SayarMyaw

SayarMyaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SayarMyaw, No. 9 Zwekabin Kone, Hpa-an.

15/06/2025

မိုးလေးတဖျောက်ဖျောက်မှာ
စိတ်ကကျွန်းပေါ်မှာရောက်နေတော့
မျက်ရည်တွေ ရေတိမ်နစ်တော့မှာပဲ။

ခိုင်စကားလုံးတစ်လုံးတည်းနဲ့တို့တတွေသူစိမ်းဆန်သွားကြတာတွေးကြည့်ရင်သိပ်ဝမ်းနည်းစရာကောင်းတယ်။ခိုင်...!ခိုင်ပြောနေကျစကားအတို...
13/11/2023

ခိုင်

စကားလုံးတစ်လုံးတည်းနဲ့
တို့တတွေသူစိမ်းဆန်သွားကြတာ
တွေးကြည့်ရင်
သိပ်ဝမ်းနည်းစရာကောင်းတယ်။

ခိုင်...!
ခိုင်ပြောနေကျစကားအတိုင်း
ဘဝကြီးကရိုးရှင်းပါတယ်
ကံတူတော့ဆုံကြတယ်
ကံကုန်တော့ခွဲခွါသွားရတာ
ဓမ္မတာပါတဲ့
လက်ခံပါတယ်။

ခိုင်...!
ဝမ်းနည်းမိပါရဲ့
ပူဆွေးမိပါရဲ့
ငိုကြွေးမိပါရဲ့
တခါတလေ ကံဆိုတာကြီးကို
တရားခံရှာပြီး
ကိုယ့်ကိုယ်ကိုယ်အပြစ်ဖို့ချင်မိတယ်။

ခိုင်...!
ဖြစ်နိုင်ရင်
မင်းရှိတဲ့ရပ်ဝန်းမှာ
အရောက်သွားပြီး
"စောရီးပါ"ဆိုတဲ့ စကားလုံးနဲ့
လေးလေးနက်နက်
ဒူးထောက်တောင်းပန်ချင်မိတယ်။

ခိုင်...!
သနားငှဲ့ညှာသောအားဖြင့်
ခွင့်လွတ်ပေးပါ။ ။

▪️~~~~~~~~~~~~~~~~~

👨‍🏫 ဆရာမြော(ပညာဥယျာဉ်)

📆 ၁၃-နိုဝင်ဘာ-၂၀၂၃

ဖြေဆေးမင်းကိုလွမ်းတဲ့စိတ်ကဖြေသိမ့်ရတာ သိပ်ကိုမလွယ်ပါလားနော်။တော်သေးလို့အလွမ်းနာကျနေတဲ့စိတ်ကိုကဗျာနဲ့ဖြေဆေးပေးလို့ ခဏတာစိ...
12/11/2023

ဖြေဆေး

မင်းကိုလွမ်းတဲ့စိတ်က
ဖြေသိမ့်ရတာ သိပ်ကိုမလွယ်ပါလားနော်။
တော်သေးလို့
အလွမ်းနာကျနေတဲ့စိတ်ကို
ကဗျာနဲ့ဖြေဆေးပေးလို့
ခဏတာစိတ်သက်သာခွင့်ရတာ၊
မဟုတ်ရင်
မင်းအတွက်အသုံးဝင်တော့မှာ မဟုတ်တဲ့
လိပ်ပြာတစ်ကောင်လို တဝဲလည်လည်။

▪️~~~~~~~~~~~~~~~~~~~~~

👨‍🏫 ဆရာမြော(ပညာဥယျာဉ်)

📆 ၁၂-နိုဝင်ဘာ-၂၀၂၃

ဖြေဆေးခြင်လေးတစ်ကောင်မပြောနဲ့လူတိုင်းအပေါ် ဂရုဏာစိတ်ကြီးတဲ့မင်းကိုကိုယ်ကိုယ်တိုင်ကအရူးတပိုင်းဖြစ်လို့ ဖြစ်မှန်းတောင်မသိရ...
07/11/2023

