03/04/2026
တိုကျိုမှာက ဒီနေ့ပဲနေသာမယ်တဲ့နော်
မနက်ဖန်ကနေစပြီး မိုးရွာအုန်းမယ်တဲ့
お花見 ပြီးကြပြီလားဟင်
ကျမတို့ရုံးအောက်ကပန်းခြံထဲမှာ ပွင့်နေတာတအားလှ
ဒီလိုမျိုးအကုန်ပွင့်တာကို 満開(まんかい) လို့ခေါ်တယ်
အဲဒီခန်းဂျိအတိုင်းပါပဲ အပြည့်ပွင့်ပေါ့နော်
30/03/2026
Tokutei သိကောင်းစရာများ
တနေ့ကပဲ 外食တွေ ဗီဇာအသစ်မပေးတော့ဘူးဆိုတာ ကြော်ငြာချက်ထွက်လာပါပြီ
အစိုးရသစ်ဖြစ်လာလို့ လုပ်ချင်တာတွေလျှောက်လုပ်နေတယ် နိုင်ငံခြားသားတွေကို ဖိနှိပ်တယ်လို့တော့ မထင်ပါနဲ့
Tokutei Gino Visa စပေါ်တဲ့ ၂၀၁၉ခုနှစ်ကတည်းက အလုပ်အကိုင်တစ်ခုချင်းစီအတွက် ခေါ်ယူမဲ့လူဦးရေကသတ်မှတ်ထားပြီးသားပါ
အဲဒီလူအရေအတွက်ပြည့်တော့မှာမိုလို့ ပိတ်လိုက်တာပါ
ဒါကြောင့် ပြည်တွင်းနေနေ ပြည်ပနေနေ အခြားဗီဇာကနေ စားသောက်ဆိုင်ဗီဇာပြောင်းဖို့အတွက် ဗီဇာအသစ်မချပေးတော့ပါဘူးတဲ့နော်
ပိုဆိုးတာက စားသောက်ဆိုင်အတွက် Work Visa လည်းပဲထုတ်မပေးတော့ပါဘူး (တော်တော်များများပါပဲ)
ရတဲ့ကုမ္ပဏီလည်း ရှိကောင်းရှိပါလိမ့်မယ်
ဒီတော့ ဒုက္ခရောက်သူကတော့ လုပ်သားမလုံလောက်တဲ့ စားသောက်ဆိုင်ပိုင်ရှင်နဲ့ 外食特定技能ကိုပြောင်းမယ်လို့ ရည်ရွယ်ထားသူတွေပဲဖြစ်ပါတယ်
စားသောက်ဆိုင်ပိုင်ရှင်အတွက်က Tokutei နဲ့ခန့်လို့မရရင် ကျောင်းလာတက်သူတွေကို part time နဲ့ခန့်ဖို့ စီစဉ်လာတဲ့ကုမ္ပဏီတွေအများအပြားတွေ့ရပါတယ်
ပြောရမယ်ဆို Part time က သူ့အတွက်ပိုပြီးတွက်ခြေကိုက်ပါတယ်
ပင်စင် ကျန်းမာရေးအာမခံတွေဝင်ပေးစရာမလိုဘူး
ပင်စင်နဲ့ကျန်းမာရေးအခွန်တွေက ယူတို့တင်ပေးရတာမဟုတ်ဘူးနော် အလုပ်ခန့်ထားတဲ့ကုမ္ပဏီဘက်ကလည်း တဝက်ပေးရတယ်
ဒါကြောင့် နောက်ဆုံးတော့ 外食မှာလုပ်ချင်သော်လည်း ဟိုနေ့မှ ဟိုလမှ ဟိုဟာဖြစ်မှ ဒီဟာဖြစ်မှ တွေပဲ အလုပ်တွေလက်လွှတ်ကုန်တာပေါ့နော်
အလုပ်ခေါ်စာတွေကတော့ Gobit Insta (gobit_japan)ကနေပဲ တင်ပေးပါတော့တယ်နော်
ပြည်တွင်းကနေလျှောက်ချင်တာဆို လစာကောင်းတဲ့ဆိုင်တွေရှိပါသေးတယ်
27/03/2026
GoBitရဲ့ Insta အသစ်ဖြစ်ပါတယ်
နောက်ပိုင်းအဲ့ဒီကနေပြီးတော့ ဗီဒီယိုအပိုင်းလေးတွေတင်သွားမလားလို့
https://www.instagram.com/gobit_japan/
27/03/2026
တနေ့ကပြောတဲ့ ဂျပန်စကားမှာ ဘာဖြစ်လို့သတင်းကိုကြည့်ခိုင်းရတာလဲဆိုတော့
အခုနောက်ပိုင်း ဂျပန်စကားပြောသူတွေမှာ စကားပျက်အချို့ကို နှုတ်စွဲနေသူတွေရှိပါတယ်
မြန်မာလူမျိုးတင်မဟုတ် အခြားနိုင်ငံခြားသားတွေမှာလည်းတွေ့ရလေ့ရှိပါတယ်
