S.I.E English Language Centre ,Kalaw

S.I.E English Language Centre ,Kalaw “Welcome to our centre! From Zero to IELTS — learn with fun, achieve with Success In English.” "A warm welcome to our centre!

Let’s begin your journey from Zero to IELTS — learning made fun, learning made successful with Success In English.”

Today Activities. S.I.E English Language Centre ,Kalaw က​လေး​တွေ ကြံခိုင်သန်းစွမ်း​စေဖို့ ၊ Team work ​ကောင်း​စေဖို့ ၊ ​...
19/07/2026

Today Activities.
S.I.E English Language Centre ,Kalaw
က​လေး​တွေ ကြံခိုင်သန်းစွမ်း​စေဖို့ ၊ Team work ​ကောင်း​စေဖို့ ၊ ​ပေါင်းသင်းဆက်ဆံ​ရေး​ကောင်းမွန်တိုးတက်​စေဖို့ လှုပ်ရှားမှု​လေး​တွေပါ။

အ​ခြေခံပညာ​ရေးအတွက် ​နောက်ဆုံး အဆုံးအဖြတ် စာ​မေးပွဲမှာ အ​ကောင်းဆုံး​တွေ ဖန်တီးနိုင်ဖို့ ကျွန်​တော်တို့ နဲ့ တူတူ ​လျှောက်...
16/07/2026

အ​ခြေခံပညာ​ရေးအတွက် ​နောက်ဆုံး အဆုံးအဖြတ် စာ​မေးပွဲမှာ အ​ကောင်းဆုံး​တွေ ဖန်တီးနိုင်ဖို့ ကျွန်​တော်တို့ နဲ့ တူတူ ​လျှောက်လမ်းဖို့ ဖိတ်​ခေါ်ပါတယ်။
လာ​ရောက်​မေးမြန်းစုံစမ်း​သော မိဘများအတွက် သတင်း​ကောင်းပါး လိုက်ပါတယ်။
ဒီနှစ်မှာ​တော့ Grade 12 ​ကျောင်းသူ / သား များအတွက် သီးသန့် ဘာသာစုံ စာကျက်ဝိုင်း မရှိ​သေး​ပေမယ့် Grade 12 ကို တက်​ရောက်မည့် ​​ကျောင်းသူ/ သားများအတွက် ​အ​ခြေခံ​ကောင်းမွန်​စေ​ရေး အတွက် Grade 11 ဘာသာစုံ စာကျက်ဝိုင်းအား ဖွင့်လှစ် သင်ကြား​ပေးလျက်ရှိ​ကြောင်း သတင်း​ကောင်းပါးအပ်ပါတယ်။
အင်္ဂလိပ်စာ အ​​ခြေခံ ရရှိ​စေ​ရေးအတွက် Grammar သင်ရိုး နှင့် English 4 skills သင်ရိုးများကိုပါ ထည့်သွင်း သင်ကြား​ပေးပြီး ဝါရင့် ဆရာ ဆရာမ များမှ အ​ကောင်းဆုံး ကူညီပံ့ပိုး သင်ကြား​ပေးလျက် ရှိ​သော​ကြောင့် Grade 12 စာ​မေးပွဲအတွက် အ​ကောင်းဆုံး ပြင်ဆင်​ပေးလျက် ရှိပါသည်။
​မေးမြန်းစုံစမ်းရန်
S.I.E English Language Centre ,Kalaw
09 429 039 470
09 780 800671

Pay Attention Please!အသက် ၈ နှစ် အထက် က​လေးများ အတွက် YLE အတန်းသစ်​လေးကို ဖွင့်လှစ်လိုက်ပါပြီ။မိဘများ၏ ​​​တောင်းဆိုမှု​က...
06/07/2026

Pay Attention Please!
အသက် ၈ နှစ် အထက် က​လေးများ အတွက် YLE အတန်းသစ်​လေးကို ဖွင့်လှစ်လိုက်ပါပြီ။
မိဘများ၏ ​​​တောင်းဆိုမှု​ကြောင့် ည​နေပိုင်း အတန်းသစ်​လေးကို ဖွင့်လှစ်လိုက်ပါပြီ။
သင်တန်းအမျိုးအစား - Fun For Starters
သင်တန်းချိန် - 4 :00 - 5:30 (PM)
သင်တန်း​ရက် - တင်္နလာ​​နေ့ မှသောကြာ​နေ့ ထိ
သင်တန်း​ကြေး - ၇ သောင်းကျပ်(လစဥ်)
သင်ကြား​ရေးစာအုပ် - ၂၀၀၀၀ ကျပ် ( one course)
သင်တန်း​နေရာ - ၄/၁၅၅ ၊ သီတာဦးလမ်း ၊ က​လောမြို့
ဆက်သွယ်ရန်
- 09 429039470
- 09 780800671
- 09 428143402
S.I.E English Language Centre ,Kalaw

