GVE English စာသင်တန်းများ ဘားအံ

  • Home
  • Myanmar
  • Hpa-an
  • GVE English စာသင်တန်းများ ဘားအံ

GVE English စာသင်တန်းများ ဘားအံ English Grammer Course for primary,middle and high school student

https://m.facebook.com/story.php?story_fbid=118848880980597&id=100085664574067
18/10/2022

https://m.facebook.com/story.php?story_fbid=118848880980597&id=100085664574067

-----🌟🌟---------“Certificate in Pharmacist Aide and Nurse Aide
👉👉သင်တန်း တန်းခွဲသစ်များ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ရှင်~~~

👬 👫 👭 👫👉👉

ဘယ်သူတွေတက်ရောက်သင့်လဲ❓❓
🎗🎗ဆေးရုံဆေးခန်းများအလုပ်လုပ်ကိုင်ချင်သူများ
🎗🎗ကိုယ်ပိုင်ဆေးဆိုင်ဖွင့်လိုသူများ
🎗🎗ဆေးအကြောင်းနားလည်ပြီးမိသားစုအားကျန်းမာရေးစောင့်ရှောက်မှုပေးလိုသူများ
🎗🎗နိုင်ငံခြားတွင် သက်ကြီးရွယ်အိုရှောက်စောင့်မှုဖြင့် သွားရောက်အလုပ်လုပ်ကိုင်လိုသူများ
တက်ရောက်သင့်တဲ့သင်တန်းတစ်ခုပါ။

သင်တန်းစဖွင့်မည့်နေ့ 🔜🔜
၂၀၂၂ အောက်တိုဘာလ ၃၀ ရက် 🛎🛎

📕📕📕📕
သင်ကြားမည့်ဘာသာရပ်ကြီး (၄)ခုမှာ
၁။ သူနာပြုအကူ (Nurse aide)
၂။ ဆေးဝါးအကူ (Pharmacist aide)
၃။ ဘဝတွက်တာကျွမ်းကျင်စရာ
(Life skills)
၄။ အခြေခံစီးပွားစီမံခန့်ခွဲမှု
( Basic Bussiness Management)

သူနာပြုအကူဘာသာရပ်တွင်📕
1️⃣ အခြေခံကျင့်ဝတ်များ
2️⃣ အခြေခံဆေးပညာအခေါ်အဝေါ်
3️⃣ အခြေခံခန္ဓာဗေဒ
4️⃣ အဖြစ်များသောရောဂါများ
5️⃣ သူနာပြုအကူတစ်ဦး မဖြစ်မနေ ပြုလုပ်တတ်ရမည့် Nursing skills အခု (၆၀)၊
ဥပမာ 👉👉
▶ အခြေခံကျန်းမာရေးစစ်ဆေးခြင်း ( သွေးပေါင်ချိန်ခြင်း၊ အဖျားတိုင်းခြင်း၊ BMI တိုင်းခြင်း၊ ဆီးချိုစစ် သွေး၊ဆီးစစ်ဆေးခြင်းများ)
▶ နှာခေါင်းပိုက်၊ အစာပိုက်၊ ဆီးပိုက်
ထည့်ခြင်း
▶ အနာဆေးထည့်ခြင်း၊ ပတ်တီးစည်းခြင်း၊ ချုပ်ရိုးဖြေခြင်း
▶ သက်ကြီးရွယ်အို နာတာရှည်ရောဂါသည်များ ပြုစုစောင့်ရှောက်နည်းများ
▶ ဆေးရုံတွင်သူနာပြုအကူ ထမ်းဆောင်ရမည့်တာဝန်ဝတ္တရားများ
▶ ခွဲစိပ်ပြီးကာစလူနာ ပြုစုစောင့်ရှောက်နည်းများ
▶ကလေးငယ်ပြုစုစောင့်ရှောက်နည်းများ
▶လူတိုင်းတတ်သင့်သည့် အရေးပေါ်အသက်ကယ်နည်းများ

ဆေးဝါးအကူဘာသာရပ်တွင်📕
1️⃣ဆေးဝါးအခေါ်အဝေါ်များ
2️⃣အခြေခံဆေးဝါးဗေဒ
ဆေးဆိုင်တစ်ဆိုင်ဖွင့်နိုင်လောက်တဲ့အထိလိုအပ်တဲ့ဆေးဝါးပညာ၊ ဆေးရောင်းသူကျင့်ဝတ်နဲ့အညီဆေးတွေရောင်းချတတ်ရန်၊ ဆေးဝယ်သူကိုဘေးဥပါတ်မဖြစ်အောင် စစသည့်အခြေခံပညာရပ်များမှစပြီး ဆေးဆိုင်ရောင်းအားကောင်းအောင်
(Marketing Skills )တွေကိုပါ သင်ကြားပေးမှာဖြစ်ပါတယ်။
3️⃣ လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အလုပ်လုပ်ပုံ၊ အဖြစ်များသောရောဂါများအကြောင်း၊ ဆေးဝါးနှင့်ဆေးပညာဆိုင်ရာ အယူအဆမှားတွေရဲ့အန္တရာယ်ကြီးပုံ စသည်များကိုပါ ထည့်သွင်းသင်ကြားပေးပါမည်။

ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ်တွင်📕
1️⃣လူမှုဆက်ဆံရေးအရေးကြီးပုံ
2️⃣လုပ်ငန်းခွင် ပျော်ရွှင်ခြင်း
3️⃣လုပ်ငန်းခွင် အထက်အောက်
ဆက်ဆံခြင်း
4️⃣Customerနှင့် ဆက်ဆံခြင်း
5️⃣Customer complainsဖြေရှင်းခြင်း
စသည့် သိသင့်သိထိုက်သော လူမှုဆက်ဆံရေးဆိုင်ရာများကို သင်ကြားရပါမည်။

အခြေခံစီးပွားစီမံဘာသာရပ်တွင်📕
1️⃣ ဈေးကွက်ရှာဖွေခြင်း
2️⃣ စျေးကွက်တည်ဆောက်ခြင်း
3️⃣ Basic Digital marketing အကြောင်း
4️⃣ ဆေးဆိုင်လိုင်စင်လျှောက်ခြင်း
5️⃣ ရရှိသုံးစွဲလက်ကျန်စာရင်းပြုလုပ်ခြင်း
6️⃣ အရှုံးမြတ်ခွဲခြင်း
7️⃣ ဝန်ထမ်းများစီမံခန့်ခွဲပုံ
8️⃣ ကိုယ်ရေးရာဇဝင်ပုံစံ (CV form) ရေးသားနည်း နှင့် အလုပ်လျှောက်နည်း interview ဖြေဆိုနည်းများ စသည်တို့ကို သင်ကြားရပါမည်။

📖📖📖
သင်တန်းကာလ ဘယ်လောက်ကြာမှာလဲ❓
စာသင်ကာလ(၄)လ ဖြစ်ပြီး လက်တွေ့ကာလ (၁)လဖြစ်ပါသည်။

🏅🏅🏅
Certificate တန်းတက်ရောက်ဖို့ ဘာတွေလိုအပ်လဲ ❓
🥇အထက်တန်းအောင်မြင်ထားသူ
🥈ပညာကိုကြိုးစားသင်ယူလိုသူ
🥉ဆေးပညာကိုစိတ်ဝင်စားသူ

❗️❗️သင်တန်း ပြီးဆုံးပါက “Certificate in
Pharmacist and Nurse Aide " ရရှိမည်။

🕘🕘🕘သင်တန်း အချိန်မှာ
10:30AM - 12:30 PM
(သင်တန်းချိန်အပြောင်းအလဲရှိပါသည်)

သင်ကြားချိန် နာရီ (၉၀)ကျော်ရှိပြီး လက်တွေ့ဆောင်ရွက်ရန် (၁)လ ကြာမြင့်မည်ဖြစ်သည်။
❗❗သင်တန်းသားလိုက်နာနိုင်မှု အားနည်းပါက သင်တန်းချိန်ထပ်တိုးနိုင်ပါသည်။

💵💵သင်တန်းကြေး ( ၄ ) သိန်း ကျပ်တွင် ( စာရွက်စာတမ်း ကြေးများ ပါ၀င်ပြီး)
သင်တန်းကြေးတစ်ခါတည်းပေးသွင်းပါက🎁🎁 Blood Glucose Meter (1)လုံးလက်ဆောင်ပေးပါမည်။
တန်ဆောင်တိုင် Promotion အနေဖြင့် 30.10.2022 မတိုင်မီသင်တန်းအပ်သူများ (၃)သိန်းခွဲ ကျပ်သာ ကျသင့်မည်ဖြစ်ပြီး
တစ်လတစ်ခါသင်တန်းကြေးခွဲသွင်းနိုင်ပါသည်။
📣📣📣
သင်တန်းတိုင်းက တတ်‌​​ကျွမ်းနားလည်သည်အထိသင်​​ကြားပေးသောကြောင့် စိတ်ဝင်တစား ကြိုးစားသင်ယူနိုင်မည်ဆိုပါက ပေးရသည့်ဈေးနှင့်လုံးဝတန်စေရမည်ကို အာမခံချက် ပေးနိုင်​​သောသင်တန်းလေးဖြစ်သည့်အတွက် တက်ရောက်သင့်ကြောင်း သတင်းကောင်းလေးပေးလိုက်ရပါသည်ရှင်

ထိရောက်စွာသင်ကြားနိုင်ရန်အတွက်👨‍🏫👩‍🏫

❗❗အတန်းတစ်တန်းလျှင် ကျောင်းသားဦးရေ (၁၀)ဦး

သင်တန်းအပ်ရန်📱☎✉
Email - [email protected]
Messenger
Hot line phone 09 767069344
(သို့မဟုတ်)
လူကိုယ်တိုင်လာရောက်အပ်နှံနိုင်ပါသည်။

