The One World International School

The One World International School Set your child up for success with a Cambridge curriculum that makes them ready for the world.

🌐 TOWIS ၏ ဝဘ်ဆိုက်အသစ်ကို တရားဝင် ကြေညာလိုက်ပါပြီကျောင်းသူ/သားများ၊ မိဘများနှင့် ကျောင်းတို့အကြား ပိုမိုနီးကပ်စွာ ချိတ်ဆ...
18/08/2026

🌐 TOWIS ၏ ဝဘ်ဆိုက်အသစ်ကို တရားဝင် ကြေညာလိုက်ပါပြီ

ကျောင်းသူ/သားများ၊ မိဘများနှင့် ကျောင်းတို့အကြား ပိုမိုနီးကပ်စွာ ချိတ်ဆက်နိုင်ရန်နှင့် အချက်အလက်များကို လွယ်ကူလျင်မြန်စွာ ကြည့်ရှုနိုင်ရန်အတွက် အဆင့်မြှင့်တင်ထားသော TOWIS Website အသစ်ကို တင်လိုက်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။

🔗 ဝဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုရန် - https://towis.edu.mm/

အသစ်ပြင်ဆင်လိုက်သော ဝဘ်ဆိုက်တွင် TOWIS ၏ ACE Approach ကို အခြေခံ၍ အောက်ပါကဏ္ဍများကို အဓိက ထည့်သွင်းထားပါသည်။

✨ Academic Excellence
Early Years မှသည် Primary, Lower Secondary နှင့် IGCSE အထိ Cambridge သင်ရိုးညွှန်းတမ်းများ၊ အမှတ်ပေးစနစ်များနှင့် ပညာရေးလမ်းကြောင်းများကို အသေးစိတ် လေ့လာနိုင်ပါသည်။

✨ Character Development
ကျောင်းသားများ၏ မူကျင့်ဝတ်၊ ဘေးကင်းလုံခြုံရေး၊ ခေါင်းဆောင်မှုစွမ်းရည်နှင့် ယုံကြည်မှုရှိသော လူငယ်များဖြစ်လာစေရန် လေ့ကျင့်ပေးသည့် အစီအစဉ်များကို ဖော်ပြထားပါသည်။

✨ Engagement
မိဘများနှင့် ကျောင်းအကြား ချိတ်ဆက်မှုကို ပိုမိုအားကောင်းစေရန်အတွက် ကျောင်းပြက္ခဒိန်၊ အရေးကြီး ပွဲလမ်းသဘင် ရက်စွဲများနှင့် ကျောင်းသားများ၏ လှုပ်ရှားမှုများကို အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်ပါသည်။

📂 ဒေါင်းလုဒ်ရယူနိုင်သည့် အသုံးဝင်သော ဖိုင်များ -

Parent Handbook

Home-School Agreement

အခြား အရေးကြီး ကျောင်းတွင်း လမ်းညွှန်စာစောင်များ

ကျောင်းသစ်ရှာဖွေနေသည့် မိဘများအတွက်လည်း ကျောင်း၏ သင်ကြားရေးအစီအစဉ်များ၊ ကျောင်းတွင်း ပတ်ဝန်းကျင်၊ Admissions & Assessment လုပ်ငန်းစဉ်များကို ဝဘ်ဆိုက်တွင် တိုက်ရိုက်ကြည့်ရှုပြီး ကျောင်းလာရောက်လေ့လာရန် စုံစမ်းနိုင်ပါသည်။

ကျောင်းသူ/သားများ၊ မိဘများနှင့် ဆရာ/မများအကြား ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုဖြင့် ပညာရေးခရီးကို အတူတကွ လျှောက်လှမ်းကြပါစို့။ 💙

📢 QUEST Assessments: ကလေးများ၏ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ဖော်ထုတ်ပေးခြင်းဒီနေ့မှာတော့ TOWIS ကျောင်းရဲ့ ၂၀၂၆-၂၀၂၇ ပညာသ...
17/08/2026

📢 QUEST Assessments: ကလေးများ၏ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ဖော်ထုတ်ပေးခြင်း

ဒီနေ့မှာတော့ TOWIS ကျောင်းရဲ့ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပထမဆုံး QUEST Assessment စစ်ဆေးမှုကို စတင်လိုက်ပါပြီ! 🧠✨