「なんか〜」「え〜と〜」「なんと言えばいいですかね」စတဲ့စကားအသုံးအနှုန်းတွေက business scene မှာ သုံးလေ့မရှိပါဘူးရှင့်
သူငယ်ချင်းချင်းပြောတဲ့အခါမှာသော်လည်းကောင်း မိသားစုနဲ့ပြောတဲ့အခါမှာသော်လည်းကောင့် အပေါ်မှာပြောခဲ့တဲ့ စကားဆက်လေးတွေထည့်ပြောတာ ချစ်စရာကောင်းပါတယ်
သို့သော် ကုမ္ပဏီအထက်လူကြီး၊ လုပ်ငန်းနဲ့သက်ဆိုင်တဲ့မိတ်ဘက်ကုမ္ပဏီကလူကြီးတွေနဲ့စကားပြောတဲ့အခါ လိုရင်းအကြောင်းအရာကို တော်တော်နဲ့ခရီးမရောက်ပဲ နားထောင်နေသူကို イライラဖြစ်စေပါတယ်
အခုနောက်ပိုင်း SNSပေါ်မှာ ဂျပန်လူမျိုးတွေလွှင့်တဲ့အစီအစဉ်တွေကိုကြည့်ပြီးအတုခိုးသူတွေလည်း ရှိကောင်းရှိမယ်
အားလုံးကိုမဆိုလိုသော်လည်း အချို့က attention လိုချင်တာတခုတည်းနဲ့ အပျော်အပျက်လုပ်ပြီးစကားပြောတာ တမင်ထွင်ပြီးစကားအပျက်ပြောတာမျိုးတွေရှိတယ်
ဒါတွေကို အတုယူပြီးပြောလေ့ရှိတဲ့ နိုင်ငံခြားသားတွေမှာ အပေါ်မှာပြောခဲ့တဲ့စကားပြောပုံတွေတွေ့ရပါတယ်
ဒီစကားလုံးတွေကို ပြောချင်တဲ့စကားရှာမရလို့ စဉ်းစားတဲ့အနေနဲ့သုံးလေ့ရှိတတ်ကြသော်လည်း business scene တွေမှာတော့ ကိုယ်ပြောချင်တဲ့စကားကို သင့်တော်တဲ့စကားလုံးနဲ့မဖော်ပြနိုင်ဘူးဆိုတဲ့ ထင်မြင်ချက်ကိုဖြစ်စေပါတယ် တနည်းအားဖြင့် ဝေါဟာရမကြွယ်ဝဘူးပေါ့
ဒါကြောင့် စမတ်ကျကျစကားပြောနိုင်ဖို့ သတင်းကြော်ငြာသူတွေ reporter, commentator တွေစီကနေ ဂျပန်စကားကိုအတုယူစေချင်ပါတယ်
25/03/2026
ဂျပန်စာ ဂျပန်စကား
Chrome ကနေ FB ကိုဝင်မရလို့ update မလုပ်နိုင်ဘူးဖြစ်သွားတယ်
ကိုယ်တယောက်တည်းလားမသိဘူးနော်???
Business သုံးဂျပန်စကား တနည်းပြောရရင်လူတောတိုးတဲ့ဂျပန်စကား ပြောနိုင်ဖို့အတွက် ဂျပန်တီဗီသတင်းကြည့်ဖို့ကို အမြဲပြောဖြစ်ခဲ့ပါတယ်
သို့သော်လည်း ရုတ်တရက်ဆိုဘယ်ကဘယ်လိုစကြည့်ရမှန်းမသိဖြစ်တတ်တယ်
ဒီလိုလူတွေအတွက်ညွှန်းချင်တာကတော့ NHKကလွှင့်တဲ့ မနက် ၇နာရီနဲ့ ည၇နာရီ သတင်းကိုကြည့်စေချင်ပါတယ်
သတင်းလို့ပြောသော်လည်း ဒီအချိန်မှာလွှင့်တဲ့သတင်းက စာရွက်ကြီးကိုကိုင်ပြီးဖတ်ပြရုံဖတ်တဲ့သတင်းမဟုတ်ပါဘူးရှင့်
သတင်းကိုပဲ နားလည်လွယ်အောင်လို့(ပုံပေါ်အောင်) အင်တာဗျူးများနဲ့အတူမေးမြန်းတင်ဆက်တာဖြစ်ပါတယ်
အရေးကြီးKey Word ကိုစာတန်းထိုးပြီးဖော်ပြတာမျိုး စကားလုံးအသစ် နေ့တဓူဝသုံးလေ့မရှိတဲ့စကားလုံးဆို အဓိပ္ပါယ်ရှင်းပြတာမျိုးတွေလုပ်တဲ့အတွက် နားလွယ်လည်မယ်လို့ထင်ပါတယ်