သင်တန်းတည်နေရာ
အမှတ် ၃ လမ်း၊ ဘားကပ်၊ ဘားအံမြို့၊
(ကွန်ပြူတာတက္ကသိုလ်အနီး) ကရင်ပြည်နယ်။
09 767 069 344
[email protected]
#သူနာပြုအကူ
#ဆေးဝါးကျွမ်းကျင် #ဘားအံ #သင်တန်း #ဆေးဆိုင်

14/03/2020

❝ နိဗ္ဗာန်ခရီးသွား အတားအဆီးများ ❞

ဒကာ ဒကာမတို့ -
မြတ်စွာဘုရားရှင် သံဃာတော် ၅၀၀ ခြံရံပြီး
ခရီးဒေသစာရီ လှည့်လည်ကြွချီတော်မူရင်း
ကောသမ္ဗီပြည်မြို့အနီး ဂင်္ဂါမြစ်ကမ်းနားက
တောအုပ်တစ်ခုမှာ နားနေတော်မူစဉ်
ဂင်္ဂါမြစ်ရေထဲ မျှောပါလာတဲ့ သစ်တုံးကြီးကို
အကြောင်းပြုပြီး ဒီ ဒါရုက္ခန္ဓောပမသုတ္တန်ကို
ဟောတော်မူတာပဲ ။

" ချစ်သားတို့ ဂင်္ဂါမြစ်ထဲမှာ မျှောပါလာတဲ့
သစ်တုံးကြီးကို မြင်ကြတယ်မို့လား "
အဲဒီ ဂင်္ဂါမြစ်ထဲ မျှောပါလာတဲ့ သစ်တုံးကြီးဟာ
၁ ။ ဒီဘက်ကမ်းမှာ တင်နေရင်
၂ ။ ဟိုဘက်ကမ်းမှာ တင်နေရင်
၃ ။ ရေလယ်ခေါင်မှာ နစ်မြုပ်ရင်
၄ ။ သောင်ပေါ်မှာ တင်နေခဲ့ရင်
၅ ။ ' လူ ' ဆယ်တာ ခံရရင်
၆ ။ ' နတ် ' ဆယ်တာ ခံရရင်
၇ ။ ' ဝဲ ' စုပ်တာ ခံရရင်
၈ ။ အန္တောပူတိ ( အတွင်းပုပ်နေရင် )
အဲဒီ အန္တရာယ် ၈ ပါးမှ လွတ်ကင်းခဲ့ရင်
အဲဒီသစ်တုံးကြီးဟာ ပင်လယ်သမုဒ္ဒရာသို့
ရောက်လိမ့်မယ် ။

ဤသစ်တုံးကြီးနဲ့မခြား ချစ်သားတို့လည်းပဲ
အန္တရာယ် ၈ ပါးမှလွတ်ကင်းခဲ့ရင်
နိဗ္ဗာန်တိုင်အောင် ရောက်မယ်လို့ ဘုရားရှင်က
သစ်တုံးကြီး ဥပမာပေးပြီး ဟောတော်မူတယ် ။

အဲ့တော့ တရားနာပရိတ်သတ်တို့
ဘုရားရှင်ဟောတော်မူတဲ့
ဥပမာစကားရပ်တို့ကိုကြည့်
- ဂင်္ဂါမြစ်ရယ်
- ပင်လယ်သမုဒ္ဒရာရယ်
- ဂင်္ဂါမြစ်ထဲမျှောပါလာတဲ့သစ်တုံးကြီးရယ်
- သစ်တုံးကြီးကိုသမုဒ္ဒရာထဲမရောက်အောင်
နှောက်ယှက်နိုင်တဲ့ အန္တရာယ် ၈ ချက်ရယ်
အားလုံး ဥပမာပေါင်း ၁၁ရပ် ။

ဒို့ ဒကာ ဒကာမတို့ ပထမဦးစွာ နားလည်ဖို့က
ဂင်္ဂါမြစ် ( ဒါမှမဟုတ် ) ဂင်္ဂါမြစ်ရေဆိုတာ
မဂ္ဂင် ၈ပါးကိုရည်ရွယ်တာ ။
အဲဒီဂင်္ဂါမြစ်ရေတွေ ဘယ်မှာဆုံးသလဲဆိုရင်
ပင်လယ်သမုဒ္ဒရာမှာဆုံးတယ် ။

အဲဒီလိုပဲ
မဂ္ဂင်ရှစ်ပါးကျင့်တဲ့ပုဂ္ဂိုလ်တွေဘယ်မှာဆုံးသလဲ
ဆိုရင် နိဗ္ဗာန်ရောက်ရင်ဆုံးတယ် ။

ဒါဖြင့် ဘုရားရှင် ရည်ရွယ်တဲ့ဥပမာက
ပင်လယ်သမုဒ္ဒရာဆိုတာ နိဗ္ဗာန်ပဲ ။
ဂင်္ဂါမြစ်ရေဆိုတာ မဂ္ဂင်ရှစ်ပါး ။

အဲဒီ မဂ္ဂင်ရှစ်ပါးကို တရားကိုယ်ကောက်ရင်
- သမ္မာဒိဋ္ဌိ
- သမ္မာသင်္ကပ္ပ
- သမ်မာဝါစာ
- သမ်မာကမ်မန်တ
- သမ်မာအာဇီဝ
- သမ်မာဝါယာမ
- သမ်မာသတိ
- သမ်မာသမာဓိ

အဲဒီမဂ္ဂင်ရှစ်ပါးကို အကျဉ်းချုံးရင်
" သီလ သမာဓိ ပညာ " သုံးပါးရတယ် ။

အဲဒီမှာ
- သမ္မာဒိဋ္ဌိ
- သမ္မာသင်္ကပ္ပ
#ဒီ မဂ္ဂင် ၂ပါးက ပညာနဲ့သဘောတူသောကြောင့်
ပညာမဂ္ဂင်ခေါ်ရတယ် ။
ဥာဏ်ဦးစီးတဲ့မဂ္ဂင်ပေါ့ ။

- သမ်မာဝါစာ
- သမ်မာကမ်မန်တ
- သမ်မာအာဇီဝ
ဒီ ၃ပါးက သီလမဂ္ဂင်ခေါ်တယ် ။

" သမ္မာဝါစာ " ကောင်းသောစကားကိုပြော ဆိုရင်
- မုသာဝါဒ
( မဟုတ်မမှန်စကားပြောခြင်း )

- ပိသုဏဝါစာ
( ချောပစ်ကုန်းတိုက်သောစကားပြောခြင်း )

- ဖရုသဝါစာ
( ကြမ်းတမ်းသောစကားပြောခြင်း )

- သမ်ဖပ်ပလာပ
( အနှစ်မရှိ သိမ်ဖျင်းသောစကားပြောခြင်း )

အဲဒီဝစီဒုစရိုက်လေးပါး ရှောင်ရမယ် ။

" သမ္မာကမ္မန္တ " ကောင်းသောအလုပ်တွေလုပ် ဆိုရင်
- ပါဏာတိပါတ
( သူ့အသက်သတ်ခြင်း )

- အဒိန်နဒါန
( သူတပါးဥစ္စာခိုးယူခြင်း )

- ကာမသေုမိစ်ဆာစာရ
( သူတပါးသားမယား အိမ်ရာပြစ်မှားခြင်း )

အဲဒီကာယဒုစရိုက်တွေ အကုန်ရှောင်ရမယ် ။

" သမ္မာအာဇီဝ " ကောင်းသောအသက်မွေး ဆိုရင်
- အဆိပ်ကုန်ကူးခြင်း
- လက်နက်ကုန်ကူးခြင်း
- လူကုန်ကူးခြင်း
- အရက်သေစာ မူးယစ်ဆေးဝါးကုန်ကူးခြင်း
- သားငှက်တိရစ္ဆာန် အသားကုန်ကူးခြင်း
အဲဒီအသက်မွေးလုပ်ငန်း ၅ခု ရှောင်ရတယ် ။
အဲဒီ ၅ခု ရှောင်ရင် သမ္မာအာဇီဝ ဖြစ်တယ် ။

ပိုပြီးရှင်းအောင်ပြောရင် ကာယဒုစရိုက် ၃ပါး
ဝစီဒုစရိုက် ၄ပါးကိုရှောင်ပြီး အသက်မွေးရင်
မိမိတို့ရဲ့အသက်မွေးလုပ်ငန်းဟာ
သန့်ရှင်းပါပြီ သမ္မာအာဇီဝမဂ္ဂင်ရပြီ ။

အဲ့တော့ သီလမဂ္ဂင်က ၃ပါး ။
အဲဒီ၃ပါးပေါင်းရင် " သီလ " တစ်ခု ရမယ် ။

္ဒနောက်ထပ်
" သမ်မာဝါယာမ " က ဝီရိယ
" သမ်မာသတိ " က သတိ
" သမ်မာသမာဓိ " က သမာဓိ
အဲဒီ ဝီရိယနဲ့ သတိကို သမာဓိထဲပေါင်း ။

သတိကလည်း သမာဓိကို အထောက်အပံ့
ပေးတယ် ။

ဝီရိယကလည်း သမာဓိကို အထောက်အပံ့ပေး
ရတာပဲ ။

အဲဒီ သတိနဲ့ ဝီရိယ ၂ပါးပါမှလည်း
သမာဓိကောင်းစွာရတယ် ။
သူတို့ ၂ပါးဟာ သမာဓိရဲ့အခြံအရံဖြစ်နေလို့
သမာဓိထဲပေါင်းပြီး သူတို့၃ ပါးကို
" သမာဓိမဂ္ဂင် " ခေါ်ပါ ။