QUEST Assessment ဆိုတာ စာမေးပွဲ မဟုတ်ပါဘူး။ ကလေးတွေ အတန်းထဲမှာ သင်ထားတာကို စစ်တာမျိုးမဟုတ်ဘဲ ကလေးတစ်ဦးစီရဲ့ စဉ်းစားပုံ၊ အကြောင်းအကျိုး ဆင်ခြင်ပုံနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း (Cognitive Potential) ကို လေ့လာဆန်းစစ်တာ ဖြစ်ပါတယ်။

🎯 အဓိက စစ်ဆေးသည့် အပိုင်း (၄) ပိုင်း -
🧩 Non-verbal reasoning: ပုံသဏ္ဌာန်နှင့် ရုပ်ပုံဆိုင်ရာ စဉ်းစားနိုင်စွမ်း
💬 Verbal reasoning: စကားလုံးနှင့် ဘာသာစကားဆိုင်ရာ ဆင်ခြင်နိုင်စွမ်း
🔢 Quantitative reasoning: ကိန်းဂဏန်းနှင့် သင်္ချာဆိုင်ရာ တွေးခေါ်နိုင်စွမ်း
📐 Spatial ability: နေရာအကွာအဝေးနှင့် ပုံသဏ္ဌာန်များ ပုံဖော်နိုင်စွမ်း

ဤစစ်ဆေးမှုမှ ရရှိလာသော ရလဒ်များကို ကလေးများ၏ အတန်းတွင်း အမှန်တကယ် စွမ်းဆောင်နိုင်စွမ်း (English, Maths, Science) များနှင့် နှိုင်းယှဉ်ကာ လိုအပ်သည့် အကူအညီနှင့် စိန်ခေါ်မှုများကို သင်ကြားပေးမှာဖြစ်ပါသည်။

📊 TOWIS ၏ အမှတ်ပေး အရောင် (၅) ဆင့် သတ်မှတ်ချက် -
🔴 Red — အထူးကူညီပေးရန် လိုအပ်
🟠 Amber — သီးသန့် အကူအညီပေးရန် လိုအပ်
🟢 Green — မျှော်မှန်းထားသည့် စံချိန်မီ
🔵 Sky Blue — စံချိန်ထက် သာလွန်
🔷 Space Blue — အထူးချွန်ဆုံး

ကျောင်း၏ ဆောင်ပုဒ်အတိုင်း "Below Green — time to intervene" (အစိမ်းရောင်အောက် ရောက်ပါက အကူအညီ စတင်ပေးမည်) ဖြစ်သလို၊ အစိမ်းရောင် သည် ရပ်တန့်ရမည့် အပိုင်းမဟုတ်ဘဲ စတင်ရမည့် အခြေခံမျှသာ ဖြစ်ပါသည်။

ကလေးများအနေဖြင့် Growth Mindset ကို လက်ကိုင်ထားပြီး မိမိတို့၏ စွမ်းဆောင်ရည်ကို Sky Blue နှင့် Space Blue အထိ ရောက်ရှိအောင် ကြိုးစားစိန်ခေါ်သွားကြရန် တိုက်တွန်းအားပေးလျက် ရှိပါသည်။

နားလည်မှု၊ ကူညီမှုနှင့် စိန်ခေါ်မှုများမှတစ်ဆင့် Academic Excellence ကို အတူတကွ တည်ဆောက်သွားပါမည်။ ✨

🔗 QUEST Assessments အကြောင်း အသေးစိတ် ဖတ်ရှုရန် လင့်ခ် -
https://www.questassessments.com/blogs/thinking-big-inside-cognitive-ability-assessments

The One World International School ရဲ့ သင်ကြားရေးစနစ်များ၊ သင်ရိုးညွှန်းတမ်းများနှင့် ကျောင်း ပတ်ဝန်းကျင်အကြောင်းကိုလာရေ...
14/08/2026

The One World International School ရဲ့ သင်ကြားရေးစနစ်များ၊ သင်ရိုးညွှန်းတမ်းများနှင့် ကျောင်း ပတ်ဝန်းကျင်အကြောင်းကိုလာရောက်လေ့လာစုံစမ်းနိုင်ဖို့ မိဘပြည်သူများအားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