ဘာကြောင့် NHK ကိုညွှန်းရတာလဲဆိုတော့ စကားပြောတဲ့လေယူလေသိမ်းနဲ့ သုံးနှုန်းတဲ့စကားလုံးက Standard ဖြစ်လို့ပါ
ချက်ခြင်းကြီးတွေတတ်လာမယ်လို့တော့ မမှန်းပါနဲ့နော်
နေ့စဉ်စိတ်ဝင်စားမှုနဲ့ကြည့်ပါ အချိန်အတိုင်းအတာတခုရောက်လာရင် သိသာလာပါလိမ့်မယ်
ကျမကတော့ သတင်းကြည့်တာက နေ့စဉ်မရှိမဖြစ်ကိစ္စတခုလိုကိုးဖြစ်နေပါပြီ
လွန်ခဲ့တဲ့နှစ် ၂၀ က ဂျပန်မှာကျောင်းလာတက်စဉ်ကတည်းက အဲလိုမျိုးကြည့်ခဲ့တာပါ
အဲဒီတုန်းကတော့ ကျောင်းမှာဂျပန်လို Presentation လုပ်ရတယ်
သာမန်အားဖြင့်ပြောနိုင်တယ် သူများပြောရင်နားလည်တဲ့စကားပြောလယ်ဘယ်ဖြစ်သော်လည်း တက္ကသိုလ်မှာ Presentation လုပ်ဖို့အတွက်တော့ ယုံကြည်မှုမရှိခဲ့ဘူး
ကိုယ့်အရှေ့က ဂျပန်လူမျိုးစီနီယာတွေလုပ်နေတာကိုအတုခိုးရတယ်
သူတို့ပြောတဲ့စကားတွေကိုလေ့လာရတယ်
လူအများရှေ့မှာ လုပ်ရတာမိုလို့ အလွန့်အလွန် Polite(Formal) ဖြစ်တဲ့စကားတွေပြောကြတယ်
သူများပြောနေရင်တော့နားလည်သော်လည် အဲဒီစကားတွေနဲ့က ကိုယ်ကကျင့်သားရမနေခဲ့တာအမှန်ပဲ
အဲဒီအခါမှာ သတင်းတွေကိုအစဉ်တစိုက်ကြည့်တာတွေလုပ်ဖြစ်တယ်
တီဗီဖန်သားပြင်ကနေ တနိုင်ငံလုံးကိုလွှင့်တာဖြစ်လို့ သရုပ်ပျက်စကားတွေသုံးလို့မရဘူး လူအများနားဝင်တဲ့စကားနဲ့ပြောတတ်ရတယ်
လူအများနားလည်လွယ်အောင် တိုတိုတုတ်တုတ်ရှင်းတတ်ရတယ်
ဒီလိုအားသာချက်တွေက သတင်းလွှင့်တဲ့အစီအစဉ်တွေမှာပါပြီးသားဖြစ်ပါတယ်
ဒီမှာလည်းဘဲ စာရွက်ကိုင်ပြီးဖတ်တဲ့သတင်းမျိုးကိုကြည့်တာမဟုတ်ပါဘူး
သတင်းကိုလူစိတ်ဝင်စားအောင်လို့ commentator တွေနဲ့စကားဝိုင်းပုံစံမျိုးလွှင့်တဲ့သတင်းကိုပဲကြည့်ပါတယ်
ဒီ commentator တွေက တက္ကသိုလ်ကဆရာတွေ စီးပွားရေး နိုင်ငံရေးလောကက နာမယ်ကျော်ကြားသူတွေကများပါတယ်
ဒီတော့ commentator တွေရဲ့ပြောပုံဆိုပုံ ထင်မြင်ချက်စတာတွေကို အတုခိုးနိုင်ခဲ့ပါတယ်
အဲဒီတုန်းက ည ၈ ကနေ ၁၁လောက်အထိကို အဲလိုမျိုးလွှင့်တဲ့သတင်းချန်နယ်တွေကိုပဲကြည့်ခဲ့ပါတယ်
သတင်းကတော့ မပြောင်းလည်းသော်လည်း ချန်နယ်ပြောင်းသွားရင် ကောက်နှုတ်ချက်တွေမတူတော့ဘူး Commentator ပြောင်းသွားရင် ပြောတဲ့စကားတွေလည်း မတူတော့ဘူးပေါ့နော်
အဲဒါကို တစိုက်မတ်မတ်လုပ်ပြီး လူအများရှေ့လုပ်ရတဲ့ Presentation ဂျပန်စာလယ်ဘယ်ကိုကောင်းမွန်စွာ လုပ်နိုင်ခဲ့တယ်
အဲဒီကတည်းကအစပြုလိုက်တာ အခုထိသတင်းက မကြည့်ပဲနဲ့ကိုမနေနိုင်ဖြစ်သွားတာ မကြည့်ဖြစ်ရင်ကိုယ့်ဘာသာကိုမတိုးတတ်ဘူးလို့ထင်မိတယ်
အခုတော့ မနက် ၇ ည ၇ , ၉နာရီတွေလွှင့်တဲ့သတင်းကိုကြည့်ဖြစ်ပါတယ်
