Linn Arkar Computer Training Hpa-An

Linn Arkar Computer Training Hpa-An Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Linn Arkar Computer Training Hpa-An, Hpa-an.

Permanently closed.
25/12/2023

မိမိ ဒေတာတွေ Laptop MacBook တို့မှာ သိမ်းထားဖို့ မလုံလောက် ရင် WD ( Western Digital )လေး ရှိတယ်နော်

1TB = 150000 Ks
2TB = 210000 Ks

Colour
Red
Blue
Black

ဒေါ်လာစျေးအတတ်အကျပေါ်မူတည်ပီး စျေးနှုန်းအပြောင်းအလဲရှိသည်

အိမ်ရောက်ငွေချေစနစ်ဖြင့် မြန်မာပြည်အနှံ့ပို့ဆောင်ပေးသည်။

ဝယ်ယူလိုပါက

လိပ်စာ ဖုန်းနံပါတ် အပြည့်အစုံဖြင့် ဝယ်ယူနိုင်ပါသည်။

Thermal Paste အကြောင်းတစ်စေ့တစ်စောင်း——————————————————- Computer အတွင်းရှိ CPUဟာ အပူဓာတ်များကိုအဓိက ဖြစ်ပေါ်လာနိုင်စေသေ...
19/10/2023

Thermal Paste အကြောင်းတစ်စေ့တစ်စောင်း
——————————————————-

Computer အတွင်းရှိ CPUဟာ အပူဓာတ်များကိုအဓိက ဖြစ်ပေါ်လာနိုင်စေသော အရင်းအမြစ် ဖြစ်ပါတယ်။

CPU၏ အပူများကို ထိန်းသိမ်းနိုင်စေရန် Thermal Paste ဆိုသည့် ပြစ်သောအရည် ကို CPU ပေါ်တွင်တင်ရပါတယ်။
Thermal Paste ကို Brand များစွာ ထုတ်လုပ်ပြီ စျေးကွက်တွင် စျေးအစားစားရှိပါတယ်။
Thermal pasteကို ခဏခဏလည်းခြင်းဖြင့် computerကိုအေးစေနိုင်ပြီ သက်တန်းကြာရှည်စွာ ထိန်းသိမ်းနိုင်ပါတယ်။

မိဘပြည်သူ များအားလုံးဘေးရန် ကင်းဝေး၍ လိုအင်ဆန္ဒများပြည့်ဝကြပါစေ🙏🏻🙏🏻🙏🏻🙏🏻🙏🏻Printer ဝယ်တော့မယ်ဆိုရင် .....❗••••••••••••••••...
29/01/2022

မိဘပြည်သူ များအားလုံးဘေးရန် ကင်းဝေး၍ လိုအင်ဆန္ဒများပြည့်ဝကြပါစေ🙏🏻🙏🏻🙏🏻🙏🏻🙏🏻

Printer ဝယ်တော့မယ်ဆိုရင် .....❗
••••••••••••••••••••••••••••••••••••••

Printer နှင့် ပတ်သက်ပြီး မေးထား၊ မြန်းထား၊ ဖတ်ထား၊ မှတ်ထား တာ၊ လေ့လာထားသမျှလေးတွေ ပြန်လည်ဝေမျှလိုက်ပါတလ်။

Printer အမျိုးအစားတွေကို အဓိကအားဖြင့်

1️⃣ Dot Matrix Printer
2️⃣ Laser Printer
3️⃣ Inkjet Printer

ဆိုပီးတော့ (၃) မျိုးခွဲခြားထားပါတလ်....

1️⃣ Dot Matrix Printer
°°°°°°°°°°°°°°°°°°°°°°°°°
သူက Dot လို့ ခေါ်တဲ့ အစက်သေးသေးလေးတွေ ပေါင်းပြီး ပုံဖော်ပေးတဲ့ Printer ပါ။ စာရွက်ပေါ်မှာ Ribbon ခံပြီး ရိုက်သွားတာပါပဲ။ Dot Matrix Printer တွေဟာ Print ထုတ်တဲ့အချိန် ကြာတာရယ်၊ အသံ ဆူညံတာကလွဲရင် သုံးလို့ အဆင်ပြေပါတယ်။ Ribbon ဈေးသက်သာတယ်၊ စစ်တောင်းစက္ကူနဲ့ သုံး လို့ရတယ်။ ကျောင်းသုံး/ရုံးသုံး နဲ့ ဖယောင်းစာရွက် ဖောက်တဲ့ နေရာတွေမှာ အသုံးပြုကြပါတယ်။

2️⃣ Laser2️ Printer
°°°°°°°°°°°°°°°°°°°
Laser Printer တွေမှာတော့ ပုံရိပ်ဖော်ဖို့အတွက် မင်မှုန့် (ကာဗွန်မှုန့်) ကို အသုံးပြုပါတယ်။ စာရွက်ကို Cartridge ထဲက ကာဗွန်မှုန့်တွေနဲ့ တွေ့အောင် Drum က လှည့်ပေးလိုက်လို့ ကာဗွန်မှုန့်တွေက စာရွက်ပေါ်မှာ Laser Beam က ပုံရိပ်ဖော်ပေးထားတဲ့အတိုင်း ကပ်သွား၊ စာရွက်က Fuser ကို ဖြတ်တဲ့ အချိန်မှာ Fuser က အပူပေးလိုက်တော့ မင်မှုန့် တွေက စာရွက်ပေါ်မှာ အသေကပ်သွားတဲ့ နည်းနဲ့ ပုံဖော်ပေးပါတယ်။ Fuser ပျက်နေရင် စာရွက်ပေါ်က စာလုံးတွေဟာ လက်နဲ့ပွတ်လိုက်တာနဲ့ ပျက်သွားမှာပါပဲ။