မဂ္ဂင်ရှစ်ပါးကိုချုံးလိုက်တော့
" သီလ သမာဓိ ပညာ " ဒီ၃ခုပဲကျန်တယ်နော် ။

ဒါဖြင့် မဂ္ဂင်ရှစ်ပါးကို ဒို့တရားနာပရိတ်သတ်
နားလည်ကြပြီနော် ။

အဲ့တော့ ဂင်္ဂါမြစ်ရေမှာမျှောပါလာတဲ့
သစ်တုံးကြီးက ဘာနဲ့တူသလဲဆိုရင်
ရုပ်နာမ် ၂ပါးကိုကောင်းစွာသိမြင်တဲ့
" သမ္မာဒိဋ္ဌိဥာဏ် " နဲ့တူတယ်လို့
မြတ်စွာဘုရားက ဒီနေရာမှာ ညွှန်ပြတယ် ။

ဒါဖြင့် ဒကာ ဒကာမတို့ -
- ဂင်္ဂါမြစ်ရေဆိုတာက မဂ္ဂင်ရှစ်ပါး
- ပင်လယ်သမုဒ္ဒရာဆိုတာက နိဗ္ဗာန်
- ဂင်္ဂါမြစ်ထဲ မျှောပါလာတဲ့သစ်တုံးကြီးဆိုတာက
သမ္မာဒိဋ္ဌိဥာဏ် ။
နာမရူပ ပရိစ္ဆေဒဥာဏ်ကစပါ ။

#( သမ္မာဒိဋ္ဌ်ိဥာဏ် ဘယ်လိုရမလဲဆိုတာ
နောက်မှ သပ်သပ်မျှဝေပါမည် ) #

အဲ့တော့ သမ္မာဒိဋ္ဌိဥာဏ်ဆိုတဲ့သစ်တုံးကြီး
မဂ္ဂင်ရှစ်ပါးတည်းဟူသောရေအဟုန်ကို
အမှီပြု မျှောလာတာ နိဗ္ဗာန်တိုင်အောင်
သွားမယ် ။

သို့သော် လမ်းခရီးမှာ အန္တရာယ် ၈မျိုးကို
ကျော်ဖြတ်နိုင်မှ နိဗ္ဗာန်ခရီး အရောက်သွားန်ိုင်မှာ ။

( ၁ )
- ဒီဘက်ကမ်းမှာ တင်နေခဲ့ရင်လည်းပဲ
သမုဒ္ဒရာဆီ မရောက်တော့ဘူးတဲ့ ။

အဲ့တော့ ဒီဘက်ကမ်းဆိုတာ
စက္ခု သောတ ဃာန ဇိဝှါ ကာယ မန ဆိုတဲ့
အတွင်းအာယတန ၆ပါး ။
မြန်မာလို နားလည်အောင်ပြောရင်
" မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် " ဆိုတဲ့
အတွင်းအာယတန ၆ပါးကို ပြောတာ ။
အဲဒီ ၆မျိုးပေါင်းတော့ ဒီခန္ဓာကိုယ်ကြီး မဖြစ်ဘူးလား ။

ဒို့ တရားနာပရိတ်သတ် ကိုယ့် ကိုယ်ကြီးကို
သိပ်ပြီး ညှာတာနေမယ် ခင်မင်နေမယ်
တွယ်တာနေမယ် မက်မောနေမယ်ဆိုရင်
ဒီဘက်ကမ်းကိုတင်တာပဲ ။

ကျန်းမာရေးက ဘယ်လိုဖြစ်လို့ နေမကောင်းလို့
အဲလို ကိုယ့်ခန္ဓာကိုယ်ကိုညှာပြီး ငါတော့
တရားအားမထုတ်နိုင်သေးဘူးဆိုရင်လည်း
ဒီဘက်ကမ်းတင်တာပဲ ။

တရားအလုပ် အားထုတ်ကြတဲ့နေရာမှာလည်း
ကြာကြာထိုင်တော့ ခါးနာတယ် ပေါင်နာတယ်ဆို
နာတယ်ဆိုတာကိုကြည့်ပြီး အေးပြီးနာတာလား
ပူပြီးနာတာလား ပူခြင်းအေးခြင်းက တေဇောဓာတ်
ဖောက်ပြန်လို့နာတာ အဲလိုမစီိစစ်ဘဲ
ခါး ပေါင်စတဲ့ သမုတိသစ္စာပေါ်မှာ
ငါနာတယ်ဆိုပြီး ဒေါသဒေါမနဿတွေဖြစ်ပြီး
ကိလေသာတွေ ဖြစ်ခဲ့ရင်လည်း
ယောဂီတို့ သမ္မာဒိဋ္ဌိဥာဏ်ပျောက်ပြီး
ဒီဘက်ကမ်းတင်တော့တာပဲ ။

ဒီခန္ဓာကိုယ်မှာရှိတဲ့ မျက်စိ နား နှာခေါင်း လျှာ
ကိုယ် စိတ် " ဆိုတဲ့ခြောက်မျိုးသောတရားတွေ
ပေါင်းထားတာကို " ငါပါပဲ " လို့
" ငါ့ခန္ဓာကိုယ်ကြီး " ပါပဲလို့ လုပ်နေသမျှ
ကာလပတ်လုံး ဒို့ ဒကာ ဒကာမတွေ
ဒီဘက်ကမ်းက ခွါနိုင်တော့မှာမဟုတ်ဘူး ။

ဒီဘက်ကမ်းလို့ခေါ်တဲ့ ဒီခန္ဓာကိုယ်ကြီးပေါ်မှာ
တွယ်တာ ငြိကပ်တဲ့စိတ်ထားကင်းစင်မှ
ဒီဘက်ကမ်းက ခွါနိုင်မယ် ။
ဒီလိုမှ မခွါနိုင်ရင် ဒို့တရားနာပရိတ်သတ်
မဂ်ဖိုလ်ရဖို့ ဝေးလိမ့်မယ် ။

ဒါကြောင့် ဒီဘက်ကမ်းက ခွါနိုင်အောင်
ကြိုးစားကြ ။

( ၂ )
ဒီဘက်ကမ်းက ခွါနိုင်ပြီဆိုပါစို့ ။
နောက်တခါ တွေ့ရမယ့် အန္တရာယ်က
သစ်တုံးကြီး ဟိုဘက်ကမ်းမှာ တင်နေခဲ့ရင်တဲ့ ။

ဟိုဘက်ကမ်းဆိုတာက အပြင်အာယတန ၆ပါး ။
အပြင်အာယတန ၆ပါးက
ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ
ဓမ္မာရုံ ဆိုတဲ့ အာရုံ၆ပါး ။

တရားအလုပ် အားထုတ်ကြတဲ့ယောဂီများ
ထိုင်ပြီး ကမ္မဋ္ဌာန်းစီးဖြန်းနေရင်းနဲ့
မျက်စိကနေ လင်းကနဲ အလင်းရောင်လေးတွေ
မြင်ရတယ် ။
ကမ္မဋ္ဌာန်းအားထုတ်နေတဲ့အခန်းတစ်ခုလုံး
အရောင်တွေလင်းနေတယ် ။

အဲဒီလို အရောင်အဆင်း သဏ္ဍန်တည်းဟူသော
ရူပါရုံကို မြင်ရရင် တချို့ယောဂီတွေ
မိမိကမ္မဋ္ဌာန်းကိုလွတ်ပြီး အဲဒီအလင်းကိုကြည့်ပြီး ကျေနပ်နေတတ်တယ် ။

အဲဒီလို အလင်းရောင်တွေ ရလာတဲ့အခါ
ယောဂီတွေဟာ ဥာဏ်ကစားပြီး
အဲဒီအလင်းရောင်နဲ့ ဘယ်ကြည့်ချင်တယ်
ညာကြည့်ချင်တယ် အိမ်ကိုလှမ်းကြည့်ချင်တယ်
ဒီလိုတွေဖြစ်လာပြီး ဟိုကြည့် ဒီကြည့် ကြည့်
ကြတယ် ။

အဲဒီလို ဟိုကြည့် ဒီကြည့်လည်းကြည့်ရော
ဟိုတွေ့ ဒီတွေ့ တွေ့ပြီး မိမိတို့မူလကမ္မဋ္ဌာန်း
ပျက်စီးကုန်ရော ။

အဲဒါ ဘာကြောင့်လဲဆိုရင် အဆင်းရောင်
အလင်းရောင်လို့ခေါ်တဲ့ သြဘာသတည်း
ဟူသော ရူပါယတန ရူပဓာတ်တည်းဟူသော
ဟိုဘက်ကမ်းမှာတင်ပြီး ဒီပုဂ္ဂိုလ် ကမ္မဋ္ဌာန်း
ပျက်သွားတယ် ။

မြတ်စွာဘုရားသာသနာမှာ သြဘာသတွေ့ပြီး
သြဘာသမှာ ရပ်ဆိုင်းသွားကြတာ အများကြီးပဲ ။

#သမာဓိလွန်ကဲပြီး နီဝရဏ ၅ပါး ငြိမ်းသွားတဲ့
အချိန်မှာ သမာဓိရဲ့စွမ်းရည်သတ္တိကြောင့်
ဒို့ ဒကာ ဒကာမတွေ အဲလိုအလင်းရောင်တွေ
ရတတ်တယ် ။ ဒါက တစ်မျိုး ။

#ဝိပဿနာစခန်းတက်နေတဲ့အချိန်မှာ
ဥဒယဗ္ဗယဥာဏ်အားကောင်းတဲ့အချိန်မှာလဲ
အဲလို အလင်းရောင်တွေ ရတတ်တယ် ။

အဲလို အလင်းရောင်အစရှိတဲ့ အပြင်အာရုံများ
ပေါ်မှာ မိမိတို့စိတ်ကျရောက်သွားရင်
မိမိတို့ မူလကမ္မဋ္ဌာန်း ပျက်စီးတယ် ။