ဖြေဆေး

ခြင်လေးတစ်ကောင်မပြောနဲ့
လူတိုင်းအပေါ်
ဂရုဏာစိတ်ကြီးတဲ့မင်းကို
ကိုယ်ကိုယ်တိုင်က
အရူးတပိုင်းဖြစ်လို့ ဖြစ်မှန်းတောင်
မသိရှာတော့......ရှူး.....။

▪️~~~~~~~~~~~~~~~~
👨‍🏫 ဆရာမြော(ပညာဥယျာဉ်)

📆 ၇-နိုဝင်ဘာ-၂၀၂၃

ဆင်ခြေရဲ့နောက်ကွယ်▪️▪️▪️▪️▪️▪️▪️ယုံကြည်မှုအာနည်းတဲ့လူတွေဟာကိုယ့်မှာလုံလောက်တဲ့အရည်အချင်းတွေမရှိလို့ပဲ။ အရည်အချင်းဆိုတာကိ...
07/11/2023

ဆင်ခြေရဲ့နောက်ကွယ်
▪️▪️▪️▪️▪️▪️▪️
ယုံကြည်မှုအာနည်းတဲ့လူတွေဟာ
ကိုယ့်မှာလုံလောက်တဲ့
အရည်အချင်းတွေမရှိလို့ပဲ။
အရည်အချင်းဆိုတာ
ကိုယ့်မှာရှိတဲ့အားနည်းချက်ကို
ဘာအကြောင်းပြချက်မှမပေးပဲ
ပြုပြင်ပြောင်းလဲနိုင်စိတ်ရှိရမယ်။
ဒါမှသာ
အရည်အချင်းကောင်းတွေထွက်လာပြီး
ကိုယ့်ဆုံးဖြတ်ချက်အပေါ်
ယုံကြည်မှုအပြည့်အဝပေးနိုင်မယ်။

ထက်မြက်တဲ့လူတွေဟာ
သာမန်လူတွေမလုပ်နိုင်တဲ့အလုပ်ကိုမှ
ရွေးပြီးလုပ်လေ့ရှိပါတယ်။
ဘာကြောင့်လဲဆိုတော့
ကိုယ့်မှာရှိတဲ့အရည်အချင်းတွေက
သာမန်လူတွေထက်ပိုတယ်ဆိုတာ
ပြသချင်လို့ပါပဲ။

ဘယ်အရာပဲဖြစ်ဖြစ်
ဆုံးဖြတ်ချက်ချပြီးသားအရာတခုကို
အဆုံးထိရောက်အောင်တော့
သွားဖို့လိုပါမယ်။
ဖြစ်နိုင်ပါ့မလား သံသယစိတ်တွေနဲ့
တွေဝေနေသမျှ
ကိုယ့်အကြောင်းပြချက်နဲ့ကိုယ်
ပိတ်မိနေဦးမှာပဲ။

လူတချို့အခက်အခဲနဲ့ကြုံလာတိုင်း
ရင်ဆိုင်ဖြေရှင်းရမှာထက်
ဆင်ခြေလှလှပေးပြီး
ဖာသိဖာသာပဲ နေလေ့ရှိပါတယ်။
ဆင်ခြေများတဲ့လူဟာ
တာဝန်ယူမှုတဝန်ခံမှုနည်းတဲ့အပြင်
မိဘဆရာသမားအပေါ်
အပေါင်းအသင်းမိတ်ဆွေများအပေါ်
မရိုးသားတဲ့စိတ်တွေပေါ်လာတတ်ပြီး
ကိုယ့်အတွက်ကိုပဲ ကြည့်နေတတ်ပါတယ်။

