MIT Centennial Celebration-2027

MIT Centennial Celebration-2027 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MIT Centennial Celebration-2027, Religious school, Seminary Hill, Insein Township.

✨ "Arise, Shine our Light in the Darkness" ✨၂၀၂၇ ခုနှစ်တွင် ကျရောက်မည့် MIT Centennial Celebration (နှစ် ၁၀၀ ပြည့် ရာပြည...
26/08/2026

✨ "Arise, Shine our Light in the Darkness" ✨

၂၀၂၇ ခုနှစ်တွင် ကျရောက်မည့် MIT Centennial Celebration (နှစ် ၁၀၀ ပြည့် ရာပြည့်သဘင်) အခမ်းအနားကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် Sub-committees အချို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး စည်းဝေးတိုင်ပင်နေကြသည့် ပုံရိပ်အချို့ ဖြစ်ပါသည်။

⛳️ရာပြည့်ပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍအသီးသီးမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးနေကြသော တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

💯Centennial Fundraising Committee
💯Centennial Publication Committee
💯Centennial Light Bearers Committee
💯Centennial Documentary and Archival Committee
💯Centennial LAP Students Committee
💯Centennial Program Committee
💯Centennial Hospitality Committee
💯Centennial MIT AA Committee
💯Centennial Theology Students Committee
💯Centennial We Love MIT Campaign Committee
💯Centennial Finance Committee
💯Centennial Media Committee

29/07/2026

🎉 မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် (MIT) ၏ နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ဆီသို့... 🎉

၂၀၂၇ ခုနှစ်တွင် ကျရောက်မည့် ကျွန်တော်တို့၏ မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ် (MIT) ကျောင်းတော်ကြီး၏ နှစ် (၁၀၀) ပြည့် ရာပြည့်ကျေးဇူးတော်ချီးမွမ်းခြင်း အစီအစဉ်အတွက် Centennial Documentary and Archival Committee မှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် မျှဝေပေးလိုက်ပါတယ်။

✨ MIT သမိုင်းတစ်လျှောက် ဆရာ၊ ဆရာမကြီးများ၏ မဆုတ်မနစ်သော ကြိုးစားအားထုတ်မှုများနှင့် ပေးဆပ်မှုများ

✨ ကျောင်းတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းကူညီခဲ့ကြသော အသင်းတော်များ၊ အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များ၏ ကျေးဇူးတရားများ

✨ ရာပြည့်အထိမ်းအမှတ်အဖြစ် အထူးထုတ်ဝေသွားမည့် မှတ်တမ်းတင်စာအုပ် (Documentary Book) နှင့် တစ်နှစ်တာလုံး ခင်းကျင်းပြသသွားမည့် ရာပြည့်ပြခန်းကြီး (Centennial Exhibition) အကြောင်းတို့ကို အသေးစိတ် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

🎇ဆယ်စုနှစ်များစွာတိုင်အောင် ပညာရေးနှင့် ဝိညာဉ်ရေးရာများကို စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ပေးခဲ့သော ကျောင်းတော်ကြီး၏ ကြီးကျယ်ခမ်းနားလှသည့် သမိုင်းမှတ်တိုင်တွင် မိတ်ဆွေများ၊ ကျောင်းသား/သူဟောင်းများနှင့် ညီအစ်ကိုမောင်နှမများအားလုံး အတူတကွ ပါဝင်ဆင်နွှဲကြရန် မေတ္တာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

💯MIT ကျောင်းတော်ကြီးသည် လောကကို အလင်းပေးနိုင်သော မီးရှူးတိုင်ကြီးတစ်ခုအဖြစ် ရှေ့ဆက်ထွန်းလင်းနိုင်ရန် အတူတကွ ဆုတောင်းမေတ္တာ ပို့သပေးကြပါဦးခင်ဗျာ။ 🙏

22/07/2026

🌟 ရာပြည့်ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် အလင်းသယ်ဆောင်သူများ (Centennial Light Bearers) 🌟