ရင်သွေးငယ်များအတွက် ခိုင်မာသော အနာဂတ်လမ်းကြောင်းကို အတူတကွ ပုံဖော်ပေးဖို့ ပွဲလေးကိုလာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါသည်။ ✨

📅 နေ့ရက်: ၁၅.၈.၂၀၂၆ နှင့် ၁၆.၈.၂၀၂၆ (စနေ၊ တနင်္ဂနွေ)

⏰ အချိန်: မနက် ၉:၀၀ နာရီ မှ ညနေ ၆:၀၀ နာရီအထိ

📍 နေရာ: City Mall Shwe Pinlon, ဘုရင့်နောင်လမ်း၊ ပင်လုံအိမ်ရာ၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။

We warmly invite all parents to come and explore the learning systems, curriculum, and school environment of The One World International School.

Join us to shape a strong and bright future for your children! ✨

📅 Date: August 15, 2026 & August 16, 2026 (Saturday & Sunday)

⏰ Time: 9:00 AM – 6:00 PM

📍 Location: City Mall Shwe Pinlon, Bayint Naung Road, Pin Lon Housing, North Dagon Township, Yangon.

✨ 𝐓𝐡𝐞 𝐎𝐧𝐞 𝐖𝐨𝐫𝐥𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 ရဲ့ နောက်ထပ် အောင်မြင်မှု ခြေလှမ်းသစ်တစ်ခု ✨ဒီနေ့မှာတော့ 𝐏𝐚𝐧 𝐏𝐚𝐜𝐢𝐟𝐢𝐜 𝐘𝐚𝐧𝐠𝐨𝐧 မှာ ကျင...
14/08/2026

✨ 𝐓𝐡𝐞 𝐎𝐧𝐞 𝐖𝐨𝐫𝐥𝐝 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 ရဲ့ နောက်ထပ် အောင်မြင်မှု ခြေလှမ်းသစ်တစ်ခု ✨

ဒီနေ့မှာတော့ 𝐏𝐚𝐧 𝐏𝐚𝐜𝐢𝐟𝐢𝐜 𝐘𝐚𝐧𝐠𝐨𝐧 မှာ ကျင်းပပြုလုပ်ခဲ့တဲ့ 𝐁𝐫𝐢𝐭𝐢𝐬𝐡 𝐂𝐨𝐮𝐧𝐜𝐢𝐥 ရဲ့ "𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫 𝐖𝐞 𝐆𝐫𝐨𝐰 𝟐𝟎𝟐𝟔: 𝐀𝐧𝐧𝐮𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 𝐋𝐞𝐚𝐝𝐞𝐫𝐬 𝐆𝐚𝐭𝐡𝐞𝐫𝐢𝐧𝐠" အခမ်းအနားကို တက်ရောက်ခဲ့ပြီး 𝐁𝐫𝐢𝐭𝐢𝐬𝐡 𝐂𝐨𝐮𝐧𝐜𝐢𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 ရဲ့ 𝐂𝐨𝐮𝐧𝐭𝐫𝐲 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫 ဖြစ်သူ 𝐇𝐞𝐥𝐞𝐧 𝐒𝐲𝐤𝐞𝐬 ကိုယ်တိုင်ပေးအပ်တဲ့ 𝐁𝐫𝐢𝐭𝐢𝐬𝐡 𝐂𝐨𝐮𝐧𝐜𝐢𝐥 𝐏𝐚𝐫𝐭𝐧𝐞𝐫 𝐒𝐜𝐡𝐨𝐨𝐥 တရားဝင် အသိအမှတ်ပြု လက်မှတ်ကို ဂုဏ်ယူစွာ လက်ခံရရှိခဲ့ပါတယ်။ 🏆👏

𝐁𝐫𝐢𝐭𝐢𝐬𝐡 𝐂𝐨𝐮𝐧𝐜𝐢𝐥 𝐏𝐚𝐫𝐭𝐧𝐞𝐫 𝐒𝐜𝐡𝐨𝐨𝐥 ဖြစ်လာခြင်းဟာ ကျောင်းသား/သူများနှင့် မိဘများအတွက် ပညာရေးအရည်အသွေး ပိုမိုခိုင်မာစေပြီး -

