18/08/2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ၁၇-၈၂၀၂၆(တနင်္လာနေ့)
✨ အသိလိမ္မာတိုးပွားရေးနှင့် စည်းကမ်းထိန်းသိမ်းရေး အစီအစဉ် ✨
“သားတို့ သမီးတို့ရဲ့ အနာဂတ်ပန်းတိုင်လှပဖို့ အခြေခံအုတ်မြစ်ကောင်းတွေကို စတင်ပျိုးထောင်ပေးနေပါတယ်” 🌱
အောင်မြင့်မြတ်ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူလေးများ အပတ်စဉ် စည်းကမ်းစနစ်တကျရှိစေရန်နှင့် အကျင့်စာရိတ္တကောင်းမွန်သော အသိလိမ္မာရတနာလေးများ ဖြစ်လာစေရန် ရည်ရွယ်၍ အလှည့်ကျဆရာမများမှ ဆုံးမစကားများနှင့် သင်ခန်းစာရစရာ ပုံပြင်လေးများကို ပြောကြားပေးသည့် အစီအစဉ်လေးကို တင်ဆက်ပေးနေတာဖြစ်ပါတယ်ရှင်။ 📚✨
ဒီတစ်ပတ်ရဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းထိန်းသိမ်းရေးအစီအစဉ်မှာတော့...
Grade (5)B-ရဲ့ အတန်းပိုင်ဆရာမ
#ဒေါ်ခင်သီတာဝင်းမှရင်သွေးငယ်လေးတွေအတွက် နားထောင်ရတာလည်းပျော်၊ အသိပညာလည်းတိုးစေမယ့် ဆုံးမစကားများနှင့် ပုံပြင်လေးတွေကို ပြောကြားပေးသွားခြင်းဖြစ်ပါတယ်ရှင်။ ဆရာမ ရဲ့ ပြောကြားချက်တွေကို အတူတူနားဆင်ကြည့်ကြရအောင်နော်...
#အောင်မြင့်မြတ်ကိုယ်ပိုင်အလယ်တန်းကျောင်း
#စည်းကမ်းသည်လူ၏တန်ဖိုး
#အသိလိမ္မာတိုးပွားရေးအစီအစဉ်