တစ်ချို့သူတွေ အကြမ်းထုတ်ရင် စစ်တောင်းစက္ကူ (သို့) တွန့်ကြေနေတဲ့ စက္ကူတွေနဲ့ ထုတ်တာတွေ့ရပါ တယ်။ စက္ကူမကောင်းရင် Drum ပျက်နဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

Laser Printer တွေမှာလည်း

1️▪️Monochrome ( အဖြူ/အမည်း )
2️▪️Colour ( ရောင်စုံ ) ဆိုပီးတော့ နှစ်မျိုး ရှိပါတယ်။

Laser Printer တွေဟာ အခြား Printer အမျိုးအစားတွေထက် လျင်မြန်စွာ ပုံ (Print) ထုတ်ပေးနိုင်ပါတယ်။

3️⃣ Inkjet Printer
°°°°°°°°°°°°°°°°°°°
Dot Matrix ရဲ့ နည်းပညာကိုပဲ အခြေခံထားတာပါ၊ သူကတော့ ရောင်စုံရတာပေါ့။ Inkjet Printer တွေက မင်ရည်ထည့်ထားတဲ့ Ink Cartridge တွေနဲ့ အလုပ်လုပ်ပါတယ်။ Printer က Command ပေးလိုက်တဲ့အခါ Cartridge ရဲ့ Nozzle ခေါင်းလေးတွေကနေ တစ်ဆင့် မင်ရည်တွေကို စာရွက်ပေါ် ဖျန်းပေးလိုက်တာပါပဲ။

တစ်ချို့ Printer တွေမှာ မူရင်း Cartridge ကို မသုံးပဲ အပြင်ဘက်ကနေ Ink Tank ချိတ်ဆက်ပြီး မင်ရည်ကို ဖြည့်သုံးကြပါတယ်။
(ဥပမာ - Epson Printer အများစုမှာတွေ့နိုင်ပါတလ်)

Inkjet Printer တွေဟာ မသုံးတာကြာရင် Nozzle ခေါင်းတွေ ပိတ်ကုန်တက်ပါတယ်။ ဒါကြောင့် မကြာမကြာ အသုံးပြုပေးရပါတယ်။

Print ထုတ်တဲ့ Speed က Laser Printer တွေ လောက် မမြန်ပါဘူး။

×××××××××××××××××××××××××××××××××

Printer တစ်လုံးရဲ့ စွမ်းဆောင်ရည်မှာ dpi, ppm, gppm စတာတွေဟာ အရေးကြီး ပါတယ်။

dpi (Dot Per Inch)
•••••••••••••••••••••••
dpi ဆိုတာကတော့ တစ်လက်မအတွင်း ပုံနှိပ်နိုင်စွမ်းရှိတဲ့ အစက်အရေအတွက်ကို ပြောတာပါ၊ တစ်လက်မအတွင်း အစက်များများပါနိုင်လေ resolution ကောင်းလေ ဖြစ်ပါတယ်။
(resolution ဆိုတာက ပုံရိပ်ဖော်ပြမှု/ ပြတ်သားမှုကို ပြောတာ ဖြစ်ပါတလ်)

ppm (Page Per Minute)
•••••••••••••••••••••••••••••••
နောက်တစ်ခုက ppm (Page Per Minute) ပါ။ တစ်မိနစ်ကို စာမျက်နှာ ဘယ်လောက်ရိုက်ထုတ်နိုင် လည်းဆိုတာကို ပြောတာပါ။

gppm (Graphic Page Per Minute)
••••••••••••••••••••••••••••••••••••••••••••
gppm (graphic page per minute) ဆိုတာ text မပါပဲ graphics တွေကို ရိုက်ထုတ်နိုင်တဲ့နှုန်း ကို ဆိုလိုတာပါ။

×××××××××××××××××××××××××××××××××

Printer နဲ့ Computer ကို ချိတ်ဆက်ဖို့အတွက်

USB port ကို အသုံးပြုပါတယ်။ တချို့ Printer တွေမှာ Network Cable ဖြင့် ချိတ်ဆက်သုံးလို့ရအောင် Ethernet port နှင့် ကြိုးမဲ့ချိတ်ဆက်လို့ရအောင် 802.11 (Wi-Fi) စနစ် တို့ကိုလည်း ထည့်သွင်းပေးထားပါတယ်။

အခုပြောပြတာလေးတွေက မိတ်ဆွေတို့အတွက် အသိတိုးတယ်ဆိုရင် အခြားမိတ်ဆွေတွေလဲ ဗဟုသုတရအောင် Share လုပ်ပေးခြင်းဖြင့် မျှဝေပေးပါဦးနော်။


အားလုံးကို ချစ်ခင်လေးစားလျက်🙏🏻🙏🏻🙏🏻🙏🏻🙏🏻

Windows 11 ကို ပြောင်းလဲအသုံးပြုသင့်တဲ့ အကြောင်းပြချက် ၁၁ ချက်Microsoft ဟာ Windows 11 ကို တရားဝင်မိတ်ဆက်ခဲ့တာ အချိန် ၁ လ...
22/01/2022