ဒါကြောင့် မိမိတို့ သမ္မာဒိဋ္ဌိဥာဏ်တည်းဟူသော
သစ်တုံးကြီးသည် ရူပါယတနဓာတ် အစရှိတဲ့
အာရုံ ၆ပါးပေါ်မှာ တင်၍နေခြင်းသည်
ဟိုဘက်ကမ်းတင်တာလို့ ခေါ်တယ် ။

တရားအလုပ်အားထုတ်ဖို့ သွားကြမယ်ဆိုရင်လည်း
စားရေး သောက်ရေးအတွက် ဖွယ်ဖွယ်ရာရာတွေ
လုပ်တာနဲ့ အချိန်ကုန်နေရင်လည်း ရသာရုံဆိုတဲ့
ဟိုဘက်ကမ်းတင်ပြန်တာပဲ ။

ဟိုဘက်ကမ်းဆိုတာကလည်း အိုးအိမ် တိုက်တာ
လယ်ယာ ရွှေငွေ သားသမီး ဇနီးခင်ပွန်း
စတာတွေအကုန်လုံး အဲဒါ ဟိုဘက်ကမ်းပဲ ။

သားလေးကငယ်သေးလို့
ငါတရားအားမထုတ်နိုင်သေးဘူး ဆိုရင်လည်း
ဟိုဘက်ကမ်းတင်တာပဲနော် ။

သားသမီးတွေကိုငဲ့ ဆွေမျိုးတွေကိုငဲ့နေပြီး
တရားအလုပ် အားမထုတ်ကြသေးသမျှတော့
ကိုယ့်ဘဝလမ်းကြောင်း မဖြောင့်ဖြုးပါဘူး ။

ဒါကြောင့် ဟိုဘက်ကမ်းက ခွါနိုင်အောင်လည်း
ကြိုးစားကြပါ ။

( ၃ )
ဟိုဘက်ကမ်းလည်း မတင်ဘူး
ဒီဘက်ကမ်းလည်း မတင်ဘူးဆိုပါစို့ ။

ဒါပေမယ့် သစ်တုံးကြီးဟာ ရေလယ်ခေါင်မှာ
နစ်မြုပ်နေခဲ့ရင်တဲ့ ။

#ရေလယ်ခေါင် မြုပ်တယ်ဆိုတာ " နန္ဒီရာဂ " ကို
ခေါ်တယ် ပရိတ်သတ် ။
နှစ်သက်ခြင်းနဲ့ စွဲမက်ခြင်းကို နန္ဒီရာဂ ခေါ်တယ် ။
အဲဒါကို တရားကိုယ်ကောက်ရင် တဏှာပဲ ။

ဝိပဿနာကမ္မဋ္ဌာန်း အားထုတ်ရင်း စိတ်သည်
ထွက်လေ ဝင်လေပေါ်မှာငြိမ်ကျသွားတဲ့အချိန်
နီဝရဏ ၅ပါးကင်းသွားတဲ့အချိန်မှာ
ယောဂီရဲ့သန္တာန် ပဿဒ္ဓိ စိတ်ထဲအေးချမ်းလာတယ် ။
စိတ် စေတသိက်တွေအေးချမ်းလာလို့
ဒီရုပ်ခန္ဓာကြီးကလည်း အေးချမ်းလာတယ် ။

အေးချမ်းမှုလို့ခေါ်တဲ့ ပဿဒ္ဓိ ဝင်လဲလာရော
အေးချမ်းတဲ့သဘောလေး သုခဝေဒနာကို
အဲဒီယောဂီပုဂ္ဂိုလ်
နှစ်သက်သွားတယ် " နန္ဒီ " ဖြစ်သွားတယ်ပေါ့ ။
အဲဒီအခါ ဝေဒနာလိုက်ဖို့ အမှတ်မရတော့ဘူး ။
အဲဒီပုဂ္ဂိုလ်ရဲ့ကမ္မဋ္ဌာန်း ရှေ့မတက်တော့ဘူး ။

အဲဒါရေလယ်ခေါင်နစ်မြုပ်တယ် ခေါ်တာပဲ ။
နန္ဒီရာဂ ဝင်ရင် ရေလယ်ခေါင်နစ်မြုပ်တာပဲ ။

အဲဒီနေရာက ကျော်နိုင်ဖို့အရေးကြီးတယ် ။

ဝေဒနာဖြစ်တာ ဖြစ်မှန်းမသိလို့ အဝိဇ္ဇာဝင်တာ ။
ဝေဒနာရဲ့အဖြစ်ကို သိအောင်ကြိုးစား
ဝေဒနာရဲ့အပျက်ကိုလည်း သိအာင်ကြိုးစား
ဝေဒနာပေါ်မှာ သာယာမှုဖြစ်နေတာကိုလည်း
သိအောင်ကြိုးစား
ဝေဒနာရဲ့အပြစ်လို့ခေါ်တဲ့
ဖောက်ပြန်ပျက်ဆီးမှုကို သိအောင်ကြိုစား
ဝေဒနာက လွတ်မြောက်အောင်ကြိုးစား
အဲဒီ ၅ချက်ပိုင်အောင်ရှုနိုင်ရင်
အဲဒါဆို ဝေဒနာကလွန်မြောက်သွားပြီ ။

ဒါဆို ရေလယ်ခေါင်မှာ မမြုပ်တော့ပါဘူး ။

( ၄ )
နောက်ထပ် တွေ့ရမယ့် အန္တရာယ်က
- သစ်တုံးကြီး သောင်ပေါ်မှာ ကုန်းပေါ်မှာ
တင်နေခဲ့ရင်တဲ့ ။

သောင်တင်တယ်ဆိုတာ " မာန " ဝင်တာကို
ပြောတာ ။

တရားအားထုတ်ရင်း အေးလိုက်တာ ငြိမ်းလိုက်တာ
ချမ်းသာလိုက်တာဆိုပြီး ငါ ဥာဏ်ဘယ်အဆင့်
တက်ပြီဆိုပြီး ငါကဒီအဆင့်ထိရောက်ခဲ့ပြီ
ငါလိုလူမရှိဘူးဆိုပြီး မာနဝင်ပြန်တယ် ။

ငါက ဘယ်လိုအားထုတ်ထားတာ ။
ငါက ဘယ်အဆင့်ရောက်ပြီ ။
ငါက ဥာဏ်ဘယ်လောက်တက်နေပြီ ။
ငါက ကျမ်းဂန်တွေတတ်တယ် ။

အဲလိုတက်လာတဲ့မာနဟာ သောင်ပေါ်
တင်တာပဲ ။

တရားအားထုတ်တာ ခဏထားအုန်း
ဘုရားရှင် တောထွက်တော့ လိုက်ပါတဲ့
မြင်းမြီးဆွဲ မောင်ဆန်
ဘုရားရှင်ရဲ့ဖွားဖက်တော်ပေါ့ ။
အဲဒါ သာသနာ့ဘောင်ဝင်တော့
ဘုရားရှင်နဲ့ရင်းနှီးတယ်ဆိုပြီး
မာနတက်နေတဲ့ ဆန္နမထေရ်
ဘုရားပရိနိဗ္ဗာန်စံတဲ့အထိ တရားမရဘူး
ဘယ်သူမှ သူ့ကိုတရားဟောလို့မရဘူး ။

နောက်ပြီး ရှင်အနုရုဒ္ဓါမထေရ်မြတ် တရားအားထုတ်
တော့ ဒိဗ္ဗစက္ခုအဘိဥာဉ် ပထမဦးစွာ ရခဲ့တယ် ။
ငါ စင်္ကြာဝဋ္ဌာတစ်ထောင်ကို ဒိဗ္ဗစက္ခုနဲ့ကြည့်နိုင်
ဆိုပြီး သူ့အဘိဥာဉ်ကို တယ်ပြီး အထင်ကြီးတယ် ။
ငါလိုလူ ဝိပဿနာအားထုတ် ဘာခက်ရမလဲဆိုပြီး
အားထုတ်တာ အနုလောမဥာဏ်လဲရောက်ရော
ရပ်နေတာ ရှေ့မတက်ဘူး နောက်ပြန်ကျတယ် ။
အဲဒါ မာနတက်နေလို့ မာနဝင်နေလို့နော် ။

ဝိပဿနာလုပ်ငန်းအပြင်ဘက်က မာနတက်နေတဲ့
ဆန္နမထေရ် နဲ့
ဝိပဿနာလုပ်ငန်းအတွင်းဘက်က မာနဝင်နေတဲ့
ရှင်အနုရုဒ္ဓါမထေရ် တို့
အဲဒါ သောင်ပေါ်တင်တာပဲ ။

( ၅ )
နောက်ထပ် ကြုံတွေ့ရမယ့်အန္တရာယ်က
- လူဆယ်ခံရရင်တဲ့

လူဆယ်တယ်ဆိုတာ
လူများစွာတို့နဲ့
ရောရောနှောနှောနေတတ်တဲ့ပုဂ္ဂိုလ်
လူ့အဖွဲ့အစည်းမြောက်များစွာမှာ
ရောရောနှောနှော ပါတတ်တဲ့ပုဂ္ဂိုလ်
ဘယ်ကိစ္စမဆို ငါပါမှဆိုပြီး နေရာတကာ
ပါတတ်တဲ့ပုဂ္ဂိုလ်
အဲဒီပုဂ္ဂိုလ်တွေ လူဆယ်ခံရပြီ ။

လူအုပ်စုရှိတိုင်းပါနေရင် ကိုယ့်ကိစ္စမလုပ်ရဘဲ
သူများကိစ္စတွေနဲ့ အချိန်ကုန်ပြီးနေတယ် ။
အဲဒါ လူဆယ်ခံရတဲ့ပုဂ္ဂိုလ်ပဲ
လူဖြစ်ဖြစ် ရဟန်းဖြစ်ဖြစ်ပေါ့ ။