လာမည့် ၂၀၂၇ ခုနှစ်တွင် ကျရောက်မည့် ကျွန်တော်တို့ မြန်မာနိုင်ငံဓမ္မတက္ကသိုလ် (MIT) ၏ ရာပြည့်ကျေးဇူးတော်ချီးမွမ်းပွဲအတွက် ဖွဲ့စည်းထားသော "အလင်းသယ်ဆောင်သူများ" (Light Bearers Committee) မှ ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အဓိကလုပ်ငန်းစဉ် (၆) ရပ်ကို မျှဝေပေးချင်ပါတယ်။

အဆိုပါ ရှေ့လုပ်ငန်းစဉ်များမှာ -

၁။ Mini Library များ တည်ဆောက်ခြင်း 📚 - ကျေးရွာများရှိ ပြည်သူများနှင့် လူငယ်များအတွက် အသိပညာနှင့် သမ္မာတရားအလင်းရောင် ရရှိစေရန်။

၂။ သွေးလှူရှင်များအဖွဲ့ ဖွဲ့စည်းခြင်း 🩸 - သွေးလိုအပ်နေသူများ၏ အသက်ကို ကယ်တင်နိုင်ရန်။

၃။ လူနာတင်ယာဉ် (Ambulance) များ စီစဉ်ပေးခြင်း 🚑 - အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသူများကို ကူညီကယ်ဆယ်ပေးနိုင်ရန်။

၄။ ရေသန့်စက် (Water Purifier) များ လှူဒါန်းခြင်း 💧 - သန့်ရှင်းသော သောက်သုံးရေ လိုအပ်နေသည့် နေရာများအတွက် စီစဉ်လှူဒါန်းရန်။

၅။ မိသားစု ဝင်ငွေရရှိရေး စီမံကိန်း (Income Generation) 🐖🐓 - ကြက်၊ ဝက် မွေးမြူရေးစီမံကိန်းများဖြင့် မိသားစုများကို ကူညီထောက်ပံ့ရန်။

၆။ Premier Christian University အဖြစ် ရပ်တည်ခြင်း 🎓 - တက္ကသိုလ်၏ လိုအပ်ချက်အရ မြေနေရာများ တိုးချဲ့ခြင်းနှင့် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေး (ECCD) Center ကို Academic Committee နှင့် ပူးပေါင်း၍ ပြန်လည်တည်ထောင်ရန်။

ကျွန်တော်တို့ တက္ကသိုလ်ကြီး၏ အလင်းရောင်ကို မျိုးဆက်သစ်များထံ ဆက်လက်သယ်ဆောင်နိုင်ရန်အတွက် အားလုံးပဲ ဆုတောင်းပေးခြင်း၊ လှူဒါန်းခြင်းနှင့် ကိုယ်တိုင်ပါဝင်ကူညီခြင်းများဖြင့် အတူတကွ လက်တွဲဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံ ဖိတ်ခေါ်အပ်ပါသည်။ 🙏✨

15/07/2026

✨ မြန်မာနိုင်ငံဓမ္မတက္ကသိုလ် (MIT) ၏ နှစ်တစ်ရာပြည့် အထိမ်းအမှတ် Fundraising အစီအစဉ် ✨

မြန်မာနိုင်ငံဓမ္မတက္ကသိုလ်သည် ၂၀၂၇ ခုနှစ်တွင် နှစ်တစ်ရာပြည့်မြောက်တော့မည်ဖြစ်ပါသည်။ ဤဂုဏ်ယူဖွယ်ရာ နှစ်တစ်ရာပြည့်ကာလတွင် ကျောင်းတော်ကြီးအား နှစ်တစ်ရာတိုင်အောင် ပံ့ပိုးကူညီနိုင်ရန်အတွက် "Fund Raising Committee" မှ အစီအစဉ်များစွာကို စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။🎉

ကျောင်းတော်ကြီး၏ နှစ်တစ်ရာပြည့်အတွက် သင်၏မေတ္တာ၊ စေတနာ၊ ပံ့ပိုးကူညီမှုများဖြင့် လက်တွဲပါဝင်ပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။🎉