Windows 11 ကို ပြောင်းလဲအသုံးပြုသင့်တဲ့ အကြောင်းပြချက် ၁၁ ချက်

Microsoft ဟာ Windows 11 ကို တရားဝင်မိတ်ဆက်ခဲ့တာ အချိန် ၁ လကျော်ရှိနေပြီဖြစ်ပါတယ်။ စမ်းသပ်အသုံးပြုချင်တဲ့သူတွေအတွက် Dev Channel နဲ့ Beta Channel ၂ မျိုးကို ထုတ်ပေးထားသလို Windows ISO File ကိုပါ Download ရယူနိုင်ပြီဖြစ်ပါတယ်။

အဲ့ဒါကြောင့် အခု Article မှာ Microsoft Windows 11 ကို ဘာကြောင့် ပြောင်းလဲအသုံးပြုသင့်လဲဆိုတဲ့အချက် ၁၁ ချက်ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အခုအချိန်အထိ Windows 10 ကို အသုံးပြုနေပြီး Upgrade ပြုလုပ်ဖို့ စဥ်းစားနေတဲ့သူတွေအတွက် အထောက်အကူဖြစ်စေမှာပါ။

(1) MacOS နဲ့ ပိုဆင်တူလာတဲ့ User Interface

Windows 11 ဟာ ယခင်တုန်းက Windows 10 အပြင် Windows တွေအားလုံးထက် UI Design ပိုင်းကို လုံးဝပြောင်းလဲထားတာဖြစ်ပါတယ်။ အဓိကပြောင်းလဲမှုကတော့ Screen ရဲ့ အောက်ဖက် Task Bar ကို MacOS ရဲ့ Dock ပုံစံမျိုးပြောင်းလဲလိုက်တာဖြစ်ပါတယ်။ Application Menu ပုံစံကိုလည်း ပြောင်းလဲထားပြီး ယခင်ထက် ပိုပြီး သုံးရတာ ရိုးရှင်းလှပနေစေမှာဖြစ်ပါတယ်။

(2) Universal Media Control

Windows 11 ဟာ သီချင်းနဲ့ Media Playback ကို System Level ထိန်းချုပ်နိုင်မယ့် Universal Media Control Feature ကိုလည်း ထည့်သွင်းလာမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်ဖွင့်ထားတဲ့ Music နဲ့ Media Control တွေအကုန်လုံးကို Action Center မှာ Notification အနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါက Spotify သုံးတာပဲဖြစ်ဖြစ်၊ YouTube Video ပဲကြည့်နေတာပဲဖြစ်ဖြစ် ပိုပြီး အဆင်ပြေသွားမှာဖြစ်ပါတယ်။

(3) New Microsoft Store

ယခင်တုန်းက Windows ပေါ်မှာ Application တွေကို အသုံးပြုဖို့အတွက် သီးသန့် .exe File တွေကို Download ပြုလုပ်ပြီး Install ပြုလုပ်ရတာဖြစ်ပါတယ်။ Microsoft Store ရှိတယ်ဆိုပေမယ့် ရရှိနိုင်တဲ့ Application တွေနည်းပါးနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Windows 11 မှာတော့ Microsoft Store Design ကို လုံးဝပြောင်းလဲလိုက်ပြီဖြစ်သလို ယခင်ထက်လည်း Application တွေအများအပြားရရှိနိုင်ပြီဖြစ်ပါတယ်။ နောက်ပိုင်းမှာ Windows 11 ကို အသုံးပြုမယ်ဆိုရင် လိုချင်တဲ့ Application တွေကို .exe File Install ပြုလုပ်မယ့်အစား Microsoft Store မှာပဲ Download ရယူနိုင်တော့မှာပါ။

(4) Android App Support

Windows 11 ဟာ Microsoft Store အသစ်ရရှိလာတဲ့အပြင် နောက်ထပ်အားသာချက်တစ်ခုကတော့ Android App တွေကိုပါ Windows 11 ပေါ်မှာ Install ပြုလုပ်ပြီး အသုံးပြနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး Android App ကို အသုံးပြုနိုင်ဖို့အတွက် Microsoft ကနေ Amazon App Store နဲ့ ပူးပေါင်းခဲ့တာဖြစ်ပြီး Amazon Account ရှိဖို့ လိုအပ်မယ်လို့ သိရပါတယ်။

(5) Widget

Windows 11 ဟာ Widget တွေကိုပါ သီးသန့် Panel အနေနဲ့ ပြန်လည်ပြီး ဦးစားပေးထည့်သွင်းလာပြီဖြစ်ပါတယ်။ ပုံမှန် Clock ၊ Calendar နဲ့ To-Do List တွေအပြင် လက်ရှိနောက်ဆုံးသတင်းတွေကိုပါ လက်ရှိအချိန်မှာ ဖော်ပြပေးနိုင်ပြီဖြစ်ပါတယ်။ နောက်ပိုင်းမှာ Third-party Widget တွေကိုပါ အလွယ်တကူထည့်သွင်းနိုင်မယ်လို့လည်း ယူဆရပါတယ်။

