12/05/2026
ဟေရမုန် (Harmon) Kids Preschool တွင် တာဝန်ထမ်းဆောင်ရန် အောက်ပါဝန်ထမ်းများ အမြန်အလိုရှိပါသည်။
၁။ မူကြိုဆရာမ (၁) ဦး
လစာ - ၃၀၀,၀၀၀ ကျပ် နှင့်အထက်
အရည်အချင်းနှင့် လိုအပ်ချက်များ
• ECCD (Early Childhood Care and Development) သင်တန်းဆင်းလက်မှတ်ရှိသူများကို ဦးစားပေးရွေးချယ်မည်ဖြစ်ပါသည်။
• သင်တန်းလက်မှတ် မရှိသော်လည်း ကလေးချစ်တတ်သူ၊ စိတ်ရှည်သူနှင့် သင်ယူလိုစိတ်ရှိသူများလည်း လျှောက်ထားနိုင်ပါသည်။
• ကလေးငယ်များ၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်နိုင်သူဖြစ်ရမည်။
၂။ အိမ်အကူ (၁) ဦး
လစာ - ညှိနှိုင်း
အရည်အချင်းနှင့် လိုအပ်ချက်များ
• ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်စေရန် တာဝန်ယူဆောင်ရွက်နိုင်သူဖြစ်ရမည်။
• ရိုးသားကြိုးစားပြီး အလုပ်အပေါ် တာဝန်ယူမှုရှိသူဖြစ်ရမည်။
• ကိုယ်ကျင့်တရားကောင်းမွန်ပြီး စိတ်ချယုံကြည်ရသူဖြစ်ရမည်။
📞 ဆက်သွယ်ရန်
စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
• 09 425002725
• 09 791608131