🤝 မည်သို့ပါဝင်နိုင်သနည်း။

💯ရန်ပုံငွေနှင့် ငွေပဒေသာပင်များဖြင့် ပါဝင်လှူဒါန်းခြင်း။

💯နှစ်တစ်ရာချန်ပီယံ ရန်ပုံငွေအစီအစဉ်များတွင် ပါဝင်ခြင်း။

💯ကျောင်းတော်ကြီး၏ အဆောက်အဦး၊ စာကြည့်တိုက်၊ မြေကွက်နှင့် အခြားလိုအပ်သော Project များတွင် ပံ့ပိုးကူညီခြင်း။

💯ကျောင်းတော်ကြီး၏ နှစ်တစ်ရာပြည့် အထိမ်းအမှတ် အစီအစဉ်များတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ခြင်း။

✨✨✨သင်၏ ပံ့ပိုးကူညီမှုတိုင်းသည် MIT ၏ အနာဂတ်အတွက် အလွန်တန်ဖိုးရှိလှပါသည်။ ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ရန်ပုံငွေရှာဖွေရေးကော်မတီသို့ ဆက်သွယ်နိုင်ပါသည်။✨✨✨

🙏"အယောက်စီတိုင်းပုံ ဘုရားသခင် ကောင်းချီးပေးပါစေ။"🙏

08/07/2026

✨✨✨မြန်မာနိုင်ငံဓမ္မတက္ကသိုလ် (Myanmar Institute of Theology) ရဲ့ Centennial Celebration 2027 နှစ်ပေါင်း (၁၀၀) ပြည့် ရာပြည့်ကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်ကြီး နဲ့အတူ Liberal Arts Program (LAP) ရဲ့ Silver Jubilee (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အစီအစဉ်များ ကိုပါ ပူးတွဲပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။🎉🎉🎉

🌟 Centennial LAP Students Committee မှ 2027 တစ်နှစ်ပတ်လုံးပြုလုပ်မည့် လှုပ်ရှားမှုများနှင့် အစီအစဉ်များ (Activities & Plans)

❤️LAP Centennial Photograph – အမှတ်တရဓာတ်ပုံများ ရိုက်ကူးခြင်း
❤️LAP Centennial Badminton Tournament – ကြက်တောင်ရိုက်ပြိုင်ပွဲ ပြုလုပ်ခြင်း
❤️LAP Centennial Senior Night – စီနီယာညစာစားပွဲအခမ်းအနား
❤️LAP Centennial Variety Show – ဖျော်ဖြေရေးအစီအစဉ်မျိုးစုံ တင်ဆက်ခြင်း
❤️LAP Centennial Online Magazine – ရာပြည့်အထိမ်းအမှတ် အွန်လိုင်းမဂ္ဂဇင်း ထုတ်ဝေခြင်း

🙌 တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေကို လက်ဆင့်ကမ်းပေးခဲ့ကြတဲ့ ခေါင်းဆောင်ကြီးများကိုလည်း လေးစားစွာ ဂါရဝပြုရင်း... ဒီပွဲတော်ကြီးမှာ မိမိတို့ရဲ့ လုပ်အားဖြင့်သော်လည်းကောင်း၊ ပါဝင်လှူဒါန်းခြင်းဖြင့်သော်လည်းကောင်း အားလုံးပဲ ပူးပေါင်းပါဝင်ပေးကြဖို့ Centennial LAP Students Committee မှ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါတယ်ရှင့်။ ❤️

01/07/2026

🎉မကြာခင်ကျရောက်တော့မယ့် MIT ရဲ့ (၁၀၀) ပြည့် ရာပြည့်ကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်ကြီးမှာ Hospitality Committee (ဧည့်ခံကြိုဆိုရေးကော်မတီ) အနေနဲ့ အဓိကတာဝန်ယူသွားမယ့်အစီအစဉ်တွေကတော့-

📍ဧည့်သည်တော်များအား နွေးထွေးစွာ ဆက်ဆံဧည့်ခံကြိုဆိုခြင်း

📍နေရာချထားပေးခြင်းနှင့် အခမ်းအနားပြင်ဆင်ခြင်း

📍ပွဲတော်ကြီး အဆင်ပြေချောမွေ့စေရန် လုံခြုံရေးပိုင်းဆိုင်ရာများကို တာဝန်ယူဆောင်ရွက်ခြင်း

✨✨✨Volunteer (စေတနာ့ဝန်ထမ်း) ခေါ်ယူခြင်း✨✨✨
ပွဲတော်ကြီးကို အတူတကွ ဝိုင်းဝန်းပုံဖော်ပေးကြမယ့် Volunteer အယောက် (၁၅၀) ခန့် ကိုလည်း မကြာခင်မှာ စတင်ခေါ်ယူတော့မှာ ဖြစ်ပါတယ်။

👉ဘယ်သူတွေပါဝင်နိုင်မလဲ?