(6) Auto HDR & Dynamic Refresh Rate For Gaming

Windows 11 ဟာ Gamer တွေအတွက်လည်း ပိုပြီးကောင်းမွန်တဲ့ OS Upgrade ဖြစ်လာမှာပါ။ ဘာကြောင့်လဲဆိုရင် ဂိမ်းဆော့နေတဲ့အချိန်မှာ HDR ကို အလိုအလျောက် Enable ပြုလုပ်ပေးနိုင်တဲ့ Auto HDR Feature ပါဝင်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Screen Refresh Rate ကို အသုံးပြုတဲ့ Content ပေါ်မှုတည်ပြီး အလိုအလျောက်ပြောင်းလဲပေးနိုင်တဲ့ Dynamic Refresh Rate လည်းပါဝင်မှာဖြစ်ပါတယ်။

(7) Redesigned File Explorer

Windows File Explorer ဟာ Windows 7 နောက်ပိုင်းမှာ ပြောင်းလဲမှုအနည်းဆုံး Feature တစ်ခုလို့တောင် ပြောနိုင်ပါတယ်။ ဒါပေမယ့် Windows 11 မှာတေ့ာ Microsoft ကနေ Windows File Explorer ကို လုံးဝ Design ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် File တွေကို ပိုပြီးအလွယ်တကူမြင်နိုင်ပြီဖြစ်သလို Manage ပြုလုပ်နိုင်တဲ့ Option တွေကိုလည်း ပိုပြီး အလွယ်တကူအသုံးပြုနိုင်မှာပါ။

(8) Faster Windows Update

Microsoft ကနေ Windows 11 မှာ Windows Update ကိုလည်း ယခင်ထက် ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ အဆင်ပြေပြေ Update ပြုလုပ်နိုင်အောင် ပြောင်းလဲပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။ Update ပြုလုပ်ရမယ့် File Size တွေဟာ ယခင်ထက် ၄၀ ရာခိုင်နှုန်းပိုသေးငယ်သွားမယ့်အပြင် Background မှာ Install ပြုလုပ်တဲ့အချိန်မှာလည်း ယခင်ထက် ပိုပြီး CPU ကို Workload ပိစေမှာမဟုတ်တော့ဘူးလို့ သိရပါတယ်။

(9) Redesign User Interface

Windows 11 ဟာ MacOS နဲ့ အပြင်ပိုင်း User Interface တင်ပြောင်းလဲထားတာမဟုတ်ဘဲ Setting Menu တွေအပြင် အသေးစိတ်ကိုပါ လိုက်ပြီး Design ပြောင်းလဲထားတာဖြစ်ပါတယ်။ ဥပမာ Laptop တွေအတွက် Battery Section သီးသန့်ပါဝင်လာမှာဖြစ်ပြီး အသုံးပြုမှုပုံစံနဲ့ Battery ဘယ်လောက်ထိအသုံးပြုနိုင်ဦးမလဲဆိုတာကို စမတ်ဖုန်းတစ်လုံးအသုံးပြုနေသလိုမျိုး မြင်ရမှာဖြစ်ပါတယ်။

(10) Integrated Microsoft Teams

အခုလိုမျိုး Work From Home ပြုလုပ်ရတဲ့အချိန်မှာ အလုပ် Meeting တွေအတွက် Microsoft Teams ဟာလည်း အောင်မြင်တဲ့ Software တစ်ခုဖြစ်ပါတယ်။ ယခင် Windows 10 တုန်းက Microsoft Teams ကို အသုံးပြုနိုင်ဖို့အတွက် သီးသန့် Download ပြုလုပ်ထားရပေမယ့် အခုအချိန်မှာတော့ Windows 11 မှာ Microsoft Teams ကို Integrate ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် Microsoft Teams ကို အသုံးပြုချင်တယ်ဆိုရင် Taskbar ကနေ တိုက်ရိုက်အသုံးပြုနိုင်မှာပါ။

(11) Improved Virtual Desktop Support

Windows 11 မှာ Virtual Desktop တွေကို အသုံးပြုချင်တဲ့သူတွေအတွက်လည်း ပိုပြီးလွယ်ကူအောင် ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ Virtual Desktop တွေကို Windows 11 မှာ စိတ်ကြိုက် နာမည်ပြောင်းလဲနိုင်သလို Reorder လည်းပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Desktop တစ်ခုစီမှာ Wallpaper တစ်ခုစီလည်း ထားနိုင်တာကြောင့် လုံးဝကို သီးသန့် Workspace တစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

အခုပြောသွားတဲ့ Feature တွေကတော့ လက်ရှိ Windows 10 ကနေ Windows 11 ကို ပြောင်းလဲ Upgrade ပြုလုပ်သင့်တဲ့အချက် ၁၁ ချက်ပဲဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ Windows 11 ကို Upgrade ပြုလုပ်မယ်ဆိုရင် ပိုပြီး Stable ဖြစ်စေဖို့အတွက် Dev Channel အစား Beta Channel ကိုပဲ အသုံးပြုဖို့အကြံပြုချင်ပါတယ်။

# #မူရင်းပိုင်ရှင်အား credit
ပေးပါသည်။

မိဘပြည်သူများ အားလုံးဘေးရန်ကင်းဝေးစွာဖြင့်ရွှင်လန်းချမ်းမြေ့ကြပါ‌စေ🙏🙏🙏ရုံးဝန်ထမ်းတိုင်း သိထားသင့်တဲ့E-mail ရေးသားရာမှာ အ...
21/01/2022

