School of Technology, KSCU

School of Technology, KSCU Established during spring revolution for CDM students.

ဝင်ခွင့်စာမေးပွဲရက် ထုတ်ပြန်ကြေညာခြင်း***************************************ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၊ နည်းပညာသိပ္...
05/01/2026

ဝင်ခွင့်စာမေးပွဲရက် ထုတ်ပြန်ကြေညာခြင်း
***************************************

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၊ နည်းပညာသိပ္ပံ၏ ၂၀၂၆ ပညာသင်နှစ်အတွက် ဝင်ခွင့်စာမေးပွဲကို ဇန္နဝါရီလ (၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။




KSCU ရှိ ကျောင်းများအားလုံး ခေတ္တပိတ်ထားမည် 📌၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ရှိ ကျောင်းများအာ...
26/12/2025

KSCU ရှိ ကျောင်းများအားလုံး ခေတ္တပိတ်ထားမည် 📌

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်

ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ရှိ ကျောင်းများအားလုံးကို အခြေအနေအရ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်းနှင့် ကျောင်းဖွင့်မည့်ရက်ကို ထပ်မံကြေငြာပေးမည်ဖြစ်ကြောင်း ကျောင်းသား၊ ကျောင်းသူများအားလုံးကို အသိပေးကြေငြာအပ်ပါသည်။


ဝင်ခွင့်စာမေးပွဲ ​ခေတ္တရွေ့ဆိုင်းကြောင်း ကြေညာခြင်း▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️ကချင်ပြည်နယ် ပညာရပ်စုံ တက္ကသိုလ်၊ နည်...
26/12/2025

ဝင်ခွင့်စာမေးပွဲ ​ခေတ္တရွေ့ဆိုင်းကြောင်း ကြေညာခြင်း
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

ကချင်ပြည်နယ် ပညာရပ်စုံ တက္ကသိုလ်၊ နည်းပညာသိပ္ပံ၏ ၂၀၂၆ ပညာသင်နှစ် ဝင်ခွင့်စာမေးပွဲကို ဒေသတွင်းလုံခြုံရေးအခြေအနေများကြောင့် ခေတ္တ ရွေ့ဆိုင်းထားကြောင်း အသိပေးကြေညာအပ်ပါသည်။

ဖြေဆိုရမည့် ရက်၊ အချိန်၊ နေရာတို့ကိုထပ်မံကြေညာပေးမည်ဖြစ်ပါသည်။




ကျောင်းဝင်ခွင့် လျှောက်လွှာလက်ခံရက် တိုးမြှင့်ခြင်းနှင့် ဝင်ခွင့်စာမေးပွဲဖြေဆိုရမည့်ရက် ကြေညာခြင်း▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️...
16/12/2025

ကျောင်းဝင်ခွင့် လျှောက်လွှာလက်ခံရက် တိုးမြှင့်ခြင်းနှင့် ဝင်ခွင့်စာမေးပွဲဖြေဆိုရမည့်ရက် ကြေညာခြင်း

▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် နည်းပညာသိပ္ပံ၏ ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းဝင်ခွင့်လျှောက်လွှာ လက်ခံခြင်းကို (၂၆၊ ၁၂၊ ၂၀၂၅) သောကြာနေ့အထိ သက်တမ်းတိုးမြှင့် လက်ခံသွားမည်ဖြစ်သည်။

ဝင်ခွင့်စာမေးပွဲကို (၂၉၊၁၂၊ ၂၀၂၅) တနင်္လာနေ့ တရက်တည်းသာကျင်းပပြုလုပ်မည်ဖြစ်ပြီး နံနက် (၉:၀၀) နာရီတွင် သင်္ချာဘာသာရပ် နှင့် နေ့လည် (၁:၀၀) နာရီတွင် ရူပဗေဒ ဘာသာရပ်များ ဖြေဆိုရမည်။