မြတ်စွာဘုရားက သူတပါးအကျိုးဆောင်ရင်း
ကိုယ့်အကျိုးလည်းပဲ မနစ်နာရဘူးလို့
မိန့်တယ်နော် ။

အဲဒါကြောင့် လူဆယ်လည်း မခံရစေနဲ့ ။

( ၆ )
- နတ်ဆယ်တာခံရရင်တဲ့ ။

နတ်ဆယ်ခံရတယ်ဆိုတာ
တရားတော့အားထုတ်ကြပါရဲ့
ဒို့ နိဗ္ဗာန်မရရင်နေပါစေ နတ်ပြည်လောက်
ရောက်ရင် တော်ပါပြီဆိုပြီး နတ်ပြည် ဗြဟ္မာ့ပြည်
တောင့်တပြီးလုပ်ရင် အဲဒါ နတ်ဆယ်ခံရတာပဲ ။

ဒါနမှု သီလမှု ဘာဝနာမှုတွေကိုပြုလုပ်ပြီး
နတ်ပြည်ကိုတောင့်တလုပ်ကြရင်လည်း
နတ်ဆယ်တာခံရတာပါပဲ ။

ဒါကြောင့် ဒကာ ဒကာမတို့
နတ်ဆယ်လည်း မခံရစေနဲ့ ။

( ၇ )
- " ဝဲ " စုပ်ခံရရင်တဲ့ ။

ဝဲစုပ်ခံရတယ်ဆိုတာ
ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဌဗ္ဗာရုံ
ဆိုတဲ့ အာရုံငါးပါး ကာမဂုဏ်တရားတွေဟာ
" ဝဲ " နဲ့တူတယ် ။

တရားအားထုတ်လို့ အနုလောမဥာဏ်တိုင်
အောင် ရောက်ထားပင်ထားငြား
* ရူပါရုံဝဲနဲ့တွေ့ရင် သမ္မာဒိဋ္ဌိဥာဏ်
ပျက်ဆီးတတ်တယ် ။
* သဒ္ဒါရုံဝဲနဲ့တွေ့ရင်လည်း သမ္မာဒိဋ္ဌိဥာဏ်
ပျက်ဆီးတတ်တယ် ။

အသံမှာ နစ်တယ် ။
အဆင်းမှာ နစ်တယ် ။
အနံ့မှာ နစ်တယ် ။
အရသာမှာ နစ်တယ် ။
အတွေ့အထိမှာ နစ်တယ် ။

#အဲဒီလို ဝဲထဲကမတက်နိုင် တလည်လည်
မြုပ်နေတဲ့ပုဂ္ဂိုလ်တွေ အဲဒါ ဝဲစုပ်ခံရတာပဲ ။

ဒါကြောင့် ဒကာ ဒကာမတို့
ရူပါရုံ သဒ္ဒါရုံ စတဲ့အာရုံငါးပါးတွေကို
ဝဲနဲ့တူတယ်လို့သဘောထားပြီး
ရှောင်နိုင်အောင် ကြိုးစားရမယ် ။

( ၈ )
သစ်တုံးကြီးဟာ
အန္တောပူတိ ( အတွင်းပုပ်နေရင် )

အတွင်းပုပ်တယ်ဆိုတာ
- ကိုယ်ကျင့်တရားပျက်ပြားနေတဲ့ပုဂ္ဂိုလ်
- ကိလေသာငြိမ်းတဲ့အကျင့်ဘာမှမကျင့်ဘဲ
ကျင့်တယ်လို့ လူတွေထင်မြင်အောင်
ဟန်လုပ်နေတဲ့ပုဂ္ဂိုလ်
ဒီပုဂ္ဂိုလ်တွေဟာ အတွင်းလှိုက်ပြီး ပုပ်နေ
တာတဲ့ ။

အဲလို အတွင်းပုပ်နေရင်လည်း နိဗ္ဗာန်မရောက်
နိုင်တော့ဘူး ။

ဒါကြောင့် ဘုရားရှင်က သီလကိုမှီ၍
သတိပဌာန်လေးပါးကို ပွားပါလို့ဟောတာ ။
" သီလ " အလွန်အရေးကြီးတယ်နော်
ပရိတ်သတ် ။


※ ဒါဖြင့် ဒကာ ဒကာမတို့
ဝိပဿနာအလုပ်အားထုတ်ပြီး
မိမိတို့ရဲ့သမ္မာဒိဋ္ဌိဥာဏ်ဆိုတဲ့ သစ်တုန်းကြီး
မဂ္ဂင် ၈ပါးတည်းဟူသော ဂင်္ဂါမြစ်ရေကိုအမှီပြု၍
- ဒီဘက်ကမ်းလည်း မတင်အောင်
- ဟိုဘက်ကမ်းလည်း မတင်အောင်
- ရေလယ်ခေါင်မှာလည်း မမြုပ်အောင်
- သောင်ပေါ်မှာလည်း မတင်အောင်
- လူဆယ်လည်း မခံရအောင်
- နတ်ဆယ်လည်း မခံရအောင်
- ဝဲစုပ်လည်းမခံရအောင်
- အတွင်းလည်း မပုပ်အောင်
ကြိုးစားအားထုတ်ပြီး သမုဒ္ဒရာဆိုတဲ့
န်ိဗ္ဗာန်တိုင်အောင် ရောက်ရှိနိုင်ကြပါစေ ။

ကျေးဇူးတော်ရှင်
သီတဂူဆရာတော်ဘုရားကြီး

အပ္ပမာဒေန သမ္မာဒေထ ရွှင်လန်းချမ်းမြေ့ပါစေ
တရားကိုမြတ်နိူးသူ

13/03/2020
05/03/2020

ဖတ်တီးလေးတွေအတွက်ဘုရာရှင်ဟောတဲ့ဝိတ်ချနည်း
“အစားအသောက် လွန်ကြူးခြင်း”

အရှင်သာရိပုတ္တရာဆုံးမထားတာရှိတယ်။
အစားအသောက်နဲ့ ပတ်သက်ရင်
လော်လီမှုမရှိဖို့ အရေးကြီးတယ်။

လူတွေဟာ ဘာကြောင့် စားကြသလဲဆိုတာ
ကြည့်လိုက်မယ်ဆိုရင်
အစာ မစားလို့ ရှိရင် အသက်ရှည်နိုင်စွမ်းမရှိဘူး။
အသက်ရှင်ဖို့အတွက် စားတယ်။
ခန္ဓာကိုယ်တည်တံ့ဖို့အတွက် စားတယ်။
ဒါအဓိကပဲ။

သို့သော် လူတွေဟာ အသက်ရှင်ဖို့စားတာ ဟုတ်ရဲ့လား။
ကြည့်လိုက်မယ်ဆိုရင်
ကြိုက်လို့စားတာများတယ်လေ။
အသက်ရှင်ဖို့မဟုတ်တော့ဘူး။
ကြိုက်တဲ့သူက သေချင်သေပါစေ ဝဝစားမယ်ဆိုတာ
ဒါ အသက်ရှင်ဖို့ စားတာ မဟုတ်ဘူးလေ။
အသက်ရှင်ဖို့အတွက်စားတယ်ဆိုတာ
ကိုယ်နဲ့ သင့်တော်တာကိုတာ စားမှာ။

အေး ဒူးရင်းသီး ကြိုက်တဲ့သူကလည်း
မတည့်ပါဘူး သွေးတိုးနဲ့ မတည့်ဖူးဆိုရင်
ဝဝစား သေမယ်ဆိုပြီး
အဲ့လို သေသွားတဲ့သူတွေ ရှိတယ်။
ဒကာမကြီးတစ်ယောက်ဆိုရင်
ဒူးရင်းသီး အစေ့ ၂၅-ခုလောက်စားပြီးတော့
ဆုံးသွားတယ်ဆိုတာ ကြားဖူးတယ်။

အချိုတွေဟာ ဆီးချိုရောဂါရှိတဲ့သူမတည့်ပါဘူးဆိုမှ
အချိုကို ကြိုက်တယ်။ ပြီးတော့မှ ဆေးသောက်မယ်။
တစ်ချို့ကျတော့ ဆေးတောင် မသောက်တော့ဘူး။
ဝအောင်စားပြီး သေမယ်ဆိုတော့ -
အဲ့ဒါ အသက်ရှင်ဖို့စားတာမဟုတ်တော့ဘူး။
ကြိုက်လို့စားတာ ဖြစ်နေတာ။

မြတ်စွာဘုရားရဲ့ အဆုံးအမကတော့
ခန္ဓာကိုယ်တည်တံ့ဖို့အတွက်စားရမယ် လို့ ဒီလိုဆိုတာ။
မစားရလို့ရှိရင် အသက်ဟာ ရပ်တည်နိုင်စွမ်းမရှိဘူး။

ဒါ့ကြောင့်မို့လို့
ရဟန်းတွေ အစာစားတဲ့အခါမှာ နှလုံးသွင်းခိုင်းတယ်။
လှည်းတွေဟာ လှည်းဘီးနဲ့ ဝင်ရိုးနဲ့ကြားထဲမှာ
ပွတ်ပါများလို့ရှိရင် ဝင်ရိုးကစားသွားတယ်။
အဲ့ဒီတော့ ဘာလုပ်ရလဲဆိုတော့ ဆီထိုးရတယ်။

လူတွေရဲ့ခန္ဓာကိုယ်မှာလည်း ထို့အတူပဲ
လှည်းဝင်ရိုးမကျိုးအောင် ဆီထိုးတာလိုပဲ-
အသက်ရှည်ရှည် နေနိုင်အောင်လို့
အစာအဟာရပံ့ပိုးပေးရတယ်။
ဒီလိုဆိုလိုတာ။ ကြိုက်လို့စားတာမဟုတ်ဘူး။

