Pyin Nyar Gone

Pyin Nyar Gone A teacher can open the door but you must enter by yourself.

၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကချင်ပြည်နယ် မိုးညှင်းခရိုင်Grade 5 မြို့နယ်ထပ်တိုးလေ့ကျင့်ရန်မေးခွန်းများ  #ဘာသာစုံ
28/01/2026

၂၀၂၅-၂၀၂၆ ပညာသင်နှစ်
ကချင်ပြည်နယ် မိုးညှင်းခရိုင်
Grade 5 မြို့နယ်ထပ်တိုးလေ့ကျင့်ရန်မေးခွန်းများ

#ဘာသာစုံ

20/01/2026

#မွမ်းမံ၁၃G5သင်္ချာ

👨‍🏫 မူလတန်းအဆင့် သင်္ချာဘာသာ သင်ကြားရခြင်း၏ရည်ရွယ်ချက်များ

မူလတန်းဆင့်သင်္ချာဘာသာ သင်ကြားရခြင်း၏ရည်ရွယ်ချက်သည် သင်္ချာဆိုင်ရာ အသိများ၊နားလည်မူ၊ကျွမ်းကျင်မှုများ၊စဉ်းစားတွေးခေါ်မှုနှင့်သဘောထားများဖွံ့ဖြိုးလာစေရန် ရေးဆွဲထားပြီး မူလတန်းပညာပြီးဆုံးသွားသောအခါကျောင်းသားများသည်

1️⃣ ကိန်းများ၊ တိုင်းတာမှုများ၊ ဂျီဩမေတြ ီ ဆိုင်ရာပုံများ၊ စာရင်းအင်းဆိုင်ရာ ဖော်ပြချက်များနှင့် ပတ်သက်၍ သင်္ချာပညာဆိုင်ရာ အခြေခံ အသိများနှင့် ကျွမ်းကျင်မှုများ ရရှိရန်၊ ( သိရှိမှုနှင့် နားလည်မှု၊ ကျွမ်းကျင်မှု)

2️⃣ ပြဿနာဖြေရှင်းရာတွင် အကြောင်းအကျိုး ဆက်စပ်တတ်ရန်၊ (စဉ်းစားတွေးခေါ်မှု)

3️⃣ ကျောင်းသားများ၏ နေ့စဉ်ဘဝ ပြဿနာ များနှင့် သင်ယူမှုများတွင် သင်္ချာဆိုင်ရာ အသိနှင့် ကျွမ်းကျင်မှုများကို အသုံးချတတ်ရန်၊ (သိရှိမှုနှင့် နားလည်မှု၊ ကျွမ်းကျင်မှု)

4️⃣ သင်္ချာဆိုင်ရာ တွေးခေါ်မှုကိုသဘောကျနှစ်ခြိုက်လာရန်။ (သဘောထား)

👨‍🏫 သင်္ချာသင်ရိုးတွင် အခန်းကဏ္ဍလေးခု ပါဝင်သည်။
ထိုကဏ္ဍများမှာ

-ကိန်းများ

- တိုင်းတာမှုများ

-ဂျီဩမေတြီ

-သင်္ချာဆိုင်ရာ သရုပ်ပြချက်များ တို့ဖြစ်ကြသည်။

အခန်းကဏ္ဍအသီးသီးတွင် သင်ယူရမည့် အောက်ဖော်ပြပါ အကြောင်းအရာများပါဝင်သည်။

1️⃣ ကိန်းများ ။ ကိန်းဆိုင်ရာအသိများ (အပြည့်ကိန်းများ၊ နေရာအဆင့်ပြကိန်းများ၊ အပိုင်းကိန်း များနှင့် ဒသမကိန်းများ နှင့် ကိန်းများကို နီးပါးယူခြင်း) အခြေခံလုပ်ထုံးလေးမျိုး

2️⃣ ဂျီဩမေတြီ . ။ပြင်ညီပုံများ၊ ခေါက်ချိုးညီခြင်းနှင့် ထုပုံများ

3️⃣ တိုင်းတာမှုများ ။ အလျား (မက်ထရစ်၊ အင်္ဂလိပ်နှင့်မြန်မာ ယူနစ်များ)၊ အလေးချိန်(မက်ထရစ်၊ အင်္ဂလိပ်နှင့်မြန်မာ ယူနစ်များ)၊ ထုထည်၊ ဧရိယာ၊ အချိန် နှင့် ထောင့်များ

4️⃣ သင်္ချာဆိုင်ရာသရုပ်ပြချက်များ ။ ပုံဖြင့်ဖော်ပြမှုဆိုင်ရာ အခြေခံများ(တာလီ၊ ရုပ်ပြပုံနှင့် ဇယား) ဗားဂရပ်နှင့် မျဉ်းဂရပ်

👨‍🏫 သင်ကြားသင်ယူမူ လက်ငန်းစဥ်အတွက် သိထားရမည့်အချက်များ

သင်ကြား၊ သင်ယူမှုလုပ်ငန်းစဉ် အတွက် သိထားရမည့်အချက်များ သင်္ချာသင်ရိုးသစ် အတွက် သင်ခန်းစာ တွက်လုံးကို အခြေခံအားဖြင့် အောက်တွင်ဖော်ပြထားသည့် အဆင့်(၄)ဆင့်ပါသော ပုစ္ဆာဖြေရှင်းခြင်း ပုံစံဖြင့် ရေးဆွဲထားသည်။