အလိုက်မသိတတ်တာဟာလည်း
ဆင်ခြေပေးခြင်းတမျိုးပါပဲ။
ဘယ်အရာမဆို
ကိုယ်နဲ့ဆိုင်နေမှမဟုတ်ပါဘူး။
လုပ်နိုင်တဲ့စိတ်သာရှိရင်
နေရာတိုင်းမှာ ကိုယ့်အလုပ်တွေချည်းပါပဲ။
မသိသလိုနေတဲ့အမူအကျင့်ကပဲ
အချောင်ခိုချင်တဲ့စိတ်တွေဖြစ်ပြီး
အလုပ်တွေမပိုသင့်ပဲ ပိုနေရတာပါ။

Photo Crd- MC
▪️~~~~~~~~~~~~~~~~~~~~~~~~

👨‍🏫 ဆရာမြော(ပညာဥယျာဉ်)

📅 ၇-နိုဝင်ဘာ-၂၀၂၃

နောင်ခလာမူးနောင်မင်းနဲ့အတူအိပ်မက်မက်ခွင့်ရချင်တာပေါ့ဘဝဆိုတာကံပေးသလောက်ပဲကျေနပ်ရတယ်မဟုတ်လားလွမ်းလောက်စရာတွေနဲ့မျှော်လင့်ခ...
04/11/2023

နောင်ခလာမူးနောင်

မင်းနဲ့အတူ
အိပ်မက်မက်ခွင့်ရချင်တာပေါ့

ဘဝဆိုတာ
ကံပေးသလောက်ပဲ
ကျေနပ်ရတယ်မဟုတ်လား

လွမ်းလောက်စရာတွေနဲ့
မျှော်လင့်ခြင်းတွေက တိမ်းမှောက်သွားပါပြီ

တစ်ကိုယ်တော်ညများစွာထဲ
မင်းအပြုံးက ကိုယ့်ရဲ့ဖြေဆေးပါပဲ

တကယ်ပါပဲကွယ်
မင်းသဒ္ဓါတဲ့ မစို့မပို့အပြုံးလေးကို
ဘဝဆက်တိုင်းရင်ခုန်ချင်ပါတယ်

မင်းနဲ့ပတ်သက်လာရင်
ငါ့ရဲ့နှလုံးသားဟာ
အမြဲတမ်းကျန်းမာလျက်ပါ
မင်းဘဝလေးလည်း ပျော်ရွှင်ချမ်းမြေ့ပါစေ ။ ။

လွယ်ပလိုင်း (ဆရာစံတ်အဲတ်မူ)

▪️~~~~~~~~~~~~~~~~~~~~~~

👨‍🏫 ဆရာမြော(ပညာဥယျာဉ်)

📆 ၅-နိုဝင်ဘာ-၂၀၂၃

နွေပန်း▪️▪️သောကမျက်နှာနဲ့ကမ်းပြိုသွားတဲ့ ရေအိုင်အို...တောင်ပြာတန်းညိုမှိုင်းလိုက်ပါဘိ။ပန်းရနံ့ကောက်ကာလွင့်အညော်နံ့ နဲ့ အ...
04/11/2023

နွေပန်း
▪️▪️
သောကမျက်နှာနဲ့
ကမ်းပြိုသွားတဲ့ ရေအိုင်
အို...တောင်ပြာတန်း
ညိုမှိုင်းလိုက်ပါဘိ။

ပန်းရနံ့ကောက်ကာလွင့်
အညော်နံ့ နဲ့ အစာမကြေဘူး
ဝေဒနာချိုင်းထောက်
အပြန်မှာ ပါချင်မှပါလိမ့်မယ်။

မိုးရွာတော့သစ်ရွက်မိုး
နေပူတော့ သစ်ရိပ်ခို
ခေါင်းပေါ်ကကံကြမ္မာ
ခြေတလှမ်းအကွာ
အပြစ်မှကင်းရဲ့လား။

သားကောင်နဲ့မခြား
အသက်ကို ချုပ်နှောင်ထားခံရ
ဘယ်သူ့လက်ညိုးကမှ
စံအိမ်တစ်ခုမဖြစ်ဘူး
မြတ်ဘုရားမှတစ်ပါး။