မိဘပြည်သူများ အားလုံးဘေးရန်ကင်းဝေးစွာဖြင့်ရွှင်လန်းချမ်းမြေ့ကြပါ‌စေ🙏🙏🙏
ရုံးဝန်ထမ်းတိုင်း သိထားသင့်တဲ့E-mail ရေးသားရာမှာ အသုံးပြုလေ့ရှိတဲ့ အတိုကောက်စာလုံးများ (မဖတ်အားသေးရင် Share ထားပါ။)
မနက်ရုံးရောက်လို့ အလုပ်လုပ်ဖို့ ကွန်ပျူတာဖွင့်လိုက်တဲ့အခါ “FYI: Please confirm the date of meeting. Can you LMK it before EOD? ...” အစရှိတဲ့ အတိုကောက်စကားလုံးတွေနဲ့ရေးထားတဲ့ e-mail တွေကို ကိုယ့်ရဲ့အထက်လူကြီးဆီကနေ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တွေကနေ ရဖူးပါလိမ့်မယ်။ အဲဒီအခါမှာ ကိုယ်နဲ့သိပ်မရင်းနှီးတဲ့အတိုကောက်စကားလုံးတွေကို နားလည်အောင်ပြန်လုပ်ရတာက တစ်ခါတလေမှာစိတ်ရှုပ်စရာကောင်းပါတယ်။
မြန်မာနိုင်ငံမှာ စီးပွားရေးတံခါးတွေဖွင့်လိုက်တဲ့အချိန်ကစပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ အများအပြားဝင်ရောက်လာသလို ပြည်တွင်းနဲ့ပြည်ပအခြေစိုက်ကုမ္ပဏီအများစုမှာ နိုင်ငံတကာကကျွမ်းကျင်သူတွေကို ငှားရမ်းခန့်အပ်လာတာကိုတွေ့ရပါတယ်။ နိုင်ငံတကာကုမ္ပဏီအများစုဟာ အင်္ဂလိပ်စာကို နိုင်ငံတကာဘုံဘာသာစကားအဖြစ် အသုံးပြုတဲ့အတွက်ကြောင့် ကိုယ့်ရဲ့အလုပ်လိုအပ်ချက်အရ နိုင်ငံခြားသားတွေနဲ့ဆက်သွယ်ရတဲ့အခါမှာ အင်္ဂလိပ်စကားကိုကောင်းကောင်းအသုံးပြုတတ်ဖို့ လိုပါတယ်။ တကယ်လို့ ကိုယ့်ရဲ့အထက်လူကြီးက နိုင်ငံခြားသားဖြစ်တယ်ဆိုလျှင် သူနဲ့ပြောဆိုဆက်သွယ်နိုင်ဖို့အတွက် ပိုပြီးတော့တောင်အင်္ဂလိပ်စာကို အသုံးပြုရပါလိမ့်မယ်။ အဲဒီလိုဆက်သွယ်ရတဲ့အခါမှာ သူ့နဲ့ပြောဆိုနိုင်ဖို့လည်းအရေးကြီးသလို သူပြောသမျှနဲ့ရေးသမျှအကြောင်းအရာတွေကိုလည်း နားလည်နိုင်ဖို့လိုပါတယ်။
နောက်ပြီး လုပ်ငန်းပိုင်းဆိုင်ရာသတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီသိရှိစေဖို့ ကုမ္ပဏီအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်တဲ့အခါမှာလည်း အချိန်တိုတိုအတွင်းမှာလျင်လျင်မြန်မြန်ပေးပို့နိုင်တဲ့ အီးမေးလ်နဲ့ စာတိုပေးပို့စနစ်တွေကို ပိုပြီးအသုံးပြုလာကြပါတယ်။ တကယ်လို့မြန်း ကိုယ့်ရဲ့နိုင်ငံခြားသားအထက်လူကြီးက သူ့ရဲ့မက်ဆေ့ခ်ျတွေနဲ့ အီးမေးတွေထဲမှာ အတိုကောက်စာလုံးတွေကိုထည့်ပြီး သုံးလာခဲ့လျှင် သူပြောချင်တဲ့အကြောင်းအရာတွေကို အပြည့်အဝနားလည်ဖို့ အဲဒီစကားလုံးတွေကိုနားလည်ဖို့လိုပါတယ်။ မဟုတ်လျှင် တချို့အရေးကြီးတဲ့အချက်တွေကို ကျန်ခဲ့နိုင်ပါတယ်။ နောက်ပြီး အတိုကောက်စကားလုံးတွေကို အသုံးပြုတဲ့အခါမှာ လျင်မြန်တဲ့ဆက်သွယ်ရေးသားမှုတွေကို ဖြစ်စေပါတယ်။ အဲဒါကြောင့် လုပ်ငန်းခွင်မှာ e-mail နဲ့ပဲဖြစ်ဖြစ် Instant messaging နဲ့ပဲဖြစ်ဖြစ် ဆက်သွယ်ပေးပို့တဲ့အခါ အသုံးများလေ့ရှိတဲ့အင်္ဂလိပ်အတိုကောက်စကားလုံးတွေကို ဗဟုသုတရအောင်ဖော်ပြပေးလိုက်ပါတယ်။
1. ASAP – as soon as possible (ကိုယ့်ရဲ့အထက်လူကြီးဆီကနေ “Send me the report ASAP” ဆိုတဲ့ e-mail ကို ရတယ်ဆိုရင်တော့ သူကကိုယ့်ကို ကျန်တဲ့အလုပ်တွေအကုန်ပစ်ချထားပြီးတော့ အဲဒီအစီရင်ခံစာကို ပြီးအောင်လုပ်တော့လို့ ပြောနေတာပဲဖြစ်ပါတယ်။)
2. BTW – by the way (ဥပမာ - “I read that article BTW. Not so great.” တစ်ခါတလေမှာ back to work လို့လည်း ဆိုလိုပါတယ်။ အဲဒါကြောင့် btw ဆိုတဲ့စကားလုံးကို ဘယ်လိုအသုံးပြုထားသလဲဆိုတာကို ဂရုစိုက်ဖို့လိုပါတယ်။)
3. COB – close of business (လုပ်ငန်းတစ်ခုပြီးစီးဖို့အတွက် သတ်မှတ်ထားတဲ့နောက်ဆုံးအချိန်ကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ - “This is just a reminder that the survey is still open and will remain open until COB today”)