၁။ အဓိကမေးခွန်းကိုတင်ပြခြင်း

၂။ တစ်ဦးချင်းစီ သို့မဟုတ် အုပ်စုလိုက်ဖြေရှင်းခြင်း

၃။ စိတ်ကူးများကို တစ်တန်းလုံးနှင့် မျှဝေခြင်း(တင်ပြခြင်းဖြင့်)

၄။ နိဂုံးချုပ်ဆိုခြင်းနှင့် တတ်မြောက်မှု အတည်ပြုမေးခွန်းများမေးခြင်း

တို့ဖြစ်သလို.....

👨‍🏫 ပုစ္ဆာဖြေရှင်းနည်း ၅ဆင့်

1️⃣ ပုစ္ဆာဖတ်ခြင်း
2️⃣ ပေးချက်၊မေးချက်ရှာ
3️⃣ ဆုံးဖြတ်ချက်ရှာ
4️⃣ တွက်ချက်ခြင်း
5️⃣ အဖြေထိုး

👨‍🏫 သင်္ချာသင်သောအခါမည်သည့်အရာသည်အထိရောက်ဆုံးအသုံးပြုရမည့်အရာဖြစ်သလဲ?

--------> သင်ပုန်း

👨‍🏫 သင်ပုန်းကိုခွဲခြားမည်​့ အပိုင်း၃ပိုင်း ကဘာတွေလဲ?

1️⃣ သင်ခန်းစာ၏အစပိုင်း.....................(ဘယ်အဆင့်ပါမလဲ)
2️⃣ သင်ခန်းစာ၏အဓိကအပိုင်း............ ။
3️⃣ သင်ခန်းစာ၏နိဂုံးချုပ်အပိုင်း.......... ။

👨‍🏫 ထောင့်များအကြောင်းကိုသင်မည်ဆိုပါက အဆင့်၄ဆင့်ဖြင့်သင်ကြားရန်

အဆင့်၁.......သိပြီးအသိပညာကိုပြန်လည်မှတ်မိရန် နိဒါန်းပျိုးခြင်း
နမူနာ......ထောင့်မှန်တစ်ခု၏ဒီဂရီကဘယ်လောက်လဲ။ ထောင့်မှန်၃ခုဆိုရင်ဒီဂရီဘယ်လောက်လဲ။

အဆင့်၂.......သင်ခန်းစာအတွက်အဓိကမေးခွန်းကိုပြောကြားခြင်း
နမူနာ....... ၁။၁၈၀ဒီဂရီ ထက် ပိုကြီးသောထောင့်များအားမည်သို့တိုင်းတာရမည်ကိုစဥ်းစားကြမယ်။

အဆင့်၃.......တွက်နည်းအမျိုးမျိုးကိုရှာဖွေခြင်း
နမူနာ........၁။၁၈၀ဒီဂရီထက်ပိုကြီးသော ထောင့်များအားမည်သို့တိုင်းတာပြီးအဖြေရှာကြမလဲ။

180° + 30° = 210° ............. 360° - 150° = 210°

အဆင့်၄.......အတည်ပြုမေးခွန်းကို ဖြေရှင်းခြင်း
ကလေးများနှစ်ယောက်တစ်တွဲသော်လည်းကောင်းအုပ်စုလိုက်သော်လည်းကောင်းမည်သို့လုပ်ဆောင်နေသလဲ...မှန်ကန်မူရှိမရှိစစ်ဆေးရန်(ဆရာ မှ)

သင်ကြား၊ သင်ယူမှုလုပ်ငန်းစဉ် အတွက် သိထားရမည့်အချက်များ သင်္ချာသင်ရိုးသစ် အတွက် သင်ခန်းစာ တွက်လုံးကို အခြေခံအားဖြင့် အောက်တွင်ဖော်ပြထားသည့် အဆင့်(၄)ဆင့်ပါသော ပုစ်ဆာဖြေရှင်းခြင်း ပုံစံဖြင့် ရေးဆွဲထားသည်။

၁။ အဓိကမေးခွန်းကိုတင်ပြခြင်း

၂။ တစ်ဦးချင်းစီ သို့မဟုတ် အုပ်စုလိုက်ဖြေရှင်းခြင်း

၃။ စိတ်ကူးများကို တစ်တန်းလုံးနှင့် မျှဝေခြင်း(တင်ပြခြင်းဖြင့်) ၄။ နိဂုံးချုပ်ဆိုခြင်းနှင့် တတ်မြောက်မှု အတည်ပြုမေးခွန်းများမေးခြင်း