ဘဝစာမျက်နှာ
အာဏာနဲ့အစပြုခဲ့
နဂိုချွေလို့မဟုတ်
သူချွေလို့ ကြွေမွသွားတဲ့သမိုင်း။

ဒီနွေနဲ့လေပွေ
တသွေးတည်းတသားတည်း
တရားသူကြီးမရှိဘူး
အနုနည်းအကြမ်းနည်း
တပွင့်ပြီးတပွင့် ကြွေဖို့ရှိတယ်။

▪️➖➖➖➖➖➖➖➖➖➖

👨‍🏫 ဆရာမြော(ပညာဥယျာဉ်)

📆 ၄-နိုဝင်ဘာ-၂၀၂၃

နှင်းခါး▪️▪️▪️ညှင်သာစွာတိုးဝှေ့ဒါဟာလေပြေလားသို့မဟုတ်ထိုးနှက်ခြင်းသက်သက်လားရင်မောလိုက်တာနှင်းရေ...မြင်လှည့်စမ်းပါငါဟာ သန္...
03/11/2023

နှင်းခါး
▪️▪️▪️
ညှင်သာစွာတိုးဝှေ့
ဒါဟာလေပြေလား
သို့မဟုတ်

ထိုးနှက်ခြင်းသက်သက်လား
ရင်မောလိုက်တာနှင်းရေ...

မြင်လှည့်စမ်းပါ
ငါဟာ သန္ဓေနဲ့စတဲ့လူသား

ညသန်းခေါင်ကို
ချွေးသီးချွေးတန်းနဲ့
လှန့်နိုးခဲ့ပေါင်းလည်း မနည်းတော့ဘူး

ဆောင်းအကြိုမှာလည်း
အိပ်ရေးပျက်တယ်

ဆောင်းတွင်းမှာလည်း
မင်းရဲ့ပြုစားခြင်းကို
တိုးတိုးတိတ်တိတ်လေး ခံနေရတုန်း။

အကျဉ်းတန်အိပ်ရာဝင်တေးတချို့
ဒီရာသီမှာပဲ အရည်ပျော်သွားပါစေတော့
ခွင့်လွတ်တယ် နှင်း။ ။

▪️~~~~~~~~~~~~~~~~~~~

👨‍🏫 ဆရာမြော(ပညာဥယျာဉ်)

📆 ၃-၁၁-၂၀၂၃

ဝေဒနာမျက်စောင်းလာတုန်းကအားနဲ့မာန်နဲ့ပြန်ထွက်သွားတော့လည်းဖျခနဲမင်းအလိုက်မသိတတ်တာထားဦးတော့ဒီမှာကျန်ခဲ့တာကကမ်းစမဟုတ်ဘူးမင်း...
01/11/2023

ဝေဒနာမျက်စောင်း

လာတုန်းကအားနဲ့မာန်နဲ့
ပြန်ထွက်သွားတော့လည်းဖျခနဲ
မင်းအလိုက်မသိတတ်တာထားဦးတော့
ဒီမှာကျန်ခဲ့တာကကမ်းစမဟုတ်ဘူး
မင်းရဲ့အငွေ့အသက် မင်းရဲ့အရိပ်။

သောကနဲ့ဝေဝါး
ဝေဒနာစစ်ကြောရေးမှာ
မျက်စောင်းထိုးခံရတဲ့ခြေရာတွေ
ဒဏ်ရာအသီးသီးနဲ့ လူးလှိမ့်
မင်းအလည်လာမှန်းသိခဲ့ရင်
အစကဧည့်ဝတ်ပဲကျေခဲ့မှာပေါ့။

အစွန်းရောက်သွားတဲ့စကားလုံးတွေ
အပြုသဘောမဆောင်တဲ့လုပ်ရပ်တွေ
မင်းကလွဲပြီး မနာလိုစရာမရှိပါဘူး
တကယ်တော့ပိုသည်ဖြစ်စေ လိုသည်ဖြစ်စေ
မင်းရင်ဘတ်ကြီးရဲ့အိုမင်းဖော်ဟာ
တစုံတယောက်ဖြစ်သွားမှာကိုပဲကြောက်မိတယ်။