ဓာတ်ပုံကတော့ အဲဒီတုန်းကနှင်းနှင်းယုပေါ့နော်
09/03/2026
施工管理 အလုပ်ကိုစိတ်ဝင်စားသူများရှိလားမသိဘူးနော်
ကျမစီမှာအလုပ်ခေါ်စာအတော်များများရှိပါတယ်
ဂျပန်ပြည်တွင်းနေထိုင်သူများအတွက်သာဖြစ်ပါတယ်
အတွေ့အကြုံရှိသူ မရှိသူလျှောက်ထားနိုင်ပါတယ်
ဂျပန်စာလယ်ဘယ် N3 ~ N1
施工管理技士လက်မှတ်ရထားသူများ Welcome ပါ
လက်မှတ်မရှိသူများလည်း လျှောက်ထားနိုင်ပါတယ်
ဂျပန်စာလယ်ဘယ် လက်မှတ်နဲ့လိုက်ပြီး လစာအနည်းအများကွာသွားပါမယ်
လစာလို့ပြောတာထက် နှစ်စဉ်ဝင်ငွေ သောင်း ၅၀၀ နဲ့ ၇၀၀ ခန့်မှာရှိပါတယ်
ဗီဇာအမျိုးအစား Work Visa ဖြစ်ပါတယ်
စိတ်ပါဝင်စားသူများ ကျမရဲ့အလုပ်ခေါ်စာတင်ပေးနေတဲ့ Line Account ကနေဆက်သွယ်နိုင်ပါတယ်
https://lin.ee/L1m0KQU
06/03/2026
ဆောင်းကုန်လို့ နွေဦးတောင်ရောက်တော့မယ် ကိုယ်လည်းဒီဖွဘုတ်နဲ့အဆက်ပြတ်သွားလိုက်တာ....
ဘာတွေ ဟော့နေလဲဟင်
ပြောပြကြပါအုန်း
ယူတို့ရဲ့တိုးတက်မှုအခြေအနေလေးတွေလည်း ပြောပြကြပါအုန်းနော်
18/01/2026
ကျန်းမာရေးပိုစ့်
Under calories(စားသုံးတဲ့ ကယ်လိုရီလျှော့ချခြင်း)
တစ်နေ့တာစားသုံးတဲ့ကယ်လိုရီကို မိမိခန္တာကိုယ်ကချေဖျက်နိုင်တဲ့ကယ်လိုရီထက် ၂၀၀ ကယ်လိုရီခန့်လျှော့ချစားသုံးခြင်းကို Under calories ဝိတ်ချခြင်းလို့ခေါ်ပါတယ်
ဒါက ဝိတ်ချဖို့အတွက်တင်မဟုတ်ဘူး ဝိတ်ထိန်းထားဖို့အတွက်လည်း အသုံးဝင်ပါတယ်
အရင်ဆုံး မိမိခန္တာကိုယ်ကချေဖျက်နိုင်တဲ့ကယ်လိုရီကိုသိဖို့လိုပါတယ်
ယေဘူယျအားဖြင့် တရက်လျှင်
အသက် ၂၀ဝန်းကျင် အမျိုးသား ၂၅၀၀ကယ်လိုရီ အမျိုးသမီး ၁၉၀၀~၂၀၀၀ကယ်လိုရီ
၃၀~၄၀ အမျိုးသား ၂၄၀၀~၂၆၅၀ အမျိုးသမီး ၁၉၀၀~၂၀၀၀
၅၀~၆၀ အမျိုးသား ၂၃၀၀~၂၄၅၀ အမျိုးသမီး ၁၈၅၀~၁၉၅၀
၇၀အထက် အမျိုးသား ၂၁၀၀~၂၃၀၀ အမျိုးသမီး ၁၇၀၀~၁၈၅၀
ဒါက ယေဘူယျသာဖြစ်ပါတယ်
တနေ့တာလုပ်ဆောင်တဲ့အလုပ်ပမဏ(ခန္တာကိုယ်လှုပ်ရှားမှု)နဲ့ ခန္တာကိုယ်အလေးချိန် အရပ်အရှည်စတာတွေနဲ့လိုက်ပြီးမတူပါဘူး
ဉပမာ ကျမဆိုရင် တိတိကျကျတွက်ရင် ချေဖျက်နိုင်စွမ်းကယ်လိုရီက ၁၆၅၀ လောက်ပဲရှိပါတယ် ဒီထဲမှာ တရက် ခြေလှမ်း ၈၀၀၀လောက်လမ်းလျှောက်တာလဲထည့်ထားပြီးသားပါ
ဒီအတွက် တနေ့ကို ၁၄၅၀ကယ်လိုရီထက်မပိုတဲ့ အစားအစာကိုစားရင် ဝိတ်ကျနိုင်မယ်ဆိုတဲ့ တွက်ချက်မှုပါ
---
လွန်ခဲ့တဲ့ ၂နှစ်လောက်ကစပြီး သတိထားပြီးဝိတ်ချနေသော်လည်း ကျမသွားပဲ တရိပ်ရိပ်နဲ့အတက်ကြီးပဲဖြစ်နေလို့ နည်းပေါင်းစုံရှာဖွေရင်း ဒီနည်းလမ်းကိုတွေ့ခဲ့တာပါ
