်အတွက် အခုချိန်ထိစိတ်ပူနေရပြီး အသံထွက်ကောင်းလာအောင်ဘယ်လိုလေ့ကျင့်ရမလဲသိချင်တယ်ဆိုရင် …

Skills Up ရဲ့ English Bundle Sale ကြီးမှာ စတဲ့သင်ခန်းစာပေါင်း (၃၅)ခု ၊ video lessons ပေါင်း (၃၆)ခု ကို အချိန်မရွေးကြည့်ရှုနိုင်တဲ့ lifetime access ဖြင့်သင်ကြားပြသသွားမှာဖြစ်ပါတယ်။

အိမ်မှာလည်းနေရင်း အင်္ဂလိပ်စာဂုရုကြီးလဲဖြစ်ရင်း ဆိုဘယ်လောက်ပျော်စရာကောင်းလိုက်မလဲနော် 😉

အဲ့ဒါကြောင့် အခုပဲ Skills Up ရဲ့ Website ဖြစ်တဲ့
https://skillsuponline.com/english-bundle-sale/

ကိုလာရောက် ဝယ်ယူလိုက်ကြတော့နော် 😊

အသေးစိတ်အတွက် - https://skillsuponline.com/

09777226882/ 09895535806






𝐒𝐤𝐢𝐥𝐥𝐬 𝐔𝐩
𝐎𝐩𝐞𝐧 𝐃𝐨𝐨𝐫𝐬 𝐟𝐨𝐫 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬
အနာဂါတ်အခွင့်အလမ်းတံခါး
09777226882, 09895535806

Want your school to be the top-listed School/college in Kamayut?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address

ShopHouse No. 215, HanThar Waddy Road, Times City
Kamayut
111111