👫လက်ရှိကျောင်းတက်နေဆဲ ကျောင်းသား/ကျောင်းသူများ

👫MIT Alumni (ကျောင်းသားဟောင်းများ)

👫LAP နှင့် Theology သင်တန်းနှစ်ခုစလုံးမှ စိတ်ပါဝင်စားသူများ

ဆရာ၊ ဆရာမများ၊ ကျောင်းသားဟောင်းများနှင့် မိတ်ဆွေများအားလုံးအနေဖြင့် မိမိတို့ရဲ့ လုပ်အားဖြင့်သော်လည်းကောင်း၊ ပါဝင်လှူဒါန်းခြင်းဖြင့်သော်လည်းကောင်း ပွဲတော်ကြီးမှာ ပူးပေါင်းပါဝင်ပေးကြပါရန် ဧည့်ခံကြိုဆိုရေးကော်မတီမှ မေတ္တာရှေ့ထား၍ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်ရှင့်။ ✨

24/06/2026

✨✨မြန်မာနိုင်ငံဓမ္မတက္ကသိုလ် (MIT) ရဲ့ နှစ်ပေါင်း (၁၀၀) ပြည့် ရာပြည့်ကျေးဇူးတော်ချီးမွမ်းခြင်းပွဲတော်သို့ ဖိတ်ခေါ်ခြင်း 🙏✨

၁၉၂၇ ခုနှစ်မှသည် ၂၀၂၇ ခုနှစ်အထိ (နှစ်ပေါင်း ၁၀၀ တိုင်တိုင်) အခက်အခဲမျိုးစုံ၊ စိန်ခေါ်မှုမျိုးစုံကြားကနေ လမ်းပြပို့ဆောင်ပေးခဲ့တဲ့ ဘုရားသခင်၏ ကျေးဇူးတော်ကို အထူးပင် ချီးမွမ်းအပ်ပါသည်။

ယခုကျရောက်မည့် (၁၀၀) ပြည့် ရာပြည့်ပွဲတော်ကြီးတွင် ကျောင်းသားဟောင်းများအသင်းမှနေ၍ အောက်ပါအစီအစဉ်များဖြင့် အတူတကွ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ် -

✨ ကျောင်းသားဟောင်းများအသင်း၏ ပါဝင်မည့်အစီအစဉ်များ -

✅ရာပြည့်ပွဲတော်ကြီး၏ ဖွင့်ပွဲနှင့် ပိတ်ပွဲ အစီအစဉ်များတွင် ပါဝင်ခြင်း

✅နှစ်ပတ်လည်အစည်းအဝေးနှင့် စုံညီပွဲတော်ကို အတူတကွပြုလုပ်ခြင်း

✅ရာပြည့်ကျေးဇူးတော်ချီးမွမ်းခြင်း အစီအစဉ်များကို ဆောင်ရွက်ခြင်း

✅သက်ဆိုင်ရာ ကဏ္ဍအသီးသီး (Chapter အသီးသီး) တွင်ရှိသော ကျောင်းသားဟောင်းများမှလည်း ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်များကို ပြုလုပ်သွားခြင်း

🤝🤝ယခုကဲ့သို့ အစဉ်အဆက် လက်တွဲပါဝင်ပေးခဲ့ကြတဲ့ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမကြီးများ၊ ဝန်ထမ်းများ၊ အလှူရှင်များနှင့် ကျောင်းသားဟောင်းများ အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။🥰🥰


16/06/2026

🎉MIT Centennial Celebration 2027 အတွက် Publication Committee ရဲ့ တစ်နှစ်တာလုံးပြုလုပ်မည့်အစီအစဉ်များ ✨✨✨