ဒီနေ့အထိလုပ်ခဲ့ဖူးတဲ့အမှားတွေကတော့
အဆီတက်လွယ်တဲ့ခန္တာကိုယ်ဖြစ်လို့ ဝိတ်ထိန်းတာကို ဟိုးအရင်အသက် ၂၀ဝန်းကျင်ကတည်းက GYM သွားတာသော်လည်းကောင်း ပုံမှန်လုပ်ခဲ့ပါတယ်
သို့သော် လက်ရှိ life style အရ GYM ကိုတပတ်၂ရက်ခန့်နဲ့ အထိုင်များတဲ့အလုပ်ဖြစ်သွားတဲ့အခါ ဒီနည်းကမထိရောက်တော့ပါဘူး
လက်ရှိမှာ အသက်က ၅၀နားရောက်ခါနီးလာပြီးဖြစ်ပြီး
ခန္တာကိုယ်ကချေဖျက်နိုင်တဲ့ ကယ်လိုရီကိုမတွက်ချက်ပဲ ငယ်စဉ်တုန်းက စားသလို GYM သွားခဲ့တုန်းက စားသလို့ protine(အသားဓာတ်)များများစားခဲ့ပါတယ်
carbonhydrate(ကဆီဓာတ် ဉပမာ ဆန်ဂျုံပြောင်း)စတာတွေလျှော့ခဲ့ပါတယ်
အသားဓာတ်များများစားတာဟာ သူနဲ့အတူ အဆီ(fat)ကိုပါစားသုံးသလိုဖြစ်ပြီး အသားဓာတ်ထက်အဆီဓာတ်တွေကပိုစုလာပါတယ်
carbonhydrateလျှော့လိုက်တော့ အဲဒီကရမဲ့ဘီတာမင်ကိုအပြည့်မရတော့တဲ့အတွက် စားထားတဲ့အသားဓာတ်ကို ခန္တာကိုယ်ရဲ့လိုအပ်တဲ့နေရာတွေကိုသယ်ဆောင်ပေးမဲ့ဘီတာမင်မလုံလောက်ဖြစ်လာပါတယ်
ဒီတော့ အသားများများစားလည်း ဘီတာမင်မလုံလောက်ရင် အဲဒါတွေကအလဟသဖြစ်ပြီး ပိုပြီးအဆီတက်စေပါသတဲ့
နောက်ပိုင်းလေ့လာကြည့်တဲ့အခါမှ သိလာခဲ့တာဖြစ်ပါတယ်
ဒါကြောင့်သစ်သီးအပါအဝင် အသီးအရွက်တွေလည်း စားသုံးဖို့လိုအပ်ပါတယ်
အဲလိုအမှားတွေကြောင့် ခန္တာကိုယ်က တရိပ်ရိပ်နဲ့ဝိတ်ကတက်လာတော့တာပေါ့
အဆိုးဆုံးက ဗိုက်နဲ့ကျောပြင်မှာ အဆီစုတာပေါ့နော်
မိန်းကလေးများအမုန်းဆုံးပုံစံပေါ့
ဆိုတော့အပေါ်မှာပြောခဲ့တဲ့ ကျမအတွက်တော့ ၁၄၅၀ ကယ်လိုရီကို PFC balance ညီအောင်စားဖို့ဆိုတာလိုလာပါတယ်
P ဆိုတာ Protine(အသားဓာတ်)
F က fat (အဆီ)
C က carbonhydrate(ကဆီ)
အသားဓာတ် ၂၀% + အဆီ ၃၀% + ကဆီ ၅၀% က သင့်တင့်တဲ့ ပမာဏလို့ ဆိုထားပါတယ်
အခုပြောတဲ့ဝိတ်ချနည်းအတွက် နံပါတ် ၁ ကိုယ့်ရဲ့ချေဖျက်နိုင်တဲ့ကယ်လိုရီကို သိအောင်လုပ်ပါ
အောက်က URL ကနေ တွက်နိုင်ပါတယ်
https://keisan.site/exec/system/1161228736
နံပါတ် ၂ တနေ့တာ စားသုံးတဲ့အစားအစာတွေရဲ့ကယ်လိုရီကိုသိဖို့လိုတယ်ကယ်လိုရီတွက်နည်း အောက်က URL မှာကြည့်ပါ
https://www.tanita.co.jp/magazine/column/4861/
အဲလိုတွေ တခုချင်းစီလိုက်တွက်ဖို့ခက်ရင် app သုံးပါ
asuken ဆိုတဲ့ app ကို ကျမသုံးပါတယ်
စားသမျှ သူ့ထဲမှာထည့်လိုက်ရင် တနပ်ကိုဘယ်လောက်ကယ်လိုရီစားတယ်ဆိုတာရယ် PFC balance တခါတည်းတွက်ပေးတယ်