သို့ကျောင်းသူ/ကျောင်းသားများ၏ မိဘများခင်ဗျာ...ယခုအချိန်တွင် Cambridge Exam Result များကို မိဘများနှင့် ကျောင်းသား/ကျောင်...
24/06/2026

သို့
ကျောင်းသူ/ကျောင်းသားများ၏ မိဘများခင်ဗျာ...
ယခုအချိန်တွင် Cambridge Exam Result များကို မိဘများနှင့် ကျောင်းသား/ကျောင်းသူများ အားလုံးနီးပါး သိရှိပြီးဖြစ်မည်ဟု ယူဆပါသည်။

ဖြေဆိုသူအချို့မှာ အမှတ်ပြည့်များ ရရှိခဲ့ကြသလို၊ အချို့သော ဖြေဆိုသူများမှာလည်း လိုအပ်ချက်အနည်းငယ်ကြောင့် မျှော်မှန်းထားသည့် ရလဒ်များနှင့် လွဲချော်မှုအချို့ ရှိခဲ့ကြပါသည်။

Cambridge English Qualifications Exam များသည် ကျောင်းသား/ကျောင်းသူများ၏ English Language စွမ်းရည်၊ နားလည်သဘောပေါက်နိုင်မှုတို့ကို အခြေခံ၍ Critical Thinking နှင့် Creative Thinking စွမ်းရည်များကိုပါ အသုံးပြုကာ ဖြေဆိုရသည့် စာမေးပွဲများ ဖြစ်ပါသည်။ ထို့ကြောင့် “ဒါရေး၊ ဒါကျက်၊ ဒါမေး” ဟူသော အလွတ်ကျက်မှတ်ခြင်းကို အဓိကထားသည့် စနစ်များနှင့် အလွန်ကွာခြားပါသည်။
ကျောင်းသား/ကျောင်းသူများ၏ ကြိုးစားအားထုတ်မှု၊ ဘာသာစကားကို စဉ်ဆက်မပြတ် လေ့လာသင်ယူမှုနှင့် တိုးတက်အောင် ဆောင်ရွက်ခဲ့မှုများသည် အမှန်တကယ် ဂုဏ်ပြုထိုက်သည့် အရာများဖြစ်ပါသည်။
ထို့အပြင် Cambridge English Qualifications Exam သည် ရလဒ်တစ်ခုတည်းကိုသာ အလေးထားသည့် စာမေးပွဲမဟုတ်ဘဲ ကျောင်းသား/ကျောင်းသူများ၏ ဘာသာစကားအသုံးချနိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်းနှင့် သင်ယူမှုတိုးတက်မှုကို တိုင်းတာပေးသည့် နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲတစ်ခု ဖြစ်ပါသည်။
Grade A၊ Full Shields များဖြင့် အောင်မြင်မှုရရှိခဲ့သော ကျောင်းသား/ကျောင်းသူများအတွက် ဂုဏ်ယူဝမ်းမြောက်ရသကဲ့သို့၊ ရလဒ်မည်သို့ပင် ဖြစ်စေ မိမိတို့၏ သားသမီးများက အကောင်းဆုံးကြိုးစားခဲ့ကြသည့်အတွက်လည်း မိဘများအနေဖြင့် ဂုဏ်ယူနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။
လေးစားစွာဖြင့်
S.I.E English Language Centre ,Kalaw
Hein Zarni (Founder)
09 780800671

Congratulations all my Movers Candidates!S.I.E English Language Centre ,Kalaw နှင့် Cambridge Exam Centre ABSQ တို့မှ ကြ...
24/06/2026