4. COD – cash on delivery (ပစ္စည်းရောက်မှငွေချေရတဲ့ ငွေပေးချေမှုအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဥပမာ - We don’t have to pay the printer now. It’s COD.”)
5. EOD – end of day (ယေဘုယျအားဖြင့်တော့ အလုပ်အချိန်ရဲ့နောက်ဆုံးအချိန်ကိုပြောချင်တာပါ။ တစ်ခါတလေမှာလည်း နေ့တစ်နေ့ရဲ့နောက်ဆုံး သန်းခေါင်းယံအချိန်ကိုပြောချင်တာပါ။ ကိုယ့်အလုပ်ရှင်က ဘယ်လိုမျိုးသုံးနှုန်းထားသလဲဆိုတာကိုတော့ သိအောင်လုပ်ရပါ့မယ်။ ဥပမာ - “I’d like to submit it before EOD.”)
6. EOM – end of message (အချိန်တိုတိုအတွင်းမှာ မလိုအပ်ဘဲနဲ့ e-mail ဖွင့်ဖတ်ရတဲ့အခက်အခဲတွေကို မဖြစ်စေဖို့ ဒီစကားလုံးကို e-mail ရဲ့အကြောင်းအရာမှာသုံးလေ့ရှိပါတယ်။ ဥပမာ - e-mail မှာဘာမှမရေးဘဲနဲ့ Subject မှာပဲ “Budget meeting 10/11/2019 at 11am (EOM)” ဆိုပြီးသုံးလို့ရပါတယ်။)
7. F2F – face to face (မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ပြောချင်တဲ့အခါမှာ သုံးပါတယ်။ ဥပမာ - "Let's meet and work it out F2F.")
8. FAQ – frequently asked question(s) (အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး အမေးများတဲ့မေးခွန်းတွေကို ဆိုလိုပါတယ်။ ဥပမာ - “What are the FAQs for our new product?”)
9. FYI – for your information (ဒီစကားလုံးကိုတော့ ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ ကိုယ်မျှဝေပေးပို့လိုက်တဲ့ သတင်းအကြောင်းအရာကို သတိထားမိစေချင်ရင် အဲဒီစကားလုံးကို သုံးနှုန်းပါတယ်။ ဥပမာ - “FYI, this is the update I got from the team.”)
10. F/U – follow up (ကိုယ့်ရဲ့ Client ဆီကို e-mail ပို့ပြီးပြောဆိုဆွေးနွေးထားတဲ့အကြောင်းအရာကို ဖုန်းနဲ့ပဲဖြစ်ဖြစ် လူကိုယ်တိုင်ပဲဖြစ်ဖြစ် ဆက်လက်ဆောင်ရွက်တာကိုပြောတာ ဖြစ်ပါတယ်။ နမူနာစာကြောင်းဆိုရင် “You should f/u your e-mail over phone-call or in person.”)
11. FWD – forward (ကိုယ့်ရဲ့ အထက်လူကြီး ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်က သူ့ရဲ့e-mail ကို နောက်တစ်ယောက်ဆီ ပေးပို့ပေးစေချင်တဲ့အခါမှာ “Can you FWD my e-mail to ### as I forgot to loop him/her in the convo?” အဲဒီမှာ Convo ဆိုတာ Conversation ကိုပြောတာပါ။)
12. IOW – in other words (အကြောင်းအရာတစ်ခုကို အရှေ့မှာပြောထားတာထက် ပိုပြီးရှင်းလင်းအောင်ပြောချင်ရင် ဒီစာလုံးနဲ့စပြီးပြောပါတယ်။ ဥပမာ - “The mobile library services have been reorganized – IOW, they visit fewer places.”)
13. LMK – let me know (ကိုယ်ပေးပို့လိုက်တဲ့ e-mail နဲ့ပတ်သက်ပြီး နောက်ဆက်တွဲမေးခွန်းတွေမေးလို့ရအောင် ဖွင့်ပေးတဲ့သဘောနဲ့ အသုံးပါတယ်။ ဥပမာ - “LMK, if you have any questions about this event.”)
14. N/A – not applicable (မေးထားတဲ့မေးခွန်းနဲ့ပတ်သက်ပြီး ကိုက်ညီသင့်တော်တဲ့အဖြေမရှိတဲ့အခါမှာ ဒီစကားလုံးကိုသုံးပါတယ်။ ဥပမာ - “If a question does not apply to you, please put N/A in the box.”)
15. N/B, NB, n/b – nota bene (လက်တင်ဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပြီး အင်္ဂလိပ်လို “Note Well” ကို ဆိုလိုတာဖြစ်ပါတယ်။ ကိုယ်ပေးပို့လိုက်တဲ့အရေးကြီးအချက်အလက်တွေကို စာဖတ်သူသတိထားမိစေဖို့ အဲဒီအချက်အလက်ရဲ့အရှေ့မှာရေးလေ့ရှိပါတယ်။ E.g. “NB Applications received after the closing date will not be accepted.”)
16. NLT – no later than (အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး ကိုယ်လိုချင်တဲ့အဖြေ ဒါမှမဟုတ် အစီရင်ခံစာ ဒါမှမဟုတ် အတည်ပြုချက်တွေကို သတ်မှတ်ထားတဲ့အချိန်ထက် နောက်မကျစေဘဲလိုချင်တယ်ဆိုရင် “Please provide feedback NLT EOD Wednesday.”)