✨ ကမ္ဘာ့အဆင့်မီ ပညာရေး စံချိန်စံညွှန်းများ: 𝐂𝐚𝐦𝐛𝐫𝐢𝐝𝐠𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 တစ်ခုဖြစ်သည်နှင့်အညီ နိုင်ငံတကာ အသိအမှတ်ပြု သင်ရိုးညွှန်းတမ်းများဖြင့် တက္ကသိုလ်အသီးသီးသို့ တိုက်ရိုက် တက်ရောက်နိုင်မည့် အခွင့်အလမ်းများ ရရှိခြင်း၊
🔒 စိတ်ချယုံကြည်ရသော စာမေးပွဲစနစ်: ဗြိတိသျှကောင်စီနှင့် ပူးပေါင်း၍ စာမေးပွဲဆိုင်ရာ စံချိန်စံညွှန်းများကို ပိုမို ခိုင်မာစိတ်ချရစေခြင်း၊
🌐 နိုင်ငံတကာ ကွန်ရက်များနှင့် ချိတ်ဆက်နိုင်ခြင်း: မြန်မာနိုင်ငံတွင်မက ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတကာ ကျောင်းများနှင့် ချိတ်ဆက်ခွင့် ရရှိခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပါတယ်။

𝐓𝐎𝐖𝐈𝐒 အနေဖြင့် 𝐂𝐚𝐦𝐛𝐫𝐢𝐝𝐠𝐞 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 ဖြစ်ရုံတင်မကဘဲ တရားဝင် 𝐁𝐫𝐢𝐭𝐢𝐬𝐡 𝐂𝐨𝐮𝐧𝐜𝐢𝐥 𝐏𝐚𝐫𝐭𝐧𝐞𝐫 𝐒𝐜𝐡𝐨𝐨𝐥 တစ်ခုအဖြစ် ပညာရေးခရီးလမ်းကို ဆက်လက်တိုးချဲ့ လျှောက်လှမ်းသွားမည် ဖြစ်ပါတယ်။

A post from today’s event at pan pacific

Today marked another important step forward for The One World International School.

We were delighted to attend the British Council’s Together We Grow 2026: Annual School Leaders Gathering at Pan Pacific Yangon, where we were officially presented with our British Council Partner School certificate by Helen Sykes, Country Director, British Council Myanmar.

Becoming a British Council Partner School strengthens the international opportunities and quality assurance we provide for our students and families. As a Cambridge International School, our students follow internationally recognised programmes, with Cambridge qualifications opening pathways to universities and further education around the world.

Our partnership with the British Council provides additional confidence in the security, integrity and authenticity of the examination process, while connecting TOWIS with a wider international network of schools and educational opportunities.

For our students, it means access to globally recognised qualifications, international opportunities and a clear pathway towards further study in Myanmar, across the region and around the world.

We are proud to be both a Cambridge International School and an official British Council Partner School and look forward to building on these partnerships as our school continues to grow.

The One World International School
Preparing our learners not only to pass exams, but also for life, and to be ready for the world.

12/08/2026

အားလုံးပဲ မင်္ဂလာပါ ... ဒီနေ့ Video လေးထဲမှာတော့ TOWIS ရဲ့ Art Teacher တစ်ဦးဖြစ်တဲ့ Tr. Phyu Phyu Khaing က TOWIS သို့ မည်သို့ရောက်ရှိလာပုံနှင့်အတူ ကျောင်းသား၊ကျောင်းသူများအတွက် Art ဟာ Minor Subject တစ်ခုဖြစ်ပင်မဲ့ အသက်အရွယ်အလိုက်သူတို့လေး‌တွေရဲ့ Creativity, Problem-solving skills တွေနဲ့ Group work‌ တွေလုပ်တဲ့အခါမှာ Communication Skill တွေပါ တိုးတက်လာနိုင်‌ကြောင်းကို အသေးစိတ် ရှင်းပြထားပါတယ်။

09 450634403 | 09 450634404
Address : 268, Min Gyi Road, Ywar Ma (East) Ward, Insein Township, Yangon, Myanmar (အင်းစိန်ရွာမ ကွယ်ကဘော ဆေးရုံဘေး) သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Hello everyone! In today’s video, one of TOWIS’s Art Teachers, Tr. Phyu Phyu Khaing, shares how she joined TOWIS and explains in detail how Art—although considered a minor subject—plays a meaningful role in developing students’ creativity, problem-solving skills, and communication skills, especially when they work together in groups.