အဲ့ဒီမှာ အရှင်သာရိပုတ္တရာက တပည့်တွေကို
ဆုံးမထားတာလေးရှိတယ်။

၁။ အဆီသြဇာရှိတဲ့အစာပဲဖြစ်စေ၊
အဆီသြဇာနည်းတဲ့ အစာပဲဖြစ်စေ၊
ဝပြီးတော့ ဗိုက်ကြီးတင်းသွားအောင်မစားရဘူးတဲ့။
အလွန်ကြီး ဝအီသွားအောင် မစားရဘူးတဲ့။

၂။ ကျန်းမာရေးအတွက်
ဗိုက်ကို ချောင်ချောင်ထား
ဗိုက်တင်းအောင်မစားနဲ့။
ကိုယ်နဲ့တော်သလား မတော်ဘူးလား
စားနိုင်တဲ့အတိုင်းအတာ စားသင့်တဲ့အစားလား
ချင့်ချိန်ပြီးတော့ အစာကို စားရမယ်။
ဗိုက်ကို မဝခင်လေးမှာ ရပ်ရမယ်။ ဒီလိုဆိုလိုတာ။

ဒီစည်းကမ်းကို လိုက်နာခြင်းအားဖြင့်
ကျန်းမာရေးပိုကောင်းလာတယ်။
ဒီနေ့ကခေတ်မှာ မြတ်စွာဘုရားရဲ့အဆုံးအမကို
အနောက်တိုင်းကသူတွေက သဘောပေါက်လာလို့
လိုက်နာကျင့်သုံးမှု ရှိကြတယ်။

ဗမာ-ပြည်ကသူတွေက
နားလည်သဘောမပေါက်ကြဘူး။
အထူးသဖြင့် ဝတုတ်-တွေက၊
ဝိတ်တွေတက်ကုန်တာ အဲ့ဒါကြောင့်ပဲ။
စားသင့်တာထက် ပိုစားတဲ့
ဝတုတ်တို့ ဝိတ်တွေ တက်လာတဲ့အခါ
ပီးတော့မှ ဝိတ်ချဖို့ ကြိုးစားရင် ရောဂါ ထပ်ပြီး ရလာ။

တချို့များဆိုလို့ရှိရင်
အဆီတွေပိုလို့ ဆေးရုံတက်ပြီးတော့ ခွဲရတယ်။
ခွဲပြီး အဆီတွေထုတ်ပစ်ရသတဲ့။
မဆင်မခြင် စားခြင်းရဲ့ အပြစ်တွေပဲ။

အဲ့ဒီတော့ ဝိတ်ချနည်းကောင်းကောင်းလေးပေးမယ်။

မြတ်စွာဘုရားပေးတဲ့ ဝိတ်ချတဲ့နည်း
အခုအနောက်တိုင်းမှာတောင်ကျင့်သုံးနေတာ။
အင်္ဂလိပ်လိုတော့ Intermittent fasting -လိုခေါ်တယ်။

အဲ့ဒါဘာလဲဆိုရင်
မနက်ပိုင်း ၁၂-နာရီအတွင်းမှာ စား။
စားပြီး ၁၂-နာရီ၊ ၁၃-နာရီလောက်ကို
ဘာတစ်ခုမှ မစားပဲ ရပ်ထားတာ။

အဲ့ဒီအတွင်းမှာ
ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆီပိုတွေဘာတွေကို
သဘာဝကနေ လောင်ကျွမ်းပစ်သွားမှာ။
ခန္ဓာကိုယ်ထဲမှာ အဆီပိုတွေ ဒုက္ခပေးမယ့်အရာတွေ
အကုန်လောင်သွားမှာ။

ပြီးတော့မှာ နောက်ရက်
၁၃-နာရီ၊ ၁၄-နာရီလောက်ခြားပြီးတော့ ထပ်စား။
အဲ့ဒါဆိုရင် ကျန်းမာတယ်။

ပြောမယ်ဆိုရင် အဲ့ဒါဟာ
ဗုဒ္ဓဘာသာ ဥပုသ်စောင့်တဲ့နည်းပဲ။
မနက်ပိုင်းလေးပဲစား။

မြတ်စွာဘုရားကိုယ်တိုင်ကလည်း ဟောထားတယ်။
"ငါဟာ- မနက်တစ်ကြိမ်ပဲစားတယ်။
ဒါကြောင့်မို့လို့ ရောဂါကင်းတယ်။
ခွန်အားရှိတယ်။
အထိုင်အထ ပေါ့ပါးသွက်လက်တယ်။"
မြတ်စွာဘုရားကိုယ်တိုင်က အဲ့လိုပြောတာ။
"ရဟန်းတွေ မင်းတို့လည်းပဲ
တစ်ထပ်ပဲစားကြ။"

သို့သော် လူတွေက-မတင်းတိမ်တဲ့အခါ
မနေနိုင်တော့ စားကြတယ်။
မနက်လည်းစားမယ်။
နေ့လည်လည်းစားမယ်။
ညလည်းစားမယ်။

လူကတာ အိပ်တာ အူက မအိပ်ရဘူး။
ညလည်းအဝစားပြီး အိပ်တယ်ဆိုတော့
အူထဲမှာ အစာအိမ်ထဲမှာ အစာရောက်နေရင်
အူက အလုပ်လုပ်နေရပြီ
ကိုယ်ကတော့ အိပ်နေတာ တခေါခေါနဲ့။
အူခမျာ သနားစရာ။
ဖောင်းလိုက် ရှုံ့လိုက်နဲ့ အလုပ်လုပ်နေရတာ။

အဲ့ဒီလို မဆင်မခြင် နေတဲ့အခါကျတော့
ကြာလာတော့ အူက အလုပ်မလုပ်နိုင်တော့ဘူး။
အလုပ်မလုပ်နိုင်တဲ့အခါကျတော့ အူတွေက ပင်ပန်း
အစာအိမ်တွေက ပင်ပန်းဖြစ်လာတဲ့အခါ
ရောဂါတွေ ကပ်လာတော့တာပဲ။
အဲ့ဒီကြတော့မှ
မျက်နှာလေး ရှုံ့ပြီး ဆေးခန်းသွား၊
ဒီလိုတွေဖြစ်နေတာ။

အစကတည်းကနေပြီးတော့ -
ဗောဇနေ မတ္တေညုတာ -
စားသင့်တဲ့အတိုင်းအတာပဲ စားမယ်။
ကိုယ်နဲ့သင့်တော်တာကိုသာ စားမယ်ဆိုရင်
အဲ့ဒီအဖြစ်မျိုးကို မရောက်ဘူး။

မြတ်စွာဘုရားက
နိဗ္ဗာန်ရောက်ကြောင်းတရား စရဏ(၁၅)ပါး
ဟောတဲ့အထဲမယ် -
ဗောဇနေ မတ္တေညုတာ - ဆိုတာ ပါတယ်။

အဲ့ဒီအတိုင်းပဲ အရှင်သာရိပုတ္တရာက
ရဟန်းတွေကို ဆုံးမထားတာ။
အူနုတရော-
ဗိုက်ကို ချောင်ချောင်လေးထားပါတဲ့။
ဝအောင် ဘယ်တော့မှ မစားနဲ့။
နိတာဟာရော-
အတိုင်းအတာလေးတစ်ခုနဲ့ စားသုံးပါ။
သတော ဘိက္ခု ပရိဗ္ဗဇေ -
သတိရှိရှိနဲ့ နေ့စဉ်လိုက်နာကျင့်သုံးပါတဲ့။

လောကလူတွေဟာ ရောဂါရတာ
အစားအစာကြောင့် ရကြတာ။
သို့သော် လူတွေကတော့
စားနိုင်မှ အားရှိမယ်ဆိုတဲ့ ဆောင်ပုဒ်ကို
ကိုင်ထားပြီးတော့ တဝတပြဲစားကြတာ။

အစာလွန်လို့ ရောဂါ ရကြတယ် ဆိုတာ
သိပ်ပြီးမသိကြဘူး။
ကျန်းမာရေးလိုက်စားတဲ့ ပုဂ္ဂိုလ်တွေကျတော့
အင်္ဂလိပ်လိုဆိုထားတာ တစ်ခုရှိတယ်။

မြန်မာတွေကတော့ - ဝတယ်ဆိုမှ ကြိုက်တာ။
ပိန်တယ်ဆိုရင် ကဲ့ရဲ့တယ်ထင်တာ။
နိုင်ငံခြားသားတွေကတော့ ဝတယ်လို့ပြောရင်
ဆဲတာလို နာတယ်တဲ့။ ဝတာ မကြိုက်ဘူး။
ဘာကြောင့်မကြိုက်တာလဲဆိုရင်
သူတို့ ဆိုထားတဲ့ စကားတစ်ခု ရှိတယ်။
Being Fat is sickness.
ဖက်တီးဖြစ်လာတာဟာ နေမကောင်းခြင်းပဲတဲ့။
ဝ-လာရင် ဝိတ်တက်လာမယ်။
"ဝိတ်တက်လာခြင်းဟာ နေမကောင်းခြင်းပဲ"တဲ့။
ဒီလိုဆိုတယ်။

ဒါကြောင့်မို့ အစားအသောက်နဲ့ ကိုယ့်ကိုယ်ကိုယ်
ကျန်းမာအောင် ထိန်းသိမ်းတတ်ရမယ်။

အဲ့ဒါကို အရှင်သာရိပုတ္တရာက မှာတာ
သတောဘိက္ခု ပရိက်ပစေ- နေ့စဉ်စားတဲ့အခါ
သတိထားပြီး လိုက်နာ ကျင့်သုံးပါတဲ့။
ဒါကျန်းမာရေးအတွက်
အလွန်တန်ဖိုးရှိတဲ့အရာတစ်ခုဖြစ်တယ်။