📚Centennial History of MIT (1927–2027)
MIT ၏ နှစ် (၁၀၀) သမိုင်းကြောင်းနှင့် အရေးပါသော ဖြစ်စဉ်များကို မှတ်တမ်းတင်ထုတ်ဝေခြင်း။

📚Leadership Biographies
ကျောင်းအုပ်ကြီးများ၊ ဒုကျောင်းအုပ်များ၊ Dean များနှင့် အရေးပါသော ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိများ ပြုစုထုတ်ဝေခြင်း။

📚Centennial Choir Book
MIT ရာပြည့်အထိမ်းအမှတ် Choir သီချင်းစာအုပ် ထုတ်ဝေခြင်း။

📚Centennial Hymn Book & Songs Collection
Hymn Book နှင့် ရာပြည့်အထူးထုတ် ဓမ္မတေးသီချင်းများ စုစည်းထုတ်ဝေခြင်း။

📚Centennial Review of MIT’s Theologies
MIT ၏ ဓမ္မပညာရေးရာ ဖြတ်သန်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို သုတေသနပြု ထုတ်ဝေခြင်း။

📚Student Council Centennial Magazine
ကျောင်းသား/ကျောင်းသူများ၏ အမြင်နှင့် အသံများကို စုစည်းထားသော အထူးထုတ်မဂ္ဂဇင်း ထုတ်ဝေခြင်း။

📚Centennial Digital E-Books
Alumni Association နှင့် ပူးပေါင်း၍ MIT ၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို ဖော်ပြသော E-Books များ ထုတ်ဝေခြင်း။

📚Centennial Photo Documentary
သမိုင်းဝင်ဓာတ်ပုံများနှင့် မှတ်တမ်းများကို စုစည်းထုတ်ဝေခြင်း။

📚“Our Theological Journey” Video Archive
ခေါင်းဆောင်ဟောင်းများနှင့် Alumni များ၏ သက်သေခံချက်များကို ဗီဒီယိုမှတ်တမ်းများအဖြစ် တင်ဆက်ခြင်း။

📚Partnership & Alumni Legacy Documentation
MIT နှင့် လက်တွဲခဲ့သော အသင်းတော်များ၊ မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် ကမ္ဘာတစ်ဝှမ်းရှိ Alumni များ၏ အမှုတော်ဆောင်ရွက်မှုများကို မှတ်တမ်းတင်ဖော်ပြခြင်း။

ရာပြည့်သည် အတိတ်ကို ဂုဏ်ပြုရုံသာမက အနာဂတ်ကို တည်ဆောက်ရမည့် အချိန်လည်း ဖြစ်ပါသည်။ ထို့ကြောင့် MIT ၏ နှစ်(၁၀၀)ပြည့် အမွေအနှစ်များကို မှတ်တမ်းတင်ထိန်းသိမ်းရင်း နောင်လာမည့် မျိုးဆက်များအတွက် ယုံကြည်ခြင်း၊ ပညာရေးနှင့် အမှုတော်ဆောင်ရွက်မှု၏ အမွေအနှစ်ကို ဆက်လက်လက်ဆင့်ကမ်းနိုင်ရန် Publication Committee မှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

🎉MIT Centennial Celebration 2027 အတွက်  Central Committee ၏ ဒုတိယအကြိမ် အလုပ်အမှုဆောင်အစည်းအဝေး မှတ်တမ်းဓာတ်ပုံများ 📸💯MI...
11/06/2026

🎉MIT Centennial Celebration 2027 အတွက် Central Committee ၏ ဒုတိယအကြိမ် အလုပ်အမှုဆောင်အစည်းအဝေး မှတ်တမ်းဓာတ်ပုံများ 📸

💯MIT Centennial Celebration 2027 Central Committee ကို အောက်ပါ Sub-Committees (၁၂) ခုဖြင့် ဖွဲ့စည်းထားပြီး Centennial Celebration အောင်မြင်စေရန် စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြပါသည်။

▪️ Fundraising Committee
▪️ Publication Committee
▪️ Light Bearers Committee
▪️ Documentary and Archival Committee
▪️ Theology Students Committee
▪️ LAP Students Committee
▪️ Program Committee
▪️ Hospitality Committee
▪️ MIT AA Committee
▪️ We Love MIT Campaign Committee
▪️ Finance Committee
▪️ Media Committee