For more information, please contact: 📞 09 450634403 | 09 450634404
📍 Address: 268, Min Gyi Road, Ywar Ma (East) Ward, Insein Township, Yangon, Myanmar (Next to Insein Ywar Ma Kwai Ka Baw Hospital)

11/08/2026

🎮 Play is the Best Way of Learning 🎒

EYFS အတန်းရဲ့ ပညာသင်နှစ် ဒုတိယမြောက်နေ့လေးမှာ
သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာ ဆော့ကစားရင်း သင်ယူမှုတွေကို စတင်နေကြတဲ့ ကလေးတို့ရဲ့ ပျော်ရွှင်ဖွယ် Moment လေးများ... 🥰✨

10/08/2026

🎒 A Fantastic Start to the New Academic Year✨

The One World International School (TOWIS) ရဲ့ ၂၀၂၆–၂၀၂၇ ပညာသင်နှစ်သစ်ကို ယနေ့တွင် အောင်မြင်စွာ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
🥳 ကျောင်းအုပ်ဆရာကြီး Mr. Jarlath Madine မှလည်း ကျောင်းသား/သူဟောင်းများနှင့် ကျောင်းသား/သူသစ် ရင်သွေးငယ်များကို ချစ်ခင်နွေးထွေးစွာ ကြိုဆိုနှုတ်ခွန်းဆက်သခဲ့ပါတယ်။
ကျောင်းလာချိန်မှာ သူငယ်ချင်းများနှင့် ပြန်လည်တွေ့ဆုံရလို့ တက်ကြွပျော်ရွှင်နေကြတဲ့ သားသားမီးမီးတို့ရဲ့
✨ မိတ်ဆက်ခြင်း အစီအစဉ်များ 🎨 ပျော်ရွှင်စရာ Class Activities များ ⚽️ စိတ်လက်ပေါ့ပါးစရာ Sports ကစားချိန်များ 👋 Assembly မှာ ကျောင်းအုပ်ကြီးရဲ့ နှုတ်ဆက်စကားနဲ့အတူ အိမ်ပြန်ချိန် ရယ်မောသံများဖြင့် ပြည့်နှက်နေခဲ့တဲ့ ပထမနေ့ရဲ့ တနေ့တာ အမှတ်တရ Video လေးကို မျှဝေပေးလိုက်ပါတယ်။ ❤️🌟

We are delighted to announce the successful opening of the 2026–2027 Academic Year at The One World International School (TOWIS) today. 🥳 Our Principal, Mr. Jarlath Madine, extended a warm and heartfelt welcome to both returning and new students.
Watch our Day 1 highlights video featuring: ✨ Fun Ice-breaking Activities 🎨 Engaging Class Activities ⚽️ Energizing Sports Sessions 👋 Inspiring Principal's Welcome Speech at the Assembly & Joyful Dismissal Moments.
Wishing all our students a successful and wonderful school year ahead❤️🌟

07/08/2026

ကျောင်းသား၊ ကျောင်းသူများအတွက် ပျော်ရွှင်စရာကောင်းသော Learning Environment တစ်ခု ဖန်တီးပေးနိုင်ရန် TOWIS ရဲ့ Classroom များကို ဆရာ၊ ဆရာမများမှ ချစ်ခြင်းမေတ္တာနှင့်အတူ ပြင်ဆင်နေကြပါပြီ။ 💙

စာသင်ခန်းများ အသင့်ဖြစ်နေပါပြီ…
ကျောင်းသားများကို ကြိုဆိုဖို့လည်း အသင့်ဖြစ်နေပါပြီ။

To create a fun and joyful learning environment for our students, TOWIS teachers have been thoughtfully preparing the classrooms with lots of love 💙
The classrooms are ready... and we can't wait to welcome our students ✨