Congratulations all my Movers Candidates!
S.I.E English Language Centre ,Kalaw နှင့် Cambridge Exam Centre ABSQ တို့မှ ကြီးမှူး၍ ကျင်းပခဲ့​သော နိုင်ငံတကာ အသိအမှတ်ပြု Cambridge English Exam တွင် A1 English Level အား ​အောင်မြင်စွာ ​ဖြေဆို နိုင်ခဲ့ခြင်း​ကြောင့် အားလုံးကို ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။
​ဖြေဆိုခဲ့သူအားလုံး၌ Over all Full Shields ၂ ဦး ရရှိခဲ့​ပါသည်။
​ကျန်ရှိ​သော သားသားမီးမီးတို့၏ ကြိုးစားအားထုတ်မှုကိုလဲ ​ကျောင်းမှ အသိအမှတ်ပြုအပ်ပါသည်။
အရည်အချင်းစစ် စာ​မေးပွဲတွင် နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရရှိခဲ့ခြင်း​ကြောင့် ဂုဏ်ယူ​ပါ​သည် ခင်ဗျာ။
သင်တန်း​ကျောင်းကို ယုံကြည်စွာဖြင့် ပညာသင်ကြား​စေ​သော သားသားမီးမီးတို့၏ မိဘများကိုလဲ ​ကျေးဇူးတက်ရှိပါသည်။

🎉 Congratulations to Our YLE Flyers Candidates!S.I.E English Language Centre ,Kalaw  နှင့် Cambridge Exam Centre ABSQ တိ...
23/06/2026

🎉 Congratulations to Our YLE Flyers Candidates!

S.I.E English Language Centre ,Kalaw နှင့် Cambridge Exam Centre ABSQ တို့မှ ကြီးမှူးကျင်းပ​သော Cambridge English Qualifications တွင်
YLE Flyers Examination
ကို ဖြေဆိုခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ (၁၃) ဦးအားလုံး ​အောင်မြင်စွာ​​ဖြေဆိုနိုင်ခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုအပ်ပါသည်။
​ကျောင်းသား အားလုံးထဲ၌ -
🌟 Overall Full Shields – (၃) ဦး ပါဝင်ခဲ့ပြီး
🌟 Speaking Full Shields – (၁၃) ဦး
🌟 Listening Full Shields – (၇) ဦး
🌟 Reading & Writing Full Shields – (၄) ဦး ရရှိခဲ့ပါသည်။
ဤအောင်မြင်မှုသည် ​ကျောင်းသူ/ သား တို့၏ ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လနှင့် သင်ယူလိုစိတ်တို့၏ ရလဒ်ကောင်းတစ်ခုဖြစ်ပါသည်။

ယခုရရှိခဲ့သော အောင်မြင်မှုကို အခြေခံ၍ လာမည့် Cambridge KET for Schools (KETs) Level တွင် ယခုထက်ပိုမိုကောင်းမွန်သော ရလဒ်များ ရရှိစေရန် ဆက်လက်ကြိုးစားသွားကြပါစို့။

Keep learning, keep growing, and keep shining! ✨



🎉 Congratulations! 🎉S.I.E English Language Centre (Kalaw) နှင့် Cambridge Exam Centre (ABSQ) တို့ ပူးပေါင်းကြီးမှူး၍ ကျင...
23/06/2026

🎉 Congratulations! 🎉

S.I.E English Language Centre (Kalaw) နှင့် Cambridge Exam Centre (ABSQ) တို့ ပူးပေါင်းကြီးမှူး၍ ကျင်းပခဲ့သော နိုင်ငံတကာ အင်္ဂလိပ်ဘာသာ အရည်အချင်းစစ်စာမေးပွဲဖြစ်သည့် Cambridge English Qualifications Exam တွင် KET Level ၌ ထူးချွန်ပြောင်မြောက်စွာ Grade A ဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသူ (၂) ဦးအား အထူးဝမ်းမြောက်ဂုဏ်ပြုအပ်ပါသည်။

ဤအောင်မြင်မှုသည် စဉ်ဆက်မပြတ် လေ့လာကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လနှင့် စိတ်အားထက်သန်မှုတို့၏ အကျိုးရလဒ်တစ်ရပ်ဖြစ်ပါသည်။ ယခုရရှိခဲ့သော အောင်မြင်မှုမှအစပြု၍ ပိုမိုမြင့်မားသော ပန်းတိုင်များကို ဆက်လက်ရရှိကာ ပညာရေးနှင့် ဘဝခရီးလမ်းတစ်လျှောက် ထူးချွန်အောင်မြင်မှုများစွာကို ဆက်လက်ဆွတ်ခူးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

🌟 Heartiest Congratulations on your outstanding achievement! 🌟

S.I.E English Language Centre ,Kalaw
Hein Zarni ( Founder)
09-780800671
09 429039470

🎉 Cambridge English စာမေးပွဲ အောင်မြင်မှုများ 🎉S.I.E English Language Centre မှ ကျောင်းသား/ကျောင်းသူများ၏ Cambridge Engl...
22/06/2026

