18/02/2025
မူလတန်းကလေး တွေ အတွက် သင်္ချာက ဘာလို့ အရေးကြီးတာလဲ။
သင်္ချာဘာသာရပ်က ကလေးတွေအတွက် အခြေခံကျတဲ့ ဘာသာရပ်တစ်ခုဖြစ်ပြီး လက်တွေ့ဘဝမှာကော နေ့စဉ်ဘဝမှာပါ အရေးကြီးတဲ့ ဘာသာရပ်တစ်ခုပဲဖြစ်ပါတယ်။ ဘာကြောင့်အရေးကြီးသလဲဆိုတာကို သိသလောက် ရှာဖွေထားသလောက် ပြောပြ ပေး ချင်ပါတယ်။
📖 Foundation skills
သင်္ချာဘာသာရပ်က အလယ်တန်း၊ အထက်တန်း နဲ့ အဆင့်မြင့်ပညာရပ်တွေ လေ့လာရာတွင် လွန်စွာ အရေးပါ ပါတယ်။ ငယ်စဉ်ကတည်းက သင်္ချာအခြေခံပါလာမှ အဆင်မြင့်ပညာရပ်တွေကို သင်ယူရာတွင် အထောက်အကူပြုနိုင်ပြီး အလုပ်အကိုင် တွေမှာ အောင်မြင်လာမှာ ဖြစ်ပါတယ်။
📖 Problem-solving, critical thinking and logical thinking skills
သင်္ချာဘာသာရပ်မှာ ပါဝင်တဲ့အယူအဆ တွေ အမြင်သဘောတရားတွေက ကလေးတွေရဲ့ ယုတ္တိကျပြီး စနစ်တကျ စဉ်းစားတွေးခေါ်မှု တွေ၊ ပြဿနာတွေကို ခွဲခြမ်းစိတ်ဖြာပြီး ဖြေရှင်းနိုင်စွမ်းတွေ မြှင့်တင်ပေးပါတယ်။ သင်္ချာဘာသာရပ်အတွေးအခေါ်တွေက နေ့စဉ်ဘဝအတွက်လည်း များစွာ အထောက်အကူဖြစ်လာမှာပဲ ဖြစ်ပါတယ်။
📖 Application in daily life
သင်္ချာဘာသာရပ်က နေရာတိုင်းမှာ နေ့တိုင်း သုံးနေရပါတယ်။ ကလေးတွေက အချိန်တွေကို ပြောတာပဲဖြစ်ဖြစ်၊ ကစားစရာ တွေကို ဝေမျှကစားတဲ့အခါမှာပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်မှာ ရှ်ိတဲ့ ပုံသဏ္ဍန်တွေကို ပြောပြတဲ့အခါမှာပဲဖြစ်ဖြစ်၊ အရာဝတ္ထုတွေကို ရေတွက်တဲ့အခါမှာပဲ ဖြစ်ဖြစ်၊ ငွေကြေးရေတွက်တဲ့အခါမှာပဲဖြစ်ဖြစ် သင်္ချာကို အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။
📖 Confidence and Positive Attitude
ကလေးတွေက ငယ်စဉ်ကတည်းက သင်္ချာဘာသာရပ်ကို စိတ်ဝင်စားအောင် ပြုစုပျိုးထောင်ပေးခံခဲ့ရရင် သင်္ချာဘာသာရပ်မှာ ပျော်ရွှင်လာပြီး ထူးချွန်လာမှာပဲ ဖြစ်ပါတယ်။ အဲ့ကနေမှ တစ်ဆင့် သင်္ချာဘာသာရပ်မှာ ယုံကြည်မှုရှိလာမှာပဲ ဖြစ်ပါတယ်။ ထိုကနေမှ တစ်ဆင့် သင်္ချာဘာသာရပ်ကို နှစ်သက်လာပြီး အဆင့်မြင့်ပညာရပ်တွေကို သင်ယူရာတွင် ပိုမို လွယ်ကူလာမှာပဲ ဖြစ်ပါတယ်။
သင်္ချာဘာသာရပ်က အချက်အလက်တွေ၊ ပုံသေနည်းတွေကို မှတ်ရုံသက်သက်မဟုတ်ဘဲ ပတ်ဝန်းကျင်ကို နားလည်နိုင်တဲ့ မရှိမဖြစ် skills တွေကို ဖွံ့ဖြိုးစေတဲ့ဘာသာရပ်ဖြစ်ပါတယ်။ ထို့ကြောင့်ပင် ကလေးတွေကိုယ်စဉ်ကတည်းကပင် သင်္ချာဘာသာရပ်ကို ထူးချွန်အောင် လေ့ကျင့်သင်ကြားပေးသင့်ပါတယ်။