ကမ္မဋ္ဌာန်းမှ အားထုတ်ရတာမဟုတ်ဘူး။
အစားအသောက်ဆင်ခြင်တာလည်း
ကမ္မဋ္ဌာန်းအားထုတ်တဲ့နည်းတစ်ခုပဲ။

ဒါဖြင့် ဗိုက်ကို ချောင်ချောင်ထားဖို့အတွက်
ဘယ်လို လုပ်ရမလဲ။

စတ္တာရော ပဉ္စ အာလောပေ အဘုတွာ ဥဒကံ ပိဝေ -

ထမင်းစားတဲ့အခါမှာ
နောက်ထပ် လေးလုတ် ငါးလုတ်လောက်စားရင်
ဗိုက်တင်းတော့မယ်ဆိုရင်
အဲ့ဒီ လေးငါးလုတ်ကို မစားနဲ့တော့။

လေးငါးလုတ် စားမယ့်အစား၊
လေးငါးလုတ်ကို ဖယ်လိုက်။ ဖယ်ပြီးရင်
ရေလေးနဲ့ ဖြည့်စွက်ပြီး သောက်လိုက်ပါတဲ့။
နောက်ဆုံးထမင်း လေးလုတ် ငါးလုတ်ကို မစားပဲ
အစာကို ရပ်လိုက်ပါ။
ပြီးတဲ့အခါ ရေလေးသောက်လိုက်ပါ။
အစာကြေဖို့အတွက်။

၂။ အလုပ်တစ်ခုကို ကြိုးကြိုးစားစားနဲ့ နိဗ္ဗာန်ရဖို့
ကိုယ်ကျင့်တရားကို ကျင့်ကြံကြိုးကုတ်အားထုတ်တဲ့
ပုဂ္ဂိုလ်ဟာ ပေါ့ပေါ့ပါးပါးနဲ့ နေလို့ထိုင်လို့ကောင်းတဲ့
အနေအထားမျိုးကို ရရှိပါလိမ့်မယ်။

လူတွေက အဲ့လို မဟုတ်ဘူးလေ။
ဈေးထဲသွားရင် အနားက
အကြော်သည်ဖြတ်တာနဲ့ ခေါ်လိုက်။
မုန့်ဟင်းခါးသည်လာလည်း ခေါ်စားလိုက်။
လက်ဖက်သုတ် ဂျင်းသုတ်လာလည်း ခေါ်လိုက်ပြန်။
ထိုင်ရာက မထပဲ- လာသမျှတွေ အကုန်ထည့် ။
တနေကုန်ဈေးထဲလာရောင်းသမျှ မုန့်တွေ
အကုန်ဝယ်စား။

ထိုင်ရာကမထ လာသမျှ အကုန်စားတော့
လူ့ရဲ့ ခန္ဓာကိုယ်မှာ အဆီပိုကြီးတွေက
အကုန်ဘေးထွက်ကုန်တယ်။
ကျန်းမာရေးအတွက် ထိခိုက်တယ် ဒီလိုဆိုလိုတာ။

ဒါတွေလိုက်နာရင်
အပြစ်ကင်းပြီး ကောင်းကျိုးချမ်းသာရတော့
ဒါကုသိုလ်လို့ခေါ်တာပဲ။
ကိုယ့်ဘဝမှာ ရောဂါဝေဒနာတွေ သက်သာပြီးတော့
ကျန်းမာတယ်ဆိုတာ
ကိုယ်သိုလ်ကောင်းမှု လုပ်ဖို့ရန်အတွက်
အခွင့်အလမ်းတွေ အများကြီး ရသွားတယ်။
ဒါကြောင့်မို့ ဒါလည်း လိုက်နာကျင့်သုံးရမယ်။
နိဗ္ဗာန်ရောက်ကြောင်းတရားထဲမှာ
ဒါကြောင့် ထည့်ထားတာဖြစ်တယ်။

တရားနာပရိသတ်တွေ ထမင်းစားတဲ့အခါ
ဘယ်နှစ်ခါများ ရေတွက်ပြီး စားလို့လဲ။
ငါ ဘယ်နှစ်လုတ်စားတယ်ဆိုတာ။
အစားကြီးတဲ့သူတော့ မပြောတတ်ဘူး ။
ဘုန်းကြီးတို့တော့
(၁၀) လုတ်ပြည့်အောင် မစားနိုင်ဘူး။
(၁၀) လုတ် (၁၂)လုတ်ဆိုတာ အလွန်ပဲ။

ထမင်းကို ကြေကြေညက်ညက်
ကျကျနန ဝါးပြီးတော့ မြိုချတာ။
အဲ့လိုနေမယ်ဆိုရင်
အထိုင်အထ ပေါ့ပါးသွက်လက်မယ်
ရောဂါတွေကင်းမယ်။

အသက်ကလေးနည်းနည်းရလာတဲ့အခါ လူတွေဟာ
ဝိတ်က တက်လာတဲ့အခါ ဘာဖြစ်တုန်းဆိုရင်
ဝိတ်တက်ခြင်းကြောင့်
ဒူးမကောင်းဘူးဆိုတာ ဖြစ်လာတယ်။
ဒူးမကောင်းတာကို ခွဲပြီးပြောသေးတယ်။
“လူကတော့ နေကောင်းပါတယ်။
ဒူးကမကောင်းဘူး” ဆိုပဲ။
လူထဲမှာ ဒူးမပါဘူး ကျနေတာပဲ။
အဲ့ဒီလို ဝိတ်တက်လာတဲ့
အခါမှာ ဒူးတွေက မခိုင်တော့ဘူး။
မခိုင်တဲ့အခါကျတော့ ဈေးရုံတက်ခွဲကြရပြန်။
အဲ့ဒါဟာ အားလုံးဟာ
အစာကြောင့်ဖြစ်သွားရတာချည်းပဲ။
စဉ်းစားကြည့်နော်။

အဲ့ဒီလို မဖြစ်ရအောင် ဥပုသ်စောင့်ကြည့်လိုက်။
တချို့ကလည်း ဥပုသ်စောင့်လို့ရှိရင်
အားတွေပြတ်မှာပေါ့ လို့ထင်ကြတယ်။
တကယ်က မပြတ်ဘူး။
တနေ့ ထမင်း လေး၊ ငါး လုတ်လောက်စားရင်
မပြတ်ဘူး။
သို့သော် လူတွေက မစားရရင်
အားပြတ်မယ်လို့ထင်တယ်။
သူ့အတိုင်းအတာ တစ်ခုအနေနဲ့ စားရင်
အားပြတ်တယ်ဆိုတာ မဖြစ်နိုင်ဘူး။

ဒါကြောင့်မို့ မြတ်စွာဘုရားကိုယ်တိုင်က မိန့်တယ်။
"ငါ မနကျတစျထပျပဲ စားတာတဲ့။
တစ်ထပ်ပဲစားတော့ ခွန်အားလည်းရှိတယ်။
အထိုင်အထလည်း ပေါ့ပါးတယ်တဲ့။
အဲ့ဒီတော့ မနက်တစ်ထပ်ပဲ မစားတဲ့သူက
ဘာဖြစ်တုန်းဆိုရင်
အထိုင်အထ ခက်ခဲလာတယ်ပေါ့။
ထချင်တယ်ဆိုရင် ထူကြပါဦးဖြစ်လာတယ်။
တင်ပုဆုံကြီးက လေးပြီး
အောက်ကို ဘုန်းကနဲကြီး ကျသွားတယ်။
ဒူးက မခိုင်တော့ဘူးဖြစ်လာတယ်။
အဲ့ဒါဟာ အစာအာဟာရနဲ့ပဲ ပတ်သက်တယ်။
ဒီလိုပဲမှတ်ရမယ်။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
"သာရိပုတ္တမထေရ်မြတ်၏ အမှတ်တရစကား"
တရားတော်မှ ကောက်နှုတ်ချက်

ဣမိနာ ပုည ကမ္မေန ပရေသံ ဟိတမိစ္ဆေယျံ၊
ဟိတံ မေ ဣစ္ဆတံ ပရော။
ဣဒံမေ ပုညံ ဗောဓိဉာဏဿပစ္စယော ဟောတု။

01/03/2020

#သောကဖြေလျော့နည်း
“နှလုံးသားရဲ့ ငြိမ်းအေးမှု တရားတော်”
☁☁☁☁☁☁☁☁☁

လူတွေမှာ သောကဆိုတာ ဘယ်က
လာတာတုန်းဆိုရင် တွယ်တာမှုက လာတာ။
စဉ်းစားကြည့်ပေါ့ ကိုယ်မတွယ်တာတဲ့
အရာပေါ်မှာ သောက မဖြစ်ကြဘူး။
ကိုယ်တွယ်တာတဲ့အပေါ်မှာပဲ
သောကဖြစ်ကြတယ်။
ဒီသောကဆိုတဲ့ အရာဝတ္ထုဟာ
အတွယ်ရှိတဲ့နေရာမှာ ဖြစ်တာ။

သောကဆိုတဲ့ ရင်ထဲက အပူကို
လျော့ချချင်လို့ရှိရင် တွယ်တာမှုဆိုတဲ့
တဏှာကို လျော့ချမှသာလျှင် ဖြစ်နိုင်တယ်။
ဒါသူ့ရဲ့ ဖြေဆေးပဲ။ အဲဒီ တွယ်တာမှုကို
ဘယ်လိုနည်းနဲ့ ဖြေချရမလဲဆိုရင် အခုလို
မှန်မှန်ကန်ကန်စဉ်းစားပြီးတော့ လျော့ချလို့ရတယ်။