🤝MIT ၏ နှစ်(၁၀၀) ပြည့် သမိုင်းဝင်အခမ်းအနားကြီးကို ဂုဏ်ပြုကြိုဆိုရင်း Alumni များ၊ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများနှင့် MIT မိသားစုဝင်များအားလုံး ပါဝင်ဆုတောင်း၍ ပူးပေါင်းပါဝင်ကြရန် ဖိတ်ခေါ်အပ်ပါသည်။🎉🎉🎉🎉


🤝MIT ရာပြည့်ကျေးဇူးတော်ချီးမွမ်းပွဲတွင် ပါဝင်ပူးပေါင်းရန် ဖိတ်ခေါ်ခြင်🤝မြန်မာဓမ္မတက္ကသိုလ် (MIT) ၏ ရာပြည့်ကျေးဇူးတော်ချီ...
09/06/2026

🤝MIT ရာပြည့်ကျေးဇူးတော်ချီးမွမ်းပွဲတွင် ပါဝင်ပူးပေါင်းရန် ဖိတ်ခေါ်ခြင်🤝

မြန်မာဓမ္မတက္ကသိုလ် (MIT) ၏ ရာပြည့်ကျေးဇူးတော်ချီးမွမ်းပွဲ အထိမ်းအမှတ်အဖြစ် သမိုင်းဝင်မှတ်တမ်းစာအုပ်နှင့် မှတ်တမ်းအချက်အလက်များကို ပြုစုထုတ်ဝေရန် စီစဉ်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ မိတ်ဆွေတို့၏အဖွဲ့ချုပ်များ၊ အသင်းအဖွဲ့များ၊ သာသနာရေးအဖွဲ့အစည်းများနှင့် ကျမ်းစာကျောင်းများအနေဖြင့် အောက်ဖော်ပြပါ အချက်အလက်များကို MIT ကျောင်းသားဟောင်းများအသင်းနှင့် ပူးပေါင်း၍ ပါဝင်ကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1️⃣ ဂုဏ်ပြုနှုတ်ခွန်းဆက်လွှာများ

2️⃣ မိမိတို့အဖွဲ့အစည်း၏ သမိုင်းအကျဉ်းနှင့် သမိုင်းဝင်လုပ်ငန်းဆောင်တာများ

3️⃣ MIT နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော လုပ်ငန်းများ

5️⃣ MIT ကျောင်းသားဟောင်းများစာရင်းနှင့် ၎င်းတို့၏ အမှုတော်ဆောင်ရွက်ချက်များ

5️⃣ သက်သေခံချက်များ

6️⃣ MIT အတွက် ကူညီပံ့ပိုးဆောင်ရွက်ခဲ့မှုများ

7️⃣ MIT ၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်အပေါ် အမြင်များနှင့် အကြံပြုချက်များ

8️⃣ ဓာတ်ပုံများ၊ ဗီဒီယိုမှတ်တမ်းများနှင့် အခြားသမိုင်းဝင်မှတ်တမ်းအထောက်အထားများ

📧🕐ပေးပို့လိုသော အချက်အလက်များကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့ နောက်ဆုံးထား၍ ဖော်ပြထားသော အီးမေးလ်လိပ်စာသို့ ပေးပို့ပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

အသေးစိတ် သိရှိလိုပါက ဖော်ပြထားသော ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

📬 ဆက်သွယ်ရန်နှင့် အသေးစိတ်သိရှိရန်:
📌page: MIT Centennial Celebration-2027
📌Website: www.mit.edu.mm
📌Email: [email protected], [email protected]
📌Phone: +95 9 788 111988, +95 9 42452 5564
📌Telegram Channel: t.me/mitcentennial

MIT ရာပြည့်ကျေးဇူးတော်ချီးမွမ်းပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိတ်ဆွေများ၏ ပူးပေါင်းပါဝင်မှုနှင့် ပံ့ပိုးကူညီမှုများကို အထူးကျေးဇူးတင်ရှိပါသည်။


Address

Seminary Hill
Insein Township
11011

Alerts

Be the first to know and let us send you an email when MIT Centennial Celebration-2027 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share