သင့်ကလေးငယ်ရဲ့ တောက်ပတဲ့ အနာဂတ်အတွက် ကမ္ဘာ့အဆင့်မီ ပညာရေးလမ်းကြောင်းကို အတူတူ စတင်ဖော်ဆောင်လိုက်ရအောင်။The One World Int...
06/08/2026

သင့်ကလေးငယ်ရဲ့ တောက်ပတဲ့ အနာဂတ်အတွက် ကမ္ဘာ့အဆင့်မီ ပညာရေးလမ်းကြောင်းကို အတူတူ စတင်ဖော်ဆောင်လိုက်ရအောင်။
The One World International School မှ
နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းနှင့်သင်ကြား‌ပေးနေပြီး ကလေးငယ်တွေရဲ့ အနာဂတ်ကို ပုံဖော်ပေးမယ့် အခွင့်အလမ်းကောင်းတွေကို သိရှိနိုင်ဖို့ Marketplace (6.5 Miles) မှာ လူကိုယ်တိုင် လာရောက်စုံစမ်းမေးမြန်းနိုင်ပါပြီ။ 8.8.2026 ကနေ 9.8.2026ထိ နှစ်ရက်လုံး TOWIS ရှိနေမှာမို့လို့ လာရောက်စုံစမ်းဖို့ထပ်မံဖိတ်ခေါ်လိုက်ရပါတယ်။
Date: 8.8.2026 & 9.8.2026 (Saturday & Sunday)
Time:9:00 AM – 6:00 PM
Venue: Marketplace 6.5 Miles

✨ CAIE International School တွေကိုငွေကုန်ကြေးကျ သက်သာစွာနဲ့ တက်ရောက်နိုင်ပါတယ်။ ✨The One World International School မှာ ...
05/08/2026

✨ CAIE International School တွေကိုငွေကုန်ကြေးကျ သက်သာစွာနဲ့ တက်ရောက်နိုင်ပါတယ်။ ✨

The One World International School မှာ Cambridge ၏အဆင့်မြင့် ပညာရေးကို သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ တက်ရောက်နိုင်ဖို့ အပြည့်အဝ ပံ့ပိုးပေးထားပါတယ်။

🎓2026-2027 ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံနေပါပြီ

🌟 Special Scholarship – ယခုနှစ်အတွင်း ကျောင်းအပ်မည့် ကျောင်းသား/သူများအတွက် နှစ်စဉ် ဆက်တိုက်ရရှိမည့် ပညာသင်ဆုများ

💼 Flexible Payment Plans – ကျောင်းလခကို (၁) ကြိမ်၊ (၂) ကြိမ် သို့မဟုတ် (၄) ကြိမ်ခွဲ၍ ပေးချေနိုင်ခြင်း

🚌 School Ferry Service – ကျောင်းသား/သူများအတွက် ဘေးကင်းစိတ်ချရသော ပို့ဆောင်ရေးစနစ်

📝 Registration Fee – MMK 2,250,000

📌 အသက်အရွယ်အလိုက် ခန့်မှန်းခြေ နှစ်စဉ်ကျောင်းလခများကို ပူးတွဲ အသေးစိတ်ရှင်းလင်းပါသည်။ သင့်ရင်သွေးငယ် တောက်ပတဲ့အနာဂတ်ကို ဒီနေ့ TOWIS နဲ့အတူတူလိုက်ပါ🌍✨

✨ CAIE International Schools Don't Have to Be Expensive! ✨

At The One World International School, we're proud to deliver Cambridge-standard education at an affordable price.

🎓 Admissions Open for 2026–2027 Academic Year
🌟 Special Scholarship – Guaranteed for continuous enrollment
💼 Flexible Payment Plans – Choose 1, 2, or 4 installments
🚌 School Ferry Service – Available
📝 Registration Fee – MMK 2,250,000 ( one time only)
📌 Estimated annual fees by age group available in the attached image.
📞 Contact us today: 09 450 634 403 / 09 450 634 404

🌍 Secure your child's bright future with world-class education at an affordable price! ✨

Address

268, Min Gyi Road, Ywar Ma (East) Ward
Insein Township
11011

Alerts

Be the first to know and let us send you an email when The One World International School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category