ဗုဒ္ဓမြတ်စွာရဲ့တရားဓမ္မဆိုတာ လက်တွေ့ကျင့်သုံးရတယ်။
မကျင့်သုံးလို့ရှိရင် အကျိုးထွက်လာမှာ မဟုတ်ဘူး။
ဆေးများလိုပဲ သောက်မှ ရောဂါပျောက်တယ်။
မသောက်ဘူးဆိုရင် မပျောက်ဘူး။
မြတ်စွာဘုရားရဲ့တရားဟာ စိတ်ထဲနှလုံးထဲမှာ
နှလုံးသွင်းရမယ်။ ဒီနှလုံးသွင်းတာသည်ပင်လျှင်
တရားကို ကျင့်သုံးတယ်လို့ ပြောတယ်။
အပြန်ပြန် အထပ်ထပ် ကျင့်သုံးခြင်းဖြင့်
ဥာဏ်နဲ့ကြည့်ပေးပါ။

ဒါကြောင့်မို့လို့… ရင်ထဲက
သောကကို ဖယ်ရှားပစ်ချင်လို့ရှိရင်
အလွယ်ဆုံးနည်းလေးကို ပြောတာ။

ငါဘယ်လောက် တွယ်ထားထား
ငါဘယ်လောက် မြတ်နိုးနိုး
တစ်နေ့တစ်ချိန်ကျရင် ခွဲခွာရမှာပဲဆိုပြီး
အဲဒီလိုအတွေးလေးနဲ့တွေးပြီးတော့
တွယ်တာမှုကို လျော့ချပေးပါ။
တွယ်တာမှုကို လျော့ချပေးပါလို့ ပြောတာဟာ
သောကကို လျော့ချပေးပါလို့ ပြောတာနဲ့ အတူတူပဲ။
တွယ်တာမှုကို မလျော့ချပဲနဲ့
သောကကို လျော့ချဖို့ကြိုးစားမယ်ဆိုရင်
ဘယ်တော့မှ မအောင်မြင်ဘူး။
ဘာနဲ့ဥပမာတူတုန်းဆိုလို့ ရှိရင်
သစ်ပင်တစ်ပင်ဟာ အမြစ်ကို တူးမပစ်ပဲနဲ့
အပေါ်ကနေ ဖြတ်နေလို့ရှိရင် ထိုသစ်ပင်က
သစ်ငုတ်က အကိုင်းတွေအခတ်တွေ
ထပ်ထပ်ပြီးတော့ မပေါက်ပေဘူးလား။

ရေသောက်မြစ်ရှိနေသမျှကာလပတ်လုံး
ထိုအပင်ဟာ ထပ်ထပ်ပြီးတော့ ရှင်သန်နေမှာပဲဖြစ်တယ်။
ထို့အတူပဲ တွယ်တာမှုဆိုတဲ့အမြစ်ကို မဖယ်ရှားပဲထားရင်
အကိုင်းအခတ်ဆိုတဲ့ သောကက ပေါက်လာအုံးမှာပဲ။
အဲဒီလိုဆိုရင် နှလုံးသားရဲ့ ငြိမ်းအေးမှုကို
ဘယ်လိုမှ မရနိုင်ဘူး။ ဒါကြောင့်
တစ်နေ့တစ်ချိန်ကျ ခွဲရမှာပဲဆိုတဲ့
မှန်ကန်တဲ့အတွေးနဲ့ တွယ်တာမှုကို
လျော့ချလျော့ချပေးရမယ်။

စဉ်စားရမယ့် ဘဝအရေးတစ်ခုက
ဘာတုန်းဆိုတော့ တစ်နေ့ကျရင်
ချစ်ခင်မြတ်နိုးတဲ့ အရာဝတ္ထုတွေ၊
ချစ်ခင်မြတ်နိုးတဲ့ပုဂ္ဂိုလ်တွေနဲ့
ခွဲရမယ်ဆိုတဲ့သဘောကို ကြိုတင်တွေးထားပါ။
တကယ့်ကို အလေးအနက် စဉ်းစားထားပါ။

အဲဒီလို အလေးအနက် တွေးတော
စဉ်းစားထားမယ်ဆိုရင် တကယ်ကို
လက်တွေ့ခွဲရတဲ့အချိန်ကျတော့ သောကဆိုတဲ့
ရင်ထဲကအပူကို လျော့ချနိုင်ပါတယ်။ ဒါဟာ
သမ္မာဒိဠိ (Right understanding)လို့ ခေါ်တယ်။
သဘာဝကို တကယ်သိပြီးတော့
မှန်မှန်ကန်ကန် နားလည်တဲ့ပုဂ္ဂိုလ်တစ်ယောက်ဟာ
ဒီသဘာဝကြီးရဲ့ မလွန်ဆန်နိုင်တဲ့အခြေအနေကို
ဆင်ခြင်သုံးသပ်ခြင်းဖြင့်
သောကကို လျော့ချလို့ရတယ်။
ဒါကသောကကို လျော့ချလို့ရတဲ့တစ်နည်းပေါ့။

“ဒါမို့.. အလေးအနက်စဉ်းစားထားမှ တော်ရုံကျမယ်။”

(ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)
(နှလုံးသားရဲ့ ငြိမ်းအေးမှု တရားတော်မှ
ကောက်နှုတ်ရေးသားချက် ဖြစ်ပါသည်။)

26/01/2020

girl #

24/01/2020

Survey on Religion and Spirituality

24/01/2020

Post From Five Country Religious and mortality
စစ်တမ်းလေးတစ်ခု ဖြေဆိုပေးရုံနဲ့ မြန်မာငွေကျပ် ၅၀၀,၀၀၀ ရရှိနိုင်မယ့် အခွင့်အရေး။

အောက်စဖို့ဒ် တက္ကသိုလ်က သုတေသနပညာရှင်တွေဟာ ကမ္ဘာတဝှမ်းငါးနိုင်ငံများ ကိုးကွယ်မှု ဘာသာတရားတွေအကြောင်း အခုလက်ရှိ လေ့လာနေကြပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို အချိန်အားဖြင့် မိနစ် (၄၀) (၆၀) လောက်ကြာမယ့် အွန်လိုင်းစစ်တမ်း တစ်ခုဖြေဆိုပေး စေချင်ပါတယ်။ မိမိတို့ရဲ့ လက်ကိုင်ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကနေ ဖြေဆိုလို့ရပါတယ်။ စစ်တမ်းကို ဖြေဆိုပြီးတဲ့အခါ မြန်မာငွေ ၅၀၀,၀၀၀ ကျပ်ကိုရရှိကံစမ်းနိုင်မယ့် ကံစမ်းမဲ အစီအစဉ်ထဲ ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့လက်ရှိ ဘာသာတရားနှင့်ဝိညာဉ်ရေးရာကို လေ့လာနေကြတဲ့ ပညာရှင်အဖွဲ့အစည်း အသိုင်းအဝိုင်းကိုလည်း ကူညီပေးနိုင်ပါတယ်။

အခုပဲ ပါဝင်ဖြေဆိုလိုက်ကြပါစို့။
https://oxfordanthropology.eu.qualtrics.com/jfe/form/SV_9XK7nqFX1XZZ6qV

စစ်တမ်းလေးတစ်ခု ဖြေဆိုပေးရုံနဲ့ မြန်မာငွေကျပ် ၅၀၀,၀၀၀ ရရှိနိုင်မယ့် အခွင့်အရေး။

အောက်စဖို့ဒ် တက္ကသိုလ်က သုတေသနပညာရှင်တွေဟာ ကမ္ဘာတဝှမ်းငါးနိုင်ငံများ ကိုးကွယ်မှု ဘာသာတရားတွေအကြောင်း အခုလက်ရှိ လေ့လာနေကြပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို အချိန်အားဖြင့် မိနစ် (၄၀) (၆၀) လောက်ကြာမယ့် အွန်လိုင်းစစ်တမ်း တစ်ခုဖြေဆိုပေး စေချင်ပါတယ်။ မိမိတို့ရဲ့ လက်ကိုင်ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကနေ ဖြေဆိုလို့ရပါတယ်။ စစ်တမ်းကို ဖြေဆိုပြီးတဲ့အခါ မြန်မာငွေ ၅၀၀,၀၀၀ ကျပ်ကိုရရှိကံစမ်းနိုင်မယ့် ကံစမ်းမဲ အစီအစဉ်ထဲ ပါဝင်ခွင့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီနေ့လက်ရှိ ဘာသာတရားနှင့်ဝိညာဉ်ရေးရာကို လေ့လာနေကြတဲ့ ပညာရှင်အဖွဲ့အစည်း အသိုင်းအဝိုင်းကိုလည်း ကူညီပေးနိုင်ပါတယ်။

အခုပဲ ပါဝင်ဖြေဆိုလိုက်ကြပါစို့။
https://oxfordanthropology.eu.qualtrics.com/jfe/form/SV_9XK7nqFX1XZZ6qV?Q_lang=ZWG

Survey on Religion and Spirituality

18/01/2020
https://info.wallstreetenglish.edu.mm/intermediate-english-test?utm_campaign=conversion&utm_source=facebook&utm_medium=p...
16/01/2020

https://info.wallstreetenglish.edu.mm/intermediate-english-test?utm_campaign=conversion&utm_source=facebook&utm_medium=paidsocial&utm_term=English+Test&utm_content=Intermediate+English+Test&hsa_acc=731627630339396&hsa_cam=23844152168120225&hsa_grp=23844152168000225&hsa_ad=23844152168050225&hsa_src=fb&hsa_net=facebook&hsa_ver=3

Wall Street English for Intermediate level : Test Your English Level. English for Intermediates includes 8 levels. Further develop your English skills and become capable of expressing yourself and understanding complex ideas through MULTIMETHOD®. Wall Street English is the best choice to learn Engl...

Address

Pyi Htaung Tsu
Hpa-an

Telephone

+959423434218

Website

Alerts

Be the first to know and let us send you an email when GVE English စာသင်တန်းများ ဘားအံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to GVE English စာသင်တန်းများ ဘားအံ:

Shortcuts

Share

Category