17. NRN – no reply necessary (တစ်ခါတလေမှာ မလိုအပ်ဘဲ reply လုပ်တဲ့ e-mail လုပ်တွေကြောင့် ကိုယ့်ရဲ့ Inbox ထဲမှာ e-mail တွေအများကြီးနဲ့မျက်စီရှုပ်နေတတ်ပါတယ်။ တကယ်လို့မြန်း ကိုယ်ပို့လိုက်တဲ့ e-mail ကို reply မလုပ်လည်းရတယ်ဆိုရင် ဒီစကားလုံးကိုသုံးနိုင်ပါတယ်။)

18. RSVP - Répondez s’il vous plait (ပြင်သစ်စကားလုံးတစ်ခု ဖြစ်ပြီး ယေဘုယျပြောရမယ်ဆိုရင် please respond နဲ့အတူတူပဲဖြစ်ပါတယ်။ ဥပမာ - “RSVP to me by April 20th.”)

19. TBD – to be determined (အကြောင်းအရာတစ်ခုဟာ ဆုံးဖြတ်ဖို့လိုသေးရင် ဒီစကားလုံးကိုသုံးကြပါတယ်။ ဥပမာ - “No. of participant: TBD”)

20. OOO – out of office (အကြောင်းကိစ္စတစ်ခုခုကြောင့် အချိန်ပိုင်းပဲဖြစ်စေ ရက်တော်တော်ကြာဖြစ်စေ ရုံးမှာမရှိတဲ့အကြောင်းကို ကိုယ့်ရဲ့မက်ဆေ့ခ်ျတွေမှာဖော်ပြချင်ရင် “I will be OOO until Tuesday.”)

21. WFH – work from home (တချို့တချို့သောလူတွေဟာ သူတို့ရဲ့အလုပ်တွေကို ရုံးမှာမဟုတ်ဘဲ အိမ်မှာနေပြီးပြီးအောင်လုပ်နေတယ်ဆိုတာကို သူတို့ရဲ့အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုပြောပြတဲ့အခါမှာ သုံးလေ့ရှိပြီး အဲဒါဟာ ရုံးမှာဘယ်သူကတော့ရှိတယ် ဘယ်သူကတော့မရှိဘူးဆိုတာကို သိစေဖို့အတွက် အထောက်အကူဖြစ်ပါတယ်။)

22. YTD – year to date (ပြက္ခဒိန်နှစ်ပဲဖြစ်ဖြစ် ဘဏ္ဍာရေးနှစ်ပဲဖြစ်ဖြစ် နှစ်တစ်နှစ်ရဲ့ ကိုယ်ရောက်နေတဲ့လက်ရှိအချိန်ကို ရည်ညွှန်းဖော်ချင်လျှင် သုံးပါတယ်။ ဥပမာ - ကိုယ့်ရဲ့အစီရင်ခံစာမှာ အသားတင်အမြတ်ငွေပမာဏကို ဖော်ပြချင်တဲ့အခါမှာ “We’ve made $800,000 in sales YTD.”)

အခုဖော်ပြထားတဲ့အတိုကောက်စာလုံးတွေက စီးပွားရေးလုပ်ငန်းသုံးအင်္ဂလိပ်စာရေးသားနည်းမှာ အသုံးများလေ့ရှိတာတွေပဲဖြစ်ပါတယ်။ အခြားအသုံးများတဲ့စကားလုံးတွေလည်း ကျန်ပါသေးတယ်။ လုပ်ငန်းအတွေ့အကြုံနဲ့ ကိုယ်တိုင်လေ့လာဆည်းပူးမှုတွေကနေ ဆက်လက်သိရှိအောင်လုပ်ရမှာပဲဖြစ်ပါတယ်။ ဒီလိုစကားလုံးတွေဟာ ကိုယ့်ရဲ့ e-mail ကို ကျစ်လစ်သွားအောင် ကူညီပေးနိုင်သလို အချိန်တိုတိုအတွင်းမှာ အလုပ်တွင်ကျယ်အောင်လည်း အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့လည်း သူတို့ကိုအသုံးပြုတဲ့အခါမှာ အက္ခရာနဲ့ ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတတွေကို သတိထားရပြီးတော့ သုံးသင့်တဲ့နေရာလား မသုံးသင့်တဲ့နေရာလားဆိုတာကိုလည်း ချိန်ဆရပါလိမ့်မယ်။