မှတ်ချက်။ ယခင် ဝင်ခွင့်ဖြေဆိုရမည့်ရက်ကိုယခင်ကြေညာထားသည့် (၂၇) ရက်မှ (၂၉) ရက် တနင်္လာနေ့သို့ ပြောင်းရွေ့ထားပါသည်။



Civil Engineering First Batch Students’ Survey Project
20/11/2025

Civil Engineering First Batch Students’ Survey Project

ကချင်ပြည်နယ်ပညာရပ်စုံ တက္ကသိုလ်၊ နည်းပညာသိပ္ပံတွင် လျှောက်ထားကြမည့် ကျောင်းသူကျောင်းသားများ သိသာစေရန်-၁။ ဝင်ခွင့်လျှောက်...
19/11/2025

ကချင်ပြည်နယ်ပညာရပ်စုံ တက္ကသိုလ်၊ နည်းပညာသိပ္ပံတွင် လျှောက်ထားကြမည့် ကျောင်းသူကျောင်းသားများ သိသာစေရန်-

၁။ ဝင်ခွင့်လျှောက်လွှာများကို School of Medical Sciences (SMS) ကျောင်းဝန်းအတွင်းရှိ သင်တန်းရေးရာ ဌာနတွင် ထုတ်ယူနိုင်ပါသည်။

၂။ လျှောက်လွှာများကို ၂၈ ၊ ၁၁ ၊ ၂၀၂၅ နောက်ဆုံးထား တင်သွင်းရမည်။

၃။ နယ်ဝေးမှ လျှောက်ထားလိုသူများအနေဖြင့် School of Technology (SOT) ၏ page messenger တွင် လျှောက်လွှာပုံစံများနှင့် လိုအပ်သည့်စာရွက်စာတမ်းများကို ဆက်သွယ်ထုတ်ယူပြီး [email protected] သို့ ပြန်လည်ပေးပို့ရမည်ဖြစ်ပါသည်။

၄။ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA)ကို မြို့နယ်အသီးသီးရှိ Offline Center များတွင် ဖြေဆိုခဲ့သူများ အနေဖြင့် သက်ဆိုင်ရာ မြို့နယ်ပညာရေးဘုတ်အဖွဲ့၏ ထောက်ခံချက်နှင့်အတူ ကျောင်းသား၊ ကျောင်းသူ၏ ဝန်ခံကတိပြုလွှာကိုပါ တင်သွင်းရမည်ဖြစ်သည်။

၅။ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA)ကို Online မှ ဖြေဆိုခဲ့သူဖြစ်ပါက မိမိတက်ရောက်ခဲ့ဖူးသော Online ကျောင်း (သို့မဟုတ်) မြေပြင်ကျောင်း (သို့မဟုတ်) CDM ဆရာ၊ ဆရာမ တဦး၏ ထောက်ခံချက်နှင့်အတူ ကျောင်းသား၊ ကျောင်းသူ၏ ဝန်ခံကတိပြုလွှာကိုပါ တင်သွင်းရမည်ဖြစ်သည်။

၆။ ဝင်ခွင့်စာမေးပွဲအဖြစ် သင်္ချာနှင့် ရူပဗေဒ ဘာသာရပ်များကို ၁၃ ၊ ၁၂ ၊ ၂၀၂၅ နှင့် ၁၄ ၊ ၁၂ ၊ ၂၀၂၅ တို့တွင် School of Technology ၌ ဖြေဆိုရမည်ဖြစ်သဖြင့် အချိန်မီ လာရောက်ရမည်။

၇။ စုံစမ်းမေးမြန်းလိုသည်များရှိပါက School of Technology (SOT) ၏ page messenger နှင့် [email protected] တို့တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Civil Engineering First Batch students’ workshop practice
29/10/2025

Civil Engineering First Batch students’ workshop practice

၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူခြင်း။အောက်ဖော်ပြပါ အချက်အလက်များနှင့် ကိုက်ညီသောသူများသည် က...
28/10/2025

၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူခြင်း။

အောက်ဖော်ပြပါ အချက်အလက်များနှင့် ကိုက်ညီသောသူများသည် ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်တွင် ဝင်ခွင့်လျှောက်လွှာများကို ထုတ်ယူပြီး လျှောက်ထားနိုင်ပါသည်။

(၁) ၂၀၂၅ ခုနှစ် KED အခြေခံပညာအထက်တန်း အောင်မြင်ထားသူဖြစ်ရမည်။ သင်္ချာ နှင့် ရူပ ဗေဒဘာသာရပ်တို့တွင် အနိမ့်ဆုံးရမှတ် (၇ဝ) နှင့် ဓာတုဗေဒ၊ အင်္ဂလိပ်စာတို့တွင် အနိမ့်ဆုံးရမှတ် (၆၀) ရရှိသူများသာ လျှောက်ထားနိုင်ပါသည်။

(၂) (Basic Education Completion Assessment, BECA) အသိအမှတ်ပြုလက်မှတ် ရရှိပြီးသူများသည် သိပ္ပံတွဲ နှင့် ဝိပ္ပံတွဲဖြစ်ရမည်။ ဘာသာရပ်များအနက် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် အင်္ဂလိပ်ဘာသာရပ် တို့တွင် Grade (B) ရရှိရမည်။ မည်သည့်ဘာသာတွင်မှ Grade (D) မပါရပါ။

( ၃ ) နိုင်ငံတကာအသိအမှတ်ပြု စာမေးပွဲများအနက် ( General Education Development, GED ) ဖြေဆို အောင်မြင်သူများ လျှောက်ထားခွင့်ရှိသည်။ သင်္ချာနှင့် သိပ္ပံဘာသာတွဲတို့တွင် တစ်ဘာသာချင်း Total Score (၁၆၀) မှတ်ရရှိသူ ဖြစ်ရမည်။

( ၄ ) နိုင်ငံတကာ အသိအမှတ်ပြုစာမေးပွဲများအနက် ( International General Certificate of Secondary Education, IGCSE) ဖြေဆိုအောင်မြင်သူများ လျှောက်ထားခွင့်ရှိသည်။ သင်္ချာ၊ ရူပဗေဒ ဘာသာရပ်တို့တွင် Grade (C) ရရှိသူဖြစ်ရမည်။

( ၅ ) ယခုကချင်အစိုးရထိန်းချုပ်နယ်မြေဖြစ်သော်လည်း ယခင်စစ်ကောင်စီကျောင်းများမှ တက္ကသိုလ် ဝင်တန်း အောင်မြင်ထားသူများ နှင့် KED ၏ အသိအမှတ်ပြုခြင်း မခံရသောကျောင်းများမှ အောင်မြင်ထား သူများကို School of Technology သို့ လုံးဝ (လုံးဝ) လျှောက်ထားခွင့်မပြုပါ။

*** လျှောက်လွှာများကို (၃-၁၁-၂၀၂၅) မှ (၂၈-၁၁-၂၀၂၅) ရက်နေ့ အတွင်း လျှောက်ထားနိုင်ပါသည်။

*** အများဆုံး လူဦးရေ (၂၅) ဦးသာ လက်ခံမည်ဖြစ်ပါသည်။

*** ဝင်ခွင့် ရေးဖြေစာမေးပွဲကို (၁၃-၁၂-၂၀၂၅) နှင့် (၁၄-၁၂၂-၀၂၅) ရက်နေ့တို့တွင် School of Technology တွင် ဖြေဆိုရမည်ဖြစ်ပြီး သင်္ချာနှင့် ရူပဗေဒဘာသာရပ်များအား ဖြေဆိုရမည် ဖြစ်ပါသည်။။

Address

Kachin State
Kachin State

Opening Hours

Monday 08:00 - 16:00
Tuesday 08:00 - 16:00
Wednesday 08:00 - 16:00
Thursday 08:00 - 16:00
Friday 08:00 - 16:00

Website

Alerts

Be the first to know and let us send you an email when School of Technology, KSCU posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category