▪️~~~~~~~~~~~~~~~~~~~~~~~~~~~~

👨‍🏫 ဆရာမြော(ပညာဥယျာဉ်)

📅 ၆-၈-၂၀၂၃

လေပြေရဲ့အတိတ်----------------မပျော်တဲ့စိတ်ကူးတွေနဲ့မုန်တိုင်းရာသီထဲသွေးပျက်နေတဲ့စာလေးတစ်စောင်တိတ်တိတ်လေးနဲ့ ထိရှကြင်ကြင်...
31/10/2023

လေပြေရဲ့အတိတ်
----------------

မပျော်တဲ့စိတ်ကူးတွေနဲ့
မုန်တိုင်းရာသီထဲ
သွေးပျက်နေတဲ့စာလေးတစ်စောင်

တိတ်တိတ်လေးနဲ့ ထိရှ
ကြင်ကြင်နာနာ ဝေးခဲ့ရ

မျက်ဝန်းရဲ့အညွှန်းလည်း
သွေးအေးတဲ့ဥပေက္ခာတရားဆိုတော့

မျိုသိပ်ခြင်းနဲ့
ကိုယ့်ကိုယ်ကို နှစ်သိမ့်ရတာ
လွယ်မလား

သေရာပါခဲ့ပါပြီ
ခြေရာလက်ရာမပျက်
ဒီရာသီကို လွယ်မွေးထားတယ် ။

▪️ချစ်ခင်လေးစားလျှက်~
▪️ဆရာစံတ်အဲတ်မူ

▪️~~~~~~~~~~~~~~~~~~~~~~

👨‍🏫 ဆရာမြော(ပညာဥယျာဉ်)

📆 ၃၁-၁၀-၂၀၂၃

31/10/2023

ဖူးကျော်လိုက်သိန့် ၊ ဆရာစံတ်အဲတ်မူ
ဒီပုဂ္ဂိုလ်နှစ်ပါးရဲ့ ကျေးဇူးနဲ့
နောင်ခလာကို နောင်ခလာမှန်း
သိတတ်လာတယ်။
နောင်ခလာကို နောင်ခလာမှန်း
ချစ်တတ်လာတယ်။
နောင်ခလာကို နောင်ခလာမှန်း
မြတ်နိုးတတ်လာတယ်။

▪️စိတ်ချပါ။
▪️ကျွန်တော် နောင်ခလာကို သွားကျိုး၊ ဆံဖြူထိ
ချစ်သွားမှာပါ။

▪️~~~~~~~~~~~~~~~~~~~~~

နောင်ခလာ

ဒီဆောင်းကို
မင်းနဲ့အတူခိုလှုံဖို့
စိတ်ကူးထားတယ်။

ဘယ်လောက်ဝေးတဲ့
အနေရာပဲဖြစ်ဖြစ်
မင်းရှိရာကို
ရောက်အောင်လာခဲ့ဖို့
ဆုံးဖြတ်ထားတယ်။

မဖြစ်နိုင်ဘူး မပြောပါနဲ့
မင်းကိုချစ်တဲ့စိတ်
တစ်ခုတည်းမဟုတ်ဘူး။
သွားကျိုး၊ဆံဖြူ
တစ်ဘဝစာမက
ရည်စူးထားတယ်။

ကျန်းမာရေးဂရုစိုက်ပါ
အချိန်တန်ရင်
မင်းဆီမှာ အခစားဝင်ဖို့
ရည်ရွယ်ထားပြီးသား။

▪️~~~~~~~~~~~~~~~~~

👨‍🏫 ဆရာမြော(ပညာဥယျာဉ်)

📆 ၂၉-၁၀-၂၀၂၃

A fountain of life and passion.

Address

No. 9 Zwekabin Kone
Hpa-an
13021

Website

Alerts

Be the first to know and let us send you an email when SayarMyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to SayarMyaw:

Shortcuts

Share