မြန်မာဟင်းဆိုရင်တော့ သူ့မီနူးထဲမှာမရှိလို့ ကိုယ့်ဘာသာကိုတွက်မှ ရမယ်ထင်ပါတယ်
အရင်ကဆို ဒါလေးကလည်းခန္တာကိုယ်အတွက်ကောင်းတယ် ဟိုဟာလေးကလည်းလိုအပ်တယ်ဆိုပြီး စားခဲ့သမျှ အကုန်အဆီတွေပဲတက်ခဲ့တယ်
asuken က ဟင်းချက်စာအုပ်ပါထုတ်ထားလို့ အဲဒီထဲကအတိုင်းချက်တယ်
တခါတည်း ကယ်လိုရီတွက်ပြီးသားဖြစ်လို့ သူပေးထားတဲ့ပမာဏအတိုင်းချက်လိုက်ရင် အဟာရပိုင်းအတွက်လည်း ပူစရာမလို
အကယ်လို့ အပြင်စာတွေစားဖြစ်တဲ့နေ့ဆိုလည်း ကိုယ်စားထားတာပုံမှန်ထည့်သွားရင် လိုနေတဲ့ဘီတာမင်အတွက် သူကအကြုံပြုပေးတယ်
ဘီတာမင် မလုံလောက်တာသိသော်လည်း ဘာစားရမှန်းမသိတာတွေဖြစ်တတ်တယ်
သူကတော့ ဘီတာမင် B1 အတွက် ဝက်သားစားပေးပါ စသဖြင့် တိကျတဲ့စားစရာနဲ့တကွ အကြုံပြုပေးတယ်
asukenနဲ့တွေ့မှာ ကျန်းမာရေးဗဟုသုတအရင်ကထက်ဆာရင် ပိုတိုးလာတယ်လို့ ထင်မိတယ်
ဝါသနာအရရေးမိခြင်းပါ အားလုံးအတွက်ဗဟုသုတဖြစ်ရင်ကျေနပ်ရပါတယ်
တခါတလေ နိုင်ငံခြားဘာသာစကားတတ်မြောက်ထားခြင်းရဲ့ အကျိုးကျေးဇူးတွေဟာ ပြောလို့ကုန်မယ်မထင်ပါဘူးနော် ဂျပန်စကားသာတတ်မြောက်မထားခဲ့သော် ဒီလိုမျိုးတွေသိခွင့်ရပါမလားလို့လေ
15/01/2026
ဂျပန်စကားပြောကောင်းလာဖို့
ဂျပန်စကား ပြောမထွက်ဘူး သူများပြောနေရင်လည်း တဝက်လောက်ပဲနားလည်တယ်
ဒါကဘာဖြစ်လို့လဲဆိုတော့
စကားလုံးမကြွယ်ဝတာပါ
အခုနောက်ပိုင်းလေ့လာသူတွေဟာ စာမေးပွဲအောင်ဖို့ပဲဦးစားပေးတော့ စာမေးပွဲအတွက်ပြဌာန်းထားတဲ့ ဖတ်စာအုပ်နဲ့သင်ပြီးသွားတယ် မေးခွန်းဟောင်းတွေအထပ်ထပ်လေ့ကျင့်လိုက်ရင် အဲဒီလယ်ဘယ်ပြီးသွားပြီလို့ထင်နေတတ်ကြတယ်
ဒါကြောင့် ပြင်ပဗဟုသုတအားနည်းပြီး ပြင်ပမှာလက်တွေ့သုံးနေတဲ့စကားတွေနဲ့ကျင့်သားမရကြဘူး
နေ့စဉ်အလာဘသလာဘပြောတဲ့အခါ မသိတဲ့စကားလုံးတွေအများကြီးထွက်လာပြီး ဘာပြောနေမှန်းမသိတွေဖြစ်ကုန်တော့တာပေါ့
ဟိုးအရင် ကျမရဲ့ Youtube ဗီဒီယိုတွေမှာ စကားပြောကောင်းအောင် ဂျပန်ကာတွန်းကားကြည့်ဖို့တွေကိုလမ်းညွှန်ခဲ့ဖူးတယ်
ဂျပန်ရောက်နေတဲ့သူတွေအတွက်ကတော့ ဂျပန်သတင်းတွေကြည့်စေချင်တယ်
တီဗီကနေဖြစ်ဖြစ် Youtube ကနေဖြစ်ဖြစ် ကြည့်လို့ရပါတယ်
နေ့တဓူဝဖြစ်နေတဲ့အကြောင်းတွေကိုပဲ သတင်းလွှင့်တာဖြစ်လို့ အကြောင်းအရာသိပြီးကောင်းသိလိမ့်မယ် သို့သော်ဂျပန်လိုပြောသွားတာကိုအတုယူနိုင်မယ် မှတ်ထားနိုင်မယ်
ဒီလိုတခါလောက်ကြည့်လိုက်ပြီး ဂျပန်စကားတွေမွှတ်ထွတ်သွားမယ်လို့တော့ မထင်ပါနဲ့
နေ့စဉ်အလေ့အကျင့်တခုလို့ကြည့်နေဖို့လိုပါတယ် စိတ်ပါဝင်စားစွာနဲ့ကြည့်ဖို့လိုပါတယ်