👨‍🏫 မူလတန်းသင်္ချာကိုဘယ်လိုစစ်ဆေးမလဲ

မူလတန်း သင်္ချာ အတွက် စစ်ဆေးအကဲဖြတ်ခြင်း

သင်ခန်းစာသည် ထိရောက်ပြီး ကလေးများအတွက် အကျိုးဖြစ်ထွန်းစေရန် ဆရာများသည် သင်ခန်းစာ၏ အဆင့်တိုင်းတွင် ကလေးများ၏ နားလည်မှုကို စစ်ဆေးအကဲဖြတ်ရမည်။ ကလေးများ၏နားလည်မှုကို တိုးမြှင့်ရန်အတွက် သင်ခန်းစာကို ပိုမို ကောင်းမွန်စေရန် ဆရာများသည် အခန်းများ၏ အလယ်နှင့် အဆုံးတွင် ကလေးများ၏ နားလည်မှုကို စစ်ဆေးအကဲဖြတ်ရမည်။ ထို့အပြင် ဆရာက စာသင်နှစ်၏ အလယ်နှင့် အဆုံးတွင် ကလေးများ ကလေးများအား ကူညီဖြည့်ဆည်းပေးရန် နှင့် မိမိတို့၏ သင်ခန်းစာများကို ပိုမိုကောင်းမွန် တိုးတက်လာစေရန် အတွက်လည်း စစ်ဆေးအကဲဖြတ်ရန် လိုအပ်ပါသည်။

G5 သင်္ချာသည် အလယ်တန်း G6 ကိုတက်လှမ်းရန်အတွက် ပါထည့်သွင်းထားသည့်သင်ခန်းစာများပါရှိသည့်အတွက်......

တွက်နည်းကို သင်ရိုးဟောင်းကိုသော်လည်းကောင်းမှီငြမ်းသင့်လျှင် မှီငြမ်းရပါလိမ့်မည်။

ဦးစစ်နိုင်(ပညာရေး)

17/01/2026

Grade 5
ဖားကန့်မြို့နယ်အတွက်
ခရိုင်မေးခွန်းလေးတွေ ရပြီကြားတယ်🥰🥰🥰

Grade 5 (ပဉ္စမတန်း)သိပ္ပံ သင်ရိုးသစ်လေ့ကျင့်ရန် မေးခွန်းများနှင့်အဖြေများ #လေ့ကျင့်သင်ကြားရေးစာအုပ် #စာစီလို့ပြီးဆုံး
11/01/2026

Grade 5 (ပဉ္စမတန်း)
သိပ္ပံ သင်ရိုးသစ်
လေ့ကျင့်ရန် မေးခွန်းများနှင့်အဖြေများ
#လေ့ကျင့်သင်ကြားရေးစာအုပ်
#စာစီလို့ပြီးဆုံး

Grade 5 ကလေးများအား ညအိပ် စာကျက်ခေါ်ထားပြီးအပီပြင်စာတွေလုပ်ခိုင်း🥰
06/01/2026

Grade 5 ကလေးများအား ညအိပ် စာကျက်ခေါ်ထားပြီး
အပီပြင်စာတွေလုပ်ခိုင်း🥰

2️⃣0️⃣2️⃣6️⃣🥰🥰🥰🥰🥰🥰နှစ်တစ်နှစ်ကုန်တော့မယ့်နောက်ဆုံးရက်ကနေစပီးခုနှစ်ရက်သားသမီးများအပေါင်း ပျော်ရွှင်စရာများနဲ့ကြုံရပါစေနှစ...
31/12/2025

2️⃣0️⃣2️⃣6️⃣

🥰🥰🥰🥰🥰🥰
နှစ်တစ်နှစ်ကုန်တော့မယ့်

နောက်ဆုံးရက်ကနေစပီး

ခုနှစ်ရက်သားသမီးများအပေါင်း

ပျော်ရွှင်စရာများနဲ့ကြုံရပါစေ

နှစ်ဟောင်းက

ငွေရေးကြေးရေး မပြေလည်မှုများ နဲ့ အဆင်မပြေသည့်အရာများ

နှစ်ဟောင်းမှာဘဲ ကျန်ခဲ့ပီး အဆုံးသတ်သွားပါစေလို့ဆုတောင်းပေးပါတယ်

2025-2026 ပညာသင်နှစ်Grade 5 ပဉ္စမတန်းနမူနာမေးခွန်းနှင့် အဖြေများ  fileများအလိုရှိပါက Viber မှ ပို့ပေးပါမည်။Viber မန့်မှာ...
28/12/2025

2025-2026 ပညာသင်နှစ်
Grade 5 ပဉ္စမတန်း
နမူနာမေးခွန်းနှင့် အဖြေများ

fileများအလိုရှိပါက Viber မှ ပို့ပေးပါမည်။
Viber မန့်မှာရှိပါတယ်ခင်ဗျ💙

07/12/2025

စာမေးပွဲနီးလာပြီဆိုတော့ pageလေးပြန်runမယ်

07/04/2025
Grade 5 English Audio Application
06/03/2025

Grade 5 English Audio Application

MediaFire is a simple to use free service that lets you put all your photos, documents, music, and video in a single place so you can access them anywhere and share them everywhere.

Address

Hpakan

Website

Alerts

Be the first to know and let us send you an email when Pyin Nyar Gone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share