🎉 Cambridge English စာမေးပွဲ အောင်မြင်မှုများ 🎉

S.I.E English Language Centre မှ ကျောင်းသား/ကျောင်းသူများ၏ Cambridge English စာမေးပွဲ အောင်မြင်မှုများကို ဂုဏ်ယူဝမ်းမြောက်စွာ မျှဝေအပ်ပါသည်။
KETs Exam ( Key For Schools English Test) တွင် -

🏆 Grade A – ၂ ဦး 🏅 Grade B – ၁ ဦး 🎖️ Grade C – ၃ ဦး တို့အပြင်
Cambridge ၏ ပိုမိုမြင့်မားသော အဆင့်စာမေးပွဲဖြစ်သည့် PET (Preliminary English Test) တွင်လည်း Grade C ဖြင့် အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူ ၂ ဦး ရှိခဲ့ပါသည်။ 👏

🌟 ​နောက်ထပ် Cambridge Exam Test ​ဖြေဆိုရာတွင်​ကျောင်းသား/ကျောင်းသူ ၂ ဦးမှာလည်း A1 Level သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြပါသည်။

အောင်မြင်မှုတိုင်းသည် ကြိုးစားအားထုတ်မှု၏ ရလဒ်ဖြစ်ပြီး အဆင့်တစ်ဆင့်ချင်းစီ တိုးတက်လာခြင်းသည်လည်း အောင်မြင်မှုတစ်ခုဖြစ်ပါသည်။

ကျောင်းသား/ကျောင်းသူအားလုံး၏ ဇွဲလုံ့လ၊ ကြိုးစားမှုနှင့် သင်ယူလိုစိတ်တို့အတွက် အထူးဂုဏ်ယူပါသည်။ ရှေ့ဆက်၍ ပိုမိုကြီးမားသော အောင်မြင်မှုများကို ဆက်လက်ဆွတ်ခူးနိုင်ကြပါစေ။ ✨

"သင်ယူမှုခရီးလမ်းမှာ ရောက်ရှိနေတဲ့ အဆင့်တိုင်းဟာ ဂုဏ်ယူစရာ အောင်မြင်မှုတစ်ခုပါ။"
" ဘဝလမ်းတစ်​​​​လျှောက် ​နောက်ထပ် ​ကောင်းမွန်​သော ​အောင်မြင်မှုများ ဒီထက်မက ဆွတ်ခူးနိုင်ပါ​စေ "လို့ ဆုမွန်​ကောင်း ​တောင်း​ပေးလိုက်ပါတယ်။
S.I.E English Language Centre ,Kalaw
Hein Zarni ( Founder)
09 780800671

Congratulations all my students.S.I.E English Language Centre ,Kalaw နှင့် Cambridge Exam Centre ABSQ တို့မှ ပူး​ပေါင်းက...
22/06/2026

Congratulations all my students.
S.I.E English Language Centre ,Kalaw နှင့် Cambridge Exam Centre ABSQ တို့မှ ပူး​ပေါင်းကျင်းပ​သော နိုင်ငံတကာ အသိအမှတ်ပြု အင်္ဂလိပ်စာ အရည်အချင်းစစ် စာ​မေးပွဲ Cambridge English Qualification တွင် PETs Exam - Preliminary English Test ( အဆင့်မြင့် အရည်အချင်းစစ် စာ​မေးပွဲ) အား ​​အောင်မြင်စွာ ​​ဖြေဆိုနိုင်ခဲ့သည့် အတွက် ဂုဏ်ယူဝမ်း​​​မြောက်စွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။
နိုင်ငံတကာ အသိအမှတ်ပြု English Level B1 ရရှိခဲ့ပြီး ​နောင်တစ်ချိန်တွင် မိမိဘဝတက်လမ်းများတွင် ဒီထက်မက ​အောင်မြင်ပါ​စေ​ကြောင်း ဆုမွန်​ကောင်း ​တောင်း​ပေးလိုက်ပါတယ်ဗျာ။
S.I.E English Language Centre ,Kalaw
Hein Zarni Thein ( Founder)
09 780 800671

20/06/2026

သမီး​တော် အတန်း......

Address

Thidar Oo Street
Kalaw

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 20:00
Friday 08:00 - 19:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+959780800671

Website

Alerts

Be the first to know and let us send you an email when S.I.E English Language Centre ,Kalaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to S.I.E English Language Centre ,Kalaw:

Shortcuts

Share