စကားလုံးတွေကို ဘယ်လောက်နားလည်လိုက်လဲ ပြန်လည်စမ်းစစ်ဖို့လိုပါတယ်
ဒီလိုတစိုက်မတ်မတ် အချိန်ပေးမယ်ဆိုရင် ကာလအတိုင်းအတာတခုလောက်ရောက်လာတဲ့အခါမှာ ကိုယ်ပြောနိုင်တဲ့ဂျပန်စကား သိသာပြောင်းလဲသွားတယ်ဆိုတာ ကိုယ်ကိုယ်တိုင်ခံစားရပါလိမ့်မယ်
ဂျပန်သတင်းတွေကို မြန်မာလိုဖေါ်ပြပေးနေတဲ့နေရာအချို့လည်းရှိတဲ့အတွက် သတင်းသိချင်ရုံတစ်ခုတည်းအတွက်ဆိုရင်တော့ အဲလိုနေရာတွေမှာကြည့်လည်းရပါတယ်
ဒီမှာက ဂျပန်စကားပြောတိုးတက်ဖို့အတွက် အဓိကပြောတာဖြစ်ပါတယ်
အချို့ကတော့ စကားတွေအများကြီးပြောနိုင်ပါတယ်
ဒါပေမဲ့ ဆိုလိုရင်းအဓိပ္ပါယ်ကို ထိထိမိမိပြောနိုင်တဲ့ပြောပုံမျိုးမဟုတ်တော့ ဘေးကနားထောင်သူတွေက နားမလည်ကြပါဘူး
ကာယကံရှင်တစ်ယောက်တည်းကသာ ကိုယ့်ဘာသာကိုယ်စကားပြောနိုင်တယ်လို့ ထင်နေတာမျိုးရှိတတ်တယ်
ဒါကလည်း သဒ္ဒါမမှန်တာရယ် စကားလုံးမကြွယ်ဝတာရယ်ကြောင့်ဖြစ်ပါတယ်
ဒီလိုလူတွေလည်း ဂျပန်လိုပြောပြီးထုတ်လွှင့်တဲ့ အစီအစဉ်တခုခုကိုကြည့်သင့်ပါတယ်
နောက်ကနေ လိုက်ပြောသင့်ပါတယ် (Shadowing လုပ်သလိုမျိုးပေါ့)
ဒါဆို သူ့အလိုလို ကိုယ်ဘာတွေမှားနေပြီး တကယ်တမ်းဂျပန်လူမျိုးတွေက ဒီလိုအကြောင်းအရာကို ဒီလိုပြောပုံမျိုးနဲ့ပြောပါသလားဆိုတာတွေနားလည်လာမယ်
မြန်မာလိုပြောနေတဲ့အကြောင်းအရာတိုင်းကို တခါတလေကြတော့ တိုက်ရိုက်ဂျပန်လိုဘာသာပြန်လို့မရတာရှိတယ်
လယ်ဘယ်မြင့်လေ အဲဒါမျိုးတွေက ပိုများလာလေဖြစ်တယ်
ဂျပန်လိုပြောပုံပြောနည်းကို မသိနေရင်
ဆိုလိုချင်တာကို ဘယ်တော့မှပုံပေါ်အောင်မပြောတတ်ဘူးဖြစ်တတ်တယ်
ဘာပဲဖြစ်ဖြစ်ပါ ဂျပန်စကားနဲ့အသက်မွေးဝမ်းကြောင်းပြုတော့မယ်ဆိုရင် တော့ ဘက်ပေါင်းစုံကနေလေ့လာတာက အကောင်းဆုံးပါပဲနော်
14/01/2026
နေရာ : အိုဆာကာ၊ တိုကျို၊ ဖုကုအိ
စားသောက်ဆိုင် (ホール&キッチン)
Visa : Tokutei ginou
လစာ - 300,000¥~ 250,000¥
စကားပြော N3 Level
※ဂျပန်ပြည်တွင်းနေထိုင်သူများသာ
စိတ်ဝင်စားသူများအောက်ပါလင့်ကနေဆက်သွယ်ပါ
အလုပ်အကိုင်အတွက်အောက်ပါ Line account တခုတည်းမှာသာလက်ခံဆောင်ရွက်ပေးပါသည်
https://lin.ee/L1m0KQU
07/01/2026
Building Cleaning Tokutei အဆင့်၂
စာမေးပွဲအောင်မြင်ထားသူ ဆက်သွယ်နိုင်ပါတယ်ရှင့်
မနေ့ကတင်ထားတဲ့ ဓာတ်ပုံလိုင်းအကောင်းကနေဆက်သွယ်ပေးပါ
06/01/2026
Work Visa နဲ့ဂျပန်လာပြီး ဂျပန်ရောက်ခါမှအလုပ်ရှာလို့ရလား
အရင်ကဒီလိုမျိုးအမေးခံရရင် အဲဒီမေးခွန်းရဲ့အဓိပ္ပါယ်ကိုတကယ်နားမလည်ခဲ့ဘူး ဒါကြောင့်ပြန်လည်တုန့်ပြန်ခြင်းမပြုခဲ့ဘူး