မူရင်းရေးသားသူကို လေးစားစွာဖြင့် Credit ပေးပါတယ်ခင်ဗျာ။
အားလုံးကို ချစ်ခင်လေးစားစွာဖြင့်🙏🙏🙏

မိဘပြည်သူများ အားလုံး ဘေးရန်ကင်းဝေး၍ ရွှင်လန်းချမ်းမြေ့ကြပါစေ 🙏🏻🙏🏻🙏🏻🙏🏻ကီးဘုတ် ရဲ့ အပေါ်ဆုံးမှာ ရှိနေတဲ့ F1;F2;F3;F4;F5;F...
19/01/2022

မိဘပြည်သူများ အားလုံး ဘေးရန်ကင်းဝေး၍ ရွှင်လန်းချမ်းမြေ့ကြပါစေ 🙏🏻🙏🏻🙏🏻🙏🏻
ကီးဘုတ် ရဲ့ အပေါ်ဆုံးမှာ ရှိနေတဲ့ F1;F2;F3;F4;F5;F6;F7;F8;F9 Function keys များ ရဲ့ အသုံးပြုနည်း လျှို့ဝှက်ချက် ၊

F1 = ဖွင့်ထားတဲ့ Application မှာ မိမိ မသိတာ ရှိတဲ့အခါ အကူအညီတောင်းလို့ ရပါတယ်။( Help Screen ပေါ်လာပါလိမ့်မည်။)

F2 = ဖိုင် တစ်ခုကို ရွေးပြီး F2 ကို နှိပ်ပါက ဖိုင် အမည်အား အလွယ်တစ်ကူ ပြောင်းလို့ရပါလိမ့်မည်။

F3 = ဖွင့်ထားသည့် Application တစ်ခုမှာ စာသား Text တစ်ခုခု ရှာဖို့အတွက် အသုံး၀င်ပါတယ်။

F4 = လက်ရှိ ဖွင့်ထားသည့် Application ဖိုင်ကို ပိတ်လိုလျှင် F4 အား နှိပ်လိုက်ပါ။ ပိတ်သွားပါလိမ့်မည်။

F5 = F5 အား များများ နှိပ်ပေးလေ စက်ကို ပိုမို မြန်ဆန် သွက်လက်စေပါသည်။ (Refersh)

F6 = Browser တွေ အသုံးပြုသည့်အခါ ကာဆယ်ကို adress bar ဆီ တန်းရောက်သွားစေသည့် အစွမ်းထက် key လေးပါ။

F7 = Microsoft word လို စာရိုက်တဲ့ software တွေမှာ စာလုံးပေါင်း။ သဒ္ဒါတွေကို စစ်ဆေးပေးပါတယ်။

F8 = ကွန်ပျုတာကို စဖွင့် ဖွင့်ချင်း Boot Menun သွားမည် ဆိုပါက F8 ကို နှိပ်လိုက်ပါ။

F9 = Microsoft word မှာ ဆိုရင်တော့ Document ကို Refersh (ပေါ့ပါး သွက်လပ်စေသည်) လုပ်ပေးပါတယ်။ Out look နဲ့ Email မှာ အသုံးပြုရင်တော့ Send / Receive အတွက် အသုံးပြုလို့ရပါတယ်ခင်ဗျာ။

မိတ်ဆွေများ အားလုံး အဆင်ပြေချောမွေ့ကြပါစေ ခင်ဗျာ ။

Credit to Original Owner

အားလုံးကို ချစ်ခင်လေးစားစွာဖြင့် 🙏🏻🙏🏻🙏🏻🙏🏻

မိဘပြည်သူများအားလုံးဘေးရန်ကင်းဝေးစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🙏🙏🙏Computer မှာ Virus ရှိနေပြီဆိုတာကို CMD နေအလွယ်လေး...
19/01/2022

မိဘပြည်သူများအားလုံးဘေးရန်ကင်းဝေးစွာဖြင့် ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🙏🙏🙏
Computer မှာ Virus ရှိနေပြီဆိုတာကို CMD နေအလွယ်လေးစစ်နည်း
Runbox ကိုဖွင့် .. cmd လို့ရိုက်ထည့်ပြီး Enter ခေါက်
Box အမဲလေးတစ်ခုပွင့်လာမယ်....
4cd\ ... လို့ရိုက်ထည့်ပြိး Enter ခေါက်
Setup ... လို့ရိုက်ထည့်ပြီး Enter ခေါက်
It is not recognized ဆိုတာနဲ့စပြီးပြလာရင် .. ဗိုင်းရပ်စ်ရှိနေပြီ ..
Please Go To The Install ဆိုပြီးပြလာရင် .. Virus မရှိဘူး ...
အဲ့ဒါအလွယ်ဆုံးနည်းလေးပဲ ...

Credit..
အားလုံးကို ချစ်ခင်လေးစားစွာဖြင့်🙏🙏🙏

Address

Hpa-an

Alerts

Be the first to know and let us send you an email when Linn Arkar Computer Training Hpa-An posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share