ဘာဖြစ်လို့လဲဆိုတော့ ဂျပန်မှာအလုပ်လုပ်ဖို့အတွက် အလုပ်ခန့်တဲ့သူရှိမှပဲဗီဇာလျှောက်လို့ရပါတယ်
ဒါက အလုပ်ဗီဇာအကုန်လုံးအတွက်ဖြစ်ပါတယ်
Work Visa, Tokutei Ginou Visa, Training Visa အားလုံးဖြစ်ပါတယ်
Work Visa ကတော့ အလုပ်ခန့်တဲ့ကုမ္ပဏီရဲ့ခိုင်မာမှုတခုတည်းကိုကြည့်ပြီး ဗီဇာခွင့်ပြုပေးတဲ့အတွက်လျှောက်ရလွယ်တယ်
ဒါကိုအလွဲသုံးစားလုပ်ကြတယ် ဗီဇာလျှောက်ပေးတယ် ပိုက်ဆံအများကြီးတောင်းတယ် ပြီးတော့အလုပ်တော့မပေးဘူး
တကယ်အလုပ်ပေးတဲ့ကုမ္ပဏီဆိုရင် ဝန်ဆောင်ခ ၁ယန်းမှတောင်ပေးစရာမလိုပါဘူး
၂၀၁၈-၂၀၁၉ ကျမမြန်မာပြည်မှာနေစဉ်တုန်းက ဒီလိုမျိုးမိတ်ဆက်ပေးခဲ့ဖူးပါတယ် ဝန်ဆောင်ခ ၁ယန်းမှတောင်မယူခဲ့ပါဘူး
ကုန်ကျစရိတ်အားလုံးကို ဂျပန်ကုမ္ပဏီဘက်ကအကုန်ကျခံပေးပါတယ်
ဂျပန်မှာအလုပ်ရဖို့က ဟိုးအရင်အရင်ပြောခဲ့ဖူးသလိုပဲ ဂျပန်စကားအဓိကဖြစ်ပါတယ်
မြန်မာနိုင်ငံကနေခေါ်ယူတဲ့အခါမှာအင်တာဗျူးတဲ့ဂျပန်စကားနဲ့ ဂျပန်မှာအင်တာဗျူးတဲ့ဂျပန်စာလယ်ဘယ်တောင်မတူပါဘူး
လစာကောင်းရင်ကောင်းသလို ကုမ္ပဏီကြီးမားရင်ကြီးမားသလို အခွင့်ရေးများရင်များသလို ကုမ္ပဏီဘက်က သေသေချာချာစစ်ဆေးပါတယ်
တော်ရုံလယ်ဘယ်နဲ့အလုပ်မရကြပါဘူး ဒါကဂျပန်ပြည်တွင်း အလုပ်ပြောင်းကြတဲ့လူတွေလည်း အတူတူပါပဲရှင့်
တချို့ကကြတော့ Work Visa အစွဲရှိကြတယ်
အခု Work Visa မိုလို့ Work Visa ကိုပဲပြောင်းချင်တယ်ဆိုတာမျိုးလည်းရှိတယ်
သို့သော် ကုမ္ပဏီတစ်ခုမှာ Work Visa နိုင်ငံခြားသားက အများကြီးမလိုအပ်ပါဘူး
သူက စီမံအုပ်ချုပ်သူလယ်ဘယ်ဖြစ်ပြီး လုပ်သားလယ်ဘယ်မဟုတ်လို့ပါ
သူ့ကို တောက်တိုမယ်ရအလုပ်လည်းခိုင်းခွင့်မရှိဘူး(ဉပဒေအရ)
လုပ်ငန်းရှင်တွေဘက်ကလိုတာက အောက်ခြေသိမ်းအကုန်လုပ်နိုင်မဲ့လုပ်သားမျိုးဖြစ်လို့ Tokutei Ginou ကပိုပြီးကိုင်တွယ်ရလွယ်ကူပါတယ်
ဒါကြောင့် အရင်က Work Visa သမားတွေ ညီးတွားကြတာကြားဖူးတယ်
Tokutei လောက်တောင် လစာမရဘူးဆိုတာ
ဟုတ်တယ် Tokutei ဆိုရင် အကုန်လုံးခိုင်းလို့ရလို့ ပုံမှန်အလုပ်ချိန်အပြင် အချိန်ပိုတွေအများကြီးရတယ်
ဉပမာ စားသောက်ဆိုင်ဆိုရင် ပုံမှန်လစာ ယန်း ၂၁.၅သောင်း အိုဗာတိုင်နာရီ ၃၅လောက် ပေါင်းလိုက်ရင် လစာက ၂၈သောင်းလောက်ဖြစ်သွားတယ်
ဘာပဲဖြစ်ဖြစ်ပါ Work Visa နဲ့ပဲနေနေ Tokutei နဲ့ပဲနေနေ သူ့လယ်ဘယ်နဲ့ကိုက်ညီတဲ့ ဂျပန်စာလယ်ဘယ်မရှိရင်တော့ အလုပ်ရဖို့လဲခဲယဉ်းနေပါလိမ့်မယ်